Switch Mode

အပိုင်း (၆၀၈):

ရိပ်သိမ်းနိုင်မှု

ဝမ်လင်းက ကျောက်တံခါးရှိသော နေရာတွင် ပြန်ပေါ်လာခဲ့သည်။ သည်ကျောက်တံခါးတွင် လှိုဏ်ဂူစိတ်ဝိညာဉ်က သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဝမ်လင်းက သလင်းတုန်ကင်ကို လက်ထဲ၌ ဆုပ်ကိုင်ထား၏။ သည်လှိုဏ်ဂူထဲသို့ အဝင်အထွက် လုပ်နိုင်သည့်အပြင် ၎င်းတုန်ကင်ပေါ်ရ အချို့အချက်အလက်များလည်း ရှိနေသေး၏။ ခဏတာစဉ်းစားပြီးနောက် ဝမ်လင်းက ထိုးထွက်သွားပြီး ပြန်ပြောင်းနဂါးလမ်းကြောင်းအတိုင်း မြန်ဆန်စွာ ရွှေ့လျားသွားသည်။

သူက စင်္ကြံဆယ့်တစ်ခုကို မြန်ဆန်စွာ ကျော်ဖြတ်သွား၏။ သည်စင်္ကြံများပေါ်တွင်တော့ မည်သည့် ပြောင်းလဲမှုမှ ရှိမနေချေ။ သည်ကျောက်တုံးရုပ်တုများကလည်း ယောင်ရှင်းရွှယ် ချိပ်ပိတ်ထားသည့်အတိုင်းသာ ရှိနေသည်။

လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးနောက် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်သို့ တိုးတက်သွားခဲ့သည်။ ထို့ကြောင့် သူ့အမြန်နှုန်းလည်း အတော်လေး တိုးတက်လာခဲ့သည်သာ ဖြစ်သည်။ သူက အလင်းတန်းအလား ရွှေ့လျားနေကာ လဝက်ခန့်ကြာပြီးနောက် ပထမဆုံးစင်္ကြံရှိရာသို့ ပြန်ရောက်လာခဲ့သည်။

သည်စင်္ကြံက ဘာမှ ရှိမနေခဲ့ချေ။ သို့သော် သည်အခိုက်တွင် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်နှင့် နှစ်လတိုင်တိုင် အတားအဆီးများကို သင်ယူလေ့လာနိုင်ခဲ့မှုတို့ကြောင့် သူက သွေးဘိုးဘေးချန်ထားခဲ့သည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သတိပြုမိလိုက်သည်။

သည်အစီအရင်ကို ကြည့်ကာ ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူက ယောင်ရှင်းရွှယ်ပိုင်ဆိုင်သည့် သိုလှောင်အိတ်လေးခုကို ထုတ်ယူလိုက်သည်။ အစောပိုင်း သူ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်ပိုင်းအဆင့်တွင်သာ ရှိနေဦးမည်ဆိုပါက သည်သိုလှောင်အိတ်များကို ဖွင့်ရန် အခက်အခဲအချို့ ရှိနေမည် ဖြစ်သည်။

သို့ရာတွင် ခုသူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ယောင်ရှင်းရွှယ်ထက်ပင် အနည်းငယ် မြင့်နေခဲ့ပေပြီ။ အတွေးတစ်ချက်ဖြင့်ပင် သူ့ညာလက်က သိုလှောင်အိတ်လေးခုပေါ်သို့ သပ်လိုက်ရာ ထိုအိတ်များမှ သွေးရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သည်သွေးရောင်အလင်းက ဝမ်လင်း၏ နတ်ဘုရားအာရုံကို ခုခံလို့နေ၏။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို လှုပ်ရှားစေလိုက်သည်။ တစ်ချက်ဖျစ်ညှစ်လိုက်ရာ သိုလှောင်အိတ်များထဲမှ တစ်ခုကို ဝန်းရံနေသည့် သွေးရောင်အလင်းက ချက်ခြင်း ပျက်စီးသွားရသည်။

ဝမ်လင်းက ရပ်တန့်ခြင်းမပြုဘဲ နောက်ထပ်သိုလှောင်အိတ်၏ သွေးရောင်အလင်းတန်းကိုပါ ဖျက်စီးလိုက်သည်။

ဝမ်လင်းက နောက်ထပ်သုံးခုမြောက် သိုလှောင်အိတ်ပေါ်ရှိ နတ်ဘုရားအာရုံကိုပါ အရင်နှစ်ခုလို ဖယ်ရှားပစ်လိုက်၏။ သူက နောက်ဆုံးကျန်သည့် သိုလှောင်အိတ်ကို လှမ်းဆွဲယူလိုက်ချိန်တွင်တော့ သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။ သူက လေးခုမြောက်သိုလှောင်အိတ်နှင့် သုံးလက်မအကွာတွင် သူ့လက်ကို ရပ်တန့်လိုက်သည်။

သူက ညာလက်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းရင်း သူ့မျက်လုံးက အလေးအနက်ဖြစ်လာသည်။ သူက ထိုသိုလှောင်အိတ်ကို သေချာကြည့်ရှူလိုက်၏။ အစောပိုင်းတုန်းက သည်သိုလှောင်အိတ်ကို ရရှိခဲ့စဉ်က သူ့ကျင့်ကြံမှုအဆင့်က ခုလောက်မြင့်မားခြင်း မရှိသေးချေ။ သို့သော် ခုသူက ၎င်းသိုလှောင်အိတ်ကို ကြည့်လိုက်သည့်အခါ အချိုသဲလွန်စများကို မြင်တွေ့သွားသည်ဟု ထင်မှတ်ရ၏။

နောက်ဆုံးသိုလှောင်အိတ်ကို ဝန်းရံနေသည့် သွေးရောင်အလင်းအတွင်း ခရမ်းရောင်လိုင်းတစ်ခု ရှိနေ၏။ ၎င်းက သေချာမကြည့်ရှူလျှင် သတိပြုမိဖို့ မလွယ်ပေ။ ၎င်းက နတ်ဘုရားအာရုံဖြင်သာ တွေ့နိုင်ပြီး မျက်လုံးဖြင့် မမြင်ရပေ။

“ဒီသိုလှောင်အိတ်က ပုံမှန်ပဲလို့ ထင်ရပေမဲ့ ငါက ဒီဟာရဲ့ နတ်ဘုရားအာရုံကို ပယ်ဖျက်ဖို့ လုပ်တဲ့အချိန်မှာ ကြောက်မက်ဖွယ်ခံစားချက်တစ်ခုကို ရလိုက်တယ်။ဒီသိုလှောင်အိတ်က ယောင်ရှင်းရွှယ်ရဲ့ နတ်ဘုရားအာရုံ မဟုတ်မှာ ငါ စိုးရိမ်မိတယ်။ ဒါက သူမအဖေ၊သွေးဘိုးဘေးရဲ့ နတ်ဘုရားအာရုံများ ဖြစ်နေမလား…”

ဝမ်လင်းက စဉ်းစားသွား၏။

“ပုံမှန်တိုင်းဆိုရင် သိုလှောင်အိတ်တစ်ခုက သင့်ရဲ့ကိုယ်ပိုင်နတ်ဘုရားအာရုံဖြင့် ချိပ်ပိတ်ထားတာ မဟုတ်ရင် ဒီအခြားတစ်ယောက်ရဲ့ နတ်ဘုရားအာရုံကို ပယ်ဖျက်ခြင်း မရှိဘဲ အဲ့သိုလှောင်အိတ်ကို ဖွင့်လို့မရနိုင်ဘူး။ ဒါပေမဲ့ သွေးဘိုးဘေးရဲ့ကျင့်ကြံမှုအဆင့်က ကောင်းကင်လောက်မြင့်ပီး အချိန်အကြာကြီး ကျင့်ကြံခဲ့တဲ့လူ ဖြစ်တယ်။ ဒါ့ကြောင့် သူ့သိုလှောင်အိတ်ပေါ်က သူ့နတ်ဘုရားအာရုံကို ဖယ်ရှားခြင်း မပြုရဘဲ သူ့သမီး အသုံးပြုနိုင်အောင် နည်းလမ်းတစ်ခု ရှိနေတာ ဖြစ်လောက်တယ်။ ဒါ့ကြောင့် အခြားတစ်ယောက်က ဒီသိုလှောင်အိတ်ကို ရသွားရင်တောင့် သူတို့က ဂရုမစိုက်တာနဲ့ ဒီအိတ်ပေါ်က သွေးဘိုးဘေးရဲ့ နတ်ဘုရားအာရုံနဲ့ အသတ်ခံလိုက်ရနိုင်တယ်၊ ဒီသွေးဘိုးဘေးက တကယ့်ကို ဉာဏ်များတာပဲ…”

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။ သူ့နတ်ဘုရားအာရုံကွယ်ပျောက်သွားသည်နှင့် ထိုသိုလှောင်အိတ်ပေါ်ရှိ သွေးရောင်အလင်းကလည်း ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက သွေးဘိုးဘေးကို မတွေ့မြင်ဖူးသော်လည်း သွေးစိတ်ဝိညာဉ်ဆေးလုံးနဲ့ ပတ်သတ်လို့ သတင်းအတုကို ဖြန့်ထားခြင်း၊ သည်သိုလှောင်အိတ်ပေါ်မှာ နတ်ဘုရားအာရုံဖြင့် ထောင်ချောက်ဆင်ထားခြင်း စသည့်အချက်များကြောင့် သူက သွေးဘိုးဘေးကို လူတိုင်တွေ့ရသကဲ့သို့သာ ဖြစ်လို့နေတော့သည်။ သူက သွေးဘိုးဘေးအပေါ် လေးစားမိသွားသလို ကြောက်လည်း ကြောက်သွားမိ၏။

ခဏတာစဉ်းစားပြီးနောက် ဝမ်လင်းက ထိုသိုလှောင်အိတ်ကို သူ့သိုလှောင်အိတ်ထဲသို့ ဂရုတစိုက်ပြန်ထည့်လိုက်သည်။ သူ့အကြည့်က အခြားသိုလှောင်အိတ်သုံးခုပေါ်သို့ ကျရောက်သွား၏။

သူက နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သူ့စိတ်ခွန်အားဖြင့်ပင် အသက်ဝဝမရှိုက်သွင်းဘဲ မနေနိုင်ဖြစ်သွားရသည်။ ပထမဆုံးသိုလှောင်အိတ်က ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပြည့်လို့နေသည် မဟုတ်လား။

ဝမ်လင်းက သည်ကောင်းကင်ဘုံကျောက်စိမ်းပြားများကို နတ်ဘုရားအာရုံဖြင့် အကြမ်းဖျဉ်းတွက်ကြည့်လိုက်ရာ ယောင်ရှင်းရွှယ် သူ့ကို ပေးခဲ့သည့် ကျောက်စိမ်းပြားအရေအတွက်အထက် အနည်းဆုံး ဆယ်ဆခန့် ပိုများနေပေသည်။

“အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက အံ့မခန်းပဲ။ လူတစ်ယောက်က ဒီကျောက်စိမ်းပြားလုံလောက်မှု မရှိရင် သူတို့ကျင့်ကြံမှုအဆင့်ကလည်း တန့်နေမှာပဲ။ခု ငါ့ရှေ့မှာတော့ တောင်လိုပုံနေတယ်…”

ဝမ်လင်းက ပြုံးယောင်သန်းလာကာ သူက နောက်ထပ် အိတ်တစ်ခုကို နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြန်သည်။ ထိုသိုလှောင်အိတ်ထဲသို့ ကြည့်လိုက်ရာ သူ့မျက်လုံးက ချက်ခြင်း စိတ်လှုပ်ရှားမှုကို ထုတ်ဖော်မိသွားတော့သည်။

ဒီ ဒုတိယမြောက်သိုလှောင်အိတ်ထဲတွင်တော့ တစ်ထောင်ထက် မနည်းသော သွေးကျောက်စိမ်းပြားများ ရှိလို့နေ၏။

ယောင်ရှင်းရွှယ်နှင့် သူ ရှိခဲ့သည့် အချိန်အတွင်း သူက သည်သွေးကျောက်စိမ်းပြားများနှင့် ပတ်သတ်၍ ပြင်းထန်သောခံစားချက် ရှိလာကာ ၎င်းတို့ကိုလည်း ထိတ်လန့်မိပေ၏။ ကျောက်စိမ်းပြားတစ်ခု ပြိုကွဲသွားသည်နှင့် သွေးရောင်အလင်းကို ထုတ်လွှတ်လာကာ ယင်းအလင်းက အလွန်အားကောင်းသော ချိပ်ပိတ်မှုအား ရှိနေသည် မဟုတ်လား။

ချိပ်ပိတ်ခြင်းအပြင် သည်သွေးရောင်အလင်းက အားကောင်းသောအကာအကွယ် မန္တန်တစ်ခုလည်း ဖြစ်လို့နေသေး၏။ ဝမ်လင်း သုံးသပ်ချက်အရ ယင်းသွေးရောင်အလင်းက တိုက်ခိုက်မှုကိုပါ လုပ်နိုင်လောက်ပေသည်။ သို့သော် ၎င်းက မှန်ကန်သောမန္တန်နှင့်နည်းလမ်း မရှိလျှင် အသုံးပြု၍ မဖြစ်နိုင်လောက်ချေ။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ထဲမှ သွေးကျောက်စိမ်းပြားတစ်ခုကို ကောက်ယူကြည့်လိုက်သည်။ သူက အနည်းငယ်စဉ်းစားပြီးနောက် ၎င်းကို ချွေမွလိုက်ရာ တစစီ ဖြစ်သွား၏။

ထိုအခါ သွေးရောင်အလင်းတန်းတစ်ခုက ချက်ခြင်း ထွက်ပေါ်လာပြီး ဝမ်လင်းကို ဝန်းရံလို့သွား၏။

၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြီးနောက် သွေးရောင်အလင်းက ပြန့်လွင့်ပျောက်ကွယ်သွားသည်။ ဝမ်လင်းက တွေးလိုက်မိ၏။ “ငါက ဒီချိပ်ပိတ်မှု လုပ်ဆောင်မှုကို အသုံးပြုနိုင်မဲ့ နည်းလမ်း မရှိဘူး။ ဒါ့ကြောင့် ဒါကို ငါ့ကိုယ်ငါ ကာကွယ်ဖို့ပဲ အသုံးပြုနိုင်လိမ့်မယ်။ ဒါပေမဲ့ ယောင်ရှင်းရွှယ်က ငါ့လက်ခုပ်ထဲမှာ ရှိနေတဲ့အတွက် ငါက အရာအားလုံးကို ရနိုင်တာပဲ…”

တတိယမြောက်သိုလောင်အိတ်က မတူညီသည့်အရာသုံးခုနှင့် ပြည့်နေ၏။ ယင်းသိုလှောင်အိတ်ထဲ၌ အမျိုးသမီးအဝတ်အစားများ၊အမွှေးနံ့သာရည်၊ လက်ဝတ်တန်ဆာနှင့် အလှဆင်ထားသည် အရုပ်လေးတစ်ရုပ်ပင် ရှိလို့နေသည်။

ဝမ်လင်းက သည်အရာများကို လစ်လျူရှူကာ နတ်ဘုရားအာရုံဖြင့် ဆက်ရှာဖွေလိုက်သည်။ သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူက သွေးစိတ်ဝိညာဉ်ဆေးလုံး ဆယ်လုံးကျော်ကို တွေ့လိုက်ရပေသည်။

သည်ပျားဖယောင်းဆေးလုံးများက တစ်ခုနှင့်တစ်ခု ကျပ်သိပ်စွာ ထိကပ်နေသည်။ ယင်းဆေးလုံးများပေါ်တွင် မှိတ်ဖျော့ဖျော့သင်္ကေတများ ရှိနေသည်။ သို့သော် တဖျပ်ဖျပ်တောက်ပနေခြင်းတော့ မရှိပေ။

သွေးစိတ်ဝိညာဉ်ဆေးလုံးအားလုံးကတော့ အတူထားထားခြင်း မဟုတ်ချေ။ ဆေးလုံးတစ်လုံးက သိုလှောင်အိတ်ထောင့်၌ ရှိနေ၏။ သည်ဆေးလုံးက မှိန်ဖျော့မနေဘဲ ၎င်းပေါ်ရှိ သင်္ကေတများက အနည်းငယ်တဖျပ်ဖျပ်တောက်ပနေ၏။

သည်သွေးစိတ်ဝိညာဉ်ဆေးလုံးအပြင် ဘေးတစ်ဖက်၌ သံလိုက်အိမ်မြှောင်တစ်ခုလည်း ရှိလို့နေ၏။

ဝမ်လင်း ဦးတည်ရာက သည်သံလိုက်အိမ်မြှောင်ပင်။

သူက သိုလှောင်အိတ်ကို ထိုလိုက်ရာ ထိုပစ္စည်းနှစ်ခုက သူ့လက်ထဲသို့ ရောက်လာ၏။

“ဒီယောင်ရှင်းရွှယ်က ငါဖမ်းတာခံရပြီး သူ့သိုလှောင်အိတ်တွေကိုပါ ယူဆောင်တာ ခံရလိမ့်မယ်လို့ လုံးဝ ထင်ထားမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီသိုလှောင်အိတ်တွေက အရာတွေထဲမှာ အချက်အလက်အချို့ ပါဝင်နိုင်တယ်…”

“ဒီသိုလှောင်အိတ်ထောင့်မှာ ထားထားတဲ့ သွေးစိတ်ဝိညာဉ်ဆေးလုံးက အစစ်ဖြစ်ဖို့ (၈၀) ရာခိုင်နှုန်းလောက် ရှိတယ်။ တခြားဟာတွေကတော့ အတုတွေပဲ ဖြစ်လိမ့်မယ်။ ဒီသွေးကျောက်စိမ်းပြားတွေအပြင် သူမရဲ့ တတိယမြောက်သိုလှောင်အိတ်ထဲမှာက ဘာ ရတနာလက်နက်မှ ရှိမနေဘူး။ ဒါတွေက သွေးဘိုးဘေးရဲ့ သိုလှောင်အိတ်ထဲမှာ ရှိနေဖို့ များတယ်လို့ ငါ ထင်တယ်…”

ဝမ်လင်းက သွေးစိတ်ဝိညာဉ်ဆေးလုံးကို ခဏကြာအောင် ကြည့်လိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ယောင်ရှင်းရွှယ် သူ့ကို ပေးခဲ့သည့် ဆေးလုံးအတုကိုတော့ ပြန်ထုတ်ပြီး သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်၏။

ထို့နောက် သူ့အကြည့်က သံလိုက်အိမ်မြှောင်ပေါ်သို့ ကျရောက်သွားသည်။ သည်သံလိုက်အိမ်မြှောင်က လုံးဝနီရဲနေကာ အမည်အမျိုးမသိ ပစ္စည်းများနှင့် ပြုလုပ်ထားလေ၏။ ၎င်းကို သူ့လက်ထဲ၌ ကိုင်ကြည့်လိုက်သည့်အခါ အေးစက်မှုလှိုင်းများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ဟု ခံစားလိုက်ရ၏။

ယောင်ရှင်းရွှယ်က ဒီနေရာကို ဝင်ရောက်နိုင်ဖို့ ဒီသံလိုက်အိမ်မြှောင်ကို အသုံးပြုခဲ့တယ်။ ဒီဟာက ဒီနေရာရဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နဲ့ ချိတ်ဆက်မှု ရှိနေရမယ်…”

ဝမ်လင်းက နတ်ဘုရားအာရုံကို သံလိုက်အိမ်မြှောင်ထဲသို့ ထည့်သွင်းလိုက်ရာ အထဲ၌ ယောင်ရှင်းရွှယ်၏ နတ်ဘုရားအာရုံသာ ခပ်နှိပ်ထားသည်ကို တွေ့လိုက်ရ၏။ ဝမ်လင်းက စိတ်သက်သာရာ ရဟန်ဖြင့် အသက်ဝဝရှူသွင်းလိုက်၏။ သည်သံလိုက်အိမ်မြှောင်ကသာ သွေးဘိုးဘေး၏ နတ်ဘုရားအာရုံခပ်နှိပ်ထားလျှင် သူက သည်နေရာက ထွက်ခွာရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မွန်းမံရန် နည်းလမ်း ရှာနိုင်တော့မည် မဟုတ်ချေ။

လှိုဏ်ဂူထဲကနေ ထွက်ခွာသလိုမျိုး သည်နေရာက ထွက်ခွာရန် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိကြောင်းကို ဝမ်လင်းက သလင်းကျောက်တုန်ကင်ကနေ သိရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုအစီအရင်က လှိုဏ်ဂူ၏ မြောက်ဘက်ထောင့်တွင် ရှိနေကာ ဝမ်လင်း ရှိသော နေရာနှင့် အတော်လေး ဝေးသည်။ လမ်းတစ်လျှောက်တွင်လည်း အတားအဆီးများစွာ ရှိနေသဖြင့် ထိုအစီအရင်နေရာသို့ ရောက်ရန်မှာ ခက်ခဲသော ခရီးတစ်ခု ဖြစ်နေသည်။

မဟုတ်လျှင် သူက သည်လိုအခြေအနေသို့ ကျရောက်နေမည် မဟုတ်ပေ။

ဝမ်လင်းက သံလိုက်အိမ်မြှောင်ပေါ်မှ ယောင်ရှင်းရွှယ်၏ နတ်ဘုရားအာရုံကို လွယ်လင့်တကူ ဖယ်ရှားလိုက်ပြီး သူ့ကိုယ်ပိုင်နတ်ဘုရားအာရုံကို အစားထိုးလိုက်၏။ သူက သံလိုက်အိမ်မြှောင်ထဲ၌ အစီအရင်ငယ်တစ်ခု ရှိနေသည်ကို ချက်ခြင်း တွေ့ရှိလိုက်ရသည်။ သည်အစီအရင်က သံလိုက်အိမ်မြှောင်ပေါ်တွင် ဆက်တိုက် ပြောင်းလဲမှု ရှိနေ၏။

“ဒီသံလိုက်အိမ်မြှောင်မှာ အစီအရင်တစ်ခု ရှိနေတယ်။ သံလိုက်အိမ်မြှောင်ရဲ့ အထဲမှာ အပြင်ဘက်၊အတွင်းဘက် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို ချိတ်ဆက်ထားတဲ့ အစီအရင်တစ်ခု ရှိလိမ့်မယ်…”

ဝမ်လင်း နတ်ဘုရားအာရုံက သံလိုက်အိမ်မြှောင်အတွင်းကို စူးစမ်းကြည့်နေကာ ခဏတာ လေ့လာကြည့်လိုက်၏။သူက ၎င်းကို အကုန်လုံး ဖြတ်မြင်နိုင်စွမ်း မရှိသော်လည်း သဲလွန်စအချို့ကို ရှာတွေ့လိုက်နိုင်သည်။

သံလိုက်အိမ်မြှောင်ထဲရှိ အစီအရင်ကို ပြောင်းလဲရန် သူက သုံးရက်တိတိ အသုံးပြုခဲ့၏။ ထို့နောက် သူက စင်္ကြံပေါ်ရှိ တည်နေရာအစီအရင်ကို ပြောင်းလဲကာ အရင်နှင့်မတူအောင် ပြုလုပ်လိုက်နိုင်၏။

ဝမ်လင်းက တည်နေရာအစီအရင်နှင့် ပတ်သတ်၍ များစွာ ပြောင်းလဲလိုက်ခြင်း မရှိသော်လည်း သူက အဓိကအချက်တစ်ခုကိုတော့ ပြောင်းလဲလိုက်၏။ သူကလွဲ၍ အခြားတစ်ယောက်က သည်အစီအရင်ကို အသုံးပြုပြီး သည်နေရာသို့ ဝင်လာပါက ချက်ခြင်း ပြန်ပို့လွှတ်ခြင်း ခံရပေမည်။ ခုလက်ရှိ ဝမ်လင်းပြောင်းလဲမှု ပြုလုပ်လိုက်သည့် အစီအရင်က ဟင်းလင်းပြင်ကို ချိုးဖျက်ဖွင့်စေပြီး ထိုလူကို လေဟာနယ်ထဲသို့ ဆွဲသွင်းနိုင်စွမ်း ရှိနေသည်။

“အခြားဝင်လာသူတွေကို လေဟာနယ်အက်ကြောင်းထဲ ပို့လွှတ်လိုက်တာက သူတို့ကို သေဆုံးစေမယ်လို့ မဆိုလိုဘူး။ဒါ့ကြောင့် ငါက ဒီအစီအရင်ထဲကို တစ်ချို့ဟာတွေကို ထည့်ပေါင်းထည့်ရဦးမယ်…” ဝမ်လင်းက အနည်းငယ်စဉ်းစားလိုက်၏။ ထို့နောက်သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြုပြင်မှု ထပ်လုပ်လေ၏။

သူက အစီအရင်ပေါ်တွင် အတားအဆီးများကို ထည့်ပေါင်းရန် တစ်လခန့် အချိန်ယူလိုက်ရသည်။ သူက ထိုအတားအဆီးများကို ထည့်ပေါင်းနေခြင်းကို စိတ်မရှည် မဖြစ်သည့်အပြင် ပျော်လို့ပင် နေသေး၏။

“တစ်စုံတစ်ယောက်သာ ဒီနေရာကို ရောက်လာနိုင်ရင် သူတို့က ကျိန်းသေအံ့အားသင့် သွားကြလိမ့်မယ်…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နတ်ဘုရားအာရုံကို သံလိုက်အိမ်မြှောင်ထဲသို့ ထည့်သွင်းပြီး အသက်ဝင်စေလိုက်၏။ ထို့နောက် ဝမ်လင်းတစ်ကိုယ်လုံးကို သွေးရောင်အလင်းတစ်ခုက ဝန်းရံတောက်ပသွားပြီး အသက်ရှူစာအနည်းငယ် ကြာပြီးနောက် သည်သွေးရောင်အလင်းများက ပျောက်ကွယ်လို့သွား၏။ဝမ်လင်းလည်း သည်အလင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

စစ်တပ်နှင့် ကီလိုမီတာတစ်ထောင်ခန့် ဝေးသည့် ရှေးဟောင်းတောင်ထိပ်တွင် သွေးရောင်အလင်းတစ်ခု ကျရောက်လာပြီး ဝမ်လင်း၏ အသွင်ထွက်ပေါ်လာလေ၏။

နေရောင်စူးစူးများက ဝမ်လင်းမျက်လုံးထဲသို့ တိုးဝင်လာကြသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နောက်ထပ်ကမ္ဘာတစ်ခုသို့ ပြန်ရောက်လာသည်ဟု ခံစားလိုက်ရ၏။ သူထွက်ခွာသွားချိန်ကတည်းက ဘာမှ ပြောင်းလဲသွားခြင်း မရှိသည့် ရှေးဟောင်းနတ်ဆိုးမြို့က သူ့မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ အလင်းတန်းအသွင်ပြောင်း၍ စစ်တပ်ထံသို့ ဦးတည်ပျံသန်းသွားတော့သည်။ သူ့အမြန်နှုန်းက အရင်ထက်မြန်ဆန်နေပြီ ဖြစ်သည်။ထို့ကြောင့် သူက စစ်တပ်နားသို့ နီးကပ်လာရန် အချိန်သိပ်မကြာလိုက်ချေ။

ထိုအခိုက်တွင် စစ်တပ်ထဲမှ အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ထွက်ပေါ်လာပြီး ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။

Comment

Leave a Reply

Options

not work with dark mode
Reset