တစ်သန်းနတ်ဆိုးတောင်ကို ဖြတ်ကျော်လာပြီးသည့်နောက် အေးစက်စက်နှာခေါင်းရှုံ့သံထွက်ပေါ်လာသည့် ရင်းမြစ်နေရာသည် ဝမ်လင်းအတွက် ပိုထင်ရှားလာ၏။နေ့ရက်များစွာ ကြာပြီးနောက် အဆုံးမဲ့အပျက်အစီးနယ်မြေတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုနေရာတစ်ခုလုံးက မရေမတွက်နိုင်သော အကျိုးအပဲ့အပျက်အစီးများနှင့် ဖုံးလွှမ်းနေသည်။မြေပြင်က အက်ကွဲနေကာ လေအဝှေ့တွင် အနံ့အသက်ဆိုးများ လွင့်ပျံ့လာ၏။
ဝမ်လင်းမျက်လုံးက နီရဲလို့နေ၏။ခုချိန်၌ ဝမ်လင်းစိတ်ထဲတွင် သတ်ဖြတ်ခြင်း တစ်ခုသာ ရှိနေသည်။
သူက အလင်းတန်းအလား အပျက်အစီးနယ်မြေတစ်ခုသို့ တိုက်ရိုက် ပျံသွားသွားသည်။
ထိုအခိုက်အတန့်၌ သူ့အောက်ဘက် မြေပြင်မှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ထိုအသံနှင့်အတူ အဝါရောင်မြေကြီးဖြင့် ပြုလုပ်ထားသည့် ဆူးချွန်တစ်ခုသည် လေထုကိုဖြတ်ကာ ဝမ်းလင်းထံသို့ တိုးဝင်လာခဲ့သည်။
ထိုဆူးချွန်များက မရေမတွက်နိုင်အောင် ဆက်တိုက် ထွက်ပေါ်လာနေသည်။ထိုအရာများက လေထဲကို ဖြတ်သန်းကာ အပ်ချောင်းများကဲ့သို့ တိုးဝင်လာနေခြင်းပင်။မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် ထိုဆူးချွန်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းနတ်ဘုရားအာရုံက အလွန်အမင်းအာရုံခံနိုင်စွမ်း မြင့်မားနေ၏။သူကနောက်သို့ ဆုတ်ရမည့်အစား သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်ကို ဝဲကတော့တစ်ခုလို ဖြစ်စေလိုက်သည်။သည်ဝဲကတော့၏ စွမ်းအားအောက်၌ ဆူးချွန်များအားလုံးသည် ကွဲကြေပျက်စီးသွားရသည်။
မြေပြင်ထက်ကနေ အနက်ရောင်ပုံရိပ်တစ်ခုက ခုန်ထွက်လာကာ ဆူးချွန်များထဲက တစ်ခုအပေါ်သို့ ခြေချလာ၏။သည်လူက အရိုးပေါ်အရည်တင်ကာ တစ်ကိုယ်လုံး နက်မှောင်နေသည်။သူက ဘေးဘက်ထောက်အနေအထားကနေ ဝမ်လင်းကို ခေါင်းမော့ကြည့်၍ နှုတ်ခမ်းသပ်လိုက်သည်။
ဝမ်လင်းက ရှေ့သို့ တစ်လှမ်းတိုးကာ သူ့ညာလက်မဖြင့် ဖိချလိုက်၏။မရဏလက်ချောင်းက ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ထိုပိန်ပါးသောအဘိုးအိုထံသို့ တိုးဝင်သွားသည်။
အဘိုးအိုက ပြုံးဖြဲဖြဲလုပ်လိုက်၏။သည်အပြုံးပင် နက်မှောင်နေချေသည်။မရဏလက်ချောင်းနှင့် ရင်ဆိုင်ရချိန်၌ သူက ရှောင်ဖယ်ခြင်း မပြုသည့်အပြင် ထိုအစား ရုတ်တရက် ပါးစဟလိုက်၏။သည်အခိုက်၌ သူ့နောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။သည်ပုံရိပ်ယောင်က ပေတစ်ရာလောက် ရှည်ကာ ပိုးအိမ်တစ်ခုနှင့်တူ၍ အနာပြည်တည်ဖုများလည်း ၎င်းပေါ်၌ ရှိလို့နေသည်။
ထိုအဘိုးအို ပါးစပ်ဟလိုက်သည့်အခါတွင် သူ့နောက်ရှိ ပုံရိပ်ယောင်ပိုးအိမ်ကလည်း ၎င်းပါးစပ်ကြီးကို ဟလာ၏။သူက မရဏလက်ချောင်း၏ အနက်ရောင်အလင်းကို ပါးစပ်ဖြင့် စုပ်ယူကာ ဝါးမြိုပစ်လိုက်သည်။
သူဝါးမြိုလိုက်သည့်အခိုက်၌ သူ့နောက်ရှိ ပုံရိပ်ယောင်ပိုးအိမ်သည်လည်း မရဏလက်ချောင်းကို လိုက်ပါဝါးမြိုသည်။ထိုအခါ ၎င်းပိုးအိမ်ပေါ်ရှိ အနာပြည်တည်ဖုများသည် ဖောင်းကြွလာကာ ညစ်စုတ်စုတ်အနံဆိုးနှင့်အရည်များကို ထုတ်လွှတ်လာတော့သည်။
အဘိုးအိုက သူ့အရိုးပေါ်အရေတင်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ထိုအရည်များကို သူ့လက်ထဲ၌ ပြည်အလုံးတစ်ခုအဖြစ် သိပ်သည်းစေလိုက်သည်။
သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရာမှ ပထမဆုံးအကြိမ်အဖြစ် စကားဆိုလာသည်။ “ကောင်လေး…မင်းမန္တာန်က တော်တော်လေး အရသာ ရှိတာပဲ။ဒါ့ကြောင့် ငါ့ကိုလည်း မင်းအတွက် လက်ဆောင်တစ်ခု ပြန်ပေးခွင့်ပြု…” ထိုသို့ပြောပြီးသည့်နောက် သူက လက်ထဲရှိ ထိုပြည်အလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုပြည်အလုံးက အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း မြေပေါ်သို့ ကျရောက်သွား၏။၎င်းက ပေါက်ကွဲထွက်သွားသည့်အခါ ပြည်များကို ထုတ်လွှတ်ကာ မြေပြင်နှင့် ပေါင်းစပ်သွားစေသည်။
ချက်ခြင်းပင် ပေတစ်သောင်းအတွင်းရှိ မြေပြင်က စတင်တုန်ခါလာသည်။ သိပ်မကြာခင်တွင် မြေကြီးထဲမှ ပြည်ဖုများစွာ ထွက်ပေါ်လာပြီး စက်ဝန်းတစ်ခုလို ဖြစ်ပေါ်သွား၏။ပြည်အလွှာက မြန်ဆန်စွ မြင့်တက်လာပြီးနောက် အားကောင်းသောနံရံတစ်ခုကို ဖန်တီးလိုက်သည်။
အဘိုးအိုက လျှာသပ်ကာ ထိုပြည်ဖုထဲသို့ ဖျပ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွား၏။သူက ပျောက်ကွယ်သွားပြီးပြီးချင်း ပြည်ဖုနံရံသည် အရပ်မျက်နှာအနှံ့ကနေ စတင် ဝိုင်းပတ်လာသည်။
ပြည်ဖုနံရံက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွား၏။၎င်းက တဖြည်းဖြည်းဖြင့် ဧရာမပြည်ဖုစက်ဝန်းကြီးတစ်ခုလို ဖြစ်တည်လာ၏။
အဘိုးအိုက ထိုပြည်ဖုစက်ဝန်းအပြင်ဘက်၌ ပေါ်လာ၏။သူက ထိုစက်ဝန်းကို ကြည့်ကာ အသံဆိုးနှင့် ပြောလိုက်၏။ “လေပြင်းသံစဉ်…ဒီနေရာမှာ နင့်အကူအညီ မလိုဘူး။ နင် ပြန်သွားနိုင်တယ်…။ကျင့်ကြံသူတစ်ယောက်ကများ သူက ဒီနေရကို ဆန္ဒရှိသလို လာလုပ်ဝံ့နေတယ်။သူက ငါ့ ကောင်းကင်ပြည်ဖုနဲ့ မြေကြီးအနာတို့ အောက်မှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး…”
အေးစက်စက်လေပြင်း တိုက်ခတ်သွားခြင်းနှင့်အတူ အဘိုးအို၏ ပေတစ်ရာအကွာ၌ မျက်နှပေါ်တွင် တက်တူးများရှိနေသော အမျိုးသမီးသည် ပေါ်ထွက်လာခဲ့သည်။သူမက ပြည်ဖုစက်ဝန်း တဖြည်းဖြည်းကျံ့လာကာ ပေတစ်ရာလောက်သာ ကျန်တော့သည်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ဒီလူက လွယ်လွယ်သာ သက်လို့ရမယ်ဆိုရင် ဆရာက ငါ့တို့ကို ဒီလို လွှတ်စရာ လိုမှာ မဟုတ်ဘူး…”
“အို…။ငါက ဒီကျင့်ကြံသူလေး ငါ့ကောင်းကင်ပြည်ဖုနဲ့မြေကြီးအနာကြားကနေ ဘယ်လိုများ လွတ်မြောက်အောင်လုပ်မလဲ ကြည့်ချင်နေမိပြီ…” ပိန်ပါးပါးအဘိုးအိုက ပြုံးလိုက်၏။သို့သော် သူ့အပြုံးက ချက်ခြင်း တောင့်တင်းသွား၏။
ပြည်ဖုစက်ဝန်းက ပေသုံးဆယ်လောက်ထိ ကျုံ့သွားပြီးနောက် ၎င်းက ရပ်တန့်ကာ ဆက်လက်ကျုံ့သွားခြင်း မရှိတော့ပေ။အားကောင်းသော တိုက်ပွဲနှင့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့သည် ပြည်ဖုစက်ဝိုင်းထဲကနေ ဖောက်ထွက်လာသည်။
ပြည်ဖုစက်ဝန်းကို ဖောက်ထွက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပတ်ဝန်းကျင်ရှိ အပူချိန်ကိုပင် လျော့ကျသွားစေကာ လေအေးများကို ဖန်တီးလာသည်။
သည်စိတ်ဆန္ဒကြောင့် ပိန်ပါးပါး အဘိုးအိုသည် မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။
သည်အခိုက်အတန့်၌ ပြည်ဖုစက်ဝိုင်းတွင်းမှ ခပ်အုတ်အုတ်အသံတစ်ခု ထွက်ပေါ်လာသည်။သိပ်မကြာခင်တွင် ဓားစွမ်းအင်တန်းတစ်ခုက ထိုပြည်ဖုစက်ဝန်းကို နှစ်ခြမ်းကွဲသွားစေပြီး ထိုးထွက်လာ၏။
သည်ဓားစွမ်းအင်က မွန်းစတားဆန်လှ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ကောင်းကင်ထက်၌ ဓားစွမ်းအင်များကို ပြည့်နှက်သွားစေသည်။
ကောင်းကင်ဘုံဓားဘေးနား၌ နောက်ထပ်ဓားတစ်လက်ပါ ထွက်ပေါ်လာသည်။ထိုဓားက ရတနာဓားတစ်လက်ပင်။ထိုဓားပေါ်၌ မှုန်ဖျဖျ မကောင်းဆိုးဝါးသိုးထီးစိတ်ဝိညာဉ်တစ်ခု ရှိနေသည်။ထို့အပြင် ထိုဓားနှစ်လက်ဘေး၌ လခြမ်းကွေးဓားသွားပါ ထွက်ပေါ်လာ၏။လခြမ်းကွေးဓားသွားက ဓားသွားတေးသံကို ထုတ်လွှတ်ကာ အေးစက်စက်အော်ရာကို ပေးစွမ်းနေသည်။
သည်ဓားသုံးလက်နောက်၌ ဝမ်လင်းက လိုက်ပါလာ၏။သူက ပြည်ဖုစက်ဝန်းထဲက တစ်လှမ်းချင်းလှမ်းထွက်လာနေသည်။သူ့မျက်လုံးက နီရဲတောက်နေကာ မျက်လုံးထဲရှိ တိုက်ပွဲနှင့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ထူးဆန်းသောအလင်းတစ်ခု အဖြစ် ပေါင်းစပ်သွားလေသည်။
ပိန်ပါးပါးအဘိုးအိုက နှလုံးတုန်ယင်သွားသည်။ “ဒီလူ့အကြည့်က ကြောက်မက်ဖွယ် ကောင်းလိုက်တာ…”
ဝမ်လင်းက ခြေလှမ်းလာစဉ်၌ သူ့ရှေ့ရှိ လက်နက်သုံးခုက အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲကာ အဘိုးအိုနှင့်အမျိုးသမီးထံသို့ တိုးဝင်သွားချေသည်။
အမျိုးသမီးအသွင်က သုန်မှုန်သွားကာ သူက နောက်သို့ ချက်ခြင်းဆုတ်၍ ပျောက်ကွယ်သွား၏။လခြမ်းကွေးဓားသွားသည်လည်း ရုတ်တရက် ဓားသွားတေးသံကို ထုတ်၍ လိုက်ပါပျောက်ကွယ်သွား၏။
တကျွိကျွိအသံနှင့် သတ္တုချင်း ထိခိုက်သံများက သည်ဧရိယာတွင် ထွက်ပေါ်လာတော့၏။
အဘိုးအို၏ မျက်လုံးက အေးစက်လာ၏။သူက သူ့ရှေ့ရှိလက်နက်သုံးကို ကြည့်ပင် မကြည့်ဘဲ ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အော်ပြောလိုက်သည်။ “မြေကြီးအနာ…”
အဘိုးအိုပတ်လည်ရှိ ပေတစ်သောင်းအတွင်း မြေပြင်သည် စတင်တုန်ခါလာ၏။မြေပြင်က တုန်ခါနေရင်း အလင်းကွင်းများက ပေါ်ထွက်လာကာ လျင်မြန်စွာ စတင်ချဲ့ထွင်လာ၏။သည်အလင်းကွင်းများက မျက်နှာပေါ်တွင် ဖြစ်တက်သည့် အနာများနှင့် ဆင်တူလှ၏။
အဘိုးအိုက အော်ပြောလိုက်သည်။ “ပေါက်ကွဲစမ်း…” သည်အခိုက်အတန့်၌ သူ့စွမ်းအင်က မြင့်တက်သွားကာ မြေပြင်မှ ပေါ်ထွက်လာသည့် အနာများသည် ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။
ထို့နောက် ကောင်းကင်ဘုံဓားထဲမှ ရှုလီကော၏ ကျိန်ဆဲသံထွက်ပေါ်လာ၏။ရှုလီကောက ကောင်းကင်ဘုံဓားကို ထိန်းချုပ်ကာ အဘိုးအိုအား တိုက်ရိုက် တိုက်ခိုက်လိုက်၏။အဘိုးအိုက စိတ်မရှည်သည့်အသွင် ဖြစ်ပေါ်သွားကာ သူ့လက်ကို ဆန့်တန်း၍ ကောင်းကင်ဘုံဓားအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
သူ့အမြင်တွင် သည်ဓားက ဖမ်းဆုပ်ရန် ခက်ခဲခြင်းမရှိပေ။
ရှုလီကောက အဘိုးအိုသည် ကောင်းကင်ဘုံဓားကို ဖမ်းဆုပ်ရန် ဟန်ပြင်လာသည်ကို တွေ့သည့်အခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။သူက ရှောင်လိုက်ခြင်း မပြုသည့်အပြင် အရှိန်ပင်နှေးချလိုက်ကာ အဘိုးအိုအား စောင့်ဆိုင်းလိုက်၏။
“ဒါ…ဒါက ဘယ်လိုဓားမျိုးလဲဟ…” အဘိုးအိုက တုန်လှုပ်သွားကာ နောက်သို့ အမြန်ပြတ်ဆုတ်လိုက်၏။သို့ရာတွင် ကောင်းကင်ဘုံဓားက သူ့အား အလွတ်မပေးချေ။မကောင်းဆိုးဝါးသိုးထီးစိတ်ဝိညာဉ်နှင့် ဓားကလည်း အဘိုးအို၏ နောက်ကျောသို့ တိုက်ခိုက်လာ၏။
မြေကြီးပေါ်မှ အနာများ ပေါက်ကွဲထွက်သွားပြီးနောက် ပေတစ်ရာရှည်လျားသည့် ပြည်ဖုနံရံတစ်ခုက ပေါ်ထွက်လာကာ လှိုင်းတွန့်များကို လွင့်ပျံ့စေလာသည်။ဝမ်လင်းကတော့ လေထဲ၌ လွင့်လို့နေ၏။သူက ဓားနှစ်လက်နှင့် ဗျာများနေသော အဘိုးအိုထံသို့ ခြေတစ်လှမ်းတိုးဝင်လာသည်။
အဘိုးအိုက ဒေါသတကြီး မာန်သွင်းကာ သူ့မန္တာန်ကိုအသုံးပြု၍ နောက်ထပ် ပုံရိပ်ယောင်ပိုးအိမ်တစ်ခုကို ဆင့်ခေါ်လိုက်ပြန်၏။ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက လေဟာနယ်ကို ချိုးဖျက်ကာ အဘိုးအိုအထပ်သို့ ရောက်ရှိလာသည်။သူက ပုံရိပ်ယောင်ပိုးအိမ်ကို စူးစိုက်ကြည့်ကာ သူ့ညာလက်ကို ဆန့်တန်းလိုက်၏။သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ ထိုးတက်သွားကာ ထိုပုံရိပ်ယောင်အား တူးဆွသွား၏။
သည့်နောက် ဝမ်လင်းသည် သူ့ညာလက်ကို ပြန်ဆွဲယူလိုက်သည်။လေထု စုတ်ပြဲသွားသံတစ်ခု ကြားလိုက်ရပြီး အဘိုးအိုနောက်ရှိ ပုံရိပ်ယောင်ပိုးအိမ်သည် ဆုတ်ဖြဲခြင်း ခံလိုက်ရ၏။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပိုးအိမ်ကို သူ့နောက်သို့ ပစ်ထည့်လိုက်၏။
သည့်နောက် သူ့ညာလက်က ကြမ်းကြုတ်စွာ ဆန့်တန်းလာချေ၏။
ပိုးအိမ်က လေထဲကို ဖြတ်သန်းသွားရင်း ပေါက်ကွဲထွက်သွား၏။ထိုအခါ ပြည်ဖုများစွာက လွင့်စင်လာကာ လေဟာနယ်ထဲ၌ ခပ်အုတ်အုတ်ငြီးတွားသံတစ်ခုကို ကြားလိုက်ရချေသည်။လေပြင်းသံစဉ်၏ ခန္ဓာကိုယ်သည်လည်း ထိုပိုးအိမ်ပေါက်ကွဲသွားသော နေရာ၌ ပြန်ပေါ်လာခဲ့၏။သူမမျက်နှာက ဖြူရောနေ၏။သူမ မျက်လုံးများက ပို၍ပင် သုန်မှုန်လာခဲ့သည်။
သူမနောက်သို့ နီးကပ်စွာ လိုက်ပါလာသော လခြမ်းကွေးဓားသွားက သူမအား ထိုးစိုက်လာ၏။လေပြင်းသံစဉ်သည် သူမညာလက်ကို ဝှေ့ယမ်းကာ လခြမ်းကွေးဓားသွားအား နောက်သို့ တွန်းထုတ်လိုက်သည်။သို့သော် သူမကိုယ်တိုင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။
သူမက လခြမ်းကွေးဓားသွားနှင့် တိုက်ခိုက်နေစဉ် ထိုပိုးအိမ်ပေါက်ကွဲမှုကြောင့် ပြန်ပေါ်ထွက်ရခြင်း ဖြစ်၏။
ပိုးအိမ်က ပျက်စီးသွားသည့်အခါ အဘိုးအိုသည် သွေးအန်ထုတ်လိုက်ရ၏။သူက မယုံကြည်နိုင်ဟန် ဖြစ်နေသည်။သည်အခိုက်မှာပင် ဝမ်လင်း၏ညာဘက်လက်မက နောက်တစ်ဖန် သက်ဆင်းလာကာ မရဏလက်ချောင်းက နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့တော့သည်။
သည်တစ်ကြမ်၌ အနက်ရောင်အလင်းက အရူးအမူး တိုးဝင်သွား၏။သည်အနက်ရောင်အလင်းက မြန်ဆန်လွန်းလှသဖြင့် အဘိုးအိုနားသို့ ချက်ခြင်းလိုလို နီးကပ်သွား၏။အဘိုးအိုက အလွန်အမင်း ကြောက်လန့်သွားကာ သူ့ပါးစပ်ကိုဟကာ ထိုအနက်ရောင်အလင်းအား ဝါးမြိုလိုက်၏။သူက အနက်ရောင်အလင်းကို ဝါးမြိုလိုက်သော်လည်း ၎င်းက ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် သူ့ပါးစပ်အား ထွင်းဖောက်သွား၏။
ထိုအခိုက်အတန့်၌ လေပြင်းသံစဉ်သည် သူမလက်ထဲရှိ ဓားမြှောင့်ကို ပစ်ပေါက်လိုက်၏။ထိုဓားမြှောင်က လခြမ်းကွေးဓားသွားနှင့် စတင်တိုက်ခိုက်ကြတော့သည်။ထို့နောက် သူမက အေးစက်စက်လေပြေတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ သူမနောက်တွင် ရှိနေသော ဝမ်လင်းထံသို့ တိုးဝင်သွားသည်။
ထိုလေပြေက အလွန်မြန်၏။သူမက ဝမ်လင်းနားသို့ ချက်ခြင်းလိုလို ရောက်ရှိသွား၏။
ဝမ်လင်းက ခေါင်းပင် လှည့်မကြည့်ဘဲ သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ကျာပွတ်ကိုသာ ထုတ်ယူလိုက်၏။ထိုကျာပွတ်ကာ နက်မှောင်ကာ စိတ်ဝိညာဉ်ကို တုန်ခါစေသော အော်ရာကို ပေးစွမ်းနေသည်။
လေပြင်းသံစဉ်နီးကပ်လာသည့်အခါတွင် စိတ်ဝိညာဉ်ကျာပွတ်က ရုတ်တရက် လှုပ်ရှားသွား၏။ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေပြင်းသံစဉ်၏ အထိတ်တလန့်ငြီးတွားသံတစ်ခု ထွက်ပေါ်လာ၏။သူမက လေဟာနယ်ထဲကနင် စောင့်တွန်းထုတ်ခံရကာ သူမမျက်နှာပေါ်၌ အနီရောင်ကျာပွတ်ရာတစ်ခု ထင်ရစ်သွားချေသည်။ပထမဆုံးအကြမ်အဖြစ် သူမမျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ထွက်ပေါ်လာ၏။ခုချိန်တွင် သူမက သတ်ဖြတ်လိုစိတ် မရှိတော့ဘဲ ဖြစ်နိုင်သမျှ ပြန်ဆုတ်ခွာချင်နေသည်။
ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးကြောင့် အချိန်အတန်ကြောင့် အသိစိတ် ပျောက်နေပေ၏။ထို့ကြောင့် သူက အရာအားလုံးကို ပင်ကိုယ်သိစိတ်၊အလိုလို သိစိတ်ဖြင့်သာ လှုပ်ရှားနေခြင်းပင်။လေပြင်းသံစဉ်က နောက်သို့ အမြန်ဆုတ်သွား၏။လခြမ်းကွေးဓားသွားနှင့် ယှဉ်နိုင်လောက်အောင် သူမက မြန်ဆန်လွန်းလှ၏။
စဉ်းစားနေခြင်းမပြုဘဲ ဝမ်လင်း၏ လက်ဝါးသည် ပေါ်ထွက်လာပြန်၏။ကြီးမားသည် လက်ဝါးရာကြီးက သူ့ရှေ့တွင် ပေါ်လာသည်။
ထိုလက်ဝါးရာအတွင်း ဝမ်လင်း၏ သတ်ဖြတ်ခြင်းစွမ်းအင်များက ရွှေ့လျားနေ၏။
လက်ဝါးရာက အံ့မခန်းနှုန်းဖြင့် ရွှေ့လျားသွားကာ လေပြင်းသံစဉ်နောက်သို့ လိုက်ပါသွား၏။သည်လက်ဝါးရာက လေပြင်းသံစဉ်နောက်ဆုတ်နေစဉ်မှာပင် သူမအား ဖြတ်ကျော်သွား၏။ထိုလက်ဝါးထဲရှိ သတ်ဖြတ်ခြင်းစွမ်းအင်များက သူမခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ သူမအား ပေါက်ကွဲသွားစေ၏။
ခုချိန်၌ ဝမ်လင်း၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။သူက အကွာအဝေးတစ်ခုထံသို့ ဆက်သွားလေသည်။သူ့ရှေ့တွင်တော့ လက်နက်သုံးခု ရှိနေ၏။
မြေပြင်တွင်တော့ အသွေးအသားပုံ တစ်ခုရှိနေကာ ထိုခြောက်သွေ့သွားသော အဘိုးအိုထံမှ သေဆုံးခြင်းအော်ရာကို ပေးစွမ်းနေလေတော့သည်။
***