Switch Mode

အပိုင်း(၈၀)-ဇာတ်ကြောင်း ပတ်ပင်းတိုးခြင်းနှင့် ကွဲသွားခြင်း

“ဟိတ် ဒီတစ်ခါ ငါတို့ ဝိညာဉ်သားရဲဘယ်လောက်ဖမ်းမိလဲ” ခါးတုတ်ကြီးနှင့် မုတ်ဆိပ်မွေးအပြည့်နှင့် လူကြီးသည် တဲမှထွက်လာကာ စခန်းအဘယ်တွင်ထိုင်နေသော လူနှစ်ယောက် ဘေးတွင်ထိုင်လိုက်သည်။

“ဆရာ ကျွန်တော်တို့ ဝိညာဉ်သားရဲအကောင်နှစ်ဆယ်လောက်ဖမ်းမိပြီ၊ ပြီးတော့နှစ်ကောင်က စကားပြောနိုင်တဲ့ သူတော်စင်အဆင့် သားရဲပဲ” လူနှစ်ယောက်သည် မတ်တတ်ရပ်ကာပြောလိုက်သည်။

“သြော် နှစ်ဆယ်လောက်ကိုဖမ်းမိပြီလား” မုတ်ဆိတ်မွေးအပြည့်နှင့်လူသည် ပျော်ရွှင်စွာပြောလိုက်သည် “ဒီတစ်ခါတော့ ငါတို့ချမ်းသာတော့မှာပဲ ဟားဟားဟား”

“ဆရာ့ရဲ့ ဒီစိတ်ကူးကတော့ တကယ်ကောင်းတယ်၊ အဲလူတွေက အဖိုးတန်ပစ္စည်းကိုပဲ ယူချင်နေကြတာ၊ ကျွန်တော်တို့ကတော့ ဝိညာဉ်သားရဲတွေဖမ်းနေတယ်”

“ဒီဝိညာဉ်သားရဲတွေက အဖိုးတန်ပစ္စည်းနောက်ကိုလိုက်ရင်း ကျွန်တော်တို့ သူတို့ကိုဖမ်းဖို့ လုပ်ထားတဲ့ သတိမေ့ဆေးကြောင့် အားတွေယုတ်သွားတယ်၊ ဒီဝိညာဉ်သားရဲတွေကို အဲဒီဆိုင်ရှင်တွေဆီကိုရောင်းရင် ဒီတစ်ခါတော့ ကျွန်တော်တို့တကယ်ချမ်းသာပြီ

ထိုလူနှစ်ယောက်သည် သူတို့ဆရာရှေ့တွင် ပျော်ရွှင်စွာ နာမည်ကောင်းယူနေကြသည်။ ထိုဆရာသည် သူတို့အားစိုက်ကြည့်ကာ ပြောလိုက်သည် “အဲဒီဆိုင်ရှင်တွေဆီကို ရောင်းမယ်ဆိုတာဘာပြောတာလဲ၊ ရူးလိုက်တာ ဒီဟာတွေကို သားရဲထိန်းကျောင်းတဲ့အသင်းကို ရောင်းမှာ”

“ဟင် သားရဲထိန်းကျောင်းတဲ့အသင်းဟုတ်လား”

“ဟူး မင်းတို့နှစ်ယောက် အလိုက်တာ၊ ငါတို့ သခင်ကြီးဂယ်နဲ့ ဒီဝိညာဉ်သားရဲတွေကို သူ့ဆီရောင်းမယ်လို့ ကတိပေးပြီးသားလေ၊ ပြီးတော့ သားရဲထိန်းကျောင်းတဲ့အသင်းက ငါတို့ကို ဝိညာဉ်သားရဲငါးကောင် အလကားပေးလိမ့်မယ်” မုတ်ဆိတ်လူကြီးကပြောသည် “တကယ်လား၊ ဝိညာဉ်သားရဲငါးကောင်တောင်မှ” ထိုနှစ်ယောက်သည် ပျော်လွန်းနေကြသည်။

“မင်းတို့နှစ်ယောက် အသံတိုးစမ်း၊ တစ်ယောက်ယောက်သိသွားရင် ငါမင်းတို့ခြေထောက်တွေကို ချိုးပစ်မယ်” မုတ်ဆိတ်မွေးသည် အပြစ်တင်လိုက်သည်။

“ဟီးဟီး အဲဒီဝိညာဉ်သားရဲတွေကို ယဉ်အောင်လေ့ကျင့်ပြီးရင် စာချုပ်ချုပ်လို့ရသွားမှာပဲ၊ သူတို့အတွက် စိတ်လှုပ်ရှားစရာပဲ” အစိမ်းရောင်ဝတ်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် တဲမှထွက်လာကာ ပြုံးပြီးပြောလိုက်သည်။

“သခင်ကြီးစု၊ ဘာလို့ထွက်လာတာလဲ” မုတ်ဆိတ်မွေးသည် ထိုအစိမ်းရောင်ဝတ်လူ ကြီးအားကြည့်ကာ ပြောလိုက်သည်။

“အခုဖမ်းမိထားတဲ့ ဝိညာဉ်သားရဲတွေကို ကြည့်ဖို့ထွက်လာတာ” သခင်ကြီးစုကပြောလိုက်သည်။

“ဒီနှစ်ကောင်က အခုမှဖမ်းမိတာ” ထိုလူသည် ဟိန်းသံလေးနှင့် ငှက်တစ်ကောင်ထည့်ထားသော ခြင်းအား ယူဆောင်လာသည်။

မုတ်ဆိတ်မွေးသည် ဟိန်းသံလေးနှင့်  ငှက်လေးအားကြည့်ပြီး မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည် “ဒီတစ်ခါဖမ်းလာတာက ဝိညာဉ်သားရဲဘာအမျိုးအစားတွေလဲ သူတို့က ဝိညာဉ်သားရဲတွေမှဟုတ်ရဲ့လား”

“ဆရာဟောင် စိတ်မဆိုးပါနဲ့၊ ကျွန်တော်တို့လည်း ဒီလိုဝိညာဉ်သားရဲနှစ်ကောင်ကို အရင်ကမမြင်ဖူးပါဘူး….” သခင်ကြီးစုသည် စကားပြောစဉ်အတွင်းပင် ရုတ်တရက်မျက်လုံးပြူးသွားကာ ငှက်ကလေးအားမြင်သည်နှင့် အံ့သြမှုများပြည့်နှက်သွားကာ ပြောလိုက်သည် “ဒါက အတောင်ပံလေးခုငှက်မဟုတ်လား၊ တကယ်ပဲ အဲဒါပဲ”

သခင်ကြီးစုသည် ခြင်းဘေးသို့လျှောက်လာကာ အထဲတွင်ရှိသော သတိမေ့နေသော ငှက်အား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ သူထိရန်ဟန်ပြင်လိုက်သော်လည်း စိုးရိမ်မှုများဖြစ်ပေါ်လာကာ ခြင်းအား လှည့်ပတ်ပြီး ပျော်ရွင်စွာကခုန်တော့သည်။

“သခင်ကြီးစု အတောင်ပံလေးခုငှက်က ဘယ်လိုဝိညာဉ်သားရဲလဲ” သခင်ကြီးစု ထိုကဲ့သို့ပြုမူသည်ကို မြင်သည်နှင့် ဆရာဟောင်နှင့် ကျန်သူများသည် သူ့အား ရှုပ်ထွေးစွာကြည့်မိလိုက်ကြသည်။

“ဟီးဟီး” သခင်ကြီးစုသည် စိတ်တည်ငြိမ်အောင်ထားပြီးပြောလိုက်သည် “ဒီတောင်ပံလေးခုငှက်ကို ငါစာအုပ်ထဲမှာပဲမြင်ဖူးတာပဲ၊ ဒါက ဝိညာဉ်သားရဲနောက်တစ်မျိုးပဲ၊ အာ… ဒီယုန်နဲ့တူတဲ့ ဝိညာဉ်သားရဲက ဘာအကောင်ပါလိမ့်၊ ငါဘာလို့သတိမထားမိတာလဲ”

သခင်ကြီးစုပြောသောစကားများကို သူတို့အားလုံး နားမလည်ကြပေ။ သူပြောသည်မှာ သူစာအုပ်တွင်သာမြင်ဖူးပြီး ဝိညာဉ်သားရဲနောက်တစ်မျိုးဖြစ်နိုင်ရတာလဲ။ သို့သော် သူပြောသည်များကို ဘာမှပြန်မပြောကြပေ။ သို့သော် ဆရာဟောင်သည် သူတို့ရောင်းချိန်တွင် ဒီငှက်သည် ဈေးကောင်းရမည်ကို တိတ်တဆိတ်တွေးနေခဲ့သည်။

“သခင်ကြီးစု ကြည့်ရတာ ဒါက ဝိညာဉ်သားရဲမဟုတ်ဘူးထင်တယ် ဒါက ဒီအတိုင်းယုန်တစ်ကောင်ပဲ” ထိုအဖွဲ့မှ တစ်ယောက်ကပြောလိုက်သည်။

“ငါလည်း ယုန်နဲ့တူတယ်လို့ထင်တယ်” ကျန်သောသူများလည်းသဘောတူကြသည်။

“ဒါက ဘယ်လိုလုပ်ယုန်ဖြစ်နိုင်မလဲ” သခင်ကြီးစုသည် ခေါင်းရမ်းလိုက်သည် “ဒီတောင်ပံလေးခုငှက်က သာမာန် ဝိညာဉ်သားရဲမဟုတ်ဘူး၊ ဒါပေမယ့် ဒီအကောင်က ပုံဖျက်ထားတာ၊ ဒီအကောင်ရဲ့ ခန္ဓာကိုယ်အစစ်မှန်ုတွေ့အောင် စောင့်ပြီးတော့ ငါတို့သိမယ်

ထိုအချိန်တွင် လူဆယ်ယောက်ကျော်သည် တောသို့ရောက်လာသည်၊ သူတို့သည် လမ်းတစ်လျှောက် စကားများပြောလာကာ ရယ်မောလာကြသည်။

“ဆရာကြည့်၊ ကျွန်တော်တို့နောက်ထပ်ဝိညာဉ်သားရဲဖမ်းမိလာတယ်” လူငယ်တစ်ယောက်သည် အထဲတွင် သူတော်စင်အဆင့်ကျားသစ်နက်သားရဲထည့်ထားသော ခြင်းအားသယ်ပြီးလျှောက်လာသည်။

“ဆရာ ကျွန်တော်တို့ကို ပေးတဲ့ဆေးကတကယ်ကောင်းတယ်၊ ဒီလူက အခုအရမ်းကို ရက်စက်နေပြီ၊ ဒါပေမယ့် ဒီဆေးရဲ့အနံ့ရတာနဲ့ ပုံပြောင်းသွားပြီး ကျွန်တော်တို့ချက်ချင်းဖမ်းမိလိမ့်မယ်လို့ ထင်မထားဘူး”

“ဟားဟား သခင်ကြီးစု ကြည့်ရတာ ဒီတစ်ခါ အမဲလိုက်ရတာတန်တယ်” ဆရာဟောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူတို့နောက်ထပ် ဝိညာဉ်သားရဲအားဖမ်းမိလာသည်ကိုကြည့်ကာ သခင်ကြီးစု၏ မျက်နှာသည် အပြုံးပန်းပွင့်သွားကာ ပြောပြီရင်းပြောနေလေသည်။ “မဆိုးဘူးမဆိုးဘူး…”

“ဆရာ လမ်းမှာကျွန်တော်တို့ ဒီလူနဲ့တွေ့ခဲ့တယ်” ထိုလူနည်းစုသည် လူတစ်ယောက်အား အနောက်မှတွန်းလိုက်သည်။ ရှီမာယူယူနှင့် ကျန်သူများသည် ထိုပြန်ပေးဆွဲခံလာရသူသည် ရင်းနှီးမှုရှိနေသည်ကို တွေ့လိုက်ရသည်။

“ရှင်းဝူရာ သူက ဘယ်လိုလုပ်ဒီမှာရှိနေတာလဲ” ဖက်တီးကျူမေးလိုက်သည်။

“ဟောင်ယူစီ မင်းက လူမဆန်တာပဲ၊ ဆေးကိုသုံးပြီး ဒီလောက်များတဲ့ ဝိညာဉ်သားရဲတွေကို အမဲလိုက်ပြီးသတ်ဖြတ်နေတယ်” ရှင်းဝူရာသည် ဟောင်ယူစီကို ဒေါသပုန်ထကာစိုက်ကြည့်လိုက်သည်။

“ဟေး ဒါကအစိမ်းရောင်ကြေးစားအဖွဲ့ချုပ်က လူငယ်ဦးစီးမှူးမလား၊ မင်းက ဆားမြို့က မစ်ရှင်တွေပြီးပြီမလား၊ ဒီအတိုင်းပိုင်းဒေသကို ဘာလာလုပ်တာလဲ” ဟောင်ယူစီသည် ရှင်းဝူရာကို အတိအကျသိပြီဖြစ်သည်။ ထို့အပြင် သူ့စကားပြောပုံအရ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် သာမာန်ရင်းနှီးမှုမျိုးမဟုတ်ပေ။

“သွားသေလိုက်၊ ဝိညာဉ်သားရဲတွေကို ဒီလိုပုံစံနဲ့ ဆက်ဆံရဲတယ်” ရှင်းဝူရာထိုသို့ပြောသည်ကို ဝေကျိရွှီကြားသည်နှင့် ဒေါသထွက်ကာ ချက်ချင်းပြေးထွက်ရန်လုပ်သော်လည်း ရှီမာယူယူတားထားလေသည်။

“သူတို့မှာ အခုလူအများကြီးနဲ့ ငါတို့လည်း ငါတို့စာချုပ်သားရဲကိုခေါ်ဖို့မဖြစ်နိုင်ဘူး၊ ငါတို့လူနည်းနည်းနဲ့ဆို သူတို့ကို ဘယ်လိုတိုက်လို့ရမှာလဲ ပြီးတော့ သူတို့အားက ငါတို့ထက်တော့အားကောင်းမှာပဲ”

“ဒါပေမယ့်….”

“ကျိရွှီ မင်းမစိုးရိမ်ပါနဲ့ ရှီမာယူယူက ဒီလိုပြောတယ်ဆိုရင် သူ့မှာသေချာပေါက် အစီစဉ်ရှိလိမ့်မယ်၊ ဟိန်းသံလေးက သူတို့လက်ထဲမှာပဲရှိသေးတယ် မင်းသိတယ်မလား” ဖက်တီးကျူသည် နှစ်သိမ့်လိုက်သည်။

“မင်းဘာလို့ဒေါသထွက်တာလဲ ဝေကျိ” ဝူရန်ဖေသည် နားမလည်တော့သကဲ့သို့ ဝေကျိရွှီအားကြည့်လိုက်သည်။

အရင်တုန်းက ဒီလူသည် အမြဲတမ်းတည်ငြိမ်ခဲ့သည် အခုတော့ သူတကယ်ဒေါသထွက်နေခဲ့သည်။

“ဟုတ်တယ်၊ ယေကျိရွှီ မင်းဘာလို့အဲလောက်စိတ်ဆိုးနေရတာလဲ” ရှီမာယူယူလည်း နားမလည်နိုင်တော့ပေ။

“သားရဲထိန်းကျောင်းတဲ့ သခင်တစ်ယောက်အနေနဲ့ ဝိညာဉ်သားရဲတိုင်းက မိတ်ဆွေတွေပဲ၊ သူတို့လို သတိမေ့ဆေးကိုသုံးပြီး ဝိညာဉ်သားရဲဖမ်းတဲ့သူတွေက သားရဲထိန်းကျောင်းတဲ့သခင်တိုင်းရဲ့ ရန်သူပဲ” ဝေကျိရွှီပြောလိုက်သည်။

သူသည် ငယ်စဉ်ကပင် မိသားစု၏ သင်ကြားမှုပြည့်ဝနေခဲ့သည်။ ဝိညာဉ်သားရဲတွေသည် မိတ်ဆွေ၊ ထိုဝိညာဉ်သားရဲတွေနှင့် အတိုင်အဖောက်ညီမှသာ အဆင့်မြင့်သော ဝိညာဉ်သားရဲအဖြစ် လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် သူသည်ငယ်စဉ်ကပင် ဝိညာဉ်သားရဲများနှင့် နေလာသူဖြစ်ပြီး သူတို့နှင့်နေခြင်းသည် သူ့ဘဝ၏ ကြီးမားသောအစိတ်အပိုင်းဖြစ်ခဲ့သည်။ ဝိညာဉ်သားရဲအကောင်နှစ်ဆယ်ဖမ်းမိရန် ထိုကဲ့သို့နည်းလမ်းသုံးခြင်းသည် သူ့အတွက် ဒေါသထွက်စရာဖြစ်ခဲ့သည်။

“ယူယူ အခုငါတို့ဘာလုပ်ကြမလဲ’” ဘေဂုံထန်သည် အရင်မေးခွန်းမေးသည်မှာ မေးခဲသည်။ ထိုအဓိပ္ပာယ်မှာ သူမသည် သူတို့နှင့် တစ်ဖွဲ့တည်းဖြစ်နေပြီဆိုသည်ကို ပြနေသည်။

ရှီမာယူယူ ခြင်းထဲတွင် လဲနေသောဟိန်းသံလေးကိုကြည့်ကာပြောလိုက်သည် “သူတို့မှာ လူများနေတယ် အခုလောလောဆယ်တော့ ငါတို့ သူတို့နဲ့ ယှဉ်လို့မရသေးဘူး၊ အခုအရေးကြီးဆုံးက သူတို့သုံးတဲ့ဆေးက ဘာဆေးလဲဆိုတာ ဖော်ထုတ်ရမယ်၊ ဒီဆေးမျိုးက လေထဲကိုလွင့်လိုက်ရင် လေနဲ့အတူပါသွားတာ၊ ငါတို့ ဒီမေ့ဆေးအကြောင်းနားလည်ရင် အဲဒီဝိညာဉ်သားရဲတွေဆီကိုသွားရင် အဲဒီအုပ်စုက အဆုံးသတ်ကောင်းမှာမဟုတ်ဘူး”

“ဒါပေမယ့် အခုငါတို့ရှိနေတာက သူတို့နဲ့ ဝေးလွန်းတယ်၊ သူတို့သုံးတဲ့ဆေးကို ငါတို့မသိနိုင်ဘူး ဟုတ်တယ်မလား” ဖက်တီးကျူပြောလိုက်သည်။

“ဒီမှာ” ဝေကျိရွှီပြောလိုက်သည် “ချိုခါးအနံ့ မြက်ပင်ဆိုတာရှိတယ်၊ ဒီမြက်ပင်က ဝိညာဉ်သားရဲတွေကို နိုးကြားစေပြီး သူတို့သွေးလည်ပတ်မှုအားကောင်းစေတယ်၊ မေ့ဆေးအားလုံးရဲ့ ဖြေဆေးလို့လည်းပြောလို့်ရတယ်၊ ငါတို့ ချိုခါးအနံ့မြက်ပင်ကိုရှာတွေ့ရင် သူတို့ဘာဆေးသုံးသုံး ငါတို့ရင်ဆိုင်လို့ရတယ်”

“ဒါပေမယ့် အခုငါတို့အဲဒီ ချိုခါးမြက်ပင်ကိုဘယ်သွားရှာရမှာလဲ” ဝူရန်ဖေသည် မျက်ခုံးပင့်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset