Switch Mode

အပိုင်း(၆၄၈)

အာဏာတက်ခြင်းသလင်းကျောက်

ထိုပုံရိပ်ယောင်က ဝမ်လင်းကဲ့သို့ မျက်လုံးမှိတ် ထားလျက်ရှိ၏။

ဝမ်လင်းက လေထဲသို့ ဝဲပျံလာသည့်အခါ အဘိုးအိုငါးယောက်သည် လုံးဝ မှင်သက်သွားကြသည်။သူတို့က ဝမ်လင်းနောက်ရှိ တစ္ဆေပုံရိပ်ကို ကြည့်ကာ အလွန်လေးစားသည့် ဟန်အမူအရာများ ထွက်ပေါ်နေကြ၏။

“ဒါ တကယ့် ဘိုးဘေးပဲ…”

“ဘိုးဘေးက ပေါ်လာခဲ့ပြီ။ဒီလူက ဘိုးဘေး တစ်ချိန်လုံး ရှာဖွေနေတဲ့ လူများ ဖြစ်နေနိုင်လား…”

အဘိုးအိုငါးယောက်က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်မိသွား၏။ထိုအခိုက်မှာပင် အနီရောင်တိမ်ထုက ရူးသွပ်ဖွယ် သက်ဆင်းလာ၏။၎င်းက တစ်လက်မချင်း ဆင်းသက်လာခြင်း မဟုတ်တော့ဘဲ ဆယ်ပေကျော်နှုန်းဖြင့် ကျဆင်းလို့လာသည်။ ဆယ်ပေ…ပေနှစ်ဆယ်…ပေသုံးဆယ်…။မျက်စိတ်တစ်မှိတ်အတွင်း ၎င်းက အောက်ဘက်‌ ပေတစ်ရာသို့ ကျဆင်းလာခဲ့လေပြီ။

ကျယ်လောင်သော တော်လဲသံများနှင့်အတူ ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးသာမက မြေပြင်ပင် နစ်ဝင်သွားရ၏။အထက်စီးမှ ကြည့်ပါက ကောင်းကင်နတ်ဆိုးမြို့သည် ဆက်လက်မတည်ရှိတော့သည်ကို တွေ့မြင်ရမည် ဖြစ်၏။

ကောင်းကင်နတ်ဆိုးမြို့ တည်ရှိခဲ့သောနေရာသည် ယခုအခါ၌ ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ထိုချိုင့်ဝှမ်းကြီးက အောက်ဘက်သို ဆက်ကာဆက်ကာ ပိုနက်လာခဲ့၏။

အနီရောင်တိမ်ထုနှင့်ကောင်းကင်ဘုံခွန်အားတို့၏ သက်ဆင်းမှုက ခုထိ အတောမသပ်နိုင်သေးပေ။အနီရောင်တိမ်ထုက ပေတစ်ရာလောက် သက်ဆင်းလာပြီးသော်လည်း ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ကျဆင်းလာ၏။

အနီရောင်တိမ်ထုများ ဆက်လက်ကျဆင်းနေရင်း ကျယ်လောင်သော မိုးခြိမ်းသံများသည် ကောင်းကင်ထက်၌ မြည်ဟီး ပဲ့တင်ထပ်နေတော့၏။သည်ကြမ်းကြုတ်လှသည့်အသံက ကမ္ဘာလောက၌ ပဲ့တင့်ထပ်၏။

ဝမ်လင်းက လေထဲ၌ လွင့်ဝဲနေ၏။သူက ကောင်းကင်ဘုံဖိအား၏ ဗဟိုချက်မတွင် ရှိလို့နေကာ သူ့ခန္ဓာကိုယ်က မလှုပ်မယှက်အသွင်ကို ဆောင်နေ၏။

ထိုအခိုက်အတန့်၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးပွင့်လာခဲ့၏။သူ့လိုပင် သူ့နောက်ရှိ တစ္ဆေအရိပ်ကြီးသည်လည်း ၎င်း၏ နတ်ဆိုးမျက်လုံးကို လိုက်ပါ ဖွင့်လာ၏။

ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်အား ထူးဆန်းသောအားတစ်ခုက ထိန်းချုပ်နေသည်ဟု ထင်မှတ်ရ၏။သူက ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ အနီရောင်တိမ်ထုထံသို့ ဖိချေလိုက်၏။သူ့နောက်ရှိ ရှေးဟောင်းနတ်ဆိုးပုံရိပ်ကလည်း ညာလက်ကိုမြှောက်ကာ ကောင်းကင်ထက်သို့ ပင့်တင်လိုက်၏။

“တာအို ဖျက်စီးခြင်း…” ရှေးဟောင်းနတ်ဆိုးပုံရိပ်နှင့်ဝမ်လင်းတို့က တစ်ပြိုင်နက်တည်း ပါးစပ်ဟကာ ဆိုလာ၏။သို့သော် ထို တာအိုဖျက်စီးခြင်း ဆိုသည့်အသံက ဝမ်လင်းပါးစပ်ထဲကနေ ထွက်ပေါ်လာခြင်း မဟုတ်။ရှေးဟောင်းနတ်ဆိုးထံမှ ထွက်ပေါ်လာခြင်း ဖြစ်နေ၏။

သည်စကားနှစ်ခွန်းသာ ဆိုလိုက်သော်လည်း မွန်းစတားဆန်သည့် နတ်ဆိုးစွမ်းအင်များက ဝမ်လင်းနှင့်ရှေးဟောင်းနတ်ဆိုးတို့၏ ရှေ့တည့်တည့်၌ ပေါက်ကွဲထွက်လာတော့သည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းခန္ဓာကိုယ်က အနီရောင်တိမ်တိုက်ထံသို့ တိုးဝင်သွား၏။သူ့နောက်ရှိရှေးဟောင်းနတ်ဆိုးသည်လည်း သူနှင့်အတူ ကပ်ပါလာခဲ့၏။

အနီရောင်တိမ်တိုက်က ဆက်လက်ဆင်းသက်လာကာ ဝမ်လင်းနှင့် တိမ်တိုက် ကြားရှိ အကွာအဝေးက ပိုကျုံ့လာခဲ့တော့၏။

လက်ဝါးတစ်ချက်ဖြင့်ပင် တိမ်တိုက်များ ပြန့်ကျဲကုန်၏။

ရှေးဟောင်းနတ်ဘုရားနှင့် ဝမ်လင်းတို့ထံမှ ထွက်ပေါ်လာသည့် လက်ဝါးရိုက်ချက်က အနီရောင်တိမ်တိုက်ထံသို့ ကျရောက်လာ၏။ပြင်းထန်သော လေကြမ်းတစ်ခု ရုတ်တရက် ပေါ်လာတော့၏။အနီရောင်တိမ်တိုက်က ကောင်းကင်ထက်၌ ဒေါမာန်တကြီး ဟိန်းသံပြုလာ၏။

ဝမ်လင်းခန္ဓာကိုယ်က ရုတ်တရက် ကောင်းကင်ထက်မှ ကျဆင်းသွားကာ မြေပြင်ထိ ကျရောက်သွား၏။သူက မြေပြင်ပေါ်သို့ ကျရောက်သွားသည့်အခါ ကြီးမားသည့်တုန်ခါလှိုင်းများ ထုတ်လွှတ်ကာ မြေကြီးထု ငါးထောင်ကီလိုမီတာက ကွဲကြေကာ ငါးသောင်းကီလိုမီတာအထိ ချဲ့ကားသွား၏။

မြေကြီးထု ငါးသောင်းကီလိုမီတာအတွင်းရှိ အရာအားလုံးက ပျက်စီးယိုယွင်းရ၏။

ဝမ်လင်းနောက်ရှိ ရှေးဟောင်းနတ်ဘုရားသည်လည်း မြေပေါ်သို့ ကျရောက်လာခဲ့ရသည်သာ။ ၎င်း၏ ပုံရိပ်ကြီးပင် အနည်းငယ် မှုန်ဝါးသွားရ၏။

ရှေးဟောင်းနတ်ဆိုးများက ကောင်းကင်ဘုံကို ဖိဆန်ကျင့်ကြံသည့် ဒုတိယသက်ရှိမျိုးနွယ်များ ဖြစ်ကြ၏။သူတို့က နတ်ဘုရားပြစ်ဒဏ်နှင့် မရေမတွက်နိုင်အောင် ရင်ဆိုင်ဖူးခဲ့ကြသူများဟု ဆို၍ရ၏။ထို့ကြောင့် သူ့ခန္ဓာကိုယ်က ချက်ခြင်း ပြန်ကောင်းမွန်လာခဲ့ပြန်၏။

အနီရောင်တိမ်ထုက ကောင်းကင်ထက်မှ ပျောက်ကွယ်သွား၏။သို့သော် ၎င်းက ပျောက်ကွယ်သွားချင်းချင်း ပေတစ်ရာရှည်လျားသည့် အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာ၏။

ထိုအနီရောင်အလင်းက အရင် နတ်ဘုရားပြစ်ဒဏ်အလင်းထက်ပင် အဆများစွာ ပိုအားကောင်းနေ၏။သို့ရာတွင် ထိုအနီရောင်အလင်း၏ ပစ်မှတ်က ဝမ်လင်း မဟုတ်တော့ဘဲ သူ့နောက်ရှိ ရှေးဟောင်းနတ်ဆိုးပုံရိပ်ကြီးထံသို့ ဖြစ်နေ၏။

ရှေးဟောင်းနတ်ဆိုးနှင့်ဝမ်လင်းတို့က ပြိုင်တူ ခေါင်းမော့လိုက်ကြ၏။ရှေးဟောင်းနတ်ဆိုး၏မျက်လုံးထဲမှ နတ်ဆိုးအလင်းတစ်ခု ထိုးထွက်လာ၏။

“သွေးရောင်ကောင်းကင်ဘုံအလင်း…။ငါ ဒီအလင်းရဲ့ အရသာကို ခံစားခဲ့တာ အချိန်တွေကြမြင့်လွန်းခဲ့ပြီ…” ရှေးဟောင်းနတ်ဆိုးက ထိုသို့ဆို၏။ အနီရောင်အလင်းတန်း ဆင်းသက်လာသည့်အခိုက်မှာပင် ရှေးဟောင်းနတ်ဆိုးက လေထဲသို့ ခုန်တက်ကာ ယင်းအလင်းကို ဝါးမြိုပစ်၏။

အနီရောင်အလင်းက ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ၎င်းက ပေါက်ကွဲစေ၏။သို့သော် ၎င်းရှေးဟောင်းနတ်ဆိုးပုံရိပ်က ချက်ခြင်း ပြန်ဖွဲ့တည်၏။ရှေးဟောင်းနတ်ဆိုးက ပြိုကျလိုက်၊ တည်ဆောက်လိုက်၊ ပျက်စီးလိုက်၊ တည်ဆောက်လိုက် ဖြစ်နေတော့သည်။အသက်ရှုစာအချိန်တိုးအတွင်းမှာပင် ရှေးဟောင်းနတ်ဆိုးက အကြိမ်တစ်သောင်း ပျက်စီးသွားပြီး အကြိမ်တစ်သောင်း ပြန်ဖွဲ့စည်း၏။

ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်က လေထဲ၌ ရှိနေရာကနေ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ထိုအခါ ကြီးမားသည့် တုန်ခါလှိုင်းလေပွေက ၎င်းကို ဗဟိုပြု၍ စတင်လှည့်ပတ်လာ၏။ထို တုန်ခါလှိုင်းက ပေတစ်ရာကျော်ထိ မြင့်မားကာ လှိုင်းလုံးကြီးများကဲ့သို့ ပျံ့နှံ့သွားသည်။မျက်စိတစ်မှိတ်အတွင်း ၎င်းက ငါးကီလိုမီတာအထိ ပျံ့နှံ့လို့သွား၏။

မြေကြီးထုအနှံ့ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာကာ ငါးကီလိုမီတာအတွင်းရှိ မြေကြီးများက ဆက်လဲ ကွဲကြေသွားကာ ဆယ်ဆပြင်းသည့် တုန်ခါလှိုင်းတစ်ခုကို ဖြစ်သွားစေ၏။သည်အခိုက်၌ ငါးဆယ်ကီလိုမီတာအတွင်းရှိ အရာအားလုံးသည် အပျက်အစီးပုံအဖြစ်သာ ကျန်ရှိတော့လေ၏။

အနီရောင်တိမ်တိုက်ကလည်း ကောင်းကင်ထက်မှ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုအခါကျမှ ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။

ရှေးဟောင်းနတ်ဆိုးက ဗလုံးဗထွေး ရေရွတ်လိုက်၏။သည့်နောက် ၎င်း၏မျက်လုံးထဲ၌ မောပန်းသွားသည့်ဟန်ကို ထုတ်လွှတ်လာကာ အစိမ်း‌ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့၏။

“နောက်သုံးလကြာရင် ငါနဲ့ နဂါးကန်မှာ လာတွေ့ပါ…” ရှေးဟောင်းနတ်ဘုရား၏ အသံက ဝမ်လင်းထံသို့သာမက လူတိုင်းထံသို့ ပျံ့နှံ့လို့သွား၏။

ရှေးဟောင်းနတ်ဆိုးပျောက်ကွယ်သွားသည့်အခါ ဝမ်လင်းသည်လည်း ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်လို့သွားတော့၏။

လေပြေညင်းတစ်ခုက လွင့်ပြယ်လာရင်း အဘိုးအိုငါးယောက်သည် အပျက်အစီးပုံများအပေါ်သို့ လှမ်းတက်လာ၏။သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။

အဘိုးအိုများထဲမှ တစ်ယောက်က အော်ပြောလိုက်၏။ “ဒါက နတ်ဘုရားပြစ်ဒဏ်ကို ပျောက်ပျက်သွားစေခဲ့ပြီ…။ယွမ်သွမ်း…ခွေးကောင်လေး…ဒီကိုလာခဲ့စမ်း…”

“မင်းက အသက်သုံးကြိမ်ရှူစာအတွင်း ပေါ်မလာရင် ဒီအဘိုးအိုက မင်းကို နဂါးရေကန်ထဲ လွင့်ပစ်ပြီး နှစ်တစ်ရာလောက် ချိပ်ပိတ်ပစ်မယ်…”

အရိပ်တစ်ခုက အပျက်အစီးပုံများထဲကနေ အလျင်အမြန် တက်ရောက်လာ၏။ထိုအရိပ်က အဘိုးအို၏ ဆူငေါက်သံကို ကြားလိုက်သည့်အခါ မခံချိမခံသာပြုံးကာ သူကပျောက်ကွယ်သွား၏။သည့်နောက် အင်ပါယာမြို့၏ ပြိုင်ပွဲကွင်းပြင်ပေါ်၌ ပြန်ပေါ်လာခဲ့သည်။

ထိုလူက ခပ်မြန်မြန် ပြောလိုက်၏။ “မြေးယွမ်သွမ်းက ဘိုးဘိုးငါးယောက်ကို နှုတ်ဆက်ပါတယ်…”

ထိုယွမ်သွမ်းဆိုသည့်လူက ဝမ်လင်းနှင့်အတူ လှေပေါ်၌ တစ်ညလုံးအရက် အတူသောက်ခဲ့သူပင် ဖြစ်နေ၏။

“ခွေးကောင်လေး…ကောင်းကင်နတ်ဆိုးမြို့က ပျက်စီးသွားခဲ့ပြီ။ငါက မင်းကို ဒီမြို့ မူလအတိုင်း ပြန်ဖြစ်ဖို့ အချိန်သုံးလပေးမယ်။မဟုတ်ရင် ငါက မင်းကို နဂါးရေကန်ထဲကို လွင့်ပစ်ခံရပြီး နှစ်တစ်ရာ ချိပ်ပိတ်ခံရမယ်…”

နှစ်နှစ်ရာ…။

နှစ်ငါးရာ။

နှစ်တစ်ထောင်။

နောက်ဆုံးအဘိုးက တိုးညှင်းစွာ နှာခေါင်းရှုံ့၍ ဆိုလာ၏။ “သူ့ကို တစ်သက်လုံး ချိပ်ပိတ်ပစ်မယ်…”

လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သည့်နောက် သူက မခံချိမခံသာပြုံး၍ ခေါင်းညိတ်လိုက်ရသည်။ “ဘိုးဘိုးငါးယောက်…စိတ်အေးအေးထားပါ။ မြေးက ဒီရှေးဟောင်းနတ်ဆိုးမြို့ကို သုံးလအတွင်း ပြန်တည်ဆောက်ပေးပါ့မယ်…”

“ဘိုးဘေး ရွေးချယ်လိုက်တဲ့ စောနက လူကို သွားရှာပါ။ပြီးရင် သူ့ကို သုံးလအတွင်း နဂါးရေကန်ကို ခေါ်လာခဲ့ချေ…” အဘိုးအိုငါးယောက်က ထိုသို့ပြောဆိုပြီးသည့်နောက် အပျက်အစီးပုံကြီးကို ကြည့်လိုက်၏။သည့်နောက် သူတို့က ပျောက်ကွယ်သွားတော့၏။

ဝမ်လင်း ပြန်ပေါ်လာသည့်အခါတွင် သူက ပေငါးထောင်ကျော် အကွာသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူက နတ်ဘုရားအာရုံကို ချက်ခြင်း ထုတ်လွှတ်ကာ သူ့သိုလှောင်အိတ်ထဲမှ တုန်ကင်တစ်ခုကို ထုတ်ယူလိုက်၏။

ထိုတုန်ကင်က သူ ထူးဆန်းအံ့ဖွယ်လှိုဏ်ဂူသို့ ဝင်ရောက်ရန် အသုံးပြုရမည့်အရာ ဖြစ်သည်။ ထိုတုန်ကင်နှင့်ဆိုလျှင် သူက ကြိုက်သည့်အချိန် ထိုလှိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ဝမ်လင်းက တုန်ကင်ပေါ်၌ ထူးဆန်းသောသင်္ကေတများကို ဖန်တီးလိုက်၏။ထိုအခါ တုန်ကင်က အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လာပြီး ဝမ်လင်းအား ဝန်းရံသွားသည်။သည့်နောက် သူက ပျောက်ကွယ်လို့သွားတော့၏။

သူက ပြန်ပြောင်းနဂါးနှင့် ချိတ်ဆက်ထားသည့် စင်္ကြံတစ်ခုပေါ်တွင် ပြန်ပေါ်လာသည်။သူက ပေါ်လာပြီးပြီးချင်း လှိုဏ်ဂူရှိရာသို့ တဟုန်ထိုး သွားတော့၏။

နတ်ဘုရားပြစ်ဒဏ် ပြီးဆုံးသွားပြီးနောက် ဝမ်လင်းသည့် သူ့နယ်ပယ်သည် ပြည့်စုံသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြည်းဖြည်းချင်းပေါင်းစပ်နေသည်ကို ချက်ခြင်း သတိပြုမိခဲ့သည်။ထို တွေ့ရှိချက်က သူ့ကို တုန်လှုပ်စေခဲ့၏။

အာဏတက်မှုအဆင့်ရဲ့ သေခြင်းရှင်ခြင်း စမ်းသက်ချက်။

ထို ကြမ္မာစမ်းသပ်ချက်အတွင်း လူတစ်ယောက်က အမှားတစ်ခု ပြုလုပ်မိသည်နှင့် သူ့ကျင့်ကြံမှုက အချည်းနှီးဖြစ်သွားမည် ဖြစ်ကာ သူ့နယ်ပယ်သည်လည်း ပျက်စီးသွားပေလိမ့်မည်။သူက သည်အရာသည် အပြင်ဘက်ရှိ သူ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အပေါ်၌ သက်ရောက်မှု ရှိမရှိကိုတော့ မသိသော်လည်း ထိုအမှားကို စွန့်စားကြည့်ရန် ဆန္ဒမရှိပေ။

အာဏာတက်ခြင်းအဆင့်သို့ တက်ရောက်ရန် ပြင်ပ အနှောက်အယှက်များကို ဖယ်ရှားနိုင်ရန် အလို့ငှာ အလုံခြုံဆုံးနေရာတွင် ပြီးပြည့်စုံအောင် လုပ်သင့်ပေ၏။ထိုမှသာ ကြီးမားသည့် အောင်မြင်မှု ရနိုင်ပေမည်။

ထိုလှိုဏ်ဂူက သူ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။

ဝမ်လင်းက လျင်မြန်စွာ ရွှေ့လျားကာ စင်္ကြံတစ်ခုပြီးတစ်ခုအား ဖြတ်ကျော်လာ၏။နောက်ဆုံးတွင် သူက ဂူအပြင်ဘက်သို့ ရောက်ရှိလာ၏။သူက ထိုဂူထဲသို့ ခြေလှမ်း၍ ဝင်သွားတော့သည်။

ဝမ်လင်းက သူအရက်အိုး ရရှိခဲ့သည့် ခန်းမဆောင်သို့ တိုက်ရိုက် တန်းသွား၏။သူက ထိုနေရာသို့ ရောက်ရှိလာပြီးနောက် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ အသက်ဝဝရှူသွင်းသည်။သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။သို့သော် သူ့သိုလှောင်အိတ်ထဲ၌ ကောင်းကင်ဘုံကျောက်စိမ်းပြားပြားများက မူလလောက် အများကြီး မရှိတော့ချေ။သူက ထိုကျောက်စိမ်းပြားအများအပြားကို နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရာ၌ အသုံးပြုခဲ့ပြီး မဟုတ်လော။

သိုသော် သူ့၌လုံလောက်သော ကျောက်စိမ်းပြားမှ ကျန်နေသေးသည်သာ။ဝမ်လင်းက သိုလှောင်အိတ်ကို လှုပ်ခါလိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားများက ချက်ခြင်းပျံသန်းထွက်လာ၏။ ခန်းမဆောင်၏ ကြမ်းပြင်သည် ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပုံသွား၏။

ထို့နောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထပ်ထုတ်ယူလိုက်သည်။

ထိုအရာက လက်သည်းခွံလောက်သာ ရှိသည့် အနီရောင်သလင်းကျောက်တစ်ခု ဖြစ်နေသည်။ထိုသလင်ကျောက်ပေါ်လာသည့်အခါတွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များပင် တုံ့ဆိုင်းသွား၏။အချိန်ပင် ခဏတာ ရပ်တန့်သွားရ၏။ထိုသလင်းကျောက်က ကောင်းကင်ဘုံခွန်အားလို ခံစားချက်မျိုးအား ပေးစွမ်းနေ၏။

“အာဏာတက်ခြင်း သလင်းကျောက်…။ဒါက စီနီယာကျောက်ရီ ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တာ။ ငါက ဒီနေ့မှာ အာဏာတက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်ခဲ့ရင် ငါ့ဘဝမှာ စီနီယာကျောက်ရီရဲ့ အကြွေးကို ဘယ်တော့မှာ မေ့ပစ်မှာ မဟုတ်ပါဘူး…”

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် သူက လက်ထဲရှိ သလင်းကျောက်ကို ဝါးမြိုပစ်လိုက်လေ၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက မျက်လုံးမှိတ်ကာ သူ့နယ်ပယ်နှင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်နေသည့် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် လုပ်ဆောင်နေသည့် ဖြစ်စဉ်အတွင်း၌ နစ်မြုပ်ထားလိုက်တော့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ဝမ်လင်းအသွင်က မည်သည့်လှိုင်းတွန့်မှ မရှိသည့်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။သူ့ပတ်လည်ရှိ ကောင်းကင်ဘုံကျော်ကစိမ်းပြားများသည်လည်း စုပ်ယူခြင်းခံလိုက်ရသဖြင့် ဖုန်မှုန်များအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။သူက မရေမတွက်နိုင်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလို့နေ၏။

တစ်စုံတစ်ယောက်က အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိလိုသည့်အခါ အာဏာတက်ခြင်းသလင်းကျောက်ကို သူတို့ မူလစိတ်ဝိညာဉ်ထဲ၌ ဖြစ်တည်အောင် လုပ်ရသည်။၎င်းက နှလုံးသားနှင့်တူ၏။မူလစိတ်ဝိညာဉ်၏ နှလုံးသားပင်။

ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကျောက်က ဝမ်လင်းအတွက် ဒုတိယမြောက်နှလုံးသားဟု ဆိုရမည်။

ဝမ်လင်းက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိအောင် ကျင့်ကြံနေစဉ်တွင် ကောင်းကင်နတ်ဆိုးမြို့သည် အလျင်အမြန် ပြန်တည်ဆောက်လို့နေ၏။ ကောင်းကင်နတ်ဆိုးနိုင်ငံ၏ များစွာသော နတ်ဆိုးတပ်သားများက စုရုံးနေကာ ကောင်းကင်နတ်ဆိုးမြို့ကို ပြန်တည်ဆောက်နေကြ၏။

ထိုအချိန်မှာပင် ကီလိုမီတာသောင်းချီ၍ ဝေးကွာသော နေရာတွင် ရှိနေသည့် ရှေးဟောင်းတိုက်ပွဲနယ်မြေရှိ အနက်ရောင်မျှော်စင်ထက်မှ အနက်ရောင်ချပ်ဝတ်၏ စစ်ခမောက်ထဲကနေ တစ္ဆေအလင်းတန်းနှစ်ခု လင်းလက်လာ၏။

“ရှေးဟောင်းနတ်ဆိုးတောင် ထွက်ပေါ်လာပြီး နတ်ဘုရားပြစ်ဒဏ်ကို ခုခံနိုင်ဖို့ မင်းကို ကူညီပေးခဲ့တာပဲ…။မင်းကို ဒီလို စုပ်ယူပစ်ရမှာ သနားစရာပဲ…။ဒါပေမဲ့ ငါက ဒီအခွင့်အရေးကို လွဲချော်သွားရင် နောက်ထပ် ဘယ်လောက်တောင် ဆက်စောင့်နေရမလဲ မသိတော့ဘူး…။အာဏာတက်ခြင်းအဆင့်ရဲ့ စွမ်းအားက သိပ်မများပေမဲ့လည်း ငါက ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး…”

***

Comment

Leave a Reply

Options

not work with dark mode
Reset