“ဘာတွေထူးဆန်းနေတာလဲ” ဖက်တီးကျူမေးလိုက်သည်။
“ဖက်တီး၊ အဲလူပြေးတဲ့နှုန်းကို မင်းသတိမထားမိဘူးလား ပြီးတော့ ဝံပုလွေအုပ်နဲ့အရှိန်အတူတူပဲလေ ငါတို့နားကို ကပ်လာတာ၊၊ သူ ငါတို့ကို ဝံပုလွေပေါက်ကို ပစ်ပြီးတာနဲ့ သူ့အရှိန်က အရမ်းများလာပြီး မြန်မြန်ပျောက်သွားတာပဲ၊ ငါတို့ကို မတွေ့ခင်ကနဲ့ တွေ့ပြီးနောက်ကို သူ့ရဲ့အရှိန်က လုံးဝအကွာကြီးပဲ၊ အဲဒါထူးဆန်းတယ်လို့မထင်ဘူးလား” ရှီမာယူယူပြောလိုက်သည် “သူ့ရဲ့ အစကတည်းက ပြုမူတဲ့ပုံကို ကြည့်လိုက်ရင် ငါတို့ရှိနေတဲ့နေရာကို ဝံပုလွေအုပ်ကို တမင်တကာခေါ်လာတယ် လို့မထင်ရဘူး”
“မင်း.. အဲလူက ငါတို့ရှိတဲ့နေရာကို ဝံပုလွေအုပ်ကိုခေါ်လာတယ်လို့ မင်းပြောနေတာလား၊ အဲလူက ငါတို့ကို ဒုက္ခပေးချင်နေတာလား” ဖက်တီးကျူ အံ့သြမှုအပြည့်ဖြင့် အော်လိုက်သည်။
ရှီမာယူယူ အကဲဖြတ်သော အကြည့်ဖြင့်ကြည့်လိုက်သည်။
“သေစမ်း၊ အဲလူက ဘယ်သူလဲ၊ သူက ဘာလို့ငါတို့ကို ဒုက္ခပေးချင်နေတာလဲ” ဖက်တီးကျူ အော်လိုက်သည်။
“အဲဒါဘယ်သူပဲဖြစ်ပစေ၊ ငါတို့သေချာပေါက်ဖော်ထုတ်မယ်၊ အခုတော့ မှန်းလို့မရသေးဘူး” ဝူရန်ဖေပြောလိုက်သည်။
“ဟုတ်တယ်၊ အခုတော့ စဉ်းစားလို့မရဘူး၊ အခုသူက တောင်မှာရှိနေသေးရင် ငါတို့သူနဲ့ တွေ့နိုင်တယ်” ဝေကျိရွှီပြောလိုက်သည် “အကုန်လုံးဒီနေ့ ပင်ပန်းနေကြပြီ ဒဏ်ရာတွေလည်းရထားကြတယ်ဆိုတော့ ငါတို့ တဲထိုးပြီး အရင်နားကြအောင်”
“ကောင်းပြီ”
ငါးယောက်အဖွဲ့သည် တစ်ရက်နားကြပြီး ထိုအချိန်အတွင်းတွင် သူတို့ စခန်းချသောနေရာသို့ လူအများ ဖြတ်သွားလေသည်။
“ယူယူ ကြည့် မျိုးနွယ်ကြီးက နောက်ထပ် ကလေးတစ်စုပဲ” ဖက်တီးကျူသည် တခြားအုပ်စု ဖြတ်သွားသည်ကို ကြည့်ကာ ရှီမာယူယူ ဘေးတွင်ထိုင်ကာပြောလိုက်သည်။
ဖြတ်လျှောက်သွားသော ထိုမာနကြီးသော လူတစ်စုအား ရှီမာယူယူကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဒါပေမယ့် ပြောလက်စနဲ့ပြောရမယ်၊ ကျိရွှီကလည်း မျိုးနွယ်ကြီးကပဲ၊ အဲလူတွေလုပ်သိလို သူကဘာလို့ အောက်ခြေမလွတ်တာလဲမသိဘူး” ဖက်တီးကျူအဖြေရှာနေသည်။
“မင်းကရောမတူဘူးလား” ဝေကျိရွှီ ရယ်မောလိုက်သည်။
“ငါ့မျိုးနွယ်က မင်းတို့ဝေမျိုးနွယ်နဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ” ဖက်တီးကျူ ခေါင်းရမ်းလိုက်သည် “ဟေး.. စကားမစပ် ဝူရန်နဲ့ ဘေဂုံတို့ရဲ့ မျိုးနွယ်အကြောင်းငါတို့မသိသေးဘူး။”
“ဟုတ်တယ်” ဝေကျိရွှီ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့ အချင်းချင်း စသိခါစက ဝူရန်ဖေနှင့် ဘေဂုံထန်တို့သည် သူတို့အကြောင်းမပြောကြပေ။ သို့သော် ထိုအချိန်က သူတို့သည် မရင်းနှီးသေးသဖြင့် မစပ်စုခဲ့ကြပေ။ ထို့နောက် သူတို့ရင်းနှီးသောအခါတွင်လည်း မေးရန်မေ့နေခဲ့ကြသည်။
ဝူရန်ဖေ ပခုံးတွန့်လိုက်သည် “ငါ့မှာ ဆွေမျိုးမရှိဘူး၊ ငါက မိဘမဲ့”
သူ ပုံမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သည် သို့သော် သူ့အသံမှာ နာကျည်းချက်ပါဝင်နေသည်ကို ရှီမာယူယူခံစားလိုက်ရသည်။
“ငါ့မှာ အမေတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ပဲရှိတာ၊ ဒါပေမယ့်သူတို့က အရမ်းဝေးတဲ့နေရာကို ရောက်သွားပြီ” ဘေဂုံထန်သည် အဝေးသို့ကြည့်ရာမှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမတွင် နာကျင်မှုနှင့် နာကျည်းမှုရောင်ဝါများထွက်လာသည်။
တစ်ခုခုအား ချုပ်တည်းထားပုံရသော သူတို့နှစ်ယောက်လုံးအား ရှီမာယူယူကြည့်လိုက်သည်။ သူတို့တွင် ဘယ်သူ့ကိုမှ မပြောပြချင်သော အကြောင်းများရှိနေသည့်ပုံပေါ်သည်။
ဝေကျိရွှီ ဝူရန်ဖေ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည် “ရပါတယ် ရှေ့လျောက် ငါတို့က မင်းရဲ့မိသားစုပဲ”
“ဟုတ်တယ်၊ ငါတို့က အဆောင်ဖော်တွေပဲ ပြီးတော့ ငါတို့ကိ တစ်ဖွဲ့ထဲပဲ၊ ရှေ့လျောက် ငါတို့က မင်းရဲ့မိသားစုပဲ” ဖက်တီးကျူ သံယောင်လိုက်သည်။
ဝူရန်ဖေခေါင်းအားလှည့်လိုက်ချိန်တွင် ဝေကျိရွှီနှင့် ဖက်တီးကျူတို့၏ မျက်လုံးမှ ရိုးသားမှုများကို မြင်လိုက်ကာ အေးစက်သော သူ့မျက်လုံးများသည် နွေးထွေးမှုအားခံစားလိုက်ရသည်။
“ကောင်းပြီ ငါတို့ အခုကစပြီး ညီအစ်ကိုတွေဖြစ်သွားကြပြီ”
“ဟုတ်တယ် ညီအစ်ကိုတို့” ဖက်တီးကျူ မတ်တတ်ရပ်ကာ ဝူရန်ဖေဘေးသို့လျှောက်သွားကာ ပြောလိုက်သည်။ သူတို့သည် လက်ဝါးချင်းရိုက်လိုက်ကြသည်။
ထိုလူများအကြားမှ ရဲဘော်ရဲဘက်စိတ်သည် အစကတည်းကပင် အစစ်အမှန်ဖြစ်ခဲ့သည်။
ရှီမာယူယူ သူတို့သုံးယောက်ဆီသို့ ပြေးသွားကာ ပြောလိုက်သည် “ဟေး ဟေး ငါ့ကိုလည်းခေါ်ကြဦးလေ”
“ဟားဟား မင်းကို ချန်ထားလို့မရဘူးလေ” ဖက်တီးကျူသည် ပြောပြီးသည်နှင့် ပြုံးဖြီးဖြီးလုပ်နေသည်။
ဘေဂုံထန် ရယ်မောကာ နောက်ပြောင်နေကြသည့်သူတို့ကို ကြည့်ကာ မျက်လုံးထဲတွင် အထီးကျန်မှုများပေါ်လာသည်။ သူမရှေ့မှ မြင်ကွင်းအား ကြည့်ရန်အားမရှိတော့ပဲ ထွက်သွားရန် ထလိုက်သည်။
“ဘေဂုံထန်ဘာဖြစ်တာလဲ”
သူတို့သည် အချင်းချင်းတုန်လှုပ်စွာကြည့်လိုက်ပြီး မျက်လုံးထဲတွင် ရှုပ်ထွေးစွာကြည့်မိလိုက်ကြသည်။
“ငါသွားပြီး သူမကို ကြည့်လိုက်မယ်” ရှီမာယူယူ မတ်တတ်ရပ်ကာ ဘေဂုံထန်ထွက်သွားသော ဘက်သို့လျှောက်သွားလိုက်သည်။
ဘေဂုံထန် ဖြစ်ကမ်းဘေးသို့လာကာ မြစ်အား အကြောင်းအရင်းမရှိငေးကြည့်နေသည်။ သူမ နောက်မှ တစ်စုံတစ်ရာကြားလိုက်သည်နှင့် ခေါင်းလိုက်သောအခါ ရှီမာယူယူအား မြင်လိုက်သည် “မင်းဒီမှာ ဘာလာလုပ်တာလဲ” သူမ မေးလိုက်သည်။
“အဲဒါမင်းကိုမေးရမှာ ဘာလို့ ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားတာလဲ” ရှီမာယူယူ ဘေဂုံထန်ဘေးလျှောက်သွားကာ မြစ်ထဲသို့ ကျောက်တုံးတစ်တုံးအားကန်လိုက်ရာ ငြိမ်သက်နေသော ရေပြင်သည် ပလုံစီသွားလေသည်။
“ငါတစ်နေရာမှာ လုပ်စရာရှိတယ်” ဘေဂုံထန်ခေါင်းရမ်းလိုက်သည်။
“မင်းက အစကတည်းက အားလုံးနဲ့အနေဝေးအောင် နေနေတာကိုး” ရှီမာယူယူပြောလိုက်သည်။
ဘေဂုံထန် ကြောင်တောင်တောင်ကြည့်ကာ ခွန်းတုံ့ပြန်သည် “မဟုတ်ပါဘူး”
“ဟုတ်ပါတယ်” ရှီမာယူယူ ဘေဂုံထန်အားကြည့်လိုက်သည် “ငါတို့တစ်ယောက်နဲ့တစ်ယောက်သိတာ လအတော်ကြာပြီ၊ မင်းက ဒီမှာလည်းမဟုတ် ဟိုမှာလည်းမဟုတ်ဖြစ်နေတာလေ၊ အခုလည်း ဝူရန်ဖေနဲ့ ဝေကျိရွှီတို့ အဆင်ပြေနေတာတွေ့လို့ ထွက်ခဲ့တာမလား”
ဘေဂုံထန်ပြန်မဖြေပါ၊ သူမ မြစ်ကိုသာ ကြည့်မြဲပင်။
“မင်းစိုးရိမ်နေတာမလား” ရှီမာယူယူ ဆက်ပြောသည် “မင်းရဲ့ အမေနဲ့ မောင်လေးကို စိုးရိမ်နေတာ”
ရှီမာယူယူပြေသည်ကိုကြားသည်နှင့် ဘေဂုံထန်ဆီမှထွက်သော ရောင်ဝါသည် ချက်ချင်းပင် ပြောင်းသွားတော့သည်။ သူမ သူ့အား စဉ်းစားချင့်ချိန်စွာကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည် “မင်းဘယ်သူလဲ”
သို့သော် သူမ တုန့်ပြန်မှုအား ရှီမာယူယူ လန့်မသွားပဲ ရယ်မောလိုက်သည် “မင်းအဲလောက် စိတ်လှုပ်ရှားဖို့မလိုပါဘူး၊ မင်းမိသားစုက ဘယ်မှာလဲဆိုတာ ပြီးတော့ မင်းဘာတွေကြုံခဲ့ရလဲဆိုတာ ငါမသိဘူး၊ မင်းဘာလို့ ဆပ်ဆပ်အထိမခံလဲ ငါတောင်သံသယဝင်လာပြီ၊ မင်းမျက်လုံးထဲမှာ စိုးရိမ်တာတွေကို တွေ့ရလို့ ငါသတိထားမိရုံပါ”
“တကယ်လား”
ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ငါနဲ့ကောင်းကောင်းသိတဲ့သူဆိုရင် အကဲခတ်တတ်တယ်၊ ငါရဲ့ ဂုဏ်သတင်းက ကောင်းတယ်လို့ပြောလို့မရပေမယ့်၊ ငါလုပ်တဲ့အရာတိုင်းက လျှို့ဝှက်လို့မရဘူး”
ရှီမာယူယူအား ဘေဂုံထန် အချိန်ကြာမြင့်စွာ စိုက်ကြည့်မိသည်။ ထို့နောက် သူမ တစ်ခုခုအားတွေးမိကာ မြစ်အားမျက်နှာမူလိုက်သည်။ သူမဘာစကားမှ မပြောသော်လည်း၊ သူမ၏ အေးစက်သောရောင်ဝါသည် အရင်အတိုင်းပင်။
ရှီမာယူယူ သူမပြုမူသည်ကို မြင်သည်နှင့် ရှီမာယူယူသည် သူမနှင့် ငြင်းခုန်မှုမပြုလုပ်တော့သည်ကို သိလိုက်သည်။ သူမနှုတ်ခမ်းတွန့်လိုက်ကာ ပြောလိုက်သည် “ငါလည်း တစ်ကိုယ်တည်းသမားပဲ၊ မင်းလိုမျိုးလူနဲ့သိတာ မဆိုးဘူးလို့ သဘောပေါက်မိတော့တယ်၊ မင်းအရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ရှေ့လျောက်တစ်ခုခုဖြစ်ခဲ့ရင် ဒီအချိန်အတွင်းတော့ ငါတို့က တစ်ဖွဲ့တည်းပဲ၊ ငါတို့က အတူတူတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေဆိုတာ မမေ့ပါနဲ့၊ အခုတော့ ငါတို့က တစ်ယောက်နောက်ကျောကို တစ်ယောက်ယုံကြည်ကြတဲ့သူတွေဖြစ်နေပြီ၊ မင်းတစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ရင် ငါတို့အမြဲတမ်းရှိနေမယ်”
“အင်း” ဘေဂုံထန် နားလည်သည့်သဘောနှင့်ခေါင်းညိတ်လိုက်သည်။
“အခုတော့ ပြန်ကြအောင်၊ သူတို့ကို ဘာစကားမှမပြောပဲထွက်သွားတော့ မင်းကိုစိုးရိမ်နေကြတယ်” ဘေဂုံထန်၏ ပခုံးကို ပုတ်ကာ ရှီမာယူယူပြောလိုက်သည်။
သူတို့ စခန်းချရာနေရာသို့ ပြန်လာသောအခါ ဝေကျိရွှီနှင့် ကျန်သူများသည် သက်ပြင်းချကာ အတူတကွနောက်ပြောင်နေကြသည်။
ဘေဂုံထန်သည် အရင်ကအတိုင်းပင် စကားဝိုင်းတွင်ဝင်မပါပေ၊ သို့သော် သူတို့ပြောသမျှကိုတော့ ပြန်ဖြေသည်။
ထိုအဖွဲ့အား ရှီမာယူယူကြည့်ကာ ဒီတစ်ခေါက်တိုက်ပွဲသည် သူတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေသည်ကို သဘောပေါက်လိုက်သည်။ အရင်ကသာ ဒီအဖွဲ့ကိုတစ်ယောက်ယောက်မြင်ခဲ့ပါက အားလုံးသည် အချင်းချင်းရပ်တည်ပေးကာ တိုက်ခိုက်သော ရဲဘော်ရဲဘက်များဖြစ်လာသည်ကို ထင်ခဲ့မည်မဟုတ်ပေ။
ညရောက်သောအခါ အားလုံးသည် နားရန်ကိုယ်ပိုင် တဲဆီသို့ပြန်ကြလေသည်။ ဘေဂုံထန် အိပ်ရာပေါ်တွင် လဲကာ တစ်မှေးအိပ်နေစဉ်တွင် ဝမ်းသာမှုအပြည့်နှင့် သူမရုတ်တရက် မျက်လုံးပွင့်လာသည်။
“မင်းနိုးလာပြီလား၊ မြောင်ဂျီ”
“သခင်၊ ပြီးခဲတဲ့တစ်ခေါက်က ရခဲ့တဲ့ ဒဏ်ရာက ပြင်းတယ်၊ ခဏတော့ သတိမေ့သွားတယ်” ဘေဂုံထန် အသိစိတ်ထဲတွင် မိန်းကလေးအသံတစ်သံသည် ဟိန်းနေသည်။
“မြောင်ဂျီ၊ ငါ့ကိုလွတ်အောင် ကူညီလို့ မင်းဒီကိုဒဏ်ရာရတာပါ၊ နှစ်တွေဒီလောက်ကြာသွားတာတောင် မင်းရဲ့ ဒဏ်ရတွေကို ကုဖို့ သတိမေ့သွားရတယ်မလား” ဘေဂုံထန် သူမကိုယ်သူမ အပြစ်တင်လိုက်သည်။
“သခင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ မင်းကိုကာကွယ်ရမှာက ကျွန်မအလုပ်ပဲ” မြောင်ဂျီပြောလိုက်သည်။
“သခင် ဒီတစ်ခါတော့ ကျွန်မ အချိန်အကြာကြီးနေလို့မဖြစ်ဘူးဆိုတော့ နိုးလာရတဲ့အကြောင်းအရင်းကို တည့်တည့်ပဲပြောတော့မယ်၊ ဒီတောင်ကရှိတဲ့ ဆေးဖက်ဝင်အပင်က ရင့်မှည့်ပြီ၊ ကျွန်မသာ အဲဒါစားရရင် မြန်မြန် ပြန်ကောင်းနိုင်တယ်၊ သခင် ဖြစ်နိုင်မယ်ဆိုရင်….”
မြောင်ဂျီ၏ အသံသည် တိုးတိုးသွားသည်။ နောက်ဆုံးတွင် သူမသည် စကားမဆုံးခင်တွင် ပြန်အိပ်ပေါ်သွားတော့သည်။
“မြောင်ဂျီ အဲဆေးဖက်ဝင်အပင်က မင်းရဲ့ ဒဏ်ရာတွေကို ကုရာမှာအကူအညီဖြစ်တယ်ဆိုရင် ငါသေချာပေါက် ရအောင်ရှာမယ်” သတိမေ့နေသော မြောင်ဂျီအားတွေးကာ ဘေဂုံထန်သည် အဝတ်အများကို ခါးတွင် ချည်နှောင်လိုက်သည်။