Switch Mode

အပိုင်း (၆၁၀):

ဆယ့်သုံးကို ကယ်တင်ခြင်း (၁)

စီမာယန်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ဝမ်လင်းအသံက သူ့နားထဲသို့ ဝင်လာသည်နှင့် သူ့တစ်ကိုယ်လုံးက အေးစက်တောင့်တင်းသွားတော့သည်။

“သင် ထွက်သွားပြီး နှစ်ဝက်ကြာတော့ သူတို့နှစ်ယောက်လည်း ပျောက်သွားတယ်။ သူတို့ဘယ်သွားလဲတော့ ငါလည်း မသိဘူး…”

ဝမ်လင်းက စီမာယန်ကို အေးစက်စွာကြည့်လိုက်သည်။ သူက အချိန်မဖြုန်းလိုပေ။ သူ့လက်နှစ်ချောင်းကို ဓားတစ်လက်အသွင် ဖြစ်စေ၍ စီမာယန်၏ မျက်ခုံးနှစ်ခုကြားသို့ ချက်ခြင်းညွှန်လိုက်၏။ သူက စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တန်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်၏။

စီမာယန်၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လာကာ သူ့ဒွာရပေါက်များကနေ သွေးများစီးကျလာ၏။ သူ့မျက်လုံးကလည်း ပြူးကျယ်နေကာ ပေါက်ထွက်တော့မလို ဖြစ်နေသည်။

ဝမ်လင်းက စီမာယန်၏ စိတ်ကိုဖြတ်၍ နတ်ဘုရားအာရုံဖြင့် ဆက်လက်ရှာဖွေလိုက်သည်။ လွန်ခဲ့သောနှစ်က မှတ်ဉာဏ်များသည် ဝမ်လင်းရှေ့၌ ဆက်တိုက်ပေါ်လာခဲ့သည်။

သူထွက်သွားပြီး နှစ်ဝက်ခန့် ကြာပြီးနောက် ဆယ့်သုံးနှင့်ဟော်ဖောင်တို့သည် အငြားပွားမှုတစ်ခု ဖြစ်ခဲ့ကြသည်။ ဟော်ဖောင်က ဆက်မစောင့်ဘဲ မျိုးနွယ်စုရွာသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ဆယ့်သုံးကတော့ သည်နေရာတွင်ပင် ဝမ်လင်းကို ဆက်စောင့်ရန် ဆုံးဖြတ်ခဲ့ပေသည်။

နောက်ဆုံးတော့ ဟော်ဖောင်က ထွက်ခွာသွား၏။ သူက သူ့လမ်းခရီးက အောင်မြင်ခဲ့ခြင်း မရှိပေ။ စီမာယန်က ဟော်ဖောင်ကို လွယ်ကူစွာ ဖမ်း၍ စစ်တပ်အုပ်ချုပ်မှုကို ဆူပူစေသည်ဟု စွတ်ဆွဲကာ အမှောင်ထောင်ထဲသို့ ထည့်သွင်းခဲ့သည်။သုံးလကြာပြီးနောက် ဟော်ဖောင်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားတော့သည်။

အမှောင်ထောင်က အလွန်အစောင့်အကြပ်များသည့် နေရာ ဖြစ်သည်။ ထို့ကြောင့် စီမာယန်ပင် ဟော်ဖောင် မည်သို့ပျောက်သွားသည်ကို မသိခဲ့ချေ။

ဆယ့်သုံးကတော့ ဟော်ဖောင်ကို ကူညီရန် ကြိးစားခဲ့သော်လည်း သူက စီမာယန်၏ ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ချေ။ သူက ဆယ့်သုံး၏ သွေးကြောနှင့်အရိုးများကို ချေဖျက်ကာ မြေအောက်အကျဉ်းတိုက်ထံသို့ ထည့်ပိတ်လိုက်သည်။ သို့ရာတွင် တပ်မှူးချုပ်က သည်အခြင်းအရာကို တွေ့မြင်သည့်အခါ ဆယ့်သုံးကို အဝေးသို့ ခေါ်သွားခဲ့ပေသည်။

စီမာယန်၏ စိတ်ဝိညာဉ်ကို ရှာဖွေပြီးနောက် ဝမ်လင်းက သည်မှတ်ဉာဏ်များကို သိရှိလိုက်ပေသည်။ သူ့မျက်လုံးက ပိုအေးစက်လာကာ သူက ဒေါသတကြီး ရယ်မော၍ စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောလိုက်သည်။ “ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…”

သူ့မျက်လုံးထဲရှိ အေးစက်မှုက ပိုအားကောင်းလာပြီး သူက စီမာယန်၏ ပြူးထွက်နေသည့် မျက်လုံးများကို ကြည့်လိုက်သည်။သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို အသက်သွင်းလိုက်ရာ စီမာယန်၏ ခန္ဓာကိုယ်က ခြောက်သွေ့သွားတော့သည်။

အသက်ရှူချိန်အချို့ ကြာပြီးနောက် စီမာယန်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး အရိုးအသားများက ပတ်ဝန်းကျင်ဧရိယာသို့ ပြန့်ကျဲလို့သွားတော့သည်။ မီးခိုးရောင်အမျှင်တန်းက ထိုအသွေးအသားများကနေ ထွက်ပေါ်လာပြီး ဝမ်လင်းလက်ချောင်းများကြားတွင် စုဝေးလို့သွားသည်။

ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က အသုံးပြုရန် အလွန်ခက်ခဲ၏။ သို့သော် သည်တစ်ကြိမ်တွင် ဒေါသကြောင့် စီမာယန်ထံ၏ အသက်ဓာတ်ချိပ်ပိတ်ခြင်းကို အောင်မြင်စွာ သန့်စင်နိုင်လိုက်၏။

စီမာယန်ကို သတ်ဖြတ်ပြီးနောက် ဝမ်လင်းက ဗလတောင့်တောင့်လူကြီးကို ကြည့်လိုက်သည်။စီမာယန်၏ မှတ်ဉာဏ်များတွင် ထိုလူက ဆယ့်သုံးကို ခေါ်သွားခဲ့သူဟု ပြောထားသည် မဟုတ်လား။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ ထိုဗလတောင့်တောင့်လူကြီး ရှေ့သို့ ရောက်ရှိသွား၏။ သူက အေးစက်စွာ မေးလိုက်သည်။ “ဆယ့်သုံး ဘယ်မှာလဲ…”

ဗလတောင့်တောင့်အနက်ရောင်ချပ်ဝတ်နှင့်လူကြီးက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “သင်ပြောတဲ့လူက လွန်ခဲ့တဲ့နှစ်ဝက်က စီမာယန် အကျိုးမရှိ ဖြစ်စေခဲ့တဲ့ အရိုင်းအစိုင်းကောင်လား။ သင်က သူ့ကို ရှာနေတယ်ဆိုရင်တော့ ငါ့ကို မေးတာ ဘာမှ အသုံးမဝင်ဘူး…”

“နတ်ဆိုးဗိုလ်ချုပ်က ခန္ဓာကိုယ်သန်မာတဲ့လူတွေကို စုဆောင်းဖို့ အမိန့်ပေးခဲ့တယ်။ ဒီအရိုင်းအစောင်းကောင်က သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အားလုံးကို အသွေးအသားထဲမှာ စုစည်းထားနိုင်ပြီး ထူးဆန်းတဲ့နည်းစနစ်နဲ့ သူ့ခန္ဓာကိုယ်ကို သန့်စင်ထားနိုင်တယ်။ ဒါ့ကြောင့် ငါက သူ့ကို ချိပ်ပိတ်ပြီး နတ်ဆိုးဗိုလ်ချုပ်ကို လက်ဆောင်ပေးခဲ့တာပဲ…”

တပ်မှူးဝမ်…သင့်မှာ စွမ်းရည်ရှိရင် ဒီနေရာမှာ ပြသမနေပါနဲ့။ သင်ကိုယ်တိုင် ဒီကိစ္စကို နတ်ဆိုးဗိုလ်ချုပ်ထံ သွားမေးဝံ့လား။ နတ်ဆိုးဗိုလ်ချုပ်နဲ့ ပတ်သတ်နေတဲ့ ကိစ္စဖြစ်လို့ ငါသင့်ကို မလိမ်ပါဘူး…” ဗလင်တောင့်တောင့်လူကြီးက ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“မင်းက ဆယ့်သုံးကို ကယ်ပြီး နတ်ဆိုးဗိုလ်ချုပ်ကို ပေးလိုက်တယ်။မင်း လုပ်ဆောင်ချက်က ညီမျှတဲ့အတွက် ငါ မင်းကို မသက်တော့ဘူး…” ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက အခိုးငွေ့အဖြစ်သို့ ပြောင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။ ထို့နောက်သူက နတ်ဆိုးဗိုလ်ချုပ်၏ နန်းတော်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားလေ၏။

ဗလတောင့်တောင့်လူကြီးက ဝမ်လင်းသူ့ကို အသက်ရှင်ခွင့်ပေးလိမ့်မည်လို့ မမျှော်လင့်ထားမိချေ။ သူက မှင်တက်လို့သွားမိ၏။

သည့်နောက် သူက အခိုးငွေ့အဖြစ်ပြောင်း၍ ကောင်းကင်ထက်သို့ ပျံတက်သွားသည့် ဝမ်လင်းကို ကြည့်ကာ တုံ့ဆိုင်းဆိုင်း ပြောလိုက်၏။ “လွန်ခဲ့တဲ့တစ်နှစ်ခွဲက နတ်ဆိုးဗိုလ်ချုပ်က တံခါးပိတ်ကျင့်ကြံဖို့ တည်နေရာကူးပြောင်းခြင်း အစီအရင်တွေအားလုံးကို ပိတ်ခဲ့တယ်။ မင်းက အထဲကို ဝင်ချင်ရင် ချိုးဖျက်ဝင်ဖို့ တစ်နည်းပဲ ရှိတယ်…” သူက သူ့ရင်ဘက်ကို စမ်းကြည့်ပြီးနောက် လမ်းလျှောက်၍ ထွက်သွားတော့သည်။ သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားခဲ့သဖြင့် သူ့နန်းတောင်သို့ ပြန်ကာ ကောင်းမွန်အောင် လုပ်ရန် လိုနေသည် မဟုတ်လား။

ဝမ်လင်းက ကောင်းကင်ထက်တွင် အစိမ်းရောင်အခိုးငွေ့အဖြစ် ပျံသန်းနေကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး သည်ဧရိယာကို စစ်ဆေးကြည့်နေသည်။ ရှေးဟောင်းနတ်ဆိုးမြို့ရှိ နတ်ဆိုးဗိုလ်ချုပ်နန်းတော်သို့ သွားသည့် တည်နေရာကူးပြောင်းခြင်းအစီအရင်အားလုံးက ပိတ်လို့ထားသည်ကို တွေ့လိုက်ရသည်။ နတ်ဆိုးဗိုလ်ချုပ်ကသာ သည်အစီအရင်များကို ပြန်ဖွင့်ခြင်း မရှိပါက သူကိုယ်တိုင်က လွဲ၍အခြားလူများ အသုံးပြုရန် မဖြစ်နိုင်တော့ပေ။

“ငါက ဆယ့်သုံးနဲ့ ဟော်ဖောင်ကို ဒီနတ်ဆိုးမြို့ကို ခေါ်လာခဲ့တာ၊ ဒါ့ကြောင့် ငါက သူတို့ကို ခုလို ဖြစ်စေခဲ့တယ်လို့ ပြောလို့ရတယ်…” ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။ အမှန်တော့ သူက သည်စစ်တပ်ကနေ ထွက်ခွာသွားချိန်တွင် လှိုဏ်ဂူထဲ၌ တစ်နှစ်လောက် အိပ်ပျော်သွားလိမ့်မည်ဟု မထင်ထားမိချေ။ သည်လိုမထင်ထားသည့်အရာများ ဖြစ်ပျက်သွားမှုကြောင့် သူက ဆယ့်သုံးနှင့်ဟော်ဖော်တို့ကို ထိခိုက်စေခဲ့ပေသည်။

“ဒီကမ္ဘာမှာ ကျင့်ကြံသူတွေက သက်တမ်းရှည်အောင် နေရဖို့၊ ကံကြမ္မာက လွတ်မြောက်ဖို့၊ ဘေးကပ်ဆိုးတွေကို ရှောင်နိုင်ဖို့ မျှော်လင့်ကြတယ်။ ဆယ့်သုံးနဲ့ဟော်ဖောင်က ငါနဲ့ နီးကပ်မှု မရှိဘူး။ငါက သူတို့အတွက် နတ်ဆိုးဗိုလ်ချုပ်ရဲ့ နန်းတော်ကို ချိုးဖျက်ဝင်တာက နတ်ဆိုးဗိုလ်ချုပ်နဲ့ ကောင်းကင်နတ်ဆိုးနိုင်ငံကို ဆန့်ကျင်ရာ ကျနေတယ်…”

“ဒါက ငါ့အတွက်အန္တရာယ်ရှိနိုင်ပြီး ဒီကိစ္စကနေ ဝေးဝေးနေသင့်တယ်၊ ငါ ဒီလိုဆန့်ကျင်မှာက ထိုက်တန်မှုတော့ မရှိဘူး…”

“ဒါပေမဲ့ ငါ ဝမ်လင်းက လုပ်ထုံးလုပ်နည်းတွေ နောက်မလောက်နိုင်ဘူး။ ငါက တနေ့မှာ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုကို ရှာမှာ။ ငါက ဘယ်သူတစ်ယောက်ပေါ်မှ မှားယွင်းခဲ့တဲ့ ဆိုတဲ့ ခံစားချက် မရှိဘဲနဲ့ နေထိုင်ချင်တယ်။ ငါက လူတော်လူကောင်းတစ်ယောက်၊လူဆိုးတစ်ယောက်၊ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်၊ ဒါမှမဟုတ် ကြောင်သူတော်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘဝမှာ လုပ်ကိုလုပ်ရမယ့် ဟာတွေရှိတယ်…”

“ဒီရှုထောင့်က ကြည့်ရင် ငါက ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ သင့်တော်ခြင်း မရှိဘူး…”

“ဒါပေမဲ့ ငါလုပ်ရမယ့်အရာတွေ ရှိကိုရှိတယ်။ ငါက ဆယ့်သုံးကို မကယ်ရင် ငါ လိုက်လံရှာဖွေနေတဲ့ တာအိုက ဘာဖြစ်မလဲ…” ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူ့နှလုံးသားက တည်ငြိမ်သွားတော့သည်။

စစ်တပ်နှင့် နတ်ဆိုးဗိုလ်ချုပ်နန်းတော်ကြားတွင် တံခါးပေါက်ခြောက်ခု ရှိသည်။ သူက တည်နေရာအစီအရင်ကို အသုံးမပြုနိုင်ပါက သည်တစ်ခုချင်းစီကို ဖျက်စီးပြီး အထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။

သည်တံခါးခြောက်ခုလုံး၏ အပြင်၊အတွင်းဘက်တိုင်းတွင် အစောင့်အကြပ်များစွာ ရှိသည်။ နန်းတော်တစ်ခုလုံးကလည်း တည်နေရာရွှေ့ပြောင်းခြင်းကို တားဆီးထားသည့် အစီအရင်တစ်ခု ရှိနေသေးသည်။

ဝမ်လင်းက ခြောက်ခုမြောက်တံခါးအပြင်ဘက်တွင် ပေါ်လာခဲ့သည်။ သည်တံခါးက ပေတစ်ရာကျော်ရှည်ကာ အပြင်ဘက်နံရံနှင့် ချိတ်ဆက်ထားကာ အတားအဆီးများကလည်း ထိုတံခါးပေါ်တွင် တဖျပ်ဖျပ် လင်းလက်နေသည်။

ဝမ်လင်း ပေါ်လာသည့်အခိုက်တွင် တံခါးဘေးရှိ အစောင့်တစ်ယောက်ထံမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။

“ကျူးကျော်သူ…ရပ်လိုက်၊ မြန်မြန် ထွက်သွားစမ်း၊ မင်းက နောက်ထပ် ခြေတစ်လှမ်းတိုးတာနဲ့ အမေးအမြန်းမရှိ သတ်ဖြတ်တာ ခံရမယ်…”

ဝမ်လင်းက ခေါင်းမော့လိုက်သည်။သူ့မျက်လုံးက အေးစက်လာ၏။သူက အသက်ဝဝရှူသွင်းကာ သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ သည်ဓားက သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်သွားကာ ဓားအတွင်းမှ ရှုလီကော၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံဓားပေါ်ထွက်လာသည်နှင့် ခြောက်ခုမြောက်တံခါးအပြင်ဘက်ရှိ အစောင့်အကြပ်များက သတ်ဖြတ်ချင်စိတ်ပြည့်နေသည့် အကြည့်များဖြင့် ဝမ်လင်းကို စူးစိုက်ကြည့်လိုက်ကြသည်။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ အစောင့်အကြပ်များက ရှေ့သို့ ချက်ခြင်း တိုးလာကြသည်။ သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာ ဝမ်လင်းကို တားဆီး၏။

သည်နတ်ဆိုးတပ်သားများနှင့် ရင်ဆိုင်ရာတွင် ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ သူက ရှေ့သို့သာ တစ်လှမ်းချင်းတိုးလာ၏။ ကောင်းကင်ဘုံဓားက ဝမ်လင်းပတ်လည်ရှိ လေထုကို ဖြတ်ပိုင်းလိုက်သည်။ ဝမ်လင်းကို တားဆီးရန် ကြိုးစားလာကြသည့် လူတိုင်းကို ကောင်းကင်ဘုံဓားက ဖြတ်ကျော်သွားသည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားထံသို့ ခုန်တက်လိုက်ကာ တံခါးထံသို့ တိုက်ရိုက် တိုးဝင်သွားသည့်အခါ ကြောက်လန့်တကြားအော်သံများ ဆက်တိုက်ထွက်ပေါ်သွား၏။ ဓားအလင်းတန်းက ခြောက်ခုမြောက် တံခါးပေါ်သို့ ကျရောက်သွားသည်။

ဘုန်း…။

ခြောက်ခုမြောက်တံခါးက ပျက်စီးသွားက မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် လွင့်စင်သွား၏။ ခုချိန်တွင် ခြောက်ခုမြောက်တံခါးနှင့် ငါးခုမြောက်တံခါးကြား ကွက်လပ်တွင် နတ်ဆိုးတပ်သား ထောင်ချီ ရှိလို့နေသည်ကို တွေ့လိုက်ရသည်။ သူတို့က ခြောက်ခုမြောက်တံခါးမှ လွင့်စင်လာသည့် အစိတ်အပိုင်းများထံကနေလွတ်အောင် နောက်သို့ ဆုတ်လိုက်၏။

ခြောက်ခုမြောက်တံခါး ပျက်စီးသွားပြီးနောက် ဝမ်လင်းက လှမ်းလျှောက်၍ ဝင်လာတော့သည်။

“ငါက နတ်ဆိုးဗိုလ်ချုပ်နဲ့ တွေ့ချင်တယ်…” သူ့အသံက တည်ငြိမ်ထည်ဝါမှုတို့နှင့် ပြည့်နေ၏။

“သတ်…” တပ်သားထောင်ချီထံမှ သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နေသည့် အော်သံများ ထွက်ပေါ်လာတော့သည်။ သူတို့က နတ်ဆိုးဗိုလ်ချုပ်တံခါးပိတ်ကျင့်ကြံနေစဉ်တွင် လာနှောက်ယှက်ဝံ့သည့် လူတိုင်းကို သတ်ပစ်ရန် အမိန့်ရထားကြပေသည်။

ဝမ်လင်းက သည်တပ်သားထောင်ချီနှင့် ရင်ဆိုင်နေစဉ် တည်ငြိမ်စွာ ရှိနေ၏။သူ့မျက်လုံးများကတော့ အေးစက်နေသည်။ သူက ကောင်းကင်ဘုံဓားပေါ်ကနေ ခုန်ဆင်းလိုက်၏။ ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝှေ့ယမ်းလိုက်သည်။ ထူးဆန်းသောလေက ရုတ်တရက်ပေါ်လာကာ မုန်တိုင်းတစ်ခုအသွင်သို့ ပြောင်း၍ တပ်သားများရှိနေသောကွက်လပ်သို့ တိုးဝင်သွား၏။ ၎င်းမုန်တိုင်းက သည်ကွက်လပ်ကို မြန်ဆန်စွာ ကျော်ဖြတ်ပြီး တပ်သားထောင်ချီကြားကိုပါ ဖြတ်ကျော်၍ လမ်းကြောင်းတစ်ခုကို ဖန်တီးလို့သွား၏။

ဝမ်လင်းက သည်အုပ်စုကို ကျော်ကာ ငါးခုမြောက်တံခါးရှေ့သို့ ရောက်လာ၏။

သူက ရပ်တန့်ခြင်း မပြုဘဲ ချိပ်တံဆိပ်တစ်ခုက ဖြစ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်၏။ သူက ငါးခုမြောက်တံခါးပေါ်သို့ ဖိချလိုက်သည်။

ဘန်းကနဲ ငါးခုမြောက်တံခါးက ပေါက်ကွဲထွက်သွား၏။ တံခါးအပိုင်းအစများက အားကောင်းသောမုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံသို့ လွင့်စင်ထွက်သွား၏။

ငါးခုမြောက်တံခါးကို ကျော်ဖြတ်လာသည့်အခါ တပ်သားသောင်းချီက တစ်စုံတစ်ယောက်သည် နတ်ဆိုးဗိုလ်ချုပ်၏ နန်းတော်သို့ ချိုဖျက်ဝင်ရောက်ရန် ကြိုးပမ်းနေသည်ကို သိလိုက်တော့၏။ ငါးခုမြောက်တံခါး ပြိုကျသွားသည်နှင့် တပ်သားသောင်းကျော်က ညာသံပေးကာ သူတို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြ၏။ ဖိနှိပ်နိုင်စွမ်း ပြင်းထန်လှပေသည်။

ငါးခုမြောက်တံခါး ပျက်စီးသွားသည့်အခိုက်တွင် သည်နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ရူးသွပ်ဖွယ် ထိုးထွက်လာကြ၏။

ဝမ်လင်းကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက သည်စွမ်းအင်ကို ရှောင်ရှားရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ တစ်ပြိုင်နက်တည်းမှာပင် သူ သိုလှောင်အိတ်ထဲမှ ဟင်္သာပြဒါးဂြိုဟ်တွင် ရရှိခဲ့သော အမည်မဲ့ဓားအိမ်သုံးခုကို ထုတ်ယူလိုက်၏။

သိပ်မကြာခင်တွင် ဓားအိမ်သုံးခုထံမှ ဓားစွမ်းအင်တန်းသုံးခုက ထိုးတက်ကာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်နှင့် ထိတိုက်မိသွားကြ၏။

ပြင်းထန်သောပေါက်ကွဲသံများက သည်ဧရိယာအနှံ့ ပဲ့တင်ထပ်သွားကာ မြေပြင်တစ်ခုလုံးသည်လည်း တုန်ခါသွား၏။

ဝမ်လင်းခန္ဓာကိုယ်ကလည်း အလင်းတန်းအလား လှုပ်ရှားသွားပြီး သူ့ရှေ့တွင် ကောင်းကင်ဘုံဓားကို လမ်းဖွင့်စေပြီး တံခါးကို ဖြတ်ကျော်သွား၏။ နတ်ဆိုးတပ်သားသောင်းချီက ဝမ်လင်းပိုဝင်ရောက်နိုင်ခြင်း မရှိစေရန် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်နံရံတစ်ခုကို ထုတ်ဖော်လိုက်ကြ၏။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် အတားအဆီးများက အနက်ရောင်နဂါးများအလား သူ့ကို လှည့်ပတ်သွား၏။

ဓားအိမ်များမှ ဓားစွမ်အင်၊ ကောင်းကင်ဘုံဓားမှ ဓားစွမ်းအင်နှင့် အတားအဆီးအလံမှ အနက်ရောင်အတားအဆီးအခိုးငွေ့များကို အသုံးပြု၍ ဝမ်လင်းက ပိတ်ဆို့တားဆီးမှုများကို ဖြတ်ကျောက်ကာ ရှေ့သို့ ဆက်တိုးသွားသည်။

သည်အခိုက်တွင် ငါးခုမြောက်တံခါးမှ နတ်ဆိုးတပ်သားများက သူ့နောက်ကနေ တဟုန်ထိုးလိုက်လာ၍ သူ့ကို ဝန်းရံထားလိုက်ကြသည်။

“အရှင်နတ်ဆိုးဗိုလ်ချုပ်…ဝမ်လင်းက အခစားဝင်၊တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ်…” ဝမ်လင်းအသံက ဖြည်းဖြည်းချင်း ပျံ့နှံ့သွား၏။ သူက နတ်ဆိုးဗိုလ်ချုပ်က တံခါးပိတ်ကျင့်ကြံနေရင်ပင် သူ့အသံကို ကြားနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။

သို့သော် အချိန်သာကုန်သွား၏။ နတ်ဆိုးဗိုလ်ချုပ်က မည်သည့်တုံ့ပြန်မှုမှ မရှိချေ။

သည်အခိုက်တွင် ဝမ်လင်း၏ လေးဖက်လေးလံလုံး နတ်ဆိုးတပ်သားများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။သူက သတ်မိခြင်းမရှိအောင် ရှောင်ရှားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ခု သတ်မိအောင် အတင်းဖိအား ပေးခံလာရတော့၏။

ဝမ်လင်းက သူ့လက်မကို မြှောက်ကာ မရဏလက်ချောင်းက ၎င်း၏ စွမ်းအားပြည့်ကို ပြသလာ၏။ ကောင်းကင်နှင့်မြေကြီးက အရောင်ပြောင်းလဲသွားသည်။ ပေတစ်ထောင်အတွင်းရှိ နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်များက တုန်ယင်လာကြပြီး ခြောက်သွေ့လာ၏။ သူတို့အသွေး၊အသားနှင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်း လက်မ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ဝမ်လင်း ခန္ဓာကိုယ်က လေးခုမြောက်တံခါးသို့ လျှပ်စီးတန်းအလား ရွှေ့လျားသွားသည်။သည်အခိုက်တွင် သူ့ကို စက္ကန့်ဝက်မျှပင် တားဆီးနိုင်သည့်လူ မရှိတော့ချေ။

ချက်ခြင်းပင် လက်မက လေးခုမြောက်တံခါးပေါ်သို့ ကျရောက်လို့သွား၏။

လေးခုမြောက်တံခါးက ပေါက်ကွဲသံတစ်ခုနှင့်အတူ ပြိုကျသွား၏။ထိုအခိုက်တွင် ၎င်းတံခါးနောက်မှ အိုမင်းသည့်ပုံရိပ်တစ်ခုက လှမ်းထွက်လာသည်။ သူ့အိုမင်းသည့် ပုံရိပ်ထံမှ ပြင်းထန်သောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။ သည်စွမ်းအင်များက ဧရာမစပါးအုံးမြေကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာ၏။

တစ်ပြိုင်နက်တည်းမှာပင် အော်သံတစ်ခု ထွက်ပေါ်လာ၏။ “ပြန်ထွက်သွားစမ်း…”

ဝမ်လင်း လက်မက သည်နတ်ဆိုးစွမ်းအင်နှင့် ပြုလုပ်ထားသည့် စပါးအုံးမြွေနှင့် ထိတွေ့သွား၏။ သည်အခိုက်တွင် ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။ သို့သော် စပါးအုံးမြွေကတော့ ကြောက်လန့်ဖွယ်အော်ဟစ်ကာ ၎င်း၏ ခန္ဓာကိုယ်က တစ်လက်မချင်း ပြိုကျလာသည်။ စပါးအုံးမြွေပြိုကျသွားပြီးနောက် အိုမင်းသည့်ပုံရိပ်ကလည်း တုန်ယင်သွားကာ ငြီးငြူလိုက်ရ၏။သူ့ခန္ဓာကိုယ်ကလည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားပြီးမှ ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်ပေသည်။

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်ရာ သူက လေးခုမြောက်တံခါးကို ဖြတ်ကျော်သွား၏။ သူ့ရှေ့တွင်တော့ မရေမတွက်နိုင်သော နတ်ဆိုးတပ်သားများအပြင် အဖြူရောင်ဆံပင်များနှင့် အဘိုးအိုတစ်ယောက်ပါ ရှိနေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset