လည်မျိုဆုပ်ဖမ်းဆုပ်ကွက်က ပိုင်ရှောင်ချန်းနှင့်အတူ ချီစုစည်းခြင်းအဆင့်မှ အခြေခိုင်မာခြင်းအဆင့်အထိ ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုသိုင်းကွက်အား မြေခဓားကမ္ဘာနှင့် လောချိန်တောင်တန်းတို့တွင် အသုံးပြုခဲ့ပြီး အဆင့်လွန်အထိ သူတတ်ကျွမ်းထားသည်။ ၄င်းက ထာဝရအသက်ရှည်နည်းကျမ်းပထမတွဲမှ သက်ဆင်းလာသော နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော်လည်း သူ၏ ထာဝရကောင်းကင်ဘုရင်ကျင့်ကြံခြင်းဖြင့်ဆက်လက်ကျင့်ကြံလိုက်သည်ဝယ် ပို၍ပင် အစွမ်းထက်လာသည်။
၄င်းကိုအသုံးပြုခြင်းမှ အတော်ေလး ထိန်းချုပ်နေရသည်။ သွေးမြေရိုင်းမှာတုန်းက လူအများအပြားက သူ့ကိုစောင့်ကြည့်နေကြသဖြင့် အဆိုးဆုံးအခိုက်အတန့်မှာပင် သူက ၄င်းကိုသော်လည်းးကောင်း အခြားအရာများဖြစ်သော ခရမ်းရောင်ချီဒယ်အိုးဆင့်ခေါ်ခြင်းနှင့် သူ၏လူသားထိန်းချုပ်ခြင်းမှော်ပညာရပ်တို့ကို အသုံးပြုလိုသည့်စိတ်အား အင်မတန်ချိုးနှိမ်ထားရသည်။
နောက်ဆုံးတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ထိန်းချုပ်နည်းမှော်သိုင်းပေါ်တွင် အရေးပေးမှန်း လူတိုင်းကသိကြသဖြင့် အကယ်၍သူသာ ထိုစွမ်းအင်များပေါ်အခြေခံ၍ နတ်ဘုရားစွမ်းရည် သို့မဟုတ် ပညာရပ်များကို အသုံးပြုလိုက်လျှင် သူ၏သရုပ်မှန်မှာ ပေါ်သွားပေလိမ့်မည်။ သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးသည်လည်း ထိုနည်းတူစွာပင် ထိုအချက်ကြောင့် ပိတ်မြဲပိတ်ထားရလေသည်။
တခြားအရာများလည်း ရှိသေးသည်။ သူ၏ လိပ်ဒယ်အိုးနှင့် သစ်သားဓား သော်လည်းကောင်း၊ စိတ်စွမ်းအင်အဆင့်သုံးဆမြှင့်တင်ထားသည့် အခြားသော ရတနာများအားလုံးကိုလည်း သိုဝှက်ထားရသည်။ သို့သော် ယခုတွင်မူ… ပိုင်ရှောင်ချန်း၏သည်းခံမှုအတိုင်းအတာကုန်ဆုံးသွားလေပြီ။
သူအော်လိုက်သည်နှင့် လည်မျိုဖမ်းဆုပ်ကွက်က ပေါ်ထွက်လာပြီး သူ့ကိုယ်မှ စစ်မှန်သောသွေးဆာနေသည့်အငွေ့အသက်တစ်ခုထွက်ပေါ်လာတော့သည်။ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်သည်တွင် လည်မျိုဖမ်းဆုပ်ကွက်က ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်နိုင်သည့် အဆင့်သို့ပင်ရောက်သွားလေသည်။
ထိုလူ၏ လက်နှစ်ချောင်းသွေးဓားကို နီးကပ်ခွင့်ပြုလိုက်ရင်း ရှောင်ချင်း၏ရှေ့တွင် သူ၏ညာလက်ပေါ်လာကာ တဝုန်းဝုန်းထစ်ခြုန်းမြည်သံများထွက်ပေါ်လာသည်။ ရုတ်တရက်ဖြစ်ပေါ်လာသည့် ဆွဲငင်အားကြောင့် ရှောင်ချင်း၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။
သူကအမှားလုပ်မိသွားပြီဟုယုံကြည်လိုက်သော်လည်း မည်သည့်အကြောင်းရင်းကြောင့်မသိ ညမုဆိုးက ရုတ်တရက် အခြားလူတစ်ယောက် အသွင်ပြောင််းသွားသည့်ဟန်တူသည်။
ညမုဆိုး၏ လက်သည်းပမာ ညာလက်ကြီးက ကြောက်မက်ဖွက်အခိုးအငွေ့တို့အား ထုတ်လွှတ်နေသဖြင့် သူ၏နှလုံးသားတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ကြီးစိုးလာ၏။ အန္တာရာယ်အငွေ့အသက်များ ခံစားမိလိုက်ပြီး သူက နောက်သို့ ဒယိမ်းဒယိုင်ဆုတ်လိုက်သဖြင့် သူ၏သွေးဓားက ဥိီးတည်ချက်ပြောင်းသွားပြီး ပိုင်ရှောင်ချန်း၏လက်ဆီသို့ တိုးဝင် သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ ပုံပျက်သွားပြီး တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
ထိုစဥ် သူ၏လက်ချောင်းနှစ်ချောင်းမှဖြစ်ပေါ်သော သွေးဓားတို့က ပိုင်ရှောင်ချန်း၏လည်မျိုဖမ်းဆုပ်ကွက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ သံသံချင်း ထိခတ်သံများ ပဲ့တင်ထပ်သွားပြီး ပိုင်ရှောင်ချန်း၏လက်က ရှောင်ချင်း၏လက်ချောင်းတို့ကို ပြင်းပြင်းထန်ထန်ညှပ်လိုက်လေသည်။
ဂျွတ်…
တုန်ခါလှိုင်းတစ်ခု ပျံ့လွင့်သွား၏။ ရှောင်ချင်းထံမှ အင့်ခနဲ အသံထွက်ပေါ်လာသည်။ သူသည် နောက်သို့ယိုင်ထိုးသွားပြီး သူ၏ညာလက်မောင်းအုံတစ်ခုလုံး တဆတ်ဆတ်တုန်နေလေသည်။ သူ၏လက်ချောင်းနှစ်ချောင်းမှာမူ မရှိတော့သည့်အလားကျိုးကြေသွားလေပြီ။
ရှောင်ချင်းမျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
” ညမုဆိုးက တစ်ခုခုတော့ တစ်ခုခုပဲဟေ့။ ရန်ဟုန်ဝူ၊ ကျန်းယွမ်ရှန်း အတူပေါင်းပြီး သူ့ကိုသတ်ကြ ”
ချက်ချင်းပင် ရန်ဟုန်ဝူနှင့် ကျန်းယွမ်ရှန်းက အသက်ပြင်းပြင်းရှူလိုက်ကြပြီး အံတင်းတင်းကြိတ်ကာ တိုက်ကြတော့သည်။ တောက်လောင်နေသာအမွှေးတိုင်မှ အခိုးအငွေ့များက လည်ပတ်လာကာ ဓားသွားတစ်ခုဖြစ်သွား၏။ ရတနာယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်တွင် နဂါးတစ်ကောင်နှင့်ဆင်တူသည့် ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
ပိုင်ရှောင်ချန်းသည် အနည်းငယ်မျှ မရပ်နားပေ။ သားရဲရိုင်းကြီးတစ်ကောင်အလား ဟိန်းဟောက်လျက် သူက ညာလက်ကို တင်းတင်းဆုပ်ရင်း ရှောင်ချင်းထံတဟုန်ထိုးသွားလေသည်။ သူ ထိုးလိုက်သည်နှင့် ကောင်းကင်နတ်ဆိုးပေါ်ထွက်လာပြီး လေထဲတွင် မိုးခြိမ်းသံကဲ့သို့ထစ်ခြုန်းမြည်ဟည်းသံများပြည့်နှက်သွားတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်း၏ ဘယ်လက်က မန္တန်လက်ကွက်တစ်ခုအရောင် လက်သွားပြီး ရန်ဟုန်ဝူထံ ဦးတည်ကာ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းပင် သူ၏အိတ်ထဲမှ ဓားပျံဒါဇင်ပေါင်းမြောက်မြားစွာ တရှိန်ထိုးထွက်လာကြသည်။ ၄င်းတို့ကို အရောင်ကာလာမျိုးစုံဖြင့် ကြောင်တောင်တောင် ခြယ်သထားပါသော်လည်း တစ်ခုချင်းစီ၏မျက်နှာပြင်ပေါ်တွင် ငွေအမှတ်အသားသုံးခု ရှိကြောင်းကို တွေ့မြင်နေရသည်။
၄င်းတို့အားလုံးက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အသုံးပြုထားပြီး ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ဖြင့်ထိန်းချုပ်ထားသော ပိုင်ရှောင်ချန်း၏စိတ်စွမ်းအင်အဆင့်တိုးမြှင့်ထားသည့် ရတနာပစ္စည်းများဖြစ်ပေသည်။ ၄င်းတို့ပေါ်လာသည်နှင့်တပြိုင်နက် ရန်ဟုန်ဝူ၏အမူအရာမှာ ပြောင်းလဲသွားလေသည်။
ထစ်ခြုန်းမြည်ဟည်းသံများပေါ်ထွက်လာသည်နှင့်အတူ ပိုင်ရှောင်ချန်းက အခြားဘက်သို့ လှည့်ကာ မရပ်မနားပဲ ဆက်လက်တိုက်ခိုက်ရင်း စကားတစ်ခွန်းပြောဆိုလိုက်သည်။
” ဒယ်ဇောက်အိုး ”
ခရမ်းရောင်ဒယ်ဇောက်အိုးတစ်လုံးက ကျန်းယွမ်ရှန်း၏ရှေ့တွင် ရုတ်ချည်းပေါ်လာ၏။ ၄င်းကို မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရောင်အလင်းများနှင့် ကောင်းကင်ဘုံကိုပင် လှုပ်ရမ်းနိုင်စွမ်းရှိသည့် ခမ်းနားကြီးကျယ်သောအရှိန်အဝါတို့ကိုထုတ်လွှတ်နေလေသည်။
ဝုနြးးးးးး
ပိုင်ရှောင်ချန်းက လက်တစ်ဖက်တည်းဖြင့် ရန်သူသုံးဦးအားတိုက်ခိုက်နေရာ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်နေတော့သည်။ ရှောင်ချင်းမျက်နှာပျက်သွားပြီး ရန်ဟုန်ဝူ၏အခိုးအငွေ့များမှာ ဓားပျံများက ဖောက်ထွင်းသွားကာ မြောက်မြားစွာသော ဒဏ်ရာဒဏ်ချက်များရကာ နာကျင်စွာအော်ဟစ်ရင်း နောက်သို့လွင့်ပျံသွားသည်။
အံ့သြစရာကောင်းစွာ သူနောက်သို့လဲကျသွားသည်နှင့် ပိုင်ရှောင်ချန်းက ရှေ့တိုးလာ၏။ ရန်ဟုန်ဝူကို ပထမဆုံး သူသတ်ရန်ကြံထားသည်မှာ သိသာထင်ရှားသည်။ သူ့နောက်ကျောတွင် သံလိုက်ဝိညာဥ်တောင်ပံတို့ပြန့်ကားလာပြီး တစ်ချက်မျှခတ်လိုက်ရုံနှင့် မည်သည့်အရာမဆိုထက် ကျော်လွန်သည့်အရှိန်ဖြင့် အရှေ့သို့ တဟုန်ထိုးပျံသွားသည်။ သူက တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား ရန်ဟုန်ဝူရှေ့တည့်တည့်တွင် ပေါ်လာ၏။ ထို့နောက် သူ၏လက်က လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ရွေ့လျားကာ ရန်ဟုန်ဝူ၏လည်ပင်းပေါ်တွင် လည်မျိုဖမ်းဆုပ်ကွက်ကိုထုတ်သုံးလိုက်သည်။
စူးစူးဝါးဝါးအော်ဟစ်လျက် ရန်ဟုန်ဝူက သူ့ကိုယ်သူ ကာကွယ်ရန်အစွမ်းကုန် ကြိုးစားလိုက်သော်လည်း လက်ဦးမှုမရလိုက်ပေ။ ပထမက ဓားပျံအမြောက်အမြားဖြစ်ပြီး ဒုတိယက ရိပ်ခဲန အမြန်နှုန်းဖြစ်ကာ နောက်ဆုံးလည်မျိုဖမ်းဆုပ်ကွက်ပင်။သူ၏စိတ်များ ယောက်ယက်ခတ်သွားပြီး မှော်တိုက်ပွဲပေါင်းများတွင် အတွေ့အကြုံရှိစေကာမူ တအံ့တသြဖြစ်နေခြင်းမှ မထိန်းချုပ်နိုင်ပေ။
ပိုင်ရှောင်ချန်း၏ညာလက်မှ လက်မနှင့်လက်ညှိုးက ရန်ဟုန်ဝူ၏လည်မျိုကို ဖိညှစ်လိုက်သောကြောင့် ဂျွတ်ခနဲအသံမြည်သွားကာ ကျိုးကြေသွားတော့သည်။
ရန်ဟုန်ဝူ၏အော်သံမှာ ပြတ်တောင်းပြီး လုံးဝမယုံကြည်နိုင်သောမျက်လံုးတွေနှင့် သေဆုံးသွားလေသည်။
ဘေးရှိ ကျန်းယွမ်ရှန်းမှာ တုန်ရီသွားသည်။
“ ခရမ်းရောင်ချီဒယ်ဇောက်အိုးဆင့်ခေါ်နည်း.. မင်း…..မင်းက ညမုဆိုး မဟုတ်ဘူး”
မယုံကြည်နိုင်သောအမူအရာဖြင့် ပိုင်ရှောင်ချန်းက ရန်ဟုန်ဝူ၏အမွှေးတိုင်ကိုဆွဲယူပြီးနောက် သူ့အား ရင်ဆိုင်ရန် လှည့်လာသည်ကို သူကြောင်ကြည့်နေမိသည်။
ရှောင်ချင်း၏အမူအရာမှာပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းကိုခုခံရန် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူ၏ရှေ့၌ ကြီးမားသောဒယ်အိုးကြီးတစ်လုံးက ရုတ်တရက်ပေါ်လာလေသည်။ရှောင်းချင်းက မည့်သည့်တိုက်ကွက်တွေကိုပဲထုတ်သည်ဖြစ်ပါစေ…. ဒယ်အိုးကြီးက အနည်းငယ်မျှ တုန်ခါသွားခြင်းမရှိဘဲ သူခြေပင်မကြွနိုင်လိုက်ခင် ၄င်းက သူ့ကိုပိတ်ထားလိုက်လေသည်။
တိုတောင်းလှသော ထိုအချိန်လေးက ကျန်းယွမ်ရှန်းအတွက် အန္တာရာယ်အများဆုံးအခိုက်အတန့်ပင်။ ယခုပိုင်ရှောင်ချန်းက သူ့ကိုယ်သူဖော်ထုတ်လိုက်ရာ မည်သည့်အတွက်ကြောင့် မျက်မြင်သက်သေများ ထားရစ်ခဲ့မည်နည်း။ သူကနောက်ထပ်ခြေတစ်လှမ်းတိုးသွားပြီး သံလိုက်စွမ်းအင်အတောင်ပံကတဖျပ်ဖျပ်လှုပ်ခါသွားကာ အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုး တက်သွားသည်။ သူက တောင်ဖြိုသိုင်းနှင့် အမြန်နှုန်းကို ပေါင်းစပ်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်အသစ်သည်လည်း ယခင်အဆင့်ထက် တဟုန်ထိုးသာလွန်သွားလေသည်။
သူက မယုံကြည်နိုင်သောအရှိန်ဖြင့်သွားနေသည်သာမက စိတ်ကူး၍ပင် မရနိုင်သောစွမ်းအားများကို ထုတ်ဖော်နေသည်။ ထိုအစွမ်းများကိုသာ အသုံးပြုခဲ့လျှင် ကိစ္စကြီးမဟုတ်သော်လည်း သူက လည်မျိုဖမ်းဆုပ်ကွက်ကိုပါ ထပ်သုံးပြန်သည်။
ထာဝရကျမ်းမှ နတ်ဘုရားစွမ်းအင်နှစ်ခုကို တပြိုင်နက်သုံးလိုက်ရာတွင် ထွက်ပေါ်လာသောစွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် စကားဖြင့်ဖော်ပြဖို့ရန်ပင် ခဲယဥ်းလေသည်။ သူကလေကိုခွင်း၍ သွားနေစဥ် သူ၏လက်မနှင့် လက်ညှိုးက အတူတကွထိသွား၏။ ကျန်းယွမ်ရှန်းမှာ ရှောင်တိမ်းရန် သို့မဟုတ် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ပေ။ တစ်စက္ကန့်တွင် ပိုင်ရှောင်ချန်းက မလှမ်းမကမ်းတွင်ရှိနေခဲ့ပြီး နောက်ထပ်တစ်စက္ကန့်အကြာတွင် သူက သူ၏ရှေ့တည့်တည့်သို့ရောက်လာကာ သူ့လက်ချောင်းများက သူ့လည်ပင်းအား ညှပ်လိုက်လေသည်။
ပိုင်ရှောင်ချန်းသည် သူ၏လက်ချောင်းကို ပြင်းပြင်းထန်ထန် ဖိညှစ်ပစ်ရန်ပင် မလိုလိုက်ချေ။ ၄င်းတို့က ကျန်းယွမ်ရှန်း၏လည်မျိုကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အမြန်နှုန်းနှင့် စွမ်းအားတို့ကြောင့် ကျန်းယွမ်ရှန်းမှာ ရှေးဟောင်းသွေးလမ်း၏ နံရံသို့လွင့်ပျံသွားလေသည်။
ဘုနြးးးးး
ပိုင်ရှောင်ချန်း၏လက်က ကျန်းယွမ်ရှန်း၏လည်မျိုကို ချိုးလိုက်ကာ နံရံသို့ဆောင့်ချပစ်လိုက်သောကြောင့် လမ်းတစ်လုံးတုန်ခါသွားကာ အက်ကွက်သံများက အရပ်မျက်နှာတစ်ခွင်ကို ပျံ့နှံ့သွား၏။
ထိုစဥ် နောက်ဆုံး၌ ရှောင်ချင်းသည် ဆံပင်များ ရှုပ်ပွလျက် မျက်လုံးများမှာလည်း ရူးသွပ်ခြင်းများဖုံးလွှမ်းနေလျက် ပေါ်လာ၏။
” မင်းက ပိုင်ရှောင်ချန်းမလား ”
အကယ်၍ ဤအခိုက်တွင် သူသာ ပိုင်ရှောင်ချန်းအသုံးပြုခဲ့သည့်သိုင်းပညာရပ်များကို မဖော်ထုတ်နိုင်ခဲ့လျှင် အချိန်ကြာမြင့်စွာ အသက်ရှင်နေသည်မှာ အလကားဖြစ်ချေမည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ပိုင်ရှောင်ချန်းကို လေ့လာစုံစမ်းနေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအားလုံးနီးပါး သူ့အကြောင်းဇာတ်လမ်းတို့ကို ကြားထားကြလေသည်။
ပိုင်ရှောင်ချန်း၏သေင်္ကတ မှော်သိုင်းပညာများ အကြောင်းလည်း လူတိုင်းသိလေသည်။ ရှောင်ချင်းသာ လည်မျိုဖမ်းဆုပ်ကွက်ကြောင့် ဆက်စပ်မစဥ်းစားနိုင်ခဲ့လျှင်ပင် ပိုင်ရှောင်ချန်းက ၄င်းနှင့်တူ ခရမ်းရောင်ချီဒယ်ဇောက်အိုးဆင့်ခေါ်နည်းကို အသုံးပြုခဲ့ရာ သိသာထင်ရှားနေပေသည်။
“မင်းကိုသတ်တာက ဂိုဏ်းအတွက် ကြီးမားတဲ့တာဝန်တစ်ခု ထမ်းဆောင်လိုက်တာပဲ ” ရှောင်ချင်းသည် ညမုဆိုးက ပိုင်ရှောင်ချန်းဖြစ်ကြောင်း သိသွားေသာ်လည်း သက်သေမရှိသဖြင့် ထိုကိစ္စအား အလွယ်တကူတင်ပြလိုက်ခြင်းမှာ အကျိုးမရှိပေ။ သူက ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်ကို သတိပေးခဲ့လျှင်ပင် အကျိုးမထူးချေ။ သေရေးရှင်ရေးအခြေအနေဖြစ်ရာ ရှောင်ချင်းက သူ၏နောက်ဆုံးစိတ်စွမ်းအင်ပင်လယ်ကိုစတင်ဖော်ဆောင်ရန် တုံ့ဆိုင်းမနေတော့ပေ။ အံသြစရာကောင်းစွာ သူက အမြုတေအဆင့်သို့ ရောက်အောင် ချက်ချင်း ကြိုးစားအားထုတ်နေလေသည်။ သူအောင်မြင်ပါက လက်ကို အ ပေါ်အောက်လှန်လိုက်သကဲ့သို့ ပိုင်ရှောင်ချန်းကို အလွယ်တကူ သတ်နိုင်မည်ဖြစ်သည်။
အန္တရာယ်များရှိသော်လည်း တွေဝေတုံ့ဆိုင်းနေရန်အချိန်မရှိပေ။ ပိုင်ရှောင်ချန်းက သူ့ကို အလုံးစုံသေစေနိုင်သော အန္တရာယ်အေငွ့အသက်များ ပြည့်နှက်နေစေသည်။ ထို့ပြင် ပိုင်ရှောင်ချန်းက သူ့ကို ကျန်းယွမ်ရှန်းအပေါ်အသုံးပြုခဲ့သည့် တူညီသောတိုက်ကွက်ဖြင့် တိုက်ခိုက်ခဲ့လျှင် သူ့မှာ အသက်ရှင်နိုင်ခြေ လေးဆယ် ရာခိုင်နှုန်းသာရှိသည်။
သို့သော်လည်း သူ၏စိတ်စွမ်းအင်ပင်လယ်ဖြစ်ပေါ်လာသည့်အချိန်ခဏလေးမှာပင် မည့်သည့်အခြေခိုင်မာခြင်းကျင့်ကြံသူကိုမဆို ချေဖျက်နှိမ်နင်းနိုင်သော ပိုင်ရှောင်ချန်း၏ ကောင်းကင်တာအိုအရှိန်အဝါပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်တွင်သာရှိပြီး ရှောင်ချင်း၏စိတ်စွမ်းအင်ပင်လယ်ကို ဖြစ်ပေါ်ခြင်းမှ မတားဆီးနိုင်သော်လည်း သူ၏စိတ်စွမ်းအင်ပင်လယ်တွင် လှိုင်းထန်အောင်လုပ်နိုင်၍ သူ၏အမြုတေအဆင့်စွမ်းအင်ကို ၃၀ရာခိုင်နှုန်းအထိလျှော့ချပစ်နိုင်လေသည်။
ရှောင်ချင်း၏မြင့်တက်နေသောစွမ်းအင်အပေါ် ဖိအားတို့သက်ရောက်လိုက်သည်နှင့်တပြိုင်နက် ပိုင်ရှောင်ချန်း၏နဖူးပေါ်ရှိ တတိယမျက်လုံးပွင့်လာတော့သည်။ ၄င်းက သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးမှလွှဲ၍ တခြားမဟုတ်ပေ။
ခရမ်းရောင်မျက်လုံးက ဖော်ပြရန်မတတ်နိုင်သောစွမ်းအားတို့ကိုထုတ်လွှတ်နေရင်း ပွင့်လာ၏။ မြင့်မြတ်သော အထက်ကောင်းကင်ဘုံမှ အောက်အဝီစိငရဲအထိ အရာခပ်သိမ်းဟူသမျှမှာ အင်းဆက်ပိုးမွှားထက်မပိုသည့်အလား ဖြစ်သည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းနှစ်ပေါင်းများစွာလေ့ကျင့်နေခဲ့သည် ထိန်းချုပ်ထားေသာစွမ်းအားတို့က သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးအတွင်းမှ အတားအဆီးကင်းမဲ့စွာ ထွက်ပေါ်လာသည်။
ရှောင်ချင်းမှာ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်အား ပိုင်ရှောင်ချန်းအကြောင်းပြောရန် ရုတ်တရက် အော်၍ အသိပေးချင်လာသည်နှင့်တပြိုင်နက် ကောင်းကင်တံတားဓမ္မမျက်လုံးက ထိုမျှော်လင့်ချက်များအား အစိတ်စိတ်အမြွှမြွှာရိုက်ချိုးပစ်လိုက်တော့သည်။
ဝုန်းးးးး
ရှောင်ချင်းမှာ ခေါင်းကို မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားလိုက်ရလေသည်။ သူက သိသိသာသာပင် တုန်ရီလာကာ မျက်နှာကြီးရှုံ့မဲ့သွားပြီး သူ့ပါးစပ်မှလျှာထွက်ကျလာတော့သည်။ သူ၏ပါးစပ်တွင်းမှ ပလုံးပထွေးအသံတစ်ခုထွက်လာပြီး သူ၏မျက်နှာနှင့်လည်ပင်းတို့ပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထောင်ထလာသည်။ အံ့သြစရာကောင်းစွာ သူ၏ညာလက်မှာရုတ်တရက်လှုပ်ရှားလာပြီး သူ၏ထိန်းချုပ်မှုအောက်တွင် လုံးဝမရှိတော့သည်ကို မြင်လိုက်ရလေသည်။ သူ၏လက်က လေပေါ်မြောက်သွားပြီး သူ၏ခေါင်းထိပ်ဆီသို့ တရှိန်ထိုး ဦးတည်လာသောကြောင့် ကြောက်ရွံထိတ်လန့်မှုများက သူ၏မျက်လုံးအတွင်း ကြီးစိုးလာတော့သည်။
” မလုပ်နဲ့ ”
“ဖြန်းး ”
သူ၏လက်ဝါးက ခေါင်းကိုရိုက်ချလိုက်သည်တွင် အရပ်မျက်နှာတစ်ခွင်သို့ သွေးနှင့် ဦးနှောက်အပိုင်းအစများ ပျံ့ကြဲသွားလေသည်။
ရှောင်ချင်းမှာ ချက်ချင်းပင်အသက်ထွက်သွားပြီး သူတစ်ပိုင်းတစ်စဖြစ်တည်ထားသော စိတ်စွမ်းအင်ပင်လယ်မှာ ချက်ချင်း ပျက်စီးသွားတော့သည်။
ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်ခါနေပြီး သွေးတစ်ပွက်အန်လိုက်သည်။ သူ၏တတိယမျက်လုံးမှသွေးများစီးကျလာပြီး ပိတ်လာတော့သည်။ သူ ပင်ပန်းနွမ်းနယ်သွားပြီး ချာချာလည်မူးနောက်သွားလေသည်။ ဟောဟဲလှိုက်နေရင်း သူ့လက်ကို နံရံနှင့် ကျန်းယွမ်ရှန်း၏အလောင်းမှ ဆွဲနှုတ်လိုက်လေသည်။
ကျန်းယွမ်ရှန်း၏ ခေါင်းက ခန္ဓာကိုယ်မှပြုတ်ထွက်ပြီး မြေပေါ်သို့ ပြုတ်ကျသွားစဥ် ကျန်းယွမ်ရှန်း၏ မျက်လုံးတွင် ခံစားချက်ကင်းမဲ့နေသော အကြည့်ကိုမြင်နေရဆဲဖြစ်လေသည်။
ပိုင်ရှောင်ချန်းက သူ၏ရန်သူသုံးယောက်လုံးအားသတ်ရန် အသက်ရှူချိန် ဒါဇင်အနည်းငယ်မျှသာ အသုံးပြုခဲ့လေသည်။
သို့သော်လည်း စွမ်းအားအမြောက်အမြား သူသုံးစွဲခဲ့ရသည်။ သူ၏မျက်နှာမှာ ဖျော့တော့နေသော်လည်း ကံကောင်းထောက်မစွာပင် စိတ်စွမ်းအင်ဆေးများရှိသဖြင့် ပြန်သက်သာလာအောင် အသုံးပြုနိုင်လေသည်။ သူက ဆေးလုံးအချို့အား ချက်ချင်းစားလိုက်သော်လည်း ထိုင်၍ တရားကျင့်ရန် အချိန်မရှိပေ။ လိပ်ဒယ်အိုးကိုပြန်သိမ်းလိုက်ပြီး ရန်သူရုပ်အလောင်းများမှ အိတ်သုံးအိတ်ကိုယူရင်း လမ်းဆုံးကို လှည့်ကြည့်လိုက်သည်။ သူ၏နောက်ကျောရှိ တောင်ပံကတဖျတ်ဖျတ်ခတ်သွားပြီး ရှေ့သို့သွားနေစဥ် တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အနိဋ္ဌာရုံမြင်ကွင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။