Switch Mode

အပိုင်း (၅၈၃):

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက တိတ်ဆိတ်စွာ စဉ်းစားကာနေသည်။သူက ရှေးဟောင်းနတ်ဆိုးမြို့တော်သို့ သွားရောက်နေသော သူနှင့်မျိုးနွယ်စုတူရောင်းရင်း နှင့်ပတ်သတ်၍ အမြင်ကောင်း မရှိချေ။

သည့်နောက်သူက စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ရုတ်တရပ် မြေပြင်က တုန်ခါသွား၏။ သည့်နောက် ကျယ်လောင်သော တုန်ခါသံကြီးက မျိုးနွယ်စုဧရိယာ ငါးကီလိုမီတာ အကွာကနေ ထွက်ပေါ်လာ၏။

အဖြူရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာက ရှုံ့တွသွားသည်။ ထို့နောက်သူက အခန်းထဲကနေ ထွက်လိုက်၏။

လူတစ်ယောက်က လေပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နတ်ဆိုးဆန်သည့် အော်ရာကို ပေးစွမ်းကာ နေသည်။

သူက ဒေါသတကြီး လိုက်လာသည့် ဝမ်လင်းပင်။

သည်အချိန်၌ ဝမ်လင်းမျက်လုံးက အေးစက်လို့နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း မြင့်တက်နေသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သည်ဧရိယာကို ဖြတ်ကာ တုန်ခါလှိုင်းများ ဖြစ်သွားစေသည်။

သူ့နောက်ရှိ ငါးကီလိုမီတာက ပြိုကျပျက်စီးတော့မည့် အရိပ်လက္ခဏာများ ပြသလာ၏။

သို့ရာတွင် မြေကြီးက တုန်ခါ ပြိုကျလာသည့်အခိုက်၌ အစိမ်းရောင်လှိုင်းတွန့်တစ်ခုက သည်ငါးကီလိုမီတာ ဧရိယာကနေ ပေါ်ထွက်လာ၏။ မြေကြီးက ရုတ်တရက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပြင်းထန်သောအားတစ်ခုက ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ညာလက်မကို အောက်သို့ ဖိချသည်။ သူက မရဏလက်ချောင်း၏စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်၏။

သည်လက်ချောင်းက ပတ်ဝန်းကျင်တစ်ခုလုံးကို သေခြင်းအော်ရာဖြင့် ဖုံးလွှမ်းသွားစေ၏။ ကောင်းကင်ပင် အရောင်ဖျော့လို့သွားရသည်။

သူ့လက်မက အောက်သို့ ဖိချလာကာ အစိမ်းရောင်လှိုင်းတွန့်နှင့် ကောင်းကင်ထက်တွင် ထိတိုက်သွားသည်။ လှိုင်းများက ချက်ခြင်း အခုံးအသွင် ဖြစ်သွားကာ ဝမ်လင်း လက်ချောင်းပတ်လည်၌ ဝန်းရံလှုပ်ရှားသွား၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ပြောလိုက်၏။ “ပျက်စီးစမ်း…”

စကားတစ်ခွန်းဖြင့်ပင် ဝမ်လင်းလက်ချောင်းထံမှ အနက်ရောင်အလင်းတစ်ခု တောက်ပသွား၏။ လှိုင်းတွန့်များက ချက်ခြင်း ပျက်စီးကာ ပြန့်နှံ့၍ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက လေထဲ၌ မြောလွင့်လျက်ရှိကာ သူ့အောက်ရှိ မျိုးနွယ်စုကို အေးစက်စွာ ကြည့်၏။ ငါးကီလိုမီတာအတွင်းရှိ လူတိုင်းက အိမ်ထဲကနေ ထွက်လာပြီး ကောင်းကင်ထက်သို့ ကြောက်လန့်တကြား ကြည့်သည်။

ဝမ်လင်းက မစဉ်းစာမဆင်ခြင်ဘဲ သတ်ဖြတ်သည့်လူတစ်ယောက်မဟုတ်ချေ။ သည်လူများကြား၌ လူနှစ်ယောက်ကိုသာ သူက အာရုံစိုက်မိသွားသည်။ထိုလူနှစ်ယောက်က မီးခိုးရောင်ဝတ်စုံနှင့် အဖြူရောင်ဝတ်စုံတို့ ဝတ်ဆင်ထားကြသော အဘိုးအိုနှစ်ယောက် ဖြစ်သည်။

သည်အခိုက်တွင် မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုက စိတ်ထဲ၌ ခါးသက်စွာ ခံစားမိနေသည်။ သူက နောင်တရဟန်ဖြင့် သက်ပြင်းချ၏. သူတို့က မနှောက်ယှက်သင့်သည် သူကို သွားရောက်နှက်ယှက်ခဲ့မိချေပြီ။ အစီအရင်၏ အားကို လက်ညှိုးတစ်ချက်ဖြင့်ပင် ပျက်စီးစေသည့်လူ၏ ကျင့်ကြံမှုအဆင့်က မည်သို့ အားနည်းနိုင်ပါ့မည်နည်း။

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုသည်လည်း တုန်လှုပ်နေသည်သာ။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေ၏။

“ဒီအရိုင်းအစား ရွာသားမျိုးနွယ်တွေသာ နေတဲ့ နေရာမှာ ဘာကြောင့် ဒီလို စွမ်းအားကောင်းတဲ့လူက ပေါ်လာရတာလဲ…။ သူ့ ကျင့်ကြံမှုက ဗိုလ်ချုပ်အိမ်ရာရဲ့ အကြီးအကဲအဆင့်လောက် ရှိနေတယ်။ ငါက သူ့ပြိုင်ဘက်မဟုတ်မှာ စိုးရွှံမိတယ်…”

ဝမ်လင်း မျက်လုံးများက အေးစက်နေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ့ကို စိမ်ခေါ်မှု ပို့လိုက်တဲ့လူက ဘယ်သူလဲ…၊ထွက်လာခဲ့…”

သူ့အသံက တည်ငြိမ်နေ၏။ သို့သော် သည်အသံက မြေပြင်သို့ ဆင်းသက်သွားသည့်အခါ မိုးခြိမ်းသံအလား သည်ဧရိယာတွင် ပျံ့နှံ့သွားတော့သည်။ မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်နှာက ရုတ်တရက် ဖြူရောသွားသည်။ သူ့ခန္ဓာကိုယ်ကလည်း လှုပ်ယမ်းခါနေကာ နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ ထို့နောက် သူ့ပါးစပ်ထောင့်ကနေ သွေးများယိုစီးကျလာ၏။ သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုက အကန့်အသတ်သို့ ရောက်ရှိသွားသည်။

အဖြူရောင်ဝတ်စုံနှင့်လူက တောင့်ခံနိုင်ရုံသာ ရှိ၏။ သူက အံ့ကြိတ်ကာ လှမ်းအော်လိုက်၏။ “သင်က ဘယ်သူလဲ…။ ငါက ရှေးဟောင်းနတ်ဆိုးမြို့ ဘယ်တောင်ပံဗိုလ်ချုပ်ရဲ့ အမှုထမ်းပဲ…”

ဝမ်လင်းအကြည့်က ထိုလူ့ပေါ်သို့ ကျရောက်သွားကာ သူက အေးစက်စွာ ပြောလိုက်၏။ “မင်းပဲ ဖြစ်မယ်။ မင်းရှိကနေ စိတ်ဝိညာည်အလံ အော်ရာ ရနေတယ်။ မင်း သေရမယ်…”

အဖြူရောင်ဝတ်စုံနှင့်လူ၏ နှလုံးသားက တုန်ယင်နေသည်။ သူက အံ့ကြိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ အလံတွေကို ယူတာ ဒီအဘိုးအိုပဲ။ မင်းမှာ အရည်အချင်းရှိရင် အစီအရင်အရင်ကို ချိုးဖျက်ပြီး လာယူချေ…”

ဝမ်လင်းက အဘိုးအိုကို အေးစက်စွာ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီအစီအရင်က ငါ့ကို တားဆီးနိုင်မယ်လို့ မင်း ထင်နေတာလား…”

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကြီးမားသည့် ပုဆိန်ကြီးတစ်လက်ကို ထုတ်ယူလိုက်၏။ ၎င်းက လေထဲ၌ အနက်ရောင်တောက်နေတော့သည်။

ပုဆိန်ပေါ်လာသည်နှင့် ကောင်းကင်ထက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ပုဆိန်ပတ်လည်၌ အလင်းများ ထွက်ပေါ်လာ၏။

အဖြူရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်လုံးသူငယ်အိမ်က ကြုံ့သွားခဲ့သည်။ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက ဝင်ပြောလိုက်သည်။ “ပြင်ပကျင့်ကြံသူ…”

ဝမ်လင်းအသွင်က အေးစက်နေကာ သူက ပုဆိန်ကို ကိုင်ဆွဲ၍ လွှဲပိုင်းချလိုက်၏။

ပေတစ်ရာခန့်ရှိသည့် ပုဆိန်စွမ်းအင်တန်းက အစီအရင်ပေါ်သို့ ကျရောက်သွားတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်သွားလေ၏။

ဝမ်လင်းက တစ်ချက်တည်းဖြင့် ရပ်တန့်ခြင်း မရှိချေ။ သူက စစ်နတ်ဘုရားတစ်ပါးအလား ပုဆိန်ကို လွှဲ၍ ဆက်ကာဆက်ကာ အစီအရင်ပေါ်သို့ ရိုက်ချပစ်သည်။

အဖြူရောင်ဝတ်စုံနှင့်လူ၏ မျက်နှာက လုံးဝ ဖြူရောသွားတော့သည်။ သူ့စိတ်ထဲရှိ နောင်တရမှုကလည်း အကန့်အသတ်သို့ ‌ရောက်ရှိသွား၏။

အစိမ်းရောင်အလင်းတန်းတစ်ခုက ငါးကီလိုမီတာပတ်လည်တွင် ပြင်းထန်စွာ လင်းလက်နေ၏။ ပုဆိန်ချက် ကျရောက်လာတိုင်း အစိမ်းရောင်အလင်းတန်းက လင်းလက်ကာ ပုဆိန်စွမ်းအားကို အချည်းနှီး ဖြစ်စေ၍ အစီအရင်၏ ခွန်အားတိုးလာရန်ပင် ယင်းစွမ်းအင်ကို စုပ်ယူလိုက်သေးသည်။

သည်အစီအရင်က တောင်ကြားရှိအစီအရင်ထက် အနည်းငယ်သာ သန်မာခြင်း မဟုတ်ချေ။

အသက်ရှုချိန်အနည်းငယ် ကြာမြင့်ပြီးနောက် အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက နောက်ဆုံးတွင် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ သူ့အသွင်က တဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ သူက ပုဆိန်ဖြင့်လွှဲပိုင်းနေသည့် ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “မင်း ပြောသလို ဒီအစီအရင်က ဘယ်လိုလုပ် ပျက်စီးနိုင်မှာလဲ…”

သူ့ဘေးရှိ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုကလည်း စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ သူက သည်အစီအရင်၏ စွမ်းအားကို ရှင်းလင်းစွာ သိပေသည်။ ခု သည်ပြင်ပကျင့်ကြံသူက သည်အစီအရင်ကို မချိုးဖျက်နိုသည့်ပုံ ဖြစ်နေသည်မဟုတ်လား။

ဝမ်လင်းအသွင်က အေးစက်နေဆဲပင်။ အစီအရင်၏ စွမ်းအားက သူ့မျှော်မှန်းထားသည်ထက် ပိုနေ၏။ သူက နောက်သို့ ဆုတ်ကာ အစီအရင်ထံသို့ စူးစိုက်ကြည့်လိုက်သည်။

“ငါက ဒီအစီအရင်ကို အချိန်တိုအတွင်း ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ငါက အတားအဆီးအစီအရင်ကို အသုံးပြုမယ်ဆိုရင်တောင် ဒါကို လေ့လာဖို့ အချိန်ယူရဦးမယ်…”

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက ရယ်မောကာ ပြောလိုက်သည်။ “မင်းမှာ ကောင်းကင်မန္တန်တွေ ရှိနေမယ်ဆိုရင်တောင် ဒီအစီအရင်က မင်း ချိုးဖျက်နိုင်တဲ့ အရာ မဟုတ်ဘူး။ မင်းက အရှက်မကွဲခင် ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ ငါအကြံပေးချင်တယ်…”

ဝမ်လင်းက ထိုလူကို အေးစက်စွာ ကြည့်ကာ အေးတိအေးစက် ပြောလိုက်၏။ “တကယ်လား…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့ပုဆိန်ကို ပစ်လွှတ်လိုက်၏။ သည်တစ်ကြိမ်က အစီအရင်ထံသို့ ပစ်လွှတ်ခြင်း မဟုတ်ဘဲ သည်ငါးကီလိုမီတာဧရိယာ၏ အစွန်းပိုင်း အစီအရင် ဖုံးအုပ်နေသည့် နေရာသို့သာ ဖြစ်၏။

ပုဆိန်က အလင်းတန်းအလား ရွှေ့လျားသွားကာ သည်ဧရိယာ၏ အစွန်းပိုင်းသို့ ကျရောက်သွားပြီး ကျယ်လောင်သောအသံတစ်ခုကို ဖြစ်ပေါ်စေသည်။ အစီအရင်၏ ပြင်ပအစွန်းနား ဖြစ်နေသဖြင့် ပုဆိန်က မြေကြီးပေါ်သို့ နက်ရှိုင်းစွာ တိုးဝင်သွားသည်။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ မြေပြင်သို့ ညွှန်လိုက်ပြီး စက်ဝိုင်းပုံ ရေးဆွဲလိုက်၏။

တုန်ခါသံများနှင့်အတူ ဝမ်လင်း၏ အမိန့်အောက်၌ ပုဆိန်က မြေကြီးအောက်တွင် အလွန်မြန်သောနှုန်းဖြင့် ရွှေ့လျားနေသည်။၎င်းက အစီအရင်ပတ်လည်၌ ရွှေ့လျားလှည့်ပတ်ကာ တူးဆွနေ၏။

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုက မှင်တက်သွားသည်။ သည် ပြင်ပကျင့်ကြံသူမ ဘာလုပ်နေသည်ကို သူသေချာမိသချေ။

ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူက အသက်ဝဝရှုသွင်း၍ လက်မြှောက်ပြီး အော်ပြောလိုက်သည်။ “မြှင့်တက်စမ်း…”

ထိုအခါ ထူးဆန်းသောအားတစ်ခုက သည်အစီအရင်လွှမ်းခြုံထားသည့် ဧရိယာပတ်လည်သို့ ရုတ်တရက် ဝန်းရသွားသည်။၎င်းက စတင်၍ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

ဝမ်လင်းက နောက်တစ်ကြိမ် အော်ပြောလိုက်ပြန်သည်။ “ငါ့အတွက် မြှင့်တက်စမ်း…”

ဝမ်လင်းက လက်မြှောက်လိုက်စဉ် သူ့လက်မောင်းထက်ရှိ သွေးကြောများပင် ဖောင်းကြွလာခဲ့၏။

ကျယ်လောင်သောအသံများက မြေအောက်ကနေ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ သည်အခိုက်၌ တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

အစီအရင်ဝန်းရံထားသည့် ဧရိယာက မမြင်ရသောလက်ဖြင့် ပင့်တက်ခံလိုက်ရသကဲ့သို့ လေထဲသို့ ကြွတက်လာသည်။

ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံးက ဖုန်မှုန့်များဖြင့် ချက်ခြင်း ဖုံးလွှမ်းကာ သွားတော့သည်။ ဖုန်မှုန့်များက ပြန်လည် အသားကျသွားသည့်အခါ သည်ငါးကီလိုမီတာနေရာက မြေပြင်ထက်မှ ဆယ့်နှစ်ပေခန့် လွင့်မြောနေသည်ကို တွေ့လိုက်ရတော့သည်။

မြေပြင်ပေါ်၌ ရုတ်တရက် ဧရာမချိုင့်ဝှမ်းကြီး တစ်ခု‌ ပေါ်လာခဲ့တော့သည်။

အစောပိုင်းတုန်းက ဝမ်လင်း ထိန်းချုပ်ထားသည့် ပုဆိန်က သည်ငါးကီလိုမီတာမြေကို တူးဆွခဲ့ပေသည်။ ထို့ကြောင့် သည်ဧရိယာမြေက လေထဲသို့ ကြွတက်လာခဲ့ခြင်း ဖြစ်၏။

ရွာသားများက ကြောက်လန့်စွာ အော်ဟစ်နေကြသည်။ သူတို့က သည်လိုမျိုးကို လုံးဝ မမြင်တွေ့ခဲ့ဖူးချေ။ သည်အရာက သူတို့ စိတ်ကူးထားသည်ထက် ပိုနေ၏။

မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအို၏ ခန္ဓာကိုယ်က ပျော့ကျသွားပြီး မြေပေါ်သို့ ပြုတ်ကျသွား၏။ သူ့မျက်နှာက လုံးဝ ဖြူရောက်နေကာ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ပြန်ဖြစ်တည်လာသည်။

“ဒီလူက ရူးနေတာပဲ…သူ…သူက အစီအရင်ကာကွယ်ပေးထားတဲ့ နေရာကို မြေပြင်ကနေ တူးဆွပစ်တယ်…”

အဖြူရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်နေသည်။ သူက ပြင်ပကျင့်ကြံသူသည် ထိုသို့ ပြုလုပ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားမိချေ။

ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုက အားကောင်းလာခဲ့၏။သူက အစီအရင်ကို ဖျက်စီးခြင်း မပြုခဲ့ပေ။ ထိုအစား သူက ခုလို ပြုလုပ်လိုက်သည်။

သူက သည်မြေကို လက်ဖြင့် ဆုပ်ကိုင်ထားကာ မာန်သွင်းပြီး သည်ငါးကီလိုမီတာ နယ်မြေတစ်ခုလုံးကို လေထဲသို့ ပစ်လွှတ်လိုက်သည်။ သည်မြောလွင့်မြှောက်လာသည် မြေထုက လေထဲသို့ မြန်ဆန်စွာ ပျံတက်သွားတော့၏။

ထိုအခါ ကြောက်လန့်တကြား အော်သံများက ပဲ့တင်ထပ်လို့သွားတော့သည်။

ဝမ်လင်း ခန္ဓာကိုယ် မြန်ဆန်စွာ လှုပ်ရှားသွားပြီး သူက သည်မြေထု အောက်၌ ပေါ်လာ၏။ သူက သည်ငါးကီလိုမီတာ မြေထုကို ပင့်ကိုင်ထားကာ ရှေ့သို့ ဆက်တိုးသွားသည်။

ဝမ်လင်းက မြန်ဆန်လှ၏။ ထို့ကြောင့် နာရီအနည်းငယ် ကြာပြီးနောက် အကွာအဝေးတစ်ခုမှ တောင်ကြားတစ်ခုကို သူက လှမ်းမြင်လိုက်ရတော့သည်။

ထိုတောင်ကြားထဲမှ လူများက ချူယောင်ဟွာနှင့် အတူ ထွက်လာကြပြီး ဝမ်လင်းကို နှုတ်ဆက်ကြ၏။ သို့ရာတွင် သူတို့က ဝမ်လင်း သယ်ဆောင်ထားသည့် ငါးကီလိုမီတာ မြေထုကို ကြည့်ကာ တုန်လှုပ်သွားကြ၏။ သည်မြေထုကို အစီအရင်၏ အစိမ်းရောင်အလင်းတန်းကလည်း ဝန်းရံထားသေး၏။

Comment

Leave a Reply

Options

not work with dark mode
Reset