ဝမ်လင်းက သူ့ထံသို့ တိုးဝင်လာသည့် အံ့မခန်းအားတစ်ခုကို ချက်ခြင်း ခံစားမိလိုက်သည်။ တစ္ဆေလောကလက်ညှိုးထံကနေ အက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အနှံ့သို့ ပြန့်နှံ့လို့သွားသည်။
ဝမ်လင်းခန္ဓာကိုယ်က သည်အားကြောင့် နောက်သို့ ဆုတ်သွားရသည်။သူက နောက်သို့ ပေသုံးဆယ်ခန့် လွင့်စင်သွားပြီးမှ သူ့ကိုယ်သူ ရပ်တန့်နိုင်သွားသည်။
ထိုတုန်ခါလှိုင်းကြောင့် တစ္ဆေလောကလက်ညှိုးကြောင့် အသက်ဓာတ်ယူဆောင်ခြင်းခံလိုက်ရသည့် နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်များသည် ဖုန်မှုံ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သည့်အပြင် ငါးကီလိုမီတာအတွင်းရှိ အဆောက်အဦတိုင်းပင် ပြိုကျသွားခဲ့ရ၏။
သည်မုန်တိုင်း၌ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနှင့် အထက် ကျင့်ကြံသူများသာ အသက်ရှင်ခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းပညာရပ်မှ ဖြစ်ပေါ်သည့် သတ်ဖြတ်ခြင်းအခိုးငွေ့များက ဝမ်လင်းထံသို့ ပျံ့ကျဲနေသောအသွေးအသားများကနေ တိုးဝင်လာ၏။
“ပြင်းထန်လိုက်တဲ့ မန္တန်…” ဝမ်လင်းရှေ့ကနေ ခပ်နိပ်နိပ်အသံတစ်ခု ထွက်ပေါ်လာ၏။ ဖုန်မှုံ့များ အထိုင်ပြန်ကျသွားပြီးနောက် နတ်ဆိုးဗိုလ်ချုပ်၏ ပုံရိပ် ထွက်ပေါ်လာတော့သည်။
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်ကလည်း လှုပ်ခါလာကာ နောက်သို့ အတင်းပြန်ဆုတ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များကလည်း ရူးသွယ်ဖွယ် လှုပ်ရှားလာပြီး နောက်သို့ ဆုတ်နေခြင်းကို ရပ်တန့်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ရှေ့သို့ တစ်လှမ်းပြန်တိုးလိုက်ရာ ပေသုံးဆယ်ကျော်သို့ ချက်ခြင်း ရောက်သွားသည်။ထို့နောက်သူက လက်ဝါးဖြင့် မြေပြင်ကို ရိုက်ချလိုက်သည်။ သည်လက်ဝါးက လေပြင်းတစ်ခုကို ဖြစ်စေကာ ငါးကီလိုမီတာဧရိယာတစ်ခုလုံးက ပင်လယ်တစ်ခုလို ဖြစ်လာသည်။
နတ်ဆိုးဗိုလ်ချုပ်၏ လက်ဝါးရိုက်ချက်ကြောင့် ဖြစ်ပေါ်လာသည့် အနှီပင်လယ်သည် ဝမ်လင်းထံသို့ ရူးသွယ်ဖွယ် တိုးဝင်လာသည်။
“ငါ့ လှိုင်းတစ်ရာနတ်ဆိုးပင်လယ် လက်ဝါးချက်ကို ခံနိုင်ရင် မင်းက ငါနဲ့စကားပြောဖို့ အရည်အချင်း ပြည့်မှီတယ်…”
ဝမ်လင်းခန္ဓာကိုယ်က နောက်သို့ ဆုတ်သွား၏။ ချက်ခြင်းပင် သူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက သူ့ပတ်လည်တွင် ဝန်းရံလာသည်ဟု ခံစားမိလိုက်၏။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ပုံမှန်ဆို အထည်ဒြပ်မရှိပေ။ သို့သော် သည်မန္တန်က ယင်းစွမ်းအင်ကို အစစ်အမှန်ပင်လယ်တစ်ခုအလား ပြောင်းလဲသွားစေသကဲ့သို့ ထင်မှတ်ရ၏။ သည်လက်ဝါးရိုက်ချက်က ပင်လယ်ကို မြှင့်တက်စေပြီး ဝမ်လင်းထံသို့ လွှမ်းမိုး ရိုက်ချလာသည်။
ပြိုကျမှုလက်သီးစိတ်ဆန္ဒဆယ်ခုနှင့် နှိုင်းယှဉ်ပါက သည်လှိုင်းတစ်ရာနတ်ဆိုးပင်လယ်က ပိုလို့ပင် အားကောင်းနေ၏။
နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ပင်လယ်နှင့်ရင်ဆိုင်ရာတွင် ဝမ်လင်းက သူ့စိတ်ထဲ၌ ရုတ်တရက် အကြံတစ်ခု ရလိုက်၏။
ဟင်္သာပြဒါးဂြိုဟ်မှာတုန်းက အားကောင်းသောကျင့်ကြံသူတစ်ယောက်က မန္တန်တစ်ခုကို အသုံးပြုပြီး ပင်လယ်ကို မြူထုတစ်ခုအဖြစ် ပြောင်းလဲစေခဲ့ကာ နတ်ဆိုးပင်လယ်၏ တည်နေရာအနေထားကို ဖြစ်စေခဲ့သည်ဟု နတ်ဆိုးပင်လယ်နှင့်ပတ်သတ်သည့် ကောလဟာလ တစ်ခု ရှိခဲ့ပေသည်။
အတိတ်တုန်းက ဝမ်လင်းက သည်အကြောင်းကို ကြားဖူးခဲ့ကာ တုန်လှုပ်မိသော်လည်း ယုံကြည်မှုသိပ်မရှိခဲ့ပေ။ သို့ရာတွင် ယနေ့ သူကိုယ်တိုင် နတ်ဆိုးဗိုလ်ချုပ်က မမြင်နိုင်သော ည်ကို တွော်လည်း ယုံကြည်မပင်လကို ာင်းလနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို ပင်လယ်အဖြစ်သို့ ပြောင်းလဲသည်ကို တွေ့မြင်နေရပေသည်။ သည်အရာက သူ့ကို တုန်လှုပ်စေခဲ့သော်လည်း သည်ကိစ္စနှင့်ပတ်သတ်၍လည်း နက်ရှိုင်းစွာ တွေးမိခြင်းကို ပိုဖြစ်စေသည်။
နတ်ဆိုးစွမ်းအင်ပင်လယ် မြှင့်တက်လာသည့်အခါ လှိုင်းများကလည်း တစ်လိပ်လိပ်တက်လာကာ လှိုင်းလုံးသုံးဆယ်ထိ ရောက်လာသည်။ ဝမ်လင်းက အာရုံစိုက်၍သာ နောက်သို့ ဆက်တိုက်ဆုတ်နေ၏။
နောက်သို့ဆုတ်ခြင်းက သူရှုံးနိမ့်သွားသည်ဟု မဆိုလိုချေ။ သူက သည်အရာကို ဖျက်စီးရန် နည်းလမ်းတစ်ခု စဉ်းစားဖို့ အချိန်ဆွဲနေခြင်း ဖြစ်သည်။
နတ်ဆိုးပင်လယ်၏ လှိုင်းလုံးသုံးဆယ်က အတူပေါင်းစပ်လာကာ ဝမ်လင်းနောက်သို့ လိုက်ပါနေ၏။ ဝမ်လင်းက သူ့လက်များကို မြန်ဆန်စွာ လှုပ်ရှားလိုက်ကာ သည်နီးကပ်လာသည့် လှိုင်းများကို တားဆီးနိုင်ရန် အတားအဆီးများစွာကို ဖြစ်စေလိုက်သည်။
သို့ရာတွင် သည်အတားအဆီးများက လှိုင်းများရှေ့၌ စက္ကူအလား ထင်မှတ်ရသည်။ သူတို့ ကချက်ခြင်း စုတ်ဖြဲခံရာကာ အနက်ရောင်အလင်းစက်များအဖြစ် ပြောင်း၍ ပျောက်ကွယ်လို့သွား၏။
လှိုင်းများက ပိုမို ကြမ်းတမ်းလာ၏။ ဝမ်လင်းမျက်လုံးကလည်း တလက်လက် ဖြစ်နေသည်။ သူက ယောင်ရှင်းရွှယ်၏ သွေးကျောက်စိမ်းပြားအချို့ကို ထုတ်ယူလိုက်၏။ ထိုအချိန်မှာပင် သူ့ခေါင်းထဲ၌ လျှို့ဝှက်လမ်းကြောင်းရှိ ဒုတိယမြောက်စင်္ကြံပေါ်တွင် သူစုပ်ယူခဲ့သည့် ရွှေရောင်သင်္ကေတ ပေါ်လာခဲ့သည်။
ရုတ်တရက် သည်သင်္ကေတက သူ့စိတ်ထဲတွင် ထင်းမှတ်သွားသည်။ သို့သော် ဝမ်လင်းက သည်အရာကို လစ်လျူရှုကာ သွေးကျောက်စိမ်းပြားများစွာကို ထုတ်ယူလိုက်သည်။ သူက ၎င်းတို့ကို ခွဲခြေပစ်ကာ သွေးအလင်းတန်းများက သည်ဧရိယာတွင် ပြည့်နှက်သွားတော့သည်။
သည်သွေးအလင်းတန်းက ဝမ်လင်းတစ်ကိုယ်လုံးကို ဖုံးလွှမ်းပေးသွားသည်။ သည်အခိုက်တွင် လှိုင်းလုံးသုံးဆယ်က ရောက်ရှိလာကာ သွေးအလင်းတန်းပေါ်သို့ ကျရောက်သွား၏။
တစီစီအသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ သွေးအလင်းတန်းက အသက်ရှုချိန်များစွာ ကြာပြီးနောက် ပြိုကျသွားကာ လှိုင်းများက နီးကပ်လာပြန်သည်။ ထိုလှိုင်းများ နီးကပ်လာသည်နှင့် ဝမ်လင်းစိတ်ထဲရှိ ရွှေရောင်သင်္ကေတက ပိုမို ရှင်းလင်းလာခဲ့ကာ ထည်ဝါလာ၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် ထောက်ပံထားသည်ဟု ဆိုလိုကာ သူ့စိတ်ထဲတွင်လည်း ခန့်ညားမှုအပြည့်ရှိသည်ဟု ဆိုလိုသည်။ထို့ကြောင့် ကြုံရာကြာပန်း အတွေးများက တိုက်ပွဲအတွင်း ပေါ်လာရန် မသင့်ပေ။
သို့သော် သည်အခိုက်တွင် ရွှေရောင်သင်္ကေတက သူ့စိတ်ထဲ၌ တဖျပ်ဖျပ် ပြင်းထန်စွာ တောက်ပသွားသည်။ ၎င်းက ဝမ်လင်းစိတ်ထဲကနေ ထိုးထွက်ရန်ပင် အဆင့်သင့် ဖြစ်နေသည်ဟု ထင်မှတ်ရ၏။
သည်ရွှေရောင်သင်္ကေတ၏ နှောက်ယှက်မှုကြောင့် သူက ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ချေ။ သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များပင် သည်တောက်ပသောရွှေရောင်အလင်းကြောင့် သက်ရောက်မှု ဖြစ်သွား၏။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သည်သင်္ကေတက သူ့ခေါင်းထဲတွင် အကြောင်းမရှိဘဲ မပေါ်လာသင့်ချေ။ သူက သူ့စိတ်ကို ဖွင့်ပေးရန် ဆုံးဖြတ်လိုက်ပြီး သူ့လက်ဖြင့် အတားအဆီးတစ်ခုကို ပို့လွှတ်လိုက်သည်။မီးခိုးရောင်အခိုးငွေ့က သူ့ရှေ့တွင် စုဝေးသွားပြီး သူ့ညာလက်လက်ညှိုးက သည်အခိုးငွေ့ပေါ်သို့ မြန်ဆန်စွာ သိမ်းကြုံးဖြတ်သန်းသွားသည်။
သည်တစ်ချက်ဖြင့်ပင် မီးခိုးရောင်အခိုးငွေ့က တွန့်လိန်ကာ သင်္ကေတတစ်ခု ဖြစ်သွား၏။
ထိုသင်္ကေတကို ရေးဆွဲပြီးနောက် ဝမ်လင်းစိတ်သည် ပို၍ ရှင်းလင်းလာသည်ဟု ခံစားမိလိုက်သည်။ သူက သူ့ကိုယ်ထဲရှိ စွမ်းအားကို ထုတ်လွှတ်ရန် စိတ်ထက်သန်လာ၏။
ထိုသင်္ကေတပေါ်လာသည်နှင့် နတ်ဆိုးဗိုလ်ချုပ်၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူ့အမြင်အရ သည်သင်္ကေတတွင် မည်သည့်စွမ်းအားမှ ရှိမနေချေ။ သို့သော် ဝမ်လင်းက အခုလို အရေးကြီးသည့် တိုက်ပွဲချိန်တွင် ၎င်းကို အသုံးပြုလိုက်သည့်အတွက် သာမန်တော့ မဖြစ်နိုင်ချေ။
ဝမ်လင်း လက်ချောင်းက ရပ်တန့်ခြင်း မရှိပေ။ ၎င်းက ပိုမိုမြန်ဆန်စွာဖြင့် စုတ်ချက်တစ်ခုသင်္ကေတကို ကျော်လွန် ရွှေ့လျားသွား၏။ နောက်တစ်ချက်တွင် သူက စုတ်ချက်နှစ်ခုသင်္ကေတကို ဖန်တီးလိုက်လေ၏။ နတ်ဆိုးဗိုလ်ချုပ်မျက်လုံးက ပိုမို အလေးအနက် ဖြစ်လာခဲ့သည်။ သည်သင်္ကေတ ဖြစ်ပေါ်လာသည့်အခါ သူက ကောင်းကင်ဘုံနှင့် ရင်ဆိုင်နေရသည်ဟု ချက်ခြင်း ခံစားလိုက်ရ၏။
ဝမ်လင်း လက်ချောင်းက နောက်ထပ် လှုပ်ရှားသွားပြန်ရာ စုတ်ချက်သုံးခုသင်္ကေတကို ဖန်တီးလိုက်ပြန်၏။သည်အချိန်တွင်တော့ သူ့စိတ်ထဲရှိ ရွှေရောင်သင်္ကေတက ရွှေရောင်အားတစ်ခုအဖြစ် အရည်ပျော်ကာ ထိုစုတ်ချက်သုံးခု ရွှေရောင်သင်္ကေတနှင့် ပေါင်းစပ်လို့သွား၏။
ထိုအခိုက်တွင် အနှီသင်္ကေတထံမှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာသည်။သည်အားက အလွန်အမင်း အားကောင်းကာ နတ်ဆိုးဗိုလ်ချုပ်၏ နှလုံးသားကိုပင် တင်းကြပ်သွားစေ၏။
သူက လှိုင်းလုံးသုံးဆယ်ကနေ ခြောက်ဆယ်သို့ အမြန်တိုးစေကာ ရှေ့သို့ ပို့လွှတ်သည်။
တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထိုသင်္ကေတက လှိုင်းလုံးသုံးဆယ်နှင့် တွေ့ဆုံသွားကာ ပြိုကျပျက်စီးသွား၏။ သည့်နောက် သင်္ကေတသည်လည်း မှိန်ဖျော့လို့သွားသည်။ ထို့နောက် ရွှေရောင်သင်္ကေတက နောက်ထပ်လှိုင်းလုံးသုံးဆယ်နှင့် ထိတိုက်မိပြန်ရာ တစ်ခုနှင့်တစ်ခု ချေဖျက်သွားကြလေ၏။
သို့သော် သည့်အခိုက်တွင် သင်္ကေတပျောက်ကွယ်သွားသော နေရာမှ မီးခိုးရောင်အမျှင်တန်းသုံးခု ထွက်ပေါ်လာ၏။ ထိုအမျှင်တန်းများက နတ်ဆိုးစွမ်းအင်ပင်လယ်ကို ထွင်းဖောက်ကာ နတ်ဆိုးဗိုလ်ချုပ်ထံသို့ တိုက်ရိုက် တိုးဝင်သွား၏။
နတ်ဆိုးဗိုလ်ချုပ်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး သူက အော်ပြောလိုက်သည်။ “အကာအကွယ်…အသက်ဝင်စမ်း…”
စကားတစ်ခွန်းဖြင့်ပင် သူ့ရှေ့တွင် ခုနစ်ပေခန့်မြင့်သည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ခန်းဆီးတစ်ခု ဖြစ်တည်၏။ မီးခိုးရောင်အမျှင်တန်းသုံးခုက သည်ခန်းဆီးစနှင့် ထိတိုက်မိသည်နှင့် ပြင်းထန်စွာ တုန်ခါကာ နောက်သို့ ပြန်ကန်ထွက်သွား၏။ ၎င်းတို့က အရင်ထက် မှိန်ဖျော့လို့သွားကြသည်။
နတ်ဆိုးဗိုလ်ချုပ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူက ရယ်မောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ “ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ မန္တန်လဲ၊ ဝမ်လင်း ငါက မင်းကို အထင်သေးခဲ့မိပြီ။ဒါပေမဲ့ ဒီသင်္ကေတ ကြည့်ရတာ ထပ်ပြီးလုပ်နိုင်စွမ်း ရှိလောက်သေးတယ်။ မင်းက ဒါရဲ့စွမ်းအားကို အကုန်ပြသပြီး ငါနဲ့ တိုက်ပွဲ ဆင်နွှဲရင်ကော…”
ဝမ်လင်းက အေးစက်စွာ မေးလိုက်သည်။ “ဆယ့်သုံး ဘယ်မှာလဲ…”
“ငါတို့တိုက်ခိုက်ပြီးမှ ပြောကြတာပေါ့…” နတ်ဆိုးဗိုလ်ချုပ်က ရယ်မောလိုက်သည်။ သူ့မျက်လုံးကလည်း လင်းထင်းလာသည်။
ဝမ်လင်းမျက်လုံးကလည်း လက်ခနဲ ဖြစ်သွားပြီးနောက် သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ ပြောလိုက်သည်။ “ငါက ငါ့နေက်ဆုံးဝှက်ဖဲကို သုံးလိုက်ရင် သင်က ကျိန်းသေပေါက် သေရလိမ့်မယ်…”
“အို…ဒီတော့ ငါ့ကို ဒီဝှက်ဖဲ ပြတော့။ ဒါက ငါ့ကို တကယ်သတ်နိုင်ရင် ငါ ကျေနပ်တယ်…” နတ်ဆိုးဗိုလ်ချုပ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ နောက်ထပ် လှိုင်းလုံးလေးဆယ်ကို ဖန်တီးကာ ဝမ်လင်းထံသို့ တိုးဝင်သွားစေသည်။
“ငါက မင်းကို သတ်လိုက်ရင် ငါ ဒီကောင်းကင်နတ်ဆိုးနိုင်ငံမှာ နေနိုင်ဖို့ နည်းလမ်း မရှိတော့ဘူး။ သေချာစောင့်ကြည့်ပါ၊ မင်းက ဒီတိုက်ချက်ကို ခံနိုင်လားမခံနိုင်လား ကိုယ့်ကိုယ်ကို သိပါလိမ့်မယ်…” ဝမ်လင်းက သည်လှိုင်းလုံးလေးဆယ်ကို ရင်ဆိုင်ရန် ကြိုစားမကြည့်ချေ။ ထိုအစား သူက လေထဲသို့ ခုန်တက်ကာ ရုတ်တရက် အောက်သို့ ငုံ့ကြည့်သည်။
နတ်ဆိုးဗိုလ်ချုပ်၏ မျက်လုံးက ထူးဆန်းသောအလင်းကို ထုတ်လွှတ်လာသည်။ အတွေးတစ်ချက်ဖြင့်ပင် လှိုင်းလုံးလေးဆယ်က သူ့ထံသို့ ပြန်ရောက်လာ၏။ ခုချိန်တွင် ယင်းလှိုင်းလုံးလေးဆယ်က သူ့ကို နဂါးများအလား ဝန်းရံထားကာ ခုလက်ရှိ၌ သူ့အား နတ်ဆိုးပင်လယ်နတ်ဘုရားတစ်ပါးအလား ဖြစ်တည်စေသည်။
ဝမ်လင်းက လေထဲ၌ ရှိနေ၏။သူက မျက်လုံးမှိတ်ထားသည်။ နတ်ဆိုးဗိုလ်ချုပ်က သူထင်ထားသည်ထက်ပို ပိုသန်မာနေခဲ့သည်။ ဆယ်ခုပြိုကျခြင်းလက်သီးချက်က နတ်ဆိုးဗိုလ်ချုပ်၏ မန္တန်များထဲကတစ်ခုသာ ဖြစ်နေသည်။ သည်လှိုင်းတစ်ရာနတ်ဆိုးပင်လယ်ကတော့ သူ့ အစစ်အမှန်သတ်ဖြတ်သည့် တိုက်ကွက် ဖြစ်သင့်ပေသည်။
သည်လူ၏ ကျင့်ကြံမှုအဆင့်က ဝမ်လင်းကဲ့သို့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း သူ့မန္တန်များက ဝမ်လင်းထက် အဆမတန် အားကောင်းနေခဲ့သည် မဟုတ်လား။
ဝမ်လင်းက မန္တန်များကင်းမဲ့မှုကြောင့် ဖိနှိပ်ခံနေရ၏။
သူ့ရတနာများကို အသုံးပြုလျှင်ပင် သူက အနိုင်ရမည်ဟု ယုံကြည်ချက် မရှိပေ။ သည်တစ်ကြိမ်က ပထမဆုံးအကြိမ်အဖြစ် နှစ်ပေါင်းရာချီအတွင်း သူနှင့်အဆင့်တူတစ်ယောက်ကိုရင်ဆိုင်ရာတွင် အနိုင်ရရန် ယုံကြည်မှု မရှိခြင်း ဖြစ်သည်။သူက နည်းနည်းလောက် ဂရုမစိုက်မိသည်နှင့် ရှုံးနိမ့်သွားနိုင်ပေသည်။
ခုချိန်တွင် သူက နတ်ဆိုးဗိုလ်ချုပ်၏ မြို့ထဲတွင် ရှိနေခြင်းဖြစ်သည်။ သူ့ပန်းတိုင်က ဆယ့်သုံးကို ကယ်တင်နိုင်ရန်သာ ဖြစ်သည်။ သူက ဒဏ်ရာတစ်ခုခု ရသည်နှင့် သည်ကယ်တင်နိုင်မည့်အခွင့်ရေးက ပျောက်ရှသွားပေလိမ့်မည်။ ဝမ်လင်းက သူမနိုင်နိုင်မှန်း သိပြီးနောက် သူ့တွင် လှည့်ဖျားရန် အကြံတစ်ခု ရလာ၏။
သူက လေထဲတွင် မျက်လုံးမှိတ်လျက် ရှိနေကာ သူကောင်းကင်ဘုံနယ်မြေတွင် မြင်တွေ့ခဲ့သော ဧရာမလက်ဝါးရာကြီးကို ပြန်စဉ်းစားနေသည်။ အတိတ်တုန်းက သူက ၎င်းလက်ဝါးနှင့်ပတ်သတ်၍ သင်ယူရန် အချိန်များစွာ အသုံးပြုခဲ့သည်။ ထို့နောက် သူက ၎င်းကို အနီရောင်လိပ်ပြာနှင့် ရင်ဆိုင်ရာ၌ အသုံးပြုခဲ့သေးသည်။ သို့ရာတွင် သည်လက်ဝါးက ဟန်သာရှိ၍ အဆံမရှိခဲ့ချေ။
သို့သော် သည်မန္တန်က မည်သူမျှ ဖြတ်မြင်နိုင်စွမ်း မရှိသည့် မန္တန်မျိုးဖြစ်၏။ တကယ်တော့ ၎င်း ပေါ်ထွက်လာသည်နှင့် ၎င်း၏ဖိအားကလည်း အံ့မခန်းအဆင့်ထွက်ပေါ်လာသည်သာ ဖြစ်သည်။
သည်ဧရာမလက်ဝါးရာကြီးက သူ့စိတ်ထဲတွင် ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။ သည်အခိုက်တွင် သူ့မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သည့်နောက် သူ့မျက်လုံးများက နားလည်ရန်ခက်သည့်အရောင်တစ်ခုကို ပြသနေ၏။
အကြည်တစ်ချက်ဖြင့်ပင် အောက်သို ငုံ့ကြည့်လိုက်သည်နှင့် သူက သည်ကမ္ဘာတစ်ခုလုံးကို အစိုးရသကဲ့သို့ ထင်မှတ်စေ၏။ နတ်ဆိုးဗိုလ်ချုပ်ကို သူက ခုချိန်၌ ပုရိက်ဆိတ်တစ်ကောင်အဖြစ် ရှူမြင်နေသည်။
နတ်ဆိုးဗိုလ်ချုပ်က သည်အကြည့်ကို တွေ့မြင်သည့်အခါ သူ့နှလုံးသားက ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ တုန်ခါမိသည်။
“ဒီ…ဒီအကြည့်က ငါဘုရားကျောင်းထဲမှာ ရှိတဲ့ ရှေးဟောင်းနတ်ဆိုးကို ကြည့်တဲ့ ချိန်မှာသာ ခံစားရတဲ့ အရာများ ပါဝင်နေတယ်။ ဒါက နတ်ဆိုးအင်ပါယာတောင် ပိုင်ဆိုင်ထားနိုင်တဲ့ အရာ မဟုတ်ဘူး…” နတ်ဆိုးဗိုလ်ချုပ်၏ ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့ပတ်လည်ရှိ လှိုင်းများကလည်း ထိန်းချုပ်မှုကင်းစွာ စတင်လှည့်ပတ်လာသည်။
ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ကာ ဖိနှိပ်ချ၏။ သည်လက်ဝါးက ကောင်းကင်ကို နက်မှောင်ကာ များစွာသောထူးဆန်းသည့်အားအမျိုုးမျိုးက ဝမ်လင်းအောက်သို့ စုဝေးလာကာ မမြင်ရသော အတုမဲ့ဧရာမလက်ဝါးရာကို ဖြစ်စေသည်။
ထို့နောက် သူက သည်လက်ဝါးကို ဖိချလိုက်၏။