Switch Mode

အပိုင်း (၅၉၈):

သွေးစိတ်ဝိညာဉ်ဆေးလုံး

ယောင်ရှင်းရွှယ်က မျက်မှောင်ကြုတ်သွားမိသည်။ သူမက အလွန်ကောင်းမွန်စွာ ကမ်လှမ်းခဲ့သည်ဟူသာ ခံစားရကာ ဟန်ဆောင်မှုပင် မထားခဲ့ပေ။ သူမက လိုအပ်သည့်အရာအားလုံးကို ပြောပြပြီးဖြစ်ကာ အကျိုးအမြတ်ကိုလည်း အလွန်ကောင်းမွန်စွာ ပေးထားသည်။သူမက သူမဒေါသကို ဖိနှိပ်ထားရ၏။သူမက အကူအညီလိုအပ်နေသည် မဟုတ်လား။

သို့ရာတွင် သည်ဝမ်လင်းက သူမကိစ္စကို ဆက်လက်နှောင့်နှေးအောင် လုပ်နေခဲ့သည်။သည်အရာက သူမကို စိတ်မရှည်မှု စဖြစ်လာစေ၏။

သို့ရာတွင် သူ့အကူအညီမရှိလျှင် သူမဝင်ရောက်လိုသောနေရာသို့ ဝင်ရောက်နိုင်ရန် အာဏတာခြင်းအဆင့်ရောက်ချိန်ထိ စောင့်ရပေတော့မည်။ ထိုမှသာ သူမက အတားအဆီးကို ချိုးဖျက်နိုင်မည် ဖြစ်၏။ သူမက ကောင်းကင်ဘုံကျောက်စိမ်းပြားများ အပြည့်အစုံရှိသော်လည်း အရင်ဆုံး ကောင်းကင်နှင့်မြေကြီးကို နားလည်အောင်လုပ်ရဦးမည်။ သူမထိုသို့ နားလည်မှုဉာဏ်အလင်းရရန် အချိန်က တိုတောင်းမလား၊ကြာမြင့်မလားလည်း မသိချေ။

သည့်အပြင် သူမက ထိုနေရာကို ဒေသခံများ သိသွားမည်ကိုလည်း ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် ဘေးကပ်ဆိုးကြီးတစ်ခု စတင်သွားနိုင်၏။ ထိုသို့ ထပ်ခါထပ်ခါ တွေးမိပြီးနောက် ဝမ်လင်းက သူ့အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း သိရှိခဲ့၏။ဝမ်လင်း စစ်ဗိုလ်ချုပ်နှင့် တိုက်ခိုက်စဉ်က ထုတ်ဖော်ခဲ့သည့် နတ်ဆိုးပုံစံကြောင့် ဝမ်လင်းသည် သူမကို ကူညီနိုင်လိမ့်မည်ဟု ယုံကြည်မှု ပိုရှိနေခြင်းပင်။

ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ စတင်စဉ်းစားနေ၏။ သူမက ဝမ်လင်းပြောခဲ့သည့်အရာကို ပြန်စဉ်းစားကြည့်နေ၏။ ဝမ်လင်းက သူမကို အဖြေတိတိကျကျပေးရန် လေးလတောင်းဆိုခြင်းက ပိုများတဲ့ အကျိုးရလဒ်ကို လိုချင်လို့များလား။

သူမက စက်ဆုပ်မှုအနည်းငယ် ခံစားမိနေကာ သူမအသံက ပိုအေးစက်လာ၏။ “သင်က ဘာများထပ်ပြီး လိုချင်သေးလို့လဲ…။ ကောင်းကင်ဘုံကျောက်စိမ်းပြားလား၊ ရတနာလား၊ မန္တန်တွေလား…”

ဝမ်လင်းက သူမလေသံကို စိတ်မရှိပေ။သူက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက ရတနာတွေ၊ မန္တန်တွေကို ဂရုမစိုက်ဘူး။ပိုများတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကပဲ အကောင်းဆုံးဖြစ်လိမ့်မယ်…”

ယောင်ရှင်းရွှယ်၏ စိတ်ထဲရှိ စက်ဆုပ်မှုက ပိုအားကောင်းလာ၏။သူမက ပြောလိုက်သည်။ “ငါ့အဖေရဲ့ သွေးလှိုဏ်ဂူထဲမှာ ကောင်းကင်ဘုံကျောက်စိမ်းပြား အများကြီးရှိတယ်။ ငါက နင်ကို တုန်ကင်တစ်ခုပေးမယ်။ နင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ထွက်လာတဲ့အခါကျရင် နင်က နင်ကိုယ်တိုင် လာယူနိုင်တယ်…”

ဝမ်လင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါ အဆင်ပြေတယ်။ ဒါပေမဲ့ ဒီကိစ္စက အလွန်အန္တရာယ်များတယ်။ ဒါ့ကြောင့် ငါက စဉ်းစားဖို့တော့ လိုနေသေးတယ်…”

ယောင်ရှင်းရွှယ်၏မျက်နှာက ရုတ်တရက် ပိုအေးစက်လာ၏။ သူမက အေးတိအေးစက် မေးလိုက်သည်။ “နင်က အချိန်ဘယ်လောက် ကြာအောင် စဉ်းစားမှာလဲ…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “သုံးလလောက်…”

“နင်…” ယောင်ရှင်းရွှယ်က ဒေါသထွက်လာ၏။ သူမက အင်္ကျီလက်အိုးကို ပြန်ဝှေ့ယမ်းလိုက်ရာ စေတီတံခါးက ပြန်ပွင့်သွားကာ တံခါးထံသို့ လှည့်၍ ထွက်သွား၏။

ယောင်ရှင်းရွှယ်က စေတီအပြင်သို့ ခြေလှမ်းတစ်ဝက်နင်းပြီးနောက် သူမက အသက်ဝဝရှူသွင်းလိုက်သည်။ သူမက အံကြိတ်ကာ သိုလှောင်အိတ်ထဲမှ ပျားဖယောင်းဆေးလုံးကို ထုတ်ယူလိုက်သည်။ သူမက ဝမ်လင်းက မထူးခြားနားစွာကြည့်ကာ ပြောလိုက်သည်။ “ငါက နင့်ကို ဒီဆေးလုံး ပေးလိုက်မယ်။ နင် ငါနဲ့ နောက်သုံးရက်နေရင် လာပူးပေါင်းပါ။မဟုတ်ရင် ဒီကိစ္စကို မေ့လိုက်တော့…”

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ယောင်ရှင်းရွှယ်လက်ထဲရှိ ဆေးလုံးကို ကြည့်သည်။ သည်ဆေးလုံးက သာမန်ပင်။မည်သည့် ထူခြားမှုမှ ရှိမနေချေ။သို့ရာ၌ သူက သည်ဆေးလုံးကို ဆက်လက်စမ်းစစ်ကြည့်လိုက်ရာ ဆေးလုံးပေါ်ရှိ အတန်းလိုက်ရှိနေသည့် သင်္ကေတများကို တွေ့မြင်လိုက်ရသည်။

သည်သင်္ကေတများက ထူးဆန်းသောကြိမ်နှုန်းနှင့် တဖျပ်ဖျပ်တောက်ပနေ၏။

ဝမ်လင်းက အလေးအနက် မေးလိုက်သည်။ “ဒါက ဘာလဲ…”

ယောင်ရှင်းရွှယ်က သူမမျက်လုံးထဲရှိ စက်ဆုပ်မှုကို ဖုံးကွယ်ထားခြင်း မပြုဘဲ ပြောလိုက်၏။ “နင်က ဒါကို မသိဘူးလား။ ကောင်းပြီ…ဒါက နင်‌ ရှေ့ဖြစ်ဟောသူ တပည့်ဖြစ်လာတာထက် ပိုတယ်။ ဒါက ငါ့အဖေ၊သွေးဘိုးဘေးရဲ့ တစ်ခုတည်းသောအရာပဲ။ဒါကို သွေးစိတ်ဝိညာဉ်ဆေးလုံးလို့ ခေါ်တယ်…”

“သွေးစိတ်ဝိညာဉ်ဆေးလုံး…” သည်ဆေးလုံးနှင့်ပတ်သတ်၍ ဝမ်လင်းက ပထမဆုံးအကြိမ် အဖြစ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ထျန်ယွမ်ဂြိုဟ်ပေါ်မှ ကျင့်ကြံသူများသည် သည်ဆေးလုံးအကြောင်းကြား ကြားဖူးခြင်း ဖြစ်သည်လျှင် ရူးသွပ်သွားနိုင်သည်ကို မသိချေ။

သည်ဆေးလုံး၏ တန်ဖိုးက ခန့်မှန်း၍ပင် မရချေ။

ယောင်ရှင်းရွှယ်က အေးစက်စွာ ပြောလိုက်၏။ “ဒီဆေးလုံးက ဝါးမြိုဖို့တော့ မဟုတ်ဘူး။ ဒါက နင့်မူလစိတ်ဝိညာဉ်ကို ထွက်ခွာသွားနိုင်ပြီး ဒီဟာပေါ်မှာ နင့်အသွေးအသားအမှတ်အသားကို ထားပြီး ဆက်နွှယ်မှုတစ်ခု လုပ်နိုင်တယ်။ နင့် မူလစိတ်ဝိညာဉ်က ဖျက်စီးခံရရင်တောင် နင်က ပြန်လည်မွေးဖွားနိုင်ဦးမှာ။ တိတိကျကျပြောရရင်တော့ ဒီဆေးလုံးက နင့်အတွက်တစ်ကြိမ် အစားသေပေးနိုင်တယ်…”

နောက်ဆုံးတွင် ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ယောင်ရှင်းရွှယ်လက်ထဲရှိ ဆေးလုံးကို သူ့ထံသို့ ဆွဲယူလိုက်သည်။

ယောင်ရှင်းရွှယ်က ဝမ်လင်းသည် သည်ဆေးလုံးကို ကိုယ်တိုင်စစ်ဆေးကြည့်ချင်မှန်း သိသဖြင့် သူ့ကို တားဆီးခြင်း မပြုပေ။ သူမက ဝမ်လင်းလှုပ်ရှားသွားသော ဟန်ပန်ကို ကြည့်ကာ စိတ်ထဲ၌ နှာခေါင်း ရှုံ့၏။

သည်အရာက သွေးစိတ်ဝိညာဉ်ဆေးလုံးဖြစ်သော်လည်း ၎င်းက အပြစ်နာဆာတစ်ခုလည်း ရှိသည်။

သည်အရာက သူမအဖေ သည်ဆေးလုံးကို အခြားသူများ ခိုးယူခြင်းမှ ကာကွယ်ရန် ဖန်တီးထား၏။ ၎င်းဆေးလုံးထဲ၌ အပြာရောင်သွေးစက်တစ်စက် ပါဝင်သော်လည်း အခြားအညစ်အကြေးများနှင့် အဆိပ်တောက်များလည်း ပါဝင်နေပေသည်။ သူမအဖေနှင့် သူမကလွဲ၍ မည်သူ့ကမျှ သည်အစစ်အမှန်နှင့် အတုအယောင်ကြားကို ခွဲခြားနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သညဆေးလုံးများကို အခြားသူများ ခိုးယူသွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

လူတစ်ယောက်က သည်ဆေးလုံးက မှန်ကန်သောနည်းလမ်းဖြင့် မသုံးမိပါက သူ့ဘဝသက်တမ်းတစ်ဝက်ကို ပေးဆပ်သွားရပေမည်။

ဝမ်လင်းက သည်ဆေးလုံးကို ကိုင်ထားရင်း ယင်းပေါ်ရှိ သင်္ကေတများကို ချက်ခြင်းသတိပြုမိ၏။ သည်အပေါ်မှာရှိသည့် သင်္ကေတများ၏ တုန်ခါနှုန်းက သူ့ကိုယ်ပိုင်နှလုံးခုန်နှုန်းလို ဖြစ်သွားတော့၏။

သည်ဆေးလုံးကို ကိုင်ဆောင်ထားရင်း ဝမ်လင်းက အားကောင်းသောသွေးအနှောင်အဖွဲ့ အာရုံကို ခံစားမိ၏။ သည်ဆေးလုံးက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအလား၊ သည်ခံစားချက်က အားကောင်းလှ၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ ထို့နောက် သူက ခေါင်းမော့၍ ယောင်ရှင်းရွှယ်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ငါ့ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား ပေးပါ…”

စကားတစ်ခွန်းဖြင့်ပင် ယောင်ရှင်းရွှယ်က သိုလှောင်အိတ်တစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။ထို့နောက် သူမက ပြောလိုက်သည်။ “ဒီထဲမှာ နင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်ကို ရောက်ဖို့ လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ပါတယ်။ကျန်တာတွေကို ငါတို့ ပြန်လာရင် ပေးမယ်။ ခုက စပြီး သုံးရက်နေရင် ငါ့ကို ညသန်းခေါင်ယံအချိန် ရှေးဟောင်းတောင်မှာ လာရှာပါ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ခဏအကြာတွင် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါ လာရှာမယ်…”

ယောင်ရှင်းရွှယ်က ပြုံး၍ ထွက်ခွာသွား၏။ သူမက ဝမ်လင်း သည်အရာများကိုသာ ယူဆောင်သွားမည်နှင့် ပတ်သတ်၍ စိုးရိမ်ခြင်း မရှိဘဲ ထွက်ခွာသွား၏။ သူမက ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပတ်သတ်၍ ဂရုမစိုက်ချေ။ သူမက ဆေးလုံးနှင့်ပတ်သတ်၍သာ အနည်းငယ် ဂရုစိုက်၏။

ဝမ်လင်း အကြည့်က ယောင်ရှင်းရွှယ် အဝေးရောက်သွားသည့်အထိ သူမပေါ်၌ ရှိနေ၏။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး စတင် တွေးတောနေ၏။

“ဒီအမျိုးသမီးက တကယ့်ကို ဂရုမစိုက်တက်တာပဲ။ ငါက ကတိဖျက်မှာတောင် သူ မစိုးရိမ်ဘူး။ ဒါပေမဲ့ သူမက ဒီလိုဂရုမစိုက်ဘဲနေရတဲ့ အကြောင်းရင်းတော့ ရှိမှာပဲ။ ဒီလို တစ်ခါတည်းနဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ပေးနိုင်တဲ့အတွက် သူမအဖေ၊သွေးဘိုးဘေးမာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ အများကြီး ရှိနေရမယ်…”

“ဒါပေမဲ့ ဒီသွေးစိတ်ဝိညာဉ်ဆေးလုံးက နည်းနည်း ထူးဆန်းနေတယ်။ ဒီဆေးလုံးက သူမပြောသလိုသာ အမှန်ဖြစ်ရင် အများကြီးရှိနိုင်မှာ မဟုတ်ဘူး။ တကယ့်ကို ရှားပါးမှာပဲ။ ငါက ဒါဟာ ကောင်းကင်ဘုံမန္တန်နဲ့တောင် ယှဉ်နိုင်နေမှာကို စိုးမိတယ်…”

“ငါ့ အကူအညီကို ရဖို့ သူမက ဒီလိုမျိုး ဆန္ဒရှိနေတယ်။ ငါသာ သူမနေရာမှာ ဒီဆေးလုံးကု တစ်စုံတစ်ယောက်ကို ပေးဖို့ ငါက ဒီဆေးလုံးနဲ့ ပတ်သတ်လို့ တစ်ခုခု အရင်လုပ်ထားပြီး ဖြစ်နေမှာပဲ…”

ဝမ်လင်းက နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ယောင်ရှင်းရွှယ်၊ နင်က ခုလို ဂရုမစိုက်သလို လုပ်လေ နင့်အပေါ်မှာ ပိုသံသယရှိလေပဲ။ဒါပေမဲ့ ငါက ဒီ‌စိတ်ဝိညာဉ်ဆေးလုံးနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေမှာကို ယုံကြည်ထားတယ်…”

သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သိုလှောင်အိတ်ထဲမှာ သာမန်အလံတစ်ခုကို ထုတ်ယူလိုက်သည်။ သူက အလံကို ဝှေ့ခါကာ ပြောလိုက်၏။ “ချိုရီဒူ…”

အလံထဲမှ အနက်ရောင်မြူတစ်ခက မြန်ဆန်စွာ ထွက်ပေါ်လာပြီး လူတစ်ယောက်အသွင်သို့ ပြောင်းသွား၏။

သည်လူကတော့ သူ့အတွက် ထျန်ယွမ်ဂြိုဟ်ပေါ်တွင် လမ်းပြအဖြစ် ရှာဖွေတွေ့ထားသည့် ထျန်ယွမ်ဂြိုဟ် ဒေသခံ ချိုရီဒူပင်။

ချိုရီဒူက ပေါ်လာသည်နှင့် သူက မြေပေါ်တွင် ဒူးထောက်၍ လေးစားစွာ ပြောလိုက်သည်။ “အရှင့်ကို နှုတ်ဆက်ပါတယ်…”

ဝမ်လင်းက အချိန်ဖြုန်းချင်း မရှိဘဲ လိုရင်းကို မေးလိုက်၏။ “မင်း သွေးဘိုးဘေးကို သိလား…”

ချိုရီဒူက သွေးဘိုးဘေးဆိုသည့် နာမည်ကို ကြားသည်နှင် သူ့အသွင်က ချက်ခြင်းပြောင်းလဲသွား၏။ သူက အချိန်အတန်ကြာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွာပြီး ပြောလိုက်သည်။ “သွေးဘိုးဘေးရဲ့ ဂုဏ်သတင်းက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူတိုင်း သိပါတယ်။ ပြောကြာတာက သူဟာ ရှေ့ဖြစ်ဟောသူကိုတောင် အကြိမ်များစွာ စိန်ခေါ်ခဲ့ပြီး အကြိမ်တိုင်း ရှုံးခဲ့ပေမဲ့ တစ်ကြိမ်ထက်တစ်ကြိမ် သူ့ကျင့်ကြံမှုအဆင့်ကလည်း ပိုပိုသန်မာလာတယ်တဲ့။ ပြောကြတာက သူဟာ ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ရှေ့ဖြစ်ဟောသူနဲ့ ဓားသူတော်စင်လင်းထျန်ဟူ ပြီးရင် တတိယမြောက်အသန်မာဆုံး ကျင့်ကြံသူ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါက ကောလဟာလ ဖြစ်ပေမဲ့ သူ့ကျင့်ကြံမှုအဆင့်က အမှန်အားကောင်းကြောင်းကို ပြသနေတယ်…”

ဝမ်လင်း ကအနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “မင်းက သွေးစိတ်ဝိညာဉ်ဆေးလုံးအကြောင်းကိုရော ကြားဖူးလား…”

“သွေးစိတ်ဝိညာဉ်ဆေးလုံး…” ချိုရီဒူက ချက်ခြင်း စိတ်လှုပ်ရှားသည့်အသွင် ဖြစ်လာ၏။ သူက အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းပင်။

“အရှင်…သွေးစိတ်ဝိညာဉ်ဆေးလုံးက ထျန်ယွမ်ဂြိဟ်ပေါ်က ထိပ်တန်းရတနာသုံးခုထဲက တစ်ခုပဲ။ ဒီဆေးလုံးက ကောင်းကင်ဘုံကနေ စွမ်းရည်ကို ခိုးယူပြီး ကျင့်ကြံသူတွေကို သေခြင်းကနေတောင် ပြန်ရှင်နိုင်တယ်။ ဒီဆေးလုံးက သွေးဘိုးဘေးတစ်ယောက်ပဲ ပိုင်ဆိုင်တယ်။ ဘယ်သူကမှ သူဘယ်လို ရရှိခဲ့လဲ မသိကြဘူး…” ချိုရီဒူက အလွန်စိတ်လှုပ်ရှားနေကာ စကားများပင် မြန်လာ၏။

ဝမ်လင်းက သူ့ညာလက်ကို ဖြန့်ပြလိုက်ရာ သူ့ညာလက်လက်ထဲ၌ ထူးဆန်းသောကြိမ်နှုန်းကို ပေးနေသည့် ပျားဖယောင်းဆေးလုံးတစ်ခု ရှိနေသည်။

“မင်းက ဒါဘာလဲ သိလား…”

ချိုရီဒူက မှက်သက်သွားကာ ဆေးလုံးကို သေချာကြည့်၏။ ခဏအကြာတွင် သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားပြီး သူက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ပျားဖယောင်းနဲ့ ထုပ်ပိုးမံထားတယ်။ ကိုင်ထားသူရဲ့ အသက်ရှုနှုန်းအတိုင်း ခုန်နေတာ။ကိုင်ထားသူရဲ့ အသွေးအသား ခံစားချက်ကို ပေးစွမ်းနေတာ၊ အရှင်…ငါပြောတာမှန်လား…”

ဝမ်လင်းအသွင်က တည်ငြိမ်စွာပင်။ သူက ခေါင်းညိတ်ပြလိုက်၏။

ချိုရီဒူက သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ချက်ခြင်းပြောလိုက်သည်။ “အရှင် ကျေးဇူးပြုပြီး အဲ့ဆေးလုံးပေါ်ကို သွေးတစ်စက် ချကြည့်ပါ…”

ဝမ်လင်းက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့ လက်ထိပ်ကို နည်းနည်းကိုက်ကာ ဆေးလုံးပေါ်သို့ သွေးတစ်စက် ညှစ်ထုတ်လိုက်၏။ သွေးစက်က ပျားဖယောင်းဆေးလုံးပေါ်သို့ ကျသွားသည့်အခိုက်တွင် အပြာရောင်အလင်းတစ်ခု တောက်ပသွား၏။ သည်အလင်းက အသက်သုံးကြိမ်ရှုချိန်သာ ကြာ၍ ပြန်ပျောက်ကွယ်သွားသည်။

“သွေးတစ်စက်ချတာနဲ့ အပြာရောင်အလင်းနဲ့အတူ ပျားဖယောင်းပေါ်မှာရှိတဲ့ သင်္ကေတများ ဖျပ်ခနဲတောက်ပခြင်း…၊ ဟုတ်တယ်…ဒါ..ဒါက သွေးစိတ်ဝိညာဉ်ဆေးလုံးပဲ…” ချိုရီဒူက သည်ပျားဖယောင်းဆေးလုံးကို ကြည့်ကာ သူ့မျက်နှာက လိုချင်မှုလောဘတို့ ပြည့်လာ၏။

ဝမ်လင်းအသွင်က သုန်မှုန်သွားကာ သူက ချိုရီဒူကို ကြည့်၍ ဖြည်းညင်းစွာ မေးလိုက်သည်။ “ချိုရီဒူ…မင်းကျင့်ကြံမှုအဆင့်နဲ့ဆိုရင် မင်းကလန်မှာ မင်းနေရာက ဘယ်အမြင့်မှာ ရှိလဲ…”

ချိုရီဒူက ဝမ်လင်းစကားကို မကြားသည့်ပုံပင်။ ခုချိန်၌ သူ့မျက်လုံးထဲ၌ သွေးစိတ်ဝိညာဉ်ဆေးလုံးသာ မြင်နေ၏။ သည်ဆေးလုံးက သူ့အတွက် အလွန်အရေးကြီးပေသည်။ သူက သည်ဆေးလုံးကိုသာ သုံးဆောင်နိုင်ရင် သူ့ခန္ဓာကိုယ်အသစ် ပြန်သိပ်သည်းဖွဲ့တည်နိုင်မည် ဖြစ်ကာ ခုလို ဝိုးတဝါး မူလစိတ်ဝိညာည်အဖြစ်သာ ရှိနေတော့မည် မဟုတ်ချေ။

သူ့အသွင်ဟန်ပန်ကို ကြည့်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်၍ အေးစက်စွာ နှာခေါင်းရှုံ့သည်။ သည် နှာခေါင်းရှုံ့သံက ချိုရီဒူမူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြီး သူ့အပေါ် ရေခဲရေနှင့် လောင်းဖျန်းလိုက်သလို ဖြစ်သွား၏။ သူက ချက်ခြင်း သတိပြန်ဝင်လာ၏။

ဝမလင်းမေးခွန်းကို ကြားပြိးနောက် သူက မှက်သက်သွားရာမှ ခါးသီးစွာ ခေါင်းရမ်းကာ ပြော၏။ “မမြင့်ပါဘူး။ မဟုတ်ရင် ဒီကျေးကျွန်က ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ဖို့ ဟင်္သာပြဒါးဂြိုဟ် အလောင်းကောင်ကလန်ကို အပို့ဘယ်ခံရမလဲ…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “မင်းအဆင့်အတန်းက မမြင့်ဘဲနဲ့ မင်းက ဘာကြောင့် သွေးစိတ်ဝိညာဉ်ဆေးလုံးရဲ့ အတု၊အစစ်ကြားက ကွာခြားမှုကို ဘာကြောင့် သိနေရတာလဲ…”

ချိုရီဒူက နောက်တစ်ကြိမ်မှင်သက်သွားပြန်သည်။ သူက မချင့်ပြုံးပြုံးလိုက်၏။ “အရှင်…သွေးစိတ်ဝိညာဉ်ဆေးလုံးကို သိရှိနိုင်တဲ့ နည်းလမ်းကို ထျန်ယွမ်ဂြိုဟ်ပေါ်က လူတိုင်း သိတယ်။ဒါက လျှို့ဝှက်ချက် မဟုတ်ဘူး…”

ဝမ်လင်းက ခေါင်းညိတ်ကာ အလံကို ဝှေ့ယမ်း၍ ချိုရီဒူကို အထဲသို့ ပြန်ခေါ်လိုက်၏။ သူက သွေးစိတ်ဝိညာဉ်ဆေးလုံးကို ကြည့်ကာ သူ့အသွင်က ပိုသုန်မှုန်လာခဲ့တော့၏။

“ဒါက အရမ်းအဖိုးတန်နေရင် ဒီဆေးလုံးကို သိရှိနိုင်တဲ့ နည်းလမ်းက ဘာလို့ ပျံ့နှံ့နေရတာလဲ။ ဒါကို အမှန်လို့ ယူဆနိုင်မလား။ ဒါတွေအားလုံးနောက်မှာ ဖုံးကွယ်ထားတဲ့ အချို့အကြောင်းရင်းတွေ ရှိနေမှာပဲ…”

“သွေးဘိုးဘေး…သူက နှစ်ပေါင်းများစွာ ကျင့်ကြံနေထိုင်ခဲ့တဲ့ မွန်းစတားကြီး ဖြစ်နေတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။သူက လွယ်ကူတဲ့ လုပ်ဆောင်မှု ရွှေ့ကွက်တစ်ခုနဲ့တင် ဒီလိုရှားပါးတဲ့ ရတနာအတွက် သယ်ဆောင်လာမဲ့ ကပ်ဘေးကို ပျက်ပြယ်စေခဲ့တယ်။ ငါသာ သူနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မိလိမ့်မယ်…” ဝမ်လင်းက သူ့လက်ထဲရှိ ပျားဖယောင်းဆေးလုံးကို ဖြစ်ညှစ်လိုက်၏။ထိုစဉ် သူ့မျက်လုံးများက ကြည်လင်လို့နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset