အပိုင်း(၇၃)-အဆုံးဖြတ်ပေးမည့်အချိန် နီးကပ်လာခြင်း

သူမ အင်ပါယာသားရဲကျမ်းအား ဖတ်ပြီးနောက်တွင် နည်းများသည် အမှန်တကယ်တော့ မခက်ကြောင်းကို သဘောပေါက်မိသည်။ ထိုနည်းလမ်းများသည် အချိန်ကြာသည်နှင့်အမျှ ပျောက်ဆုံးသွားသည်ကိုတော့ သူမ မသိပေ။

သားရဲများ၏ အဆင့်သည် ထိန်းကျောင်းသူ၏ စိတ်ဓာတ်ခွန်အားပေါ်တွင် မူတည်နေသည် ဟူသော စာကြောင်းဖြင့် စာအုပ်သည် ပြီးဆုံးသွားသည်။ အဆင့်မြင့်နေသာ ဝိညာဉ်သားရဲသည် စိတ်ဓာတ်ခွန်အားမြင့်သော သူ၏ပိုင်ဆိုင်မှုဖြစ်သည်။ ထိုအချက်သည် အဂ္ဂိရတ်ဆရာများနှင့် တူညီသည်။

“ဟူး.. ကြည့်ရတာ ငါတော့ ငါ့ရဲ့ စိတ်အင်အားကို အရင်ကောင်းအောင်လုပ်ရဦးမယ်”

ရှီမာယူယူ သက်ပြင်းချလိုက်သည်။ အစပိုင်းတွင် ဝိညာဉ်ရွှီအား ကျင့်ကြံခြင်းသည် အရေးကြီးဆုံးဟု ထင်ခဲ့သည်။ သို့သော် သားရဲထိန်းကျောင်းခြင်းသည်လည်း ဝိညာဉ်ရွှီကျင့်ကြံခြင်းသကဲ့သို့ အရေးကြီးသည်။

သူမ အင်ပါယာသားရဲထိန်းကျောင်းခြင်းကျမ်းအား ချကာ ဝိညာဉ်ကျင့်ကြံခြင်း လျှိုု့ဝှက်ချက်စာအုပ်ကို ကိုင်လိုက်သည်။ စာအုပ်ပေါ်တွင် ကျရောက်နေသော တောက်ပသော အလင်းရောင်ကြောင့်ပင် သူမ စာအုပ်တစ်အုပ်လုံးကို ဖတ်လိုက်သည်။

သူမ ညင်သာစွာ ပထမစာမျက်နှာကို လှန်လိုက်သည်။ ရှေ့ဆုံးစာမျက်နှာတွင်ရေးထားသော ပထမစာကြောင်းကြောင့် သူမအလွန်အမင်း တုန်လှုပ်သွားတော့သည်။

“အမြင့်ဆုံးအဆင့်ရောက်သော ဝိညာဉ်ကျင့်ကြံသူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မရှိသော်လည်း ကျန်ရှိနေမည်” ရှီမာယူယူထိုစာကြောင်းအားဖတ်သောအခါ နူးညံ့ကာ ကြည်လင်သော ဝိညာဉ်အား သူမတွေးမိလိုက်သည် “သူက ဒီကျမ်းကို လေ့ကျင့်ခဲ့လို့ သူ့ရဲ့ ဝိညာဉ်က ဒီကမ္ဘာမှာ ကျန်နေခဲ့တာလား၊ ဝိညာဉ်ကျင့်ကြံခြင်းရဲ့ အဆင့်က ဒီလိုပဲထင်ပါရဲ့”

ဝိညာဉ် ကျင့်ကြံခြင်း၏ အဆင့်များအကြောင်းရေးထားသည်များကို သူမဆက်ဖတ်လိုက်သည်။ ထုတ်ဖော်ခြင်းမှ စ၍ ကိုယ်ထင်ပြခြင်း၊ ပြီးနောက် အလွတ်မွမ်းမံခြင်းနှင့် နောက်ဆုံးတွင် ထူးကဲသော အထွတ်အထိပ်ရောက်ခြင်းတို့ဖြစ်ကြသည်။

ထို့အပြကင် ဝိညာဉ်ကျင့်ကြံခြင်း၏ ပမာဏသည် လူတစ်ယောက်၏ ဝိညာဉ်ခွန်အားအပေါ်တွင်မူတည်သည်။

ထုတ်ဖော်ခြင်းသည် စိတ်ခွန်အားသာမာန်ရှိသူတိုင်းရောက်နိုင်ပြီး ၁ကီလိုမီတာအတွင်း ထိုးထွင်းသိမြင်နိုင်သည်။

ကိုယ်ထင်ပြခြင်းသည် ခန္ဓာကိုယ်အပြင်ဘက်တွင် စိတ်ခွန်အားများ စုစည်းရာတွင် အသုံးဝင်သည်။

အလွတ်မွမ်းမံခြင်းသည် ဒုတိယအမျိုးအစား ပုံစံ စုစည်းရာတွင် စိတ်ခွန်အားများကို ခွင့်ပြုသည်။

ထူးကဲသော အထွတ်အထိပ်ရောက်ခြင်းသည် လူတစ်ယောက်၏ ဝိညာဉ်ကို လွတ်လပ်စွာ ကျန်ရှိနေစေသည်။

အဆင့်တစ်ခုစီ၏ ခြားနားချက်များသည် ကြီးမားသည်။ အဆင့်တိုင်းအား ကျော်ဖြတ်ခြင်းသည် ကြီးမားသော ဆုကိုရရှိခြင်းဖြစ်သည်။

အဆင့်များ အကြောင်းပြီးနောက် ဝိညာဉ်ကျင့်ကြံခြင်းတွင် နည်းလမ်းများရှိသည်။ အစပိုင်း ဖတ်စတွင် ရှီမာယူယူသည် လွယ်ကူသည်ဟု ထင်ထားခဲ့သည်။ တချို့ ဂါထာများသည် ဝိညာဉ်ကျင့်ကြံရာတွင်သုံးပြီး တချို့နည်းလမ်းများသည် စိတ်ခွန်အားများ တိုးတက်စေသည်။

“ဒီဝိညာဉ်ကျင့်ကြံခြင်းနဲ့ စိတ်ခွန်အားက တစ်ခုနဲ့တစ်ခုဆက်စပ်နေတာကို ကြည့်ရတာ ငါနည်းနည်းမှ လွတ်လို့မဖြစ်ဘူး၊ ဝိညာဉ်ကျင့်ကြံမှုပြီးတော့ ငါ့ရဲ့ စိတ်ခွန်အားကို တိုးတက်လာတယ်လို့ ဘယ်လိုပဲ မိုရှားပြောပါစေဦးတော့” ခဏကြာပြီးနောက် သူမအသိစိတ်မှထွက်လာကာ ဖတ်ထားသော စာအုပ်ထဲမှ အဆင့်များအတိုင်း စတင်လေ့ကျင့်တော့သည်။

သူမ ကျင့်ကြံနေစဉ်တွင် အချိန်ကုန်ဆုံးသွားပြီး သူမတရားထိုင်ခြင်းမှ နိုးထလာသောအခါ မိုးလင်းနေပြီ။

သူမ တစ်ညလုံးကျင့်ကြံခြင်းကြောင့် စွမ်းအင်အား ပြည့်နေမည်ဟု သူမ မထင်ခဲ့မိပေ။ ညက အိပ်ရေးပျက်ခဲ့ခြင်းကြောင့် လေးလံထိုင်းမှိုင်းမှုများ ရှိမနေပါ။

“ငါ့မှာ တခြားလုပ်စရာမရှိရင် ဒီညကို လေ့ကျင့်မှပဲ” သူမ အိပ်ရာမှထကာ အဝတ်အစားများ ဝတ်ပြီးနောက် မှော်ဝင်လက်စွပ်အတွင်းသို့ ပစ္စည်းများထည့်လိုက်သည်။

“ညီလေးရှီမာ မင်းအိပ်လို့ကောင်းရဲ့လား” ရှီမာယူယူ ပစ္စည်းများသိမ်းဆည်းနေသည်ကို ကျင်းဝူရာတွေ့သော် ပြုံးကာ လက်ဝှေ့ပြလိုက်သည်။

“မင်္ဂလာမနက်ခင်းပါ အစ်ကိုကြီးကျင်း” ရှီမာယူယူ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မျက်နှာသစ်ရန် ရေကန်ငယ်သို့ ထွက်သွားလိုက်သည်။ ပြန်လာသောအခါ မနက်စာချက်ပြုတ်ရန် ဟင်းချက် ပစ္စည်းများယူဆောင်လာသည်။

သူမ မနက်စာချက်ပြုတ်နေစဉ်တွင် ဘေဂုံထန်နှင့် ကျန်သူများသည် နိုး၍ ပစ္စည်းများသိမ်းဆည်းပြီးဖြစ်သောကြောင့် စားရန်စောင့်ဆိုင်းနေကြသည်။

“ညီလေးဝေ၊ ငါတို့ တောင်တန်းကိုဝင်တော့မယ်၊ မနေ့က မင်းတို့ကိုပြောခဲ့တာတွေ အကုန်လုံးကို သတိရပါ၊ အဲဒီ အန္တရာယ်များတဲ့နေရာတွေကို မသွားမိပါစေနဲ့” သူတို့ အဖွဲ့များ ပစ္စည်းများ သိမ်းဆည်းပြီးသည်နှင့် ကျင်းဝူရာသည် ဝေကျိရွှီကို ပြောလိုက်သည်။

“အစ်ကိုကြီးကျင်းတို့က အစောကြီးတောင်တန်းကိုဝင်တော့မလို့လား” ကြေးစားအဖွဲ့သည် သွားရန်အဆင်သင့် ဖြစ်နေ၍ စောင့်နေသည်ကို တွေ့သောအခါ ဝေကျိရွှီမေးလိုက်သည်။

“ဟုတ်တယ်၊ ဒီတစ်ခေါက်မစ်ရှင်က နည်းနည်းခက်တယ် ပေးတဲ့အချိန်လည်း တိုတော့ ငါတို့ စောစောသွားမှဖြစ်မှာ” ကျင်းဝူရာပြန်ပြောလိုက်သည်။

“သိပါပြီ၊ ဒါဆို အစ်ကိုကြီးကျင်းတို့ မစ်ရှင်ကိုစောစောပြီးမြောက်ပါစေလို့ မျှော်လင့်ပါတယ်” ဝေကျိရွှီပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ပြန်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်”

“ကျွန်တော်လည်း မျှော်လင့်ပါတယ်”

ကျင်းဝူရာသည် ရှီမာယူယူနှင့် ကျန်သူများအား လက်အုပ်ချီနှုတ်ဆက်ကာ သူ့အသင်းသားများဆီသို့ ပြန်သွားကာပြောလိုက်သည် “သွားကြစို့”

ကျင်းဝူရာနှင့် အဖွဲ့ထွက်သွားသည်ကို ဖက်တီးကျူစောင့်ကြည့်ကာ ပြောလိုက်သည် “အဲဒီ အစိမ်းရောင် အဖွဲ့ချုပ်က ကြေးစားတွေက တကယ်မဆိုးဘူး”

“မဆိုးဘူး ငါတို့တွေ့ဖူးတဲ့သူတွေထက်ကောင်းတယ်”

“စားရအောင်” ရှီမာယူယူ စားပွဲပေါ်တွင် အစားအစာများ နေရာချလိုက်ကာ အားလုံးအား ခေါ်လိုက်သည်။

အစမ်းရောင် ကြေးစားအဖွဲ့ချုပ်နှင့် မတူညီစွာ သူတို့သည် လောရန်မလိုအပ်ပေ၊ ထို့ကြောင့် ရှီမာယူယူနှင့်အဖွဲ့သည် မနက်စာစားပြီးနောက် တောင်များဆီသို့ ဦးတည်လိုက်ကြသည်။

ဒီတစ်ကြိမ်တွင် အမျိုးအစားစုံလင်သော ဆေးဖက်ဝင်အပင်များအား ခူးရန်နှင့် ဝိညာဉ်သားရဲအသေတစ်ကောင်စီ ပြန်သယ်လာရန်ဖြစ်သည်။ သူတို့၏ မစ်ရှင်သည်လည်း အနည်းငယ်ခက်ခဲသည်။

ဆေးဖက်ဝင်ပစ္စည်းများအား သိသေကြောင့် ဆေးဖက်ဝင်ပစ္စည်းများရှာဖွေခြင်းသည် ရှီမာယူယူအတွက် မခက်ခဲပေ။ ထို့အပြင် ဘယ်လိုပတ်ဝန်းကျင်တွင် ဘယ်လိုဆေးဖက်ဝင်ပစ္စည်းများ ပေါက်ရောက်သလဲဆိုသည်ကိုလည်း သိသည်။ ထို့ကြောင့် သူမ၏ ရှာဖွေမှု အတိုင်းအတာသည် အလွန်တရာအဆင်ပြေခဲ့သည်။

နောက်တစ်ရက်တွင် သူတို့သည် ပထမဆုံးဆေးဖက်ဝင်အပင်အားတွေ့ခဲ့သည်။

“ယူယူ မင်းက ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တရင်းတနှီးရှိလိမ့်မယ်လို့ ငါထင်မထားဘူး” တောင်းထဲတွင်ထည့်ထားသော ဆေးဖက်ဝင်အပင်များအားကြည့်ကာ ဝေကျိရွီသက်ပြင်းချလိုက်သည်။

“ဟုတ်သားပဲ ယူယူ၊ မင်းဒီဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ရင်းနှီးတာ ငါတို့ဘာလို့မသိတာပါလိမ့်” ဖက်တီးကျူပြောလိုက်သည်။

“မင်းတို့အားလုံးက ငါနဲ့ ၂၄နာရီ အမြဲတမ်းအတူရှိကြတာမှ မဟုတ်တာ၊ ငါသိလားမသိလား မင်းတို့ဘယ်လိုသိမှာလဲ” သူတို့ မေးခွန်းအားတိုက်ရိုက်ရှောင်ရှားကာ ဖြေရင်း ဖက်တီးကျူအား ရှီမာယူယူကြည့်လိုက်သည်။

“အခု ငါတို့ မြေကြီးအချက်အချာမြက်ပင်ကိုတွေ့ပြီဆိုတော့ နောက်ထပ် မီးတောက်မြက်ပင်နဲ့ တခြား အမျိုးအစား လေးမျိုးကို ရှာဖို့ကျန်သေးတယ်” ဝူရန်ဖေပြောလိုက်သည်။

“မီးတောက်မြက်ပင်အကြောင်းငါသိတယ်၊ အဲဒါက နေကိုမျက်နှာမူပြီးပေါက်တာပဲ၊ ဒါပေမယ့် မီးတောက် မြက်ပင်အနားမှာ အားကောင်းတဲ့ဝိညာဉ်သားရဲတွေနေထိုင်တယ်”

“ကောင်းပြီ မီးတောက်မြက်ပင်ရှာဖို့ကို နောက်ဆုံးကိုရွေ့ထားလိုက်မယ်၊ ဆေးဖက်ဝင်အပင် တခြားအမျိုးအစားတွေကို အရင်ရှာမယ်” ဝေကျိရွှီ အကြံပေးသည်။

“သဘောတူတယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည်။ “ပူလွောင်တောင်တန်းအစွန်မှာနေတဲ့ ဝိညာဉ်သားရဲတွေက အဆင့်သိပ်မမြင့်ကြဘူး၊ ငါတို့သူတို့နဲ့တွေ့ရင် တိုက်ခိုက်ပြီးလေ့ကျင့်လို့ရမယ်”

“ကောင်းပြီ ဆက်ရှာကြအောင်” ဝေကျိရွှီပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့ လမ်းကြားအားထွက်ခွာပြီးမကြာမှီတွင် လူတစ်စုသည် သူတို့ရှိခဲ့သော နေရာသို့ရောက်လာကြသည်။

“ဆရာ၊ အဲအုပ်စုက ပုံစံတကျသွားတာမဟုတ်ဘူး၊ သူတို့နဲ့ထိပ်တိုက်တွေ့ဖို့ နည်းလမ်းမရှိဘူး” တစ်ယောက်ကပြောလိုက်သည်။

“အဲလို မဖြစ်နိုင်ရင်တောင် နည်းလမ်းကို စဉ်းစားထားရမယ်” အနက်ရောင်ဝတ်လူကပြောလိုက်သည် “သူက နာလန်လန်ကို ကျောင်းထွက်အောင်လုပ်ထားတော့ ငါတို့က သူမကိုယ်စားအပြစ်ပေးပေးရမယ်”

“ဆရာ ကျွန်တော်တို့ သူ့ကိုတိုက်ရိုက်လုပ်လို့မရဘူး၊ အဲတော့ ဘယ်လိုလုပ်ကြမလဲ” တခြားတစ်ယောက်ကပြောလိုက်သည်။

အနက်ရောင်ဝတ်လူသည် အနည်းငယ်စဉ်းစားကာပြောလိုက်သည် “သူတို့ တိုက်ခိုက်တာကို လေ့ကျင့်ဖို့ ဝိညာဉ်သားရဲရှာမယ်လို့ သူတို့ပြောခဲ့တာမလား၊ လေ့ကျင့်ပေးဖို့အဖော်ကို ငါတို့ရှာပေးလိုက်လို့ဖြစ်တာပဲ၊ သူတို့က ပူလွောင်တောင်တန်းမှာ ဝိညာဉ်သားရဲသတ်လို့သေတာဆိုရင် ငါတို့လုပ်တာကို ကျောင်းက ခြေရာခံလို့မရတော့ဘူး”

“ဒါပေမယ့် ဆရာ… အဲဒီလူတချို့ရဲ့ အဆင့်တွေကမြင့်တယ်လို့ ကြားဖူးတယ်၊ ရှီမာယူယူက လွဲလို့ ကျန်တဲ့သူတွေ့ ကျွန်တော်တို့ထက် အားမနည်းဘူး၊ သူတို့ကို အဲဒီ..ဝိညာဉ်သားရဲတွေနဲ့.. ဘယ်လိုတွေ့အောင်လုပ်လို့ရမလဲ…”

“အဲအတွက် ငါ့မှာ အကြံရှိပါတယ်၊ ငါတို့ ဝိညာဉ်သားရဲအုပ်လိုက်ဘယ်မှာ ရှာလို့ရမလဲဆိုတာ မင်းတို့သိလား” အနက်ရောင်ဝတ်လူကပြောလိုက်သည်။

“ဆရာ ကျွန်တော်သိတယ်၊ ကြေးစားတစ်ယောက်ပြောတာကြားလိုက်တယ်”

“ကောင်းတယ်၊ သွားရအောင် တိုက်ခိုက်တာကို လေ့ကျင့်ဖို့ ဝိညာဉ်သားရဲကို ကူရှာပေးရအောင်..”

ရှီမာယူယူတို့ ငါးယောက်အဖွဲ့သည် တစ်နေ့လုံးတောင်ပေါ်တွင် ရှာဖွေသော်လည်း တစ်ပင်မှမရပေ။ သို့သော် ရှာဖွေနေစဉ်အတွင်းတွင် အဆင့်ခြောက်ရှိသော ဝိညာဉ်သားရဲနှင့် ထိပ်တိုက်တွေ့လေသည်။ သူတို့သည် အတူတကွဖြေရှင်းလိုက်ကြ၍ ရှီမာယူယူအား သိမ်းခိုင်းလိုက်သည်။ ရှီမာယူယူအားသိမ်းထားခိုင်းခြင်းသည် သူမ မှော်ဝင်လက်စွပ်သည် အကြီးဆုံး ဖြစ်သောကြောင့်ဖြစ်သည်။

သူတို့နားနေချိန်တွင် ရှီမာယူယူသည် ရုတ်တရက် အန္တရာယ်ရှိသော အာရုံကို ခံစားလိုက်ရ၍ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။

“ယူယူ ဘာဖြစ်လို့လဲ” ရှီမာယူယူ ထိပ်ပျာပျာဖြစ်သွားသည်ကို မြင်သော် ဖက်တီးကျူမေးလိုက်သည်။

“ငါတစ်ခုခုကြားတယ်” ရှီမာယူယူပြောလိုက်သည်။

ဖရိုဖရဲ့ဖြစ်နေသော အုပ်စုလိုက်ခြေသံကိုကြားသည်နှင့် အားလုံးသည် စကားမပြောနိုင်တော့ပေ။ ထိုခြေသံများနောက်တွင် မီးတောက်ဝံပုလွေ တစ်အုပ်သည် သူတို့ရှေ့သို့ပြေးလာကာ ကြောက်စရာကောင်းသော အရှိန်ဖြင့် ရှေ့တွင်ပေါ်လာသည်။

“ဝိညာဉ်သားရဲတွေ အဲလောက်..အများကြီး” များပြားသော မီးတောက်ဝံပုလွေများအား တွေ့သော် ဖက်တီးကျူသည် စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။


Comment

Leave a Reply

Options

not work with dark mode
Reset