နယ်ပယ်နှင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ၏ ပေါင်းစပ်မှုသည် လောင်ကျွမ်းဖြစ်စဉ်တစ်ခုပင်။ကောင်းကင်ဘုံစိတ်ဝိညာဉ်များက လောင်စာသဘောကို ဆောင်၏။နယ်ပယ်က ထိုမီးတောက်လောင်စာကို သန့်စင်ကာ အာဏာတက်ခြင်းသလင်းကျောက် အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။
အာဏာတက်ခြင်းသလင်းကျောက် ဖြစ်ပေါ်လာသည့်အခါတွင် သင်က နတ္တိသဘောဆောင်မည်ကို ခံစားရမည် ဖြစ်ကာ သင့်စိတ်ဝိညာဉ်က ကောင်းကင်နှင့်မြေကြီးကြားတွင် လျှောက်လှမ်းသွားနေသလိုကိုပါ ခံစားရမည် ဖြစ်၏။သည်ခံစားချက်က လုံးဝရှားပါးလွန်း၏။ထိုအရာကို အာဏာတက်ခြင်းဉာဏ်အလင်းဟု ခေါ်တွင်၏။
ပုံမှန်အားဖြင့် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် ကျင့်ကြံသူများ ပထမဆုံးလုပ်မည့်အရာက ထိုနားလည်မှုဉာဏ်အလင်းဖြစ်ပေါ်နေသည့်အခိုက် သူတို့၏ စိတ်ဝိညာဉ်အပိုင်းအစများကို ကျင့်ကြံခြင်းသလင်းကျောက်ထဲသို့ ဆွဲယူခြင်း ဖြစ်သည်။သည်လိုလုပ်နိုင်ရန် ငါးဆယ်ရာခိုင်နှုန်းသာ အောင်မြင်ရန် ရှိသော်လည်း သူတို့က ကြိုးစားကြမည်သာ ဖြစ်၏။
ဝမ်လင်းက သူ့စိတ်ဝိညာဉ်အပိုင်းအစများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်၏။ထို့ကြောင့် သူက ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ချေ။ခုချိန်၌ သူ့သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများက သူ့ပတ်လည်တွင် ဝန်းရံထားခဲ့ပြီး ဖြစ်၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမဏာများစွာက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ သူ့ဒွာရပေါက်များမှ တစ်ဆင့် တိုးတင်လာနေကာ သူ့သွေးကြောများထဲသို့ မြန်ဆန်စွာ ရွှေ့လျားလို့နေသည်။သည့်နောက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့မူလစိတ်ဝိညာဉ်ထဲရှိ သေခြင်းရှင်ခြင်းနယ်ပယ်ပတ်လည်၌ မြန်ဆန်စွာ စုဝေးလာနေကြ၏။
ထိုသန့်စင်ခြင်းဖြစ်စဉ်က သူ့ခန္ဓာကိုယ်ထဲ၌ ဆက်လက် ဖြစ်ပွားနေသည်။
ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ကြမ်းကြုတ်သည့် မီးမုန်တိုင်းတစ်ခု ဖြစ်တည်လို့နေ၏။သူ့မူလစိတ်ဝိညာဉ်က ကြီးမားသည့်ပိုးအိမ်ကြီးတစ်ခုနှင့် ဆင်တူကာ သူ့နယ်ပယ်က ထိုပိုးအိမ်ထဲရှိ သက်ရှိနှင့် ဆင်တူလို့နေသည်။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ထိုပိုးအိမ်ကြီး အပြင်ဘက်တွင် ကြမ်းကြမ်းတမ်းတမ်း မီးတောက်ကဲ့သို့ ရိုက်ခတ်လို့နေသည်။
မီးတောက်များက ပိုသန်မာလာလေလေ ပိုးအိမ်က ပိုအသက်ဝင်လာလေ ဖြစ်ကာ အထဲရှိ နယ်ပယ်သည်လည်း ထိုပိုးအိမ်နှင့် ပိုမိုပေါင်းစပ်လေ ဖြစ်သည်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် နယ်ပယ်တို့ကြား ပေါင်းစပ်ခြင်း၏ ရည်ရွယ်ချက်သည် မူလစိတ်ဝိညာဉ်နှင့်နယ်ပယ်အဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းစေရန် ဖြစ်သည်။
ထိုအခါ မူလစိတ်ဝိညာဉ်သည် နယ်ပယ်၊နယ်ပယ်သည် မူလစိတ်ဝိညာဉ် ဖြစ်လာပေမည်။
ပိုးအိမ်အပြင်ဘက်ရှိ မီးတောက်က ပိုမို လောင်ကျွမ်းလာသည်။
ထိုကောင်းကင်ဘုံမီးတောက်များက ဝမ်လင်းခန္ဓာကိုယ်ထဲ၌ တောက်ပစွာ ကျွမ်းလောင်လို့နေ၏။မီးတောက်များက မျက်စိဖြင့်မမြင်နိုင်ချေ။သို့ရာတွင် လူတစ်ယောက်က သူ့နတ်ဘုရားအာရုံကို သုံး၍ ကြည့်ပါက ဝမ်လင်းခန္ဓာကိုယ်မှ အံ့ဖွယ်မီးတောက်တစ်ခုကို ထုတ်လွှတ်နေကြောင်း တွေ့မြင်ရမည်သာ။
မီတောက်ထဲရှိ မူလပိုးအိမ်က ပိုမို အသက်ဝင်လာကာ ပိုးအိမ်ထဲရှိ သေခြင်းရှင်ခြင်းနယ်ပယ်သည်လည်း ပို၍ လှုပ်ရှားလာတော့၏။ကြည့်ရသည်မှာ ၎င်းသည် အရည်ပျော်လာကာ ပိုးအိမ်နှင့်ပေါင်းစပ်စေတာ့မည်လို့ ထင်မှတ်ရ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ကောင်းကင်ဘုံမီးတောက်များက အားနည်းသွားခြင်း မရှိသေးပေ။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မီးတောက်ထဲသို့ လောင်စာအဖြစ် ပိုသွတ်သွင်းလာလေလေ ယင်းမီးတောက်က ပိုတောက်ပလောင်ကျွမ်းလာလေပင်။
ပိုးအိမ်ထဲရှိ နယ်ပယ်က ကဗြောင်းကဗျန် စွမ်းအင်များအဖြစ်သို့ လုံးဝ ပျော်ဝင်သွားတော့၏။သည်စွမ်းအင်ကို ရှေးဟောင်းအချိန်တွေတုန်းက မူလစွမ်းအင်ဟု ခေါ်တွင်ခဲ့ကြ၏။
ရှေးဟောင်းအချိန်တွေတုန်းက ကျင့်ကြံသူအသုံးအနှုန်း ဟူ၍မရှိပေ။ရှေးအတိတ်တုန်းက ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ စွမ်းအင်သန့်စင်သူများဟုသာ ခေါ်တွင်ခဲ့ကြသည်။
စွမ်းအားကောင်းသော စွမ်းအင်သန့်စင်သူများသည် ရှေးဟောင်းကျင့်ကြံသူများ၏ စံနမူနာဥပမာတစ်ခု ဖြစ်ကြ၏။
သူတို့ကိုယ်သူတို့ စွမ်းအင်သန့်စင်သူများဟု ခေါ်ရခြင်းက မူလစွမ်းအင်ကြောင့်ဖြစ်ကာ သူတို့၏ ကျင့်ကြံခြင်းကလည်း မူလစွမ်းအင်တွင်သာ အာရုံစိုက်ထားခြင်းကြောင့် ဖြစ်၏။
ထိုမူလစွမ်းအင်အမျှင်တန်းက ဝမ်လင်းနယ်ပယ်ထဲကနေ ဖြစ်ပေါ်လာ၏။သည်နယ်ပယ်စွမ်းအင်ကို ပိုးအိမ်က အထောက်အပံ့ပေး၏။မူလစွမ်းအင်က ဆက်လက်၍ သန်မာ ဖွံ့ဖြိုးလို့လာ၏။
ရှေးဟောင်းအချိန်တွေတုန်းက သည်မူလစွမ်းအင်သည် မူလစိတ်ဝိညာဉ်ထဲ၌ ရှိမနေခဲ့ပေ။၎င်းစွမ်းအင်က ထုတ်ယူခံရကာ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် အစားထိုးခဲ့ရပေသည်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေက ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သည့်နောက် ကျင့်ကြံသူများက ကောင်းကင်ဘုံသားများ ဖြစ်လာကာ မသေမျိုးအဖြစ်ကို ရှာဖွေခဲ့ကြတော့၏။ထို့ကြောင့် သူတို့က သည်မူလစွမ်းအင်ကို သူတို့၏ အသက်ဓာတ်စွမ်းအင်အဖြစ် အသုံးပြုခဲ့ကြသည်။သူတို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဝန်းရံစေခဲ့သည်။ သည်အချင်းအရာက အချို့ကျင့်ကြံသူများနှင့်ကောင်းကင်ဘုံသားများသည် သူတို့ထံ၌ အစစ်အမှန်စွမ်းအင်အမျှင်တစ်ခု ကျန်ရှိနေသေးသ၍ သေဆုံးသွားခဲ့ခြင်း မရှိသည့် အကြောင်းရင်းလည်း ဖြစ်သည်။
တစ်နည်းအားဖြင့် ထိုအစစ်အမှန်စွမ်းအင်အမျှင်က သည်မူလစွမ်းအင်ပင် ဖြစ်သည်။
ဝမ်လင်းခန္ဓာကိုယ်ထဲရှိ မြင်တွေ့နိုင်ခြင်းမရှိသည့် မီးတောက်က ပိုမို မမှိတ်မသုန် ဖြစ်လာ၏။သူ့မူလစိတ်ဝိညာဉ်ပိုးအိမ်ထဲရှိ မူလစွမ်းအင်သည်လည်း အရည်လိုပုံစံမျိုး ဖြစ်သည့်အထိ သိပ်သည်းလို့လာခဲ့သည်။၎င်းအရည်ပုံစံက သလင်းလို ကြည်ရှင်းနေကာ ပုံစံအမျိုးမျိုးကို ဆောင်နေ၏။
သို့ရာတွင် ထိုအရည်က သလင်းအဖြစ် ဖွဲ့တည်ခြင်း မရှိသေးပေ။၎င်းက သလင်းအဖြစ်မဖွဲ့တည်နိုင်ပါက အာဏာတက်ခြင်းသလင်းကျောက်ပုံစံလည်း ဖြစ်တည်လာနိုင်မည် မဟုတ်ပေ။
ဝမ်လင်းအသိစိတ်က အလွန်နိုးကြားနေ၏။အကြိမ်များစွာ ကြိုးစားလိုက် ကျရှုံးလိုက် ဖြစ်နေပြီးနောက် သူက အသက်ဝဝရှူသွင်းလိုက်သည်။ထိုအခိုက်အတန့်၌ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများသည် ပေါက်ကွဲထွက်သွားကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လာ၏။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်းနှာခေါင်းပေါက်မှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။
ကောင်းကင်ဘုံကျောက်စိမ်းပြားများထံမှ နောက်ဆုံးလက်ကျန် ကောင်းကင်ဘုံစွမ်းအင်များ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခိုက်တွင် မမြင်ရသောမီးတောက်က အရင်ထက် ပိုလောင်ကျွမ်းလို့လာသည်။ချက်ခြင်းပင် ကောင်းကင်ဘုံမီးတောက်များက ဝမ်လင်းပါးစပ်နှင့်နှာခေါင်းတို့ထံမှ ထွက်ပေါ်လာ၏။
ဝမ်လင်းခန္ဓာကိုယ်မှ ချွေးများစွာ စိမ့်ထွက်လာသည်။သို့သော် ထို ထွက်လာသည့် ချွေးများက ချက်ခြင်းအဖြူရောင်အခိုးငွေ့အဖြစ် အငွေ့ပျံသွားသည်။ဝမ်လင်းဦးခေါင်းထက်ရှိ အဖြူရောင်အခိုးငွေ့က ဖြည်းဖြည်းချင်း သိပ်သည်းလာ၏။
နောက်ဆုံးတွင် ထိုမီးတောက်နှင့် သန့်စင်ခြင်း ခံရပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ အရည်ပုံစံမူလစွမ်းအင်ကလည်း ဖြည်းဖြည်းချင်း သလင်းအဖြစ် ဖွဲ့တည့်လာသည့် အရိပ်လက္ခာဏာကို ပြသလာ၏။
၎င်းက သလင်းကျောက်အဖြစ် ဖွဲ့တည်တော့မည် အခိုက်အတန့်၌ ရုတ်တရက် တုန်ခါလာ၏။သည်တုန်ခါမှုက လုံးဝ မသိသာသော်လည်း ၎င်းက မူလစိတ်ဝိညာဉ်ပိုးအိမ်ကို လှုပ်ရှားသွားစေသည်။
မူလစိတ်ဝိညာဉ်လှုပ်ရှားမှုက ချက်ခြင်းပင် ကောင်းကင်ဘုံမီးတောက်များကို ပြောင်းလဲသွားစေသည်။ထိုမီးတောက်က သန့်စင်ပေးရမည့်အစား ပျံ့နှံ့လို့သွားတော့သည်။ုမသည်ျားကို ပြောင်းလောင်းကင်ဘုံမ ၏စ် ဖိမ်းပြားများသည် ပေါက်က်ကို
ဝမ်လင်းခန္ဓာကိုယ်ရှိ မမြင်ရသောမီးတောက်က အစစ်အမှန်မီးတောက်အဖြစ်သို့ စတင်ပြောင်းလဲလာခဲ့သည်။သူက သူ့အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခြင်းကို ကျရှုံးတော့မလို ဖြစ်လာလေ၏။
သို့သော် ထိုအခိုက်အတန့်မှာပင် စောနက သူဝါးမြို့ခဲ့သည့် ကျောက်ရီသူ့ကို ပေးခဲ့သော အာဏာတက်ခြင်းသလင်းကျောက်သည် သူ့ဒန်တျန်ထဲကနေ ထွက်ပေါ်လာကာ ကောင်းကင်ဘုံမီးတောက်နှင့် ပေါင်းစပ်လို့သွားသည်။
ကောင်းကင်ဘုံမီးတောက်က ထိုသလင်းကျောက်အပေါ်၌ သက်ရောက်ခြင်း မရှိစေသည့်အပြင် ၎င်းသလင်းကျောက် နီးကပ်လာသည့်အခါ ကောင်းကင်ဘုံမီးတောက် မှိန်ဖျော့လာရ၏။
ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကျောက်က သူ့မူလစိတ်ဝိညာဉ်ပိုးအိမ်နားသို့ ရောက်ရှိလာပြီး ဘာအဟန့်အတားမှမရှိဘဲ အထဲသို့ ဝင်ရောက်သွား၏။၎င်းက ဝမ်လင်း၏အာဏာတက်ခြင်းသလင်းကျောက် ဘေးနားတွင် ပေါ်ထွက်လာခဲ့တော့သည်။
ထိုအာဏာတက်ခြင်းသလင်းကျောက်နှစ်ခုတွင် တစ်ခုက သေခြင်းရှင်ခြင်းကို ကိုယ်စားပြုကာ အခြားတစ်ခုက စွဲလှမ်းမှုကို ကိုယ်စားပြုနေ၏။ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကျောက်က ဝမ်လင်းအာဏာတက်ခြင်းသလင်းကျောက် ဘေးနားတွင် တစ်ပတ်လှည့်လာကာ ပျက်စီးလို့သွား၏။
၎င်းက ပျက်စီးသွားသည့်အခိုက်တွင် ထိုသလင်းကျောက်ထဲရှိ မူလပုံဆောင်ခဲသလင်းများအားလုံးက ဝမ်လင်း အာဏာတက်ခြင်းသလင်းကျောက်၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ဝမ်လင်းအာဏာတက်ခြင်း သလင်းကျောက်က မျက်လုံးနှင့် မြင်ရသော အမြန်နှုန်းဖြင့် ဖွံ့ဖြိုးလာသည်။၎င်း၏ အရွယ်အစားက လက်သည်းခွံလောက်ကနေ လက်သန်းလောက်အရွယ်ထိ ကြီးထွားလာခဲ့သည်။
ထိုအခိုက်အတန့်၌ မူလစိတ်ဝိညာဉ်ပိုးအိမ်က ဆက်လက်လှုပ်ရှားနေခြင်း မရှိတော့ချေ။ကောင်းကင်ဘုံမီးတောက်ကလည်း အစစ်အမှန်အသွင်ဖြစ်လာနေရာကနေ ရပ်တန့်သွား၏။သည်ဖြစ်စဉ်များက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တော့ သေခြင်းရှင်ခြင်း အခိုက်အတန့်ပင် ဖြစ်၏။
ကျောက်ရီ၏အာဏာတက်ခြင်းသလင်းကျောက်ထံမှ မူလစွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ဝမ်လင်း၏အာဏာတက်ခြင်းသလင်းကျောက်က ပိုပီပြင်လာခဲ့၏။မူလစိတ်ဝိညာဉ်ပိုးအိမ်ကလည်း အခုအခိုက်အတန့်တွင် လျင်မြန်စွာ ကျုံ့လာသည်။ခုချိန်တွင် ၎င်းပိုးအိမ်က အာဏာတက်ခြင်းပတ်လည်၌ ထွေးပိုက်ထားသလို ဖြစ်နေ၏။
မူလစိတ်ဝိညာဉ်ပိုးအိမ်ထဲကနေ အော်ရာအသစ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
ထိုဖြစ်စဉ်က အချိန်များစွာ ကြာမြင့်ခဲ့လေ၏။
ဝမ်လင်းက လှိုဏ်ဂူထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။သူက မလှုပ်မယှက် ထိုင်နေခြင်း ဖြစ်သည်။
အပြင်ဘက်တွင်တော့ အချိန်က မြန်ဆန်စွာ ကုန်ဆုံးလို့နေသည်။ကောင်းကင်နတ်ဆိုးနိုင်ငံ၌ ကောင်းကင်နတ်ဆိုးမြို့ ပြန်တည်ဆောင်ခဲ့ပြီးသည်မှာ ဆယ်နှစ် တိတိပင် ရှိခဲ့လေပြီ။၎င်း၏အရွယ်အစား ပုံပန်းသဏ္ဌန်မြင်ကွင်းအားလုံးက အရင်ကောင်းကင်နတ်ဆိုးမြို့အတိုင်း ချွတ်ဆွတ်ပင်။
အင်ပါယာနန်းတော်နှင့် တိုက်ပွဲကွင်းပြင်ပင် မူလအတိုင်း ပြန်တည်ဆောက်ပြီးခဲ့ပြီး ဖြစ်၏။
နတ်ဆိုးဗုံသည်လည်း ထိုကွင်းပြင်ထက်၌ ရှိလို့နေဆဲသာ။
ဆယ်နှစ်ဆိုသည့်အချိန်က မျက်စိတစ်မှိတ်အတွင်း ဖျပ်ခနဲ ကုန်ဆုံးသွားခဲ့ခြင်းပင်။ကောင်းကင်နတ်ဆိုးမြို့တွင် နေထိုင်သူများက လွန်ခဲ့သောဆယ်နှစ်က ဖြစ်ပွားခဲ့သည့် ကပ်ဘေးကို ရှောင်နိုင်ခဲ့ကြ၏။သို့သော်လည်း သူတို့မြင်တွေ့ခဲ့သည့် အရာများကိုတော့ ဘဝတစ်လျှောက်လုံး မေ့နိုင်ကြတော့မည် မဟုတ်ပေ။
ဝမ်လင်းလို့ခေါ်သည့် ကျင့်ကြံသူတစ်ယောက်၏ အမည်နာမကလည်း ကောင်းကင်နတ်ဆိုးမြို့အနှံ့တွင် ပျံ့နှံ့လျက် ရှိလို့နေဆဲသာ။
မြစ်ပြင်ကျယ်ပေါ်တွင်တော့ လှေကော၊လူကော မရှိတော့ပေ။ကုချင်းဂီတတီးခတ်နေသည့် တစ်ယောက်ယောက်ပင် မရှိတော့ချေ။
တစ်ခါက ဝမ်လင်းနှင့်အတူ လှေပေါ်တွင် တစ်ညလုံးအရက် အတူသောက်ခဲ့သည့် လူငယ်သည်လည်း အခုအခါ၌ အင်ပါယာနန်းတော်၏ ခန်းမဆောင်တစ်ခုအတွင်း၌ မတ်တပ်ရပ်လို့နေ၏။သူ့နောက်တွင်တော့ မိန်းမငယ်လေးတစ်ယောက် ရှိနေ၏။သူမက အလွန်လှပ၏။သို့သော် သူမမျက်နှာပေါ်တွင် ကျီဆယ်သည် ပြုံးတုံ့တုံ့အမူအရာတစ်ခု ဆင်မြန်းထား၏။
ရှုလီကောသာ ထိုနေရာတွင် ရှိနေပါက သူက အသည်းအသန် သူမထံသို့ ခုန်အုပ်ကာ ဤကဲ့သို့ ဟစ်ကြွေးပေလိမ့်မည်။ “အလှလေး…မင်းအကိုကြီးရှု ပြန်လာပြီ”
လူငယ်က သက်ပြင်းချကာ ခပ်တိုးတိုး ရွတ်လိုက်၏။ “ထူးဆန်းလိုက်တာ…ဒီကောင်လေး ပျောက်သွားတာ ဆယ်နှစ်တောင် ရှိနေပြီ…။ဘိုဘေးငါးယောက် အတူပေါင်းပြီး သူတို့နတ်ဘုရားအာရုံနဲ့ ရှာတာတောင် သူ့သဲလွန်စကို မတွေ့ခဲ့ရဘူး။ဒါက သူက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကများ ထွက်ခွာသွားတာလား…”
ကောင်းကင်နတ်ဆိုးမြို့၏ မြို့တော်။
မြို့တော်က ပြန်လည်တည်ဆောက်ပြီးနောက် အရှေ့ဘက်ခြမ်း၌ ခန်းနားကြီးကျယ်သည့် အိမ်တော်တစ်ခုပါ တည်ဆောက်ခဲ့ပေသည်။ထိုအိမ်တော်၏ ရှေ့၌ ကြီးမားသည့် ကျောက်ပြားမော်ကွန်းတစ်ခု ရှိလို့နေသည်။ ထိုကျောက်ပြားပေါ်၌ စကားခြောက်ခွန်းကို ရေးထွင်းလို့ထားသည်။
“ဒုဗိုလ်ချုပ်မှူး မြေကမ္ဘာ၏ အိမ်တော်” ဟူ၍ပင်။
ထိုအိမ်တော်ထဲ၌ မရေမတွက်နိုင်သော အစေခံများစွာ ရှိနေ၏။သည့်အပြင် အိမ်တော်အနှံ့တွင် တောင်အတုများပါ ရှိနေကာ အေးဆေးကြည်နူးဖွယ်ကို ဆောင်ကြဉ်းနေ၏။ဒုဗိုလ်ချုပ်မှူးဝတ်ရုံကို ဝတ်ဆင်ထားသည့် ဗလတောင်တောင့်လူကြီးက တောင်အတုများဘေးရှိ မြေကွက်တစ်ခုတွင် မတ်တပ်ရပ်လို့နေသည်။သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
ဗလတောင့်တောင့်လူကြီးဘေးတွင်တော့ လူသုံးယောက် မတ်တပ်ရပ်နေကြ၏။သည်လူသုံးယောက်က နတ်ဆိုးဗိုလ်ချုပ်ဝတ်ရုံများကို ဝတ်ဆင်ထားကာ မလှုပ်မယှက်၊လေးစားသည့် ဟန်ပန်များဖြင့် ရပ်နေကြသည်။
“အကိုဝမ်…သင် ဘယ်နေရာများ ရောက်နေတာလဲ…” ဗလတောင့်တောင့်လူကြီးက သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိ၏။
လှိုဏ်ဂူထဲတွင်တော့ ဝမ်လင်းက သည်နှစ်ပေါင်းဆယ်နှစ်လုံးလုံး လှုပ်ရှားမှုမရှိဘဲ ကျောက်ရုပ်တစ်ခုကဲ့သို့ ရှိနေခဲ့၏။
သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ်ပိုးအိမ်ထဲ၌ သန့်စင်ခြင်း ဖြစ်စဉ်က ဖြည်းဖြည်းချင်း အဆုံးသပ်လာခဲ့ကာ တုန်လှုပ်ဖွယ်အော်ရာတစ်ခုသည် ထိုပိုးအိမ်ထဲမှ တဖြည်းဖြည်း ပျံ့လွင့်လာ၏။
အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် မူလစိတ်ဝိညာဉ်ပိုးအိမ်ပေါ်၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်လာ၏။သည်အက်ကွဲကြောင်းက ပါးလွှာလှာကာ ဖြည်းဖြည်းချင်း ညင်သာစွာ ကွဲဟလာ၏။
သိပ်မကြာခင်တွင် နောက်ထပ် အက်ကြောင်းတစ်ခု ပေါ်လာပြန်၏။သည့်နောက် ပိုပိုများသည့် အက်ကြောင်းများက ပိုးအိမ်တစ်လျှောက် ထွက်ပေါ်လာ၏။နောက်ဆုံးတွင် ထိုပိုးအိမ်က ကွဲကြေသွားတော့သည်။
၎င်း ကွဲကြေသွားသည့်အခိုက်တွင် အထဲမှ မီးခိုးရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။သည့်နောက် ပိုးအိမ်ထံမှ မူလစိတ်ဝိညာဉ်တစ်ခုက အသစ်ပြန်လည် မွေးဖွားလာကာ မြောလွင့်လာချေသည်။
သည်မူလစိတ်ဝိညာဉ်က ဝိုးတိုးဝါးတား မဟုတ်တော့ဘဲ အထည်ဒြပ် လုံးဝ ဖြစ်သွားခဲ့ပြီ။ထိုအတူ မူလစိတ်ဝိညာဉ်ထဲ၌လည်း အာဏာတက်ခြင်းသလင်းကျောက်က ဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် မူလစိတ်ဝိညာဉ်က သူ့နယ်ပယ်ပင် ဖြစ်တော့သည်။
သည်အခြင်းအရာက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် နယ်ပယ်တစ်ခု၏ အစစ်အမှန် အခြေအနေပင်။
မူလစိတ်ဝိညာဉ်က ပျံဝဲလာပြီးနောက် ကွဲကြေသွားသည့် ပိုးအိမ်သည် မူလစိတ်ဝိညာဉ်အတွက် အထောက်အပံ့အားအဖြစ် လုံးဝ အရည်ပျော်သွားခဲ့တော့၏။မူလစိတ်ဝိညာဉ်က ထိုပိုးအိမ်ကို လုံးဝ စုပ်ယူသွား၏။ထိုသို့ စုပ်ယူသွားပြီးနောက် မူလစိတ်ဝိညာဉ်က ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်၏။မူလစိတ်ဝိညာဉ်က ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်သည့်အခါတွင် ဝမ်လင်းခန္ဓာကိုယ်က တုန်ခါသွား၏။ဆယ်နှစ်တာ ကာလကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ဆိုလိုက်သည်။ “အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ…” သည့်နောက် သူ့မျက်လုံးက အရင်ထက် ပိုတောက်ပလာခဲ့တော့၏။ နှစ်ပေါင်းခုနစ်ရာ ကျင့်ကြံပြီးနောက် သူက နောက်ဆုံးတွင် အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေပြီ။အာဏာတက်ခြင်းကျင့်ကြံသူများက အဆင့်ခြောက်နိုင်ငံတစ်ခုတွင် ထိပ်ဆုံးတည်ရှိမှုများပင် ဖြစ်သည်။
အဆင့်ခုနစ်နိုင်ငံများမှာပင် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများက စွမ်းအားထောက်တိုင်များအဖြစ် မှတ်ယူ၍ရ၏။
ဝမ်လင်းက ဆယ်နှစ်တိတိ အာဏာတက်ခြင်းဉာဏ်အလင်းကို ရခဲ့၏။သူက အခြားလူများထွက် များစွာ ပိုရိမ်းသိမ်းနိုင်ခဲ့သည်ဟု ဆိုရမည်။
***