Switch Mode

အပိုင်း (၅၅၆):

ပြိုကျ ပျက်စီးခြင်း

တာ့လော့ဓားကလန်မှ အကြီးအကဲ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သည့်နောက် အရပ်ပုပုအကြီးအကဲက သူ့လက်ကို ဆန့်ထုတ်၏။ ချန်ချင်ဘေးရှိ အဖြူရောင်ဝတ်စုံနှင့်လူက မမြင်ရသောအားဖြင့် တောင်ကြားထဲသို့ ပစ်ချခြင်း ခံလိုက်ရတော့သည်။

သူက တောင်ကြားထဲသို့ ကျရောက်လုနီးတွင် ထက်ရှသောအသံများက တောင်ကြားအတွင်း၌ ပဲ့တင့်ထပ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်အစက်အပြောက်များစွာက သစ်ရွက်ဆွေးများကနေ ထွက်ပေါ်လာကာ တောင်ကြားတစ်ခုလုံးအား ဖုံးလွှမ်းသွား၏။သည်မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှ၏။

“စီနီယာအကို…” ချန်ချင်က ရုတ်တရပ် ခေါင်းလှည့်ကြည့်သည်။ သူမက တာ့လော့ဓားကလန်က လူကို ကြည့်ကာ သွားကြားထဲက ထွက်လာသည့်အသံနှင့် ပြောလိုက်သည်။ “ဒါက ဘာအဓိပ္ပာယ်လဲ စီနီယာ…”

ချန်ချင်က ထိုသို့ ပြောပြီးသည့် အခိုက်မှာပင် မရေမတွက်နိုင်သောအနီရောင်အစက်အပြောက်များက စတင်လှုပ်ရှားလာတော့၏။ အနီရောင်အစက်များက စုဝေးကာ အနီရောင်တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်သည်။ထို့နောက် ၎င်းထံကနေ ကျယ်လောင်သော တစီစီအသံများ ထုတ်လွှတ်ကာ ဝတ်စုံဖြူနှင့်လူထံသို့ ရွေ့လျားသွားကြ၏။

၎င်းအနီရောင်တိမ်ထုက အလွန်မြန်ဆန်သည်။ ၎င်းက အနီရောင်လျှပ်စီးအလင်းတန်းကဲ့သို့ လှုပ်ရှားသွားကာ အဖြူရောင်ဝတ်စုံနှင့်လူကို ဝန်းရံလို့သွား၏။ သည်အခိုက်မှာပင် လူတိုင်းကို တုန်လှုပ်စေသော မြင်ကွင်းတစ်ခု ဖြစ်ပျက်သွား၏။

မရေမတွက်နိုင်သော အနီရောင်အင်းဆက်များက အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ အဝတ်များကို ဖြတ်သန်း၍ သူ့ခန္ဓာကိုယ်ထဲသို့ တူးဆွဝင်ရောက်သည်။ အသက်သုံးခါ ရှုချိန်အတွင်းမှာပင် အဖြူရောင်ဝတ်စုံက အနီရောင်အဖြစ်သို့ ပြောင်းလဲသွား၏။

သူ့ပါးစပ်ကနေလည်း အလွန်စူးရှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ သည်လိုပြင်းထန်သည့် နာကျင်မှုကြောင့် သူက သူ့ကိုယ်သူပင် ဆွဲဆုပ်ပစ်လို့နေသည်။ အရိုးများပင် ပေါ်လာခဲ့၏။

သူက ရုန်းကန်ကာ တောင်ကြားထဲ၌ လှိမ့်နေ၏။ သူ့မျက်လုံးထဲ၌လည်း မျှော်လင့်ချက်မဲ့ခြင်းနှင့် တိုင်းတာ၍ မရသည့်အမုန်းတရားတို့သာ ရှိလို့နေတော့၏။

“စီနီယာအကို…” ချန်ချင်က တုန်ယင်သွားကာ သူမက နာကျင်စွာ ပြုံး၏။

သည်အခိုက်မှာပင် တောင်ကြားထဲရှိ အနီရောင်အစက်အပြောက်အားလုံးနီးပါး ပေါ်လာခဲ့ကာ လူငယ်ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။ သူ့မျက်လုံးများ တဖြည်းဖြည်း မှိန်ဖျော့ကာ နာကင်စွာအော်ဟစ်သံသည်လည်း အားပျော့သွားလေ၏။

သည်အရာက အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းပင်။ အလွန်လည်း တုန်လှုပ်စရာကောင်း၏။ လူတိုင်းအသွင်က ရုပ်စိုးလို့သွားကြသည်။

ကောရှင်းဂျိကို လေးစားသမှုနှင့် ခေါ်နေသည့် အပြာရောင်ဝတ်စုံနှင့် လူ၏ မျက်နှာပေါ်တွင်တော့ မည်သည့် သက်တောင့်သက်သာမဖြစ်မှုမှ ရှိမနေချေ။ ထိုအစား သူက တောင်ကြားသို့ ကြည့်ကာ ယစ်မူးသည့်ဟန်ပန်ပင် ဖြစ်ပေါ်လို့နေသည်။

တာလော့ဓားကလန်မှ ရှီဖန်က ပြုံး၍ အရပ်ပုပုအကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ငါတို့က နှစ်ယောက် သတ်စရာ မလိုတော့ဘူးထင်တယ်။ ဒီတစ်ယောက်နဲ့တင် ကိုးခုအနန္တအင်းဆက်အတော်များများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ဖြစ်တယ်…”

အရပ်ပုပုက အကြီးအကဲက ပြုံး၍ ပြောလိုက်သည်။ “အကိုရှီက အတားအဆီးတွေနဲ့ ပတ်သတ်ပြီး ပိုတော်တယ်။ ငါတို့က ရွှေဉာဏ်အလင်းသစ်သီးတွေ ရတာနဲ့ ကလန်ကိုပြန်ပြီး သတင်းပို့ဖို့ လုပ်ရလိမ့်မယ်…”

ရှီဖန်က ရယ်မောလိုက်သည်။ သူက စကားပြန်ဆိုခြင်း မပြုဘဲ သိုလှောင်အိတ်ထဲကနေ အနီရောင်ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ သူက ကျောက်စိမ်းပြားကို လက်ညွှန်ကာ ဓားတစ်လက်ပုံစံဖြစ်ပေါ်စေသည်။ “ဓားချိတ်ပိတ်ခြင်း အတားအဆီး…ဖွင့်လှစ်စမ်း…”

ထိုသို့ပြောပြီးနောက် ကျောက်စိမ်းပြားက တောင်ကြားထဲသို့ အနီရောင်အလင်းတန်းအသွင်ဖြင့် ပျံသန်းသွားသည်။

အနီရောင်ကျောက်စိမ်းပြားက တောင်ကြားထဲသို့ ပျံသန်းသွားကာ လေတိုးသံများက ပိုကျယ်လောင်သွား၏။သည့်နောက် ကျောက်စိမ်းပြားထံကနေ အနီရောင်ပိုးမျှင်တန်းတစ်ခုက ထွက်ပေါ်လို့လာသည်။ ထို့နောက်မှာတော့ ခဏတာတုံ့ဆိုင်းသွားပြီးနောက် မိုးခြိမ်းသံတစ်ခု ဖြစ်ပေါ်ကာ အနီရောင်ကျောက်စိမ်းပြားက ထူးဆန်းသောလောင်ကျွမ်းမှုနှင့် အတူ လှုပ်ရှားသွားသည်။

သည်အနီရောင်ပိုးမျှင်က အလွန်မြန်ကာ မျက်စိတစ်မှိတ်အတွင်း အဖြူရောင်ဝတ်စုံနှင့် လူငယ် ရှေ့သို့ ရောက်ရှိသွား၏။ အနီရောင်ပိုးမျှင်က လူငယ့်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ ထိုအစား သူ့ကို ပိုက်ကွန်သဖွယ် လိမ်လျက်ကာ ဝန်းရံသွားသည်။

သည်အခိုက်တွင် တာ့လော့ဓားကလန်၏ အကြီးအကဲရှီဖန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ပြောလိုက်သည်။ “ချိပ်ပိတ်စမ်း…”

ချိပ်ပိတ် ဆိုသည့် စကားတစ်ခွန်းနှင့်အတူ အနီရောင်ပိုက်ကွန်က အနီရောင်အလင်းကို ထုတ်လွှတ်လာသည်။ မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများက ပိုက်ကွန်ပေါ်တွင် ပေါ်လာကာ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာကာ အားကောင်းသောချိပ်တံဆိပ်ကို ဖြစ်ပေါ်စေသည်။

သည်လို ပြုလုပ်ပြီးနောက် အရပ်ပုပုအကြီးအကဲက ချက်ခြင်းပင် တောင်ကြားထဲသို့ လမ်းလျှောက်လို့ သွားသည်။ သူက အထဲသို ဝင်ရောက်လိုက်သည်နှင့် သစ်ရွက်ဆွေးများထံကနေ အသံထွက်ပေါ်လာကာ ၎င်းတိုးပေါ်၌လည်း အနီရောင်အစက်များ ဖြစ်ပေါ်လာ၏။ သို့ရာတွင် သည်တစ်ကြိမ်က အရင်ထက် အရေအတွက် များလှခြင်း မရှိပေ။

အရပ်ပုပုအကြီးအကဲအသွင်က ပုံမှန်သာ ဖြစ်ကာ သူက ညာလက်ကို မြှောက်လိုက်၏။ သူ့လက်ချောင်းက ဖျပ်ခနဲ ဖြစ်လို့သွားသည်။ သူ့လက်ချောင်းက ဖျပ်ခနဲ တောက်ပသွားခြင်းနှင့်အတူ ဓားစွမ်အးင်အလင်းတန်းတစ်ခု ထွက်လို့သွားသည်။ အနီရောင်အစက်အပြောက်များကလည်း ပျက်စီးလို့သွား၏။

အမှန်တော့ နောက်ထပ် ကိုးခုအနန္တအင်းဆက်များ ပိုမိုရှိလျှင် သူ့အတွက် ၎င်းတို့ကို ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်သည်။

တာလော့ဓားကလန်မှ ရှီဖန်ကလည်း တောင်ကြားထဲသို့ လိုက်ပါဝင်သွား၏။

တောင်ကြားထဲသို့ တတိယမြောက် ဝင်သွားသည့်လူကတော့ ကောရှင်းဂျိ၏ ဆရာဦးလေးပင်။ သူပြီးနောက် ကျန်သည့်လူများက လိုက်ပါသွားကြ၏။ ချန်ချင်မျက်နှာပေါ်ရှိ ဒေါသထွက်နေမှုကလည်း ပျောက်ကွယ်သွားကာ ထိုအစား အလွန်တည်ငြိမ်သွားသည်။

အရပ်ပုပုကျင့်ကြံသူက ဓားစွမ်းအင်ကို ပစ်လွှတ်ကာ နောက်ဆုံးကျန်နေသေးသည့် အင်းဆက်များကို သုတ်သင်လိုက်သည်။ သူ့မျက်လုံးက တလက်လက်ဖြစ်နေ၏။ သည့်နောက် သည်အကြီးအကဲ နှစ်ယောက်က ရွှေရောင်ပန်းပွင့်ခင်းပေါ်သို့ ခြေချလိုက်၏။

“လု့စုန်ဂျိ… ဒီရွှေဉာဏ်အလင်း သစ်သီးတွေကို ခူးလိုက်…” အရပ်ပုပုအကြီးအကဲ အသံက ထွက်ပေါ်လာ၏။

လုစုန့်ဂျိက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဘိုးအို ဖြစ်၏။ သူက သည်စကားကို ကြားလိုက်သည့်အခါ ချက်ခြင်း ခေါင်းညိတ်၍ ရွှေဉာဏ်အလင်းသစ်သီးများကို ရိတ်သိမ်းရန် ဟန်ပြင်၏။

သို့ရာတွင် ထိုအခိုက်၌ ညင်သာသောလေပြေတစ်ခုက တောင်ကြားထဲသို့ ဝင်ရောက်လာခဲ့သည်။ ပထမ၌ သည်လေပြေနှင့်ပတ်သတ်၍ ထူးခြားမှု မရှိချေ။ သည်လေက မြေပြင်ပေါ်ရှိ သစ်ရွက်များကို ဝှေ့တိုက်သွားရုံသာ ရှိ၏။

သို့ရာတွင် သည်လေက အကြီးအကဲနှစ်ယောက် ပေါ်သို့ ကျဆင်းသွားသည့်အခါ သူတို့အသွင်က ကြီးစွာ ပြောင်းလဲသွားကြသည်။

ရှီဖန်က ရုတ်တရပ် ခေါင်းလှည်ကာ တောင်ကြားအပြင်ဘက်သို့ ကြည့်လိုက်၏။ အရပ်ပုပုအကြီးအကဲ မျက်နှာသည်လည်း သုန်မှုန်သွားသည်။ သူက သူ့ညာလက်ကို သိုလှောင်အိတ်ပေါ်၌ တင်ထားလိုက်၏။ သူ့မျက်လုံးထဲ၌လည်း သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်လာခဲ့သည်။

သူတို့လှုပ်ရှားမှုက တောင်ကြားထဲရှိ လေထုကိုပင် ရုတ်တရပ် ပြောင်းလဲသွားစေသည်။ ခုချိန်၌ တောင်ကြားပတ်လည်တွင် အသတ်အဖြတ်စိတ်ဆန္ဒတစ်ခုသာ ရှိတော့၏။

သည့်အတွက်ကြောင့် လု့စုန်ဂျိက သစ်သီးခူးရန် ကြံရွယ်ပြီးမှ ရုတ်တရပ် ရပ်တန့်သွားသည်။ သူက တုန်လှုပ်ဟန် ဖြစ်ပေါ်သွား၏။

အခြားလူများသည်လည်း ထို့အတူသာ။ ချန်ချင်တစ်ယောက်သာ တည်ငြိမ်နေပြီး သူက သူ့စီနီယာအကို၏ အလောင်းကို ကြည့်လို့နေသည်။ သူမပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများက သူမနှင့် မဆိုင်တော့သည့်အလားပင်။

“ရှီဖန်က အနည်းငယ်စဉ်းစားပြီးနောက် အော်ပြောလိုက်၏။ ရောက်လာတဲ့ ရောင်းရင်းကျင့်ကြံသူ…ပုန်းနေစရာ မလိုပါဘူး။ ငါက တာ့လော့ဓားကလန်ရဲ့ အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်တဲ့ ရှီဖန်ပါ။ ရောင်းရင်းကျင့်ကြံသူက ထွက်လာပြီး စကားပြေဖို့ ငါမျှော်လင့်ပါတယ်…” အကြီးအကဲနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြသည်။ သူတို့မျက်လုံးထဲတွင်တော့ တုန်လှုပ်မှုများ ရှိလို့နေ၏။

သည်လေပြေရောက်လာသည့်အခါ သူတို့ အစောပိုင်းက ခံစားနေခဲ့ရသည့် ဖိအားခံစားချက်က အဆများစွာ ပိုအားကောင်းလာခဲ့သည် မဟုတ်လား။

သည်လို မထင်မှတ်ဘဲ ပြောင်းလဲသွားမှုက အကြီးအကဲနှစ်ယောက်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။

ထူထဲသော မီးခိုးရောင်အခိုးငွေ့ထုက တောင်ကြားဆီသို့ ဝင်ရောက်လာသည်။ သည်မီးခိုးရောင်အခိုးငွေ့က ထူထဲသဖြင့် ၎င်းအထဲရှိ လူကိုပင် မမြင်ရချေ။ သည်မီးခိုးရောင်အခိုးငွေ့က တောင်ကြားအပြင်ဘက်၌ ရပ်တန့်သွား၏။

မီးခိုးရောင်အခိုးငွေ့ ပေါ်လာသည်နှင့် ရှီဖန်အသွင်က အလွန်အမင်း ရုပ်စိုးလို့သွားတော့သည်။

အရပ်ပုပုအကြီးအကဲမျက်နှာကလည်း သုန်မှုန်နေကာ သူက တစ်လုံးချင်း ပြောလိုက်၏။ “ဆရာ…သင်က ဘယ်သူလဲ…”

သူက ထိုသို့မေးလိုက်ပြီးပြီးချင်း တုန့်ပြန်မှုကို စောင့်ဆိုင်းမနေတော့ဘဲ မာန်သွင်းကာ သိုလှောင်အိတ်ထဲဥ ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်၏။ချက်ခြင်းပင် သူက သည်ကြေးမံကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ၎င်းကို သုံးပေခန့်ထိ ကျယ်ပြန့်သွားစေသည်။ ၎င်းကြေးမုံကနေ အစိမ်းရောင်အလင်းတစ်ခုကို ထုတ်လွှတ်ကာ မီးခိုးရောင်အခိုးငွေ့ကို ဝန်းရံလို့သွား၏။

အရပ်ပုပုအကြီးအကဲက ကြေးမုံကို ထုတ်လွှတ်လိုက်ပြီးပြီးချင်း ရှီဖန်ကလည်း တုန့်ဆိုင်းခြင်းမရှိ သူ့နောက်ကျောက ဓားကို လေထဲသို့ ပစ်လွတ်လိုက်သည်။ သည်ဓားက သူ့ခေါင်းထက်၌ ထောင်မတ်သွားပြီး သူ့နောက်တွင် ကြီးမားသည့် ပုံရိပ်ယောင်ဓားတစ်လက်ကို ဖြစ်ပေါ်စေသည်။ သူတို့နှစ်ယောက်က အချိန်အတန်ကြာ အတူတိုက်ခိုက်ခဲ့ကြသူများဖြစ်၍ တွဲဖက်တိုက်ခိုက်မှုက အလွန်ကောင်းမွန်လှ၏။

ရှီဖန်က အော်ပြောလိုက်သည်။ “ခုတ်ပိုင်းစမ်း…”

အကြီးအကဲနှစ်ယောက် တိုက်ခိုက်လိုက်သည်နှင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် လု့စုန်ဂျိက အလင်းတန်းအလား လှုပ်ရှားကာ ရွှေဉာဏ်အလင်းသစ်သီးများထံသို့ ဦးတည်လို့သွားသည်။ သူက အချိန်အတန်ကြာ ကျင့်ကြံခဲ့သူဖြစ်သဖြင့် သည်အခွင့်အရေးကို အသုံးချရမှန်း ချက်ခြင်း သိပေသည်။ သူက သစ်သီးများနှင့် နီးကပ်နေသဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားလေ၏။

ကြေးမှန်က ထွက်ပေါ်လာသည့် အလင်းက မီးခိုးရောင်အခိုးငွေ့ကို အတားအဆီးတစ်ခုကဲ့သို့ ဝန်းရံထားခြင်းပင်။ တစ်ပြိုင်နက်တည်းမှာပင် ရှီဖန်ဓားကလည်း နီးကပ်လို့လာ၏။ ဓားက နီးကပ်လာခြင်း မရှိခင်မှာပင် အသံပေါက်ကွဲမှုများက အရင်ဖြစ်ပေါ်သွားသည်။

တာ့လော့ဓားကလန်က သူတို့ဓားများနှင့် ပတ်သတ်၍ ကျော်ကြားလှသည်။သည့်အတွက် သူတို့ ဓားစွမ်းအင်က အားနည်းနေမည် မဟုတ်ပေ။

သို့သော် ဓားစွမ်းအင် ဆင်းသက်လာသည့်အခိုက်မှာပင် မီးခိုးရောင်အခိုးငွေ့က ရုတ်တရပ် လှုပ်ရှားသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးရောင်အခိုးငွေ့က အရာအားလုံးကို ထွင်းဖောက်ကာ တောင်ကြားတစ်ခုလုံးအား ဝန်းရံသွား၏။

တစ်ပြိုက်နက်တည်းမှာပင် သည်မီးခိုးရောင်အခိုးငွေ့အတွင်းမှ အေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ပိုးဖလံ အလင်းက လမင်းအလင်းကို ဘယ်ယှဉ်နိုင်ပါ့မလဲ…”

သည်အသံက အလွန်အမင်း အေးစက်၏။ သည်အသံက လူတိုင်းနားထဲသို့ ကျရောက်သွားသည့်အချိန်တွင် အားလုံး တုန်ယင်သွားကြရသည်။ မီးခိုးရောင်အခိုးငွေ့ကို ဝန်းရံထားသည့် အစိမ်းရောင်အလင်းက ချက်ခြင်း ပျက်စီးကာ ပျောက်ကွယ်သွားသည်။

ကောင်းကင်ထက်ရှိ ကြေးမှန်ထံကလည်း အက်ကွဲသံများ ထွက်ပေါ်လာကာ ဘုန်းကနဲ ပေါက်ကွဲထွက်သွား၏။

ရှီဖန်၏ ဓားစွမ်းအင်သည်လည်း ပျက်စီးလို့သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset