Switch Mode

အပိုင်း (၅၅၅):

ကိုးခုအနန္တအင်းဆက်များ

တာ့လော့ဓားကလန်က လူများက လျင်မြန်စွာ လှုပ်ရှားလို့နေသည်။ သူတို့က တစ်စက်ကလေးပင် ရပ်တန့်ခြင်းမရှိဘဲ ချန်ချင်နောက်မှလိုက်၍ သူတို့ သွားလိုသည့်နေရာသို့ ဦးတည်သွားနေကြသည်။

လမ်းတစ်လျှောက်တွင် ပေါ်လာသည့် မည်သည့်သားရဲဖြစ်ဖြစ် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အကြီးအကဲ နှစ်ယောက်က ချိပ်တံဆိပ်တစ်ခုဖြင့် ပစ်လွှတ်လိုက်ရုံသာလိုသည်။ ထိုအခါ ပေါ်လာသည့်သားရဲတိုင်း အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့၏။ သူတို့နှစ်ယောက်၏ စွမ်းအားက ချန်ချင် နားလည်သည်ထက် ပိုလေသည်။ သူမကလန်က သည်နေရာသို့ ရောက်လာရန် များစွာ အားထုတ်ခဲ့ရသည်။ သူမကလန်ကို ဒုက္ခဖြစ်စေခဲ့သည့် သည်သားရဲများက လွယ်လင့်တကူ ဖျက်စီးခံရသည်ကို ကြည့်၍ သူမစိတ်ထဲ၌ ခါးသက်မှုကို ခံစားလိုက်ရသည်။

သည်အခိုက်မှာပင် သူမက သည်အရာများက ကံကြမ္မာဟုသာ တွေးထင်တော့သည်။ သူမက သည်ခရီးစဉ်တွင် သစ်သီးတစ်လုံး ရလျှင်ပင် လုံလောက်ပေပြီ။

ကောရှင်းဂျိကတော့ လမ်းတစ်လျှောက်တွင် ချန်ချင်ကို စကားပြောရန် ကြိုးစားလျက် ရှိနေ၏။ သူက သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို ပြန်လည်အဆင်ပြေရန် ကြိုးစားနေသည်မှာ သိသာပေသည်။ တာ့လော့ဓားကလန်၏ စွမ်းအားကို တွေ့ကြုံပြီးနောက် သူမက အကူအညီမဲ့မှုတစ်ခုသာ ခံစားနေရသည်။

လမ်းတစ်လျှောက်တွင် ဆရာဦးလေး ဟော်ရှင်းဂျင်က ချန်ချင်၏ ရှိုက်ဖိုလှသည့် ခန္ဓာကိုယ်ကို ကြည့်ရှုနေခဲ့သည်။ သူ့မျက်လုံးထဲ၌ ထူးဆန်းသည့်အလင်းတစ်ခု ဖြစ်ပေါ်လို့နေသည်။

သူတို့အုပ်စုက အလွန်သက်တောင့်သက်သာ ရှိလှ၏။အကြောင်းကတော့ အားကောင်းသည့် သားရဲအချို့ပေါ်လာသည်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က လွယ်လင့်တကူ သုတ်သင်ပစ်နေသောကြောင့်ပင်။

တကယ်တော့ သည်နေရာသို့ ဝင်လာကတည်းက စိတ်အပူပန်ရဆုံးက တာ့လော့ဓားကလန်မှ အကြီးအကဲ နှစ်ယောက်ပင်။

သည်တစ်ကြိမ်က သူတို့နှစ်ယောက် မြေကမ္ဘာမြောက်ပိုင်းတောအုပ်ထဲသို့ ဝင်လာသည့် ပထမဆုံးကြိမ် မဟုတ်ပေ။ သို့သော် သည်တစ်ကြိမ်၌ ခရီးလမ်းက ယုတ္တိမတန်သလို ဖြစ်နေခဲ့သည်။

သူတို့ စဝင်လာတုန်းက သည်လိုမျိုး မခံစားရပေ။သို့သော် သူတို့က ပိုနက်နက် ဝင်လာသည်နှင့် ဖိအားကို ခံစားလာရသည်။

သည်လိုခံစားမှုက အခြားလူများအတွက်တော့ ခံစားရမည် မဟုတ်ပေ။သို့သော် သူတို့လို စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အကြီးအကဲများအနေဖြင့် သည်ခံစားချက်ကို သေချာခံစားမိနေသည်။

မျက်လုံးတစ်စုံက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားမိနေခြင်းပင်။ သို့သော် သူတို့က နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သော်လည်း အဖြေရှာမရ ဖြစ်နေ၏။

“ငါတို့က တောင်တန်းတွေရဲ့ အတွင်းနက်ပိုင်းထိ မသွားဖူးလေ…။ဒါကြောင့် ဒီနားမှာ အားကောင်းလွန်းတဲ့ ကပ်ဘေးသားရဲတွေ ရှိမနေသင့်ဘူး။ ဒါဆိုရင် ဘာလို့ ဒီခံစားချက်က ရှင်းလင်းနေရတာလဲ…”

သည်အကြီးအကဲနှစ်ယောက်က တည်ငြိမ်နေသော်လည်း သူတို့အချင်းချင်း နတ်ဘုရားအာရုံဖြင့် စိတ်ပူပန်စွာ စကားပြောနေကြခြင်း ဖြစ်သည်။

“ဒီနေရာမှာ တစ်ခုခု ဖြစ်နေလောက်တယ်…။ လွန်ခဲ့တဲ့ ဆယ်ရက်ကတည်းက ဒီခံစားချက်က ဆက်တိုက်ရနေတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်က ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပေမဲ့လည်း ဘာမှ မတွေ့ရဘူး။ ငါထင်တာက ဒါက ငါတို့နှစ်ယောက်ပေါ်မှာ ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး…”

“ထားလိုက်ပါလေ…။ ဒီနေရာက တကယ်ပဲ ထူးဆန်းတယ်။ ငါတို့က ကိစ္စပြီးတာနဲ့ တက်နိုင်သမျှ အမြန် ပြန်ထွက်သွားကြရအောင်။ ငါတို့ ဒီမှာနေနေတဲ့ စက္ကန့်တိုင်းက အသက်ရှုကြပ်စေတယ်။ ငါ့အပေါ်မှာ တောင်ကြီးတစ်ခု ဖိထားသလိုပဲ…”

အရပ်ပုပုအဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နတ်ဘုရားအာရုံဖြင့် သတင်းပြန်ပို့လိုက်သည်။ “အာ..မင်းလည်း ဒီသတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ခံစားနေရတာလား။ ငါ အစောပိုင်းတုန်းက သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်တော့ ငါလည်း ငါ့ကိုယ်ငါ ထိန်းချုပ်မှု လွတ်သွားသလို ခံစားလိုက်ရတယ်။ ရှီဖန်…ဒီနေရာနဲ့ ပတ်သတ်လို့ ကျိန်းသေ တစ်ခုခုတော့ မှားနေပြီ။ ငါတို့ ခု ထွက်သွားသင့်လား…”

အဘိုးအိုရှီက အန”ည်းငယ် စဉ်းစားပြီးနောက် သူတို့ရှေ့ရှိ ဂျူနီယာများကို ကြည့်ကာ ပြောလိုက်သည်။ ငါတို့က အဝေးကြီး လာခဲ့ပြီးပြီး။ နောက်ထပ် သုံးရက်လောက်ပဲ လိုတော့တယ်။ ဘာပြဿနာမှ မရှိရင် ငါတို့က ပိုမြန်မြန်သွားဖို့ပဲ လိုတော့တယ်…”

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ပြန်တိတ်ဆိတ်သွားကာ သူတို့ပန်းတိုင်သို့ တရကြမ်း ဆက်၍ သွားလေ၏။

သူတို့ရှေ့ရှိ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအပါအတွင် မည်သူကမျှ သည်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအကြီးအကဲ နှစ်ယောက်၏ ကြောက်လန့်နေမှုကို သတိပြုမိခြင်း မရှိကြချေ။ သူတို့က သည်ခရီးစဉ်က ချောမွတ်နေသည်လို့သာ ခံစားနေရ၏။

ရွှေဉာဏ်အလင်းသစ်သီးက စားသုံးရခြင်းမဟုတ်ပေ။ ၎င်းက ရတနာများသန့်စင်ရာ၌ အသုံးပြုသည့် ပစ္စည်းဖြစ်၏။ သည်သစ်သီးက မည်သည့်သတ္တုဒြပ်စင်ရတနာ၏ စွမ်အားကိုမဆို တိုးမြှင့်ပေးနိုင်ကာ သစ်သီးများ ပိုသုံးလေလေ သည်ရတနာကလည်း ပိုအားကောင်းလာလေ ဖြစ်သည်။

ပြောကြသည်က တာ့လော့ဓားကလန်၏ ဓားသူတော်စင်လင်းထျန်ဟူ ကျောနောက်ရှိ ပုံရိပ်ယောင်ဓားလေးလက်က ရွှေဉာဏ်အလင်းသစ်သီး‌ မြောက်များစွာဖြင့် သန့်စင်မွန်းမံ ထားသည် ဟူ၍ပင်။ သို့ရာတွင် သူအသုံးပြုသည် သစ်သီးပမာဏက စိတ်ကူးထားသည်ထက်ပင် ပိုသေး၏။

ရွှေဉာဏ်အလင်း သစ်သီးပေါက်ရောက်သော နေရာသည် လုံးဝ မခန့်မှန်းနိုင်ချေ။ သည်သစ်သီးက သဘာဝသတ္တုဒြပ်စင်ကနေ ဖြစ်ပေါ်လာခြင်းဖြစ်၏။

သည်သစ်သီးက စတင်ကြီးထွားချိန်၌ အခြားပုံမှန်သစ်သီးများနှင့် လုံးဝဆင်တူသည်။သို့သော် ၎င်းသစ်သီးက ရင့်မှည်လာသည့်အခါ ပြောင်းလဲမှုများ ဖြစ်ပေါ်၍ သတ္တုဒြပ်စင်နှင့် ပြည့်နှက်လို့သွား၏။

၎င်းက အရွယ်ရောက် ရင့်မှည်သွားပြီးနောက် အပင်ကနေ ကြွေကျချိန်က ပြောင်းလဲလျက် ရှိသည်။ သည်အချိန်က အသက်ရှုစာအနည်းငယ် သို့မဟုတ် လများစွာလည်း ကြာမြင့်သွားနိုင်ပေ၏။ သည်အပင်က ရင့်မှည်ပြီး ခူးလို့ရသည့်အချိန်က ဘာကြောင့် ပြောင်းလဲမှန်း မသိသည့်အပြင် သည်ခူးဆွတ်လို့ရသည့်နေ့ကိုလည်း မည်သူမျှ မသိကြချေ။

သစ်သီးက ရင့်မှည်သွားသည်နှင့် သတ္တုုဒြပ်စင်သားရဲများကို စွဲဆောင်ကာ သားရဲများက ၎င်းသစ်သီး၏ ကာကွယ်သူများ ဖြစ်လာကြ၏။ သ်သားရဲများက သစ်သီးကြွေကျချိန်ထိ စောင့်ကြပ်နေကာ သစ်သီးကြွေကျသည်နှင့် သစ်သီးစွမ်းအင်ကို အပင်အမြစ်က စုပ်ယူ၍ ရွှေ့ရောင်စိတ်ဝိညာဉ်အမြစ်ကို ဖြစ်ပေါ်စေသည်။ သားရဲတစ်ကောင်က သည်ရွှေရောင်အမြစ်ကို စားသုံးလိုက်သည့်အခါ ၎င်းတို့၏ ဉာဏ်ရည်ကလည်း နိုးထလာကာ အကျိုးများစွာ ရရှိစေမည် ဖြစ်၏။

သို့ရာတွင် ရွှေဉာဏ်အလင်းသစ်သီးများက အပင်မှ ကြွေမကျခင် ခူးဆွတ်လျှင် ရွှေရောင်စိတ်ဝိညာဉ်အမြစ်ဖြစ်ပေါ်ရာ၌ သက်‌ရောက်မှု ရှိသွားမည် ဖြစ်သည်။ သစ်သီးများစွာ ခူးဆွတ်ခြင်းခံရပါက ရွှေရောင်အမြစ်က ဖြစ်ပေါ်တော့မည် မဟုတ်ပေ။

တာ့လော့ဓားကလန်မှ လူများ ထွက်သွားပြီးနောက် ဝမ်လင်းက ခြင်သားရဲ ကျောပေါ်၌ ပြန်ပေါ်လာခဲ့သည်။ သူက ထိုလူများ သွားသည့်နေရာဆီသို့ ကြည့်၍ နောက်ကနေ လိုက်ပါသွားတော့သည်။

အကြီးအကဲနှစ်ယောက်က အလျင်လိုနေသဖြင့် သူတို့အုပ်စုက ပိုမိုမြန်ဆန်စွာ ခရီးနှင်ကြသည်။ ထို့ကြောင့် ပုံမှန်သုံးရက်ကြာမည့် ခရီးက တစ်ရက်နှင့်နေ့တစ်ဝက်သာ ကြာမြင့်တော့သည်။

သည်အခိုက်မှာပင် ချန်ချင်က ရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်လတုန်းက ဂျူနီယာရဲ့ကလန်က အဲ့နေရာမှာ ရွှေဉာဏ်အလင်းသစ်သီးကို ရှာတွေ့ခဲ့တာပါ…”

လူတိုင်း၏ အကြည့်က ချန်ချင် ညွှန်ပြသည့်နေရာသို့ ရောက်ရှိသွားကြသည်။

သည်နေရာက တောင်နှစ်ခု ထိစပ်နေသည့် နေရာ ဖြစ်ကာ တောင်ကြားတစ်ခု ဖြစ်နေ၏။ ထိုနေရာက လုံးဝတိတ်ဆိတ်နေကာ မည်သည့်အသံမှ မကြားရချေ။ မြေပြင်ကလည်း သစ်ရွက်များနှင့် ဖုံးလွှမ်းကာ နေသည်။

သူမလက်ညွှိုးညွှန်သည့်အတိုင်း ကြည့်လိုက်ရာ ရွှေရောင်ဖျော့တော့တော့ အလင်းတစ်ခုက တောင်ကြားထဲကနေ ထွက်ပေါ်နေသည်ကို တွေ့လိုက်ကြရသည်။ သို့သော် ထိုတောင်ကြားလမ်းသို့ သွားရန် အပင်များစွာ ပိတ်လို့နေ၏။ သည့်အတွက် တောင်ကြားထဲသို့ မြင်နိုင်ရန် ခက်ခဲလှသည်။

ချန်ချင်က ထိုသို့ပြောဆိုပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ တိတ်ဆိတ်စွာ ရှိနေတော့၏။

တာ့လော့ဓားကလန်က အကြီးအကဲနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ အရပ်ရှည်ရှည်နှင့်တစ်ယောက်က ခြေလှမ်းအနည်းငယ်လှမ်းကာ ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ သူ့လက်ကို ရှေ့ရှိလေထဲသို့ ဖိချလိုက်၏။

သူ့ရှေ့တွင် ထူထဲသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရပ် စုဝေးလာကာ တောင်ကြားထဲသို့ စွမ်းအင်လေကြမ်းတစ်ခု တိုက်ခတ်သွားတော့၏။

သည်လေကြမ်းက ဧရိယာကို ဖြတ်သွားစဉ် သစ်ရွက်သစ်ဆွေးများသည် ပျောက်ကွယ်သွားကြကာ မြေမျက်နှာပြင် ပေါ်လာ၏။ မြင်ကွင်းကို ပိတ်ဆို့ထားသည့် အပင်များအားလုံးသည်လည်း ထိုလေကြမ်းကြောင့် ပြိုလဲကျကုန်၏။

လူတိုင်း၏ ရှေ့တွင် ဖြောင့်ဖြူးသော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့တော့သည်။

သည်လမ်းကြောင်းက တောင်ကြားထဲ၌ အဆုံးသပ်သွာ၏။ တောင်ကြားထဲ၌ မြက်ရိုင်းများစွာ ရှိလို့နေသည်။ သို့သော် လူတိုင်း၏အကြည့်က တောင်ကြားအရှေ့ဘက်ခြမ်းသို့ ကျရောက်သွားကြ၏။ မြက်ရိုင်းများနှင့် ဖုံးနေသည့် တောင်ကြားဧရိယာအလယ်တွင် ဖူးပွင့်နေသည့် ရွှေရောင်ပန်းများ ရှိလို့နေသည်။

ပန်းက တစ်ပွင့်တည်းမဟုတ်ဘဲ ပန်းခင်းတစ်ခုလုံး ဖြစ်လို့နေသည်။ သည်ပန်းများက အပြိုင်ဖူးဖွင့်နေကြသည့်ပုံပင်။

ထိုပန်းများ၏ အောက်တွင် လက်သီးစုပ်ခန့် ဘဲဥပုံ သစ်သီးများ ရှိလို့နေ၏။ သည်သစ်သီးများက ရွှေရောင်တောက်ပနေ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် သပျစ်သီးခိုင်များအလား ထင်ရ၏။ ၎င်းသစ်သီးများက သာမန်ဟုထင်ရကာ အခြား သစ်သီးများနှင့် ခြားနားနေခြင်း မရှိပေ။

“ရွှေဉာဏ်အလင်း သစ်သီး…။ဒါက တကယ်ပဲ ရွှေဉာဏ်အလင်း သစ်သီးပဲ…” အကြီးအကဲနှစ်ယောက်က သည်သစ်သီးများကို မြင်သည်နှင့် မျက်လုံးများ လက်ခနဲ ဖြစ်သွားကြသည်။ သူတို့က ချက်ခြင်းတောင်ကြားထဲသို့ ဝင်ရောက်ခြင်း မပြုဘဲ ဂရုတစိုက် စစ်ဆေးကြည့်နေ၏။ နောက်ဆုံးတွင်တော့ သူတို့အကြည့်က ရွှေဉာဏ်သစ်သီးများနှင့် တစ်မီတာလောက်အကွာရှိ မြက်ဖုတ်ထံသို့ ကျရောက်သွားသည်။

သည်မြက်ဖုတ်ပေါ်တွင် သစ်ရွက်ဆွေးအနည်းငယ် ရှိနေ၏။ တစ်ချက်လောက်ကြည့်ရုံဖြင့် သည်အရာက ပုံမှန်အတိုင်း ဘာမှ ထူးခြားမှု မရှိသည်ဟုသာ ထင်မြင်မိမည် ဖြစ်သည်။ တကယ်တော့ သည်သစ်ရွက်သစ်ဆွေးများက သည်နေရာတွင် အမြဲတွေ့နေရသည် မဟုတ်လား။ ထိုအခိုက်မှာပင် ထူးဆန်းသောလေပြင်းက တောင်ကြားကို ဖြတ်၍ တိုက်ခိုက်လာကာ မြက်ရိုင်းများကို ယိမ်းထိုးသွားစေ၏။

တောင်ကြားထဲရှိ သစ်ရွက်များကလည်း ထိုလေကြောင့် လှုပ်ရှားလာ၏ သို့ရာတွင် သည်သစ်ရွက်များက လေထဲသို့ လွင့်မြောသွားကာ လူတိုင်းက အေးစက်စက်လေကို ရှုသွင်းလိုက်ရသလို ဖြစ်သွားကြ၏။

သည်သစ်ရွက်များက လေထဲသို့ လွင့်မြောသွားပြီးနောက် သစ်ရွက်များ၏ နောက်ဘက်တွင် မရေမတွက်နိုင်သော အနီစက်များ ရှိလို့နေသည်ကို တွေ့လိုက်ရ၏။ သည်အနီစက်များက လှုပ်ရှားမှုကင်းမဲ့ကာ ၎င်းတို့က သစ်ရွက်ဆွေးများထံကနေ ကြီးထွားလာကြသည့်အလားပင်။

“ကိုးခုအနန္တအင်းဆက်…” ရှီဖန်အမည်ရှိ အရပ်ရှည်ရှည်နှင့်လူကြီးက သုန်မှုန်စွာဖြင့် ထိုသို့‌ ပြောလိုက်၏။ သည့်နောက် သူက အရပ်ပုပုအဘိုးကြီးကို ကြည့်လိုက်သည်။

“ရွှေဉာဏ်အလင်းသစ်သီး တစ်ရာက သဘာဝအားဖြင့် ကြမ်းကြတ်တဲ့ စောင့်ကြပ်သူတွေ ရှိနေမှာပဲ။ ဒီနေရာမှာ ကိုးခုအနန္တအင်းဆင်တွေ ရှိနေတာ အံ့အားသင့်စရာတော့ မရှိဘူး။ ဒါပေမဲ့ ဒီအင်းဆက်တွေကို ရင်ဆိုင်ဖို့က ငါးစာ တော့လိုအပ်တယ်…”

အရပ်ပုပုအဘိုးအိုမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့အကြည့်က ချန်ချင်နှင့် သူမဘေးရှိ အဖြူရောင်ဝတ်စုံနှင့် လူထံသို့ ကျရောက်သွားသည်။ သူက ရက်စက်စွာ ပြုံးလိုက်၏။

သည်အခိုက်တွင် သည်လူများ၏ ပေတစ်ထောင်အကွာတွင် ကြမ်းကြုတ်သည့် ပုံရိပ်တစ်ခု ရှိနေသည်ကို မည်သူမျှ သတိမပြမိကြချေ။ သည်ပုံရိပ်က သူတို့ကို စောင့်ကြည့်လို့နေသည်။ ထိုကြမ်းကြုတ်သည့် ပုံရိပ်ကတော့ ခြင်သားရဲဖြစ်ကာ ၎င်းကျောပေါ်တွင်တော့ ဝမ်လင်းက ထိုင်လျက် ရှိနေသည်။ သူ့အကြည့်က အေးစက်ကာနေသည်။

“ဒါက ရွှေရောင်စိတ်ဝိညာဉ်အမြစ်ပဲ။ ငါက ဒီလူတွေဟာ ဒီရတနာရဲ့ အသုံးပြုပုံကို တကယ်နားမလည်ဘူးလို့ ယုံကြည်တယ်။ သူတို့က ဒီသစ်သီးကိုပဲ အဆီအနှစ်အဖြစ် ထင်နေကြတယ်။ တကယ်က ရွှေရောင်စိတ်ဝိညာဉ်အမြစ်နဲ့ ယှဉ်ရင် ဒီသစ်သီးက ဘာမှမဟုတ်တော့ဘူး…”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ရွှေဉာဏ်အလင်း သစ်သီးက သူနှင့် မရင်းနှီးသော်လည်း ၎င်းကို တွေ့မြင်ပြီးနောက် ဝမ်လင်းက ထူစီ၏မှတ်ဉာဏ်များထဲ၌ ၎င်းသစ်သီးနှင့် ပတ်သတ်သည့် အကြောင်းကို ရှာတွေ့လိုက်သည်။

သည်ရတနာက သဘာဝဒြပ်စင်ငါးခုကနေ ဖြစ်တည်လာခြင်းပင်။ထို့ကြောင့် ၎င်းက အချိန်အတန်ကြာ တည်ရှိခဲ့ကာ ထူစီ၏ မှတ်ဉာဏ်ထဲ၌ ရှိနေရခြင်း ဖြစ်သည်။ ၎င်းသစ်သီးကို အသုံးပြုရန် အကောင်းဆုံးနည်းလမ်းက အမြစ်ကို ဝါးမြိုပစ်ခြင်း ဖြစ်သည်။ သည်အရာ သူ့ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေမည် ဖြစ်သည်။

အရွယ်မရောက်သေးသည် ရှေးဟောင်းနတ်ဘုရားကလေးငယ် အတွက်ဆိုရင်ပင် သည်ရတနာက အားဖြည့်ပေးနိုင်သည့် ရှားပါးတစ်ခု ဖြစ်သည်။

ဝမ်လင်းက ခြင်သားရဲပေါ်ကနေ အောက်သို့ ငုံ့ကြည့်ကာ စဉ်းစားလို့နေသည်။ သည်အချိန်မှာပင် ခြင်သားရဲထံကနေ ဖျော့တော့သောအဖြူရောင်အလင်းက ရုတတရပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းအကြည့်က တောင်ကြားထဲရှိ ရွှေရောင်သစ်သီးပေါ်သို့ ကျရောက်နေ၏။ ၎င်းအသွင်ကလည်း ထိုသစ်သီးများကို လိုချင်မှုနှင့် ပြည့်နှက်နေသည်။

ဝမ်လင်းက အကြံတစ်ခု ရသွားပြီး ခြင်သားရဲခေါင်းကို ပုတ်လိုက်သည်။ ခြင်သားရဲက ခေါင်းလှည့်ကာ ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြပြီးနောက် ၎င်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေတော့သည်။ ၎င်းက ပြန်လှည့်၍ ရွှေဉာဏ်အလင်းသစ်သီးများကို စူးစိုက်ကြည့်နေသည်။

“ဒီသစ်သီးက ခြင်သားရဲအတွက် အထူးအသုံးဝင်မှု အချို့များ ရှိနေမလား…”.

ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset