ဝမ်လင်းမျက်လုံးများက ရှုဖေး၏ ထောက်လှမ်းမိနိုင်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်သော နတ်ဘုရားအာရုံကို ဖျက်စီးလိုက်ပြီးနောက် အလွန်အမင်း အေးစက်လာခဲ့သည်။
“အလောင်းကောင်ကလန်ရဲ့ မန္တာန်တွေက တော်တော်လေး အံ့အားသင့် ကြောက်မက်ဖွယ် ကောင်းတာပဲ။ဒီမန္တာန်တွေထဲမှ နတ်ဘုရားအာရုံကို ဖုံးကွယ်ထားဖို့က တော်တော်လေး ခက်ခဲလှတယ်။ကြည့်ရတာ ငါက အနာဂတ်မှာ ပိုဂရုစိုက်ရတော့မယ်။ဒီအမျိုးသမီး ရှုဖေးက သူ့နတ်ဘုရားအာရုံကို စေလွှတ်နိုင်စွမ်း ရှိတယ်ဆိုတော့ ဒါက သူ့ခန္ဓာကိုယ်ဟာ အစစ်အမှန်ဖြစ်တယ်လို့ ဆိုလိုနေတာပဲ။ဒီတော့ ကျောက်ရီရွှမ်က အလောင်းကောင်ရုပ်သေးရုပ်ပေါ့…”
ဝမ်လင်းက စတင်စဉ်းစားကာ နေသည်။သူက ရှုဖေး၏ နောက်ခံကို သိနိုင်စွမ်း ရှိခဲ့ခြင်းသည် အတိတ်တုန်းက ကျောက်ရီ သူ့အတွက် ကျွန်အဖြစ် အတင်းစေခိုင်းပေးခဲ့သည့် စွန်ထိုင်ကြောင့် ဖြစ်ပေသည်။
စွန်ထိုင်တွင် ကလေးအရွယ် အလောင်းကောင်ရုပ်သေးတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။သို့သော် ထိုရုပ်သေးက အလွန်ဉာဏ်ရည်မြင့်ကာ မြင့်မားသောကျင့်ကြံခြင်းအဆင့် ရှိနေ၏။သူတို့နှစ်ယောက်ကကြားက ဆက်နွယ်နေမှုကလည်း တစ်မျိုးထူးလှ၏။အလောင်းကောင် ရုပ်သေးထက် သူတို့နှစ်ယောက်က တစ်ယောက်ချင်းစီ ဖြစ်တည်နေသည့်ပုံစံနှင့် ပိုတူနေခဲ့ပေသည်။
စွန်ထိုင်အလောင်းကောင် ရုပ်သေးအကြောင်းတွေးမိသည့်အခါ ဝမ်လင်းသည် စစ်ထူနန်အကြောင်းကိုပါ မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။စစ်ထူနန်က ထိုကလေး၏အသွေးအသားကို ယူဆောင်သိမ်းပိုက်ခဲ့သည့် မဟုတ်လား။
“ခုဆိုရင် စစ်ထူက ဘယ်နေရာ ရောက်နေလဲ ငါ မသိတော့ဘူး။ဒါပေမဲ့ သူက ကျင့်ကြံခြင်းတစ်ခုခုရဲ့ သေမျိုးတွေကြားမှ ဘုရာတစ်ပါးလို ပြုမူနေထိုင်နေမှာတော့ အသေအချာပဲ…” ဝမ်လင်းကမျက်လုံးထဲ၌ လွမ်းဆွတ်အောက်မေ့မှု အရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။သည်အခိုက်အတန့်၌ သူက သေမျိုးတစ်ယောက်ကဲ့သို့ သူ့မိတ်ဆွေအကြောင်းကို ပြန်တွေးမိနေတော့သည်။
“စွန်ထိုင်လည်း ရှိသေးတယ်။သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်က အလောင်းကောင်ကလန်ရဲ့ ခေါင်းအောင်အကြီးအကဲ တစ်ယောက်ပဲ။သူက ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးစွမ်းအားကြောင့် အာကာသဟင်းလင်းပြင်ထဲကို လွင့်ထွက်သွားခဲ့ရတယ်။ ခုလက်ရှိမှာ သူလည်း ဘယ်ရောက်နေလဲ မသိရဘူး…”
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့အတွေးများကို ပြန်စုစည်းလိုက်၏။သူ့မျက်လုံးများက သူ့ပတ်လည်ရှိ အကိုင်းအခတ်အက်ကွဲကြောင်းများကို ကြည့်လိုက်သည့်အခါ လက်ခနဲ ဖြစ်လို့သွားသည်။သူက ကျောက်ရီ၏ အော်ရာကို မည်သည့်နေရာကနေမှ မခံစားမိပေ။ထို့ကြောင့် သူက အက်ကွဲကြောင်းဂူတစ်ခုပြီးတစ်ခုကို ကိုယ်တိုင်လိုက်ရှာကြည့်ရတော့သည်။
“စီနီဘာကျောက်ရီကို လင်းထျန်ဟူက ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့တယ်။ဒါ့ကြောင့် ဒီချိပ်ပိတ်ထားတဲ့ အက်ကွဲကြောင်းမှာ လင်းထျန်ဟူရဲ့ အော်ရာတော့ ရှိနေမှာပဲ…”
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူ့ပတ်လည်ရှိ အက်ကွဲကြောင်းများကို စစ်ဆေးကြည့်နေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
ခဏကြာပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်လို့သွားသည်။
သူက ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းများအားလုံးကို စစ်ဆေးကြည့်ပြီးသွားပြီး ဖြစ်၏။သို့သော် ကျောက်ရီ၏ အရိပ်အယောင်ကို ရှာမတွေ့သေးချေ။
ဝမ်လင်းအသွင်က သုန်မှုန်သွားကာ သူက သိုလှောင်အိတ်ထဲမှ ပေလောသူ့ကို ပေးခဲ့သော သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ဝမ်လင်းနတ်ဘုရားအာရုံက ထိုသလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်။သည့်နောက် သူက မျက်မှောင်တင်းတင်းကြုတ်သွားပြီးနောက် သူ့နတ်ဘုရားအာရုံကို သလင်းကျောက်ထဲမှ ပြန်ထုတ်ယူလိုက်လေသည်။
“ပေလောသာ မလိမ်ခဲ့ဘူးဆိုရင် ဒီနေရာက သူက ကျောက်ရီကို ရှာတွေ့ခဲ့တဲ့ နေရာပဲ…”
ဝမ်လင်းက စတင် စဉ်းစားကြည့်နေပြန်သည်။
“ပေလောက ဒီကိစ္စနဲ့ ပတ်သတ်လို့ လိမ်ပြောစရာ အကြောင်းတော့ မရှိဘူး။ သူကသာ ငါ့ကို ဆန့်ကျင်ချင်ရင် ဒီလိုလိမ်ပြောတဲ့ နည်းလမ်း အသုံးပြုစရာကို မလိုတာ။ သူက ငါ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ရုံပဲ။ ခုချိန်မှာ ပေလောအတွက် အရေးကြီးဆုံးက တစ်ခြားရှေးဟောင်းနတ်ဆိုးတွေကို ဝါးမြိုပစ်ဖို့ပဲ…”
ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူ့နတ်ဘုရားအာရုံကို သည်ဧရိယာသို့ ဖြန့်ကျက်လွှမ်းခြုံလိုက်ပြန်သည်။သည့်နောက် သူက ခေါင်းယမ်းလိုက်၏။
“ပေလောကသာ ငါ့ကို ကျောက်ရီက ဒီဒီလှိုင်းအသူတစ်ရာချောက်ရဲ့ အောက်ခြေမှာ ရှိတယ်လို့ ပြောခဲ့တယ်ဆိုရင်တော့ ဒါက သူငါ့ကို အငှားဓားနဲ့ သတ်ချင်တာ ဖြစ်ကောင်း ဖြစ်နိုင်သေးတယ်။ဒါပေမဲ့လည်း ခုဒီနေရာကတော့ တော်တော်လေး ပုံမှန်အတိုင်းပဲ ရှိနေတာပဲ…”
ဝမ်လင်းက စဉ်းစားကြည့်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လား၏။သည်တစ်ကြိမ်၌ သူက အက်ကွဲကြောင်းတစ်ခုချင်းစီကို သေချာ ထပ်ရှာကြည့်လိုက်ပြန်သည်။သို့သော် ရလဒ်ကတော့ တူတူပင်။
ဝမ်လင်းက တွေးနေမိပြန်သည်။အသက်ရှူစာအချိန်များစွာ ကြာမြင့်ပြီးနောက် သူက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်တော့သည်။ တစ်ချက်လှုပ်ယမ်းလိုက်ရာ စိတ်ဝိညာဉ်အပိုင်းအစ တစ်ထောင်က ထွက်ပေါ်လာ၏။ဝမ်လင်းက ယင်းစိတ်ဝိညာဉ်အပိုင်းအစများကို ထိန်းချုပ်ကာ အက်ကွဲကြောင်းတစ်ခုချင်းစီထဲသို့ ဝင်ရောက်စေလိုက်သည်။
ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံကို ထိုစိတ်ဝိညာဉ်အပိုင်းအစတစ်ချင်းစီအထဲသို့ ထည့်သွင်းလိုက်သည်။ထို့ကြောင့် သူက အက်ကွဲကြောင်းများထဲသို့ ကိုယ်တိုင် ရောက်ရှိသွားသလို ဖြစ်စေပြီး သေချာထပ်မံရှာကြည့်ပြန်သည်။
မိနစ်သုံးဆယ်ခန့် ကြာမြင့်ပြီးနောက် စိတ်ဝိညာဉ်အပိုင်းအစအားလုံးသည် ပြန်ရောက်လာကြသည်။ ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။သူ့အသွင်က အလွန်ရုပ်စိုးလို့သွားသည်။
“ငါက ဒီနားပတ်လည်မှာ ရှိတဲ့ အက်ကွဲကြောင်းအားလုံးကို စစ်ဆေးကြည်ပြီးသွားပြီ။ဒါပေမဲ့လည်း ငါက စီနီယာကျောက်ရီရဲ့ တည်ရှိမှုကို ရှာမတွေ့သေးဘူး။ ရှေးဟောင်းနတ်ဆိုးပေလောကများ ငါ့ကို လှည့်စားခဲ့တာ ဖြစ်နေမလား…”
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်သည်။သူ့မျက်လုံးက အေးစက်လာ၏။သို့ရာတွင် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားပြန်သည်။
“မှားနေပြီ…ငါသာ လင်းထျန်ဟူ ဆိုရင် ငါက တစ်စုံတစ်ယောက်ကို ဒီလိုသိသာတဲ့နေရာမှ ချိပ်ပိတ်ထားမှာ မဟုတ်ဘူး။ငါသာ လင်းထျန်ဟူဆိုရင်…”
ဝမ်လင်းက စဉ်းစားကြည့်လိုက်ပြန်သည်။သူ့တွင် ကျန်ရှိနေသေးသော လင်းထျန်ဟူ၏ ဓားစွမ်းအင်အလင်းတန်းက သူ့ခန္ဓာကိုယ် တစ်လျှောက် ရွှေ့လျားလာသည်။သည်အဖြစ်က သူ့ကို လင်းထျန်ဟူ၏ နယ်ပယ်အမျှင်တန်းကို ငှားရမ်းပေးသလို ဖြစ်စေ၏။
ဝမ်လင်းမျက်လုံးထဲရှိ စဉ်းစားနေသည့်အသွင်က တစ်ဖြည်းဖြည်းချင်း ပျောက်လာပြီး ကြီးစိုးလွှမ်းမိုးနိုင်သော အကြည့်က အစားထိုး ဝင်လာခဲ့၏။
လင်းထျန်ဟူ၏ နယ်ပယ်သည် စိုးမိုးခြင်းနယ်ပယ် ဖြစ်သည်။သူက သူ့ကိုယ်ပိုင်စိုးမိုးနိုင်မှု သဘာဝဖြင့် ကောင်းကင်ဘုံကိုဆန့်ကျင်ကာ သူ့ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ပြုလုပ်ခဲ့သူပင်။ဓားစွမ်းအင်က ဝမ်လင်းခန္ဓာကိုယ်ထဲသထို်းခန်ခုကို ပြုလုပ်ခဲ့သူပင်။ဝ်ခိုဆန့်ကျင်ကာ သူ့ကိုို့ ဖြတ်သန်းလှုပ်ရှားနေရင်း သူ့ကြီးစိုးခြယ်လှယ်နိုင်သော အကြည့်က ပိုအားကောင်းလာခဲ့တော့သည်။
“ငါက ငါ့နောက်ကို လိုက်လံနေတဲ့ ဓားစိတ်ဝိညာဉ်တစ်ခုကို ချိပ်ပိတ်ချင်ရင်…ငါက သူ့ကို ရိုးရိုးရှင်းရှင်းတော့ ချိပ်ပိတ်ပစ်မှာ မဟုတ်ဘူး။ ငါ သူ့ကို ငါ့ရဲ့ ကြီးစိုးမှုအောက်မှာ အလျော့ပေးအောင် လုပ်ပစ်မှာပဲ။သူကသာ အလျော့မပေးသေးရင် ငါက နှစ်ပေါင်းတစ်ထောင် ချိပ်ပိတ်မယ်။ ဒါမှ အလျော့မပေးသေးဘူးဆိုရင်လည်း ငါက နှစ်ပေါင်းတစ်သောင်း ချိပ်ပိတ်ပစ်မယ်။သူက ထပ်ပြီ အရှုံးမပေး၊အလျော့မပေးဘူးဆိုရင် ငါက သူ့စိတ်ဝိညာဉ်ကို ဖျက်စီးပြီး ရတနာတစ်ခုအဖြစ် မွန်းမံတဲ့နည်းနဲ့ သူ့ကို အလျော့ပေးစေမယ်…”
“ငါဆိုရင်လည်း ဒီလို သိသာတဲ့ အက်ကွဲကြေင်းနေရာတွေကို ချိပ်ပိတ်ပစ်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ငါက သာ ဒီနေရာကို ရွေးချယ်မယ်ဆိုရင်လည်း အကြောင်းတစ်ခုခု ရှိရမယ်…”
သည်ကြီးစိုးဖိနှိပ်နိုင်စွမ်း ရှိသောအကြည့်က အားကောင်းလွန်းလှ၏။သူက သည်ကမ္ဘာကို အထက်စီးမှ ကြည့်နေသည့်အလားပင်။သူ့အကြည့်က အက်ကွဲကြောင်းတစ်ခုချင်းစီကို သိမ်းကြုံး၍ ကြည့်ရှူသွား၏။
ဝမ်လင်းမျက်လုံးထဲရှိ ထိုကြီးစိုးဖိနှိပ်နိုင်စွမ်း ရှိသောအကြည့်က တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။သူ့နှဖူးထက်တွင်လည်း ချွေးများပြန်နေခဲ့ပေပြီ။ကြီးစိုးနိုင်မှုအကြည့်က ဝမ်လင်းမျက်လုံးထဲမှ လုံးဝပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် သူ့မျက်နှာက ဖြူရောနေခဲ့ပြီ ဖြစ်သည်။
“လင်းထျန်ဟူရဲ့ ဓားစွမ်းအင်ထဲမှာ ရှိတဲ့ နယ်ပယ်က တော်တော်လေး စိုးမိုးနိုင်စွမ်း ရှိတယ်။ ငါက သူ့နယ်ပယ်အမျှင်တန်းလေးတစ်ခုကို ငှားယမ်းလိုက်ရုံနဲ့ ငါ့ကို ဒဏ်ရာရလုနီးပါး ဖြစ်သွားစေတယ်…”
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်လိုက်သည်။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားသွားတို့သည် ပျံသန်းထွက်လာလေသည်။
ဝမ်လင်းက ညာလက်ဖြင့် ကောင်းကင်ဘုံဓားကို ဖမ်းဆုပ်လိုက်၏။သည့်နောက် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ရုတ်တရက် ကောင်းကင်ဘုံဓားထံမှ ဓားစွမ်းအင်များကို ထုတ်လွှတ်လာ၏။ဓားစွမ်းအင်ဝဲကတော့ တစ်ခုက ဝမ်လင်းကို ဗဟိုပြုကာ ဖြစ်ပေါ်လာသည်။
“ပျက်စီးစမ်း…” ထိုသို့အော်ဟစ်လိုက်ပြီး ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်၏။ ချက်ခြင်းပင် ဓားစွမ်းအင်ဝဲကတော့ ကွဲကြေသွားကာ ဓားစွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ ထိုးထွက်သွားလေ၏။အငူစွန်းဘေးနာ အဟများအနား၌ မရေမတွက်နိုင်သော အက်ကွဲရာများ ပေါ်လာသည်။
“ခရက်…” ပိုမိုများပြားသော အက်ကွဲကြောင်းများက အငူစွန်းပေါ်၌ ပေါ်လာခဲ့တော့၏။ အငူစွန်း၏ ဘေးဖက်များကနေ မြေကြီးစများ ပဲ့ကျလာ၏။
ဒီလှိုင်းအသူတစ်ရာချောက်၏ ဘေးတစ်ဖက် နံရံသည် ဝမ်လင်းဓားစွမ်းအင်ကြောင့် တစ်လက်မခန့် ဆုံးရှုံးသွားရသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဓားစွမ်းအင်ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။ ဓားစွမ်းအင်က ဆက်တိုက်ထွက်ပေါ်လာကာ ဝမ်လင်းသည် အငူစွန်းကို ဆက်တိုက် ပိုင်းဖြတ်နေ၏။ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာကာ ယင်းအပေါက်ငယ်မှ တစ်ဆင့် အလွန်ဖျော့တော့သောအော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။သည်အော်ရာ ကျောက်ရီ၏ အော်ရာမဟုတ်ပေ။သို့သော် ယင်းအော်ရာက အဆုံးစွန်ကြီးစိုးနိုင်စွမ်း ပါဝင်နေ၏။
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အဟကြားထဲသို့ ညွှန်လိုက်သည်။ ကောင်းကင်ဘုံဓားက ထိုအဟထံသို့ လခြမ်းကွေးဓားသွားနှင့်အတူ ပျံသန်းသွားသည်။ထိုအငူထံမှ ကျောက်စကျောက်နများစွာ ပဲ့ကျလာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း အငူစွန်းထဲ ပေသုံးဆယ်ခန့်တွင် ကွယ်ဝှက်နေသော အက်ကွဲကြောင်းတစ်ခုက ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာတော့သည်။
သည်အဟက ကြီးမားလှခြင်းမရှိဘဲ ငါးပေခန့်သာ ရှည်လျားပြီး ပိန်းပိန်းမှောင်လို့နေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံက ယင်းအထဲသို့ ဝင်ရန်တာဆူလိုက်သည့်အခိုက်တွင် ကြီးစိုးခြင်းနတ်ဘုရားအာရုံတစ်ခု၏ ကန်ထုတ်ခြင်းကို ခံလိုက်ရလေသည်။
ထို့အတွက် ဝမ်လင်းက နောက်သို့ လွင့်ထွက်သွားရကာ အခြားတစ်ဖက်ရှိ လျှိုနံရံဖြင့် ရိုက်ခတ်သွားသည်။ကျယ်လောင်သော မြည်သံကြီးတစ်ခုထွက်ပေါ်လာ၏။အငူစွန်းထံမှလည်း ကျောက်စများစွာ ပဲ့ကျလာကာ ဝမ်လင်းခန္ဓာကိုယ်သည် ထိုလျှိုနံရံ၌ ခပ်နှိပ်ပြီး ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်မှ သွေးများ ဆူပွက်လာကာ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာတော့သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့မျက်လုံးများက အေးစက်လာခဲ့သည်။သည့်နောက် သူက လှုပ်ရှားလိုက်ပြီး လျှိုနံရံထဲကနေ ပျံသန်းထွက်လိုက်သည်။သည်လှုပ်ရှားမှုက သူ့မျက်နှာကို ပို၍ ဖြူရောသွားစေသည်။နတ်ဘုရားအာရုံခြင်း ထိတိုက်မိလုံရုံဖြင့် သူ့မူလစိတ်ဝိညာဉ်ပင် ပြိုကျလုမတက် ဖြစ်သွားရသည်။
သူသာ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါက သည်ရိုးရှင်းသော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုတည်းနှင့်ပင် သူ့မူလစိတ်ဝိညာဉ်က ကွဲကြေပျက်စီးသွားနေလောက်ပေပြီ။
“ဘယ်လောက်တောင် စွမ်းအားကောင်းလိုက်လဲ…” ဝမ်လင်းက အငူစွန်းနောက်မှ အဟ ကို စူးစိုက်ကြည့်နေမိသည်။သူက အထဲသို့ မည်သို့ဝင်ရမည်ကို မသိသော်လည်း ကျောက်ရီသည် ထိုအဟကြားထဲ၌ ရှိနေမည်ကို ယုံကြည်နေပေ၏။
ထိုသို့ ယုံကြည်ရခြင်းသည် သူ့နတ်ဘုရားအာရုံနှင် ထိတိုက်မိခဲ့သော နတ်ဘုရားအာရုံသည် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံဖြစ်နေသောကြောင့် ဖြစ်၏။
“သူထားခဲ့တဲ့ နတ်ဘုရားအာရုံအမျှင်တန်းလေးတစ်ခုကတောင် အာဏာတက်ခြင်းအဆင့်အောက် ကျင့်ကြံသူတွေကို သတ်ပစ်ဖို့ လုံလောက်နေပြီ…။လင်းထျန်ဟူရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာများ ရှိနေတာလဲ…”
“အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်က ကျင့်ခြင်းခြင်းပထမနယ်ပယ်ရဲ့ အဆုံးသပ် ဖြစ်တယ်။ယင်နဲ့ယန်အဆင့်ရဲ့ ကံကြမ္မာစမ်းသပ်ချက်ကို ကျော်ဖြစ်ပြီးမှသာ ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းဒုတိယနယ်ပယ်ဖြစ်တဲ့ နိဗ္ဗာနနယ်ပယ်သုံးခုကို ဝင်ရောက်နိုင်လိမ့်မယ်…”
နိဗ္ဗာန နယ်ပယ်သုံးဆင့်မှာ နိဗ္ဗာနကြိုမြင်ခြင်း၊နိဗ္ဗာနသန့်စင်ခြင်းနှင့်နိဗ္ဗာန ဖြိုခွဲခြင်းတို့ပဲ။ဒီနယ်ပယ်အဆင့်တစ်ခုစီကို အစောပိုင်း၊အလယ်၊နောက်ဆုံး၊အထွတ်အထိပ် လို့လေးပိုင်း ခွဲထားသေးတယ်။တစ်ခါတုန်းက ရှေ့ဖြစ်ဟောသူဟာ သူက ဒုတိယအဆင့်နယ်ပယ်ရဲ့ အဆုံးသပ် ရောက်နေပြီလို့ ပြောခဲ့ဖူးတယ်။ဒါ့ကြောင့် ရှေ့ဖြစ်ဟောသူဟာ နိဗ္ဗာနဖြိုခွဲခြင်းရဲ့အစောပိုင်းအဆင့်မှာ ရှိနေမယ်လို့ ငါ ထင်တယ်။ ဒါဆိုရင် လင်းထျန်ဟူနဲ့ရှေ့ဖြစ်ဟောသူတို့က နှစ်သောင်းနဲ့ချီတည်းက ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြတာ။ဒါ့ကြောင့် သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သိပ်ကွာလှမှာ မဟုတ်ဘူး။အနည်းဆုံးတော့ လင်းထျန်ဟူက နိဗ္ဗာနသန့်စင်ခြင်းအထိတ်အထိပ်အဆင့်မှာ ရှိနေလောက်တယ်…
ဝမ်လင်းမျက်လုံးထဲ၌ စူးစိုက်နေမှုတို့ ဖြစ်ပေါ်နေ၏။ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့နှင့် ယှဉ်လျှင် သူ့ကျင့်ကြံမှုအဆင့်က ပါမွှားသာသာ ဖြစ်၏။သူက ခုထိ ကျင့်ကြံခြင်းနယ်ပယ်ပထမအဆင့်၏ အထွတ်အထိပ်အဆင့်သို့ပင် မရောက်သေးပေ။သို့သော် ဝမ်လင်းသည် စူးစူးနစ်နစ်ဇွဲနဘဲ ကြီးသည့်သူ တစ်ယောက်သာ ဖြစ်ပေ၏။သူက ကျင့်ကြံခြင်းလောကသို့ စခြေချတုန်းက သာမန်ကောင်လေးတစ်ယောက် အဖြစ်သာ စတင်ခဲ့သူ မဟုတ်လော။သူက သူ့ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်လုံး သူ့ကိုယ်သူသာ အားကိုးခဲ့ရပေသည်။သည်လိုမျိုး မဆုပ်မနစ်ကြိုးစားရင်း ခုချိန်တွင် သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်လို့နေခဲ့လေပြီ။
အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းဒုတိယအဆင့်နယ်ပယ်ရှိ လူများ၏ မျက်လုံးထဲတွင်တော့ ပုရွတ်ဆိတ်သာသာပင် ဖြစ်သော်လည်း ပထမဆင့်နယ်ပယ်ရှိ ကျင့်ကြံသူများကြားတွင်တော့ စွမ်းအားကောင်းသူ တစ်ယောက်အဖြစ် လက်ခံရမည်သာ ဖြစ်သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်ပြီး သူ့နှဖူးထံသို့ လက်ညွှန်သည်။သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်လည်၌ အသက်ဓာတ်ချိပ်တံဆိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။တိတိကျကျဆိုရလျှင် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတစ်ခုက ပျောက်ရှနေပေသည်။ဝမ်လင်းက ထိုစွမ်းအင်အမျှင်တန်းကို သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် သူက သူ့မူလစိတ်ဝိညာဉ်သာ မပျက်စီးသွားသ၍ သည်အသက်ဓာတ်ချိပ်တံဆိပ်များ လုံးဝဖျက်စီးခြင်း ခံရတော့မည် မဟုတ်ပေ။
သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဆိုးမိစ္ဆာချပ်ဝတ်က ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား အနက်ရောင်အခိုးငွေ့အမျှင်တန်းများဖြင့် ဝန်းရံလှည့်ပတ်ပေးလာသည်။၎င်းက ဖြည်းဖြည်းချင်းဖြင့် ချပ်ဝတ်တစ်ခုအသွင်ပြောင်းကာ သူ့ခန္ဓာကိုယ်အား နတ်ဆိုးမိစ္ဆာအော်ရာတစ်ခုက လွှမ်းခြုံပေးလာပေသည်။
အင်းဆက်များဝန်းရံထားသော ရွှေရောင်သင်္ကေတဆယ်ခုကျော်သည်လည်း ဝမ်လင်းကို နောက်ထပ် အကာအကွယ်အလွှာတစ်ခုအဖြစ် ဝန်းရံထောက်ပံပေးထားပေသည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ်စဉ်းစားသည်။ထို့နောက် စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူသည်။သူက ထိုအလံကို ဝှေ့ယမ်းကာ သူ့အားလွှမ်းခြုံသွားစေလိုက်ပြန်သည်။ ထိုအလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာကျော်က အော်မြည်လို့နေချေသည်။
ဝမ်လင်းက ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်ကာ ရှေ့သို့ ခြေလှမ်းပြီး အဟ ကြားသို့ ဦးတည် တိုးဝင်သွားလေသည်။
***