Switch Mode

အပိုင်း (၆၀၄):

သည်အခိုက်တွင် ရွှေရောင်အလင်းက နီးကပ်လာကာ ယောင်ရှင်းရွှယ်လက်ထဲရှိ သွေးအစီအရင်နှင့် ထိတိုက်သွားသည်။

ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးအစီအရင်က ပြိုပျက်ကာ ရွှေရောင်အလင်းစက်များက ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ယောင်ရှင်းရွှယ်က သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွား၏။ ထို့ကြောင့် သူမက ပါးစပ်အပြည့် ‌သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူမ၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း ရူးသွယ်ဖွယ် လှုပ်ရှားလာကာ သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ရွှေရောင်အလင်းများနှင့် တိုက်ပွဲစတင်တော့သည်။ ေွေမ

ရွှေရောင်အလင်းက သူမခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် ၎င်းက သူမ၏ သွေးကြောများနှင့်အသွေးအသားများကို များစွာ ပျက်စီးသွားစေသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အသုံးပြုခြင်းပင် ရပ်တန့်သွားကာ သည်နှစ်ခုက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြသည်။

“နင်နဲ့ နင့်လူက စောစော မသေဘူးဆိုရင် နင်တို့က လှိုဏ်ဂူထဲကို ဝင်ရောက်နိုင်တယ်လို့ ဆိုလိုတယ်…” သက်လတ်ပိုင်းလူ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။

ယောင်ရှင်းရွှယ်က ထိုစကားကို ကြားသည့်အခါ သူမက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူမအာရုံကို ခန္ဓာကိုယ်ထဲရှိ ဓာတ်ပြုနေသည့် ရွှေရောင်အလင်းထံသို့ အပြည့်အဝ စိုက်ထားလိုက်သည်။ သူမက သူမခန္ဓာကိုယ်ထဲရှိ ဖြစ်ပျက်သမျှကိုသာ အာရုံစိုက်ထားရာ အေးစက်သောမျက်လုံးတစ်စုံက သူမကို ကြည့်နေသည်ကိုပင် သတိမပြုမိတော့ချေ။

သူမက ရွှေရောင်အလင်းကို ခုခံနေသည့် သေရေးရှင်ရေးအခိုက်မှာပင် စင်္ကြံအောက်ဘက်မှ အရိပ်တစ်ခုသည် တဟုန်ထိုး ထွက်ပေါ်လာ၏။

သည်ပုံရိပ်က ကောက်ရိုးဦးထုပ်ကို ဝတ်ဆင်ထားကာ အလင်းတန်းအလား လှုပ်ရှားပြီး စင်္ကြံပေါ်သို့ ချက်ခြင်း ရောက်လာခဲ့သည်။ သူက ရပ်တန့်ခြင်း မပြုဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ယောင်ရှင်းရွှယ်၏ သိုလှောင်အိတ်က ပျံသန်းထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့က ညာလက်ကို ဆန့်ထုတ်ကာ ယောင်ရှင်းရွှယ်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။

သည်အခိုက်၌ ယောင်ရှင်းရွှယ်က ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ သူမမျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေ၏။ သူမက ရှောင်လိုက်လိုသော်လည်း လုံလောက်အောင် မမြန်ဆန်တော့ပေ။ ထို့အတွက် သူမက မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လာသည့် လက်ချောင်းကို အကူအညီမဲ့စွာ စောင့်ကြည့်နေရုံသာ တက်နိုင်တော့သည်။

အဖျက်အစီးအားတစ်ခုက သူမမျက်ခုံးနှစ်ခုကြားကနေ ဖြတ်သန်းဝင်ရောက်လာကာ သူမ၏ သွေးကြောများအတိုင်း တောက်လျှောက် ရွှေ့လျားလာပြီး လမ်းတစ်လျှောက် ဖျက်စီးသွားသည်။

တစ်ပြိုင်နက်တည်းမှာပင် သူမခန္ဓာကိုယ်ထဲရှိ အနည်းငယ်သာ ကျန်ရှိနေသည့် ကောင်းကင်ဘုံစွမ်းအင်များကလည်း အဖျက်အစီးအားကြောင့် ပြန့်ကျဲလို့သွားသည်။ သည်အဖျက်အစီးအားနှင့် ဓားစွမ်းအင်တိုက်ခိုက်မှုတို့ကြောင့် ယောင်ရှင်းရွှယ်က တောက်တစ်ဖန် သွေးအန်ကာ နောက်သို့ ပေသုံးဆယ်ခန့် လွင့်စင်သွား၏။ သူမက မြေပေါ်သို့ ပြန်ကျသည့်အခါ မီးခိုးရောင်အမျှင်တန်းတစ်ခုက သူမမျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာကာ အသက်ဓာတ်အားချိပ်တံဆိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမအား ဝန်းရံသွားသည်။

ယောင်ရှင်းရွှယ်က ပါးစပ်ထောင့်မှ စီးကျလာသည့် သွေးများကို ထိန်းချုပ်နိုင်စွမ်း မဲ့နေသည်။ သူမက လက်ကျန်အားရှိသလောက်နှင့် အော်ဟစ်လိုက်၏။ “ဝမ်လင်း…”

“သေချင်နေတာလား။ အဲ့လောက် မလွယ်ဘူး…” ထိုပုံရိပ်ထံမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ သည်အနှီပုံရိပ်က ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်၏။ သူကတော့ ဝမ်လင်းပင်။

ယောင်ရှင်းရွှယ်မျက်လုံးထဲ၌ အလွန်တုန်လှုပ်မှုတို့ ရှိနေသည်။ ဝမ်လင်းအသွင်က သူမ မျှော်လင့်ထားသလို ဟုတ်မနေခဲ့ချေ။ သူက အသက်ရှင်သန်နေသေးသည့်အပြင် ဒဏ်ရာပြင်းထန်စွာ ရထားခြင်းလည်း မရှိပေ။

သည့်အပြင် သူမက အစောပိုင်းတုန်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ရှာဖွေခဲ့သော်လည်း ဝမ်လင်းအရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။

ဝမ်လင်းက အသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ယောင်ရှင်းရွှယ်ကို ကြည့်၏။ ဖြစ်ပျက်သွားသမျှက သူ လျှို့ဝှက်စီစဉ်ထားသကဲ့သို့ ဖြစ်နေ၏။ သူက နောက်ဆုံးစင်္ကြံကို စတွေ့လိုက်ကတည်းက အစီအစဉ်ချနေခဲ့ခြင်း ဖြစ်၏။

သူက နတ်ဆိုးစံနမူနာစိတ်ကို အသုံးပြုကာ သူ့ခွန်အားအပြည့် အသုံးပြုသည်ဟု ယောင်ရှင်းရွှယ် ယုံကြည်အောင် အရူးလုပ်ခဲ့ပေသည်။ ထို့နောက် ဓားစွမ်းအင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခိုက် သူက သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံ သလင်းကျောက်ကို ချက်ခြင်း ချေမွပစ်ခဲ့သည်။

ကောင်းကင်ဘုံသလင်းကျောက် ကြေမွသွားသည့်အခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမာဏများစွာက ထုတ်လွှတ်လာသည်။ ပုံမှန်ဆိုရင် သည်လိုပမာဏကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ထုတ်လွှတ်လာချိန်၌ သူက ထိုင်၍ ကျင့်ကြံရန်လို့အပ်၏။ မဟုတ်လျှင် နည်းနည်းရှုပ်ထွေးသွားသည်နှင့် သည်များပြားသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သူ့သွေးကြောများကို ထိခိုက်ပျက်စီးသွားနိုင်ပေသည်။

သို့ရာတွင် ဓားစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခါ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သည်ဓားစွမ်းအင်ထဲသို့ ပျော်ဝင်သွားခဲ့သည်။

သည့်နောက်သူက အစီအစဉ်အတိုင်း ချက်ခြင်းလုပ်ဆောင်ခဲ့သည်။ ယွမ်ချွဲစီသူ့ကို ပေးခဲသည့် ကောက်ရိုးဦးထုပ်ကို ထုတ်ဆောင်းကာ စင်္ကြံအောက်၌ သူ့ကိုယ်သူ ပုန်းဝှက်ခဲ့သည်။

သည်ကောက်ရိုးဦးထုပ်က များစွာသောအတားအဆီးများစွာ ပါဝင်၏။ ယွမ်ချွဲဇီက အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူမဟုတ်လား၊သူ့ရတနာကလည်း အလွန်စွမ်းအား ရှိနေမည်သာ ဖြစ်သည်။ သည်ကောက်ရိုးဦးထုပ်က နတ်ဘုရားအာရုံကို ပုန်းကွယ်နိုင်စွမ်း ရှိ၏။

အခြားလူတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ ရောက်နေခြင်း မရှိပါက သူ့ကို သတိပြုမိရန် နည်းလမ်း မရှိပေ။

သည်အရာများကို ယောင်ရှင်းရွှယ်က မည်သို့ သိနိုင်ပါ့မည်နည်း။

ဝမ်လင်းက ယောင်ရှင်းရွှယ်၏ သိုလှောင်အိတ်ကို ကိုင်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ရောင်းရင်းယောင် ငါတို့ ထပ်တွေ့ကြပြန်ပြီ…”

သူက ယောင်ရှင်းရွှယ်ကို စကားပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့အကြည့်ကတော့ ကျောက်တံခါး ရှေ့ရှိ သက်လတ်ပိုင်းလူကြီးထံသို့သာ ကျရောက်နေ၏။

သက်လတ်ပိုင်းလူကြီးအကြည့်က တည်ငြိမ်နေဆဲသာ။ သူ့ရှေ့ရှိ အရာအားလုံးက တကယ်တည်ရှိနေခြင်း မဟုတ်သည့်အလား ရှိနေ၏။

ယောင်ရှင်းရွှယ်က အံတင်းတင်းကြိတ်ကာ ဆို၏။ “နင်က စက်ဆုပ်ဖွယ်ကောင်းလှချည်လား…”

ဝမ်လင်းက ပြုံးလိုက်၏။ သူ့ကို ထိုသို့ကျိန်ဆဲသည့်သူ များစွာ ရှိခဲ့၏။ သို့သော် အနိုင်ရသူကသာ မှန်ကန်နိုင်ပြီး ရှုံးနိမ့်သူက မှားနေမည်သာ မဟုတ်လော။ သည်အရာက ကျင့်ကြံခြင်းကမ္ဘာ၏ စည်းမျဉ်းပင်။ ဝမ်လင်းက သည်အချက်ကို အမြဲ အမှတ်ထား၏။ သူက ပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်းယောင်က ငါ့ကို ဆေးလုံးအတု ပေးခဲ့တယ်၊ ပြီးတော့ ဒီလို အန္တရာယ်များတဲ့ နေရာအကြောင်းကိုပါ ဖုံးကွယ်ထားခဲ့တယ်။ ငါက နည်းနည်းလေး လက်စားပြန်ချေလိုက်ရုံပါပဲ။ နင်ငါ့ကို ခုလို အရမ်းချီးကျူးနေဖို့ မလိုပါဘူးလေ…”

“ငါ့အဖေ၊သွေးဘိုးဘေးက ဒီကိစ္စကို ရှာတွေ့သွားရင် နင်က ကျိန်းသေ သေရလိမ့်မယ်။ နင်က ရှေ့ဖြစ်ဟောသူရဲ့ တပည့်ဖြစ်နေရင်တောင်မှပေါ့။ ဒါ့အပြင် ငါက ဒီနေရာကို ဝင်လာကတည်းက သွေးစိတ်ဝိညာဉ် ဆေးလုံးကို အသက်သွင်းထားခဲ့ပြီး ဖြစ်တယ်…”

ယောင်ရှင်းမျက်နှာက သွေးရောင်ပင် မရှိတော့ဘဲ အလွန်ဖြူရော်နေ၏။

“နင်က သွေးစိတ်ဝိညာဉ်ဆေးလုံးကို အသုံးပြုပြီး နင့်ကိုနင် ပြန်ရှင်အောင်လုပ်နိုင်တဲ့ အချိန်မှာ ငါက နင့်ကို ဘာလို့ သတ်ရမှာလဲ။ ဒါကို အသုံးပြုဖို့ဆိုရင် အရင်ဆုံး နင်က သေမှရမှာ။ ဒါ့ကြောင့် ငါက နင့်ခန္ဓာကိုယ်ကို မန္တန်တစ်ခုနဲ့ ချိပ်ပိတ်ထားပြီးပြီး။ ခုချိန်မှာ နင့်ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေလည်း မကျန်တော့ဘူး။ နင် ဘယ်လိုများသေအောင်လုပ်မလဲ ငါသိချင်မိတယ်…”ဝမ်လင်းက ပြုံးလိုက်၏။ သည်အပြုံးထဲ၌ နက်မှောင်မှုတို့ ပါနေသည်။

ယောင်ရှင်းရွှယ်မျက်နှာက ဖြူရောနေကာက သူမခန္ဓာကိုယ်တွင်လည်း ဘာခွန်အားမှ မရှိတော့ချေ။ ဝမ်လင်း ပြောသလိုပင် သူမတွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ မရှိတော့သလို သွေးကြောများလည်း ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ပုံမှန်ဆိုရင် သူမက ခုလိုမျိုးဖြစ်ပါက သေဆုံးနေပြီ ဖြစ်သည်။ သို့သော် သူမခန္ဓာကိုယ်တွင် အသက်ဓာတ်အာတစ်ခုက သူမအသက်ကို ကျားကန်ပေးထား၏။ သူမကို သေခြင်းရှင်ခြင်းကြား၌ ပိတ်လှောင်ထားခဲ့လေပြီ။

“ငါက နင့်ကို ဒီလိုမသေမရှင်အခြေအနေမှာ နစ်မြုပ်စေပြီး နှစ်ထောင်ပေါင်းများစွာ ကြာအောင် အထီးကျန်စေဖို့ နေရာတစ်ခုမှာ ချိပ်ပိတ်ထားဖို့ပဲ လိုတယ်။ နင်က နင့်လျှာကိုနင် ကိုက်ပြီး သတ်သေမယ်ဆိုရင်တောင် နင့်နှဖူးပေါ်မှာ ရှိတဲ့ ချိပ်တံဆိပ်က ဒါကို တားဆီးလိမ့်မယ်။ ဒါ့ကြောင့် နင့်ကိုယ်နင် သတ်သေဖို့လည်း မဖြစ်နိုင်တော့ဘူး။ ငါက နင် သွေးစိတ်ဝိညာဉ်ဆေးလုံးနဲ့ ဘယ်လိုများ ပြန်ရှင်သန်နိုင်အောင် လုပ်နိုင်မလဲ သိမြင်ချင်မိတယ်…” ဝမ်လင်းအသံက တည်ငြိမ်နေသည်။ သည်အသံက ယောင်ရှင်းရွှယ် နားထဲတိုးဝင်လာသည့်အခါ သူမအသွင်က ကြီးစွာ ပြောင်းလဲသွား၏။

ဝမ်လင်းက သည်စကားများကို ပြောဆိုနေဏည် သူက

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းအနားငယ် လှမ်းလာပြီး ယောင်ရှင်းရွှယ် ရှေ့၌ ရပ်လိုက်၏။ သည့်နောက် သူ့လက်ကို သူမ၏ ခပ်ထွားထွားရင်သားနားသို့ ဆန့်တားလိုက်သည်။ ယောင်ရှင်းရွှယ်၏ နှာခမ်းကို ဖိကိုက်ထားကာ သူမျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်းဆန္ဒများ တဖွားဖွားနှင့် အရှက်တရားတို့ ထွက်ပေါ်နေသည်။

သည်အကြည့်က လက်ဆန့်တန်းလာသော ဝမ်လင်းအတွက် ဘာမှ မဟုတ်ချေ။ သူက ရှာဖွေလိုက်ရာ သူမခန္ဓာကိုယ်၏ နူးညံအိစက်မှုကို ချက်ခြင်း ခံစားလိုက်ရ၏။

ယောင်ရှင်းရွှယ်က ရှားပါးအလှပိုင်ရှင်ဟု ပြော၍ ရသည်။ သူမအဆင့်အတန်းကလည်း လူအများကို စွဲဆောင်နိုင်သေး၏။ သူမက သွေးဘိုးဘေး၏ သမီးဖြစ်ကာ လူတိုင်း၏ အထက်၌ ရှိသည်။ သို့သော် ယနေ့ သူမက သည်နေရာ၌ ကျရှုံးခဲ့ရ၏။

ဝမ်လင်းက အပြုံးမဟုတ်သောအပြုံးကို ထုတ်ဖော်ကာ သူမ၏ နူးညံထွေးအိသည့် ရင်သားကို ဆွဲညှစ်လိုက်၏။ သည့်နောက် သူက လက်ပြန်ရုတ်လိုက်ရာ သူ့လက်ထဲတွင် သိုလှောင်အိတ်သုံးခု ပါလာသည်။

ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ အရှက်ခွဲခံရမှုက ဝမ်လင်းကို ကြည့်နေရင်း ပိုအားကောင်းလာခဲ့သည်။ သူမက အံတင်းအောင်ကြိတ်ထားမိသည်။ သူမက နှစ်များစွာ ကျင့်ကြံခဲ့ပြီး သူမ၏ အပျိုစင်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူမက အရင်တုန်းကလည်း ယောက်ျားတစ်ယောက်နှင့် နီးကပ်သည့်ထိတွေ့မှု ဘယ်တုန်းကမှ မရှိခဲ့ပေ။

သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် ဝမ်လင်းက ပြောလိုက်၏။ “ရောင်းရင်းယောင်…ငါတို့ သဘောတူညီမှုတစ်ခု လုပ်ရင်ကော…”

Comment

Leave a Reply

Options

not work with dark mode
Reset