Switch Mode

အပိုင်း(၆၆၅)

လောဘကြီးနှင့်ပတ်သတ်၍

ထိုသက်လတ်ပိုင်းလူကြီး၏ နာမည်သည် ဟိုင်ကျူး ဖြစ်၏။တမ်လင်းက သူ့ဦးခေါင်းကို ဖြတ်ယူသွားပြီးပြီးချင်း ထိုသူ၏မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားလိုက်၏။ဝမ်လင်း၏ အာဏာတက်ခြင်းကျင့်ကြံမှုအဆင့်ဖြင့် ဆိုပါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ရန်မှာ များစွာ အားစိုက်ထုတ်ရန် မလိုပေ။

ဝမ်လင်းက သူ့ဦးခေါင်းကို ယူကာ ထွက်ခွာသွားသည်။သူက လေပြေတစ်ခုလို ဖျပ်ခနဲ ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်း ဖျပ်ခနဲ ပြန်ပျောက်ကွယ်သွား၏။အင်ပါယာ၏ ကျောက်စိမ်းပြားကိုတော့ သူက ပြန်ယူဆောင်သွားခြင်း မရှိပေ။သူ့အတွက်လည်း အသုံးမဝင်ပေ။

သို့ရာတွင် ၎င်းကျောက်စိမ်းပြားသည် နတ်ဆိုးအင်ပါယာ သူ့ကို ယုံကြည်မှုအမှတ်သင်္ကေတအနေဖြင့် ပေးထားခဲ့ခြင်း ဖြစ်၏။သူသာ ၎င်းကျောက်စိမ်းပြားကို လက်မခံခဲ့ပါက မောက်မာလွန်းရာ ကျသွားနိုင်ပေသည်။

သူက တဟုန်ထိုး ထွက်သွားရင်း နတ်ဆိုးတပ်သား ဆယ်သန်းထံသို့ ပြန်လှည့်၍ပင် မကြည့်ပေ။

ဝမ်လင်းက ဟိုင်ကျူး၏ဦးခေါင်း သန့်စင်မွန်းမံပစ်ကာ ဓားစွမ်းအင်ကို ဝါးမြိုခဲ့သည်။ဟိုင်ကျူး၏ မူလစိတ်ဝိညာဉ်ကိုတော့ ဝမ်လင်းက စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်အသုံးပြုခဲ့ပေ၏။ဝမ်လင်းက သူလိုချင်သည့် အချက်အလက်ကို ရရှိပြီးနောက် ဟိုင်ကျူး၏ မူလစိတ်ဝိညာဉ်သည် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရပေပြီ။ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို မူလစိတ်ဝိညာဉ်အဖြစ် အသုံးပြုရန် စိတ်ဝိညာဉ်အလံထဲသို့ ထည့်သွင်းလိုက်၏။

“နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ရောက်လာခဲ့တဲ့ တာ့လော့ဓားကလန်က လူတွေမှာ လင်းထျန်ဟူရဲ့ ဓားစွမ်းအင် ရှိနေတဲ့အပြင် လောဘကြီးလို့ ခေါ်တဲ့ လူတစ်ယောက်ရဲ့ လျှို့ဝှက် အကာအကွယ်ကိုပါ ရှိနေတာပဲ…လောဘကြီး…ဒီနာမည်က တကယ် ထူးခြားတယ်။ငါက ဒီနာမည်ကို လုံးဝ မကြားခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဟိုင်ကျူးရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ လောဘကြီးရဲ့ ပုံသဏ္ဌာန်ကိုတော့ ငါက နည်းနည်း မြင်ဖူးသလို ဖြစ်နေတယ်။ ဒါပေမဲ့လည်း ငါက ဒီလူ့ကို အရင်တုန်းက လုံးဝ မတွေ့ဖူးတာ သေချာပါတယ်…”

“လောဘကြီး…ဟိုင်ကျူးရဲ့ မှတ်ဉာဏ်အရဆိုရင် ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်ကို ကျော်လွန်ပြီး ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်နေပြီ။သူက စစ်ထူနန်ရဲ့ အထည်ဒြပ်ယင်အဆင့်ထက် တစ်ဆင့်ပဲ နိမ့်တယ်…”

ဝမ်လင်းက မျက်မှောင်ကြုတ်နေမိသည်။သူက ပျံသန်းနေရာကနေ ရုတ်တရက်ရပ်တန့်ကာ ကောင်းကင်ထက်၌ မလှုပ်မယှက် ရပ်လို့နေသည်။

“စစ်ထူနန်…” ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ကျောက်စိမ်းပြားတစ်ခုက သူ့သိုလှောင်အိတ်ထဲကနေ ပျံထွက်လာကာ ဝမ်လင်းက ၎င်းကို ဖမ်းယူလိုက်သည်။သူ့နတ်ဘုရားအာရုံဖြင့် ထိုကျောက်စိမ်းပြားကို စမ်းစစ်ကြည့်ပြီးနောက် သူ့အသွင်က ရုပ်စိုးလို့သွားလေ၏။ံဖြင့် ထိုကျောက်စိမ်းပြားကို စမ်းစစ်ကြည့်ပြ်သည်

သူက စစ်ထူနန်ကိုသာ မတွေးမိခဲ့ပါက စစ်ထူနန် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားကို ပြန်အမှတ်ရမိလိမ့်မည် မဟုတ်ပေ။သည်ကျောက်စိမ်းပြားထဲ၌ ပုံရိပ်များ ရှိလို့နေသည်။ထိုကျောက်စိမ်းပြားက စစ်ထူနန် သူ့ခန္ဓာကိုယ် ဆုံးရှုံးရစေသည့်အထိ အတင်းဖိအားပေးခဲ့သော လူများအကြောင်း မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အမှန်တော့ စစ်ထူနန် ဝမ်လင်းကို သည်ကျောက်စိမ်းပြား ပေးခဲ့ချိန်က သူသည် ဝမ်လင်း ထိုကျောက်စိမ်းပြားထဲ မှတ်တမ်းတင်ထားသည့် လူများနှင့် တွေ့ကြုံလိမ့်မည်ဟု မမျှော်လင့် ထားမိပေ။သူက ဝမ်လင်းကို ထိုလူများကို သိစေရုံသာ သိစေချင်၍ ထိုသူတို့ကို ရန်မစမိစေရန် ဖြစ်သည်။

ဝမ်လင်းသည်လည်း ထိုသူများထဲက တစ်ယောက်နှင့် တွေ့ကြုံရလိမ့်မည်ဟု မထင်ထား မိပေ။သည့်အပြင် ကျင့်ကြံသူများသည် သူတို့၏ ရုပ်သွင်များကို လွယ်ကူစွာ ပြောင်းလဲနိုင်ကြသေးသည်။ပုံရိပ်အချို့နှင့် လူတစ်ယောက်ကို ရှာဖွေရန်က ကောက်ရိုးပုံထဲမှ အပ်ရှာရသလို ခက်ခဲမည်သာ ဖြစ်သည်။

“ဒီလောဘကြီးကသာ စစ်ထူနန်ရဲ့ ရန်သူ ဖြစ်ခဲ့ပါက သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အကြောင်း သေချာ သိနေမှာပဲ…” ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။ထိုကောင်းကင်ဘုံပုတီးစေ့သည် ဝမ်လင်း၏ အကြီးမားဆုံးလျှို့ဝှက်ချက် ဖြစ်၏။သူက ၎င်းပုတီးစေ့ကို ရရှိခဲ့သည်မှာ နှစ်ပေါင်းခုနစ်ရာကျော် ရှိလာခဲ့ပေပြီ။ယင်း ပုတီးစေ့ ပိုင်ဆိုင်ထားသည့် ဂုဏ်ရည်များက အလွန်အမင်း ထူးဆန်းလှပေသည်။

အတိတ်တုန်းက မိုးရည်စက်အချို့ဖြင့်ပင် ရေဒြပ်စင်ကို ပြည့်စုံစေခဲ့သည်။သို့သော် ၎င်းပုတီးစေ့သည် နောက်ဒြပ်စင်များအတွက်တော့ ပိုပို၍ ခက်ခဲလာခဲ့၏။

သတ္တုဒြပ်စင်ဆိုလျှင်လည်း မပြည့်စုံသေးပေ။သို့သော် ဝမ်လင်းသည် ထိုပုတီးစေ့၏ နောက်ဆုံးဒြပ်စု တစ်ခုသာ ပြည့်စုံသွားပါက ၎င်းပုတီးစေ့သည် ကြောက်မက်ဖွယ်အဆင့်တစ်ခုခုသို့ ရောက်ရှိသွားနိုင်သည်ဟူသော ခံစားချက်ကို ရရှိနေခဲ့သည်သာ။

သူသာ ထိုကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို သူ့ခန္ဓာကိုယ်နှင့် လုံးဝ ခွဲခြားပစ်နိုင်ပါက ဝမ်လင်းသည် သိပ်စိတ်ပူပန်နေလိမ့်မည် မဟုတ်ပေ။သူသာ ထိုပုတီးစေ့ကြောင့် သေခြင်းရှင်ခြင်း အခိုက်အတန့်ထဲသို့ ရောက်ရှိပါက ရွေးချယ်မှုတစ်ခုကို တည်ငြိမ်စွာ ပြုလုပ်နိုင်မည်သာ ဖြစ်သည်။

သို့သော် ခုချိန်၌ ထိုပုတီးစေ့သည် သူ့မူလစိတ်ဝိညာဉ်နှင် ပေါင်းစပ်သွားခဲ့ပြီး ဖြစ်နေ၏။ထို့ကြောင့် ၎င်းကို သူ့ခန္ဓာကိုယ်ကနေ ခွဲခြားပစ်ရန် လုံးဝ နည်းလမ်း မရှိတော့ပေ။

ဝမ်လင်းက မျက်မှောင်တင်းတင်း ကြုတ်မိနေ၏။

“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ…ဘာကြောင့် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းကြီးက ဒီပုတီးစေ့ကို အရမ်းဂရုတစိုက်နဲ့ အလေးထားနေရတာလဲ…။ဒီပုတီးစေ့က ငါနဲ့အတူ ရှိခဲ့တာ နှစ်ပေါင်းခုနစ်ရာ ရှိခဲ့ပြီ။အဲ့ပုတီးစေ့ထဲမှာ အချိန်က နှေးကွေးသွားတယ်ဆိုတဲ့ အချက်ကလွဲ၍ အခြားစွမ်းရည်တွေ မရှိသလောက်ပဲ။တကယ်လို့ လူတစ်ယောက်က အဲ့ပုတီးစေ့ထဲမှာ ပုန်းနေခဲ့မယ် ဆိုရင်တောင် သူက စွမ်းအားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့ရင် ထိုလူက ထွက်ပြေးနိုင်စွမ်းလည်း မရှိသလို ပုတီးစေ့ကိုလည်း ရှာတွေ့သွားနိုင်တယ်…”

“ဘယ်လိုပဲ ကြည့်ကြည့် ဒီပုတီးစေ့က သာမန်ပစ္စည်းတစ်ခုလိုပဲ။ဒီပုတီးစေ့က အချိန်ကို နှေးကွေးစေပေမဲ့လည်း အဆင့်နိမ့်ကျင့်ကြံသူတွေအတွက်ပဲ အသုံးဝင်တယ်။အဆင့်မြင့် ကျင့်ကြံသူတွေအတွက် ဆိုရင်တော့ ကောင်းကင်ဘုံကျောက်စိမ်းပြားကပဲ ပိုပြီး ဆွဲဆောင်မှု ရှိဦးမယ်…”

ဝမ်လင်းက သက်ပြင်းချမိသည်။သည့်နောက် သူက အကွာအဝေးတစ်ခုသို့ ထက်ရှသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ “မူလတုန်းက တာ့လော့ဓားကလန်က တပည့်က ငါးယောက်ရှိတယ်။ ချန်လုံက သူတို့ထဲမှာ ခေါင်းဆောင်၊ မိုယန် သေသွားပြီးတဲ့နောက် သူတို့က ငါ့ကို သံသယဝင် သတိထားလာလောက်ပြီ။တာ့လော့ဓားကလန်က ပုံမှန်အတိုင်းဆို ဒီအကြောင်းကို တစ်ယောက်ယောက်က စုံစမ်းပြီးလောက်ပြီ။ ဒါပေမဲ့ သူတို့က အဲ့လို မလုပ်ခဲ့ကြဘူး…”

“ဟိုင်ကျူးရဲ့ မှတ်ဉာဏ်ထဲက အတိုင်းဆိုရင် ဒီလောဘကြီးက မီးနတ်ဆိုးနိုင်ငံမှာ ရှိနေခဲ့တယ် ဆိုပဲ။ သူက အဲ့နေရာမှာ လျှို့ဝှက်ချက်အချို့ကို ရှာတွေ့သွားနိုင်ခဲ့တယ်ပုံပဲ။ဆယ်နှစ်ကြာပြီးတဲ့နောက်မျာ ဟိုင်ကျူးတစ်ယောက်ပဲ ကောင်းကင်နတ်ဆိုးနိုင်ငံမှာ ကျန်နေခဲ့တော့တာ။ အခြားသုံးယောက်ကတော့ မီးနတ်ဆိုးနိုင်ငံကို လောဘကြီးနဲ့တွေ့ဆုံဖို့ ထွက်ခွာသွားခဲ့ကြပြီ…”

“ဒါမှန်တယ်။ ဇီရှုက သူတို့နဲ့တွေ့ဖို့ သွားခဲ့တဲ့လမ်းမှာ ငါနဲ့တွေ့ခဲ့ပြီး အသတ်ခံခဲ့ရတာ ဖြစ်မယ်…”

“ဒါဆို ဒီလောဘကြီး ရှာတွေ့ခဲ့တာက ဘာများ ဖြစ်နေမလဲ…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။

“ကံမကောင်းစွာနဲ့ လောဘကြီးကြောင့် ငါ လင်းထျန်ဟူရဲ့ဓားစွမ်းအင်တွေကို ဆက်လက်စုစဉ်းဖို့ အခွင့်ရေး မရတော့ဘူး။ဒါပေမဲ့လည်း ငါက ဒီကိစ္စကို သိပ်ပြီး အလျင်လိုစရာတော့ မရှိပါဘူး…”

ဝမ်လင်းက နှာခေါင်းရှုံ့ကာ မဟာတည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်လေ၏။

“ငါ့ရှေ့က စစ်ပွဲက ငါ့အတွက် သတ်ဖြတ်ခြင်းစွမ်းအင်တွေကို စုစည်းဖို့ အကောင်းဆုံး အခွင့်ရေးပဲ။ဒါ့ကြောင့် ငါက ဒါကို လက်လွှတ်လိုက်လို့ မဖြစ်ဘူး။ဒါပေမဲ့လည်း ငါ့မှာက ငါတစ်ယောက်တည်း ရှိနေတယ်။ ဒါက…ဟုတ်ပြီ…ငါက ဒီလိုလုပ်လို့ရသားပဲ…”

ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက ပျောက်ကွယ်လို့သွားတော့၏။

ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံနှင့် စစ်ပွဲတွင် ပါဝင်ခြင်း မရှိပေ။သူက ရက်များစွာ တည်နေရာရွှေ့ပြောင်းပြီးသည့်နောက် ကောင်းကင်နတ်ဆိုးနိုင်ငံအတွင်းရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ရှိရာသို့ ပြန်ရောက်ရှိလာခဲ့တော့သည်။ဆယ်နှစ်တာ ကုန်ဆုံးပြီးနောက် မျိုးနွယ်စုက များစွာ တိုးတက်နေခဲ့ပြီ ဖြစ်သည်။မျိုးနွယ်စုသည် သည်မြက်ရိုင်းလွင်ပြင်ကျယ်ကြီးထဲ၌ အကြီးများဆုံး မျိုးနွယ်စု လေးခုထဲမှ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပေသည်။

ဝမ်လင်း ပြန်ရောက်လာခြင်းက မျိုးနွယ်စုတစ်ခုလုံးကို စိတ်လှုပ်ရှားသွားစေခဲ့ပေသည်။မျိုးနွယ်စု အသစ်အဖွဲ့ဝင်များစွာက ဝမ်လင်းကို မမြင်ဖူးခဲ့ကြသော်လည်း ပါးစပ်စကားမှတစ်ဆင့် ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုးနှင့် တစ်ခုခု ပတ်သတ်နေသည်ကို သိရှိခဲ့ကြပြီး ဖြစ်သည်။သူတို့အားလုံးက စိတ်နှလုံးထဲကနေကို ဝမ်လင်းအား ရိုသေလေးစား နေကြပြီ ဖြစ်၏။

တောင်ကြားသည်လည်း သူတို့နှလုံးသားထဲရှိ မြင့်မြတ်သောနေရာတစ်ခုအဖြစ် ရှိလို့နေဆဲသာ။

ဝမ်လင်းပြန်ရောက်လာပြီးနောက် သူက ဆယ့်သုံးနှင့်ချူယောင်ဟွာတို့ကို ခေါ်၍ မျိုးနွယ်စုဝင် တစ်သောင်းကို ရွေးချယ်စေခဲ့သည်။ဝမ်လင်းက ထိုမျိုးနွယ်စုဝင်တစ်ယောက်ချင်းစီ ထံသို့ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်ခုစီ ပို့လွှတ်ပေးခဲ့သည်။ထိုမျိုးနွယ်စုဝင်တိုင်းက တစ်စုံတစ်ယောက်ကို သတ်လိုက်သည့်အကြိမ်တိုင်း၌ ထိုအသက်ခံရသည့်လူ၏ အသက်ဓာတ်သည် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းအဖြစ် စုပ်ယူခြင်း ခံရမည် ဖြစ်သည်။

လူထောင်ပေါင်းများစွာကို ပိုသတ်မိလေလေ သူတို့ခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်ခြင်းစွမ်းအင်ကလည်း ပို၍ သန်မာအားကောင်းလာလေ ဖြစ်ပေလိမ့်မည်။၎င်းက ထိုတစ်သောင်းသောမျိုးနွယ်စုဝင်များကို အကာအကွယ်ပေးသည့် အသက်ဓာတ်ချိပ်တံဆိပ်များအဖြစ် ပြောင်းလဲသွားနိုင်မည် ဖြစ်၏။

သည့်နောက် ထိုလူတစ်သောင်းကို မီးနတ်ဆိုးနိုင်ငံ၏ စစ်ပွဲအတွင်းသို့ သူက စေလွှတ်ပေမည်။ဝမ်လင်းက သူတို့ကို ကောင်းကင်နတ်ဆိုးနိုင်ငံနှင့် သွားရောက်ဆက်သွယ်စေခြင်း မပြုဘဲ သူတို့ကိုယ်ပိုင်သာ လုပ်ဆောင်စေမည် ဖြစ်သည်။ဝမ်လင်းသည် သူတို့ကို အမိန့်တစ်ခုသာ ပေးထား၏။ထိုအမိန့်သည် သူတို့ခန္ဓာကိုယ်ထဲ၌ သတ်ဖြတ်ခြင်းစွမ်းအင်များ ထောက်ပံပေးနိုင်ရန်အလို့ငှာ ဆက်လက်သတ်ဖြတ်ရမည့်ဆိုသည့် အမိန့်ပင်။

လူတစ်သောင်းက ဆယ်သန်းလောက်ရှိသည့် နတ်ဆိုးတပ်သားများရှိနေသော စစ်ပွဲနေရာ၌ များသည်ဟု မဆိုသာတော့ချေ။ဝမ်လင်းက ထိုအရာကို ကောင်းကောင်းသိထားပေ၏။ထို့ကြောင့်လည်း သူက ချူယောင်ဟွာနှင့်ဆယ့်သုံးတို့ကိုပါ စေလွှတ်ခဲ့ခြင်း ဖြစ်၏။သူက သူတို့နှစ်ယောက်ကို ရတနာများပေး၍ ကျန်မျိုးနွယ်စုဝင်များကို ဦးဆောင်စေကာ ကျန်နေသေးသော အခြားမျိုးနွယ်စုသုံးခုကို တိုက်ခိုက်သိမ်းယူရန် အချိန်သုံးလ ပေးထားခဲ့သည်။

သူက ထိုအချိန်သုံးလအတွင်း တောင်ကြားထဲတွင်သာ ကုန်ဆုံးစေ၍ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို အမှတ်အသား ဆက်လက်ခပ်နှိပ်ကာ နေသည်။သူက ကျန်သည့်အချိန်တွင် အတားအဆီးအလံကို ပြန်ပြုပြင်ရာ၌ အသုံးပြု၏။

သုံးလဆိုသည့် အချိန်ကာလက မြန်ဆန်စွာ ကုန်ဆုံးလို့သွား၏။ဝမ်လင်း ဆယ့်သုံးနှင့်ချူယောင်ဟွာတို့ကို ပေးခဲ့သော ရတနာများကြောင့် သူတို့သည် အခြားမျိုးနွယ်စုသုံးခုကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြ၏။သည့်နောက် ထိုအခြားမျိုးနွယ်စုဝင်သစ်များကို မှတ်ဉာဏ်ဖျက်စီးခြင်း အရည်ကို သောက်သုံးစေ၍ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များ ဖြစ်လာစေခဲ့ပေသည်။

ထိုမျိုးနွယ်စုအဖွဲ့ဝင် အသစ်များကို စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို ကျင့်ကြံစေ၏။ဝမ်လင်းက စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူကာ လှုပ်ယမ်းလိုက်၏။ထိုအခါ စိတ်ဝိညာဉ်အပိုင်းအစများစွာသည် ပျံသန်းထွက်လာကြသည်။ဝမ်လင်း ထိန်းချုပ်မှုအောက်၌ စိတ်ဝိညာဉ်အပိုင်းအစများသည် မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်များထံသို့ ပျံသန်းသွားကြ၏။သို့သော် ထိုစိတ်ဝိညာဉ်အပိုင်းအစများက သူတို့ကို အန္တရာယ်မဖြစ်စေခဲ့သည့်အပြင် အတူယှဉ်တွဲနေထိုင်ကြ၏။

ထို့နောက် ဝမ်လင်းက သူ့သတ်ဖြတ်ခြင်းစွမ်းအင်ကို ဖြန့်ကျက်ကာ ထိုလူများထဲသို့ ယင်းစွမ်းအင်ကို ပေါင်းစည်းစေသည်။ထိုသို့ ပြုလုပ်ပြီးသည့်နောက် နောက်ထပ် လူသုံးထောင်သည် မီးနတ်ဆိုးနိုင်ငံစစ်ပွဲသို့ ဒုတိယအသုတ်အဖြစ် စေလွှတ်ခြင်း ခံလိုက်ရသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်း၌ လူများစွာ ကျန်ရှိနေတုန်းသာ။ ဝမ်လင်းက မဟာတည်နေရာရွှေ့ပြောင်းခြင်း မန္တာန်ကို အကြိမ်များစွာ အသုံးပြု၍ သည်မြက်ရိုင်းလွင်ပြင်မှ လူများကို နေရာရွှေ့ပေးခဲ့၏။သူ ခေါ်ဆောင်သွားသည့်နေရာက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ် နေထိုင်ခဲ့သော ရှေးဟောင်းတိုက်ပွဲနယ်မြေပင် ဖြစ်ချေသည်။

ဝမ်လင်းက နတ်ဆိုးမျှော်စင် ရှိခဲ့သော နေရာ၌ မန္တာန်တစ်ခုကို အသုံးပြုကာ မျှော်စင်ခပ်မြင့်မြင့်တစ်ခုကို တည်ဆောက်ခဲ့၏။သည့်နောက် သူက ထိုမျှော်စင်အတွင်း၌ ကြာပွင့်သဏ္ဌာန်ထိုင်နေသည်။မျိုးနွယ်စုဝင်များအတွက်တော့ သည်နေရာတွင် ဘဝသစ်တစ်ခု စတင်ခဲ့ပြီ ဖြစ်၏။

ရိုးစင်းသော အိမ်များစွာကို တည်ဆောက်ခဲ့ကြကာ သိပ်မကြာခင်တွင် မျိုးနွယ်စုဝင်အသစ်တစ်ခုသည် သည်နေရာတွင် ပေါ်ထွက်လာခဲ့တော့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဆယ်နှစ်တာ ကုန်ဆုံးသုံးခဲ့ပြန်လေပြီ။

ဝမ်လင်းက ဆယ်နှစ်လုံးလုံး မျှော်စင်ထဲကနေ ခြေတစ်ဖဝါးမှ မခွာခဲ့ချေ။

ကောင်းကင်နတ်ဆိုးနိုင်ငံ၏ စစ်တပ်ကြီးသုံးခုက မီးနတ်ဆိုးနိုင်ငံသို သွားသည့်လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခဲ့ကြပြီးနောက် မီးနတ်ဆိုးနိုင်ငံသည် ထိုစစ်တပ်များနှင့် ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ကြပေ၏။သူတို့ကလည်း တန်ပြန် တိုက်စစ်ဆင်လာသဖြင့် အတောမသပ်နိုင်သောသတ်ပွဲဖြတ်ပွဲများက တိုက်ပွဲနယ်မြေအနှံ့တွင် စတင်ခဲ့တော့သည်။

ဆယ်နှစ်ဆိုသော အချိန်ကာလက စစ်ပွဲတစ်ပွဲ အစပြုရုံသာ ရှိ၏။

သည်ဆယ်နှစ်အတွင်း ဝမ်လင်း၏ သတ်ဖြတ်ခြင်းစွမ်းအင်များနှင့် ပေါင်းစပ်ပေးထားသော စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များသည် စစ်ပွဲထဲသို့ တစ်သုတ်ပြီးတစ်သုတ် ပါဝင်ခဲ့ကြ၏။တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုသည် ဆက်လက်ကြီးထားလာခဲ့တော့သည်။ခုချိန်၌ မီးနတ်ဆိုးနိုင်ငံရှိ တောတွင်းနေမျိုးနွယ်စုများသည် သူတို့၏ ပစ်မှတ်များ ဖြစ်လာကြ၏။

ဝမ်လင်းသည် မီးနတ်ဆိုးနိုင်ငံနှင့် တိုက်ပွဲကို မေ့လျော့နေသလားပင် ထင်မှတ်ရ၏။သူက ဆယ်နှစ်လုံးလုံး မျှော်စင်ထဲတွင်သာ ကျင့်ကြံနေခဲ့ကာ နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ကို အမှတ်အသား ဆက်လက် ခပ်နှိပ်နေခဲ့၏။သူက ကြိုတင်ပြင်ဆင်နေခြင်းသာ။ သူက နှစ်တစ်ရာဆိုသော အချိန်အကန့်အသတ်မရောက်ခင် သန်မာသထက်သန်မာလာအောင် ကြိုတင်ပြင်ဆင်နေခြင်းသာ ဖြစ်၏။ထိုနည်းလမ်းကသာ သူနှင့်ရှေးဟောင်းနတ်ဆိုးတို့ကြား သဘောတူညီချက်ကို သူ့ဘက်က ပြည့်စုံအောင် လုပ်နိုင်ပေလိမ့်မည်။

သည်ဆယ်နှစ်တာအတွင်း အဆက်မပြတ် ကျင့်ကြံမှုကြောင့် ဝမ်လင်း၏ အာဏာတက်ခြင်းအစောပိုင်းအဆင့်သည်လည်း ပိုမို အခြေခိုင်လာခဲ့သည်။

သူက သူပို့လွှတ်ခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင် အချို့သည် ပျောက်ကွယ်သွားသည်ကို ခံစားမိသော်လည်း ပိုများသည် သတ်ဖြတ်ခြင်းစွမ်းအင်များ တစ်နေ့ပြီးတစ်နေ့ တိုးလာသည်ကိုလည်း ခံစားမိပေ၏။သတ်ဖြတ်ခြင်းစွမ်းအင်နှင့် မျိုးနွယ်စုဝင်များအတွက် သူတို့က ပိုသတ်လေလေ သူတို့၏ သတ်ဖြတ်ခြင်းစွမ်းအင်က ပိုသန်မာလာလေ ဖြစ်ပေလိမ့်မည်။ထိုအရာက သူတို့ကိုလည်း ပိုလုံခြုံစေသလို ပို၍လည်း သန်မာလာစေမည် ဖြစ်၏။

ယနေ့ထိဆိုလျှင် သူစေလွှတ်ခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင်နှင့် မျိုးနွယ်စုဝင် တစ်သိန်းထိ ရှိလာခဲ့ပေပြီ။သည် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သိန်းက တစ်နေ့ပြီးတစ်နေ့ ပိုပို တိုးပွားကာ သန်မာအားကောင်းလာနေ၏။

“သတ်ဖြတ်ခြင်းစွမ်းအင်ကို အထောက်အပံဖြစ်စေရန် သတ်ဖြတ်ခြင်းကို အသုံးပြုခြင်း။ ငါက ဒီစစ်ပွဲပြီးသွားရင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း ဘယ်လောက်များများ ဖန်တီးနိုင်မလဲ သိမြင်ချင်နေမိပြီ…”

မျှော်စင်အတွင်း၌ ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးများက လျှပ်စီးတန်းကဲ့သို့ တောက်ပနေကာ မျှော်စင်ထဲမှ ပြင်းထန်သောအားတစ်ခုက ပျံ့နှံ့ကာ နေသည်။

မျှော်စင်ပတ်လည်ရှိ ငါးကီလိုမီတာ ဧရိယာ၌ မည်သည့်အရာမှ ရှိမနေချေ။ထိုဧရိယာအလွန်တွင်တော့ အဆုံးမသပ်နိုင်သည့် အဆောက်အဦများစွာ ရှိလို့နေသည်။အကွအဝေးတစ်ခုမှ ကြည့်ပါက ထိုအဆောက်အဦများသည် ကီလိုမီတာ ရာနှင့်ချီသည့်အထိ ဆန့်ထွက် တည်ရှိနေသည်ကို တွေ့ရပေမည်။

သည်အရာက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် အသစ်ပင် ဖြစ်ချေတော့၏။

မျိုးနွယ်စုဝင်များက လတိုင်းလတိုင်း မီးနတ်ဆိုးနိုင်ငံမှ မျိုးနွယ်စုဝင် သုံ့ပန်းများကို ဖမ်းဆီး၍ ပြန်လာတက်ကြ၏။ထို့ကြောင့် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်သည် ကြီးမားသထက် ကြီးမားလာနေခဲ့တော့သည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ယောင်ရှင်းရွှယ်ကို ချိပ်ပိတ်ထားသော အတားအဆီးအလုံးက ပျံသန်းထွက်လာ၏။သူက ညာလက်ဖြင့် ညှစ်ချေလိုက်ရာ ထိုအလုံးသည် ကွဲကြေသွား၏။သည့်နောက် ယောင်ရှင်းရွှယ်၏ပုံရိပ်သည် မျှော်စင်ထဲ၌ ပေါ်ထွက်လာတော့သည်။

ဝမ်လင်းအသွင်က မထူးခြားနားပင်။သူက ဖြည်းဖြည်းချင်း မေးလိုက်၏။ “နင် ဆုံးဖြတ်ချက် ချပြီးပြီလား…”

ယောင်ရှင်းရွှယ်က ခုချိန်၌ အဝတ်မဲ့ မနေတော့ပေ။သူမက အပြာရောင်ဝတ်စုံတစ်ခုကို ဆင်မြန်းထား၏။သူမ ပေါ်ထွက်လာပြီးနောက် သူမ၏ လှပသောမျက်လုံးများဖြင့် ဝမ်လင်းထံသို့ စူးစိုက်ကြည့်ကာ အံတင်းတင်းကြိတ်၍ ပြောလာသည်။ “နင် ဘာတွေ တွေးနေတာလဲ။ပြီးခဲ့တဲ့ ဆယ်နှစ်ထဲက ငါ နင့်ကို အရာအားလုံးပြောပြခဲ့ပြီးပြီး…။နင်က ဘာတွေများ ထပ် လိုချင်နေတာလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset