သည်အခိုက်၌ မြို့အတွင်းအပြင်မှ အစောင့်အကြပ်များက ထွက်လာကြတော့သည်။ ထိုသူတို့ထံမှ သတ်ဖြတ်လိုမှုစိတ်ဆန္ဒတို့က ထွက်ပေါ်လာ၏။ သူတို့က ဝမ်လင်းကို ဝန်းရံထားလိုက်ကြသည်။ အချို့အစောင့်များက သည်ကိစ္စကို အထက်သို့ တင်ပြခဲ့ကြပြီးလည်း ဖြစ်၏။
မြို့ထဲသို့ ဝင်ရန် စောင့်ဆိုင်းနေကြသော လူများကလည်း ပြန့်ကျဲသွားကာ ပွဲကြီးပွဲကောင်းကြည့်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ဝမ်လင်းက အလေးအနက် ပြောလိုက်၏။ “ဆယ့်သုံး…”
ဆယ့်သုံးက မြန်ဆန်စွာပင် လေးစားသည့်ဟန်မူရာဖြင့် ပြန်လျှောက်လာခဲ့သည်။ ဝမ်လင်းက သူ့ကို ဆူဟောက်လျှင်ပင် သူ့က ဘာမှပြန်ပြောစရမရှိချေ။
ဝမ်လင်းက အသံခပ်နှိပ်နှိပ်ဖြင့် ပြောလိုက်၏။ “မင်းလက်သီးချက်က မှားနေတယ်…”
ဆယ့်သုံးက မြန်ဆန်စွာ ပြောလိုက်၏။ ဆယ့်သုံးအမြင်မှာ ဘိုးဘေးကို မလေးစားတဲ့လူ မှန်သမျှ ဆယ့်သုံးရန်သူပဲ…”
ဟော်ဖောင်က ဘေးတစ်ဖက်ကနေ စဉ်းစားကာနေသည်။ သူက ဆယ့်သုံးလို အမြန်မလုပ်ဆောင်သဖြင့် နောင်တရနေမိသည်။ သို့ရာ၌ သူက ဝမ်လင်းအသွင်က အလေးအနက် ဖြစ်နေသည်ကို တွေ့မြင်လိုက်သည့်အခါမှ သူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ သူက အလျှင်စလို မလုပ်လိုက်သည့်အတွက် ကံကောင်းသည်ဟု ခံစားနေရသည်။ မဟုတ်လျှင် ဘိုးဘေးဒေါသထွက်သွားခြင်းက သူ့အတွက် မကောင်းပေ။
ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “မင်းက ဒီလက်သီးချက်မှာ မင်းရဲ့အင်အားပြည့် အသုံးပြုထားပေမဲ့ (၄၀) ရာခိုင်နှုန်းစွမ်းအား ဆုံးရှုံးသွားတယ်။ ဒါက မင်းက ဒီနည်းစနစ်ကို မကျွမ်းကျင်သေးဘူးလို့ ဆိုလိုနေတာပဲ။ ဒီလက်သီးချက်ကို ဒီနတ်ဆိုးတပ်သားတွေက ဘယ်လိုလုပ် ခံနိုင်သင့်ပါ့မလဲ။ မင်းသာ မှန်မှန်ကန်ကန် ထိုးလိုက်နိုင်ရင် သူက ခုချိန်ဆို အသက်မရှိသင့်တော့ဘူး…”
ဆယ့်သုံးက မှင်တက်လို့သွားသည်။ သူက ခပ်မြန်မြန်ပင် ခေါင်းညိတ်ပြလိုက်၏။
သည်အချိန်မှာပင် တပ်သားဆယ့်နှစ်ယောက်ကျော်က ဝမ်လင်းကို ဝန်းရံထားပြီး ဖြစ်သည်။ သူတို့ထဲက တစ်ယောက်က မာန်တစ်ချက်သွင်းကာ သူ့လက်နက်ဖြင့် ဝမ်လင်းတို့ သုံးယောက်ထံသို့ ထိုးထည့်လိုက်သည်။
မြို့ဂိတ်ဝ၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ထုတ်လွှတ်လာကာ ဖုန်မှုန်များက လေထဲသို့ လွင့်စင်သွားကြကုန်သည်။ သည်နတ်ဆိုးတပ်သားများက စစ်ပွဲအတွေ့အကြုံရင့်သူများ ဖြစ်ကြသည်။သည့်အတွက် ကျင့်ကြံမှုအဆင့် သိပ်ကွာခြင်းလှခြင်း မရှိပါက သူတို့၏ ကြမ်းကြုတ်သောအော်ရာက အခြားသူများကို ဖိအားပေးနိုင်လေသည်။
“သေချာကြည့်ပါ။ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်က မန္တန်တွေနဲ့ မတူဘူး ဆိုပေမဲ့ တူညီမှုအချို့တော့ ရှိသေးတယ်။ ငါက ခန္ဓာကိုယ်သန့်စင်ထားခြင်း မရှိပေမဲ့ ငါ့လက်သီးချက်ကတော့ တူညီတဲ့ သက်ရောက်မှု ရှိလိမ့်မယ်…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းက လက်သီးစုပ်ကာ ထိုးချလိုက်သည်။
သည်လက်သီးချက်က လေထဲသို့ ပစ်သွင်းခြင်း ဖြစ်သည်။သို့သော် သည်လက်သီးချက်နှင့်အတူ လှိုင်းတွန့်များက ပျံ့နှံ့ကာသွားသည်။ အလျင်စလို တိုးဝင်လာကြသည့် တပ်သားများက သည်လှိုင်းများနှင့် ထိမှန်ကာ အရှိန်လျော့ကျသွားသည်။ သူတို့ပတ်လည်ရှိ လေထုပင် ခဲသွားသလား မှတ်ရ၏။
သို့သော် သိပ်မကြာခင်တွင် သည်လှိုင်းတွန့်က ပြင်းထန်စွာ တုန်ခါသွားကာ နတ်ဆိုးတပ်သားအားလုံး နောက်သို့ ဗြောင်းဆန်အောင် လွင့်စင်ထွက်သွားကြတော့သည်။
သူတိ့က လွင့်စင်ထွက်သွားကာ သူတို့မျက်နှာများက ဖြူရောလာပြီး သွေးများ အန်ထုတ်လိုက်ကြရသည်။
ဝမ်လင်းက သူ့လက်သီးချက်ကို ပြန်ရုတ်သိမ်းခြင်း မရှိဘဲ လက်ဝါးဖြန့်သည်။ နတ်ဆိုးတပ်သားများ အန်ထုတ်လိုက်ရသည့် သွေးများက မြေပေါ်သို့ ကျဆင်းသွားခြင်း မရှိဘဲ သူ့ထံသို့ လာရောက်စုဝေးသည်။ သိပ်မကြာခင်တွင် ဝမ်လင်းလက်ရှေ့၌ သွေးအလုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူက ညာလက်ကို တွန်းထုတ်လိုက်ရာ သည်သွေးလုံးက မြို့နံရံထံသို့ ပျံသန်းသွားတော့သည်။
သွေးလုံးက မြို့နံရံသို့ ထိမှန်ခါနီး၌ မြို့ဂိတ်ပေါက်အတွင်းမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင်တွင် အနီရောင်ပုံရိပ်တစ်ခုက ဂိတ်ဝ၌ ပေါ်လာ၏။ သည်လူက လေထဲသို့ လက်ညွှန်လိုက်ရာ သွေးလုံးက နံရံသို့ မထိမှန်ခင် ပျက်စီးသွားတော့သည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက ပြောလိုက်၏။ “ငါနဲ့ တစ်နေရာတည်းက လာခဲ့တဲ့လူကို တွေ့ရတဲ့အတွက် ငါက အံအောမိပါတယ်…”
အနီရောင်ပုံရိပ်က အမျိုးသမီးတစ်ယောက်ပင်။
သည်အမျိုးသမီးပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးတပ်သားများက ဒူးထောက်ချကာ ပြောလိုက်၏။ “တပ်မှူးကို နှုတ်ဆက်ပါတယ်…”
သူမမျက်လုံးက တောက်ပနေကာ သတ်ဖြတ်လိုမှုအငွေ့အသက်တို့ ရှိနေ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက ဝမ်လင်းထံသို အေးစက်စွာ ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဝမ်လင်း…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သူမကို သေချာကြည့်လိုက်၏။ သူက သည်အမျိုးသမီးကို အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ်အပြင်ဘက်၌ မြင်တွေ့ဖူးပေသည်။ သည်အမျိုးသမီးက ကိုယ်ပိုင်နေရာတစ်ခုနှင့် ပင်လယ်အပြင်ဘက်တုန်းက ရှိခဲ့ကာ အတော်လေး မျက်စိဖမ်းစားနိုင်ခဲ့သူ ဖြစ်သည်။ထို့ကြောင့်လည်း ဝမ်လင်းက သူမကို သတိပြုမိခြင်းပင်။ သူမက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွင် ရှိနေကာ အထိတ်အထိပ်အဆင့်နှင့် သိပ်မဝေးတော့ချေ။
“ကြည့်ရတာ ထျန်ယွမ်ဂြိုဟ်ပေါ်က လူအချို့က ငါ့ကို သိနေတဲ့ပုံပဲ…” ဝမ်လင်းက ပြုံး၍ ရှေ့သို့ ဆက်လျှောက်လာသည်။
ခြေတစ်လှမ်းဖြင့်ပင် သူ့ထံမှ ကြမ်းကြုတ်သည့်အော်ရာက ရုတ်တရက် ပျံ့နှံလာသည်။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်းကို အေးစက်စွာ ကြည့်ကာ သူမက မျက်မှောင်ကြုတ်သွား၏။သည့်နောက် သူမက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။ “ဒီတော့ နင်ကလည်း ကောင်းကင်နတ်ဆိုးနိုင်ငံမှာပေါ့။ နင်လည်း စစ်ဘက်ဆိုင်ရာရာထူးအတွက် ရှေးဟောင်းနတ်ဆိုးမြို့ကို လာခဲ့တာပေါ့။ ဒီတော့ ငါတို့နှစ်ယောက်ကြားက တိုက်ပွဲက အဓိပ္ပာယ် မရှိတော့ဘူး…”
သူက ထိုသို့ပြောပြီးသည်နှင့် ပြန်လှည့်ကာ မြို့ထဲသို့ လမ်းလျှောက်သွား၏။
ဝမ်လင်းက ပြုံး၍ မြို့ဂိတ်ဝကို ဖြတ်ကာ လမ်းလျှောက် ဝင်သွားသည်။ ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကလည်း သူ့နောက်မှ အမြန်လိုက်လာ၏။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက သိပ်မြန်မြန် မသွားချေ။ သူမက မြို့ထဲသို့ တန်းတန်းမတ်မတ်မသွားဘဲ ကွက်လပ်တစ်ခုသို့ ဦးတည်သွားသည်။ သည်ကွက်လပ်ထဲ၌ ကြီးမားသည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိနေသည်။
သည်အစီအရင် ပတ်လည်၌ စောင့်ကြပ်နေသော နတ်ဆိုးတပ်သားများစွာ ရှိနေသည်။ သူတို့က အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို မြင်သည်နှင့် ဒူးထောက်ချကာ လေးစားသမှု ပြသကြသည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အတွင်း၌ အမျိုးသမီးက ပြန်လှည့်ကာ ဝမ်လင်းထံသို့ အေးစက်စွာ လှမ်းပြောသည်။ “ဘယ်တောင်ပံဗိုလ်ချုပ်ကို တွေ့ဖို့ ငါ့နောက်လိုက်ခဲ့…။ ရှေးဟောင်းနတ်ဆိုးမြို့တော်မှာ နတ်ဆိုးဗိုလ်ချုပ်တစ်ယောကပဲ နင့်ကို နေရာပေးနိုင်မယ်…”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သူက ဆယ့်သုံးနှင့် ဟော်ဖောင်တို့ကို ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် မြို့ထဲမှာ ခဏစောင့်နေခဲ့…” ထိုသို့ပြောပြီးနောက် သူက အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။
သည်ဝင်ရောက်လိုက်သည်နှင့် အစီအရင်က အသက်ဝင်သွားကာ ဝမ်လင်းနှင့် အဖြူရောင်ဝတ်စုံအမျိုးသမီးတို့က အဖြူရောင်လှိုင်းများကြားတွင် ပျောက်ကွယ်လို့သွားတော့သည်။
တည်နေရာ ရွှေ့ပြောင်းနေစဉ် အနည်းငယ် သက်တောင့်သက်သာ မရှိမှုကို ခံစားလိုက်ရပြီးနောက် ဝမ်လင်းက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သူက သူတည်နေရာ ရွှေ့ပြောင်းခံလိုက်ရသည့်နေရာကို လှည့်ပတ်ကြည့်လိုက်သည်။ သူက မိုးထိမြင့်မားသည့် ကြီးမားသောနန်းတော် အဆောက်အဦကြီးတစ်ခုကို ချက်ခြင်း သတိပြုမိလိုက်သည်။
သည်နန်းတော် အဆောက်အဦကြီးထဲ၌ ဧရာမရုပ်ထုကြီးတစ်ခု ရှိကာ ၎င်းက ကောင်းကင်ဘုံထိ ထွင်းဖောက်နေသည့်အလား ထင်မှတ်ရသည်။ သည်အရာက ချပ်ဝတ်တန်ဆာနှင့်သန်မာသည့်လူကြီး တစ်ယောက်၏ ရုပ်ထု ဖြစ်ကာ အားကောင်းသော နတ်ဆိုးအော်ရာကို ထုတ်လွှတ်လို့နေသည်။ ကောင်းကင်တစ်ခုလုံးက သည်အော်ရာဖြင့် ဖုံးကာထားသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက အစီအရင်ထဲကနေ လှမ်းထွက်လာပြီး ပြောလိုက်သည်။ “အရှင်ဗိုလ်ချုပ်…ငါက လူတစ်ယောက်ကို ဒီနေရာ ခေါ်လာခဲ့ပါတယ်…”
သူမက ထိုသို့ ပြောလိုက်ပြီးပြီးချင်း နန်းတော်အတွင်းမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သိပ်မကြာခင်တွင် ထိုရုတ်ထုကြီးထံမှ ပုံရိပ်တစ်ခုက ခုန်ဆင်းလာခဲ့သည်။
သည်ပုံရိပ်က အလွန်မြန်ဆန်ကာ သူက ကောင်းကင်ထက်တွင် ရပ်တန့်လိုက်သည်။ သည်လူက သာမန်ဟုသာ ထင်မှတ်ရ၏။သို့သော် အားကောင်းသောအော်ရာကို ပေးစွမ်းနေသည်။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက်မောင်းများက ကြီးမားလသည်။ သူထံမှ မတ်တပ်ရပ်နေရုံဖြင့် အမိန့်ပေးနိုင်သည့်အော်ရာ ထွက်ပေါ်နေသည်။
သူ့မျက်လုံးများကလည်း ပြူးကျယ်ကာ ဝမ်လင်းကို ကြည့်သည်။ သည့်နောက် သူက ပြုံး၍ ပြောလိုက်၏။ “ဒီတော့ မင်းက ငါ့နတ်ဆိုးတပ်သားတွေကို မြို့ဂိတ်ဝမှာ တိုက်ခိုက်ခဲ့တဲ့ လူပေါ့…”
ဝမ်လင်းမျက်လုံးသူငယ်အိမ်က ယောင်ယောင်လေး ကျုံ့သွားမိသည်။ သည်လူက သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းထားသည်။ထို့ကြောင့် သာမန်လူတစ်ယောက်က သည်အရာကို သတိပြုမိနိုင်မည် မဟုတ်ချေ။ သို့သော် ဝမ်လင်းကျင့်ကြံမှုအဆင့်ဖြင့် သည်လူက အလွန်အားကောင်းမည်ကို ပြောနိုင်၏။ သည်လူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က သောင်းကျော်ချီသည့်အဆင့်မျှ သန်မာနေနိုင်သည်။ သည်လူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်လောက် စွမ်းအားမရှိဘူးဆိုရင်ပင် အလွန်နီးစပ်နေပြီ ဖြစ်၏။
ကြယ်သုံးပွင့် နတ်ဆိုးစိတ်ဝိညာဉ်ပမာဏကို အဆင့်တစ်ခုဟု သတ်မှတ်သည်။ အဆင့်သုံးက အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသည်။ အဆင့်သုံးဆယ်က အမြုတေဖွဲ့တည်ခြင်း၊ အဆင့်သုံးရာက စဦးစိတ်ဝိညာဉ်အဆင့်၊ အဆင့်သုံးထောင်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း၊ အဆင့်သုံးသောင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း၊ အဆင့်သုံသိန်းက အာဏာတက်ခြင်းအဆင့်နှင့် ညီမျှပေသည်။
ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့အသွင်က တည်ငြိမ်နေကာ သူက အလေးအနက် ပြောလိုက်သည်။ “ဟုတ်ပါတယ်..”
သည်ဗလတောင့်တောင့် လူကြီးမျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ သည့်နောက် သူက ရယ်မောလိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးက လက်သီးတစ်ချက်ထိုးကာ ပြောလိုက်၏။ ကောင်းတယ်။ “ဒီဗိုလ်ချုပ်က မင်းမှာ ဘယ်လောက်စွမ်းအား ရှိလဲ သိခွင့်ပြုတော့…”
သည်လက်သီးချက်က အလင်းတန်းအလား ရွှေ့လျားလာ၏။သို့သော် ထူးဆန်းစွာပင် မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိချေ။ ၎င်းက လေထဲသို့ ထိုးသွင်းခြင်း ဖြစ်သော်လည်း လက်သီးအားကတော့ ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ဝမ်လင်းမျက်နှာပေါ်၌ မည်သည့်တုန်လှုပ်မှုမှ ရှိမနေခဲ့ချေ။ သူက ညာလက်မကို မြှောက်ကာ လေထဲသို့ ဖိနှိပ်၏။
“မရဏလက်ချောင်း…” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမျက်လုံးက လက်ခနဲ ဖြစ်သွား၏။
ဝမ်လင်း ပတ်လည် ပေတစ်ရာက သေဆုံးခြင်းဓာတ်များနှင့် ပြည့်နှက်သွားသည်။
သူက မရဏလက်ချောင်းကို အသုံးပြုလိုက်သည့်အခိုက် သူနှင့် ဗလတောင့်တောင့်လူကြီးကြားရှိ လေထဲထဲ၌ ကျယ်လောင်သောပေါက်ကွဲမှု တစ်ခု ဖြစ်သွား၏။ ဝမ်လင်း နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရကာ သူ့မျက်လုံးက အေးစက်လာခဲ့သည်။
ထို့နောက် သူက ကောင်းကင်ထက်ရှိ ဗလတောင့်တောင့်လူကြီးကို ကြည့်သည်။ လူကြီးက သူ့လက်သီးချက်ကို ပြန်ရုတ်သိမ်းကာ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရမ်းသွား၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ပြောလိုက်သည်။ “ကောင်းတယ်…၊ဒီဗိုလ်ချုပ်က မြေဆွဲအားကို အသုံးပြုပြီး မင်းအပေါ်မှာ ရှိနေခဲ့တာ၊ ဒီလက်ချောင်းကြောင့် မင်းက ငါ့လက်အောက်မှ အကြီးအကဲ အဖြစ် ရှိဖို့ အရည်အသွေးပြည့်မှီတယ်…”
ဝမ်လင်းအသွင်က တည်ငြိမ်စွာပင်။သူက ပြောလိုက်၏။ “ငါက အတွင်းနေရာ ရာထူးကို မလိုချင်ပါဘူး…”
ဗလတောင့်တောင့်လူကြီးမျက်နှာက အလေးအနက် ဖြစ်သွား၏။ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။ “နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေအပေါ် မင်းရဲ့ နားလည်ထားမှုက ငါထင်ထားတာထက် ပိုနေတာပဲ။ မင်းက အတွင်း၊အပြင်နေရာနှစ်ခု ကြားက ခြားနားမှုအကြောင်းတောင် သိနေတယ်…”
လျိုယွမ်၏ မှတ်ဉာဏ်များထဲ၌ သူ့ဘိုးဘေးက အတွင်း၊အပြင်နေရာများ အကြောင်းပြောခဲ့သည်။ အကြီးအကဲများသည် အတွင်းနေရာ ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ကြသူများ ဖြစ်သည်။ သူတို့လက်အောက်၌ မည်သည့် တပ်သားမှ မရှိချေ။ တပ်မှူးကဲ့သို့ အပြင်ဘက်နေရာ ရာထူးများတွင်သာ သူတို့လက်အောက်၌ အမိန့်နာခံသည့် တပ်သားများ ရှိကြသည်ဟု ပြောထားခဲ့လေ၏။
“နတ်ဆိုးအင်ပါယာက ငါတို့ကို ပြင်ပကျင့်ကြံသူတွေ အတွက် သူတို့ ကြိုက်တဲ့ နေရာ ပေးဖို့ ပြောထားတယ်၊ မင်းမှာ စွမ်းရည် ရှိမယ်ဆိုရင်ပေါ့။ ကောင်လေး မင်းက အပြင်ဘက်ရာထူးကို လိုချင်ရင် မင်းရဲ့ အစစ်အမှန်စွမ်းရည်ကို ပြသဖို့ လိုတယ်။ ဒီလက်ချောင်းတိုက်ချက်တစ်ခုက လုံလောက်အောင် မသန်မာသေးဘူး…”
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ အာရုံစိုက်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “သင် ဆက်လုပ်နိုင်တယ်…”
ဗလတောင့်တောင့်လူကြီးက အသိအမှတ်ပြုဟန် ပြသ၏။ သူက အချိန်ဆက် မဖြုန်းတော့ဘဲ နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလိုက်၏။
သူက မြန်ဆန်လှသည်။မျက်စိတစ်မှိတ်အတွင်း သူက လက်သီးဆယ်ချက် ထိုးထည့်လိုက်ပြီး ဖြစ်နေသည်။ သူ့ပတ်လည်ရှိ လေဟာနယ်က ပြိုကျတော့မည့် အရိပ်အယောင်ပင် ပြသလာခဲ့သည်။ သို့သော် သည်နေရာရှိ လေဟာနယ်က အလွန်မာကျော၏။ထို့ကြောင့် လက်သီးဆယ်ချက်မျှဖြင့် ပြိုကျပျက်စီးခြင်း မဖြစ်နိုင်ပေ။
“မင်းက ငါ့ရဲ့ ပြိုကျခြင်းတိုက်ပွဲဆန္ဒဆယ်ခုကို ခုခံနိုင်ရင် မင်းက တပ်မှူးချုပ် ဖြစ်နိုင်တယ်..” ဗလတောင့်တောင့်လူကြီးက ကျယ်လောင်စွာ မာန်သွင်း၍ သူ့လက်ကို ဆန့်ထုတ်သည်။ သူက လေထုကို ဖြတ်ကာ ပြိုကျသည့် လေဟာနယ်ကို ဖမ်းဆုပ်လိုက်ပြီး ဝမ်လင်းထံသို့ ပစ်သွင်းလိုက်သည်။
သည် ပြိုကျခြင်းတိုက်ပွဲဆန္ဒဆယ်ခုက ပုံရိပ်ယောင် မဟုတ်ပေ။ ၎င်းက လေဟာနယ် အစိတ်အပိုင်း တစ်ခု ဖြစ်၏။ ၎င်းထဲ၌ နတ်ဆိုးဗိုလ်ချုပ်၏ လက်သီးဆယ်ချက်နှင့်နတ်ဆိုးအော်ရာများ ပါဝင်ပေသည်။ သည်တိုက်ခိုက်မှုနှင့် သိပ်သည်းသော သတ်ဖြတ်လိုမှုစိတ်ဆန္ဒပါ ပါဝင်နေသေး၏။
သည်လက်သီးဆယ်ချက်က လေဟာနယ်ကို ဆယ်ကြိမ် ပြိုကျမှု ဖြစ်စေခြင်းပင်။ လက်သီးတစ်ချက်၌ တစ်ကြိမ် ပြိုကျသည်။ ဆယ်ကြိမ် ပြိုကျပါက သည်တိုက်ခိုက်မှု မန္တန်၏ စွမ်းအးက အံ့မခန်း ပြင်းထန်လာပေမည်။ သည်လို မန္တန်များကို ကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင်ပင် အလွန်အမင်း ရှားပါးလွန်း၏။ သည်တစ်ကြိမ်က ဝမ်လင်းအတွက် ပထမဆုံးအကြိမ် အဖြစ် သည်လိုမန္တန်မျိုးနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။
ချက်ခြင်းပင် ပြိုကျခြင်းတိုက်ပွဲဆန္ဒဆယ်ခုက ဝမ်လင်းထံသို့ ပျံသန်းတိုးဝင်လာ၏။ သူက သည်အရာကို ဖြတ်၍ပင် မြင်နေရသည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ ခြေတစ်လှမ်းလှမ်းကာ မတ်မတ်ရပ်၏။ သူက မည်သည့် လက်နက်ရတနာကိုမျှ အသုံးမပြုချေ။ သို့သော် သူ့လက်မောင်းပတ်လည်၌ မီးခိုးရောင်အခိုးငွေ့က လှည်ပတ်လာကာ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို အသုံးပြုလိုက်လေ၏။
တစ်ပြိုင်နက်တည်းမှာပင် သူက သူ့လက်ညှိုးကို ညွှန်ကာ မရဏလက်ချောင်း မန္တန်ကို အသုံးပြ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြန်ဆန်စွာဖြင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ သူ့လက်ညှိုးထိပ်၌ လာရောက် သိပ်သည်းသွားတော့သည်။းတော့သည်ည်းသ့လက်ညှိုးထိပ်၌ လာရေုးထိပ်ိုက်လေ၏ပညာည်လိုမနက ပြောလိုက်သည်