Switch Mode

အပိုင်း(၆၇၈)

သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်း

ချပ်…ချပ်…ဝမ်လင်းက ပျံသန်းသွာခြင်း မပြုပေ။သူက မီးနတ်ဆိုးနိုင်ငံ မြို့တော်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားနေ၏။သူ့ပုံရိပ်က ဝတ်စုံဖြူနှင့် လေလွင်စိတ်ဝိညာဉ်တစ်ကောင်အလား ထင်မှတ်နေရာ၏။သည်အဖြစ်က သည်မီးခိုးရောင်မြူကြား၌ အဆုံးစွန် ထူးဆန်းမှုကို ဖြစ်နေစေသည်။

သူ့ဆံပင်များက မြူထဲ၌ ဖြတ်လျှောက်လာရင်း လေထဲသို့ လွင့်မြောနေသည်။ချပ်ချပ် အသံများက သူ့ခြေလှမ်းလိုက်တိုင်း ဆက်တိုက် ထွက်ပေါ်နေသည်။

မြူအတွင်းရှိ မြို့က ဘာဆိုဘာမှ ရှိမနေတော့ပေ။လွန်ခဲ့သောနှစ်တစ်ရာ လူဦးရေထူထပ်စည်ကားခဲ့သော မြို့တစ်မြို့အဖြစ် စိတ်ကူးကြည့်ရန်ပင် ခက်နေပေ၏။

သို့ရာတွင် ခုချိန်၌ သည်မြို့က လုံးဝ သေဆုံးနေသကဲ့သို့။

ရှေးဟောင်းနတ်ဆိုးကိုးပါး၏ အမြင်၌ သူတို့နိုင်ငံများရှိ လူများသည် သူတို့ဉာဏ်အလင်းပေးထားခြင်းသာ ဖြစ်သည်။ထိုသူများက သူတို့ ပြန်ကောင်းမွန်လာရန်အတွက် အကူအညီပေးရသည့် ကိရိယာများသာ ဖြစ်၏။ထို့ကြောင့် ထိုသူအားလုံး သေဆုံးသွားမည်ဆိုရင်ပင် သူတို့နှလုံးသားများအပေါ်၌ မည်သို့မျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်ထဲရှိ လူတိုင်း နတ်ဆိုးအင်ပါယာမှသည် မြို့သူမြို့သားများသည် တိုက်ပွဲသို့ စေလွှတ်ခြင်း ခံထားရပြီ ဖြစ်သည်။သူတို့အားလုံးက မြေကမ္ဘာပေါ်၌ အလောင်းများအဖြစ် ပြန့်ကျဲနေခဲ့ချေပြီ။သူတို့သွေးများက မြေကြီးကို အနီရောင် စွန်းထင်းစေခဲ့ပြီ။

ဝမ်လင်းက ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း သူ့နှလုံးသားကလည်း တည်ငြိမ်လို့နေသည်။

ရှေးဟောင်းနတ်ဆိုးချိပ်တံဆိပ်က မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်နှင့် ငါးကီလိုမီတာ အကွာတွင် စတင်မည် ဖြစ်သည်။သည်ချိပ်ပိတ်မှုက အလွန် အားကောင်းလှ၏။ယင်းချိပ်ပိတ်မှု နည်းလမ်းက ရှေးဟောင်းနတ်ဆိုးတစ်ပါး သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းများထဲမှ တစ်ခု ဖြစ်နေသည် မဟုတ်လော။အခြားနတ်ဆိုးနိုင်ငံများ ဗိုလ်ချုပ်မှူးများပင် ၎င်းချိပ်ပိတ်မှုကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

အခြားရှေးဟောင်းနတ်ဆိုးများမှ လွဲ၍ သည်ချိတ်ပိတ်မှုကို ချိုးဖျက်နိုင်သည့်သူများမှာ အလွန်တရာ စွမ်းအားကောင်းလှသော ကျင့်ကြံသူများသာ ရှိသည်။

“ရှေးဟောင်းနတ်ဆိုး ပေလော တစ်ကြိမ် ပြောခဲ့ဖူးတာက မြို့တောက် ဗလာကင်းမဲ့သွားရင် ရှေးဟောင်းနတ်ဆိုးတစ်ပါးက အဲ့မြို့ကို ဘယ်သူမှ ဝင်လာလို့မရအောင် ကျိန်းသေချိပ်ပိတ်ပစ်မယ် ဆိုတဲ့ အကြောင်းပဲ။ ဒါ့ကြောင့်လည်း ငါတို့ သဘောတူထားတဲ့ထဲမှာ ပထမဆုံးလုပ်ရမဲ့အရာက ဒီလိုချိပ်ပိတ်မှုကို ဖျက်စီးနိုင်ဖို့ ဖြစ်နေတာ…”

ဝမ်လင်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အကာအပြင်ဘက်၌ ရပ်တန့်လိုက်၏။သည့်နောက် သူ့ညာလက်ကို မြှောက်လိုက်သည်။သူ့လက်ချောင်းထိပ်၌ အနက်ရောင်အလင်းတစ်ခု ဖျပ်ခနဲ တောက်ပလာကာ သူက အကာမျက်နှာပြင်ပေါ်သို့ ညွှန်လိုက်သည်။

သူ့လက်ချောင်းထိပ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အကာနှင့် ထိသွားသည့် အခိုက်တွင် ပြင်းထန်သော တန်ပြန်အား တစ်ခု ရုတ်တရက် ပေါ်လာသည်။ဝမ်လင်း လက်ချောင်းက နောက်သို့ ကန်ထွက်သွားရကာ သူ့လက်ချောင်းက ထုံထိုင်းလို့သွား၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အမြန်လှည်ပတ်လိုက်ရာ ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါက တကယ့်ကို စွမ်းအားကောင်းလွန်းတယ်…”

ထိုအခိုက်အတန့်ပ အားကောင်းသောနတ်ဘုရားအာရုံတစ်ခုက မြို့တော်ထဲကနေ ထိုးထွက်လာခဲ့သည်။ ထိုနတ်ဘုရားအာရုံထံမှ မူလစိတ်ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ထွက်သွားစမ်း…”

သည်အသံက ကုန်းမြေထက်၌ ပဲ့တင်ထပ်လို့သွား၏။ထိုသို့သော မိုးခြိမ်းသံတစ်မျှ ကျယ်လောင်သောအသံကြီးက ဝမ်လင်းနားထဲသို့ တိုးဝင်လာသည်။

ဝမ်လင်းက ညာလက်ဖြင့် အလွန်ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ လူတစ်ယောက် ထိုချိပ်တံဆိပ်ကို အနီးကပ်ကြည့်ပါက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပေးစွမ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။ထိုဟိန်းအော်သံကြီး ဝမ်လင်းပေါ်သို့ ကျရောက်လာသည်နှင့် ၎င်းက ချက်ခြင်း ပျက်ပျယ်သွားသည်။

“ပေလော…မင်းက ပေလော စေလွှတ်လွှတ်လိုက်တဲ့လူလား…” မြို့တော်ထဲရှိ ကြမ်းကြတ်လှသော နတ်ဘုရားအာရုံထံမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက ဒေါသများနှင့် ပြည့်နေ၏။

ဝမ်လင်းက ထိုအသံကို လစ်လျူရှုကာ အသက်ဝဝရှူသွင်းလိုက်သည်။သည့်နောက် သူက ခပ်တိုးတိုးဆိုလာ၏။ “ရှေးဟောင်းနတ်ဆိုး ပေလော…ဒါက ငါ့တို့နှစ်ယောက် သဘောတူထားတဲ့ ပထမဆုံးအပိုင်းပဲ။ ကျေးဇူးပြုပြီး စောင့်ကြည့်နေပါ…”

ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။သည့်နောက် သူ့မျက်လုံးက အေးစက်လာပြီး တိုးညင်းစွာ ဆို၏။ “သတ်ဖြတ်ခြင်းစွမ်းအင်တွေ စုစည်းကြစမ်း…”

ထိုရိုးစင်းသော စကားများက မိုးခြိမ်းသံထက် ကျယ်လောင်ခြင်း မရှိပေ။ကမ္ဘာလောကကိုလည်း မည်သို့မျှ ပြောင်းလဲမသွားစေပေ။သို့ရာတွင် သည်စကားငါးခွန်းက မီးနတ်ဆိုးနိုင်ငံအတွင်း၌ ဖော်ပြနိုင်စွမ်းမရှိသော မုန်တိုင်းတစ်ခုကို ဖြစ်တည်လာစေ၏။

မီးနတ်ဆိုးနိုင်ငံ၏ မြောက်ဘက် တိုက်ပွဲကွင်းပြင်ရှိ နှစ်ဖက်လုံးရှိ နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တုန်ယင်လာကြ၏။သူတို့၏ ခန္ဓာကိုယ်များထဲမှ ကောင်းကင်ကိုပင် ထွင်းဖောက်မတက် ထူထဲသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင်တန်းတစ်ခု ထွက်ပေါ်လာချေ၏။

ထိုသတ်ဖြတ်ခြင်းစွမ်းအင်က မြန်ဆန်စွာ ထိုးတက်သွားကာ အကာအဝေးတစ်ခုတွင် ပျောက်ကွယ်သွား၏။

“ဘိုးဘေး ရောက်ရှိလာပြီ…” ထိုနတ်ဆိုးတပ်သားများ၏ မျက်နှာများထက်၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေ၏။သူတို့က ဆက်လက်သတ်ဖြတ်ခြင်း မပြုတော့ဘဲ တိုက်ပွဲနေရာကနေ အမြန်ထွက်ခွာကြသည်။

မီးနတ်ဆိုးနိုင်ငံ၏ တောင်ဘက်တိုက်ပွဲနယ်မြေတွင်လည်း မရေမတွက်နိုင်သော ဝတ်ရုံနက်များသည် ထိုတိုက်ပွဲနေရာ၌ တိုက်ခိုက်နေကြ၏။သူတို့က အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို သယ်ဆောင်ထားကြသည်။သူတို့က သူတို့လမ်းကြောင်းရှိ နတ်ဆိုးတပ်သားများအားလုံးကို မကြာခဏ သတ်ဖြတ်လေ့ရှိကာ သည်နတ်ဆိုးတပ်သားများအား မီးခိုးရောင်အခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲစေပြီး စုပ်ယူကြ၏။

နှစ်ဖက်လုံးမှ နတ်ဆိုးဗိုလ်ချုပ်များသည် ထိုမြင်ကွင်းနှင့် မစိမ်းလှတော့ချေ။ထိုလူများက ရောက်လာလိုက် သဲလွန်စမရှိ ပြန်ထွက်သွားလိုက် လုပ်နေခဲ့ကြ၏။သူတို့က မည်သည့်ဘက်ခြမ်းနှင့် ပတ်သတ်နေသည်ကိုလည်း မသိကြရပေ။

သို့ရာတွင် အခုအခိုက်အတန့်၌ ထိုဝတ်ရုံနက်များ၏ ခန္ဓာကိုယ်များက ရုတ်တရက် တုန်ယင်လာကာ သူတို့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လို့နေ၏။သူတို့က လျင်မြန်စွာ တိုက်ပွဲနယ်မြေမှ ထွက်ခွာကြသည်။သူတို့ ထွက်ခွာနေရင်းဖြင့် သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အားကောင်းသော သတ်ဖြတ်ခြင်းစွမ်းအင်ကို ချန်ရစ်ထားခဲ့ကြ၏။မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင်များက မိုးကုပ်စက်ဝိုင်းစွန်း၌ ပျောက်ကွယ်သွားကြလေ၏။

သည်လိုမြင်ကွင်းမျိုးက မီးနတ်ဆိုးနိုင်ငံ၏ နေရာအနှံ့၌ ဖြစ်ပွားသွား၏။ကောင်းကင်က မီးခိုးရောင်အခိုးငွေ့များနှင့် ဖုံးလွှမ်းနေ၏။သည်အမျှင်တန်းများထဲ၌ မခန့်မှန်းနိုင်လောက်သော သတ်ဖြတ်ခြင်းစွမ်းအင်များ ပါဝင်နေကာ ကောင်းကင်ထက်၌ ဖြတ်သန်းနေ၏။

ချက်ခြင်းလိုလိုပင် ကမ္ဘာလောကတစ်ခုလုံးက ထိုသတ်ဖြတ်ခြင်းစွမ်းအင် နှင့် ခြုံလွှမ်းသွားကာ အရိုးထိအေးစက်မှုတစ်ခု ဖြစ်တည်လာသည်။

ထိုအခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံတွင် တိုက်ခိုက်နေကြသော အုပ်စုများသည် ရပ်တန့်သွားကြရသည်။သူတို့က ကောင်းကင်ထက်သို့ မသေချာမရေယာဟန်ပန်များဖြင့် ကြည့်နေ၏။သူတို့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က နတ်ဆိုးတပ်သားများအတွင်း၌ ပုန်းအောင်နေခဲ့ကြသည်သာမက အချို့ဆိုလှင် နှစ်ဖက်လုံး၏ ဗိုလ်ချုပ်များပင် ဖြစ်လာခဲ့ကြပေသည်။

ထိုအခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံရှိ ဗိုလ်ချုပ်များစွာသည် အနည်းငယ် တုန်ယင်လာကြက သူတို့ဦးခေါင်များထက်မှ သတ်ဖြတ်ခြင်းစွမ်းအင်များ လွတ်ထွက်လာကာ မြန်ဆန်စွာ ပျောက်ကွယ်သွားကြ၏။သတ်ဖြတ်ခြင်းစွမ်းအင်များ ဆုံးရှုံးသွားပြီးနောက် ထိုလူများသည် ကိုယ်ပိုင်နည်းလမ်းများသုံး၍ မြန်ဆန်စွာ ထွက်ခွာကြတော့သည်။

မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးက နှစ်တစ်ရာလောက် စစ်ပွဲ ဖြစ်နေခဲ့ခြင်းပင်။ယနေ့မြင်ကွင်းများက ကံကောင်းလို့ အသက်ရှင်ကျန်ရစ်သူများအားလုံးကို တုန်လှုပ်စေခဲ့၏။ကောင်းကင်က အပြာရောင်မဟုတ်တော့ဘဲ ခုချိန်၌ မီးခိုးရောင် ဖြစ်နေချေပြီ။သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများက လေထဲသို့ ထိုးတက်နေကာ မီးနတ်ဆိုးနိုင်ငံ မြို့တော်ရှိရာသို့ စုစည်းလာ၏။

သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သိန်းက အရပ်မျက်နှာအနှံ့မှသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာကြ၏။မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်အထက်ရှိ ကောင်းကင်ထက်၌ အော်ဟိန်းသံများက မရပ်တန့်သည့်အလားပင်။ဝမ်လင်းက ထိုကြီးမားသော ဝဲကတော့ကြီး၏ ဗဟို၌ ရှိနေ၏။သူ့ထံသို့ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း မြောက်မြားစွာက တရပ်ကြမ်း စီးဝင်လာနေကြသည်။

သည်သတ်ဖြတ်ခြင်းစွမ်းအင်များက လွန်ခဲ့သောနှစ်တစ်ရာက စွမ်းအင်များထက် များစွာ သာလွန်လှ၏။

“ခွဲထွက်လိုက်…” ဝမ်လင်းမျက်လုံးထဲ၌ အနီရောင်အလင်းတစ်ခု တောက်ပသွားသည်။ဝမ်လင်း၏ သတ်ဖြတ်သူနှလုံးသားနှင့် သတ်ဖြတ်ခြင်းစွမ်းအင်တို့ ပေါင်းစပ်သွားပြီးနောက် သတ်ဖြတ်သူလမ်းစဉ်တစ်ခု၏ ပင်မထောက်တိုင် တစ်ခုလို ဖြစ်လာခဲ့တော့သည်။

သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သိန်းက ကောင်းကင်ထက်၌ ဖုံးလွှမ်းနေခဲ့ပြီး ဖြစ်သည်။သို့သော် ဝမ်လင်း စကားတစ်ခွန်းကြောင့် သည်စွမ်းအင်များက နှစ်ပိုင်း ကွဲထွက်သွားသည်။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သိန်းက နောက်ထပ် နှစ်သိန်းသို့ ပြောင်းလဲသွား၏။

ထိုအရာက အဆုံးသပ်မဟုတ်သေးပေ။

စွမ်းအင်အမျှင်တန်း နှစ်သန်းက ဆက်လက် ကွဲထွက်လို့နေ၏။

ကမ္ဘာလောကတစ်ခုလုံးသည် ထူထဲသော မီးခိုးရောင် အခိုးငွေ့များနှင့် ချက်ခြင်းလိုလို လွှမ်းခြုံလို့သွားသည်။ သည်မီးခိုးရောင်အခိုးငွေ့များက မြိူခိုးများ မဟုတ်ဘဲ သတ်ဖြတ်ခြင်းစွမ်းအင်များသာ ဖြစ်လေ၏။သည်အရာက သတ်ဖြတ်သူနှလုံးသားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပေါင်းစည်းထားမှု ဖြစ်၏။

ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းက ဆက်လက်ကွဲထွက်နိုင်စွမ်း ရှိသေးသည်။သို့သော် ဝမ်လင်းသည် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၌ အဆင့်သေးတစ်ခုကိုသာ ပြည့်စုံကျွမ်းကျင်သေးသဖြင် သူ့အကန့်အသတ်က သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းသာ ဖြစ်နေ၏။

“ငါ့အတွက် ကျိုးပျက်လိုက်စမ်း…” ဝမ်လင်း ဆံပင်များက လေထဲ၌ ဝဲလွင့်ကာနေသည်။သူက ရုတ်တရက် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အကာမျက်နှာပြင် ပေါ်သို့ လက်ညွှန်လိုက်လေ၏။

သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတစ်သန်းက ချိပ်ပိတ်မှုပေါ်သို့ မိုးရွာသလို ရွာချလာတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset