ငှက်တွန်ကျူးသံထွက်လာသည်…..
ဟိန်းသံလေးနှင့်အတူ အဖမ်းခံရသော ငှက်သည်လည်းအော်လိုက်သည်။ ထိုအသံသည်စူးရှလွန်း၍ လူတွေသည် တင်းကြပ်စွာ နားပိတ်ထားကြလေသည်။
“ဆရာမူ ဒီဝိညာဉ်သားရဲတွေက ဘာဖြစ်နေကြတာလဲ” ကြေးစားများသည် လက်ရှိအခြေအနေအားကြောက်သွားကြပြီး ဟောင်ယူစီသည် ဘေးတွင်ရှိသော ဆရာမူအား တုန်ယင်သောအသံဖြင့်မေးလိုက်သည်။
“ကြည့်ရတာ ဝိညာဉ်မိစ္တာတွေက နိုးတော့မယ်ထင်တယ်”
ဆရာမူစကားဆုံးသည်နှင့် ဝိညာဉ်သားရဲများထားထားသော တဲဆီသို့လျှောက်သွားလေသည်။ သူတံခါးလိုက်ကာကို မဆွဲရသေးခင်ပင် ဝိညာဉ်သားရဲသည် အသွင်ပြောင်းကာ ပြေးထွက်လာသည်။
ဟိန်းလိုက်သည်…….
ဝိညာဉ်မိစ္တာများသည် အားအင်များပြန်ပြည့်လာကြပြီး အော်လိုက်ကာ စခန်းတစ်ခုလုံးကို တစ်ယောက်ချင်းစီတိုက်ခိုက်တော့သည်။
“ရိုင်းစိုင်းတဲ့လူသားတွေ ဒီလိုစပ်ဆုပ်စရာကောင်းတဲ့မေ့ဆေးကို ဒီလိုနည်းနဲ့သုံးတယ်၊ မင်းတို့ကံတရားကို လက်ခံလိုက်တော့”
သူတော်စင် သားရဲသည် အားပြန်ပြည့်လာကာ ကြေးစားအုပ်စုအားကြည့်ပြီး လူအုပ်ကြားထဲသို့ ပြေးဝင်သွားလေသည်။
ရှီမာယူယူ ဟိန်းသံလေးအား ထည့်ပိတ်ထားသော ခြင်းဘေးရောက်သွားကာ ဖွင့်လိုက်သောအခါ ဟိန်းသံလေးသည် ချက်ချင်းပင် ခုန်ထွက်လာသည်။
“ယူယူ ငါမင်းကိုနောက်ထပ် ပြန်တွေ့ရလိမ့်မယ်လို့ထင်မထားဘူး”
ရှီမာယူယူပွေ့ဖက်သည်ကို ဟိန်းသံလေးစောင့်ဆိုင်းနေသော်လည်း သူမတွင် မျက်ရည်တစ်စက်မှကျမနေပါ။
“တော်ပြီ ဟန်မဆောင်နေနဲ့တော့” ဟိန်းသံလေး၏ လည်ပင်းအား ရှီမာယူယူဆွဲယူလိုက်ကာ ပြောလိုက်သည် “အခြေနေတွေကို စူးစမ်းဖို့သွားမယ်လို့ပြောသွားတာမလား၊ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာအဖမ်းခံရတာလဲ”
“အမ်…. မဟုတ်ဘူး ငါ့သူငယ်ချင်းက သောင်းကျန်းမလို့ အဲဒါငါကကူညီပေးမလို့” ဟိန်းသံလေး၏ သူငယ်အိမ်သည် လည်နေခဲ့သည်။ သူနှင့်အတူရှိသော ငှက်အားပြန်ပြည့်သည်ကိုတွေ့သည်နှင့် ခန္ဓာကိုယ်အား ကျွမ်းကျင်စွာလှည့်လိုက်ပြီး ရှီမာယူယူလက်ထဲမှ ပြေးထွက်ာ ငှက်နောက်တွင် ဆင်းသက်လိုက်သည်။
“ငှက်ကြီး မင်းက ထင်ရှားတဲ့သူတော်စင်ငှက်ပဲ၊ ဒီလူတွေက မင်းကိုဖမ်းရဲတယ်ဟုတ်လား၊ မင်းရဲ့ အားကိုသူတို့ကို မြည်းခိုင်းလိုက်” ဟိန်းသံလေးသည် တောင်ပံလေးခုငှက်ကိုယ်ပေါ်တွင်ထိုင်ကာအော်လိုက်သည်။
ကြေးစားအုပ်စုမှလူများသည် လုံးဝကို ကြောက်စိတ်ဝင်နေကြသည်။ ထိုဝိညာဉ်သားရဲအကုန်လုံးကို သူတို့မေ့မြောနေစဉ်ခေါ်လာခြင်းဖြစ်သည်၊ ပုံမှန်အခြေနေတွင်ဆိုလျှင် သူတို့ထဲက နည်းနည်းလောက်ကိုပင် နိုင်ရန်မဖြစ်နိုင်ပေ။ အခု သူတို့သည် များပြားလှသည် ထို့အပြင် တစ်ကောင်ချင်းစီသည် သူတို့အား အလွန်မုန်းတီးနေကြသည်။ သူတို့အား စုတ်ဖြဲကြသည်မှာ မလွဲပေ။
ဝိညာဉ်သားရဲများတစ်ကောင်ပြီးတစ်ကောင်ထွက်လာပြီး သူ့မျက်လုံးရှေ့တွင်အသွင်ပြောင်းသွားကြသည်ကို ဟောင်ယူစီကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ ကြောက်ရွံ့မှုဖြင့် တုန်ယင်ကာ ဆရာကြီးစု၏ အဝတ်များကို ဆွဲပြီး ပြောလိုက်ကြသည် “ဆရာကြီးစု၊ ဒီမေ့ဆေးက အနည်းဆုံး တစ်လကနေနှစ်လအထိ ခံတယ်လို့မပြောခဲ့ဘူးလား၊ သူတို့အခုဘာလို့နိုးလာကြတာလဲ”
ဆရာကြီးစုသည် သူ့တွင် အခုတော့ အာဏာမရှိတော့ပေ။ ကြီးမားသော ဝိညာဉ်သားရဲများကိုကြည့်ကာ သူတံတွေးမြိုချလိုက်သည်။ ဟောင်ယူစီပြောသည်ကို ကြားသည်နှင့် သူပြန်ဖြေလိုက်သည် “ငါဘယ်လိုသိမှာလဲ”
“ဆရာ အဲဒါ ဒီကောင်လေးတွေရဲ့ လက်ချက်ပဲနေမှာ” အာစီသည် ရှီမာယူယူအား ညွှန်ပြလိုက်သည်။
“ဟားဟား မင်းတို့ခန့်မှန်းတာမှန်တယ်” ဝေကျိရွှီနှင့် ကျန်းသူများသည် လက်ထဲတွင် ချိုခါးအနံ့မြက်ပင်အား ကိုင်ကာတဲမှထွက်လာကြသည်။
“ချိုခါးအနံ့မြက်ပင်” တစ်ချက်ကြည့်ရုံနှင့်ပင် ဝေကျိရွှီလက်ထဲတွင်ကိုင်ထားသော အရာအား ဆရာကြီးစု သိလိုက်သည်။ “ချိုခါးအနံ့မြက်ပင်က မေ့ဆေးအားလုံးရဲ့ ဖြေဆေးပဲ၊ အဲဒါကြောင့်ငါတို့မေ့ဆေးတွေ ပျယ်သွားတာ”
“ဟမ် သားရဲထိန်းကျောင်းတဲ့အသင်းက သားရဲထိန်းကျောင်းတဲ့သခင်တစ်ယောက်အနေနဲ့ လူတွေနဲ့ဝိညာဉ်သားရဲတွေရဲ့ စာချုပ်ကိုမင်းမေ့ထားတယ်၊ ပြီးတော့ ဒီဝိညာဉ်သားရဲတွေဖမ်းဖို့ မေ့ဆေးသုံးလိုက်တယ်” ဝေကျိရွှီ အပြစ်တင်လိုက်သည်။
“ငါက သားရဲထိန်းကျောင်းတဲ့အသင်းက လူဆိုတာမင်းသိမှတော့ သားရဲထိန်းကျောင်းတဲ့အသင်းတွက် ငါလုပ်ပေးနေတာကို မင်းသိသင့်တယ်၊ ဒါပေမယ့် မင်းပြဿနာရှာရဲတယ်ဟုတ်လား” ဝေကျိရွှီပြောသည်များကို ကြားသည်နှင့် ဆရာကြီးစုသည် သူ့အားပြန်ပြောလိုက်သည်။ သူမပြောသည်များကို ဂရုတစိုက်နားထောင်ကြည့်ပါက သူသည် သာမာန်လူမဟုတ်ပေ။
“သားရဲထိန်းကျောင်းတဲ့အသင်းဟုတ်လား၊ သားရဲထိန်းကျောင်းတဲ့အသင်းက မင်းလုပ်တဲ့ကိစ္စတွေကိုသိရင် ဘယ်သူကလွတ်ပေးမှာလဲ မင်းတော့သွားပြီ၊ ဝေဟမ် ကမင်းတို့ကို လွတ်မပေးမှာပဲစိုးတာ” ဝေကျိရွှီအေးစက်စွာပြုံးလိုက်သည်။
“မင်းဘယ်သူလဲ ဝေဟမ်ကိုဘယ်လိုသိတာလဲ” ဝေဟမ်ဆိုသည့်နာမည်ကိုကြားသည်နှင့် ဆရာကြီးမူသည် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သားရဲထိန်းကျောင်းသော အသင်း၏ ဒုတိယဥက္ကဌအား သိသူမရှိပေ။ သူသည် တံခါးနောက်တွင်နေကာ ထွက်မလာတတ်ပေ၊ အပြင်ထွက်ခဲလှ၍ မြင်ဖူးသူမှာ နည်းပါးသည်။ ဝေဟမ်အကြောင်း ဝေကျိရွှီပြောသည်ကို ကြားခြင်းအရ သူ၏ သရုပ်မှန်သည် သာမာန်မဟုတ်သည်ကို သိလိုက်သည်။
“ယေဟမ်က ကျွန်တော့ရဲ့ ဦးလေးကြီးပဲ ကျွန်တော်က ဝေမျိုးနွယ်ကပဲ” ဝေကျိရွှီ ဂုဏ်ယူစွာပြောလိုက်သည်။
“ဝေမျိုးနွယ်ဝင်” သခင်ကြီးစုသည် အံ့သြမှုကြောင့်မျက်လုံးပြူးသွားလေသည်။ သူ ဝေမျိုးနွယ်ကို သတ်မိမလိုဖြစ်သွားသည်။
“ကျိရွှီ သူ့ကိုဘာလို့လေကုန်ခံပြီးပြောနေသေးလဲ၊ ဒီဝိညာဉ်သားရဲတွေအကုန်လုံးက ပြန်ကောင်းလာကြပြီ ငါတို့ဒီနေရာကထွက်မသွားရင် ငါတို့လဲ ပါသွားမယ်” ဖက်တီးကျူသည် ဘေးမှသတိပေးလိုက်သည်။
နိုးထလာသော ဝိညာဉ်သားရဲများသည် အလွန်အမင် စိတ်ဆိုးနေကြသည်။ သူတို့အခုအလိုချင်ဆုံးအရာမှာ လူတွေသည် သူတို့အားဖမ်းပြီး ထိန်းချုပ်ထားသဖြင့် သူတို့၏ဒေါသကို သိစေခြင်းဖြစ်သည်။ အခုလူသားတွေ ထိခိုက်သည်ကို မြင်ရတော့မည်ဖြစ်သည်။ သူတို့သည်းမခံနိုင်ကြတော့ပေ။
ဟိန်းသံထွက်ပေါ်လာသည်……..
ဝိညာဉ်သားရဲများသည် ကြေးစားစစ်သည်များဘက်သို့လှည့်ကာ ဟိန်းလိုက်ကြသည်။ ဝေကျိရွှီနှင့် ကျန်သူများသည် ဝေးရာသို့ထွက်လာကြပြီးဖြစ်သည်။
“မင်းက ဒီမှာရောက်နေပြီပဲ ဘာလို့ငါတို့ကိုမခေါ်တာလဲ” ရှီမာယူယူနှင့် ကျန်လေးယောက်တို့ သစ်ပင်ကိုင်းပေါ်တွင်ထိုင်နေသည်ကို ဖက်တီးကျူမြင်သည်နှင့် စောဒက တက်လိုက်သည်။
“မင်းတို့နှစ်ယောက် သူတို့နဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာတွေ့လို့ မနှောင့်ယှက်တော့တာ” ဘေဂုံထန်သည် ဟာသနှောသော အမူအရာဖြင့် စလိုက်သည်။
“မင်းတို့တမင်လုပ်ခဲ့တာမလား” ဖက်တီးကျူသည် ကိုင်းပေါ်တွင်ထိုင်လိုက်ကာ အသံသေးသေးဖြင့် စောဒကတက်လိုက်သည်။
“ဒီဝိညာဉ်သားရဲတွေအကုန်လုံးက ဒေါသထွက်နေကြတာ ဟိန်းသံလေးက ဘာလို့ဘာမှမဖြစ်တာလဲ” တောင်ပံလေးခုငှက်၏ ကျောပေါ်တွင်ခုန်ပေါက်နေသော ဟိန်းသံလေးအား ဝေကျိရွှီကြည့်ကာ မေးလိုက်သည်။
ရှီမာယူယူ ပခုံးတွန့်ကာပြောလိုက်သည် “ငါလည်းမသိဘူးလေ ဝါး..အဲဝိညာဉ်သားရဲတွေက အမုန်းကြီးကြတာပဲ”
အနက်ရောင်ကျားသစ်သည် အာမိုကို သွေးအလိမ်းလိမ်းဖြင့်နှစ်ပိုင်းပိုင်းသည်ကို မြင်ခဲ့သောနေရာကို ရှီမာယူယူကြည့်သည်နှင့် အားလုံးသည် လိုက်ကြည့်မိကြသည်။
“ချိုခါးအနံ့မြက်ပင်က ဝိညာဉ်သားရဲတွေကို ရက်စက်ကြမ်းကြုတ်စေတာပဲ၊ သူတို့စိတ်ထဲမှာ တကယ်မုန်းတီးနေတာနဲ့ ပေါင်းလိုက်တော့ သူတို့လက်တွေယဉ်နေတာတော့ မဆန်းတော့ပါဘူး” ဝူရန်ဖေသည် မပြောင်းလဲသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ရှီမာယူယူနှင့် ဘေဂုံထန်တို့မှာ ထိုနေရာတွင်မြင်ခဲ့သော မြင်ကွင်းများအား ဘာခံစားချက်မှမဖြစ်မိပေ။ ထိုလူတွေသည် အစောကပင် သူတို့အားတိတ်တဆိတ်သတ်ရန်လုပ်ခဲ့ကြသည်။ စာချုပ်ကိုပင် ချိုးဖောက်ခြင်းသည် သူတို့အမှားပင်ဖြစ်၍ ဒီလိုအကျိုးဆက်ရလာမည်မှမလွဲပေ။
ဖက်တီးကျူနှင့် ဝေကျိရွှီသည် ထိုကဲ့သို့ သွေးကြောင်းစီးသည်ကိုမမြင်ဖူးပေ၊ မြေတစ်ခုလုံးပေါ်တွင် သွေးများပေကျံနေသည်ကို ကြည့်ရင်းပင် ခေါင်းမူးလာသည်။
ယောက်ျား အယောက်သုံးဆယ်ကျော်သော ကြေးစားအုပ်စုည် ဝိညာဉ်သားရဲအကောင်နှစ်ဆယ်နှင့် ယှဉ်လျှင် တိုက်ခိုက်ရန် အားမမျှပေ။ ထိုလူနည်းစုသည် ဝိညာဉ်သားရဲများ၏ လျင်မြန်စွာ စုတ်ဖြဲခြင်းကိုခံရတော့သည်။
အားနည်းထားသော ဝိညာဉ်သားရဲများသည် လူများကိုသတ်ပြီးနောက် အတူတကွတိုက်ခိုက်ကြတော့သည်။
“ဟိန်းသံလေး” ရှီမာယူယူရုတ်တရက် အော်လိုက်သည်။
ဟိန်းသံလေးသည် သူမအားစိုက်ကြည့်ပြီး လည်ချောင်းရှင်းကာ ဟိန်းရန် ခေါင်းအားမော့လိုက်သည်။
ဟိန်းသံထွက်ပေါ်လာသည်……..
အစပိုင်းတွင် တိုက်ခိုက်ရန် အရေးတကြီးပြင်ဆင်နေကြသော ဝိညာဉ်သားရဲများသည် မြေပေါ်တွင် ဝပ်ကာ ခုဏနှင့် ကွာခြားစွာ လုံးဝငြိမ်ကျသွားလေသည်။
ရှီမာယူယူသည် သစ်ကိုင်းပေါ်မှဆင်းကာ ဟိန်းသံလေးနှင့် ကျန်သူများရှိရာ တိုက်ရိုက်လျှောက်သွားပြီး ကျန်သူများသည် သူမအား ကြောင်ကြည့်ကာ ကျန်ခဲ့လေသည်။
“ညီလေး ရှီမာယူယူ အဲဒါဘာ ဝိညာဉ်သားရဲလဲ” ရှင်းဝူရာသည် ကြက်သေသေကာ ကြည့်ရာမှ မေးလိုက်သည်။
“အဲလိုပုံစံကို ငါတို့မမြင်ဖူးဘူး” ဖက်တီးကျူပြောလိုက်သည်။
“ဒါပေမယ့် မြင်ဖူးရင်လည်း သိမှာမဟုတ်ဘူး၊ သာမာန်ဝိညာဉ်သားရဲတွေလုပ်နိုင်တာထက် လုပ်နိုင်မယ့် ဝိဉာသ်သားရဲပဲ” ဝေကျိရွှီခေါင်းရမ်းကာ ပြောလိုက်သည်။
“အဲဒါဆိုရင် အဲဒါကလုံးဝမိုက်တဲ့ ဝိညာဉ်သားရဲပဲ” ဖက်တီးကျူသည် ဟိန်းသံလေးသည် သူ၏ စာချုပ်သားရဲသာဖြစ်ခဲ့လျှင်ဆိုသည့်အတွေးဖြင့် ဂုဏ်ယူစွာပြောလိုက်သည်။
“ရွံစရာကောင်းလိုက်တာ” ဝူရန်ဖေသည် ဖက်တီးကျူအားဖြတ်သွားကာ မျက်စိလည်ပြီးကြည့်လိုက်သည်။
ရှီမာယူယူသည် မြေပေါ်တွင် အလောင်းများဖြင့်ပြည့်နှက်နေသော စခန်းချရာနေရာသို့ရောက်လာသည်။ သူမသည် ဟိန်းသံလေး၏ သူငယ်ချင်းဖြစ်သော တောင်ပံလေးခုငှက်အားကြည့်လိုက်သည်။ သူ့မျက်လုံးသည် နီရဲနေသည်ကို တွေ့လိုက်ရသည်။