Switch Mode

အပိုင်း(၆၆၈)

ငွေရောင်ဦးချိုမိုးကြိုးသားရဲ

ဝမ်လင်းက သားရဲစိတ်ဝိညာဉ်ကို စူးရဲစွာ ကြည့်နေသည်။တတိယမြောက် သွေးသင်္ကေတ သားရဲစိတ်ဝိညာဉ်ပေါ်သို့ ခပ်နှိပ်သွားပြီးနောက် ၎င်း၏အော်ရာသည် ဝမ်လင်းကိုပင် အထိတ်တလန့်ဖြစ်စေသည်။

သားရဲ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်နေကာ ၎င်းမျက်လုံးထဲရှိ အနီရောင်အလင်းသည်လည်း ပိုမိုအားကောင်းလာသည်။အနီရောင်အလင်းက သန်မာလွန်သဖြင့် မျက်လုံးပြင်ပ သုံးလက်မလောက်ထိ ထိုးထွက်ကာ နေသည်။

ဝမ်လင်းက သားရဲကို တည်ငြိမ်စွာ ကြည့်နေ၏။သူက တည်ငြိမ်နေသော်လည်း မျက်လုံးများကတော့ တလက်လက်တောက်ပကာ နေသည်။သားရဲပေါ်ရှိ ချိပ်ပိတ်မှုများကို ဖြေလျှော့ပေးရန် ညွှန်ပြမှုများပါသည့် ကျောက်စိမ်းပြားအကြောင်းကိုတော့ အရင်က ပြောပြထားခဲ့ပြီးသား ဖြစ်၏။

နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ အဓိကစွမ်းအားသည် ထိုသားရဲစိတ်ဝိညာဉ်ပင် ဖြစ်၏။သွေးချိပ်တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကို လှုံံ့ဆော်တိုင်း ထိုသားရဲသည် ဖွံဖြိုးလာမည် ဖြစ်သည်။

ထိုလှုံ့ဆော်မှုက အထိတ်အထိပ်သို့ ရောက်ချိန်၌ သားရဲကိုယ်ပေါ်ရှိ ချိပ်ပိတ်မှုများကို ဖြေလျှော့ပေးခြင်း မပြုပါက ၎င်းသည် ပေါက်ကွဲ၍ သေဆုံးသွားပေလိမ့်မည်။သို့ရာတွင် ချိပ်တံဆိပ်များကို စောလျှင်စွာ ဖြေလျှော့ပေးထားပါက သားရဲ၏ဖွံ့ဖြိုးမှုသည် အကန့်အသတ်ဖြစ်ကာ နောက်အနာဂတ်တွင် ၎င်း၏စွမ်းအားအထွတ်အထိပ်သို့ ရောက်နိုင်စွမ်း မရှိ ဖြစ်ရမည်သာ။

အမှန်တော့ စစ်ရထားသုံးခုလုံးသည် ထိုရထားဖန်တီးသူ မသေဆုံးခင်က လုံးဝ အသုံးမပြုခဲ့ရပေ။ထိုစစ်ရထား တီတွင်သူ၏ မူလအစီအစဉ်သည် စစ်ရထားသုံးခုကို တစ်ပြိုင်နက်တည်း အသက်သွင်းကာ ပြီးပြည့်စုံရန် ဖြစ်သည်။

ထို့ကြောင့်လည်း သူက ချိပ်တံဆိပ်ကို တစ်ခါ ဖြေလျှော့လိုက်သည်နှင့် ၎င်းစစ်ရထား၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်။ထိုအခါကျမှသာ ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားဟူသည့် အမည်နာမနှင့် ကိုက်ညီမည်သာ။

တီထွင်သူ၏ မူလအစီအစဉ်အရ သူက လိုအပ်သောပစ္စည်းများကို စုစည်းပြီးနောက် ကောင်းကင်ဘုံအင်ပါယာအဆင့်ရှိ လူတစ်ယောက်ကို ထိုရထားအား ဦးဆုံးအကြိမ်အသက်သွင်းရန်အတွက် အကူအညီတောင်းရန် ရှာဖွေမည် ဖြစ်သည်။

ကျောက်စိမ်းပြားထဲ၌ စစ်ရထားဖန်တီးသူက ကောင်းကင်ဘုံအင်ပါယာအဆင့်မရှိသော တစ်စုံတစ်ယောက်သည် တတိယမြောက်စစ်ရထားကို အသက်ဝင်စေဖို့ မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားခဲ့ပေ၏။

စစ်ရထား၏ စိတ်ဝိညာဉ်သားရဲက ဆက်လက်၍ ကျုံ့လာခဲ့ကာ ၎င်းခန္ဓာကိုယ်ထဲရှိ အော်ရာသည်လည်း ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့၏။ကောင်းကင်ပင် တဖြည်းဖြည်း နက်မှောင်လာခဲ့ကာ အရင်ကကဲ့သို့ ကြည်လင်နေခြင်း မရှိ ဖြစ်ရသည်။

ဝမ်လင်းမျက်လုံးများကလည်း လင်းလက်လို့နေ၏။သူ့ရှေ့ရှိ စိတ်ဝိညာဉ်သားရဲ၏ အော်ရာက အာဏာတက်ခြင်းအစောပိုင်းကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို ဖိနှိပ်ထားနိုင်ပေသည်။၎င်းက တဖြည်းဖြည်းဖြင့် အာဏာတက်ခြင်းအလယ်အဆင့်ထိ တိုးမြှင့်လာခဲ့ကာ ဆက်လက်၍ မြင့်တက်လာခဲ့၏။

အသက်ရှုချိန်အကြိမ်များစွာ ကြာမြင့်ပြီးသည့်နောက် သားရဲ၏ခန္ဓာကိုယ်က ပေတစ်ထောင်မှသည် ပေတစ်ရာသို့ ကျုံ့သွားခဲ့၏။သို့ရာတွင် ၎င်းမျက်လုံးထဲမှ ထုတ်လွှတ်နေသော အနီရောင်အလင်းသည် ခုနစ်ပေခန့်ထိ ရှိလာခဲ့လေပြီ။

ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းကာသွား၏။သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနက်ရောင်အလင်းတစ်ခုက သူ့လက်ဝါးထဲ၌ ပေါ်ထွက်လို့ လာသည်။စိတ်ဝိညာဉ်သားရဲကို ကြည့်နေသော သူ့မျက်လုံးများသည်လည်း လွန်စွာ တောက်ပလာခဲ့၏။

ထိုအခိုက်အတန့်၌ သားရဲမျက်လုံးထဲရှိ အနီရောင်အလင်းသည် ရုတ်တရက် ပြန်ရုတ်သိမ်းသွား၏။ရုတ်တရက် ပြင်းထန်သော အဖျက်အစီးအော်ရာတစ်ခုက ၎င်းသားရဲ၏ ခန္ဓာကိုယ်ထဲကနေ မြင့်တက်လို့လာတော့သည်။

ထိုမြင့်တက်လာမှုနှုန်းက အလွန်မြန်ဆန်လှ၏။သားရဲခန္ဓာကိုယ်ပတ်လည်၌ အဖျက်အစီးအော်ရာ အဝန်းအဝိုင်းတစ်ခုပင် ဖြစ်တည်လာသည်။ဝမ်လင်းမျက်လုံးများက သားရဲကို သေချာကြည့်ရှုနေရင်း ဆင်ခြင်မှုတို့နှင့် ပြည့်နှက်ကာ နေ၏။သူက သားရဲထက်သို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ “ဒုတိယမြောက်ချိပ်တံဆိပ်…ပွင့်ဟစမ်း…”

ဝမ်လင်းလက်ထဲရှိ အနက်ရောင်အလင်းက ပျံသန်းထွက်သွား၏။သားရဲအော်ရာက အထွတ်အထိပ်သို့ ရောက်သွားသည့် အခိုက်၌ ၎င်းအလင်းက သားရဲခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ချက်ခြင်းပင် သားရဲက တုန်ယင်နေရာကနေ ရပ်တန့်ကာ ၎င်းခန္ဓာကိုယ်ပတ်လည်ရှိ အဖျက်အစီးအော်ရာသည် တည်ငြိမ်လာခဲ့သည်။သည့်နောက် ၎င်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၍ ဟိန်းသံ ပြု၏။

မိုးခြိမ်းသံများ ကောင်းကင်ထက်မှ ရုတ်တရက် ထွက်ပေါ်လာကာ လျှပ်စီးတန်းအလင်းတန်းများလည်း ဆင်းသက်လို့လာချေသည်။ထိုအရာက နတ်ဘုရားပြစ်ဒဏ် မဟုတ်ချေ။၎င်းက သားရဲက ဖန်တီးထားခြင်းသာ။

ကောင်းကင်ထက်မှ သက်ဆင်းလာသည့် လျှပ်စီးတန်းက သားရဲစိတ်ဝိညာဉ်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။လျှပ်စီးအလင်းတန်းတစ်ခုပြီးတစ်ခုက ချိတ်ဆက်လို့ သွား၏။

စိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်သည် လျှပ်စီးတန်းအဝန်းအဝိုင်းနှင့် ဝန်းရံကာနေသည်။မက မတ်တပ်ရပ်နေရာကနေ တဖြည်းဖြည်း လှဲလျောင်းသွားကာ ချီလင်သားရဲနှင့် ဆင်တူသော အသွင်သို့ ပြောင်းလဲသွားတော့၏။

သို့ရာတွင် ၎င်းက ချီလင်သားရဲ မဟုတ်ပေ။သို့သော် ကောင်းကင်ဘုံနယ်မြေတွင် ချီလင်သားရဲထက် ပိုမိုရှားပါးသော သားရဲတစ်ကောင်ပင် ဖြစ်၏။ ထိုသားရဲနာမည်က မိုးကြိုးသားရဲပင်။မိုးကြိုးလျှပ်စီးများ၏ သက်ရောက်မှုအောက်၌ ၎င်း၏ဦးခေါင်းထက်မှ ငွေရောင်ဦးချိုတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့လေသည်။

ဝမ်လင်းက ငွေရောင်ဦးချိုကို မြင်လိုက်သည့်အခါ သူ့မျက်လုံးထဲ၌ စိတ်ပျက်ဟန်တို့ ဖြစ်ပေါ်သွား၏။သူက သက်ပြင်းချကာ ရှေ့သို့ ရွှေ့လျားလိုက်၏။သူ့လက်ဖြင့် လေထဲ၌ ရေးဆွဲလိုက်ရာ လေးခုမြောက်သင်္ကေတက ပြည့်စုံလို့သွားတော့သည်။သူက ထိုသွေးသင်္ကေတကို ဖမ်းဆုပ်ကာ မိုးကြိုးသားရဲထံသို့ ပစ်သွင်းကျရောက်စေလိုက်သည်။

“ကျောက်စိမ်းပြားထဲမှာ ဖော်ပြထားတဲ့ အတိုင်းဆိုရင် ဒုတိယမြောက်ချိပ်စစ်ရထားပေါ်ရှိ ဒုတိယချိပ်ပိတ်မှုကို ပြည့်စုံစွာ အသက်သွင်းလိုက်နိုင်တာနဲ့ ရွှေရောင်ဦးချိုတစ်ခု ပေါ်လာသင့်တယ်…”

ဝမ်လင်းက မိုးကြိုးသားရဲအနားသို့ ချက်ခြင်း နီးကပ်လာခဲ့ကာ လျှပ်စီးများကို တိုက်ရိုက်ဖြတ်ကျော်၍ သားရဲ၏မျက်ခုံးနှစ်ခုကြားသို့ သွေးသင်္ကေတကို ဖိနှိပ်ချလိုက်သည်။

သူထိုသို့ ချိန်သားကိုက်လုပ်ဆောင်မှုသည် ကျောက်စိမ်းပြားပေါ်တွင် ဖော်ပြထားသည့်နည်းတစ်ခု ဖြစ်၏။စိတ်ဝိညာဉ်သားရဲက မိုးကြိုးသားရဲအဖြစ်သို့ ဖွံ့ဖြိုးပြောင်းလဲသည့် အခိုက်မှာ ၎င်း၏အသက်ဓာတ်ကို အမှတ်အသားခပ်နှိပ်သည့် အခိုက်အတန့် ဖြစ်၏။ထိုနည်းက စစ်ရထားဖန်တီးသူ ချန်ထားခဲ့သော အထူးနည်းလည်း ဖြစ်၏။

သားရဲ၏မျက်ခုံးနှစ်ခုကြားတွင် သွေးသင်္ကေတက ခပ်နှိပ်ပြီးသွားလေပြီ။၎င်းသင်္ကေတ ကျရောက်သွားချိန်၌ ရွှေရောင်အလင်းတစ်ခု ဖျပ်ခနဲ ဖြစ်သွား၏။ဝမ်လင်းက မှင်သက်သွား၏။သို့သော် သူက အနီးကပ် ကြည့်လိုက်ချိန်တွင်တော့ မည်သည့်ရွှေရောင်အလင်းမှ ရှိမနေတော့ပေ။

လေးခုမြောက်သွေးသင်္ကေတကို ခပ်နှိပ်ပြီးသည့်နောက် မိုးကြိုးသားရဲသည် ဝမ်လင်းကို ရန်လိုသောအကြည့်ဖြင့် မကြည့်တော့ပေ။သို့ရာတွင် ၎င်းအကြည့်ထဲ၌ နွေးထွေးမှုလည်း ပါဝင်မနေခဲ့ပါ။၎င်းက ဝမ်လင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထဲသို့ ဝင်ရောက် ပျောက်ကွယ်လို့ သွားတော့သည်။

ဝမ်လင်းက ညာလက်ကို ဆန့်ထုတ်၍ စစ်ရထားကို သူ့ သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက်၏။သူ့မျက်လုံးက တလက်လက် ဖြစ်နေပြီး သူက တွေးတောလိုက်သည်။ “ဒီရွှေရောင်အလင်း ဖျပ်ခနဲပေါ်သွားတာက ငါ ထင်ယောင်ထင်မှား ဖြစ်တာတော့ မဖြစ်နိုင်ဘူး။ဒါပေမဲ့ ဒါက ဘာလိုများ ဖြစ်သွားရတာလဲ…ဒီသားရဲက ငွေရောင်ဦးချိုရှိရင်တောင် ၎င်းက အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်နိုင်ဖို့ လုံလောက်နေပြီ။ဒီနေရာမှာ ရှိတဲ့ ဒေသခံတွေကို ရင်ဆိုင်ရတာက လွယ်ပေမဲ့ အာဏာတက်ခြင်းအလယ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေဆိုရင်တော့ ရိုးရိုးရှင်းရှင်း လွယ်ကူနေပါ့မလား။သူတို့က အားကောင်းတဲ့မန္တာန်တွေ ဒါမှာမဟုတ် အံ့ချီးဖွယ်ရတနာတွေ ရှိနေနိုင်တယ်…”

ဒါ့ကြောင့် ငါက ငါ့အာဏာတက်ခြင်းအစောပိုင်းအဆင့်နဲ့ ဘယ်အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူကိုမဆို အနိုင်ရနိုင်လိမ့်မယ်လို့ မပြောဝံ့ဘူး။ ငါက ဒီလိုလူစားမျိုးတွေကို သတ်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ငါက ငါ့ထက် အားနည်းတဲ့ မန္တာန်နဲ့ ရတနာတွေ အသုံးပြုတဲ့ အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရင်တော့ သတ်နိုင်ကောင်း သတ်နိုင်လိမ့်မယ်…”

“အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေကတော့…အင်း ဒါကတော့ တော်တော်လေး ငါ့အတွက် ခက်ခဲသွားပြီ…” ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။

“ရှေးဟောင်းတိုက်ပွဲနယ်မြေမှာ ငါနဲ့ ရင်ဆိုင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံနဲ့အဘိုးအိုဆိုရင်လည်း အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကို ရောက်နေခဲ့တာ။ငါက ဒီမိုးကြိုးသားရဲကို အသုံးပြုမယ်ဆိုရင်တောင် အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်ရဲ့ စွမ်းအားကို မခုခံနိုင်မှာ စိုးရိမ်မိတယ်။ကံကောင်းစွာနဲ့ ငါ့မှာ လင်းထျန်ဟူရဲ့ ဓားစွမ်းအင် ရှိနေတာပဲ။ဒါ့ကြောင့် ငါက အဲ့အဆင့်တစ်ယောက်နဲ့ အမှန်တကယ် ကြုံရမယ်ဆိုရင်တောင် ဘာမှ ကြောက်စရာတော့ မလိုဘူး…”

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ မျှော်စင်ထဲသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။

“အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေက စွမ်းအားကောင်းလွန်းနေတာက သူတို့ဟာ ပထမအဆင့်နယ်ပယ်ရဲ့နောက်ဆုံးအခြေအနေကို ရောက်နေလို့ပဲ။အထူးသဖြင့် အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်ပဲ။ဒီလူတွေက ပထမအဆင့်နယ်ပယ်ရဲ့ အထွတ်အထိပ်တွေလိုတောင် ယူဆလို့ရတယ်။တိုက်ပွဲမှာဆိုရင် ဒီလူတွေနဲ့ အဆင့်တူတွေပဲ သူတို့နဲ့ ယှဉ်နိုင်လိမ့်မယ်။ သူတို့နဲ့ ယှဉ်နိုင်ဖို့ လင်းလျန်ဟူရဲ့ ဓားစွမ်းအင်၊ဒါမှမဟုတ် စိတ်ဝိညာဉ်တစ်ကုဋေအလံရဲ့ လေးခုမြောက်အလံ စိတ်ဝိညာဉ်လိုမျိုး ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်တဲ့ရတနာမျိုး မရှိဘူးဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး…”

“ဒါပေမဲ့လည်း ဒီလေးခုမြောက်စိတ်ဝိညာဉ်က ကျူးချွဲဇီရဲ့ ဖမ်းစီးခြင်းကို ခံလိုက်ရပြီး ဆရာသွန်းထျန်လည်း သေဆုံးခဲ့ရတယ်…”

“အရင်တုန်းက နတ်ဆိုးမျှော်စင်အောက်မှာ အနက်ရောင်ဝတ်စုံနဲ့အဘိုးအို အသုံးပြုခဲ့တဲ့ လေ၊မိုး၊မိုးကြိုးနဲ့ လျှပ်စီး မန္တာန်ဆိုရင်လည်း သူ့အားအနည်းဆုံး မန္တန်တဲ့ ၊ဒါက မှားတော့ မမှားနိုင်လောက်ဘူး…”

ဝမ်လင်းက မျှောင်စင်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ စဉ်းစားလို့နေသည်။

“ငါ့မှာ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်း၊စိတ်ဝိညာဉ်တစ်ကုဋေအလံ၊ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားနဲ့ တစ္ဆေလောကမြစ် စတဲ့အရာတွေနဲ့ ဆိုရင် ငါက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်ကို အနိုင်ရနိုင်လောက်လား…”

ဝမ်လင်းက တိတ်ဆိတ်စွာသာ ဆက်၍ စဉ်းစားနေသည်။

“ငါ့မှာ ယုံကြည်မှုမရှိဘူး။ ဒါပေမဲ့ လင်းထျန်ဟူရဲ့ ဓားစွမ်းအင်နဲ့ဆိုရင်တော့ အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်က ငါ့ကိုသာ ရန်စလာခဲ့မယ်ဆိုရင် ငါ့မှာ ဓားစွမ်းအင်တွေထဲက တစ်ခုကို အသုံးပြုဖို့ကလွဲလို့ ကျန်တာ ရွေးချယ်စရာ မရှိတော့ဘူး…”

ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့လေ၏။

“ခုချိန်မှာ ငါက လင်းထျန်ဟူရဲ့ တပည့် ဓားဆယ့်နှစ်လက်ရဲ့ ဓားသုံးလက်ကို သန့်စင်မွန်းမံနိုင်ဖို့ လိုအပ်နေတယ်။ဒီဓားသုံးလက်က အရင်ပိုင်ရှင်တွေလက်ထဲမှာ အလာကားဟသ ဖြစ်ခဲ့ရတယ်။ငါက ဒီဓားသုံးလက်ကို အရင်က တစ်ခါ လေ့လာကြည့်တော့ ဒီဓားတွေထဲမှာ ဖုံးကွယ်နေတဲ့အခြားစွမ်းရည် တစ်ခုခု ရှိနေတယ်လို့ ထင်နေခဲ့မိတယ်။ဒါပေမဲ့လည်း ဒီစွမ်းရည်က အသက်ဝင်ဖို့ ပေါင်စပ်တိုက်ခိုက်မှုတစ်ခု လိုအပ်နေတယ်…”

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုယန်၊ဇီရှုနှင့် ဟိုင်ကျူးတို့ ဓားသုံးလက် ပျံသန်းထွက်လာခဲ့သည်။

သည်ဓားသုံးလက်က ကြမ်းကြုတ်သော စိတ်ဝိညာဉ်အော်ရာကို ပေးစွမ်းလို့နေသည်။ဝမ်လင်းက သူ့မူလစွမ်းအင်ကို ပါးစပ်ထဲကနေ ထွေးထုတ်ကာ အစိမ်းရောင်မြူအဖြစ် ပြောင်းစေ၍ ထိုဓားသုံးလက်ကို ဝန်းရံသွားစေလိုက်သည်။သည့်နောက် သူကမျက်လုံးမှိတ်၍ ၎င်းတို့ကို သန့်စင်ရာ၌ အာရုံစိုက်ထားလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးလ ကုန်လွန်သွားခဲ့ပြန်ပြီ။ယနေ့တွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုနှင့် ငါးထောင်ကီလိုမီတာ အကွာရှိ ကောင်းကင်ထက်၌ အလင်းတန်းအချို့ ပေါ်ထွက်လာ၏။၎င်းအလင်းတန်းများ၏ ဦးတည်ရာက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ရှိရာသို့ပင်။

သည်နေရာသို့ ရောက်လာသော လူများကြား၌ လူတစ်ယောက်သည ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ထိုလူက အသက်ကြီးဟန် မရပဲ သူ့မျက်နှာက အေးစက်မောက်မာမှုတို့ကို ပေးစွမ်းလို့နေသည်။

သူ့နောက်တွင်တော့ လူတစ်ယောက်ရှိနေ၏။ထိုလူက အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြစ်၏။သူက ချောမောသော်လည်း သူ့မျက်လုံးထဲ၌ ခါးသီးမှုများနှင့် ပြည့်နှက်လို့နေသည်။သူက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုထံသို့ ချီတုံချတုံအကြည့်မျိုးဖြင့် ကြည့်လို့နေ၏။

ရွှေရောင်ဝတ်စုံနှင့်လူက လူငယ်ထံသို့ ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့သည်။ “မင်း ဘာတွေးနေတာလဲ ရှုယွမ်ရှန်…”

အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝမ်လင်းနှင့်အတူ ရောက်လာခဲ့သော လူ ဖြစ်၏။သူက ရွှမ်ယွမ်ကလန်မှ ဂျူနီယာကလန်ခေါင်းဆောင် ရှုယွမ်ရှန်ပင် ဖြစ်ချေသည်။

သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ဝင်ရောက်လာချိန်၌ သူ့ကို ကာကွယ်ပေးသည့် အကြီးအကဲများ သူနှင့်အတူ ရှိလေသည်။သို့ရာတွင် ခုချိန်၌ သူတစ်ယောက်တည်းသာ ရှိတော့၏။

ရွှေရောင်ဝတ်စုံနှင့်လူကြီး၏ စကားကို ကြားလိုက်ရသည့်အခါ ရှုယွမ်ရှန်၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက လေးစားစွာ ပြောလိုက်သည်။ “ဆရာ..ဒီအစေခံက…”

သူ့ စကားမဆုံးခင်မှာပင် ရွှေရောင်ဝတ်စုံနှင့်လူကြီးသည် ကြားဖြတ်၍ အေးစက်စွာ ပြောလိုက်၏။ “ရှင်းပြဖို့မလိုဘူး။မင်းက ငါ့တို့ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းထဲကို ဝင်ရောက်ပြီးတာနဲ့ အမိန့်အားလုံးကို နာခံရမယ်။မင်းညီမရဲ့ မျက်နှာသာ မထောက်ရင် ဝမ်လင်းကို ဖမ်းဆီးခွင့်လိုမျိုး အကျိုးဆောင်နိုင်တဲ့ အခွင့်ရေးမျိုးရနိုင်မယ်လို့ ထင်နေတာလား…”

ရှုယွမ်ရှန်က တိတ်ဆိတ်သွားကာ ခေါင်းညိတ်လိုက်ရ၏။သူက စိတ်ထဲ၌ တွေးနေမိသည်။ “ဒီစိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုထဲမှာ ရှိနေတဲ့ ဝမ်လင်းနဲ့ ကောင်းကင်ကံကြမ္မာကလန်က ဝမ်လင်းက တူတူပဲလားဆိုတာ ငါမသိဘူး။ အာ…ငါ အတွေးလွန်နေပြီ။ သူတို့နှစ်ယောက်က ဘယ်လိုမှ တူနိုင်မှာ မဟုတ်ဘူး…”

“ဘိုးဘေးက ဒီဝမ်လင်းကို ဖမ်းဖို့အတွက်နဲ့ ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်ကိုတောင် စေလွှတ်ခဲ့တာပဲ။ဒီခရီးစဉ်မှာ အန္တရာယ်တော့ ရှိမှာ မဟုတ်ဘူး။ဒါပေမဲ့ မင်းက ဂရုစိုက်ရမယ်။ဒီဝမ်လင်းကို ထွက်ပြေးခွင့် မရစေနဲ့…”

ရွှေရောင်ချပ်ဝတ်နှင့်လူကြီးသည် သူ့စကားဆုံးသည်နှင့် သူ့အနောက်ဘက်အုပ်စုမှ သက်လတ်ပိုင်းလူကြီးထံသို့ လှည့်ကြည့်လိုက်သည်။

ထိုလူကြီးက သာမန်သာ ဖြစ်ကာ သူ့အသွင်က တစ်ချိန်လုံး တည်ငြိမ်လို့နေသည်။

သူ့ခန္ဓာကိုယ်ကနေ လှိုင်းတွန့်လေးများ ပျံ့နှံ့ကာ ပတ်ဝန်းကျင် နှင့် ပေါင်းစပ်နေသလား ထင်မှတ်ရသည်။သူ့အော်ရာက လုံးဝ မရှိလုနီးပါးပင်။သာမန်ကျင့်ကြံသူများက သူ့တည်ရှိမှုကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီးထဲသို့ ပျော်ဝင်နိုင်စွမ်း ရှိနေခြင်းက သူ့ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်းအစောပိုင်းအဆင့်ကို ဆိုလိုပေ၏။သို့ရာတွင် ထိုလူ၏အာဏာတက်ခြင်းကျင့်ကြံမှုအဆင့်က နည်းနည်းထူးဆန်းလှသည်။သည်လူ၏ မူလစိတ်ဝိညာဉ်ထဲ၌ မူလစွမ်းအင်များ လုံးဝ မရှိသလို ထင်ရ၏။

ဝမ်လင်းက မျှော်စင်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်နေရင်း ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။

“ဆယ့်သုံး…ငါတို့ရှိ ဧည့်သည်တွေ ရောက်နေပြီ။သူတို့ကို ဒီနေရာကို ခေါ်လာခဲ့ချေ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset