ဘေဂုံထန်ပြုံးခြင်းကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူမသည် အမြဲတမ်းအေးစက်နေခဲ့သည်၊ သို့သော် ထိုအချိန်တွင်သူမအပြုံးသည် ဆွဲဆောင်မှုတစ်မျိုးရှိသည်။
“အဟွတ် အဟွတ်” ဝေကျိရွှီသည် ပထမဆုံးအသိစိတ်ဝင်လာသူဖြစ်ပြီး ချောင်းဟန့်ကာ ပြောလိုက်သည် “အဲဒီ ရွှေမြွေသီးကဘယ်မှာလဲ၊ မှည့်ဖို့ဘယ်လောက်ကြာဦးမှာလဲ၊ ဝိညာဉ်သားရဲတွေနဲ့လူတွေ အဲလောက်အများကြီးရဲ့ ပစ်မှတ်ဖြစ်နေတာ ငါတို့ တန်ပြန်တိုက်ခိုက်တာလိုမျိုး ကြိုစီစဉ်ထားသင့်တယ်”
ဝေကျိရွှီထိုသို့ပြောချိန်တွင် အားလုံး၏ မျက်ခုံးများပင့်သွားကြသည်။ ဝိညာဉ်သားရဲများအကြောင်းစဉ်းစားလျှင်ပင် သူတို့အတွက်ခေါင်းကိုက်စရာဖြစ်သည်။ တောင်တန်းတစ်ခုလုံးမှ ဝိညာဉ်သားရဲများကို ဆွဲဆောင်နိုင်ရုံသာမက လူများပါ ပစ်မှတ်ထားခြင်းခံရသဖြင့် ထိုအရာသည်သူတို့အတွက် အောင်မြင်ရန်အလွန်ခက်ခဲမည်ဖြစ်သည်။
“ဒီရွှေမြွေအသီးမှည့်ဖို့ ခုနှစ်ရက်လိုသေးတယ်၊ နေရာကိုအရင်ရှာပြီးမှ အခြေအနေကို တိတ်တဆိတ်စုံစမ်းရမယ်၊ အဲအတွက် ငါတို့တန်ပြန်ခုခံဖို့ကို စဉ်းစားရမယ်” ရှီမာယူယူပြောသည်။
“ဒါပေမယ့် အဲဒီရွှေမြွေသီးက ဘယ်မှာလဲ၊ ငါတို့ဘယ်ဘက်ကိုသွားရမှာလဲ
“နေရာအကြမ်းဖျင်းကိုတော့သိတယ်၊ အတွင်းပိုင်းဒေသကို ဦးတည်သွားရင် အဲနေရာက ရှာဖို့လွယ်လိမ့်မယ်” ရှီမာယူယူပြောလိုက်သည်။
“အဲဒါဆိုရင် လက်ရှိအခြေအနေကို သွားကြည့်ရအောင်” ဝူရန်ဖေပြောလိုက်သည်။
“ခဏနေဦး” သူတို့အား ရှီမာယူယူတားလိုက်သည်။ သူမအား အားလုံးလှည့်ကြည့်သည်ကို မြင်သည်နှင့် သူမပြောလိုက်သည် “အရင်တစ်ခါတွေ့ခဲ့တဲ့ မီးတောက်ဝံပုလွေအသေတွေက ငါ့ဆီမှာရှိတယ်၊ မင်းတို့ကို အကုန်ထုတ်ပေးလိုက်မယ်၊ ငါတို့လူစုကွဲသွားခဲ့ရင် မစ်ရှင်ပြီးဖို့ မင်းတို့ယူသွားသင့်တယ်”
သူမပြောပြီးသည်နှင့် မှော်ဝင်လက်စွပ်အတွင်းမှ မီးတောက်ဝံပုလွေအသေကောင်များကို ထုတ်လိုက်သည်။ တစ်ယောက်ကို တစ်ကောင်ကျစီပေးလိုက်သည်နှင့် အားလုံးသည်သူတို့၏ မှော်ဝင်လက်စွပ်အတွင်းတွင် သိမ်းဆည်းထားလိုက်ကြသည်။ ထို့နောက် သူတို့ ထွက်သွားကြသည်။
အမှန်တကယ်တော့ ဘယ်သွားရမလဲဆိုတာ ရှီမာယူယူလည်းမသေချာပေ။ သို့သော် မိုရှား၏ လမ်းညွှန်မှုဖြင့် အလျင်အမြန်သွားကြလေသည်။
သုံးရက်ကြာပြီးနောက် ရွှေမြွေသီးရှိသော အတွင်းပိုင်းဒေသသို့ရောက်ရှိလာကြသည်။ ရှေ့ကသွားသော လူများ၏ ခြေရာနောက်လိုက်ရာ တောင်ထိပ်သို့ရောက်လာကြသည်။
ရွှေမြွေအသီးသည် မတ်သော ချောက်ကမ်းပါးအလယ်တွင်ရှိနေသည်။ မြေပြင်အထက် မီတာ ၁၀၀လောက်အမြင့်တွင်ရှိနေပြီး လူတွေသည် တောင်ပတ်ပတ်လည်တွင် စုရုံးနေကြသည်။ လမ်းကြားများတွင် မရေတွက်နိုင်သော ဝိညာဉ်သားရဲများပြည့်နှက်နေသည်။
သူတို့ လွတ်သည့်နေရာရောက်သည်အထိ ရှီမာယူယူစောင့်ပြီးမှ ပတ်ဝန်းကျင်အားကြည့်မိကြသည်၊ အားလုံးသည် တုန်လှုပ်စရာအပြည်ပင်။
“များလိုက်တဲ့ လူတွေနဲ့ ဝိညာဉ်သားရဲတွေ” ဝေကျိရွှီ ညည်းညူလိုက်သည်။
“ငါတို့ အဲလောက်များတဲ့ လူတွေနဲ့ဝိညာဉ်သားရဲတွေဆီကနေ ရွှေမြွေသီးကိုယူချင်တယ်….” ဝူရန်ဖေသည် စကားဆုံးအောင်မပြောသော်လည်း ဆိုလိုရင်းကို အားလုံးနားလည်ကြသည်။ လုံးဝမဖြစ်နိုင်သည်တော့ သေချာသလောက်ပင်။
“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါလွယ်လွယ်လက်မလျော့နိုင်ဘူး” ဘေဂုံထန်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာပြောလိုက်သည်။
“အဲဒါက ရွှေမြွေသီးလား” ချောက်ကမ်းပါးအလယ်တွင် တွဲလောင်းကျနေသော ရွှေမြွေအပင်ကို ဖက်တီးကျူ လက်ညိုးထိုးလိုက်သည်။
“အဲလောက်မြင့်တဲ့နေရာဆိုရင် ဘယ်သူပဲဖြစ်နေနေ ခူးဖို့မလွယ်ဘူး” ဝေကျိရွှီပြောလိုက်သည်။
“ချောက်ကမ်းပါးက မြင့်ပေမယ့် မတ်မတ်ကြီးမဟုတ်ပါဘူး အဲအောက်မှာတောင်ဆောင်းနည်းနည်းတော့ရှိပါတယ်” ရှီမာယူယူ ထိုနေရာအားလေ့လာကြည့်သည်။
“ဒါပေမယ့် လူအများစုတော့ တက်ဖို့မဖြစ်နိုင်ဘူးး၊ အနည်းဆုံးတော့ ငါတို့မတက်နိုင်ဘူး” ဖက်တီးကျူပြောလိုက်သည်။
“အခုတော့ ရွှေမြွေသီးမှည့်လာရင် ရုတ်ရင်းဆန်ခပ်ဖြစ်နေတဲ့အချိန်မှာ လှုပ်ရှားသင့်လား မသင့်လားဆိုတာ ကြည့်ရမှာပဲ” ဝူရန်ဖေပြောလိုက်သည် “ဘေဂုံ အဲဒါမင်းအတွက်မဖြစ်နိုင်ဘူးဆိုရင် မင်း…”
“ငါနားလည်ပါတယ်” ဘေဂုံထန်ခေါင်းညိတ်လိုက်သည်။ သူတို့တွင် အစီအစဉ်တိုင်းနှင့် တက်ရန်မဖြစ်နိုင်ပါက သူမ ဖိအားမပေးတော့ပါ။ ထိုအရာအတွက် သူမဘဝကို စွန့်ပစ်ရလျှင် တကယ်မတန်ပေ။ ထို့အပြင် သူမလုပ်စရာရှိသည်များသည် အရှေ့တွင်စောင့်နေကြသည်။
“ငါစိုးရိမ်တာက ရုတ်ရင်းဆန်ခပ်ဖြစ်နေတဲ့အချိန်မှာ အခွင့်ရေးယူဖို့မလွယ်မှာကိုပဲ” ရှီမာယူယူ သူမမေးစေ့အားကိုင်ကာ စဉ်းစားလိုက်သည် “ငါတို့ ဗျူဟာသုံးမှ ရတော့မယ်”
“ယူယူ ကြည့်လိုက် အဲဒါစစ်သူကြီးမဟုတ်လား” ဖက်တီးကျူသည် ရုတ်တရက် တဲတစ်ခုအား ညွှန်ပြကာပြောလိုက်သည်။
ရှီမာယူယူလှမ်းကြည့်လိုက်သည်။ ရှီမာလိုင်သည် စစ်သူကြီးအိမ်တော်မှ လူအချို့အားခေါ်ဆောင်ကာ ရွှေမြွေသီးရှိသည့် ကမ်းပါးနှင့် ဆန့်ကျင်ဘက်တွင် စခန်းချထားသည်။
“အဘိုးက ဘာလို့ဒီရောက်နေတာလဲ” အခြေအနေအား စုံစမ်းရန် တဲထဲမှထွက်လာသော ရှီမာလိုင်အားမြင်သောအခါ သူမသည် ဖက်တီးကျူ၏ ခန္ဓာကိုယ်နောက်တွင် ချက်ချင်းပုန်းလိုက်သည်။ သူမသည် တခြားသူများအားပြောလိုက်သည် “ဘယ်လိုပဲဖြစ်လာလာ ရွှေမြွေအသီးမှည့်ဖို့က လေးရက်လိုသေးတယ်၊ ဒီနေရာက အရင်သွားရအောင်”
“အဲဒါလည်းကောင်းတာပဲ ငါတို့ဒီမှာရှိနေရင် အားကြီးတဲ့ဆရာတွေရဲ့ ခြေနင်းဖတ်ဖြစ်သွားမှာပဲ” ဝေကျိရွှီပြောလိုက်သည်။
ရှီမာလိုင်အားကြည့်ပြီး ရှီမာယူယူဘာလို့မသွားချင်တော့သည်ကိုတော့ ဘယ်သူမှမသိပေ၊ သို့သော် ဒီနေရာတွင် ဆက်နေရန်အကြောင်းလည်းမရှိတော့သဖြင့် ခေါင်းညိတ်ကာ ထိုနေရာမှ အတူတကွထွက်ခဲ့ကြသည်။
သူတို့ငါးယောက်သည် အားလုံးအားထားခဲ့ကာ တောင်မှ ခိုးကြောင်းခိုးဝှက်ပြန်ဆင်းလာခဲ့ကြသည်။ သူတို့သည် ဘေးတွင်ရှိသော တောင်ထိပ်သို့လာလိုက်ကြပြီး နားရန်နေရာရှာကြသည်။
“ယူယူ စစ်သူကြီးနဲ့တခြားသူတွေကိုမြင်တော့ ဘာလို့ပြေးချင်တာလဲ” သူတို့ထိုင်သည်အထိ စောင့်ပြီးမှ ဖက်တီးကျူ စိတ်ထဲမှမေးခွန်းကို မေးလိုက်သည်။
“ငါတို့ဒီမှာရှိတာ အဘိုးသိရင် ငါတို့ကို ချက်ချင်းပြန်ဖို့ လူတွေကိုခေါ်မှာသေချာတယ်၊ အဲအချိန်ဆိုရင် အဲဒီရွှေမြွေအသီးရဖို့ ဘယ်လိုလုပ်တိုက်လို့ရတော့မလဲ” ရှီမာယူယူပြောလိုက်သည်။
“ကျန်တဲ့သုံးရက်ကို ပတ်ဝန်းကျင်မှာရှိတဲ့ ပတ်ပတ်လည်နေရာတွေကို ငါတို့သေချာထောက်လှမ်းရမယ်” ဝေကျိရွှီပြောလိုက်သည်။
“အဲဒါကောင်းတယ်၊ အဲဒီရွှေမြွေအသီးကို ဝိညာဉ်သားရဲတွေအာရုံရောက်နေတာနဲ့ အတွင်းပိုင်းဒေသက ခါတိုင်းထက်ပိုလုံခြုံနေတယ်” ဘေဂုံထန်ပြောလိုက်သည်။
“ဒီလိုဖြစ်လာမှတော့ ဒီလိုလုပ်….” သူမပြောလိုသည့်စကားကို ဆုံးအောင်မပြောရသေးခင်ပင် သူမမျက်နှာအမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး ပြောလိုက်သည် “မင်းတို့အားလုံးငါ့ကို ဒီမှာစောင့်၊ ငါခဏသွားလိုက်ဦးမယ်”
“ယူယူ မင်းဘယ်သွားမလို့လဲ၊ အတွင်းပိုင်းဒေသက ဘယ်လိုပဲ လုံခြုံတယ်လို့ပြောပါစေဦးတော့ တစ်ယောက်တည်းသွားမယ်ဆို အန္တရာယ်များသေးတယ်” ဖက်တီးကျူပြောလိုက်သည်။
“တစ်ခုခုဖြစ်လို့လား” ဝေကျိရွှီမေးလိုက်သည်။
“ဟိန်းသံလေးရဲ့ သတင်းပို့ချက်ရတယ်၊ သူဒုက္ခတွေ့ရင် အဲဒါပို့တတ်တယ်” ရှီမာယူယူ စိုးရိမ်စွာပြောလိုက်သည်။
ဟိန်းသံလေးသည် ရှေးတုန်းက မြင့်မြတ်တဲ့ သားရဲလို့အမြဲတမ်းပြောတတ်ပေမယ့် အခုချိန်တွင် သူ့မှာ တိုက်ခိုက်ရန်အားမရှိသေးပေ။ တခြားအဖွဲ့နှင့် ပြဿနာဖြစ်ခဲ့လျှင် တိုက်ပွဲဖြစ်မည်မှာအသေအချာပင်။
ထို့အပြင် အန္တရာယ်ကြီးကြီးမားမားမတွေ့လျှင် သူမအား စိုးရိမ်တကြီးခေါ်မည်မဟုတ်ပေ။ ထိုအချက်အား စဉ်းစားမိလျှင် သူမ စိတ်များ စိုးရိမ်စိတ်များဖြင့် လောင်ကျွမ်းကာ ချက်ချင်းပင် သူမလှည့်ပတ်ကြည့်တော့သည်။
“ငါတို့မင်းနဲ့လိုက်မယ်” ဘေဂုံထန်ပြောလိုက်သည်။
ရှီမာယူယူ အားလုံးအားကြည့်လိုက်သောအခါ သူတို့သည် သူမအားတစ်ယောက်တည်းသွား၍ စွန့်စားခွင့်ပြုမည်မဟုတ်သည်ကို မြင်လိုက်သည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “ရာဟွောင် ငါတို့ကို ဟိန်းသံလေးရှာဖို့ ခေါ်သွားပေး”
ရာဟွောင်ဘယ်သူလဲဆိုသည်ကို ပဟေဠိဖြစ်နေဆဲမှာပင် မှော်ဝင်လက်စွပ်အတွင်းမှ သတ္တုလက်သည်းကျားတစ်ကောင် သူတို့ရှေ့တွင်ပေါ်လာသည်။
“သခင် မြန်မြန်တက်” ရာဟွောင်ပြောလိုက်သည်။ သူသည်လည်း ဟိန်းသံလေးတွင် တစ်ခုခုဖြစ်နေသည်ကို ခံစားမိ၍ ချက်ချင်းပင် အသွင်ပြောင်းကာ ပေါ်လာလေသည်။
“အဲဒါ.. အဲဒါက စကားပြောနိုင်တယ်၊ နောက်ထပ် သူတော်စင်အဆင့် ဝိညာဉ်သားရဲလား” သူတို့သည် ရာဟွောင်အားကြည့်လိုက် ရှီမာယူယူအားကြည့်လိုက်ဖြစ်နေကြသည်။ သူတို့သည် အလွန်အံ့အားသင့်ကာ သူမတွင် ဟိန်းသံလေးအပြင် တခြား သူတော်စင်အဆင့်သားရဲရှိလိမ့်မည်ကို လုံးဝထင်မထားပေ။
သို့သော် အံ့သြနေချိန်မဟုတ်ပေ။ အားလုံးသည် စိတ်ခံစားချက်များကို ချုပ်တည်းကာ သူမနောက်လိုက်၍ ရာဟွောင်ခန္ဓာကိုယ်ပေါ်သို့တက်လိုက်ကြသည်။ အရှိန်မမြင့်ခင်တွင် ရာဟွောင်ရိုးရှင်းစွာပင်ပြောလိုက်သည် “တင်းတင်းကိုင်ထားကြ”
သူသည် ဟိန်းသံလေးရှိသည့်နေရာကိုခံစားမိကာ ထိုနေရာသို့ဦးတည်လိုက်သည်။ တစ်နာရီခွဲအကြာတွင် ဟိန်းသံလေးရှိသည့်နေရာသို့ ရောက်လာကြသည်၊ သို့သော် သူတို့ထင်ထားသလို ဝိညာဉ်သားရဲတိုက်ပွဲမဟုတ်ပဲ ခြင်းတောင်းငယ်တစ်ခုဖြစ်နေသည်။ အထဲတွင်ဟိန်းသံလေးသည် ငှက်တစ်ကောင်နှင့်အတူ နုံးချည့်သောမျက်လုံးများဖြင့် မှောက်ရက်သားလဲနေလေသည်။ သူ့ခေါင်းအားဆွဲချည်ထားပြီး ကြည့်လိုက်သည်နှင့် တစ်ခုခုဖြစ်နေသည်ဆိုသည်ကို သိနိုင်သည်။
ဟိန်းသံလေးနိုးလာချိန်မှစ၍ ထိုမျှလောက်အားမရှိသည့် မျက်လုံးများအား ရှီမာယူယူမမြင်ဖူးပေ။ ထိုအရာသည် သူမအား ခေါင်းကိုက်သွားစေသည်။
သို့သော် သူမသည် ဝမ်းနည်းမိသည်။ ဟိန်းသံလေးသည် သူမနောက်လိုက်ကာ တောင်ပတ်ဝန်းကျင်တွင် သူဘာသာလျှောက်သွားခွင့်မပြုသင့်ပေ။ အဲလိုဆိုလျှင် ထိုကဲ့သို့ တခြားသူများ၏ ကျော့ကွင်းထဲရောက်သွားမည်မဟုတ်ပေ။
ရှီမာယူယူရောက်ရှိနေသည်ကို ခြင်းထဲတွင် လဲနေသော ဟိန်းသံလေးခံစားမိပုံရသည်။ သူသည် ရုတ်တရက်မျက်လုံးများပွင့်လာကာ သူတို့ပုန်းနေသည့်နေရာသို့ လျှောက်လာလေသည်။
ဟိန်းသံလေးအား သွားကယ်ရန် အစီအစဉ်ဆွဲနေဆဲမှာပင် အလယ်တွင်ထိုင်နေသော လူနှစ်ယောက်သည် ဝိုင်သောက်ကာ သူတို့ဖမ်းခဲ့သော ဝိညာဉ်သားရဲများအကြောင်းကို စတင်ပြောတော့သည်။
သူတို့ခရီးသည် ထိုကဲ့သို့ ကြီးမားသော ဇာတ်လမ်းနှင့် ကြုံတွေ့ရလိမ့်မည်ဟု ရှီမာယူယူမထင်ခဲ့ပေ။