Switch Mode

အပိုင်း(၆၉၆)

လောဘကြီး၏ မန္တာန်

ခြင်သားရဲက သားရဲအုပ်စုကို ထွင်းဖောက်လာခဲ့သည်။၎င်းက ဝမ်လင်းထံသို့ တည့်တည့်မတ်မတ် ဦးတည်လာခြင်းပင်။၎င်းက ဝမ်လင်းနားသို့ ရောက်လာသည့်အခါတွင် ၎င်း၏ ကြီမားသောပါးစပ်ကြီးကိုဖြင့် ဝမ်လင်းအား နူးညံစွာ ပွတ်သပ်လိုက်သည်။၎င်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်လို့နေသည်။

ဝမ်လင်းထံသို့ တရကြမ်းတိုးဝင်လာသော ခြင်သားရဲအုပ်စုက ရပ်တန့်သွားကြသည်။၎င်းတို့၏ မျက်လုံးများက ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသေးသော်လည်း သံသယ ဖြစ်နေသည့်အရိပ်အယောင်တို့ ဖျပ်ခနဲ ပေါ်ထွက်လာကြသည်။

သည်မြင်ကွင်းက လောဘကြီးအား လုံးဝ ကြောင်သွားစေသည်။သည်အရာ ချန်လုံ၏မျက်လုံးများကိုပင် အလွန်တောက်ပသွားစေ၏။

လောဘကြီး၏မျက်နှာက သုန်မှုန်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အော်ပြောလိုက်သည်။ “အံ့ဖွယ်အပ်ခုနစ်ချောင်း…ခပ်နှိပ်စမ်း…”

သားရဲအုပ်၏ အတွင်းပိုင်းကနေ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာကာ ခြင်သားရဲများက လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။ခြင်သားရဲအုပ်၏ အလယ်ကနေ ခေါင်းပေါ်တွင် ငွေအပ်ခုနစ်ချောင်းထိုးစိုက်ထားခံရသော ဧရာမခြင်သားရဲကြီးက ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့သည်။

၎င်း၏ မျက်လုံးထဲတွင်တော့ ရုန်းကန်နေရမှုတို့ ရှိလို့နေသည်။ထိုခြင်သားရဲက လောဘကြီးကို ကြည့်ကာ ဟိန်းသံပြုလိုက်၏။လောဘကြီးကလည်း မာန်သွင်းလိုက်ရာ ၎င်းခြင်သားရဲကြီး၏ ခေါင်းထက်ရှိ ငွေအပ်များက သုံးလက်မခန့် ပိုနစ်မြုပ်သွားစေသည်။ခြင်သားရဲကြီး၏ ခန္ဓာကိုယ်ကတုန်ယင်သွားကာ ၎င်း၏မျက်လုံးထဲရှိ ရုန်းကန်နေရမှုက ပိုအားကောင်းလာခဲ့သည်။

သို့ရာတွင် ၎င်း၏ မျက်လုံးထဲ၌ ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိလို့နေသလိုပင်။၎င်း၏ အကြည့်က ဝမ်လင်း၏ခြင်သားရဲပေါ်သို့ ကျရောက်လာခဲ့သည်။

ဝမ်လင်း၏ ခြင်သားရဲက မှင်သက်သွားပြီးနောက် ၎င်း၏ တောင်ပံကိုခတ်ကာ ဝမ်လင်းထံကနေ ပျံသန်းသွားသည်။၎င်းက ၎င်း၏ အုပ်စုများ ရှိရာသို့ ပျံသန်းသွားခြင်း ဖြစ်ကာ ခြင်သားရဲကြီး၏ ကျောပေါ်သို့ ခြေချလိုက်၏။

၎င်း၏ ခြင်နှုတ်သီးဖြင့် ရုတ်တရက် ခြင်သားရဲကြီး၏ ခန္ဓာကိုယ်အား ထိုးစိုက်လိုက်သည်။ ၎င်းက စဝင်ထိုးစိုက်လိုက်သည်နှင့် ခြင်သားရဲကြီး၏ မျက်လုံးထဲရှိရုန်းကန်နေရမှုက ပျောက်ကွယ်သွားကာ ထိုအစား စိတ်သက်သာရာရသွားဟန်က အစားထိုး ဝင်‌ရောက်လာခဲ့သည်။

စုပ်ယူခြင်းက ချက်ခြင်းလိုလို ပြီးဆုံးသွားခဲ့သည်။ခြင်သားရဲကြီးကလည်း ခြောက်သွေ့သွားနေရင်း ဝမ်လင်း၏ခြင်သားရဲကတော့ တစ်ဖြည်းဖြည်းချင်း ကြီးထွားလာခဲ့သည်။၎င်း၏ခန္ဓာကိုယ်က ကြီးထားလာသည့်အပြင် ၎င်းကိုယ်ပေါ်ရှိ ခရမ်းရောင်ကလည်း ပိုမို သိပ်သည်းလာသည်။

သည်အရာများက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ဝမ်လင်း၏ ခြင်သားရဲက ရုတ်တရက် ခေါင်းမော့ကာ လောဘကြီးထံသို့ ကြည့်ကာ ဟိန်းသံ ပြုလိုက်သည်။ ထိုအခါ ခြင်သားရဲအားလုံး၏ အကြည့်များက လောဘကြီးထံသို့ ကျရောက်သွားကာ သူ့ထံသို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။

လောဘကြီး၏ ဦးရေပြားက ထုံထိုင်းလို့သွားသည်။သူ့က ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ငွေအပ်ခုနစ်ချောင်းက ခြောက်သွေ့နေသော ခြင်သားရဲအလောင်းကောင်ထံကနေ ပြန်ထွက်လာပြီး သူ့ထံသို့ ပျံသန်းလာသည်။သည်ငွေအပ်များက သူ့အနား၌ ငွေရောင်အလင်းအကာအရံတစ်ခုကို ဖြစ်ပေါ်သွားစေသည်။သည့်နောက် သူက ဘေးတစ်ဖက်သို့ ချက်ခြင်း ထိုးထွက်သွား၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ နောက်သို့ ဆုတ်သည်။သူ့ညာလက်ညှိုးဖြင့် ရုတ်တရက် လောဘကြီးထံသို့ ညွှန်လိုက်၏။မရဏလက်ချောင်းက လောဘကြီးထံသို့ ထိုးထွက် တိုးဝင်သွားလေသည်။

အကွာအဝေးတစ်ခုတွင် ချန်လုံကို ဝန်းရံထားသော ခြင်သားရဲများအားလုံးကလည်း ထွက်ခွာသွားကြ၏။ ချန်လုံ၏ မျက်လုံးများက‌ အေးစက်လာခဲ့သည်။သူက ချက်ခြင်းပင် ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့နောက်ကျောမှ ဓားကြီးက ပျံသန်းထွက်လာ၏။ အနက်ရောင်နဂါးတစ်ကောင်ပါ ပေါ်လာခဲ့ကာ ဟိန်းဟောက်လာ၏။သူက လောဘကြီးထံသို့ ဓားစွမ်းအင်တန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။

သူတို့နှစ်ယောက်က အရင်က တစ်ခါမှ မပူးပေါင်းခဲ့သော်လည်း တိုက်ပွဲအမြင်ကောင်းက နှစ်ယောက်လုံးတွင်ရှိသဖြင့် ဝမ်လင်းနှင့်ချန်လုံတို့၏ ချိန်သားကိုက် တိုက်ခိုက်မှုက လောဘကြီး၏ နောက်ဆုတ်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပေသည်။

လောဘကြီး၏မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွားသည်။သူက ခြင်သားရဲများ၏ ဝန်းရံခြင်းကို ခံလို့မရမှန်း သိထားပေ၏။မဟုတ်လျှင်သူက သေဆုံးသွားရနိုင်သည်။သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက နှစ်သောင်းနှင့်ချီကာ ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် သည်လိုအဖြစ်မျိုး အကြိမ်မျာစွာ တွေ့ကြုံခဲ့ဖူးပေသည်။သူက နောက်သို့ ဆုတ်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး နံရံသို့ ကုတ်ချလိုက်သည်။ သူက အော်ပြောလိုက်၏။ “မရဏဝါးမြိုသူ ပထမပုံစံ…”

သည်လက်သည်းချက်က နံရံထဲကနေ အစိမ်းရောင်အခိုးငွေ့များစွာကို ထွက်ပေါ်သွားစေ၏။သည်အစိမ်းရောင်အခိုးငွေ့များက အတူစုစည်းသွားကာ အစိမ်းရောင်ရေတံခွန်တစ်ခုကို ဖြစ်တည်သည်။

ထိုအစိမ်းရောင်ရေတံခွန်က လောဘကြီး၏ ဆွဲယူခြင်းကို ခံလိုက်ရကာ သူ့လက်နှင့်အတူ ရွှေ့လျားလာ၏။သူ့မျက်လုံးများကလည်း အစိမ်းရောင်တောက်ပနေကော ထိုအစိမ်းရောင်ရေတံခွန်ကို သူ့နောက်သို့ ပို့လိုက်၏။

အစိမ်းရောင်အခိုးငွေ့များက ရုတ်တရက် ထိုးထွက်သွားကြသည်။ဝမ်လင်း၏ မရဏလက်ချောင်းက ထိုအစိမ်းရောင်နှင့် တွေ့မိသည့်အခါ ချက်ခြင်း ပျက်စီးလို့သွားသည်။

ချန်လုံ၏ နဂါးဓားစိတ်ဝိညာဉ်ကလည်း ထိုအစိမ်းရောင်အခိုးငွေ့နှင့် ထိမိသည်နှင့် အော်ဟစ်လိုက်ရသည်။သည့်နောက် ၎င်းနဂါးစိတ်ဝိညာဉ်က ချက်ခြင်းပျက်စီးကာ ချန်လုံထံသို့ ပြန်လည် ပျံသန်းလာသည်။

“မင်းတို့ ဂျူနီယာလေးတွေကများ ဒီအဘိုးအိုကို ရန်စ ဝံ့တယ်ပေါ့…” လောဘကြီးက အော်ဟစ်က လျင်မြန်စွာ ရွှေ့လျားလိုက်သည်။သူက ခြင်သားရဲများ၏ ဝန်းရံခြင်းကနေ လွတ်မြောက်လုနီး ဖြစ်သွား၏။

သူက ထိုဝန်းရံထားမှုကနေ လွတ်မြောက်သွားသည်နှင့် သူ့ကို မည်သူကမျှ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။သူက ထွက်သွားမလား၊ တိုက်ခိုက်မလား ကြိုက်တာ လုပ်နိုင်သွားမည် ဖြစ်သည်။

ချန်လုံက အော်ပြောလိုက်၏။ “ဝမ်လင်း …ငါတို့ မကျေလည်မှုတွေကို လွှတ်ချထားကြမယ်။ငါတို့ ဒီသူခိုးအိုကြီးကို အတူ ပေါင်းပြီး သတ်ကြစို့။မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်…”

ချန်လုံ၏ နဂါးစိတ်ဝိညာဉ်အပိုင်းအစများက နောက်တစ်ဖန် ပြန်လည် စုစည်းသွားကာ အရင်ထက် ပိုသန်မာသောစွမ်းအားနှင့် ရှေ့သို့ ထိုးတက်သွားလေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ထောက်လိုက်သည်။ထိုအခါ သူ့လက်ချောင်းထိပ်၌ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများစွာက ထိုးထွက်လို့သွားသည်။ထိုစွမ်းအင်များက မြန်ဆန်စွာ သိပ်သည်းလာပြီးနောက် တစ်သန်းကနေ တစ်ထောင်၊တစ်ထောင်ကနေ တစ်ရာ၊တစ်ရာကနေ တစ်ခုတည်းအဖြစ်သို့ ရောက်ရှိသွား၏။

သူ့မူလစိတ်ဝိညာဉ်၌ ထားထားသည့် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုကလွဲ၍ ကျန်သည့်စွမ်းအင်အမျှင်တန်းအားလုံးက ဝမ်လင်းလက်ချောင်းထိပ်၌ အမျှင်တန်းတစ်ခုတည်းအဖြစ် သိပ်သည်းသွားခဲ့ပေသည်။ဝမ်လင်းက သူ့လက်ကို တောက်ထုတ်လိုက်ရာ ထိုသိပ်သည်းသောစွမ်းအင်အမျှင်တန်းက ရှေ့သို့ ထိုးထွက်သွားချေ၏။

“လင်းထျန်ဟူရဲ့ အပျက်အစီးဓားစိတ်ဝိညာဉ်နဲ့ ရှေ့ဖြစ်ဟောသူရဲ့ သတ်ဖြတ်ခြင်းပညာရပ်…”

လောဘကြီး၏မျက်လုံးများက လွန်စွာ တောက်ပသွားသည်။သို့သော် သူ့မျက်လုံးထဲ၌ လှောင်ပြောင်သည့်အရိပ်အမြွက်တို့ ရှိလို့နေသည်။သူက နောက်သို့ ဆုတ်နေရင်း ပြောလိုက်၏။ “ဒီမန္တာန်နှစ်ခုက စွမ်းအားကောင်းလွန်းပေမဲ့ မင်းတို့ရဲ့ ကျွမ်းကျင်မှုက မပြည့်စုံသေးဘူး။ ဒီအဘိုးအိုရဲ့ အရှေ့မှာတော့ ဒါက အားနည်းလွန်းနေတယ်…”

လောဘကြီးက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တောင်ငယ်တစ်ခုက ချက်ခြင်း ပျံသန်းထွက်ပေါ်လာ၏။ထို တောင်ငယ်က ပျံသန်းထွက်ာလသည်နှင့် ၎င်းက ချက်ခြင်း ပေတစ်ရာလောက်ထိ ကြီးမားလာကာ လေထဲ၌ မြောလွင့်လာခဲ့သည်။

သည်တောင်က ထူးဆန်းသောစာလုံးများဖြင့် ရေးထွင်းထားပေသည်။တောင်ငယ်က ရွှေ့လျားလာသည်နှင့် ထိုစာလုံးများက တဖျပ်ဖျပ်တောက်ပကာ တောင်ငယ်အား ပို၍ ထူးဆန်းသွားစေသည်။

လောဘကြီးက ညာလက်ဖြင့် နောက်တစ်ကြိမ် ကုတ်ဆွဲလိုက်ပြန်သည်။သူက သူ့လက်ကိုတောင်ပေါ်သို့ တင်၍‌ အော်ပြောလိုက်၏။ “မရဏဝါးမြိုသူ ဒုတိယပုံစံ…တောင်စိတ်ဝိညာဉ် ထွက်ပေါ်လာစမ်း…”

တောင်တစ်ခုလုံးက တုန်ယင်သွားကာ ရှေးဟောင်းအော်ရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လို့လာ၏။

သည်အရာက တောင်၏ စိတ်ဝိညာဉ်ပင်။

လောဘကြီးက အော်ပြောလိုက်ရင်း သူက သည်အော်ရာကို ဆွဲယူလိုက်သည်။သည့်နောက် ပုံရိပ်ယောင်တောင်တစ်ခု ပေါ်လာကာ လောဘကြီး၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။

နှိုင်းယှဉ်မရသည့် ပြင်းထန်သောအော်ရာတစ်ခုက ချက်ခြင်း ထွက်ပေါ်လာခဲ့သည်။တောင်စိတ်ဝိညာဉ်ကို ထုတ်ယူခံရပြီးနောက် ၎င်းက စတင်တုန်ယင်ကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာ၏။တစ်ဖြည်းဖြည်းဖြင့် တောင်တစ်ခုလုံးက ပြိုကျပျက်စီးကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။

သို့ရာတွင် ပုံရိပ်ယောင်တောင်ကတော့ လောဘကြီး၏ လက်ထဲ၌ ရှိလို့နေဆဲပင်။

“ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုက အဘိုးကြီး လင်းထျန်ဟူနဲ့ သူခိုးအိုကြီး ရှေ့ဖြစ်ဟောသူတို့ကို မယှဉ်နိုင်ပေမဲ့ ဒီအဘိုးအိုလောဘကြီးရဲ့ မန္တာန်တွေက ချိုယွင်းချက်မရှိဘူး။ မင်းတို့ ဂျူနီယာ နှစ်ယောက်က တစ်ခြားလူရဲ့ မန္တာန်တွေကို သင်ထားပြီး ကိုယ်ဟာ့လို တကယ်ထင်နေ ကြတာလား…”

လောဘကြီး၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုနှင့် ပြည့်နှက်နေကာ သူ့လက်ကို အောက်သို့ ဖိချလာသည်။

ပေါက်ကွဲသံတစ်ချက်ဖြင့်ပင် ထိုတောင်စိတ်ဝိညာဉ်က ဆင်းသက်လာ၏။

ချန်လုံ၏ အနက်ရောင်နဂါးက တောင်စိတ်ဝိညာဉ်၏ ဖိအားအောက်၌ တအီအီ ငြီးငြူလိုက်ရသည်။ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထိုအနက်ရောင်နဂါးအောက် တောင်စိတ်ဝိညာဉ်၏ ဖိအားအောက်၌ ပိတ်လှောင်ခြင်း ခံလိုက်ရချေသည်။

ချန်လုံ၏ အသွင်က ဖြူရောသွား၏။သူက သွေးတစ်လုပ်အန်ထုတ်လိုက်ရကာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့နှင့် ပြည့်လို့နေသည်။

“ဒါ…ဒါက ဘာမန္တာန်လဲ…”

ဝမ်လင်း၏ သတ်ဖြတ်ခြင်းစွမ်းအင်က လေထဲ၌ ဖြတ်သန်းလာကာ တောင်စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်လာသည်။သတ်ဖြတ်ခြင်းစွမ်းအင်က တောင်စိတ်ဝိညာဉ်ကို ထွင်းဖောက်သွား၏။ဝမ်လင်းမျက်လုံးက‌ အေးစက်လာပြီးနောက် သူက အော်ပြောလိုက်သည်။ “ ပြန့်ကျဲစမ်း…”

တောင်စိတ်ဝိညာဉ်ကို ထွင်းဖောက်သွားသည့် သတ်ဖြတ်ခြင်းစွမ်းအင်က ပြန့်ကျဲလို့သွားသည်။၎င်းက စွမ်းအင်အမျှင်တန်းတစ်ခုကနေ တစ်သန်းအဖြစ်သို့ ပြောင်းလဲသွား၏။

သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက တောင်စိတ်ဝိညာဉ်ထဲ၌ ရွှေ့လျားလို့နေသည်။၎င်းက တောင်စိတ်ဝိညာဉ်ထဲကနေ ထိုးထွက်ကာ ၎င်းကို အစိတ်စိတ် လုပ်ပစ်ချင်နေသည့်ပုံပင်။

သို့ရာတွင် တောင်စိတ်ဝိညာဉ်ထံကနေ အားကောင်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တစ်ခု ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်းစွမ်းအင်များက တစ်ခုပြီးတစ်ခု ပျက်စီးလို့သွားလေသည်။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းကို သူ့စိတ်ဝိညာဉ်ထဲ၌ သိမ်းဆည်းထားကာ ထိုစွမ်းအင်များကို တစ်သန်းအထိ ပြန်လည်ကောင်းမွန်စေခြင်းကြောင့်သာ မဟုတ်လျှင် ထိုဆုံးရှုံးမှုက သူ့ကို များစွာ နာကျင်စေပေလိမ့်မည်။

“တောင်စိတ်ဝိညာဉ်ထဲမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တောင် ရှိနေတယ်။ ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က လောဘကြီးရှိကနဲ့ မတူဘူး။ကြည့်ရာတာ ဒါက ဒီတောင်ကိုယ်တိုင် ပိုင်ဆိုင်ထားတာ ဖြစ်လိမ့်မယ်…”

ဝမ်လင်းအသွင်က ရှုံ့တွနေမိတော့သည်။

တောင်စိတ်ဝိညာဉ်ကြောင့် လောဘကြီးက ခြင်သားရဲများ၏ ဝန်းရံထားခြင်းကနေ လွတ်မြောက်သွားလေ၏။သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဂျူနီယာလေးတွေ…မင်းတို့က ဒါက ဘာတောင်လဲ ဆိုတာ သိကြလား။ဒီတောင်က ကောင်းကင်ဘုံနယ်မြေကပဲ။ဒီအဘိုးအိုက လွန်ခဲ့တဲ့နှစ်သောင်းချီက ဒါကို ထုတ်ယူခဲ့ပြီး ချိပ်ပိတ်ထားခဲ့တာ ဖြစ်တယ်…”

သည်အခိုက်အတန့်၌ ဆက်တိုက်ကျုံ့နေသော ခရမ်းရောင်မြူက အပြီးသပ်ခါနီး ဖြစ်လာ၏။၎င်းက ပေတစ်ထောင်ကနေ ဆယ်ပေသို့ ကျုံ့သွားပြီး သိပ်သည်းသော ခရမ်းရောင်မြူလုံးတစ်ခုကို ဖြစ်တည်သည်။

ထိုမြူလုံးထဲမှ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိချေ။သို့သော် ဝမ်လင်းက ထိုမြူလုံးထဲ၌ အသက်ရှင်နေသေးသော တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်ရှိမှန်း သိနေပေသည်။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထိုဆယ်ပေခန့်မြူလုံးက ထပ်မံ၍ ကျုံ့သွားကာ ခုချိန်၌ ခုနစ်ပေခန့်သာ ရှိတော့၏။

သည့်နောက် မြူထဲကနေ တုန်ကင်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။သည်တုန်ကင်က မြူများနှင့် ပြုလုပ်ထားခြင်း ဖြစ်ကာ မြန်ဆန်စွာ သိပ်သည်းလာနေ၏။

လောဘကြီး၏ မျက်လုံးထဲ၌ လောဘတက်သည့်အရိပ်အယောင်များ ပေါ်ထွက်လို့လာသည်။သူက တုန်ကင်ရှိရာသို့ တဟုန်ထိုးသွားရန် ပြင်လိုက်စဉ်မှာပင် သူ့နောက်မှ ခြင်အုပ်စု၏ ကြမ်းကြုတ်သောအော်သံများက ရုတ်တရက် ထွက်ပေါ်လာချေသည်။

သည်ခြင်သားရဲများက တစ်ကောင်ပြီးတစ်ကောင် ရူးသွပ်စွာ တိုးဝင်လာကြ၏။၎င်းတို့၏ အမြန်နှုန်းကလည်း အရင်ထက် များစွာ သာလွန်နေခဲ့သည်။၎င်းတို့၏ ရုတ်တရက် လှုပ်ရှားလာမှုကလောဘကြီး၏ အသွင်ကို ချက်ခြင်း ပြောင်းလဲသွားစေသည်။

ခြင်အုပ်စုထဲရှိ ဝမ်လင်း၏ခြင်သားရဲကလည်း အော်သံပြုလိုက်၏။ ရုတ်တရက် ခြင်သားရဲများ၏ ခန္ဓာကိုယ်က အနီရောင်လင်းလက်လာသည်။သည့်နောက် လောဘကြီးနှင့် အနီးဆုံးရှိ ခြင်သားရဲများက အသွေးအသားများအဖြစ် ပျက်စီးသွားကာ အနီရောင်တောက်ပမှုကို ပေးစွမ်းလာသည။သည့်နောက် ၎င်းပျက်စီးသွားသောခြင်သားရဲများက ထူးဆန်းစွာဖြင့် နောက်တစ်ဖန် ခြင်သားရဲအသွင် ပြန်ဖြစ်ပေါ်ကာ လောဘကြီးထံသို့ တိုက်ရိုက် ရောက်ရှိလာလေသည်။

သည်ခြင်သားရဲများသာ သည်မန္တာန်ကို အသုံးပြုနိုင်သည်မဟုတ်ဘဲ ခြင်သားရဲတိုင်းက ထိုသို့ လုပ်နိုင်လာကြသည်။၎င်းတို့က ပျက်စီးလိုက် ချက်ခြင်း ပြန်ဖြစ်တည်လိုက် ဖြစ်လို့နေသည်။၎င်းတို့က ချက်ခြင်းပင် လောဘကြီးအား ဝန်းရံထားလိုက်တော့သည်။

ခရမ်းရောင်မြူကလည်း မြန်ဆန်စွာ ကျုံ့လာကာ အထဲရှိ တုန်ကင်က ပို၍ ပေါ်လွင်လာ၏။ချက်ခြင်းလိုလိုပင် နောက်ဆုံးအဆင့်က ပြီးပြည့်စုံသွားလေပြီ။ မြူများ ပျောက်ကွယ်သွားပြီးနောက် ခရမ်းရောင်အလင်းကို ပေးစွမ်းနေသော ရှေးဟောင်းတုန်ကင်တစ်ခုက လေထဲ၌ လွင့်မြောလာခဲ့သည်။

ထိုတုန်ကင်၏ ခရမ်းရောင်ထဲ၌ ရွှေရောင်အလင်းတစ်ခုကပါ ရောနှောလို့နေခဲ့သည်။

ဝမ်လင်းနှင့်ချန်လုံတို့၏ အကြည့်များက တုန်ကင်ပေါ်သို့ ပြိုင်တူ ကျရောက်သွားကြသည်။

ချန်လုံက ချက်ခြင်း တုန်ကင် ရှိရာသို့ ထိုးထွက်သွားသည်။သည်ဝင်ပေါက်နား၌ မည်သူကမျှ တည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးမပြုဝံ့ပေ။သည်နေရာရှိ ဖိအားက ကြီးမားလွန်းလှ၏။ထို့ကြောင့် တစ်ယောက်ယောက်က တည်နေရာရွှေ့ပြောင်းသည်နှင့် လေဟာနယ်ထဲ၌ ပိတ်လှောင်ခြင်း ခံသွားရနိုင်ပေသည်။

ဝမ်လင်းမျက်လုံးများကလည်း အေးစက်လာကာ တစ်ချိန်တည်းမှာပင် သူက ပျံသန်းသွား၏။သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာခဲ့သည်။သူက ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုရန် အဆင့်သင့် ပြင်ထားပေသည်။

“မင်းတို့ဂျူနီယာတွေ လုပ်ဝံ့လား…” သည်အခိုက်အတန့်၌ ခြင်အုပ်စုအတွင်းမှ ဒေါသတကြီးအသံတစ်သံ ထွက်ပေါ်လာချေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset