“မင်းတို့အကုန်ပြန်နှင့်ကြ ငါဒီတောင်တန်းမှာ နောက်ထပ်ရက်နည်းနည်းလောက်နေချင်သေးတယ်” ထိုစကား စပြောသူမှာ ဘေဂုံထန်ဖြစ်သည်။
“ဘာဖြစ်လို့လဲ၊ ဘေဂုံ မင်းငါတို့နဲ့ပြန်မလိုက်ချင်ဘူးလား” ဝေကျိရွှီမေးလိုက်သည်။
ဘေဂုံထန် အတွင်းပိုင်းဒေသ အားတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည် “ငါတစ်ခု လုပ်စရာကျန်သေးလို့၊ ငါမင်းတို့နဲ့ပြန်မလိုက်တော့ဘူး”
“ဘေဂုံ ဒီတောင်တန်းက မင်းကိုတစ်ယောက်တည်းထားသွားဖို့အတွက် အန္တရာယ်အရမ်းများတယ်….” ဖက်တီးကျူစိုးရိမ်စွာပြောလိုက်သည်။
“ငါလုပ်စရာနည်းနည်းရှိလို့ပါ” ဖက်တီးကျူပြောစကားကို ဘေဂုံထန်ဖြတ်ပြောလိုက်သည်။
ဘေဂုံထန်သည် ပြတ်သားစွာပြောဆိုနေသည်ကို ရှီမာယူယူမြင်သော် သူမသည် ရွှေ့မြွေအသီးယူရန်သွားမည်ကို ခန့်မှန်းမိလိုက်သည်။ သူမသတ္တိရှိနေပုံကို ကြည့်ပြီး သူမတွင် ရှောင်လွဲလို့မရသည့်အကြောင်းပြချက်ရှိရမည်။
“မင်း အဲဒီအဖိုးတန်ပစ္စည်းကိုသွားရှာမလို့ပေါ့” ဝူရန်ဖေမေးလိုက်သည်။
“တကယ်လား” ဖက်တီးကျူ ဘေဂုံထန်အားကြည့်ကာ မေးလိုက်သည်။
ထိုအချိန်အတွင်း ဘေဂုံထန် ကြက်သေသေသွားသည်၊ ဝူရန်ဖေချက်ချင်းခန့်မှန်းနိုင်မည်ကို သူမ မထင်ခဲ့မိပါ။ သူမ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည် “ဟုတ်တယ်”
“ဘေဂုံ၊ မနေ့ကဖြတ်သွားတဲ့သူတွေပြောတာပဲကြားလိုက်ရတာလေ၊ အဲဒီပစ္စည်းက အတွင်းပိုင်းမှာရှိတာ၊ အဲအတွင်းပိုင်းဒေကိုမပြောနဲ့ဦး၊ ဒီအတောအတွင်းမှာကို ငါတို့မမျှော်လင့်တာတွေ ဖြစ်လာခဲ့တာလေ၊ မင်းအားရှိမှ အဲဒီပစ္စည်းကိုယူနိုင်မယ်ဆိုတာ မသိတာလည်းမဟုတ်ဘူး” ဝေကျိရွှီ လေးနက်စွာပြောလိုက်သည်။
“ငါသိတယ်” ဘေဂုံထန်ပြောလိုက်သည် “ဒါပေမယ့် ငါအဲပစ္စည်းကို ရအောင်ယူရမယ်”
“ဘာလို့လဲ” ဝူရန်ဖေမေးလိုက်သည်။
ဘေဂုံထန် ခဏတာမျှငြိမ်သက်သွားသည် ပြီးမှပြောလေသည် “ငါ့မှာ ငါ့အကြောင်းပြချက်နဲ့ငါပါ၊ မင်းတို့အားလုံးအရင်ပြန်နှင့်၊ ငါ့ကိုစောင့်ဖို့မလိုဘူး”
“မရပါဘူး၊ ဘာလို့လဲဆိုတာမင်းမပြောရင်၊ ငါတို့မင်းကိုမလွှတ်ဘူး” ဝေကျိရွှီလေးလေးနက်နက်ပြောလိုက်သည် “ငါတို့က တစ်ယောက်ဘက်မှာ တစ်ယောက်ရပ်တည်မယ့် ရဲဘော်ရဲဘက်တွေပဲ၊ မင်းကိုတစ်ယောက်တည်းမထားခဲ့နိုင်ဘူး၊ အဲဒီဖြစ်လာမယ့်ဆိုးကျိုးကို မင်းတစ်ယေက်တည်းရင်ဆိုင်ဖို့ မလွှတ်နိုင်ဘူး”
“ဟုတ်တယ်၊ ဘေဂုံ မင်းတစ်ယောက်တည်း မထားခဲ့နိုင်ဘူး” ဖက်တီးကျူ သဘောတူလိုက်သည်။
ဘေဂုံထန်သည် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေသွားကာ စကားတစ်ခွန်းမှမပြောနိုင်ပေ။
ရှီမာယူယူသည် ဘေဂုံထန်ဘေးသွားကာ သူမပခုံးအားပုတ်လိုက်ပြီး ပြောသည်မှာ “မင်းရဲ့ စာချုပ်ဝိညာဉ်သားရဲ ဒဏ်ရာရနေလို့လား”
“မင်းဘယ်လိုသိတာလဲ” ဘေဂုံထန်သည် အလွန်အမင်းအံ့သြသွားသည် အချိန်တိုင်း ရှီမာယူယူသည် သူမ၏ ရည်ရွယ်ချက်ကို ဘယ်လိုသိတာပါလိမ့်။
“ငါမှန်းကြည့်တာပါ” ရှီမာယူယူပြောလိုက်သည်။
“ဘေဂုံ၊ အဲဒါတကယ်လား” ဖက်တီးကျူမေးလိုက်သည်။
ဘေဂုံထန် ခေါင်းညိတ်ကာ ပြောလိုက်သည် “ပြီးခဲ့တဲ့နှစ်တွေတုန်းက ငါအန္တရယ်ဖြစ်နေတုန်း စာချုပ်ဝိညာဉ်သားရဲက ငါ့ကိုကယ်ခဲ့တာ၊ ဒါပေမယ့် သူမက ဒဏ်ရာရသွားပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ အိပ်မောကျနေခဲ့တာ၊ လွန်ခဲ့တဲ့ရက်အတွင်းက ငါ့ကိုပြောတယ် အဲဒီပစ္စည်းကိုသာရရင် သူမပြန်ပြီးနိုးလာမှာတဲ့၊ သူမ အိပ်မောကျနေတာ ငါ့ကြောင့်ပါ၊ အခုသူမရဲ့ ဒဏ်ရာကိုကုဖို့ ငါဘာလုပ်ရမလဲသိနေပြီလေ ငါလက်မလျော့နိုင်ဘူး”
သူမ ပြောပြီးသည့်နောက်တွင် အားလုံးသည်တိတ်ဆိတ်သွားလေသည်။ ရှီမာယူယူသည် သူမပခုံးပေါ်တွင် လက်တင်ကာ ပြောလိုက်သည် “တကယ်တော့ ငါလည်း အဲပစ္စည်းကိုသွားရှာချင်နေတာ၊ ဒီလိုဖြစ်လာမှတော့ ငါလည်းမင်းနဲ့ အတူတူသွားမယ်”
“မင်းလည်းသွားချင်နေတာလား” ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည် တပြိုင်နက်အသံထွက်လာကြသည်။ ဝူရန်ဖေပင်လျှင် ထိုနှစ်ယောက်အား သဘောမကျသလိုကြည့်လိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည် “ငါဘေဂုံနဲ့အတူသွားမယ် မင်းတို့သုံးယောက်ကတော့…”
“ငါတို့အရင်ပြန်နှင့်လို့ မပြောနဲ့” ဖက်တီးကျူပြောလိုက်သည် “မင်းတို့နှစ်ယောက် ဒီလောက်သွားချင်မှတော့ ငါတို့လည်းအတူလိုက်မယ်”
ဝေကျိရွှီသည်လည်း တစ်ခဏမျှ စဉ်းစားကာပြောလိုက်သည် “ငါတို့အဲပစ္စည်းက ဘာလဲဆိုတာတော့ မသိပေမယ့်၊ အဲဒါက မင်းတို့နှစ်ယောက်ကို သွေးဆောင်နေတာပဲ၊ ဒါပေမယ့် မင်းတို့တကယ်သွားမယ်ဆိုရင် ငါလည်းလိုက်မယ်၊ တစ်ယောက်ပိုတော့ အားတစ်ခုဖြစ်တာ့ပေါ့”
“အဲဒါဆို ငါလည်းတစ်ယောက်တည်းမသွားနိုင်ဘူး” ဝူရန်ဖေပြောလိုက်သည်။
“မင်းတို့…” ဝေကျိရွှီနှင့်အဖွဲ့အား ဘေဂုံထန်ကြည့်လိုက်သည်။ ရှီမာယူယူူ၏ အပြုံးကိုတွေ့သည်နှင့် ဘေဂုံထန်သည် သူမအချိန်အတော်ကြာမျှမခံစားခဲ့ရသော နွေးထွေးမှုအား ခံစားလိုက်ရသည်။
သူတို့နှင့်အရင်က မရင်းနှီးရန်ဆုံးဖြတ်ခဲ့သော်လည်း သူတို့သည် သူမအား ကြင်နာစွာဆက်ဆံကြသည်။
“ကောင်းပြီလေ အားလုံးကသွားချင်နေမှာတော့ အဲအချိန်ကျရင် အဲအဖိုးတန်ပစ္စည်းကို မင်းတစ်ယောက်တည်းကိုမပေးနိုင်ဘူး” ဘေဂုံထန် စိတ်လှုပ်ရှားသွားသည်ကို ရှီမာယူယူမြင်သည်နှင့် ပြုံးကာပြောလိုက်သည်။
“ဘာလဲ ယူယူ ဘာကိုဆိုလိုချင်တာလဲ” ဖက်တီးကျူမေးလိုက်သည်။
“အကုန်လုံးအတူတူသွားဖို့ဆုံးဖြတ်ပြီးမှာတော့ အခြေအနေကိုအကုန်လုံးကိုရှင်းပြမယ်၊ ငါရှင်းပြပြီးရင် သွားမလား မသွားဘူးလား မင်းတို့ဆုံးဖြတ်ပေါ့” ရှီမာယူယူပြောလိုက်သည်။
“ယူယူ မင်းဘယ်လိုသိတာလဲ”
“ဘယ်လိုသိတာလဲမမေးနဲ့၊ ငါပြောတာအရင်နားတောင်” ရှီမာယူယူပြောလိုက်သည် “အဲအဖိုးတန်ပစ္စည်းက ဒီကမ္ဘာမှာတွေ့ရခဲတဲ့ပစ္စည်းပဲ ရွှေမြွေသီး”
“ရွှေမြွေသီးက ဘယ်လိုအဖိုးတန်ပစ္စည်းလဲ”
ဝူရန်ဖေနှင့် ဘေဂုံထန်တို့၏ မျက်နှာတွင် ဖုံးကွယ်၍မရသော အံ့သြမှုဖြစ်နေ၍ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ရှုပ်ထွေးနေပုံပေါ်သည်။
ထိုပစ္စည်းသည် သာမာန်မဟုတ်သည်ကို ဘေဂုံထန်သိသော်လည်း ရွှေမြွေသီးဖြစ်လိမ့်မည်ကိုတော့ ထင်မထားခဲ့ပေ။ မြောင်ဂျီ သူမအားပြောပြရန်နိုးထလာသည်မှာ မထူးဆန်းတော့ပေ။
“ရွှေမြွေသီး အပွင့်က နှစ်ပေါင်းခုနှစ်ရာ၊ အသီးသီးဖို့ကနှစ်ပေါင်းခုနှစ်ရာ၊ မှည့်ဖို့က နှစ်ပေါင်းခုနှစ်ရာ၊ ပြီးတော့ တစ်ခါသီးရင် ခုနှစ်လုံး၊ ရွှေမြွေသီးကို သုံးရင် ကျင့်ကြံဖို့ အဆင့်တစ်ဆင့်တက်မယ် ပြီးတော့ ဆေးဖော်ရင်လည်းကောင်းတယ်၊ အဲဒါကြောင့် လူတွေနဲ့သားရဲတွေက အဲပစ္စည်းကိုရှာဖို့သွားကြတာပဲ” ရှီမာယူယူ ရှင်းပြမှုပြီးစီးသွားသည်။
“သေစမ်း အဲလောက်တောင် အားကောင်းတာလား” ဖက်တီးကျူ အံ့သြစွာပြောလိုက်သည်။
“အဲဒါကြောင့်ပဲ အချစ်တွေကို ဆွဲဆောင်နေတာလေ” ရှီမာယူယူပြောလိုက်သည်။ “ဒါပေမယ့် ရွှေမြွေသီးရဲ့ တန်ဖိုးကိုပဲပြောရသေးတယ်၊ အဲလိုတန်ဖိုးဖြတ်မရတဲ့ပစ္စည်းက အားကောင်းတဲ့ ဝိညာဉ်သားရဲတွေကိုဆွဲဆောင်နိုင်တယ်ဆိုတာ မင်းတို့လည်းသိမှာပေါ့၊ ရွှေမြွေသီးကို သူတော်စင်သားရဲစောင့်ရှောက်နေတာ”
“သူတော်စင် သားရဲ”
ကျန်လေးယောက်သည် အသက်ရှုကြပ်သွားသည်။ ထို သူတော်စင်သားရဲသည် အစားထိုးမရသော ထိပ်တန်းပြိုင်ဘက်ကင်းသားရဲဖြစ်သည်။ သူတို့တကယ်ပဲ အဲဒီဝိညာဉ်သားရဲပါးစပ်ဝကနေ အဲဒီ ရွှေမြွေသီးခုနှစ်လုံးကို ယူချင်တာလား၊ ဘယ်လောက်တောင်ခက်လိမ့်မလဲ။
“အဲဒါတင်မဟုတ်သေးဘူး” ရှီမာယူယူဆက်ရှင်းပြသည်။ “အဲဒီရွှေမြွေသီးမှည့်လာရင် အနီးက ဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်တဲ့ မွှေးတဲ့အနံ့ထွက်လာတယ်၊ ငါတို့ အားကောင်းတဲ့ဝိညာဉ်သားရဲတွေမတွေ့ခဲ့တာက အခု ရွှေမြွေသီးက မှည့်တော့မယ်၊ အဲဒီဝိညာဉ်သားရဲတွေအကုန်လုံးက အတွင်းပိုင်းဒေသကို ဦးတည်နေကြပြီ၊ အဲဒါကြောင့်မို့လို့ သူတော်စင်သားရဲအြပ်င ငါတို့ အားကောင်းတဲ့ ဝိညာဉ်သားရဲတွေမရေတွက်နိုင်အောင်တွေ့နိုင်ချေရှိတယ်”
“ကျွတ်…”
အားလုံးသည် သူမပြောသောစကားများကြားသည်နှင့် စကားမပြောနိုင်လောက်အောင် အံ့သြသွားလေသည်။
“အဲမှာ….” သူတို့၏ တုန့်ပြန်မှုကို ရှီမာယူယူမြင်ချိန်တွင် အမှန်ပြောခဲ့ခြင်းဖြစ်သည်ကို ပြောသင့်မပြောသင့် စဉ်းစားလိုက်သည်။
“ပြီးတော့ အဲမှာ ငါတို့ဒီတောင်မှာတွေ့ခဲ့တဲ့ ကျွမ်းကျင်သူတွေလည်းရှိတယ်မလား” ဝူရန်ဖေပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်သည်။ သူတို့ တောင်တွင် လတစ်ဝက်ကုန်ဆုံးနေချိန်တွင် အတွင်းပိုင်းဒေသသို့ဝင်သွားသော အားကောင်းသောလူများကိုတွေ့ခဲ့ရသည်။ ထိုအကြောင်းကို သူမပြောရန်ပင်မလိုပေ၊ အားလုံးနားလည်ပြီးသားဖြစ်သည်။
“ဘုရားရေ ဒီအခြေအနေက ကြောက်ဖို့ကောင်းလိုက်တာ” နောက်ဆုံးမှ ဖက်တီးကျူအသံထွက်လာကာ ညည်းညူလိုက်သည်။
“အဲဒါကြောင့် သွားချင်လားမသွားချင်လား စဉ်းစားခိုင်းတာ” ရှီမာယူယူပြောသည် “ဘေဂုံထန်နဲ့ငါက ကိုယ့်အကြောင်းနဲ့ကိုယ်မို့လို့သွားရမယ်၊ ဒါပေမယ့် မင်းတို့စွန့်စားဖို့မလိုဘူး၊ ပြီးတော့ အဲပစ္စည်းကကောင်းပေမယ့် အန္တရာယ်အရမ်းများတယ်”
သူမပြောသည်ကို ကြားသည်နှင့် ဝေကျိရွှီနှင့် ကျန်သူများသည် စဉ်းစားကာ လေးလေးနက်နက်ပြောလိုက်သည် “အန္တရာယ်များစေဦးတော့ မင်းတို့ဘာသာသွားကြတာ ပိုအန္တရာယ်မများဘူးလာ၊ အတူသွားကြည့်ရအောင်၊ မဖြစ်နိုင်တော့ဘူးဆိုမှ ရင်မဆိုင်ရုံပေါ့”
“ငါမင်းကို ဂရုစိုက်ပါ့မယ်လို့ ယူလီသခင်လေးကို ငါကတိပေးခဲ့တယ်၊ မင်းပြန်မသွားဘူးဆိုရင် ငါဘယ်လိုသွားမလဲ” ဖက်တီးကျူပြောလိုက်သည်။
“အဲဒီ အဖိုးတန်ပစ္စည်းကို ငါစိတ်ဝင်စားတယ်” ဝူရန်ဖေပြောလိုက်သည်။
ဘေဂုံထန် သူမခံစားချက်ကို ချုပ်တည်းရန်နှာခေါင်းရှုံ့လိုက်သည်။ သူမသည် အားလုံးအားကြည့်ကာပြောလိုက်သည် “ဘာပဲဖြစ်လာဖြစ်လာ ဒီရင်းနှီးမှုကိုတော့ ဘေဂုံမမေ့ပါဘူး”
“ငါက အစကတည်းက သွားဖို့ရှိတာ၊ ငါ့ကိုထည့်တွက်ဖို့မလိုပါဘူး” ရှီမာယူယူပခုံးတွန့်ကာပြောလိုက်သည်။
သူ၏ မခန့်လေးစားလုပ်သော အမူအရာအားကြည့်ကာ ဘေဂုံထန်ပထမဆုံးအကြိမ် ရယ်မောလိုက်သည်။