စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ တောင်ကြားအတွင်းပိုင်းတွင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အတားအဆီးအလုံးငယ်တစ်ခုက ရုတ်တရက် ပျံသန်းထွက်လာ၏။ သူက ထိုအလုံးငယ်ပေါ်သို့ ချိပ်တံဆိပ်တစ်ခုကို ပို့လွှတ်လိုက်သည်။ထို့နောက် ၎င်းက ရုတ်တရက် ချဲ့ကားကြီးမားလာလေ၏။
ထိုအလုံးထဲတွင် ယောင်ရှင်းရွှယ်က ကြာပွင့်သဏ္ဌာန်ထိုင်နေကာ သူမမျက်နှာက သေလောက်အောင် ဖြူရောက်နေသည်။
သူမနှဖူးထက်ရှိ အသက်ဓာတ်ချိပ်တံဆိပ်ကလည်း တဖျပ်ဖျပ်တောက်ပနေ၏။ ၎င်းက တစ်ချက်တောက်ပတိုင်း သူမခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်ကို အနည်းငယ် ပို့လွှတ်ပေးကာ သေဆုံးသွားခြင်းကို တားဆီးပေးသည်။
ယောင်ရှင်းရွှယ်က မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို ကြမ်းကြုတ်စွာ စူးစိုက်ကြည့်သည်။ဝမ်လင်းအပေါ် သူမ၏ အမုန်းက ဖော်ပြ၍ပင် မရနိုင်လောက်ပေ။
ဝမ်လင်းက သူမအကြည့်ကို လစ်လျူရှုကာ တည်ငြိမ်စွာ မေးလိုက်၏။ “ရောင်းရင်းကျင့်ကြံသူယောင်…ငါ့တောင်းဆိုချက်ကို စဉ်းစားပြီးပြီးလား…”
ယောင်ရှင်းရွှယ်က အံတင်းတင်းကြိတ်သည်။သူမက သည်အတားအဆီးထဲတွင် အချိန်ကုန်ဆုံးမှုကို မခံစားနိုင်ချေ။ ထိုအရာက သူမနှလုံးသားထဲတွင် အကူအညီမဲ့သောခံစားချက်ကို ဖြစ်စေ၏။
အပြင်ဘက်တွင် တစ်နှစ်တာကာလ ရှိသွားခဲ့ပြီ ဖြစ်သော်လည်း သူမအတွက်တော့ အဆုံးမဲ့တည်ရှိသကဲ့သို့ ခံစားနေရသည်။
ဝမ်လင်းက ယောင်ရှင်းရွှယ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “ငါ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ဒါ့ကြောင့် ငါ နင့်ကို အခွင့်ရေးသုံးခါပဲ ပေးမယ်။ ဒီတစ်ကြိမ် နင်ငါ့မေးခွန်းကို ဖြေဖို့ မရွေးချယ်ရင် နောက်တစ်ခါဆို သုံးကြိမ်မြောက် ဖြစ်ပြီ။ခုထိ နင်က ဖြေချင်တဲ့ဆန္ဒမရှိသေးရင် ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့…”နင်က ဖြေချင်တ် နောက်တစ်ခါဆို သုံးကြိမ်မြောက် ဖြစ်ပြ
“နင်က ငါ့အဖေ နင့်ကို အမဲလိုက်မှာ မစိုးရိမ်ဘူးလား…” ယောင်ရှင်းရွှယ်က လက်သီးတင်းတင်းစုပ်ကာ ပြောလိုက်သည်။
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြ၏။ “ငါ ကြောက်တာပေါ့။ သွေးဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်က ငါထက် အဆများစွာသာတဲ့နေရာမှာ ရှိနေတာပဲ။ သူသာ ငါ့ကို အမဲလိုက်ရင် ငါ့နိမ့်ပါးတဲ့ ကျင့်ကြံမှုအဆင့်နဲ့ လွတ်မြောက်အောင် မလုပ်နိုင်မှာကို စိုးရိမ်မိတယ်…”
“ဒါပေမဲ့ ငါက ဒီအခြေအနေထဲကို အတင်းရောက်လာခဲ့ရတာ။ နင်သာ ငါ့ကို ဆန့်ကျင်ဖို့ အစီအစဉ် မရှိရင် ငါကလည်း နင့်ကို ဘာမှ ရန်စစရာ မရှိဘူး။ အရာရာတိုင်းက အကြောင်းနဲ့အကျိုးဆိုတာ ရှိတယ်။ ငါက နင့်ကို လွှတ်ပေးရင်လည်း ငါက သွေးဘိုဘေးကို ရန်စသလို ဖြစ်နေခဲ့ပြီးပြီး။ ဒါပေမဲ့ နင့်ကို ငါ့လက်ထဲမှာ ထိန်းသိမ်းထားရင်တော့ ငါက အသက်ရှင်ဖို့ အခွင့်ရေး ရှိသေးတယ်…”
ယောင်ရှင်းရွှယ်က လျင်မြန်စွာ ပြောလိုက်သည်။ “နင်က ငါ့ကို လွှတ်ပေးရင် ငါ့အဖေကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်တော့မှ မပြောပြဖို့ ကျိန်ဆိုတယ်။ငါ့တို့နှစ်ယောက်ကြားက ရန်ငြှိုးကလည်း ရှင်းလင်းသွားပြီး…”
ဝမ်လင်းက ယောင်ရှင်းရွှယ်ကို သေချာကြည့်ကာ ပြောလိုက်သည်။ “ငါ နင့်ကို မယုံဘူး…”
“နင်…” ယောင်ရှင်းရွှယ်က အသက်ဝဝရှူသွင်းကာ ပြောလိုက်သည်။ “နင် ဘာလိုချင်လို့လဲ…”
ဝမ်လင်းက ပြောလိုက်သည်။ “ငါ့ စည်းမျဉ်းအတိုင်း လိုက်လုပ်ပါ။ ငါ့ မေးခွန်းတွေထဲက တစ်ခု ဖြေတာနဲ့ နင့်ကို ချိပ်ပိတ်ထားတဲ့ နှစ်တွေထဲကနေ နှစ်ငါးဆယ် လျော့ပေးမယ်…”
ယောင်ရှင်းရွှယ်က ခေါင်ငုံ့လိုက်သည်။ သူမျက်လုံးထဲ၌ စဉ်းစားရုန်းကနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေသည်။
ဝမ်လင်းက သူမကို စိတ်ရှည်လက်ရှည်သာ ကြည့်နေ၏။
အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာချိန်ပြီးနောက် သူမက ခေါင်းမော့ကာ အေးစက်စက် ပြောလိုက်သည်။ “နင်က ငါ့ကို ချိပ်ပိတ်ထားရင်တောင် ငါ့အဖေရဲ့အစွမ်းနဲ့ဆိုရင် သူက ငါ့ကို ရှာနိုင်မှာပဲ။ အဲ့အချိန်ကြရင် ငါက ငါ့အဖေနင့်ခန္ဓာကိုယ်ကို ဖျက်စီးပြီး နင်စိတ်ဝိညာဉ်ကို နှုတ်ယူ၊ တစ်နေရာမှာ ပိတ်လှောင်ပစ်ထားတာကို ကိုယ်တိုင် စောင့်ကြည်မယ်။ အဲ့အချိန်ကြရင် နင်က မသေမရှင်ဖြစ်နေရတဲ့ ခံစားချက်က ဘာလဲဆိုတာ ကောင်းကောင်းနားလည်သွားလိမ့်မယ်…”
ဝမ်လင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “နင်က ဒုတိယအခွင့်ရေးကို ဖြုန်းတီးလိုက်ပြီ။ နောက်တစ်ကြိမ်ကျရင်တော့ နင်တန်ဖိုးထားဖို့ ငါ မျှော်လင့်ပါတယ်…”
ထိုသို့ပြောပြီးနောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ယောင်ရှင်းရွှယ်၏ ရှေ့သို့ ရောက်လာ၏။ သည့်နောက် သူမ မေးရိုးကို အားအနည်းငယ် စိုက်၍ ပင့်ကာ ပါးစပ်ဆွဲဟလိုက်သည်။
ယောင်ရှင်းရွှယ်မျက်နှာက လုံးဝ ဖြူရောနေသည်။ သူမက ရုန်းကန်လိုသော်လည်း ခွန်အားမဲ့နေရ၏။
ဝမ်လင်းက သူ့လက်ချောင်းနှစ်ချောင်းကို ယောင်ရှင်းရွှယ်ပါးစပ်ထဲသို့ ထည့်သွင်းလိုက်၏။ သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခါတွင် သူ့လက်ချောင်းနှစ်များကြားတွင် အနီရောင်အပ်တစ်ခု ပြန်ပါလာ၏။
“နင်က နင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆီအနှစ်အများကြီးကို အသုံးပြုပြီး ဒီအပ်ကို ပြုလုပ်ခဲ့တယ်။ အချိန်လုံလုံလောက်လောက် ရှိမယ်ဆိုရင် နင်က ဒီအပ်ကိုအသုံးပြုပြီး အသက်ဓာတ်ချိပ်တံဆိပ်ကို ဖျက်စီးပြီး ဒီအတားအဆီးထဲမှာ ကိုယ့်ကိုကိုယ် သတ်သေနိုင်လိမ့်မယ်…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းက ထိုအပ်ကို ခြေမွပစ်လိုက်၏။
ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ ဝမ်လင်းထံသို့ ကြည့်နေသည့် သူမအကြည့်က ကြမ်းကြုတ်သည်ဟူ၍ပင် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။
ယောင်ရှင်းရွှယ်က အသက်ဝဝရှူသွင်းလိုက်၏။ ထို့နောက် သူမမျက်လုံးက ရှားရှားပါးပါး ကြည်လင်သွားပြီး တိုးညင်းစွာ ပြောလိုက်သည်။ “ဝမ်လင်း…ငါ လွတ်မြောက်လာတဲ့နေ့ကြရင် ငါက နင့်အပေါ်မှာ အရက်စက်ဆုံးဆိုတဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ပြမယ်…”
သည်အခိုက်တွင် ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ်မှ မမြင်ရသော အားတစ်ခုက ထွက်ပေါ်လာသည်။၎င်းအားက တဖြည်းဖြည်းဖြင့် ဝမ်လင်းအပေါ်သူမ၏ အမုန်းတရားများ ဖြစ် သိပ်သည်းလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။ တဖြည်းဖြည်းဖြင့် ၎င်းက လေဟာနယ်ကို ချိုးဖျက်ရန် တာဆူလာသည်။
ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ “ကြည့်ရတာ နင့်ခန္ဓာကိုယ်မှာ ရှိတဲ့ အတားအဆီးတွေက နည်းနေသေးတဲ့ပုံပဲ…” သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံသောလေပြေတစ်ခုက ယောင်ရှင်းရွှယ်၏ အဝတ်အစားများအပေါ်သို့ တိုက်ခတ်သွား၏။ ထိုအခါ သူမ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် ပြည့်စုံသည့် ခန္ဓာကိုယ်အလှက ထွက်ပေါ်လာတော့၏။
ဝမ်လင်းက သူမ ခန္ဓာကိုယ်ကို သေချာလေ့လာကြည့်နေသည်။ ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ စောနက ကြည်လင်မှုက ဆက်ရှိနေသေး၏။ သို့သော် ဝမ်လင်းက ၎င်းအကြည်ဓာတ်သည် စတင်ပျောက်ကွယ်လာသည်ကို တွေ့မြင်နိုင်ပေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ညာလက်ကို ဆန့်တန်းလိုက်ပြီး သူမခန္ဓာကိုယ်ပေါ်ရှိ နေရာများစွာသို့ ဟိုဟိုသည်သည် ကျူးကျော်လာသည်။ သူက ယောင်ရှင်းရွှယ်၏ အာရုံခံအမှတ်( ဘယ်နေရာလဲ သိတယ်ဟုတ်) ထံသို့ပင် ကျူးကျော်လိုက်၏။
သူမခန္ဓာကိုယ်ပေါ်သို့ သူ့လက်ချောင်း ကျရောက်သွားသည့်အချိန်တိုင်းတွင် ဝမ်လင်းက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူမခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးလေ၏။ ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း နီရဲလာကာ သူမမျက်လုံးထဲရှိ ကြည်လင်မှုကလည်း ပျောက်ကွယ်သွား၏။ ထိုအစား သူမမျက်လုံးထဲ၌ အရှက်ခွဲခံရခြင်းနှင့် ရန်လိုခြင်းတို့က အစားထိုးလာခဲ့၏။
ယောင်ရှင်းရွှယ်၏ အငြှိုးတရားက အကန့်အသတ်တိုင်လာခဲ့လေပြီ။ သူမက စီကနဲ ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဝမ်လင်း နင်က တကယ့်ကို စက်ဆုပ်ဖို့ကောင်းတဲ့ကောင်၊ အရှက်မရှိတဲ့ကောင်။ ငါ ယောင်ရှင်းရွှယ်က နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး…”
ဝမ်လင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချမိသည်။ သည်ယောင်ရှင်းရွှယ်၏ စွမ်းရည်က အံမခန်းပင်။ သည်အခိုက်တွင် ဝမ်လင်းအပေါ်သူမ၏ ဖော်ပြ၍ပင် မရသည့် အမုန်းတရားက နားလည်မှုတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် မဟုတ်လား။ အမုန်းတရားကိုဖြတ်သန်းပြီး တာအိုထဲသို့ ဝင်ရောက်ခြင်းပင်။ ထို့ကြောင့် သူမမျက်လုံးက စောနက ကြည်လင်လာခဲ့ခြင်း ဖြစ်၏။ သူမသာ အောင်မြင်သွားပါက သူက သူမအပေါ်တွင် အသက်ဓာတ်အားချိပ်တံဆိပ်ဖြင့် ချိပ်ပိတ်ထားနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်လင်းက သူမအဝတ်အစားများကို ဖယ်ရှားပစ်ကာ သူမခန္ဓာကိုယ်အား ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် သူမမျက်လုံးထဲရှိ ကြည်လင်မှု ပျောက်ကွယ်သွားသည့်အထိ လှုံ့ဆော်ပေးခြင်းဖြစ်သည်။ သူက ထိုအမုန်းတရားကနေ တာအိုအခြေအနေသို့ ဝင်ရောက်နေခြင်းကို သူက ဖျက်စီးလိုက်ခြင်း ဖြစ်သည်။
ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်၏။ “နင့်အပေါ်ရှိတဲ့ ချိပ်တံဆိပ်က နည်းလွန်းနေသေးတယ်…” သူ့လက်က မြန်ဆန်စွာ လှုပ်ရှားသွားကာ မရေမတွက်နိုင်သောအတားအဆီးများကို ဖြစ်စေပြီး ယောင်ရှင်းရွှယ်ကိုယ်ပေါ်သို့ ကျရောက်စေလိုက်၏။
ဝမ်လင်း၏ အတားအဆီးများက သူမ၏အာရုံခံနေရာများပေါ်တွင် စက်ဝိုင်းတစ်ခုကို ဖန်တီးသွား၏။ ထို့ကြောင့် သည်လှုံ့ဆော်မှုက သူမခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ကျူးကျော်နေမည် ဖြစ်သည်။ သို့မသာ သူမ စောနတုန်းက ရခဲ့သည့် ကြည်လင်မှုနှင့်ဉာဏ်အလင်း ရရှိမှုတို့ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက သူမထံသို့ လက်ညွှန်ကာ အတားအဆီးအလုံးက စတင်ပြန်သေးငယ် ပိတ်ဆို့လာခဲ့သည်။ သည်အတားအဆီးများက တစ်ဖန်ထပ်၍ အလုံးငယ် အဖြစ်သို့ ပြောင်းလဲသွား၏။ ဝမ်လင်းက ၎င်းကို သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းလိုက်သည်။
“သွေးဘိုးဘေးရဲ့သမီးက ပြဿနာပဲ။သူမနဲ့ ရင်ဆိုဖို့က သူမကို ချိပ်ပိတ်ပစ်ဖို့ လျှို့ဝှက်တဲ့နေရာ တစ်ခု ရှာဖို့ပဲ။ ဒါပေမဲ့ ငါက အရင်ဆုံး သူမဆီကနေ လျို့ဝှက်ချက်တွေကို သိဖို့ လိုသေးတယ်။ ငါ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်ကို ရောက်ရင် ငါက သူမအပေါ်မှာ စိတ်ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုနိုင်လိမ့်မယ်။ ငါက ခုဒီနည်းကို သုံးရင် နည်းနည်းလေးမှားသွားတာနဲ့ သူမကို သတ်မိသွားနိုင်တယ်။ အဲ့ကျရင် နောက်အနာဂတ်မှာ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်…”
အချိန်က နှစ်လကျော် ကုန်ဆုံးသွားခဲ့ပြန်လေ၏။ နတ်ဆိုးဗိုလ်ချုပ်သို့ သူကတိပေးထားသည့် ရက်ရောက်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်။ သည်နေ့တွင် ဝမ်လင်းက တောင်ကြားထဲကနေ ထွက်လာ၏။ သူ့နောက်တွင် ချူယောင်ဟွာလည်း လိုက်ပါလာသည်။
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ထွက်သွားပြီးရင် ပတ်ဝန်းကျင်က မျိုးနွယ်စုတွေစီ လူတစ်ရာလောက် စေလွှတ်ပါ။ လိုအပ်တဲ့ ဘယ်နည်းလမ်းကို မဆို အသုံးပြုပြီး အခြားမျိးနွယ်စု တွေကို ပေါင်းစည်းပါ…”
“ခုခံတဲ့ မျိုးနွယ်စုတွေရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ဖို့ စိတ်ဝိညာဉ်အပိုင်းအစတွေကို အသုံးပြုချေ။ ပြီးရင် သူတိ့ကို စိတ်ဝိညာဉ်မွန်းမံခြင်းမန္တန် သင်ပေးလိုက်ကြ။ အသေးစိတ်အစီအစဉ်ကိုတော့ မင်းကိုယ်တိုင် စီစဉ်ဖို့ ငါခွင့်ပြုတယ်…”
ချူယောင်ဟွာက သဘောတူကြောင်း တုန့်ပြန်လိုက်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။ သူက ၎င်းကို ချူယောင်ဟွာထံသို ကမ်းပေးကာ ပြောလိုက်သည်။ “အမှန်တော့ စိတ်ဝိညာည်မွန်းမံခြင်း မန္တန်က နှစ်ပိုင်းရှိတယ်။ ပထမတစ်ပိုင်းက စိတ်ဝိညာဉ်မွန်းမံခြင်းနဲ့ ဒုတိယတစ်ပိုင်းကတော့ စိတ်ဝိညာဉ်ထုတ်ယူခြင်း။ ဒီဒုတိယတစ်ခုက အတွင်းတပည့်မဟုတ်ရင် ဘယ်သူ့ကိုမှ မသင်ပေးရဘူး။ ဒါကို ကောင်းကောင်းမှတ်ထား…”
ချူယောင်ဟွာက အသက်ဝဝရှူသွင်းကာ ထိုကျောက်စိမ်းပြားကို ဂရုတစိုက် လက်ခံလိုက်၏။ ၎င်း ကျောက်စိမ်းပြားကို ဖတ်ကြည့်ပြီးနောက် သူက ခြေမွပစ်ကာ အလေးအနက်အသံဖြင့် ပြောလိုက်သည်။ “ဘိုးဘေး..ငါက ဒါကိုမှတ်သားထားပြီးပါပြီ။ ဘိုးဘေးရဲ့စကားတွေကို လုံးဝ မမေ့စေရပါဘူး။ဒီမန္တန်ကို စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုရဲ့ အဓိကတပည့်တွေကိုပဲ သင်ပေးလိုက်ပါ့မယ်…”
ဝမ်လင်းက ခေါင်းညိတ်ပြာကာ သူ့လက်ကို ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ အထက်ရှိ အနက်ရောင်မြူအားလုံးက သူ့လက်ထဲတွင် ချက်ခြင်း စုဝေးလာ၏။ သည့်နောက် ပေသုံးဆယ်ခန့်ရှိသည့် စိတ်ဝိညာည်အလံတစ်ခု ဖြစ်ပေါ်သွားသည်။ သည့်နောက် သူက ၎င်းကို သူ့မူလစိတ်ဝိညာဉ်ထဲသို့ မြိုချလိုက်သည်။သို့ ဆန့်တန်းလိုက်၏
ထို့နောက်မှာတော့ ဝမ်လင်းက သာမန်စိတ်ဝိညာဉ်အလံများစွာကို ထုတ်ယူပြီး ကောင်းကင်ထက်သို့ ပစ်တင်လိုက်သည်။ ထိုအခါ ကောင်းကင်တစ်ခုလုံးက အနက်ရောင်မြူနှင့် တစ်ဖန် ပြန်ဖုံးလွှမ်းသွားသည်။
ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။
အကွာအဝေးတစ်ခုမှ အသံတစ်ခုသည် ချူယောင်ဟွာနားထဲသို့ ဝင်ရောက်လာ၏။
“ငါပြန်လာတဲ့အချိန်ကြရင် မျိုးနွယ်စုက အဖွဲ့ဝင်တစ်သန်းကျော် ရှိနေဖို့ မျှော်လင့်တယ်…”
ချူယောင်ဟွာက မြေပေါ်သို့ ဒူးထောက်ချကာ အလေးအနက် ပြောလိုက်သည်။ “ငါက ဘိုးဘေးကို စိတ်မပျက်စေရပါဘူး…”
ဝမ်လင်းက ကောင်းကင်ထက်ကို ဖြတ်သန်းနေ၏။ သူက ရှေးဟောင်းနတ်ဆိုးမြို့ထံသို ဦးတည်သွားနေသည်။
“ကောင်းကင်နတ်ဆိုးနိုင်ငံမှာ ဘယ်လို ကျားတွေ၊နဂါးတွေ ပုန်းကွယ်နေလဲ ငါသိချင်မိတယ်။ ဒီနေရာမှာက ထျန်ယွမ်ဂြိုဟ်ပေါ်က လူတွေ ပိုရှိနေနိုင်တယ်။ ငါက ဒီမြို့တော်ကို သွားတဲ့ ခရီးမှာ သူတို့ထဲက တစ်ယောက်ယောက်နဲ့ တွေ့နိုင်မလား သိချင်မိတယ်…”
“ဒီနေရာကို ရောက်လာတဲ့ထဲမှာ တာ့လော့ဓားကလန်က လူတွေလဲ ပါနိုင်သေးတယ်။ငါက သူတို့နဲ့ တွေ့ရင် တစ်ယောက်ကို ဖမ်းပြီး စီနီယာကျောက်ရီရဲ့ အကြောင်းကို မေးကြည့်ရမယ်…” ဝမ်လင်းက ပျံသန်းနေရင်း ထိုသို့ စဉ်းစားနေ၏။ သို့သော် သူ့အမြန်နှုန်းကတော့ လျော့ကျမသွားချေ။ သူက မိုးကုပ်စက်ဝိုင်းအစွန်းတွင် ပျောက်ကွယ်လို့သွား၏။
နတ်ဆိုးဗိုလ်ချုပ် မိုလီဟိုင်က အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ကာ ရှေးဟောင်းနတ်ဆိုးမြို့၏ အရှေ့ဘက်ဂိတ်တံခါးပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေသည်။ သူ့နောက်တွင်တော့ တပ်မှူးချုပ်နှင့် တပ်မှူးများ ရှိနေသည်။
မိုလီဟိုင်က စကားတစ်ခွန်းမှ မဆိုဘဲ အကွာအဝေးတစ်ခုသို့သာ ကြည့်နေသည်။
အချိန်အတန်ကြာပြီးနောက် မိုလီဟိုင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ နောက်လှည့်ပြီး ရှေးဟောင်းနတ်ဆိုးမြို့သို့ သေချာကြည့်ပြန်သည်။သူက မြို့လယ်ခေါင်တွင် အပျက်အစီးပုံတစ်ခုကို တွေ့မြင်လိုက်ရ၏။
မိုလီဟိုင်က တွေးလိုက်မိသည်။ “ငါ ဒီတစ်ခေါက် ထွက်သွားပြီးရင် ပြန်မလာတော့ဘူး။ နောက်ထပ် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်က ဒီမြို့ကို ပိုင်ဆိုင်လိမ့်မယ်။ဒါ့ကြောင့် ဒီအပျက်အစီးက ငါနဲ့ မသက်ဆိုင်တော့ဘူး…”
“ဆယ့်သုံးကို ဝမ်လင်းယူသွားတာ ဆိုးတာပဲ။ငါက ငါ့နတ်ဆိုးဆယ့်ရှစ်ကောင်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်မှာ ဆယ့်ခုနစ်ခုပဲ သန့်စင်လိုက်နိုင်တယ်။ဒါပေမဲ့ ဝမ်လင်းက ဒီတစ်ကြိမ် ငါ့ကို အမှန်တကယ် ကူညီပေးရင် ငါဟာ နတ်ဆိုးဗိုလ်ချုပ် ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးယောက်ထဲ ဝင်ဖို့ ယုံကြည်ချက် ရှိတယ်။ အဲ့ကျရင် ငါက ကျင့်ကြံဖို့ နတ်ဆိုးဘုရားကျောင်းထဲ ဝင်ခွင့် ရလိမ့်မယ်။ ငါ ပြန်ထွက်လာတာနဲ့ လက်ထောက်ဗိုလ်ချုပ်မှူး ဖြစ်ပြီ…” မိုလီဟိုင်က အသက်ဝဝရှုသွင်းလိုက်၏။ သူက အကွာအဝေးတစ်ခုသို့ အာရုံစိုက်ကြည့်လိုက်ပြီး သူက ပြုံးယောင်သမ်းလာခဲ့သည်။
“ဒီလူက သူ့စကားကို သူတည်သားပဲ…”
မိုလီဟိုင်က ရယ်မောကာ သူ့အသံကလည်း ပျံ့လွင့်လာသည်။ “အကိုဝမ်…ငါဒီမှာ…”
ဝမ်လင်းက အရှေ့ဘက်ဂိတ်တံခါး၏ ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ သူက လူအုပ်ရှေ့တွင် ရှိနေသည့် မိုလီဟိုင်ကို ကြည့်လိုက်၏။ “ငါက အကိုမိုကို စောင့်ဆိုင်းစေခဲ့ပြီ…” ဝမ်လင်းက ပြုံးလိုက်သည်။
“ပြဿနာ မရှိဘူး။ ဒီခရီးက ငါ့အတွက် တကယ်ကို အရေးကြီးတယ်။ဒါ့ကြောင့် အကိုဝမ်အပေါ်မူတည်နေတာပဲ…” မိုလီဟိုင်က ခြေတစ်လှမ်းလှမ်းလိုက်ရာ ဝမ်လင်း ရှေ့တွင် ပေါ်လာ၏။
ဝမ်လင်းကလည်း ရယ်မော ပြောလိုက်သည်။ “ပြဿနာ မရှိပါဘူး…”
“ မြို့တော်ကို ရောက်ဖို့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သုံးခုကို အသုံးပြုရလိမ့်မယ်။ အကိုဝမ်…သွားကြစို့…” အနီရောင်အလင်းတန်းနှစ်ခုက ရှေးဟောင်းနတ်ဆိုးမြို့ကို ဖြတ်သန်းကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေ၏။