Switch Mode

အပိုင်း (၅၉၇)

“ရှေးဟောင်းနတ်ဆိုးမြို့တော်မှာ ငါ့အပြင် နောက်ထပ်ကျင့်ကြံသူနှစ်ယောက် ရှိသေးတယ်။သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်၊ဒါ့ကြောင့် သူက ငါ့ကို ကူညီနိုင်မှာ မဟုတ်ဘူး။ နတ်ဆိုးဗိုလ်ချုပ်ရဲ့ လက်သီးကို တောင့်ခံနိုင်တဲ့ ဝမ်လင်းပဲ ငါ့ကို ကူညီဖို့ လုံလောက်တဲ့ စွမ်းအားရှိမယ်။ သူ့စိတ်နေစိတ်ထားက အေးစက်တယ်။ ဒါ့ကြောင့် ဘာအကျိုးမြတ်မှ မရဘဲ ငါ့ကို ကူညီဖို့က ခက်ခဲလိမ့်မယ်…”

ယောင်ရှင်းရွှယ်က အနည်းငယ် စဉ်းစားပြီးနောက် သူ့လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခုက သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး သိပ်မကြာခင်တွင် အဖြူရောင်ဝတ်စုံတစ်ခု ဝတ်ဆင်ပြီး ဖြစ်သွားတော့၏။

အချိန်က ကုန်ဆုံးလို့နေသည်။ ဝမ်လင်းက အနက်ရောင်ချပ်ဝတ်စစ်တပ်ထဲ၌ ဆက်လက်ကျင့်ကြံလျက် ရှိ၏။ နတ်ဆိုးတပ်သား ငါးရာကျော်နှင့် တပ်စုခေါင်းဆောင်စွန်တို့၏ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးသလင်းကျောက်ကလည်း အဆင့် တစ်ထောင်ကျော်ကို ချိုးဖျက်သွားကာ အကုန်လုံး ပေါင်းစည်းနိုင်သွား၏။

အဆင့်တစ်ထောင်ကျော်ရှိသည့် နတ်ဆိုးသလင်းကျောက်နှင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းက အရင်ထက် အဆများစွာ ပိုမြန်နေခဲ့သည်။

ဝမ်လင်းက စစ်တပ်ထဲရှိ မည်သည့်အရေးကိစ္စကိုမျှ အရေးစိုက်ခြင်း မရှိချေ။ သူက သူ့အချိန်အားလုံးကို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကိုသာ စုပ်ယူပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် ပြင်ဆင်နေ၏။

သည်နေ့တွင် ဝမ်လင်းက ကျင့်ကြံနေရာမှ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။ သူ့အသွင်က အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။

“ရောင်ရင်းကျင့်ကြံသူဝမ်…ဒီညသန်းခေါင်ယံမှာ စစ်တပ်နဲ့ ကီလိုမီတာ တစ်ထောင်ဝေးတဲ့ ရှေးဟောင်းတောင်မှာ ငါ့ကို လာတွေ့ပါ…။ ယောင်ရှင်းရွှယ်…”

ယောင်ရှင်းရွှယ်၏ အသံကို ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲကနေ ကြားလိုက်ရသည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သူကမျက်လုံးပြန်မှိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။

ညသန်းခေါင်ယံတွင် စစ်တပ်နှင့် တစ်ထောင်ကီလိုမီတာ ဝေးသည့် ရှေးဟောင်းတောင်တွင် ယောင်ရှင်းရွှယ်က တောင်ထိပ်၌ မတ်တပ်ရပ်နေရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသည်။ မိုးကုပ်စက်ဝိုင်းမှ နေမင်းပင် ဖြည်းဖြည်းချင်း ထွက်ပြူစ ပြုလာ၏။ သို့သော် ဝမ်လင်းက ပေါ်မလာသေးချေ။

ယောင်ရှင်းရွှယ်အသွင်က အေးစက်လာပြီး သူမက အေးစက်စွာနှာခေါင်းရှုံ့၏။ထို့နောက် သူမခန္ဓာကိုယ်က အဖြူရောင်အလင်းတန်းအသွင်သို့ ပြောင်း၍ ဝမ်လင်းရှိရာ စစ်တပ်ထံသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။

သိပ်မကြာခင်တွင် သူမက စစ်တပ်အပြင်ဘက်၌ ရောက်ရှိလာပြီး အထဲသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။ စစ်တပ်ပတ်လည်ရှိ အစီအရင်က သူမအပေါ်၌ သက်ရောက်ခြင်း မရှိချေ။တကယ်တော့ သူမသည်လည်း တပ်မှူးများထဲမှ တစ်ယောက် မဟုတ်လား။

စစ်တပ်ထဲ၌ နတ်ဆိုးတပ်သားများစွာက သူတို့၏ တပ်စုခေါင်းဆောင်များ လက်အောက်တွင် အစီအရင်များကို လေ့ကျင့်နေကြ၏။ ယောင်ရှင်းရွှယ်အသွင်က နတ်ဆိုးတပ်သားများ၏ အာရုံကို ဖမ်းစုပ်မိသွား၏။

သူမက အလွန်လျင်မြန်စွာ ရွေ့လျားကာ ဝမ်လင်းရှိနေသော စေတီထံသို့ တိုက်ရိုက်သွား၏။

စေတီအပြင်ဘက်၌ ဆယ့်သုံးက ရုတ်တရက် မျက်လုံးဖွင့်လာကာ မတ်တပ်ရပ်လိုက်၏။ သူက ယောင်ရှင်းရွှယ်ကို ပျံသန်းလာနေသော ယောင်ရှင်းရွှယ်ကို အေးစက်စွာ ကြည့်လိုက်သည်။

ဆယ့်သုံးက အော်ဟစ်လိုက်၏။ “ဝင်လာတဲ့လူ…ရပ်လိုက်စမ်း…”

ယောင်ရှင်းရွှယ်အသွင်က ရေခဲတမျှ အေးစက်သွား၏။သူမက အေးစက်စွာနှာခေါင်းရှုံ့ကာ ပို၍မြန်ဆန်စွာပင် စေတီထံသို့ ပျံသန်းလာသည်။

သည်အခိုက်၌ အုပ်စုခေါင်းဆောင်များကလည်း စေတီထံသို့ တိုးဝင်လာကြ၏။ သူတို့နောက်၌ နတ်ဆိုးတပ်သားများကလည်း အလျင်အမြန်ပင် လိုက်ပါလာကြသည်။

ယောင်ရှင်းရွှယ်က နီးကပ်လာသည်နှင့် ဆယ့်သုံးက မာန်သွင်း၍ ရှေ့သို့ တစ်လှမ်းတိုးကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ယောင်ရှင်းရွယ်က ဆယ့်သုံးကို ကြည့်ပင်မကြည့်ဘဲ လေထဲသို့ လက်ညွှန်သည်။ သွေးရောင်အလင်းတန်းတစ်ခုက ရှေ့သို့ ထိုးတက်သွားကာ ဆယ့်သုံးကို ဝန်းရံသွား၏။ ဆယ့်သုံးခန္ဓာကိုယ်က နေရာ၌ပင် အေးခဲသွားပြီး ကျောက်ရုပ်လို ဖြစ်သွားသည်။

ယောင်ရှင်းရွှယ်က စေတီထဲသို့ ခြေချရန် ဟန်ပြင်စဉ် နတ်ဆိုးတပ်သားကိုးထောင်က တရောသုန်းပါး ရောက်လာ၏။ တပ်စုခေါင်းဆောင်များထဲမှ တစ်ယောက်က ခပ်သွက်သွက် လှမ်းအော်လိုက်၏။ “တပ်မှူးယောင်…ရပ်လိုက်ပါ…”

ယောင်ရှင်းရွှယ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်လာသည်။ သူမက သူမနောက်သို့ လက်ဝှေ့ယမ်းလိုက်၏။ထိုအခါ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ပေတစ်သောင်းပတ်လည်တွင် သွေးရောင်အလင်းတန်းက ချက်ခြင်းဝန်းရံသွား၏။ တရောသုန်းပါး ပြေးဝင်လာကြသည့် နတ်ဆိုးတပ်သားများက သည်သွေးရောင်အလင်းအပြင်ဘက်၌ တားဆီးခြင်း ခံလိုက်ရတော့သည်။

“နင်တို့ရဲ့ တပ်မှူးဝမ်နဲ့ ငါ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးရှိတယ်။ ဒါ့ကြောင့် မနှောက်ယှက်ကြနဲ့…”

ထိုသို့ပြောလိုက်ပြီးနောက် ယောင်ရှင်းရွှယ်က စေတီထဲသို့ လှမ်းလျောက်သွားတော့သည်။

သူမက စေတီနားသို့ တိုးကက်လာသည့်အခိုက်၌ လေပြေတစ်ခု တိုက်ခတ်လာ၏။ သည်လေပြေက သူမအပေါ် ကျရောက်လာသည့်အခါ သူမအသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးကနေ ရုတ်တရက်သွေးရောင်အလင်း ထုတ်လွှတ်နေမှုကလည်း သည်လေပြော ဖြတ်သန်းသွားသည့်အခါ ပျောက်ကွယ်သွားတော့၏။

ဆယ့်သုံးခန္ဓာကိုယ်က သည်လေပြင်နှင့် ထိတိုက်သွားသည့်အခါ ချက်ခြင်းတုန်ယင်၍ သူက ပြန်လှုပ်ရှားနိုင်သွား၏။ ထို့နောက် ဝမ်လင်းစကားလုံးများက သူ့နားထဲသို့ တိုးဝင်လာပြီးသည့်အခါ ဆယ့်သုံးက ယောင်ရှင်းရွှယ်ကို ကြည့်ပင်မကြည့်တော့ဘဲ တိတ်ဆိတ်စွာ ပြန်ထိုင်ချလိုက်သည်။

“ရောင်းရင်းရောင်က သေချာပေါက် ဒေါသထွက်နေတာပဲ…” ဝမ်လင်းအသံက စေတီထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ သူ့အသံထဲ၌ ဒေါသဖြစ်မှု၊ပျော်ရွှင်မှု အလျင်းကင်းနေ၏။

ယောင်ရှင်းရွှယ်မျက်နှာက အေးစက်နေဆဲဖြစ်ကာ သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ငါ့ ဒေါသက ရောင်းရင်းဝမ်ရဲ့ မာန်မာနတော့ မယှဉ်နိုင်ပါဘူး…”

ထိုသို့ပြောပြီးနောက် သူမက ရှေ့သို့ ခြေသုံးလှမ်းတိုးကာ စေတီတံခါးကို ဖွင့်၍ အထဲသို့ ဝင်လိုက်၏။

စေတီထဲရှိ တံခါးပြတင်းပေါက်များက ချိပ်ပိတ်ထားခြင်း ဖြစ်ရာ အထဲသို့ မည်သည့်အလင်းမှ မဝင်ရောက်နိုင်ချေ။ တံခါးပွင့်သွားသည့်အခိုက်၌ နေရောင်က စေတီထဲသို့ ဝင်ရောက်သွား၏။

ဝမ်လင်းက အမှောင်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေသည်။အမှောင်က သူ့ပုံပန်းအသွင်က ဖုံးပေးထား၏။

ဝမ်လင်းအသံက အေးစက်နေသည်။ “နင်က ဒီနေရာကို ဝင်လာပြီးတော့မှ နင့်ရှိမှာ ငါ့စိတ်ဝင်စားစရာ တစ်ခုခုမရှိရင် ငါ့ လစ်လျူရှုမှုအတွက် အပြစ်မတင်ပါနဲ့…”

ဝမ်လင်းက သည်စေတီထဲ၌ လပေါင်းများစွာ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်နေပြီး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရန် ကျင့်ကြံနေခြင်း ဖြစ်သည်။ ခု သူက လာရောက်နှောက်ယှက်ခြင်း ခံလိုက်ရသည့်အတွက် သူမကို မျက်နှာသာမပေးခြင်းမှာ သဘာဝ ကျ၏။

ယောင်ရှင်းရွှယ်က အေးစက်စွာ ပြောလိုက်သည်။ “ငါက နင့်နဲ့ ရှေးဟောင်းတောင်မှာ တွေ့ဖို့ မေးခဲ့တယ်လေ။ ဘာကောင့် နင် မလာရတာလဲ…”

“ငါက ဘာလို့ လာရမှာလဲ…” ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက သည်မိန်းကလေးနှင့်တွေ့ဆုံဖူးမှာ နှစ်ကြိမ်သာ ရှိသေး၏။ ခုတစ်ကြိမ်ပါ ထည့်တွက်မှ သုံးကြိမ်သာ ရှိသေးသည်။

ယောင်ရှင်းရွှယ်က မှက်သက်သွား၏။ သူမက အစောပိုင်းက ဒေါသထွက်နေသဖြင့် သည်နေရာသို့ တိုက်ရိုက် ရောက်လာခြင်း ဖြစ်သည်။ ခု ဝမ်လင်းက သူ့မေးခွန်းကို အမေးနှင့် ပြန်တုန့်ပြန်လိုက်ရာ သူမက ဘာပြောရမှန်း မသိ ဖြစ်ရ၏။

အနည်းငယ်စဉ်းစားပြီးနောက် ယောင်ရှင်းရွှယ်က ပြောလိုက်သည်။ “ဒီကိစ္စမှာ ငါက အဆင်ခြင်မဲ့သလို ဖြစ်သွားခဲ့တယ်။ ရောင်းရင်းဝမ်က ငါ့ကို အပြစ်မယူဖို့ မျှော်လင့်ပါတယ်။ ငါဒီကိုလာတာက ရောင်းရင်းဝမ်ရှိက အကူအညီတစ်ခု တောင်းစရာ ရှိလို့ပါ…”

“ဘာအတွက်လဲ…” ဝမ်လင်းစကားများက တိုတိုတုတ်တုတ်ပင်။ သူက သူမနှင့် အချိန်အများကြီး မဖြုန်းချင်ပေ။ အကြောင်းကတော့ ခုချိန်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သန့်စင်မွန်းမံ လှည့်ပတ်နေသောကြောင့် ဖြစ်၏။

ယောင်ရှင်းရွှယ်က သူမနောက်သို့ လက်ညွှန်လိုက်ရာ စေတီတံခါးက ပြန်ပိတ်သွား၏။ ထို့နောက် သွေးရောင်အလင်းတစ်ခုက စေတီပတ်လည်၌ ဝန်းရံသွားသည်။

“ဒီကိစ္စက တကယ့်လျှို့ဝှက်ထားရမဲ့အရာ၊ ဒါ့ကောင့် ငါက သတိထားနေရတာပါ။ ရောင်းရင်းဝမ် စိတ်မရှိဖို့ ငါ မျှောင်လင့်ပါတယ်…” ခုချိန်၌ ယောင်ရှင်းရွှယ်က အကူအညီတောင်းရန်လာခြင်းဖြစ်သည့်အတွက် သူမက သူမဒေါသကို ဖိနှိပ်ထားရပေမည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ပြဿနာမရှိဘူး…”

ယောင်ရှင်းရွှယ်က အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ငါတစ်ယောက်တည်း မချိုးဖျက်နိုင်တဲ့ အတားအဆီး တစ်ခု ရှိနေလို့ပဲ။ ရောင်းရင်းဝမ်က ငါ့ကို ကူညီမယ်ဆိုရင် ဒီအတားအဆီးက ချိုးဖျက်နိုင်လိမ့်မယ်။ ငါက နင့်အတွက် အကျိုးမြတ်ကောင်းတစ်ခု ပြန်ပေးမှာပါ…”

ဝမ်လင်းက အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။ “ခုချိန်မှာ ငါက အရေးကြီးကိစ္စ ရှိနေတယ်။ ဒါ့ကြောင့် နင့်ကို ကူညီပြီး အဲ့အတားအဆီးကို မချိုးဖျက်ပေးနိုင်သေးဘူး။ ရောင်းရင်းယောင်က ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှောင်လင့်ပါတယ်…”

သူက ခုလိုအချိန်မဟုတ်ဘဲ သူ့မှာ အချိန်ရနေလျှင်ပင် ဝမ်လင်းက လွယ်လွယ်သဘောတူလိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူတို့နှစ်ယောက်ကြားတွင် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးလည်း မရှိချေ။ သူမကျင့်ကြံမှုအဆင့်ဖြင့်ပင် မချိုးဖျက်နိုင်သည့်အတားအဆီးကို ဝမ်လင်းက သူအများကြီး ကူညီနိုင်လိမ့်မည်လို့လည်း ယုံကြည်ထားခြင်း မရှိပေ။

သည့်အပြင် အရေးကြီးဆုံးအချက်က သူမစကားများက ဝါးတားတားသာဖြစ်နေပြီး အကြောင်းအရာအစုံအလင် မဟုတ်နေခြင်းပင်။ သည့်အတွက်ကြောင့် ဝမ်လင်းက သူမကို မကူညီနိုင်ချေ။သူ့တွင် သူမကို ကူညီရန် အကြောင်းပြချက် မရှိပေ။

ယောင်ရှင်းရွှယ်က ဝမ်လင်းကို အကူအညီတောင်းမည်ဟု ဆုံးဖြတ်ထားကတည်းက ဝမ်လင်း လွယ်လွယ်သဘောတူလိမ့်မည်မဟုတ်သည်ကို ကြိုတွေးထား၏။ ထို့ကြောင့်သူမက လက်မလျှော့ဘဲ ဆက်ပြောလိုက်၏။ “ရောင်းရင်းဝမ်ရဲ့ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်မလား။ ဒီတော့ ရောင်းရင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်ကို ရောက်ချင်ရင် သင့်အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား အများအပြားလိုလိမ့်မယ်။ ရောင်းရင်းက အာဏာတက်ခြင်းအဆင့်ကို ခြေတစ်လှမ်းချချင်ရင် စိတ်ကူးနိုင်တာထက်ပိုတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားလိုလိမ့်မယ်။ ဒါ့ကြောင့် ခုချိန်မှာ ရောင်းရင်းဝမ်အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက အရေးကြီးဆုံးအရာ ဖြစ်တယ်လို့ ငါယုံကြည်တယ်။ ငါ သိချင်တာက ရောင်းရင်းဝမ်မှာ အဆင့်တိုးမြှင့်ဖို့အတွက် လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ရှိလား ဆိုတာပဲ။ မရှိရင် ငါက ဒါတွေကို ထောက်ပံ့ပေးနိုင်တယ်…”

ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။သူက အမှောင်ထုကိုသာ တွေ့လိုက်သည်။ အမှောင်ထဲ၌ မျက်လုံးတစ်စုံက တောက်ပစွာ သူ့ကို ကြည့်လို့နေသည်။ သူက ယောင်ရှင်းရွှယ်ကို ကြည့်ကာ မေးလိုက်၏။ “သင်က ငါ့ကို ဘယ်လောက်များများ ပေးနိုင်မလဲ…”

ယောင်ရှင်းရွှယ်က ပြုံးလိုက်၏။ သူမက ဝမ်လင်းတောင်းဆိုမည့် နှုန်းကို စိုးရိမ်ခြင်း မရှိချေ။ ခု ဝမ်လင်းက ထိုသို့မေးလာသည့်အခါ သူမက သူကျေနပ်စေလောက်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားပေးဖို့ ယုံကြည်ချက် ရှိပေသည်။

ယောင်ရှင်းရွှယ်က တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက ရောင်းရင်းဝမ်ကို အာဏာတက်ခြင်းအစောပိုင်းအဆင့်ကို တက်လှမ်းနိုင်တဲ့အထိ လိုအပ်တဲ့ဟာ ပေးနိုင်တယ်…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ယောင်ရှင်းရွှယ်စကားများက သူ့စိတ်ကို နှိုးဆွနိုင်၏။ ခုချိန်၌ သူက အမှန်ပင် ကောင်းကင်ဘုံကျောက်စိမ်းပြားများ လိုအပ်နေ၏။ သူ့မှာသာ လုံလောက်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြား ရှိနေလျှင် သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ခုလိုမျိုး နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း ခက်ခက်ခဲခဲ စုဆောင်းနေရန် မလိုတော့ချေ။

ဝမ်လင်းတွင် ခုချိန် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ကို ရောက်ရုံဆိုရုံမျှ လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ ရှိနေ၏။ သူက သည်အရာများအားလုံးကို အသုံးပြုလိုက်လျှင် သူက သည်နှစ်ငါးရာအတွင်း ဒဏ်ရာရခြင်း သို့မဟုတ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ဆုံးရှုံးခြင်း တစ်ခုခုဖြစ်သွားလျှင် သူ့အတွက် ကြီးမားသည့်ဆိုးကျိုး ဖြစ်သွားပေမည်။

ထို့အတွက်ကြောင့်သူက ကောင်းကင်ဘုံးကျောက်စိမ်းပြားများထဲက စွမ်းအင်ကို မစုပ်ယူခြင်းပင်။ ထိုအစား သူက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်နေရ၏။ သူက ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ဖြုန်းတီးမှု မဖြစ်အောင် လုပ်ဆောင်နေရပေသည်။

ဝမ်လင်းက သူ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံး အထွတ်အထိတ်အဆင့်ကို ရောက်သည်နှင့် သူ့စိတ်ကိုသူ ပြင်ဆင်ထားသည်မှာ နတ်ဆိုးတပ်သားများကို ဦးဆောင်၍ အပြင်ဘက်တွင် သူနှင့်တွေ့သည့် ကျင့်ကြံသူတိုင်းဆီက ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အိတ်သွန်ဖာမှောက်ရှာဖွေရန် ဖြစ်၏။

ယောင်ရှင်းရွှယ်က လျင်မြန်စွာ ပြောလိုက်သည်။ “ဘယ်လိုလဲ။ ရောင်းရင်းဝမ်သာ သဘောတူမယ်ဆိုရင် ငါက သင့်ကို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ရောက်တဲ့အထိ လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားကို ပေးမယ်။ ကျန်တဲ့ဟာကိုတော့ ငါတို့ ပြန်လာတာနဲ့ ချက်ခြင်းပေးမယ်…”

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် မေးလိုက်၏။ “ဒါက ဘယ်လို အတားအဆီးမျိုးလဲ…”

“ငါက ဒီအတားဆီးရဲ့ နာမည်ကို မသိဘူး။ ဒါပေမဲ့ ဒါက အသက်သွင်းလိုက်တာနဲ့ အတားအဆီးဆယ့်ရှစ်ခုချိပ်တံဆိပ်ပါတဲ့ အတားအဆီးဘီး တစ်ခုကို လှည့်ပတ်မှု ဖြစ်စေတယ်။ ငါက ဆယ့်တစ်ခုမြောက်ထိပဲ ချိုးဖျက်နိုင်တယ်၊ ဒါပေမဲ့ ရောင်းရင်းဝမ် အကူအညီနဲ့ဆိုရင် ငါက အကုန်လုံး ချိုးဖျက်နိုင်လိမ့်မယ်…”

ယောင်ရှင်းရွှယ်က အမှန်အများစုကို ပြောပြခြင်းပင်။သို့သော် သူမ မပြောပြသည့် အရေးကြီးဆုံးအရာတစ်ခုတော့ ရှိ၏။ သည်အတားအဆီးကို ချိုးဖျက်ခြင်းက သေခြင်းရှင်ခြင်းကြား ဖြတ်သန်းရခြင်းပင်။ သင်က ချိုးဖျက်နိုင်လျှင် ရှင်သန်နိုင်မည်။သို့သော ကျရှုံးလျှင် သေဆုံးပေမည်။

သူမက လေးကြိမ် ကျရှုံးခဲ့ပြီးဖြစ်၏။ဆိုလိုသည်က သူမသည် လေးကြိမ်တိုင် သေဆုံးခဲ့ပြီးဖြစ်သည်။ သူမက ခုလိုအသက်ရှင်နေရခြင်းက သူမအဖေ သူ့အသက်ကို ရင်း၍ ဖော်စပ်ထားသည့် သွေးစိတ်ဝိညာဉ်ဆေးလုံးများကြောင့်သာ ဖြစ်သည်။

ထိုဆေးလုံးက အားလုံးပေါင်း ဆယ့်သုံးလုံးသာ ရှိသည်။ အများစုက သူမလက်ထဲ၌ ရှိသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက မေးလိုက်သည်။ “ဒီအတားအဆီးက ဘယ်နေရာမှာ တည်ရှိတာလဲ…”

ယောင်ရှင်းရွှယ်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “ရောင်းရင်းဝမ် သဘောမတူသေးရင် ငါက ဘာမှ ထပ်မပြောနိုင်တော့ဘူး။ ငါ ပြောနိုင်တာက ဒီနေရာကို ဝင်ရောင်ဖို့ အထူးရတနာတစ်ခု လိုအပ်တယ် ဆိုတာပဲ။ ခုချိန်မှာ ငါကလွဲလို့ အဲ့နေရာကို ဘယ်သူမှ မဝင်နိုင်လောက်ဘူး…”

“သူမက ငါ့ကို အများကြီး ဖုံးကွယ်ထားသေးပေမဲ့လည်း ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ခုချိန်မှာ ငါ့အတွက် အရမ်းအရေးကြီးနေတယ်။ ငါက လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ရှိရင် အချိန်တိုအတွင်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ကို ရောက်နိုင်တယ်။အာဏတာက်ခြင်းအဆင့်ကို ရောက်ဖို့ကတော့ ငါ့အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ အပြင် ကောင်းကင်နဲ့မြေကြီးကို နားလည်သဘောပေါက်မှုလည်း လိုအပ်သေးပေမဲ့ ဒါအတွက်တော့ စိတ်ပူစရာမရှိဘူး။ ဒါပေမဲ့ ငါက သူမကို လွယ်လွယ်ကတိမပေးနိုင်ဘူး။ ငါက သူမရဲ့ ဆိုလိုရင်းကို အသေးစိတ် မြင်နိုင်မှ ဖြစ်မယ်…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

“ငါက ဒါကိစ္စနဲ့ ပတ်သတ်လို့ အချိန်တစ်ခု စဉ်းစားဖို့ ရဦးမယ်။ ငါက ခုကစပြီး နောက်လေးလကြာရင် ရောင်းရောင်းယောင်ကို အဖြေပြန်ပေးမယ်…”

Comment

  1. Thantzin007 says:

    အပိုင်းထပ်နေတယ်

  2. Kaung says:

    အပိုင်တွေထပ်နေတယ်

Leave a Reply

Options

not work with dark mode
Reset