ညင်သာသော လေပြေညင်းတစ်ခုက မြေပြင်ပေါ်ရှိ မြက်များကို အနည်းငယ် လှုပ်ခတ်သွားစေသည်။အမျိုးသားနှင့်အမျိုးသမီးတို့၏ ဝတ်စုံများကိုလည်း လေပြေက လှုပ်ခတ်သွားစေသည်။
အမျိုးသားက မြေပြင်ပေါ်သို့ ကြည့်နေရင်း သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုဟန်တို့ ဖြစ်ပေါ်နေ၏။သူက ပြုံး၍ ဆိုလာသည်။ “ဒီအတားအဆီးတွေထဲမှာ ရှေးဟောင်းအတားအဆီး နည်းစနစ်တွေ ပါဝင်နေတယ်။အယ်…ကောင်းကင်ဘုံအတားအဆီးအရိပ်အမြွက်တောင် ပါနေသေးပါလား…ဒါက မရိုးရှင်းဘူးပဲ…”
သူ့ဘေးရှိ အမျိုးသမီးကတော့ သူ့စီးနှောင်ထားသော ဆံနွယ်စဥို သူမနားဘေးနားသို့ ပို့လိုက်၏။သူမက မြေပြင်ကို ကြည့်ကာ ခေါင်းညိမ့်ပြလိုက်၏။ “ရှေးဟောင်းအတားအဆီးနည်းစနစ်တွေမှာတော့ တော်တော်လေး ကျွမ်းကျင်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံအတားအဆီးမှာတော့ တော်တော်လေး အကြမ်းထည်ဆန်နေသေးတယ်။ ကြည့်ရတာ ဒီလူက ကောင်းကင်ဘုံအတားအဆီးကို တက်မြောက်တာ သိပ်မကြာသေးတဲ့ပုံပဲ…”
အမျိုသားက ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။သူက ပြောလိုက်၏။ “ဒါက ရှေးဟောင်းကျင့်ကြံသူတွေဆီက အမွေအနှစ်ရထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ဒိလူက ရှေးဟောင်းအတားအဆီးတွေပေါ်မှာ ကျွမ်းကျင်နေပြီး သူက အနည်းဆုံးတောင့် နှစ်ပေါင်းတစ်သောင်းလောက် ကျင့်ကြံထားတဲ့သူ ဖြစ်ရမယ်…”
အမျိုးသမီးက ခေါင်းယမ်း၍ နူးညံစွာ ဆိုလာ၏။ “ဒါ မမှန်လောက်ဘူးအကို။ အကိုက ဒီလူ ဒီအတားအဆီးတွေကို နေရာချတာ ကိုယ်တိုင် မကြုံခဲ့ရဘူးလေ…”
အမျိုးသားက ရယ်မောကာ ပြောလိုက်၏။ “ကျွမ့်အာ…ညီမက ညီမယောက်ျားကို စမ်းသပ်ဖို့ ကြိုးစားနေတုန်းလား။ ညီမနဲ့ အကို အလောင်းအစားတစ်ခု လုပ်ကြမယ်ဆိုရင်ရော။ ဒီအတားအဆီးတွေကို ချမှတ်ခဲ့တဲ့လူက နှစ်ပေါင်းတစ်သောင်းလောက် ကျင့်ကြံခဲ့တဲ့လူမဟုတ်ရင် အကို ရှုံးပြီ။ ကဲ ဘယ်လိုလဲ…”
အမျိုးသမီးက သူ့ယောက်ျားကို ကြင်နာစွာကြည့်ကာ ပြုံးပြလိုက်၏။သူမက ဆက်ပြောလိုက်သည်။ “ဒီလိုသေးငယ်တဲ့ အတားအဆီးတစ်ခုက တိမ်ကောင်းကင်ဘုံသားဝေ့ဝမ်ရဲ့ အာရုံကို ဘယ်လိုလုပ် ဖမ်းစားနိုင်ပါ့မလဲ…”
အမျိုးသားက ပြုံး၍ ခေါင်းယမ်းလိုက်သည်။ “ညီမက ရှောင်လွှဲနေတာပဲ။အစ်ကိုက ညီမ ဒိအတားအဆီးတွေကို ဖြတ်မမြင်ဘူးဆိုတာ မယုံပါဘူး။ဒီအတားအဆီးတွေက အကြမ်းထည် ဆန်ပေမဲ့လည်း ဒီနောက်မှာ အတွေးတွေ အများကြီးပါဝင်နေတယ်။ဒီအတားအဆီးတွေကို ကြည့်လိုက်…အစ်ကိုတို့နှစ်ယောက် အပြင် အခြားလူတစ်ယောက်ယောက်ရှိနေရင် သူတို့က နည်းနည်းလေး ဂရုမစိုက်မိတာနဲ့ ဒီအတားအဆီးတွေကို သတိပြုမိနိုင်မှာ မဟုတ်ဘူး…”
“ဒီအတားအဆီးတွေက သတ်ဖြတ်ဖို့ ပြုလုပ်ထားတာ မဟုတ်ဘူး။ဒါ့ကြောင့် ဒါတွေက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုလည်း ပေးစွမ်းမနေဘူး။ဒါပေမဲ့လည်း ဒီအတားအဆီးတွက နတ်ဘုရားအာရုံနဲ့ ချိတ်ဆက်ထားတယ်။ဒါ့ကြောင့် ဒီဧရိယာကို ဝင်လာမိတဲ့လူတိုင်းက ဒီအတားအဆီးကို ချမှတ်ထားတဲ့လူရဲ့ ထောက်လှမ်းမှုကို ချက်ခြင်း ခံသွားရလိမ့်မယ်…”
“ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး။ဒါက ဒီလောက်ပဲ ရှိသေးရင်တောင် အစ်ကိုရဲ့အာရုံကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး။ ဟိုမှာ ကြည့်လိုက်…”
အမျိုသား၏မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက ပြောလိုက်သည်။ “အစ်ကိုသာ မမှားဘူးဆိုရင် ဒီနေရာမှာ အတားအဆီးကဒီတစ်ခုတည်း ရှိနေတာ မဟုတ်ဘူး။အတားအဆီးတွေက အဆင်လိုက် ချိတ်ဆက်နေတာ ဖြစ်ရမယ်။ ဒီချိတ်ဆက်ထားတဲ့အတားအဆီးအားလုံးကို တစ်ချက်တည်းနဲ့ မဖျက်စီးနိုင်ရင် ဒီအတားအဆီးတွေက ချမှတ်ခဲ့တဲ့လူက သူ့အတားအဆီးတစ်ခုကို ခလုတ်တိုက်သွားတဲ့လူကို သိနေဦးမှာပဲ…”
သူက ထိုသို့ပြောနေရင်း လက်ဆန့်တန်းလိုက်သည်။မြက်ပင်တစ်ပင်ကလွဲ၍ ကျန်သည့်မြက်ပင်များအားလုံးကို သူက ဖိနှိပ်လိုက်သည်။
“လေထဲမှာ အတားအဆီးချမှတ်တာက အဆင့်နိမ့်နည်းလမ်းတစ်ခုလို့ ယူဆလို့ရတယ်။အရာဝတ္ထုတွေထဲမှာ ချမှတ်တာကျ အလယ်အဆင့်နည်းလမ်းတစ်ခုပဲ။ဒါပေမဲ့ ဒီမြက်တွေကို ကြည့်လိုက်ပါ။ ကျွမ့်အာ..သေချာကြည့်ချေ။ ညီမက ဒီမြက်နဲ့ပတ်သတ်လို့ တစ်ခုခု မူမမှန်တာကို တွေ့ရလား…”
အမျိုးသမီးက အံ့အားသင့်သွား၏။သူမက ဝမ့်ဝေအကြောင်း ကောင်းကောင်းသိထားပေသည်။သူက အပူအပင်ကင်းကင်း ခပ်ပေါ့ပေါ့ နေတက်သော်လည်း အတားအဆီးများကို ကြုံရချိန်တွင်တော့ မတူညီသည့်လူတစ်ယောက် ဖြစ်လာတက်ပေသည်။သို့ရာတွင် သည့်အတွက်ကြောင့် သာမန်အတားအဆီးတစ်ခုကတော့ သူ့မျက်လုံးကို ဖမ်းစားနိုင်လိမ့်မည် မဟုတ်ပေ။သူ့မျက်လုံးထဲရှိ ယခုလိုအလင်းရောင်က ရှားပါးလှပေ၏။
အမျိုးသမီးက သေချာကြည့်ကာ အံ့အားသင့်ဟန်အသွင် ဖြစ်ပေါ်လာသည်။ သူမက နူးညံ့စွာ ပြောလိုက်၏။ “ဒီမြက်တွေထဲမှာ အစစ်နဲ့အတု ရောနေတယ်…”
ဝမ့်ဝေ့၏မျက်လုံးများက ပျော်ရွှင်ဟန်ပေါက်သွာ၏။သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။မြက်ပင်များက အမြစ်ကနေ ဆွဲနှုတ်ခံလိုက်ရပြီး သူ့လက်ထဲသို့ ကျရောက်လာ၏။ သူက ခေါင်းညိမ့်ကာ ဆိုသည်။ “မှန်တယ်…ဒီမြက်က အစစ်အမှန်ပဲ ၊ဒါပေမဲ့ မြက်ထဲမှာ ရှိနေတဲ့ ငွေ့ရည်ကတော့ အတု ဖြစ်တယ်…”
သူက ထိုသို့ပြောလိုက်ရင်း မြက်ပင်ကို လက်နှစ်ချောင်းဖြင့် ပွတ်သပ်လိုက်၏။အဖြူရောင်အခိုးငွေ့အမျှင်တန်းတစ်ခုက မြက်ပင်ပတ်လည်၌ပေါ်လာခဲ့သည်။ထိုအဖြူရောင်အခိုးငွေ့က မြက်ပင်ကိုလှည့်ပတ်နေရင်း အထဲမှ ငွေ့ရည်က မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုငွေ့ရည် ထွက်ပေါ်လာသည်နှင့် မြက်ပင်က အစိမ်းရောင်မဟုတ်တော့ဘဲ ဖြည်းဖြည်းချင်း အဝါရောင်သို့ ပြောင်းလဲသွား၏။သိပ်မကြာခင်တွင် ကြယ်လင်သော အပြာရောင်အရည်စက်တစ်ခုက ဝမ့်ဝေ၏လက်ပေါ်၌ ပေါ်လာ၏။
သည်အပြာရောင်ငွေ့ရည်စက် သလင်းလို ကြည်လင်နေ၏။ထိုအရည်စက်ထဲ၌ အတားအဆီးများစွာက တဖျပ်ဖျပ် တောက်ပလို့နေ၏။သည်လိုဖြစ်ရခြင်းသည် မရေမတွက်နိုင်သောအတားအဆီးများကို အရည်စက်အဖြစ် သိပ်သည်းထားခြင်းကြောင့်သာ ဖြစ်သည်။
ဝေ့ဝမ်က အသိအမှတ်ပြုသည့်ဟန် ထပ်မံ ဖြစ်ပေါ်သွား၏။သူက သူ့လက်ဝါးထဲရှိ အရည်စက်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီထဲမှာ အတားအဆီးတစ်ထောင်ကျော် ရှိနေတယ်။ ဒါတွေအားလုံးကို ပြီးပြည့်စုံစွာ ချိတ်ဆက်ထားတာပဲ။ဒါ့ကြောင့်လည်း ဒီလိုအရည်စက်ပုံစံ ဖြစ်တည်နေရတာ။ဒါ့ကြောင့် နှစ်တစ်သောင်းကျော်လောက် ကျင့်ကြံထားတဲ့သူကသာ ဒီလိုမျိုး အတားအဆီးတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ သူ့ဘဝမှာ မရေမတွက်နိုင်တဲ့သေခြင်းရှင်ခြင်း အခြေအနေတွေကို ကြုံတွေ့ဖူး၊ ကိုယ်ပိုင်တာအိုကိုလည်း တွေ့ရှိထားတဲ့ ကျင့်ကြံသူတစ်ယောက်ကသာ ဒီလိုမျိုး အတားအဆီးကို လိမ်စင်လှည့်ဖျားပြီး ပြုလုပ်နိုင်စွမ်း ရှိလိမ့်မယ်…”
“နှစ်သောင်းနဲ့ချီကြာအောင် မရှိဘူးဆိုရင် လူတစ်ယောက်က သူ့ဘဝမှာ ပြောင်းလဲစေနိုင်တြံအတွေ့အကြုံများစွာကို ဘယ်လိုလုပ်တွေ့ကြုံနိုင်ပါ့မလဲ။ လူတစ်ယောက် ဘယ်လိုလုပ်သေခြင်းရှင်ခြင်းတွေကို ဖြတ်ကျော်သိမြင်နိုင်ပါ့မလဲ။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး သိမ့်မွေ့လှတဲ့ အကြံအစည်ကို လုပ်ဆောင်တက်ပါ့မလဲ…”
“ဒီအတားအဆီးတွေကို ပြုလုပ်နိုင်ခြင်းက ပါရမီနဲ့ အများကြီး မသက်ဆိုင်ဘူး။ဒါက သူ့စိတ်ဓာတ်ခွန်အားနဲ့ လူတစ်ယောက်ရဲ့ အစီအစဉ်၊အကြံအစည် ချမှတ်နိုင်စွမ်းတွေနဲ့ပဲ ပို ပတ်သတ်နေတယ်…”
ဝမ့်ဝေ၏ မျက်လုံးထဲ၌ အတိတ်ကို သတိရသည့်ဟန်ပန်များ ဖြစ်ပေါ်သွားသည်။
အမျိုးသမီးမျက်လုံးထဲ၌ ကြင်နာမှုတို့နှင့်သာ ပြည့်လို့နေသည်။သူမက သူ့ယောက်ျားဘေးနားတွင် ရပ်နေရင်း ပြောလာ၏။ “အများကြီးတွေးမနေတော့နဲ့။ အစ်ကိုက ညီမနဲ့ အလောင်းအစားတစ်ခု မလုပ်ချင်ဘူးလား…။ညီမက ဒီ သိမ့်မွေ့လှတဲ့အတားအဆီးတွေကို ချမှတ်ထားနိုင်တဲ့လူက နှစ်ပေါင်းတစ်သောင်း မကျင့်ကြံရသေးဘူးလို့ လောင်းမယ်….”
အမျိုးသားက ပြုံးလိုက်၏။သူ့မျက်လုံးထဲရှိ အောက်မေ့မှုအငွေ့အသက်ကလည်း ပျောက်ကွယ်လို့သွားသည်။သူက အမျိုးသမီးကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ရင်း ပြုံးလာ၏။ “ကောင်းပြီ….အစ်ကိုတို့က လောဘကြီးထွက်ပေါ်လာကို စောင့်နေရင်း ဒီနေရာ အဖြေမှန်ရလဒ်ကို စောင့်ကြည့်ကြတာပေါ့…”
အမျိုးသမီးက ပြုံး၍ဆို၏။ ဒီလေဘာကြီးက ညီမတို့ကိုတွေ့ရင် ဘယ်လိုများနေမလဲ သိချင်မိတယ်။ “သူက ခုခံမှာလား…ဒါမှမဟုတ် တုန်ကင်ကို လက်လွှဲပေးမလား ဆိုတာပေါ့…”
“သူက ခုခံဝံ့မှာ မဟုတ်ပါဘူး…” အမျိုးသားက ပြုံး၍ဆို၏။သူ့လေသံက တည်ငြိမ်နေကာ ဒေါသထွက်နေဟန် မရှိပေ။
လောဘကြီး သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ စဝင်လာကတည်းက တိမ်ကောင်းကင်ဘုံကျင့်ကြံခြင်းစုံတွဲက သူ့ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။တကယ်တော့ သူတို့နှစ်ယောက်က သည်နေရာတွင် နှစ်သောင်းနှင့်ချီ၍ ကုန်ဆုံးခဲ့သူများ ဖြစ်ကြသည် မဟုတ်လား။သူတို့က သည်နေရာရှိ လှိုဏ်ဂူအတုများထဲမှ တစ်ခုကို သေချာလေ့လာခဲ့ပြီး ရတနာများစွာကိုလည်း ရရှိခဲ့ပေသည်။
အတားအဆီးပညာရပ်၌ တော်သည့်အပြင် ဝမ့်ဝေက ရှေ့ကြိုတင်ခန့်မှန်းမှုတွင်လည်း ကောင်းမွန်ပေ၏။သူက ရှေ့ဖြစ်ဟောသူလောက် ထိုနေရာ၌ မတော်သော်လည်း လောဘကြီး၏တည်နေရာနှင့် အခြားအပြောင်းအလဲများကိုတော့ တွက်ချက်ကြည့်နိုင်ပေ၏။
တုန်ကင်ကတော့ သူတို့နှစ်ယောက်က ၎င်း၏တည်နေရာကိုလည်း တွက်ချက်ထားခဲ့ပြီး ဖြစ်၏။သို့ရာတွင် သည်တုန်ကင်က အလွန်အမင်းထူးဆန်းလှသည်။၎င်းကို ရရှိရန် သူတို့နှစ်ယောက်က သေချာသောအချိန်ကြမှ လုပ်ဆောင်မည် ဖြစ်၏။သည့်အတွက်ကြောင့် သူတို့က အစောပိုင်းတွင် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ခုမှ မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်တွင် လာရောက်စောင့်နေကြခြင်း ဖြစ်ပေ၏။
သည်အချိန်၌ ဒီလှိုင်းအသူတစ်ရာချောက်ထဲတွင်တော့ ဝမ်လင်းက ကျောက်ရီကောင်းကင်ဘုံဓားကို စီးနင်း၍ ထွက်ပေါ်သို့ အလင်းတန်းတစ်ခုအလား ပျံသန်းလာနေလျက် ရှိ၏။
ကျောက်ရီက အလွန်မြန်ဆန်လှ၏။ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူတို့က စင်္ကြံလမ်းများကိုဖြတ်၍ မီးနတ်ဆိုးနိုင်ငံအောက်ရှိ အက်ကွဲကြောင်းရှိရာသို့ ရောက်ရှိလာခဲ့သည်။သူတို့က ခုချိန်၌ ဒီလှိုင်းအသူတစ်ရာချောက်ထဲကနေ ပျံသန်းထွက်ခွာရန်သာ လိုအပ်တော့၏။
မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်သည် အပေါ်သို့ ဆန်တက်ရန် မည်သည့်ခုခံမှုမှ မရှိသော တစ်ခုတည်းသော နေရာဖြစ်၏။
သည်နေရာတွင် လူတစ်ယောက်၏ အမြန်နှုန်းကိုပင် ပင့်တင်စေခြင်းအားသာ ရှိကာ ပို၍ပင် မြန်ဆန်စေဦးမည် ဖြစ်သည်။
မီးနတ်ဆိုးနိုင်ငံရှိ အက်ကွဲကြောင်းထဲ၌ ပျံသန်းနေရင်း ဝမ်လင်းမျက်လုံးများက အလွန်တည်ငြိမ်လျက်ရှိ၏။ သူက ပျံသန်းနေသောကောင်းကင်ဘုံဓားတွင် မတ်တပ်ရပ်နေရင်း လိုက်ပါနေ၏။
သည်အခိုက်အတန့်၌ သူ့အောက်ရှိ ကောင်းကင်ဘုံဓားက ရုတ်တရက် အရှိန်လျော့သွားသည်။ဓားက အကြိမ်အနည်းငယ် လှည့်လည်ပြီးနောက် ရပ်တန့်သွားသည်။သည့်နောက် ကျောက်ရီက နတ်ဘုရားအာရုံအသံကို ပို့လွှတ်လိုက်သည်။
“ဝမ်လင်း..တစ်ခုခုတော့မှားနေပြီ။ ငါက ဓားနတ်ဘုရားအာရုံကို အသုံးပြုပြီး ငါတို့ရှေ့ကို စစ်ဆေးကြည့်တော့ ရှေ့မှာ ခရမ်းရောင်မြူလွှာတစ်ခု ရှိနေတာကို တွေ့လိုက်တယ်။အဲ့ထဲမှာ ကျင့်ကြံသူအချိ့ကိုလည်း ပိတ်လှောင်ထားတယ်။ဒါပေမဲ့ ထူးဆန်းတာက ငါ့ဓားနတ်ဘုရားအာရုံက ဒီခရမ်းရောင်မြူကို ဖောက်ထွက်မသွားနိုင်ဘူး ဖြစ်နေတယ်…”
“ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ…” လမ်းတစ်လျှောက်တွင် ဝမ်လင်းက မုယုံကျိုးနှင့် အမျိုးသမီးနှစ်ယောက်ကိုလည်း တွေ့မြင်ခဲ့ရခြင်း မရှိပေ။ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွား၏။သူက သည်သုံးယောက်အကြောင်းကို စဉ်းစားကြည့်နေသည်။
ဝမ်လင်းနှင့်ကျောက်ရီ ရပ်တန့်လိုက်သည့်အခိုက်မှာပင် ခရမ်းရောင်မြူလွှာ၏ အခြားဘက်ခြမ်းကနေ ခြင်များ၏ တဝီဝီအော်မြည်သံများ ပျံ့နှံ့လာခဲ့သည်။သူတို့၏ နီရဲရဲမျက်လုံးများက ခရမ်းရောင်မြူလွှာကို ကြမ်းကြုတ်စူးရဲစွာ ကြည့်နေကြသည်။
ထိုခြင်သားရဲများက နဂိုထဲက ကြမ်းကြုတ်သည့်ပုံစံပေါက်နေပြီး ဖြစ်ကာ ခုသူတို့၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို ထည့်ပေါင်းလိုက်သည့်အတွက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားတော့သည်။
၎င်းတို့က တောင်ပံများကို တဖျပ်ဖျပ်ခတ်နေရင်း တဝီဝီအသံများကို သည်ဧရိယာကိုဖြတ်၍ ပဲ့တင်ထပ်နေစေသည်။သို့ရာတွင် ထွက်ပေါ်သို့ ဦးတည်ထားသည့် ထူးဆန်းသောဖိအားကြောင့် ထိုအသံက အဝေးကြီးသို့ မရောက်ရှိပေ။
သည်ခြင်သားရဲများက ကြီးမားလှ၏။သို့သော် သူတို့၏ ဝမ်းဗိုက်ကတော့ ပြားချပ်နေသည်။သိသာသည်မှာ သူတို့က အချိန်အတန်ကြာကတည်းက ဗိုက်ဆာနေခြင်းပင် ဖြစ်၏။သည့်အပြင် သူတို့၏ ခြင်နှုတ်သီးရှည်များက အေးစက်စက်အလင်းရောင်ကို ပေးစွမ်းနေကာ ထက်ရှသောဓားမျာအလား ဖြစ်နေ၏။
၎င်းတို့အားလုံးက အနက်ရောင်ရှိနေသည်မဟုတ်ဘဲ အချို့က မီးခိုးရောင် ရှိကြ၏။၎င်းတို့ကိုယ်ပေါ်ရှိ အမွှေးများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် လုပ်နေသကဲ့သို့ ထင်မှတ်ရ၏။
သူတို့က ခရမ်းရောင်မြူလွှာကို ဝန်းရံထားကြ၏။သို့သော် အထဲသို့ ဝင်ရောက်ခြင်း မရှိပေ။သူတို့က ခရမ်းရောင်ကို ဝန်းရံလှည့်ပတ်လို့သာနေ၏။
နံရံပေါ်၌ အဝတ်စုတ်အချို့နှင့် သွေးများစွန်းထင်းလို့နေ၏။သည့်အပြင် လုံးဝမှန်ဖျော့နေပြီ ဖြစ်သော ဓားကြီးတစ်လက်လည်း ရှိနေသည်။
ခြင်သားရဲများက သိပ်သည်းသော တဝီဝီအော်သံများအထဲ၌ အချင်းချင်း နှုတ်သီးခြင်းတိုက်မိကာ မီးများပင်ပွင့်လို့သွားသည်။ထိုအဖြစ်က သည်ခြင်များကို ပို၍ စူညံစေကာ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ပစ်တော့မတက် ဖြစ်စေသည်။
သည်လိုဖြစ်သည့်အခြေအနေရောက်တိုင်း ခြင်အုပ်စုများ၏ အတွင်းပိုင်းမှ ကျယ်လောင်သောခြင်အော်သံတစ်ခုက ပေါ်ထွက်လာလေ့ရှိ၏။သည်အသံထွက်ပေါ်လာသည်နှင့် တစ်ကောင်နှင့်တစ်ကောင်သတ်ဖြတ်လိုသော ခြင်များက ၎င်းတို့၏ သတ်ဖြတ်ချင်စိတ်ကို ချက်ခြင်း ချိုးနှိမ့်လိုက်ကြလေသည်။
သို့ရာတွင် သည်လိုအခြေအနေက ကြာမြင့်လာသည့်အခါ ခြင်သားရဲများ အရိုင်းသဘာဝက ချုပ်ထိန်းရန်ပိုပိုခက်ခဲလာခဲ့သည်။ သည်အခိုက်အတန့်မှာပင် ခြင်သားရဲနှစ်ကောင်က နှုတ်သီးခြင်း ထိမိသွားသည်။ထိုအခါ ၎င်းတို့က ချက်ခြင်းပင် ဒေါမာန်တကြီးဖြစ်သွားကာ တစ်ကောင်နှင့်တစ်ကောင် စတင်သတ်ဖြတ်ကြတော့သည်။
ခြင်သားရဲအုပ်ထဲမှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာ၏။တိုက်ခိုက်နေကြသော ခြင်သားရဲနှစ်ကောင်က ခဏတာ တုန့်ဆိုင်းသွားသည်။သို့သော် ၎င်းတို့၏ အရိုင်းသဘာဝက ပြန်လွှမ်းမိုးသွား၏။၎င်းတို့က တစ်ဖန်ပြန်၍ တိုက်ခိုက်ကြပြန်၏။
စူးရှရှအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။သည်တစ်ကြိမ်တွင်တော့ ခြင်သားရဲအုပ်က လမ်းကြောင်းတစ်ခု ရှင်းပေးလိုက်ကြသည်။ထိုအခါ ပေတစ်ရာလောက်ရှည်လျားကာ ခရမ်းရောင်အငွေ့အသက်အချို့ ရှိနေသည့် ခြင်သားရဲကြီး တစ်ကောင်က ဖြည်းဖြည်းချင်း ပျံသန်းလာ၏။
ထိုခြင်သားရဲ ကိုယ်ပေါ်၌ ခရမ်းရောင်ရှိနေသော်လည်း အလွန်ဖျော့တော့ပေ၏။
ထိုခြင်သားရဲ၏ ဦးခေါင်းထက်၌ အပ်ခုနစ်ချောင်းကို ထိုးစိုက်ထားလျက် ရှိနေသည်။ထိုအပ်များက အလင်းများကို ထုတ်လွှတ်နေကာ ခြင်သားရဲ၏မျက်လုံးထဲ၌ နာကျင်နေဟန်တို့ ဖြစ်ပေါ်နေသည်။၎င်း၏ ထွက်ပေါ်လာမှုကြောင့် တိုက်ခိုက်နေသော ခြင်သားရဲနှစ်ကောင်က ရပ်တန့်သွား၏။၎င်းတို့မျက်လုံးများထဲ၌ ကြမ်းကြုတ်ရက်စက်ခြင်းတို့ကတော့ ရှိလို့နေဆဲသာ။
ခရမ်းရောင်အချို့အဝက် ကိုယ်ပေါ်တွင် ရှိနေသော ခြင်သားရဲက စူးရှရှအသံပြုလိုက်၏။သည်အော်သံထဲ၌ မန္တာန်အမျိုးအစားအချို့ ပါဝင်လို့နေသည်။၎င်းအသံက ခြင်သားရဲများအားလုံးကို တုန်ယင်သွားစေသည်။သည်အခွင့်အရေးကိုသုံး၍ ခရမ်းရောင်ခြင်သားရဲက ၎င်း၏တောင်ပံကို ရိုက်ခတ်ကာ အလင်းတန်းအလား ပျံသန်းလာ၏။သည့်နောက် စောနက တိုက်ခိုက်နေကြသော ခြင်သားရဲနှစ်ကောင်နားသို့ ရောက်ရှိသွားကာ ၎င်း၏ကြီးမာသောနှုတ်သီးဖြင့် ထိုနှစ်ကောင်လုံးကို ထိုးစိုက်ချလိုက်သည်။ချက်ခြင်းပင် ထိုခြင်သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်များက ခြောက်သွေ့သွားကာ လေထဲကနေ ပြုတ်ကျသွားတော့သည်။
ခရမ်းရောင်ခြင်သားရဲက လှည့်၍ သူ့ပတ်လည်ရှိ ခြင်သားရဲများကို အေးစက်စွာ ကြည့်လိုက်သည်။ကျန်သည့်ခြင်သားရဲအားလုံးက ခပ်တိုတိုး နာခံသံ ထုတ်ဖော်ကာ တစ်ကောင်နှင့်တစ်ကောင် ဆက်၍ တိုက်ခိုက်ဝံ့ကြခြင်း မရှိတော့ပေ။သည့်နောက် ခြင်သားရဲက ခြင်အုပ်စု၏ အလယ်သို့ ဖြည်းဖြည်းချင်း ပြန်လည် ပျံသန်းသွားသည်။ထိုခြင်သားရဲ၏ ခန္ဓာကိုယ်ထံမှ အိုမင်းခြင်းအငွေ့အသက်ကို ပေးစွမ်းလို့နေသည်။
***