Switch Mode

အပိုင်း(၇၀၂)

ကောင်းကင်ဘုံသက်တောင်စောင့်အဖြစ် မွန်းမံခြင်း

“မီးခိုးရောင်ဝတ်စုံနဲ့ ရှေ့ဖြစ်ဟောသူ…စိတ်ဝင်စားစရာပဲ…” ဝမ်လင်းက မဖြစ်ညစ်ကျယ် ပြုံးလိုက်သည်။သူက ဒူဂျန်ကို အစောပိုင်းတည်းက နတ်ဘုရားအာရံဖြင့် စောင့်ကြည့်နေခြင်း ဖြစ်ကာ သူက လိမ်နေသည့်ပုံမပေါ်ပေ။

“ဆရာ…သင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ကျိန်းသေရှိနေမှာပဲ…” ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။

“လျှို့ဝှက်ချက်များတာက ဒီတပည့်ကို တည်ငြိမ်အောင် လုပ်ပေးတယ်။ကြည့်ရတာ ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ဆက်မနေသင့်တော့ဘူး။ငါက အဲ့နေရာမှာ ဆက်နေရင် ငါက တစ်နေ့မှာ ဆရာရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့တာနဲ့ ငါလည်း သူ့ရဲ့ ဝါးမြိုခြင်းကို ခံသွားရနိုင်တယ်…”

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူက ထျန်ယွမ်ဂြိုဟ်ပေါ်ကနေ ခပ်မြန်မြန် ထွက်သွားဖို့ သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။

“ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ထွက်သွားပြီးရင် ငါက ငါ့မူလခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်ပြီး ထွက်သွားရမယ်။ ထျန်ယွမ်ဂြိုဟ်ပေါ်က ရေဟာ ငါ့အတွက် နက်နဲလွန်းနေတယ်…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူက သူ့ပတ်လည်ကို ကြည့်ကာ သက်ပြင်းသာ ချမိတော့သည်။

“ငါက ခုထိတော့ ဒီနေရာက ထွက်သွားနိုင်မလားတောင် မသေချာသေးဘူး…”

ဒူဂျန်က ဝမ်လင်းကို သူ့အကြီးမားဆုံးလျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီးနောက် ဝမ်လင်းကို သေချာ သတိထားကြည့်နေ၏။သူက ဝမ်လင်း၏ အသွင်က အနည်းငယ်လောက်သာ ပြောင်သွားသည်ကို တွေ့မြင်လိုက်ရပေသည်။

ဒူဂျန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။သူက ဝမ်လင်း သူ့ကို မယုံကြည်မှာ တော်တော်လေး စိုးရိမ်လို့နေခဲ့ပေသည်။သူက အက်ကွဲကြောင်းသို့ကြည့်ကာ စိတ်ရှုပ်ထွေးသွားပြန်သည်။

“ဒါက ဘယ်နေရာများလဲ…” ဒူဂျန်က အက်ကွဲကြောင်းအပေါက်ဝသို့ လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုက ရိပ်ခနဲ ဖြတ်ပြေးသွားသည်။

သူက လေထဲ၌ ဝဲလွင့်နေသော ဓားခုနစ်လက်ကို ကြည့်လိုက်ပြန်သည်။ဝမ်လင်း၏ မူလစွမ်းအင်က ထိုဓားခုနစ်လက်ကို ဝန်းရံထားကာ လျှပ်စီးကလည်း ယင်းဓားများနှင့် အတူ ချိတ်ဆက်လို့ထာား၏။

“ဒါက ဝမ်လင်းရဲ့ လျှို့ဝှက်လှိုဏ်ဂူတစ်ခု ဖြစ်ရမယ်။ ဒီလူက ရက်စက်လှတဲ့အတွက် ငါက ဒီနေရာမှာ မနေနိုင်ဘူး။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်ဘူး ဖြစ်နေတာ။ မဟုတ်ရင် မဟုတ်ရင်…ငါသာ အာဏာတက်ခြင်းအဆင့်ကို ရောက်နေခဲ့ရင်…”

ဒူဂျန်က နဂိုထဲက အာဏာတက်ခြင်းအဆင့်သို့ ခြေတစ်ဝက် ရောက်နေခဲ့ပြီ ဖြစ်သည်။သို့ရာတွင် သူက နောက်ဆုံးခြေလှမ်းကို လှမ်းရန် ဆန္ဒမရှိဘဲ သေခြင်းရှင်ခြင်းစမ်းသပ်မှုကို ရင်မဆိုင်ရဲဘဲ ဖြစ်နေ၏။

သို့ရာတွင် သည်အန္တရာယ်အောက်၌ သူက အံတင်းတင်း ကြိတ်မိနေရုံသာ ရှိတော့သည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ချိပ်ပိတ်ခြင်း ခံထားရသော်လည်း အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်သည့် စွမ်းအားကို ငှားယမ်းပြီး သည်ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေပေ၏။

“အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိခြင်းက အသက်ရှင်ဖို့ အခွင့်ရေးပဲ။ ကျရှုံးရင်တော့ သေရမှာ ဖြစ်တယ်။ငါက ဒီနေရာမှာ သေရမှာကို စောင့်နေမယ့်အစား ဒီလောက်တော့ ရင်းကြည့်ရမှာပဲ…”

ဒူဂျန်၏ မျက်လုံးထဲ၌ ပြတ်သားမှုနှင့် ပြည့်လို့နေ၏။သည်လိုမျိုး စိတ်ပြတ်သားမှုက သူ့အတွက် ဖြစ်တောင့်ဖြစ်ခဲပင်။

သို့ရာတွင် သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးသည့်နောက် ဝမ်လင်း၏ ရေခဲတမျှ အေးလှသည့် အကြည့်က သူ့ထံသို့ ကျရောက်လာခဲ့သည်။ထိုအကြည့်က သူ့ခေါင်းပေါ်သို့ ရေအေးနှင့် လောင်းချလိုက်သကဲ့သို့ပင်။ချက်ခြင်းပင် သူ့ စိတ်ဆုံးဖြတ်ထားမှုက ပျက်စီးသွားတော့၏။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားခုနစ်လက်က ကောင်းကင်ထက်ကနေ သူ့လက်ထဲသို့ ပျံသန်းလာ၏။သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းထားလိုက်သည်။

“ဝမ်…ဝမ်လင်း…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလာ၏။ “ငါက မင်းကို အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ တစ်ကြိမ် အခွင့်အရေးပေးမယ်။ မင်းအောင်မြင်ရင် ငါမင်းကို ကံကောင်းမှုတစ်ခု ကမ်းလှမ်းပေးမယ်…”

ဒူဂျန်က စဉ်းစားလိုက်သည်။သူက မည်သည့်ကံကောင်းမှုမှန်း မမေးပေ။သည်အခိုက်အတန့် သူ့စိတ်ထဲ၌ ဝမ်လင်းက သူ့ကို သွားခွင့်ပြုလိမ့်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။အချိန်အတန်ကြာပြီးနောက် သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “လူကြီးလူကောင်းက သူ့စကားကို တည်တယ်…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။

ဒူဂျန်က ရုတ်တရက် မျက်လုံးမှိတ်လိုက်သည်။ဝမ်လင်းကျင့်ကြံမှုက သူ့ထက်များစွာ မြင့်ကာ သူ့ကို လွယ်လွယ်လေး သတ်ပစ်နိုင်စွမ်း ရှိ၏။ထို့ကြောင့် သူက ထိုသို့မျက်လုံးမှိတ်ထားလိုက်ရသည်နှင့် ပတ်သတ်၍ စိုးရိမ်နေရန် မလိုပေ။သူက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း သူက သေခြင်းရှင်ခြင်း အခြေအနေသို့ ရောက်နေသည်ဖြစ်၍ များများစဉ်းစားနေရန် အချိန်မရှိတော့ပေ။

ဒူဂျန်က အသက်ဝဝရှူသွင်းလိုက်၏။သူက သူ့နယ်ပယ်သည် ပြည့်စုံနေပြီ ဖြစ်ကြောင်း ခံစားမိကာ နောက်ဆုံးအဆင့်ကို လုပ်ဆောင်လိုက်၏။ဒူဂျန်၏ခန္ဓာကိုယ်ထံကနေ ကောင်းကင်ဘုံမူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။သည်စွမ်းအင်က သန်မာသထက် သန်မာလာကာ ဝမ်လင်း၏ ဒူဂျန်မူလစိတ်ဝိညာဉ်အပေါ် ချိပ်ပိတ်ထားမှုအား လွယ်လင့်တကူ ပယ်ဖျက်လို့သွား၏။

ဝမ်လင်းက ဒူဂျန်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက တောက်ပလျက်ရှိကာ သူက စဉ်းစားလို့နေ၏။သူက ဒူဂျန်ကို အာဏာတက်ခြင်းအဆင့်သို့ ခွင့်ပြုပေးလိုက်ရသည့် အကြောင်းရင်းက သူ့ကို ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် အောင်မြင်အောင် လုပ်နိုင်သည့်နှုန်းကို တိုးမြင့်သွားစေရန် ဖြစ်လေ၏။

ဝမ်လင်းက ကောင်းကင်ဘုံအင်ပါယာချင်လင်၏ ကျောက်စိမ်းပြားထဲမှ ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက် ဖန်တီးသည့် ညွှန်ပြချက်များကို မေ့မထားပေ။တကယ်တော့ သူက ဒူဂျန်ကို ဖမ်းမိသည့် အခိုက် ကတည်းက သည်လူ့ကို အဆင့်နိမ့်ကောင်းကင်ဘုံ သက်တောင်စောင့်တစ်ယောက်အဖြစ် သန့်စင်မွန်းမံပစ်ရန် ဆုံးဖြတ်ထားခဲ့ပေသည်။

အောင်မြင်မှုနှုန်းက နည်းပါးလှသော်လည်း သူသာ အောင်မြင်ခဲ့ပါက သူက ယင်ယန်အဆင့်သို့ ခြေတစ်လှမ်း ချနိုင်သည့် အာဏာတက်ခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်ကို ထုတ်လုပ်နိုင်မည် ဖြစ်လေသည်။သည်အရာက ဝမ်လင်းကို တော်တော်လေး လောဘတက်စေ၏။

သည်ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသော အချို့မန္တာန်များသည် ကောင်းကင်ဘုံသက်တောင်စောင့်များသာ အသုံးပြုနိုင်စွမ်း ရှိနေပေ၏။ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်သာ ထိုမန္တာန်များကို အသုံးပြုပါက မန္တာန်၏စွမ်းအားက ကြောက်မက်ဖွယ် ကောင်းသွားမည် ဖြစ်၏။

သည်ဒူဂျန်ကသာ သူ့ကို ရန်လာမစခဲ့ရင် အဆင်ပြေဦးပေမည်။ဝမ်လင်းကလည်း သူ့ကို ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် အဖြစ် မွန်းမံစိတ်ရှိတော့မည် မဟုတ်ပေ။သို့သော် သည်လူက သူ့ကို သတ်ချင်နေခဲ့သည့်အတွက် ဝမ်လင်းက သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်တော့ချေ။

“သင်က ကျရှုံးရင် တာအိုလမ်းကြောင်းပေါ်မှာ သေဆုံးရလိမ့်မယ်။ ဒါ့ကြောင့် ဒီသေဆုံးမှုက ကျင့်ကြံသူတစ်ယောက်အတွက် သင့်တော်တယ်လို့ ယူဆနိုင်တယ်။ သင်က အောင်မြင်ရင်တော့ ငါက သင့်ကို ကံကောင်းမှုကြီး တစ်ခု ပေးမယ်။ အောင်မြင်မလား ၊မအောင်မြင်မလားကတော့ သင့်ကံအပေါ်မှာပဲ မူတည်နေတယ်…”

ဒူဂျန်၏ ကျင့်ကြံမှုက ဝမ်လင်းကဲ့သို့ မဟုတ်ဘဲ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒနောက်ကို လိုက်ပါခြင်းဖြစ်လေ၏။အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ဒူဂျန်ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များကလည်း ပို၍ပို၍ အားကောင်းလာခဲ့သည်။သိပ်မကြာခင်တွင် သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာကာ ထိုမူလစွမ်းအင်နှင့် ပေါင်းစပ်သွား၏။

အချိန်က ကုန်ဆုံးလာခဲ့သည်။ တစ်နာရီကုန်ဆုံးသွားပြီးသည့်အထိ ဒူဂျန်၏မူလစိတ်ဝိညာဉ်ထဲ၌ မည်သည့် ပုံမှန်မဟုတ်မှုမှ ရှိမလာခဲ့ပေ။သည်အရာက ဝမ်လင်မျက်လုံးများက လင်းလက်သွားစေ၏။

ဒူဂျန်၏ မူလစိတ်ဝိညာဉ် ပေါင်းစပ်မှုက သုံးရက်တိတိ ကြာမြင့်ခဲ့ပေသည်။နောက်ဆုံးတွင် ကောင်းကင်ဘုံမူလစွမ်းအင်များက ဒူဂျန်၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လုနီးပါး ဖြစ်လာသည့်အခိုက်၌ တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့သည်။သည်အရာက မူလမီးတောက်များကို ထိန်ငြှိပေးသော တသိမ့်သိမ့်လှုပ်ရှားလာမှု ဖြစ်၏။ရုတ်တရက် ပေါ်လာသော သည်မီးတောက်က သူ့မူလစိတ်ဝိညာဉ်တစ်ခုလုံးကို လောင်ကျွမ်းပစ်ချင်သည့်အလား ဖြစ်နေ၏။

ဒူဂျန်က နာကျင်စွာ ရုန်းကန်နေရကာ ဝမ်လင်းကလည်း မျက်မှောင်ကြုတ်သွား၏။ဒူဂျန်၏ မူလစိတ်ဝိညာဉ်က ပြာမှုန်အဖြစ်သို့ လောင်ကျွမ်းခံရလုနီး၌ ဝမ်လင်းက ရှေ့သို့ တိုးလာ၏။သူက သူ့လက်ဖြင် ဒူဂျန်၏ မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

သူ့လက်က ရောက်ရှိလာသည်နှင့် မူလမီးတောက်က လမ်းကြောင်းတစ်ခုကို တွေ့သားသည့်အလား ထင်မှတ်ရ၏။၎င်းက ဝမ်လင်းညာလက်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

ချက်ခြင်းပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က သည်မူလမီးတောက်များနှင့် ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။သို့ရာတွင် သူမူလစိတ်ဝိညာဉ်က လောင်ကျွမ်းသွားခြင်း မရှိသည့်အပြင် သက်တောင့်သက်သာ ခံစားချက်ကို ပေးစွမ်းလာလေ၏။

ဝမ်လင်းမူလစိတ်ဝိညာဉ်က လှုပ်ရှားလာရင်း ယင်းအတွင်းမှ လျှပ်စီးများစွာ ထွက်ပေါ်လာခဲ့သည်။သည်လျှပ်စီးများက မီးတောက်အတွင်း၌ ရွှေ့လျားသါားကာ မီးတောက်နှင့်လျှပ်စီးမြင်ကွင်းကို ဖြစ်တည်စေ၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က မီးတောက်နှင့်လျှပ်စီးများကို စုပ်ယူပစ်ပြီး ပျောက်ကွယ်သွားစေသည်။ထိုစုပ်ယူအားက ဝမ်လင်းညာလက်ပေါ်၌ပင် ပေါ်ထွက်လာကာ ဒူဂျန်ခန္ဓာကိုယ်မှ မူလမီးတောက်မျးက ဝမ်လင်းထံသို့ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။

ဒူဂျန်၏မူလစိတ်ဝိညာဉ်က သည်မီးတောက်ဖြင့် လောင်ကျွမ်းခြင်း အန္တရာယ်ကနေ လွတ်ကင်းသွား၏။ဝမ်လင်းက သူ့လက်ကို ချက်ခြင်း ပြန်ရုတ်သိမ်းသည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ့မူလစိတ်ဝိညာဉ်က သည်မူလမီးတောက်ကို စုပ်ယူခြင်းအား စတင် ထိန်းချုပ်ပေးလိုက်၏။

ဒူဂျန်၏ မူလစိတ်ဝိညာဉ်က အားနည်းသွားကာ အနည်းငယ်ကျန်သော မူလစွမ်းအင်နှင့် ပေါင်းစပ်မှုတို့က ပြီးပြည့်စုံသွားတော့၏။သူက မူလစွမ်းအင် အများကြီး ဆုံးရှုံးခဲ့ရကာ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ခဲ့လျှင်ပင် ထိုအဆင့်၌ ထာဝရ တစ်ဆို့သွားတော့မည် ဖြစ်၏။သူ့အတွက် ရှေ့သို့ တိုးတက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းက သူက မူလစွမ်းအင် ပြန်ကောင်းသည့် ကံကောင်းမှုတစ်ခု တွေ့မှ ဖြစ်နိုင်ပေတော့မည်။

အချိန်က ကုန်ဆုံးလာ၏။ဆယ်ရက်ကျောက် ကုန်ဆုံးသွားခဲ့လေပြီ။ဒူဂျန်၏မူလစိတ်ဝိညာဉ်နှင့် မူလစွမ်းအင်တို့ကလည်း တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။သူ့မူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာကာ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာက ရုတ်တရက် ပေါ်ထွက်လာလေ၏။သူက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသောအကြည့်တို့ ဖြစ်ပေါ်လို့နေသည်။

သူက အာဏာတက်ခြင်းအဆင့်သို့ ‌ရောက်ရှိခါနီးအခိုက်၌ ကျရှုံးတော့မည်ကို သိခဲ့ပေ၏။သည့်နောက် ဝမ်လင်းက သူ့ကို ကယ်တင်ခဲ့ခြင်းပင်။ သည်အခိုက်အတန့်၌ သူ့စိတ်ထဲတွင် အတွေးများ ဗြောင်းဆန်သွားသည်။အချိန်အတန်ကြာပြီးနောက် ဒူဂျန်က သက်ပြင်းမှုတ်ထုတ်လိုက်၏။ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူသည် အားနည်းသည့် အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေခဲ့ပြီး ဝမ်လင်းကို ယှဉ်နိုင်သည့် စွမ်းအား မရှိပေ။

“ဘယ်လိုကံကောင်းမှုကိုမျိုးကို မင်းက ငါ့ကို ပေးမှာလဲ…” သည်အခိုက်အတန့်၌ ဒူဂျန်၏ ဝမ်လင်းအပေါ် ခံစားချက်က ပိုရှုပ်ထွေးလာခဲ့တော့သည်။ သူ့စိတ်ထဲ၌ ဝမ်လင်းအပေါ် မုန်းတီးမှုနှင့် ကျေးဇူးတင်မှု တို့ဖြစ်ပေါ်နေ၏။သည့်အပြင် သူက နောင်တတရားနှင့် ကြောက်ရွှံ့မှုကိုလည်း ခံစားနေရသည်။

ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။ “ခန္ဓာကိုယ်ကို သန့်စင်ပြီး မူလစိတ်ဝိညာဉ်ကို လျှို့ဝှက်ကျင့်စဉ်နဲ့ အသွင်ပြောင်းတာ။ ဒါက မင်းကို ယင်နဲ့ယန်အဆင့်ကို ခြေတစ်ဝက်ချနိုင်တဲ့ အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အခွင့်ရေး ရှိသွားစေလိမ့်မယ်…”

ဒူဂျန်၏ နှလုံးက ခုန်ပေါက်လို့နေ၏။သူက ခါးသက်သက်မေးလိုက်သည်။ “ဒီကျင့်စဉ်က ကောင်းကင်ဘုံနဲ့ ဖိဆန်နေတယ်။ဒါက ကျရှုံးနိုင်တဲ့နှုန်း အရမ်းမြင့်တယ်လို့ ဆိုလိုတာပဲ။ထားလိုက်ပါတော့လေ။ ငါတစ်ခုတော့ မေးကြည့်ချင်တယ်…ငါက ငါ့အသိစိတ်ကိုရော ဆက်ထိန်းသိမ်းထားနိုင်မှာလား…”

ဝမ်လင်းက အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။ “မင်းက နှစ်သောင်းနဲ့ချီပြီး အသက်ရှင်ပြီးတဲ့နောက် ငါက မင်းကို လွတ်လပ်မှု ပြန်ပေးဖို့ အာမခံတယ်…”

သည်အရာက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက်အဖြစ် သန့်စင်မွန်းမံရန် အတွက် အရေးကြီးလှသည့် အခြေအနေပင်။ ထိုလူက အနည်းငယ်မျှ ခုခံလိုက်ပါကာ သည်ဖြစ်စဉ်က ကျရှုံးသွားလိမ့်မည် ဖြစ်၏။

ကောင်းကင်ဘုံအင်ပါယာချင်လင်တွင် ကောင်းကင်ဘုံသက်တောင်စောင့်များစွာ ပိုင်ဆိုင်ထား၏။သို့ရာတွင် ထိုလူများအားလုံးက သူ့ကို အဆုံးစွန်သစ္စာရှိသည့် လူများကို ရွေးချယ်ထားခြင်းသာ ဖြစ်သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက ကောင်းကင်ဘုံအင်ပါယာအသုံးပြုသော နည်းလမ်းကို တူညီစွာ အသုံးပြုနေပေ၏။

ဒူဂျန်က အံတင်းတင်းကြိတ်ကာ ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။သူက သူ့ကံကြမ္မာက သတ်မှတ်ပြီးသွားပြီကို သိနေခဲ့၏။သူကသာ ခုခံရင် သို့မဟုတ် သဘောမတူလျှင် သူက ခုချက်ခြင်း သေရမည် မဟုတ်လား။သူက နောက်တစ်ကြိမ်ထပ်၍ လောင်းကြေးထပ်လိုက်ခြင်းပင်။သူကသာ သည်ကျင့်စဉ်ကို အောင်မြင်သွားပါက နှစ်တစ်သောင်းလောက် အသက်ရှင်နိုင်ပေလိမ့်မည်။

သူ့တွင် ရွေးချယ်စရာ ရှိမနေချေ။သူက မသေလိုသေးလျှင် သည်နည်းလမ်းတစ်ခုသာ ရှိတော့ပေ၏။

ဝမ်လင်းက အချိန်ဆက် မဖြုန်းတော့ပေ။သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ပြီး သူက ထိုကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။ချက်ခြင်းပင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နေသော လက်ဝါးရာတစ်ခု ပေါ်ထွက်လာ၏။ ဝမ်လင်းက သည်လက်ဝါးရာကို ဒူဂျန်၏မျက်ခုံးနှစ်ခုကြားထဲသို့ ဖိချလိုက်သည်။

ဒူဂျန်၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက မျက်လုံးမှိတ်ထားလိုက်၏။သူက ဖြည်းဖြည်းချင်း မလှုပ်မယှက် ဖြစ်လို့လာသည်။

ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်လို့နေ၏။ သည်ကောင်းကင်ဘုံသက်တောင်စောင့်တစ်ယောက် ပြုလုပ်သည့် ဖြစ်စဉ်က အလွန်အမင်း ရှုပ်ထွေးလွန်းလှ၏။သူက အမှားတစ်ခုတောင် လုပ်မိ၍ မဖြစ်ပေ။မဟုတ်ပါက သည်ဖြစ်စဉ်သည် ကျရှုံးသွားမည် ဖြစ်၏။

သူက အမှားတစ်ခုမှ မလုပ်မိဘူးဆိုရင်ပင် အောင်မြင်မှုနှုန်းက မြင့်မားခြင်း မရှိသေးပေ။သို့ရာတွင် ဝမ်လင်းတွင် အခြားရွေးချယ်စရာမရှိချေ။ ထို့ကြောင့် သူက စွန့်စားကြည့်ရန်သာ ရှိတော့၏။

သူက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် သန့်စင်မွန်းမံသည့် အကြောင်းရင်းက ကောင်းကင်ဘုံသက်တော်စောင့်သည် သူ့ကို သည်နေရာကနေ ထွက်ခွာသွားနိုင်မည့် အခွင့်ရေးကို ပေးနိုင်သော မန္တာန်အချို့ကို သိနေသောကြောင့် ဖြစ်ပေ၏။

“ဒါက ကျရှုံးသွားရင်လည်း ငါက ယောင်ရှင်းရွှယ်ကို အသုံးပြုပြီး ထပ်ကြိုးစားကြည့်နိုင်သေးတာပဲ…” ဝမ်လင်းက သူ့မူလစွမ်းအင်ကို ပါးစပ်အပြည့်ထွေးထုတ်လိုက်ပြီး မရေမတွက်နိုင်သော သင်္ကေတများအဖြစ် ပြောင်းလဲကာ ဒူဂျန်အပေါ်သို့ ကျရောက်စေလိုက်၏။

ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက် ဖန်တီးရန် ပထမဆုံးအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း ဖြစ်၏။ခန္ဓာကိုယ်ကို သာမန်လက်နက်ရတနာများနှင့် ထုထောင်းသည့်အထိ ခံနိုင်သည့် အဆင့်ရောက်အောင် မွန်းမံရမည် ဖြစ်သည်။ဝမ်လင်းက သည်အဆင့်ကို မြင်သည်နှင့် သူက ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်၍ တွေးမိသွား၏။

ဒုတိယအဆင့်က မူလစိတ်ဝိညာည်ကို ပြောင်းလဲခြင်းဖြစ်၏။ မူလစိတ်ဝိညာဉ်ကို ဖွင့်လှစ်ကာ အပိုင်းပိုင်းအစစ ဖြစ်သည့်အထိ ကြိတ်ချေပစ်ရမည်။သည့်နောက် သူက မူလစိတ်ဝိညာဉ်ကို မည်သည့်နည်းနှင့်ဖြစ်ဖြစ် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သွင်းရပေမည်။ထိုခန္ဓာကိုယ်က မူလစိတ်ဝိညာဉ် ကင်းမဲ့နေပေလိမ့်မည်။သို့သော် စိတ်ဝိညာဉ်တစ်ခုတော့ ထိုခန္ဓာကိုယ်ထဲရှိ ရှိနေပေလိမ့်မည်။

တတိယအဆင့်က ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများကို သန့်စင်ခြင်း ဖြစ်၏။ကိုယ်တွင်းရှိ အတွင်းအင်္ဂါများအားလုံးကို ခြောက်သွေ့သွားကာ မည်သည့်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်မှ ထောက်ပံအာဟာရပြုခြင်း မပြုလုပ်နိုင်တော့အောင် လုပ်ရမည်။သည်အရာက အာရုံငါးပါးကို ခွဲထုတ်ပစ်ခြင်းပင်။သည့်နောက် ၎င်းက မည်သည့်နာကျင်မှုကိုမှ ခံစားရတော့မည် မဟုတ်ပေ။

နောက်ဆုံးအဆင့်က နတ်ဘုရားအာရုံကို ပယ်ဖျက်ခြင်းဖြစ်၏။သို့သော် အသိဉာဏ်ရအောင်တော့ ထိန်းသိမ်းပြုပြင်ပေးရမည် ဖြစ်သည်။သည်အရာက ကောင်းကင်ဘုံသက်တောင်စောင့်တစ်ယောက်ကို မည်သည့် စိတ်ခံစားချက်မှ မရှိအောင် ဖြစ်စေမည်။သို့သော် သူတို့က တွေးတော့တွေးနေနိုင်ဦးပေမည်။သူတို့က အားကောင်းသောခန္ဓာကိုယ်၊ စိတ်ခံစားချက်ကင်းမဲ့ခြင်းနှင့် နာကျင်မှု မခံစားရတော့ခြင်းတို့ကို ပိုင်ဆိုင်သွားမည် ဖြစ်၏။

သည်အရာကိုပင် ကောင်းကင်ဘုံသက်တော်စောင့်ဟု ခေါ်တွင်ပေ၏။

ကောင်းကင်ဘုံအင်ပါယာ ချင်လင် ပြုလုပ်ခဲ့သည့် လူသားလက်နက်ရတနာများက ရှေးဟောင်းနတ်ဘုရားများကို တုပထားခြင်းသာ ဖြစ်ပေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset