Switch Mode

အပိုင်း (၅၅၄):

ခြင်သားရဲ၏ ဆင့်ကဲ ပြောင်းလဲမှု

သုံးနာရီခန့် ကြာပြီးနောက် အလင်းတန်းသုံးခုက မိုးကုပ်စက်ဝိုင်းကနေ ပျံသန်းရောက်ရှိလာ၏။ သည်အလင်းတန်းသုံးခုနောက်တွင် အသံပေါက်ကွဲမှုများပင် ဖြစ်ကျန်ခဲ့လေသည်။ ကောင်းကင်ထက်ကနေ ဆင်းသည်လာသည့် သည်အလင်းတန်းသုံးခုက ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။

သူတို့က ကျောက်ပြားအောက်တွင် စောင့်နေသည့် လူငါးယောက်ယောက်ဘေးနားသို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်။ သူတို့နောက်၌ ကပ်ပါလာသည့် အသံပေါက်ကွဲမှုကြောင့် လေပြင်းများကို ဖြစ်စေကာ လူတိုင်းက နောက်သို့ လွင့်ထွက်သွားကြလေသည်။ သို့သော် ကောလို့ခေါ်သည့် လူကြီးကတော့ ပေအနည်းငယ်သာ နောက်ဆုတ်သွားရသည်။ သူတို့မျက်နှာများက အလွန်အမင်း ဖြူရောကာ ကြောက်ရွှံ့မှုတို့နှင့် ပြည့်နှက်သွား၏။

သည်လေကြမ်းများ တိုက်ခတ်သွားပြီးနောက် ပုံရိပ်သုံးခု ပေါ်ထွက်လာခဲ့၏။

ပုံရိပ်သုံးခုလုံးက ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုသုံးယောက် ဖြစ်ကြ၏။ အားကောင်းသော ဓားစွမ်းအင်များက သူတို့တစ်ယောက်ချင်းစီ၏ ဝတ်စုံနက်များထံကနေ ထွက်ပေါ်လို့နေသည်။ သူတို့ကျောဘက်ရှိ ရတနာဓားတစ်လက်စီက ဓားစွမ်းအင်ဖိအားလှိုင်းများကို ပေးစွမ်းလို့နေ၏။

သူတို့သုံးယောက်တွင် တစ်ယောက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တွင် ရှိ၍ အခြားနှစ်ယောက်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်တွင် ရှိသည်။

ကောလို့ အမည်ရသည့်လူက သည်သုံးယောက်ကို မြင်လိုက်သည်နှင့် သူ့နှလုံးသားက တုန်ယင်လို့သွားသည်။ သူက ချက်ခြင်းပင် ဦးညွတ်ကာ လေးစားစွာ ပြောလိုက်၏။ “ခြောက်ဆက်မြောက် မျိုးဆက် တပည့်ကောရှင်းဂျိက ဆရာဦးလေးကို နှုတ်ဆက်ပါတယ်…”

စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဘိုးအိုက ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောရှင်းဂျိ လာပြီးတော့ ဓားခန်းမ အကြီးအကဲနှစ်ယောက်ကို လာနှုတ်ဆက်ချေ…”

ကောရှင်းဂျိက လျင်မြန်စွာ ဒူးတစ်ဖက်ထောက်၍ လေးစားစွာ ပြောလိုက်သည်။ “တပည့်က အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်…”

အခြား စိတ်ဝိညာဉ်အသွင်ဖြစ်ပေါ်ခြင်း အစောပိုင်း အဘိုးအိုနှစ်ယောက်တွင် တစ်ယောက်က အရပ်ပုကာ နောက်တစ်ယောက်ကတော့ အရပ်ရှည်၏။ အရပ်ရှည်ရှည်နှင့်တစ်ယောက်က ပြောလိုက်သည်။ “မတ်တပ်ရပ်ပြီး ပြောပါ…။ ဉာဏ်အလင်းသစ်သီးက မင်း ရှာတွေ့ခဲ့တာလား…”

ကောရှင်းဂျိက မတ်တပ်ပြန်ရပ်ပြီးနောက် ချန်ချင်ကို လက်ညွှိုးထိုးကာ ပြောလိုက်သည်။ “ဒီအမျိုးသမီးက ဂျူနီယာရဲ့ သူငယ်ချင်းပါ။ ဉာဏ်အလင်းသစ်သီးက သူမကလန်ကနေ ရှာတွေ့ခဲ့တာ။ ဒါပေမဲ့ အဲ့နေရာမှာ နတ်ဆိုးသားရဲတွေ စောင့်ကြပ်လို့နေတော့ သူတို့က သူတို့ရဲ့ စွမ်းအားနဲ့ အရမယူနိုင်ဘူးဖြစ်နေတယ်။ ဂျူနီယာက ဒီနေရာကနေ ဖြတ်သွားတော့ သူတို့နဲ့ အတူသွားပေးဖို့ သဘောတူခဲ့တာပါ…”

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အကြီးအကဲနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ “ကောင်မလေး…မင်းက ဉာဏ်အလင်းသစ်သီး ဘယ်လောက်များများ တွေ့မြင်ခဲ့လဲ…”

ချန်ချင်က ပုံမှန်ဆို စကားပြောလိုခြင်း မရှိပေ။ သို့သော် သည်အဘိုးအို၏ လျှပ်စီးတန်းလို့အကြည့်အေက်၌ သူမက မပြောဘဲ မနေဝံ့တော့ချေ။ “တစ်ရာနီးပါးလောက် ရှိပါတယ်…”

“တစ်ရာ…” အရပ်ပုပုအဘိုးအိုမျက်လုံးက ရုတ်တရပ် လက်ခနဲ ဖြစ်သွားကာ သူက ပြောလိုက်သည်။ “ဒီသစ်သီးတွေကို စောင့်ကြပ်နေတဲ့ နတ်ဆိုးသားရဲတွေက တကယ့်ကို အားကောင်းလိမ့်မယ်…။ မင်းတိုကလန်က ဒါက ရှာတွေ့ဖို့က ထင်သလောက် မရိုးရှင်းဘူး…”

ချန်ချင်က ဘာမှမပြောပေ။ သို့သော် သူမဘေးရှိ အဖြူရောင်ဝတ်စုံနှင့်လူက ဝင်ပြောလိုက်သည်။ “ငါ့ကလန်က ဒီဉာဏ်အလင်းသစ်သီးတွေကို ရှာတွေ့ဖို့ အများကြီးအားစိုက်ထုတ်ပြီး အကြီးအကဲတော်တော်များများကို စတေးခဲ့ရတယ်…။မင်းတို့ တာ့လော့ဓားကလန်ကတော့…”

ချန်ချင်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း..”

ထိုလူ၏ မျက်နှာတွင် ဒေါသတို့နှင့် ပြည့်နှက်နေသည်။ သူက အသက်ဝဝရှုကာ သူ့ခေါင်းကို ပြန်လှည့်၍ မည်သည့်စကားမှ ထပ်မဆိုတော့ချေ။

ကောရှင်းဂျိက ခဏတာ တုံ့ဆိုင်းသွားပြီးမှ လေးစားစွာ ထပ်ပြောလိုက်သည်။ “အကြီးအကဲ…ချန်ချင်က ဂျူနီယာရဲ့ သူငယ်ချင်းပါ။ ဒီဉာဏ်အလင်းသစ်သီးတွေကို ရပြီးရင် သူမကို တစ်လုံးလောက် ပေးလို့ရမလား…”

အရပ်ရှည်ရှည်အဘိုးအိုက ရယ်မောကာ ပြောလိုက်သည်။ “ငါတို့က ဒါကို ရှာတွေ့နိုင်ရင် ငါတို့က သူမကို သစ်သီးတစ်လုံး‌ ပေးမယ်။ ကဲ လမ်းပြတော့…”

ချန်ချင်က သက်ပြင်းချကာ သူမစိတ်ထဲတွင်လည်း ရှုပ်ထွေးလို့နေ၏။ သူမက ရွေးချယ်စရာမရှိသဖြင့် လမ်းပြာလိုက်သည်။ မဟုတ်လျှင် သူမကလန်အတွက်ပါ သက်ရောက်မှု ရှိသွားပေလိမ့်မည်။ တာ့လော့ဓားကလန်၏ နိုင်လိုမင်းထက်ရှိမှုကြောင့် လူတိုင်းက သူတို့နှင့် ဆန့်ကျင်သည်နှင့် သုတ်သင်ခံရပေလိမ့်မည်။

သည်အကြီးအကဲနှစ်ယောက်ထံကနေ ပေးစွမ်းနေသည့် အော်ရာက သူမကလန်၏ အကြီးအကဲခေါင်းဆောင်ထက်ပင် အဆများစွာ သာလွန်နေ၏။ တာ့လော့ဓားကလန်နှင့်ယှဉ်လျှင် သူမကလန်က ပိုးဖလံလောက်သာ ရှိပေမည်။

“ကောရှင်းဂျိက ငါ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တယ်…” ချန်ချင်က စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရသည်။ သူမက ကောရှင်းဂျိထံသို့ ကြမ်းကြုတ်စွာ ကြည့်ပြီးနောက် အံတင်းတင်းကြိတ်ကာ မြေကမ္ဘာမြောက်ပိုင်းနတ်ဆိုးကုန်းမြေထဲသို့ ဝင်ရောက်သွားတော့သည်။

သူမနှင့်ကလန်တူသည့် အဖြူရောင်ဝတ်စုံနှင့်လူကလည်း သူမနောက်သို့ သုန်မှုန်စွာ လိုက်ပါသွား၏။

တာ့လော့ဓားကလန်က လူများကလည်း မြူလွှာပါးထသို့ လှမ်းလျှောက်၍ ပျောက်ကွယ်သွားလေတော့သည်။

ဝမ်လင်းက မြေကမ္ဘာမြောက်ပိုင်းနတ်ဆိုးကုန်းမြေကို ဖြတ်သန်းသွားနေသည်။ သူက လက်နောက်ပစ်ထားကာ သူ့ခြေထောက်များကလည်း မြေကြီးအထက် သုံးလက်မအကွာတွင် ရှိလို့နေကာ သူက သည်ဧရိယာတွင် ပျံသန်းလို့နေ၏။ သူက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ အမျိုးမျိုးပြောင်းလဲမှုနှင့် အသက်ဓာတ်အားကို အသက်ဓာတ်ချိပ်တံဆိပ်အဖြစ် ပြောင်းလဲခြင်းကို နားလည်အောင်လုပ်နေလေ၏။

ပတ်ဝန်းကျင်တောင်ကြောများက လုံးဝ တိတ်ဆိတ်နေသည်။မည်သည့် သက်ရှိလက္ခဏာမှ ရှိမနေချေ။ သူက ပျံသန်းနေရင်းဖြင့် အလင်းတစ်ချက် ဖျပ်ခနဲ တောက်ပသွား၏။သည့်နောက် ပုံရိပ်တစ်ခုက ပုံးကွယ်နေရာကနေ ဝမ်လင်းထံသို့ တိုးဝင်လာ၏။

သည်ပုံရိပ်က အလွန်မြန်လှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက သူ့ရှေ့သို့ ရောက်လာခဲ့သည်။ ၎င်းပုံရိပ်က မြူနက်အလွှာနှင့် ဝန်းရံထားကာ သွေးညှီနံ့က ဝမ်လင်းထံသို့ တိုးဝင်လို့လာသည်။

ဝမ်လင်းက ရပ်တန့်ခြင်းမပြုပေ။ သူ့အသွင်ပင် ပြောင်းလဲသွားခြင်း မရှိချေ။ အနက်ရောင်ပုံရိပ် နီးကပ်လာသည်အခိုက်တွင် သူက ညာလက်ချောင်းကို ပွတ်သပ်ကာ လက်ညွှန်လိုက်၏။

သူက သူ့လက်ချောင်းဖြင့် သည်မြူနက်ပုံရိပ်ကို တိုက်ရိုက်ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။

ဝမ်လင်း လက်ချောင်းထိပ်ကနေ မီးခိုးရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။ သို့ရာတွင် သည်မီးခိုးရောင်အခိုးငွေ့က အလွန်အမင်းအားနည်းလှသည်။ သည့်အတွက် ၎င်းကပေါ်ထွက်လာပြီးပြီးချင်း အများစုက ပျောက်ကွယ်လို့သွားသည်။

သိပ်မများသည့် မီးခိုးရောင်အခိုးငွေ့ကသာ အနက်ရောင်ပုံရိပ်ထဲသို့ ဝင်ရောက်သွား၏။

အသံတစီစီက အနက်ရောင်မြူပုံရိပ်ထဲကနေ ရုတ်တရပ် ထွက်ပေါ်လာ၏။ အနက်ရောင်မြူက ချက်ခြင်းဆူပွက်ကာ ပျောက်ကွယ်လို့သွားကာ လက်သီးစုပ်ခန့် သားရဲတစ်ကောင် ပေါ်လာခဲ့၏။

သည်သားရဲက ခြေလက်အင်္ဂါများ မရှိဘဲ ပါးစပ်တစ်ခုသာ ရှိ၏။ သွားများပင် မရှိချေ။ သို့သော် ချဉ်စုတ်စုတ်အနံ့က ၎င်းသားရဲငယ်၏ ပါးစပ်ထဲကနေ ထွက်ပေါ်လာသည်။ သည်သားရဲ၏ တံတွေးက အလွန်ပင် အားကောင်းနေသည်မှာ ရှင်းလင်းနေ၏။

သည်အခိုက်တွင် ဝမ်လင်းလက်ချောင်းက သည်သေးငယ်သောသားရဲခန္ဓာကိုယ်ထံသို့ တိုက်ရိုက် ထိုးစိုက်လာ၏။

သူက သူ့လက်ချောင်းကို လှုပ်ရှားလိုက်ရာ သားရဲငယ်ခန္ဓာကိုယ်က အပိုင်းပိုင်းပြန့်ကျဲကာ ပျောက်ကွယ်လို့သွားတော့သည်။

ဝမ်လင်းက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းကာ ဆက်လက် ရွေ့လျားသွား၏။ သူက လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် ပြန့်ကျဲသွားသည့် သားရဲငယ်ခန္ဓာကိုယ်အပိုင်းများမှ မီးခိုးရောင်အခိုးငွေ့အမျှင်တန်းက ထွက်ပေါ်လာပြီး သူ့လက်ချောင်းနားတွင် လှည့်ပတ်လေသည်။ “ဒီကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က သတ်ဖြတ်နေစဉ်မှာပဲ အသက်ဓာတ်ကို ရိပ်သိမ်းတယ်။ ငါ့လက်ချောင်းကြားမှာ အသက်ဓာတ်အား ရှိနေတဲ့ဟာက အသက်ဓာတ်အားလာတော့ ငါမသိဘူး…”

ဝမ်လင်းက ခေါင်းငုံ့ကာ သူ့လက်ချောင်းပတ်လည်ရှိ မီးခိုးရောင်အခိုးငွေ့ကို ကြည့်လိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက ဆက်လက်၍ ပျံသန်းသွားသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ဝမ်လင်းက လျင်မြန်စွာ လှုပ်ရှားနေသော်လည်း သည်ဧရိယာ၏ အတွင်းနက်ပိုင်းသို့ ရောက်ရှိခြင်း မရှိသေးပေ။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တာ့လော့ဓားကလန်က လူများပေါ်သို့ ခပ်နှိပ်ထား၏။

သူတို့၏ လှုပ်ရှားမှု မှန်သမျှကို ဝမ်လင်းက နတ်ဘုရားအာရုံကနေ ဖြတ်၍ မြင်နေရ၏။ သူတို့က ဘာကိုမှ ဖုံးကွယ်မထားနိုင်ချေ။

ဝမ်လင်းက ဉာဏ်အလင်းသစ်သီးသည် မည်သည့်သစ်သီးမျိုး ဖြစ်သည်ကို သိမြင်ချင်နေမိသည်။ သူက သည်တာ့လော့ဓားကလန်က လူတွေကို အသုံးပြု၍ အထူးသဖြင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဘိုးအိုနှစ်ယောက်ကို အသုံးပြုကာ သူ့ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်ရန် ကြံရွယ်နေ၏။

ဝမ်လင်းက တာ့လော့ဓားကလန်နှင့် ပတ်သတ်၍ စိတ်ဆန္ဒကောင်း မရှိချေ။

ခုချိန်တွင် ဝမ်လင်းက တောင်ကြောတစ်ခုကို ဖြတ်သန်းလာရင်းဖြင့် သူ့လက်ချောင်းများ ပတ်လည်ရှိ မီးခိုးရောင်အခိုးငွေ့ကလည်း အရင်ထက် ပိုထူထဲလာခဲ့သည်။ သည်မီးခိုးရောင်အမျှင်တန်းက ဝမ်လင်းလက်ချောင်းများကို လျှင်မြန်စွာဖြင့် လှည့်ပတ်ကာ နေသည်။

ဝမ်လင်းက ဉာဏ်အလင်းသစ်စီးကို မြင်သိချင်သည့် စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် ဝမ်လင်းက အားကောင်းသောသားရဲများနှင့် သူ့ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်ရန် အနက်ပိုင်းသို့ သွားပြီးနေလောက်ပြီ ဖြစ်သည်။

သည်နေ့တွင် ဝမ်လင်းက သူ့လက်ချောင်းကို စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် နွားထီးတစ်ကောင် ဦးခေါင်းထက်ကနေ ပြန်ရုတ်သိမ်းလိုက်၏။ သူ့လက်ချောင်း ရုတ်သိမ်းလိုက်သည့်အခိုက်မှာပင် နွားထီးဦးခေါင်းထက်ကနေ မီးခိုးရောင်အခိုးငွေ့ ထူထဲသော အမျှင်တန်းက ထွက်ပေါ်လာကာ သူ့လက်ချောင်းကို ဝန်းပတ်လို့သွားသည်။

နွားထီးခန္ဓာကိုယ်က တုန်ခါက ၎င်း၏ အကြည့်ကလည်း တဖြည်းဖြည်း ဖျော့တော့၍ မြေပေါ်သို့ လဲကျသွားတော့သည်။

သည်အချိန်မှာပင် အနက်ရောင်အလင်းတန်းတစ်ခုက အကွာအဝေးတစ်ခုကနေ လှမ်းလာနေ၏။ ကြမ်းကြုတ်သောအော်သံတစ်ခုနှင့်အတူ ခြင်သားရဲက ဝမ်လင်းဘေးနား၌ ပေါ်လာခဲ့၏။ ၎င်း၏ ကြီးမားသည့် ခြင်နှာမောင်းများဖြင့် နွားထီးဦးခေါင်းကို ထိုးစိုက်ကာ တစ်ချက် စုပ်ယူလိုက်သည်နှင့် ယင်းနွားထီး၏ အသွေး၊အသား၊ အဆီအနှစ်နှင့် အမြုတေအားလုံးကိုပါ စုပ်ယူလိုက်ပြီး ဖြစ်သွားတော့သည်။

မြေပေါ်၌ နွားထီး၏ အရိုးစုသာ ကျန်ခဲ့လေတော့သည်။

ခြင်သားရဲက စုပ်ယူပြီးနောက် အဖြူရောင်အလင်းတန်းတစ်ခုက သူ့ပတ်လည်၌ ပေါ်လာခဲ့သည်။ အကြိမ်အနည်းငယ် တောက်ပသွားပြီးနောက် သည်အဖြူရောင်အလင်းက ပြန်ပျောက်ကွယ်သွားသည်။ ခြင်သားရဲ၏ အမွှေးအမျှင်များကလည်း ပိုမို ကြမ်းကြုတ်လာ၏။ ခြင်သားရဲက အလွန်ပျော်ရွှင်စွာဖြင့် ဝမ်လင်းရှေ့တွင် လှည့်ပတ်ပျံသန်းလို့နေသည်။

လမ်းတစ်လျှောက်တွင် ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနှင့် အထက်သားရဲများကို သတ်ဖြတ်ပြီးတိုင်း သူက ခြင်သားရဲကို ဆင့်ခေါ်ကာ ထိုသားရဲများ၏ အဆီအနှစ်နှင့် အမြုတေကို စုပ်ယူခိုင်းကာ ခြင်သားရဲ၏ ကြီးထွားမှုကို အထောက်အပံ့ ဖြစ်စေသည်။

မိုးကြိုးဖားပြုတ်သားရဲ၏ ကြီးထွားမှုက သည်နည်းလမ်းနှင့် သင့်တော်မှုသာ ရှိခဲ့လျှင် သူက မိုးကြိုးဖားပြုတ်သားရဲကိုပါ ဆင့်ခေါ်မည် ဖြစ်သည်။

တကယ်တော့ ခြင်သားရဲက ကြယ်များထံက သားရဲမျိုး ဖြစ်သည်။ ၎င်းက အချို့အကြောင်းပြချက်များကြောင့် အတိတ်တုန်းက ဟင်္သာပြဒါးနိုင်ငံတွင် ပေါ်လာခဲ့သော်လည်း ၎င်း၏ ကြမ်းကြုတ်မှုက ကျင့်ကြံခြင်းဂြိုဟ်များမှ သားရဲများ ယှဉ်နိုင်မည် မဟုတ်ချေ။

သည်ချင်သားရဲက ဝါးမြိုရန် အသက်ရှင်ခြင်း မည်၏။ ၎င်းက ကမ္ဘာပေါ်ရှိ မည်သည့်သားရဲကို မဆို ဝါးမြိုနိုင်ကာ ပိုမို ဝါးမြိုစုပ်ယူလေလေ ပိုမို သန်မာလာလေလေ ဖြစ်သည်။

၎င်းက ဝမ်လင်းနောက်သို့ စတင်လိုက်ပါပြီးနောက် ၎င်းက မရေမတွက်နိုင်သော ဆေးလံးများ၊ ရတနာများ၊ အမြုတွေများကိုပါ ဝါးမြိုပစ်ခဲ့ပြီး ဖြစ်သည်။ ၎င်း၏ ခွန်အားးက စဦးစိတ်ဝိညာဉ်အဆင့်တွင်သာ ရှိသော်လည်း အချို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းသားရဲများပင် ၎င်း၏ ကြမ်းကြုတ်မှုကို သက်ရောက်ခြင်း ခံရလေ၏။

ဝမ်လင်း ခန္ဓာကိုယ်က ရှေ့သို့ လှုပ်ရှားသွားကာ လေထဲတွင် မြောလွင့်လို့နေသည်။ သည့်နောက် ခြင်သားရဲကလည်း တစ်ချက်ဟိန်း၍ လှုပ်ရှားသွား၏။ ၎င်းက အလင်းတန်းအလားလှုပ်ရှားလိုက်ရာ ဝမ်လင်းခြေထောက်အောက်၌ ပေါ်လာခဲ့သည်။ သည့်နောက် ၎င်းက ဝမ်လင်းကို ခေါ်ဆောင်၍ တောင်အနက်ပိုင်းသို့ ပျံသန်းသွားသည်။

၎င်းက ပျံသန်းနေရင်း တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ခြင်သားရဲကလည်း သည်အရာကို သတိပြုမိသည့်အတွက် ချက်ခြင်း ရပ်တန့်လိုက်သည်။ ၎င်းက လှုပ်ရှားခြင်းမပြုဘဲ ဝမ်လင်းအမိန့်ကို စောင့်ဆိုင်းနေသည်။

ဝမ်လင်းက တောင်ဘက်ခြမ်းကို ကြည့်ကာ ပြုံး၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “သူတိုက ဉာဏ်အလင်းသစ်သီးကို ရှာတွေ့သွားခဲ့ပြီလား…”

အတွေးတစ်ချက်ဖြင့်ပင် ခြင်သားရဲက အသံထွက်ခြင်း မရှိဘဲ လှုပ်ရှားသွားသည်။

၎င်း၏ မျက်လုံးများကလည်း နီရဲနေကာ တစ္ဆေမီးတောက်ကဲ့သို့ တလက်လက် ဖြစ်လို့နေသည်။

ဝမ်လင်းက လွန်ခဲ့သောရက်များကတည်းက ခြင်သားရဲ၏ ပြောင်းလဲမှုများကို အာရုံစိုက်လို့ထားသည်။ ခြင်သားရဲက အရေးပါသောအဆင့်တွင် ရောက်နေသည့်ပုံပင်။၎င်းက အဆင့်ချိုးဖျက်ရန် တာဆူနေ၏။

ခြင်သားရဲက သားရဲတစ်ကောင်၏ အဆီအနှစ်နှင့်အမြုတေကို ဝါးမြိုပြီးတိုင်း အဖြူရောင်အလင်းတစ်ခုက ၎င်းပတ်လည်တွင် တဖျပ်ဖျပ် ဝန်းရံသွားသည်။

ခြင်သားရဲမျက်လုံးထဲရှိ တစ္ဆေအလင်းကို ကြည့်က ရုတ်တရပ် ဝမ်လင်းစိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

တစ်ခုသော ကြီးမားသည့် ဂြိုဟ်ကြီးပေါ်တွင် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းထားသည့် မရေမတွက်နိုင်သော ခြင်သားရဲများနှင့် ပြည့်နေ၏။ သည်ခြင်သားရဲများ၏ အကြည့်က တစ္ဆေမီးတောက်များကဲ့သို့ တောက်ပလို့နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset