ဝမ်လင်း၏ ခန္ဓာကိုယ်နှင့် ဆံပင်များက လေထဲ၌ မြောလွင့်လို့နေသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးများကလည်း ပေါက်ကွဲထွက်နေကာ မြန်ဆန်စွာဖြင့် အငူစွန်းနံရံထဲသို့ ပြန့်ကျဲသွားကြသည်။သူ့မူလစိတ်ဝိညာဉ်က လျှပ်စီးများနှင့် ပြည့်လို့နေ၏။
ရှေးဟောင်းမိုးကြိုးနဂါးက ငြင်းဆိုလိုနေကာ ဝါးမြိုခြင်းဖြစ်စဉ်အတွင်း ၎င်းက ဒေါသများနှင့် ပြည့်လျှံ့လို့နေသည်။မိုးကြိုးနဂါးက ဆက်လက်၍ ရုန်းကန်နေ၏။၎င်းက ပို၍ ရုန်းကန်လေလေ ပိုသန်မာသော လျှပ်စီးက ပိုပေးစွမ်းလာလေ ဖြစ်နေသည်။
ပြင်းထန်သော လျှပ်စီးက ဝမ်လင်းမူလစိတ်ဝိညာဉ်ကို ပြိုကျပျက်စီးလုနီးနီး အခြေအနေသို့ ရောက်ရှိနေစေသည်။ဝမ်လင်းတွင်သာ ခေါင်းမာစူးနစ်သည့် စိတ်မပိုင်ဆိုင်ထားဘဲ သာမန်လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်သာ ရှိပါက ပျက်စီးနေလောက်ပြီ ဖြစ်သည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်က ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။သူ့မျက်လုံးများက သူကိုယ်တိုင် မိုးကြိုးနဂါး ဖြစ်နေသည့်အလား လျှပ်စီးပေါက်ကွဲမှုများကို ပေးစွမ်းလို့နေသည်။သူက သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသေးသလို ခံစားရကာ သူ့ခန္ဓာကိုယ်ကပါ သေခြင်းတရားသို့ ဦးတည်နေမှု၊သက်ရောက်နေမှုကို လိုက်ပါခံစားနေရ၏။
သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ချက်ခြင်း ပျံသန်းထွက်ခွာသွားသည်။သူက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်ကာ သူ့လက်က မူလစိတ်ဝိညာဉ်ထံသို့ လှမ်းလိုက်၏။သူက မိုးကြိုးနဂါးကို ဖမ်းဆုပ်လိုက်ကာ ၎င်း၏ အစိတ်အပိုင်းငယ်တစ်ခုကို ဆွဲယူလိုက်၏။
မိုးကြိုးနဂါးက ရုတ်တရက် ဟိန်းဟောက်လိုက်ရာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကို လျှပ်စီးပမာဏများစွာ ထုတ်လွှတ်သွားလေ၏။ထိုလျှပ်စီးများက နံရံပေါ်သို့ ကျရောက်သွားကာ အက်ကွဲသောအသံများကို ဖြစ်သွားစေသည်။
မိုးကြိုးသားရဲ၏ အစိတ်အပိုင်းကို ကိုင်ဆောင်ထားရင်း ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။သူ့ဘယ်လက်က လှုပ်ရှားလိုက်ရာ မိုးကြိုးနဂါး၏ ကိုယ်ပေါ်၌ များစွာသော အတားအဆီးများကို ကျရောက်စေလိုက်သည်။ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ထံသို့ လက်ဆန့်ထုတ်ကာ နောက်ထပ် ဖမ်းဆုပ်လိုက်ပြန်သည်။ သည့်နောက် သူက ၎င်းပေါ်တွင်လည်း အတားအဆီးများကို ဆက်လက် နေရာချလိုက်သည်။
သူ့မူလစိတ်ဝိညာဉ်က ပြင်ပအားများ အကူအညီဖြင့် ချိပ်ပိတ်ခြင်းနှင့်ဝါးမြိုခြင်း စက်ဝန်းကို ဆက်လက် ဖြစ်လို့နေတော့သည်။အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက မိုးကြိုးနဂါးနှင့် ပေါင်းစည်းခြင်းတွင် လုံးလုံးလျာလျာ နစ်မြုပ်လို့သွားသွားတော့၏။
သူ့ခန္ဓာကိုယ်က တစ်ဖြည်းဖြည်းဖြင့် ကြည်လင်တောက်ပမှု ဆုံးရှုံးလာပြီး ဖြည်းဖြည်းချင်း ခြောက်ကပ်လာ၏။သို့ရာတွင် သည်အဖြစ်က သေဆုံးခြင်း မဟုတ်ပေ။သူ့ တက်ကြွမှုရှင်သန်ခြင်းဓာတ်ကို ဆုံးရှုံးမသွားစေရန် ဆိုင်းငံထားသည့် သဘောသာ ဖြစ်သည်။
တစ်နေ့ပြီးတစ်နေ့၊တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလို့သွား၏။သည်နေ့တွင် ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနဂါးက ပြင်းပြင်းထန်ထန် ရုန်းကန်ခြင်း မပြုတော့ချေ။သို့သော် ၎င်းက ရုန်းကန်မှုကိုတော့ ဆက်လက် ပြုလုပ်နေဆဲသာ။သို့ရာတွင် ၎င်းခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သောအတားအဆီးများ ရှိလို့နေ၏။၎င်းတို့က အတူ ပေါင်းစပ်ကာ နဂါးအား ချိပ်ပိတ်မှုကို ဖြစ်နေစေ၏။
ဝမ်လင်းမူလစိတ်ဝိညာဉ်ကလည်း သည်နှစ်များကို ဖြတ်ကျော်လာပြီးနောက် ဖြည်းဖြည်းချင်း ကျုံ့လာခဲ့လေ၏။ခုချိန်၌ ၎င်းက သုံးပေလောက်သာ ရှိ၍ ကျင့်ကြံသူတစ်ယောက်၏ စဦးစိတ်ဝိညာဉ်အရွယ်အစားလောက်သာ ကျန်ရစ်တော့သည်။
သူ့မူလစိတ်ဝိညာဉ်က ကျုံ့နေသော်လည်း ၎င်းက မိုးကြိုးစွမ်းအင်ကို ပေးစွမ်းကာ နေ၏။၎င်းမူလစိတ်ဝိညာဉ်က ကြည်လင်မှု မရှိတောချေ။သို့သော် လျှပ်စီးမိုးကြိုးတန်းများကိုတော့ ထုတ်လွှတ်နေသည်။သူ့မူလစိတ်ဝိညာဉ်ထဲ၌ ငွေရောင်မြွေများ သန်းနှင့်ချီ၍ လှုပ်ရှားနေသကဲ့သို့ လျှပ်စီးတန်းများက တည်ရှိနေခြင်းပင်။
ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။သူ့ပတ်လည်၌ မိုးခြမ်းသံတုန်ခါသံများက ပဲ့တင့်ထပ်လို့နေသည်။သည့်နောက် လျှပ်စီးတန်းနှစ်ခုက သူ့မျက်လုံးထဲကနေ နဂါးနှစ်ကောင်ကဲ့သို့ ထိုးထွက်သွားကာ အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
သူ့မူလစိတ်ဝိညာဉ်ကလည်း ရွှေ့လျားလာပြီး သူ့ခန္ဓာကိုယ်နားသို့ ရောက်ရှိလာ၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အား တစ်ချက်ကြည့်လိုက်ရာ သူ့မျက်လုံးထဲ၌ လျှပ်စီးတို့ ဖျပ်ခနဲ ဖြတ်သန်းသွားသည်။သူ့မျက်လုံးများက အေးစက်မှုနှင့် မတူကွဲပြားမှုတို့ကို ပေးစွမ်းလို့နေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ခြောက်သွေ့သွားခဲ့ပြီးဖြစ်၏။ထို့ကြောင့် သူက ခုချိန်၌ အရိုးပြိုင်းပြိုင်းထလို့နေသည်။သူ့မျက်ခုံးနှစ်ခုကြားထဲမှ ရှင်သန်ခြင်းဓာတ်အမျှင်တန်းတစ်ခုကို ထုတ်လွှတ်ထားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သည်ခန္ဓာကိုယ်က ခုချိန်၌ အလောင်း ဖြစ်နေလောက်ပေပြီ။
သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အထက်၌ ပျံဝဲနေရင်း ဖြည်းဖြည်းချင်း အထဲသို့ ဝင်ရောက်နေ၏။မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေချိန်တွင် သူက အတားအဆီးတစ်ခုက သူ့အား ကာဆီးထားသလို့ ခံစားလိုက်ရသည်။ကံကောင်းစွာနှင့် သည်အတားအဆီးက ခဏအကြာတွင် ပြန်ပျောက်ကွယ်သွား၏။ထို့ကြောင့် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်လို့သွားနိုင်တော့သည်။
ချက်ခြင်းပင် သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အနှံ့တွင် ရွှေ့လျားလို့နေသည်။သူ့ကြွက်သားများကပင် ထိုလျှပ်စီးများ၏ ဖုံးအုပ်သွားခြင်းကို ခံလိုက်ရ၏။ချက်ခြင်းပင် သူက ပုံမှန်ခန္ဓာကိုယ်အတိုင်းပြန်ဖြစ်သွားကာ အရင်ထက်စာလလျှင် အနည်းငယ်ပိန်သွားရုံသာ ရှိ၏။
သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။သည်လေက မီးခိုးရောင်ဖြစ်ကာ လျှပ်စီးများ ပါနေချေသည်။သူ့မျက်လုံးကလည်း လျှပ်စီးတန်းအလား တောက်ပနေ၏။ဝမ်လင်းက နက်နက်နည်းနည်း စတင် စဉ်းစားတော့သည်။
“ဒီခရီးက အတော်လေး အန္တရာယ်များလှတယ်။ ဒါပေမဲ့လည်း ငါ ရလိုက်တဲ့ အကျိုးအမြတ်ကလည်း စိတ်ကူးထားတာထက်တောင် ပိုနေသေးတယ်။ငါက ဒါက ကောင်းလား ဆိုးလားတော့ မသိဘူး။ငါ့မူလစိတ်ဝိညာဉ်က ခုဆို လုံးဝ အသွင်ပြောင်းလဲသွားပြီ။ ခုချိန်မှာ ငါ့မူလစိတ်ဝိညာဉ်က နတ်ဘုရားပြစ်ဒဏ်မိုးကြိုးလျှပ်စီးနဲ့တောင် ပိုပြီး တူလာခဲ့ပြီ…”
ဝမ်လင်းက လေးလေးနက်နက် တွေးနေ၏။သည့်နောက် သူက ခေါင်းမော့ကာ အက်ကွဲကြောင်းအပြင်ဘက်သို့ ကြည့်လိုက်သည်။
“မူလစိတ်ဝိညာဉ်က လျှပ်စီးအဖြစ် ပြောင်းလဲသွားတာ…ဒါက စိတ်ဝင်စားစရာပဲ။ခုချိန်မှာ တစ်စုံတစ်ယောက်က ငါ့မူလစိတ်ဝိညာဉ်ကို ဖျက်စီးချင်ရင်တော့ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ဖျက်စီးရသလို ဖြစ်နေလိမ့်မယ်။ဒီအခွင့်အရေးကို ရပြီးတဲ့နောက် ငါ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်မှာ ရှိနေသေးပေမဲ့လည်း ဒါက ငါ့ကို မိုးကြိုးစွမ်းအား ပေးစွမ်းခဲ့ပြီ…”
ဝမ်လင်းက သူ့လက်ကို ပိတ်မြှောက်လိုက်သည်။သူ့လက်က လျှပ်စီးများဖြင့် ပြည့်နေကာ လျှပ်စီးအလင်းလုံးတစ်ခု ဖြစ်တည်သွား၏။ထိုအလင်းထဲမှ ပေါက်ကွဲသံများ ထွက်ပေါ်နေကာ မတည်မငြိမ်ဖြစ်နေသည်မှာ ရှင်းလင်းနေပေသည်။ခဏအကြာတွင် လျှပ်စီးလုံးက ပျက်စီးလို့သွား၏။သည့်နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ ၎င်းကို မြိုချလိုက်သည်။သူ့မျက်နှာက အနည်းငယ် နီမြန်းသွား၏။သို့သော် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။
“ဒါဆိုရင် ငါ့ခုလက်ရှိ မူလစိတ်ဝိညာဉ်က ဘာများလဲ…” ဝမ်လင်းမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်နေ၏။သူက မိုးကြိုးနဂါး၏ ကိုယ်ခန္ဓာ တစ်ဝက်ကို ဝါးမြိုလိုက်ခြင်းက သူ့မူလစိတ်ဝိညာဉ်ကို ခုလို ထူးဆန်းသောနည်းလမ်းနှင့် ပြောင်းလဲသွားစေလိမ့်မည်ဟု လုံးဝ တွေးထင်ထားမိခြင်း မရှိပေ။
သူက သည်မိုးကြိုးနဂါးကို အကုန်အစင် စုပ်ယူနိုင်ခဲ့ခြင်း မရှိပေ။သူက ငါးပုံတစ်ပုံကိုသာ စုပ်ယူနိုင်ခဲ့ကာ ကျန်သည့်အရာကို သူ့မူလစိတ်ဝိညာဉ်ထဲ၌ ချိပ်ပိတ်လို့ထား၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့မန္တာန်များကို ထုတ်ဖော်ရန် ကြိုးစားကြည့်လိုက်၏။သူက ခုထိ တစ္ဆေလောကမြစ်အပါအဝင် သူ့မန္တာန်များကို အသုံးပြုနိုင်နေသေးပေသည်။ထိုသို့ ပြုလုပ်လို့ရပြီးမှသာ ဝမ်လင်းက စိတ်သက်ရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့၏။
သို့ရာတွင် သူက မတူညီမှုကို ချက်ခြင်းခံစားလိုက်ရ၏။သည်မန္တာန်များက အရင်နှင့် အပြင်ပိုင်းတွင် တူညီနေသော်လည်း လူတစ်ယောက်က သေချာကြည့်ပါက ၎င်းတို့အားလုံး၌ မိုးကြိုးစွမ်းအား ပါဝင်နေသည်ကို တွေ့ရှိပေလိမ့်မည်။
အလွန်အားကောင်းသောမိုးကြိုးစွမ်းအား အမျှင်တန်း။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူ့မန္တာန်များ၏ အင်အားက တိုးတက်လာခြင်းသည် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်၏။သို့သော်လည်း သည်စွမ်းအားတိုးတက်လာမှုက နည်းနည်းပါးပါး ဟုတ်မနေချေ။သူ့ခုလက်ရှိ မန္တာန်များနှင့် သူက အာဏာတက်ခြင်း အလယ်အဆင့် ကျင့်ကြံသူများကြား၌ ထိပ်ဆုံးက ရပ်တည်နေနိုင်ပြီ ဖြစ်သည်။သူ့ရတနာများနှင့်ဆိုလျှင် ဝမ်လင်းက အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကိုပါ ယှဉ်တိုက်နိုင်ပေ၏။
သို့ရာတွင် ဝမ်လင်းက တစ်ခုခုကို မေ့နေသလိုမျိုး တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရပေသည်။
သူက အချိန်အတန်ကြာ စဉ်းစားကြည့်၏။ထိုခံစားချက်က ရှိလို့နေစမြဲသာ။သူက မတ်တပ်ထရပ်ကာ အက်ကွဲကြောင်းထွက်ပေါက်သို့ လျှောက်လှမ်းသွား၏။အက်ကွဲကြောင်းအပြင်ဘက်တွင်တော့ ပိန်းပိန်းမှောင်နေ၏။စုပ်အား၏ အသံများကလည်း ထွက်ပေါ်လို့နေသည်။သူက ထွက်ပေါ်နှင့် ပိုနီးလာလေလေ ထိုအသံက ပို၍ အားကောင်းလာလေပင်။
အက်ကွဲကြောင်းအပြင်သို့ ကြည့်လိုက်သည့်အခါ ဝမ်လင်းစိတ်ထဲ၌ လျှပ်စီးတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်ဟု ခံစားလိုက်ရ၏။သူက ရုတ်တရက် ဘာကြောင့် သူတစ်ခုခုမှားနေသည်ဟု ခံစားရသည်ကို သိရှိလိုက်၏။
‘ငါ့မူလစိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ရှိ ပြန်ဝင်ဖို့ ကြိုးစားတဲ့အခါမှာ ဒီအတားအဆီးက ဘာကြောင့် ရှိနေခဲ့တာလဲ…”
ဝမ်လင်းအသွင်က ရုပ်စိုးလို့သွားသည်။ပြန့်ကျဲနတ်ဆိုးမိစ္ဆာကလည်း သူ့မူလစိတ်ဝိညာဉ်ထဲ၌ ချိပ်ပိတ်ထားခြင်း ခံထားရသည်သာ ဖြစ်နေသည်။ထို့ကြောင့် ၎င်းကလည်း သူ့ခန္ဓာကိုယ်အား သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။သည့်အပြင်သူ့မူလစိဝိညာဉ်ကို လုယူသိမ်းပိုက်ရန်လည်း မဖြစ်နိုင်ပေ။
“ကြည့်ရတာ ငါ့မူလစိတ်ဝိညာဉ်မှာ ပြဿနာတစ်ခုခု ရှိလို့နေတာပဲ…” ဝမ်လင်းက သူ့မူလစိတ်ဝိညာည်ကို သူ့ခန္ဓာကိုယ်ကနေ ထွက်မံ၍ ခွာထုတ်ကြည့်ရန် စီစဉ်လိုက်သည်။သို့သော် သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွား၏။
“ငါ့မူလစိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကနေ ထုတ်လို့ မရနိုင်တော့ဘူး…” ဝမ်လင်းက ချက်ခြင်းနောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ကာ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်၏။သူက အကြိမ်များစွာ ကြိုးစားကြည့်လိုက်ပြီးနောက် မျက်လုံးပြန်ပွင့်လာ၏။သူက အလျင်ပူပန်ခြင်းမရှိဘဲ တည်ငြိမ်စွာ စဉ်းစားကြည့်လိုက်၏။
“ငါ့မူလစိတ်ဝိညာဉ် ထွက်ခွာဖို့ အတားအဆီးတစ်ခုက ပိတ်ဆို့ထားတယ်…။ဒါက မူလစိတ်ဝိညာဉ် သန္ဓေပြောင်းပြီးတဲ့နောက် ပေးရတဲ့ တန်ဖိုးများ ဖြစ်နေနိုင်လား…”
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။
“ထားလိုက်ပါတော့…ဒါက ခုချိန်မတွေးတော့ဘူး။ ခုငါက တုန်ကင်ကို ကြည့်ကြည့်ရမယ်။ ဘယ်လိုမန္တာန်မျိုးကများ ဒီခရမ်းရောင်မြူတွေကို သိပ်သည်းစေခဲ့တာများလဲ…”
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခရမ်းရောင်တုန်ကင်က သူ့လက်ထဲ၌ ပေါ်လာခဲ့တော့၏။
***