ဝမ်လင်းက မျှော်စင်အထက် ပေတစ်သောင်းအကွာတွင် ရပ်တန့်လျက်ရှိနေသည်။ သူ့မျက်လုံးများက တောက်ပနေပြီး သူက ညာလက်ကို မြှောက်လိုက်ရာ အနက်ရောင်မြူအားလုံးက သူ့ထံသို့ တရကြမ်း တိုးဝင်လာတော့၏။
ကောင်းကင်နှင့် တိမ်များ၏ အရောင်ပင် ပြောင်းလဲသွားကြသည်။
သည်တိမ်များအတွင်းမှ မိုးခြိမ်းသံက ပဲ့တင့်ထပ်လျက်ရှိသည်။ သည်မိုးခြိမ်းသံများက ပျံ့နှံ့သွားကာ လင်းယွဲ့နိုင်ငံအနှံ့သို့ ပဲ့တင်ထပ်လို့သွားလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကီလိုမီတာငါးထောင်အတွင်းရှိ မြူနက်များက သူ့လက်ပေါ်၌ လူတစ်ယောက်ဦးခေါင်းအရွယ်ခန့် အလုံးအဖြစ် လာရောက်စုဝေးသွား၏။ ၎င်းအလင်းလုံးထဲ၌ လျှပ်စီးအလင်းတန်းများ လျှပ်ပြေးလျက်ရှိနေသည်။
သည်အလုံးက မြူများ၊အတားအဆီးများနှင့် ပြည့်လို့နေသည်။ ၎င်းမြူအလုံးကနေ အားကောင်းသောဖိအားတစ်ခု ထွက်ပေါ်လျက် ရှိနေသည်။
ဝမ်လင်းက သူ့လက်ကိုညှစ်ချလိုက်ရာ သည်မြူလုံးထဲရှိ အတားအဆီးက ရုတ်တရပ် ပျက်စီးသွား၍ မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့အမျှင်အတန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကို လှည့်ပတ်လာ၏။ နောက်ဆုံးတွင် သည်အနက်ရောင်အခိုးငွေ့အမျှင်တန်းများက သူ့ရှေ့၌ လိမ်ယှက်ကာ ခရမ်းရွှေရောင်အလံတစ်ခု ဖြစ်ပေါ်သွား၏။ သည်အလံက လေမတိုက်ဘဲနှင့် လှုပ်ယမ်းနေကာ အသံများတဖျပ်ဖျပ် ဖြစ်ပေါ်စေနေ၏။
သည်အခိုက်မှာပင် ကီလိုမီတာငါးထောင်ပတ်ဝန်းကျင်က ပြန်လည် ရှင်းလင်းသွား၏။ သို့သော် လေဟာနယ်ထဲကတွင်တော့ အော်သံအချို့ ထွက်ပေါ်လို့နေဆဲသာ။ အနက်ရောင်အရိပ်အချို့ တဖျပ်ဖျပ်ဖြစ်နေသည်ကိုလည်း မြင်ရလေ၏။
“မူလစိတ်ဝိညာဉ်…ပြန်လာခဲ့ကြ…”
ဝမ်လင်းက ပါးစပ်ဟလိုက်ရာ မူလစိတ်ဝိညာဉ်များက သူ့ပါးစပ်ထဲသို့ လျင်မြန်စွာ ပြန်ဝင်ရောက်သွားကြပြီး သူ့မူလစိတ်ဝိညာဉ်ထဲရှိ စိတ်ဝိညာဉ်အလံထဲသို့ ဝင်ရောက်သွားတော့သည်။
“ငါက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို ကျင့်ကြံနေရင်းနဲ့ ဒီစိတ်ဝိညာဉ်အလံကိုလည်း မွန်းမံနိုင်မယ်…။ အဲ့နောက်မှာ ငါ့အတွက် ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ရှင်သန်နိုင်ဖို့ အခွင့်အလမ်းက ပိုတိုးလာလိမ့်မယ်…”
“ဒါ့အပြင် ဆရာက ငါ့ကို သုံးလအတွင်း အရှေ့ဘက်နတ်ဆိုးပင်လယ်ကို လာစေချင်နေတယ်…။ခုငါက တစ်လခွဲပဲ ကျန်တော့တဲ့အတွက် ငါသွားသင့်လား…မသွားသင့်ဘူးလား…” ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်သည် အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
လင်းယွဲ့။ စိတ်ဝိညာဉ်ငါးခုတောင်။
လင်းယွဲ့နိုင်ငံရှိ နံပါတ်တစ်ကျင့်ကြံသူက အာဏာတက်ခြင်းအဆင့်ကို ခြေတစ်ဝက်လှမ်းနိုင်ခဲ့သည့် အဘိုးအိုပင် ဖြစ်သည်။ သည်အဘိုးအိုကို စိတ်ဝိညာဉ်ငါးခုတောင်၏ ထျန်ထိုင် ဟု ခေါ်တွင်၏။ သူက ခုလက်ရှိတွင် စိတ်ဝိညာဉ်ငါးခုတောင်ပေါ်တွင် ထိုင်၍ လစွမ်းအင်ကို စုပ်ယူကာ ကျင့်ကြံလျက် ရှိနေသည်။
အဘိုးအိုထျန်ထိုင် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးက တည်ငြိမ်နေကာ သူက လေဟာနယ်ထဲသို့ ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “အဘိုးအို ထျန်ထိုင်က တမန်တော်အရှင်ကို နှုတ်ဆက်ပါတယ်…”
လေဟာနယ်ထဲကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်လင်းလည်း ပေါ်ထွက်လာခဲ့၏။ သူက အဘိုးအိုထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “သင့်ကို နှောက်ယှက်ရတဲ့ အတွက် တောင်းပန်ပါတယ်…”
အဘိုးအိုထျန်ထိုင်က အသက်ဝဝရှုသွင်းကာ ခေါင်းယမ်း၍ ပြောလိုက်သည်။ “ငါက ရိုင်းစိုင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်…။ငါသာ နောက်ဆုံးအကြိမ်တုန်းက မျှော်စင်ဧရိယာထဲ ဝင်လာပြီး စည်းမျဉ်းဖောက်ဖျက်တာကြောင့် မဟုတ်ရင် ငါက တမန်တော်အရှင်ဟာ ဒီစိတ်ဝိညာဉ်သားရဲကို ပိုလွယ်လွယ်ကူကူ ယဉ်ပါးအောင် လုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်…”
“ပြဿနာမရှိဘူး…”
ဝမ်လင်းက အဘိုးအိုထျန်ထိုင်သို့ တည်ငြိမ်စွာ ကြည့်နေ၏။ သည်အဘိုးအိုက အာဏာတက်ခြင်းအဆင့် တာအိုရှာဖွေခြင်းလမ်းကြောင်းပေါ်သို့ ရောက်နှင့်နေခဲ့ပြီး ဖြစ်သည်။ သည်အဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်တိုင်း၏ အရေးကြီးဆုံးအဆင့်ပင် ဖြစ်သည်။ သည်အရာက သေခြင်းရှင်ခြင်းပင်။
အဘိုးအိုက မျက်လုံအနည်းငယ် မှိတ်ကာ အလေးအနက် ပြောလိုက်၏။ “တမန်တော်အရှင်က ဒီနေရာကို ဝင်လာတာ ငါ့ကြောင့် မဟုတ်ပါဘူး…။ဒီတော့ တမန်တော်အရှင်က သင်္ချိုင်းကို ခြေတစ်ဝက် လှမ်းနေပြီဖြစ်တဲ့ ဒီအဘိုးအိုနဲ့ပတ်သတ်လို့ ဘာများ လာရောက်ရှာဖွေရတာလဲ…”
ဝမ်လင်းက အကွာအဝေးတစ်ခုကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီဂြိုဟ်မှာ နတ်ဆိုးသားရဲတွေ စုဝေးနေတဲ့ နေရာတစ်ခုခု မရှိဘူးလား…”
အဘိုးအိုထျန်ထိုင် မျက်လုံးများက အလေးအနက် ဖြစ်လာကာ သူက စတင်တွေးတောလေသည်။ သိပ်မကြာခင်တွင် သူက လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။ “တမန်တော်အရှင်…ဒီဂြိုဟ်ပေါ်မှာ နတ်ဆိုးသားရဲသုံးကောင် စုဝေးနေတဲ့ နေရာတစ်ခုရှိတယ်…။ ဒီကျောက်စိမ်းပြားထဲမှာ အဲ့နေရာကို မှတ်တမ်းတင်ထားတယ်…”
ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီးနောက် ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ သူက အဘိုးအိုကို ခေါင်းညိတ်ပြပြီးနောက် သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွားတော့၏။
အဘိုးအိုထျန်ထိုင်က ဝမ်လင်းပျောက်ကွယ်သွားသည့် နေရာကို ကြည့်၍ မျက်လုံးပြန်မှိတ်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “ဒီကောင်လေးက သတ်ဖြတ်မှုစိတ်ဆန္ဒတွေနဲ့ ပြည့်နေတယ်…။ ဒီတစ်ကြိမ် သူ့ခရီးစဉ်က သတ်ဖြတ်ဖို့ပဲ။ ငါက လမ်းတစ်လျှောက်မှာသူ့ကို ဘယ်သူမှ သွားမတားဆီးဖို့ မျှော်လင့်မိတယ်…”
“မြေကမ္ဘာဂြိုဟ်ရဲ့ မြောက်ဘက်အစွန်းပိုင်းမှာ ထူထဲတဲ့တောင်တန်းများက ကီလိုမီတာသန်းပေါင်းများစွာကို ဖုံးလွှမ်းလို့ထားတယ်။ ဒီနေရာက နတ်ဆိုးသားရဲများ စုဝေးနေတဲ့ နေရာပဲ။ ဒီနေရာမှာ အာဏာတက်ခြင်းအဆင့်လောက် အားကောင်းလှတဲ့ နတ်ဆိုးသားရဲအချို့ပင် ရှိလို့နေတယ်။ ဂြိုဟ်ပေါ်ရှိ တပည့်များက ဒီနေရာတွင် သူတို့ကိုယ်သူတို့ လာရောက်စမ်းသပ်ကြတယ်။ ဒါပေမဲ့ ဒီနေရာဗဟိုချက် ကီလိုမီတာ သုံးသိန်းက တားမြစ်နေရာတစ်ခုအဖြစ် ယူဆလို့ရတယ်။ လူတစ်ယောက်က အဲ့နေရာကို မဝင်ရောင်သင့်ဘူး…”
ဝမ်လင်းက ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းလိုက်သည်။သည့်နောက် သူက သူသွားချင်တေသာ နေရာရှိရာသို့ ဦးတည် ကြည့်လိုက်သည်။ထို့နောက် သူက လေထဲသို့ လက်ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ဝမ်လင်းက သည်ငွေရောင်အလင်းပေါ်သို့ ခြေချလိုက်၏။ ခြေတစ်လှမ်း၊နှစ်လှမ်း၊သုံးလှမ်း…။ သူက ခြေလှမ်းဆယ်လှမ်း ဆက်တိုက် တန်းမတ်စွာ လျောက်လှမ်းသွားသည်။
ခြေဆယ်လှမ်းက ခုလက်ရှိ သူက တစ်ကြိမ် တည်နေရာရွှေ့ပြောင်းနိုင်ခြင်း ဖြစ်သည်။
ခြေဆယ်လှမ်းလှမ်းလိုက်ပြီးနောက် ဝမ်လင်းမျက်လုံးကလည်း လက်ခနဲဖြစ်သွားကာ သူ့ခန္ဓာကိုယ်ကလည်း တစ်ချက် တောက်ပသွား၏။ သည်အချိန်မှာပင် သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ စတင်တောက်ပလာခဲ့သည်။ သည့်နောက် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်သွားကာ ဝမ်လင်းသည်လည်း ပျောက်ကွယ်လို့သွားတော့၏။
ငွေရောင်အလင်းတန်းက မြေကမ္ဘာဂြိုဟ်၏ မြောက်ဘက်ပိုင်း ကောင်းကင်ထက်၌ ရုတ်တရပ် ပြန်ပေါ်လာခဲ့သည်။ သည် ကြည်လင်သောကောင်းကင်က ရုတ်တရပ် ပြောင်းလဲသွားကာ အလင်းလှိုင်းတွန့်များက ပျံ့နှံ့လို့သွားတော့သည်။
အသက်အနည်းငယ်ရှုသွင်းပြီးနောက် သည်အလင်းလှိုင်းတွန့်များ၏ အလယ်ကနေ ဝမ်လင်းက ပေါ်ထွက်လာခဲ့လေသည်။
သူ့မျက်နှာက အနည်းငယ် ဖြူရောလို့နေသည်။ သူက အသက်ကို မနည်းရှုသွင်းနေရ၏။ သူက ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီးနောက်မှ နေလို့ထိုင်လို့ ပြန်ကောင်းလာခဲ့၏။
သူ ပေါ်ထွက်လာပြီးနောက် ငွေရောင်အလင်းသည်လည်း ပျောက်ကွယ်လို့သွားသည်။ ကောင်းကင်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွား၏။
ဝမ်လင်းက ရပ်တန့်ခြင်း မရှိချေ။ သူက အလင်းတန်းအသွင်ပြောင်း၍ သူ့ရှေ့တည်တည် ထူထဲသော တောင်တန်းရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
သူ့ရှေ့ရှိ မြေပြင်က မြေသားအရောင် မဟုတ်တော့ဘဲ အပြာရောင်တစ္ဆေအလင်းလွှာတစ်ခုက မြေကြီးအထက်တွင် ရှိလို့နေသည်။ တစ်စုံတစ်ယောက်က အားကောင်းသောမန္တာန်နှင့်အတူ ကျောက်ပြားတစ်ခုကို မြေကြီးထဲပ စိုက်ထူထား၏။ သည်ကျောက်ပြားပေါ်၌ သတ်ဖြတ်မှုစိတ်ဆန္ဒများပါဝင်နေသည့် အနီရောင်စာလုံးအချို့ ရှိနေသည်။
“မြေကမ္ဘာ မြောက်ပိုင်း နတ်ဆိုး နယ်မြေ…”
သည်စာလုံးလေးလုံးက အားကောင်းသောအော်ရာကို ပေးစွမ်းလို့နေ၏။ သည်အော်ရာက ပတ်ဝန်းကျင်ကို လေကြမ်းများ တိုက်ခတ်မှု ဖြစ်ပေါ်စေသည်။
ဝမ်လင်းက သည်ကြီးမားသည့် ကျောက်ပြားအောက်တွင် မတ်တပ်ရပ်နေရင်း ခေါင်းမော့ကာ အချိန်အတန်ကြာ ကြည့်လို့နေသည်။
သည်ကျောက်ပြားနောက်တွင် မြူပါးလွှာတစ်ခု ရှိလို့နေသည်။ သို့သော် ၎င်းအလွှာက မည်သည့်အရာကိုမျှ ဖုန်းကွယ်ထားခြင်းတော့ မရှိချေ။ လူတစ်ယောက်က နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လျှင် သူတို့က ထိုနေရာကို ရှင်းလင်းစွာ မြင်နေရသည်သာ။
သည်ကျောက်ပြားနောက်ဘက်၌ အဆုံးမဲ့ဟန်ရသည့်တောင်တန်းများ သွယ်တန်းကာ ရှိနေသည်။ လမ်းဟူ၍ မရှိဘဲ မြေပြင်က သစ်ရွက်များနှင့်ဖုံးနေကာ လေထဲတွင်လည်း သစ်ရွက်ဆွေးအနံ့များနှင့် ပြည့်လို့နေသည်။
သည့်အပြင် သည်ဧရိယာက လုံးဝ တိတ်ဆိတ်နေကာ မည်သည့်သက်ရှိအရိပ်လက္ခဏာကိုမှ မတွေ့ရချေ။
နေ့အချိန်ဖြစ်သော်လည်း သည်နေရာရှိ မြေကြီးက အေးစက်စက်ရှိနေကာ ဧရိယာတစ်ဝိုက်တွင် ပျံ့နှံ့လို့နေ၏။
ဝမ်လင်းက အချိန်အတန်ကြာ သေချာကြည့်ရှုလို့နေသည်။အနည်းငယ်စဉ်းစားပြီးနောက် သူက တောင်တန်းများရှိရာသို့ ခြေလှမ်းလိုက်သည်။
“ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က သတ်ဖြတ်နေစဉ်အတွင်းမှာ အတွေ့အကြုံရယူခြင်းပဲ…။ ဒီနေ့ ငါက ဒီပညာရပ်ကို စတင်ကျင့်ကြံဖို့ ဒီနေရာကို အသုံးပြုရမယ်…”
ထိုအခိုက်တွင် မိုးကုပ်စက်ဝိုင်းကနေ ဓားစွမ်းအင်တန်းများက ပေါ်ထွက်လာကြသည်။ သည်ဓားစွမ်းအင်များက အရောင်မျိုးစုံ ရှိနေကာ အားကောင်းသောစွမ်းအင်ကို ထုတ်လွှတ်လျက် ရှိနေသည်။ သည်အရာက သူလူများ၏ ကျင့်ကြံခြင်းသည် တစ်ယောက်မှ အားနည်းခြင်း မရှိကြောင်းကို ပြသလို့နေသည်။
စီနီယာအကို … ငါတို့ ဒီနေရာ ရောက်လာပြီ…”
ဓားစွမ်းအင်က မနီးကပ်လာခင် သူတို့ထဲကတစ်ယောက်၏ အသံက အရင်ထွက်ပေါ်လာခဲ့၏။
ဝမ်လင်း ရှေ့သို့ လျှောက်လှမ်းနေမှုက သည်လူများကြောင့် တစ်စက်ကလေးတောင် ရပ်တန့်သွားခြင်း မရှိချေ။ သူက ဆက်လက်၍ တောင်တန်းများထဲသို့ လှမ်းလျှောက်နေသည်။ သူ့အသွင်က မြူပါးလွှာကြားတွင် ပျောက်ကွယ်လို့သွားတော့၏။
သူ့ပုံရိပ်ပျောက်ကွယ်သွားပြီး သိပ်မကြာခင်တွင် ဓားအလင်းတန်းများကလည်း ကျောက်ပြားရှေ့သို့ ကျရောက်လာကာ လူငါးယောက်၏အသွင် ထွက်ပေါ်လာ၏။
သည်ငါးယောက်တွင် ယောက်ျားသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ပါဝင်၏။ သူတို့၏အဝတ်အစားများက ပုံစံနှစ်မျိုးဖြစ်နေသည်။ သူတို့ငါးယောက်လုံးက ကောင်းမွန်စွာ ဝတ်ဆင်ထားကာ ကြည့်ကောင်း၍ အားကောင်းသောအော်ရာများ ရှိလို့နေသည်။
အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်က အနီရောင်ဝတ်ဆုံကို ဝတ်ဆင်ထား၍ သူမပါးစပ်နားတွင် လှပသောအနီရောင်အမှတ်အသားတစ်ခု ရှိလို့နေသည်။ သူမက တိုးညှင်းစွာ ပြောလိုက်သည်။ “စီနီယာအကို…ငါက စောနက ဒီနားမှာ လူတစ်ယောက်ကို မြင်လိုက်မိသလိုပဲ…”
သည်မိန်းကလေးက အသက်သိပ်ကြီးခြင်းမရှိသေးသော်လည်း သူမကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့တည်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိလို့နေ၏။
အမျိုးသားသုံးယောက်တွင် တစ်ယောက်က အတော်လေးကြည့်ကောင်းကာ သတ်လတ်ပိုင်းအရွယ် ရှိလေ၏။ သူက အစိမ်းရောင်နှင့်အဖြူရောင်ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်များကိုလည်း ရိုးရိုးရှင်းရှင်း စီးနှောင်ထား၏။ သူ့နောက်ကျောတွင်တော့ သာမန်ဓားတစ်လက် ရှိလို့နေသည်။
သူက မိန်းကလေး၏စကားကို ကြားလိုက်သည့်အခါ ပြုံး၍ ပြောလိုက်သည်။ “ဒီနေရာက တားမြစ်ထားတဲ့ နေရာမဟုတ်တော့ ကလန်အမျိုးမျိုးရဲ့ လူမျိုးစုံက ဒီနေရာကို လေ့ကျင့်ဖို့ ရောက်လာတက်တယ်…။ ဒါ့ကြောင့် ဒီနေရာမှ အခြားလူတစ်ယောက်ကို တွေ့ရတာက မထူးဆန်းဘူး။ တစ်ခါတုန်းက ဆရာဦးလေးနဲ့ ငါတို့က ဒီနေရာအထဲကို အတူသွားဖူးတယ်…။ အဲ့အချိန်တုန်းက ငါတို့နဲ့တွေ့တဲ့ ကျင့်ကြံသူအားလုံးက ငါတို့ကို ရှောင်ဖယ်သွားကြတယ်…။ ဒါ့ကြောင် နင်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး…”
အမျိုးသားသုံးယောက်ထဲက အသက်နှစ်ဆယ်လောက်သာ ရှိဦးမည့် လူငယ်တစ်ယောက်က ပြုံး၍ ပြောလိုက်၏။ “ဒါမှန်တယ်…။အကိုကောက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ရှိတဲ့ ထိပ်ဆုံးကလန်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ တာလော့ဓားကလန် အဖွဲ့ဝင်ပဲ။ သူက ကောင်းကင်ကံကြမ္မာကလန်က တပည့်တွေနဲ့ တွေ့ရင်တောင် သူတို့က အားနည်းနေရင် သူ့ကို ရှောင်ပေးရမှာပဲ။ ဒီမြေကမ္ဘာဂြိုဟ်ပေါ်က ကလန်ငယ်လေးတွေဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး…”
ကျန်သည် အမျိုးသားနှင့်အမျိုးသမီးတို့ကတော့ တိတ်ဆိတ်စွာ ရှိနေကာ မည်သည့်စကားမျှ မဆိုချေ။ အမျိုးသမီးက ကျန်သည့်သုံးယောက်ကို ကြည့်သည့်အကြည့်ထဲ၌ မုန်းတီးမှုအရိပ်အယောင်ပင် ပါလို့နေသေး၏။ အထူးသဖြင့် ကော လို့အမည်ရသည့်လူကိုပင်။ သူမက သူမ မုန်တီးမှုကို ဖုံးကွယ်ထားခြင်း မပြုပေ။
သည်အမျိုးသမီးက အလွန်လှပ၏။အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နက်မှောင်သောဆံနွယ်တို့ ပိုင်ဆိုင်ထားသည်။ သူမအသားအရည်က ကျောက်စိမ်းအလား ချောမွတ်လို့နေသည်။ သူမက ဆင်ယင်ခြယ်သထားခြင်း မရှိတာတောင်မှ တကယ့်ကို လှပလေ၏။ သူမမျက်နှာပေါ်ရှိ အမုန်းတရားကြောင့်သာ မဟုတ်လျှင် ပို၍ပင် လှပပေဦးမည်။
ကောလို့ခေါ်သည့် လူက ပြုံးလိုက်၏။ သူက သည်အမျိုးသမီးနှင့် ပတ်သတ်၍ ဂရုစိုက်ခြင်း မရှိပေ။ သူက နူးညံ့စွာ ပြောလိုက်၏။ “အမျိုးသမီး ချန်ချင်…စိတ်အေးအေးထားပါ။ ငါက နင့်အတွက် ရွှေဉာဏ်အလင်း သစ်သီးပေးဖို့ ကတိပေးပါတယ်…။ နင့်အတွက် နင့်ကလန်ကို ပြန်ယူသွားဖို့ လုံလောက်မှာပါ…”
ချန်ချင် အမည်ရှိ အမျိုးသမီးမျက်နှာထက်၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နေကာ သူက ကောဆိုသည့် လူကို စူးစိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ “တာလော့ဓားကလန်က ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား ငါက နင့်ကို မယုံဘူး…။ ငါက နင့်ကို ယုံရင် ငါတကယ် ကန်းနေလို့ပဲ ဖြစ်လိမ့်မယ်…”
ကောဆိုသည့် လူက ခေါင်းရမ်းကာ ပြောလိုက်သည်။ “လူတစ်ယောက်က ကံတစ်ချက်ကောင်းတာနဲ့ ကောင်းကင်ဘုံရတနာတွေတောင် ရနိုင်တယ်။ ရွှေဉာဏ်အလင်းသစ်သီးက ငါ့ဆရာဦးလေးအတွက် တကယ့်ကို အသုံးဝင်တယ်။ နင်က အကူအညီတောင်းဆိုတဲ့အတွက် အဲ့နောက်မှာ ငါက ငါ့ကလန်ကို ပြန်တင်ပြရမှာ…”
ဝမ်လင်းပုံရိပ်က တောင်ကြောထဲသို့ အလင်းတန်းအလား ရွှေ့လျားသွားနေသည်။ သူ့မျက်လုံးက အေးစက်လာခဲ့၏။
“တာ့လော့ဓားကလန်…စိတ်ဝင်စားစရာပဲ။ ဒါက စီနီယာကျောက်ရီရဲ့ နေရာကို စုံစမ်းဖို့ အခွင့်ရေး ရနိုင်တယ်။ ငါက ရွှေဉာဏ်အလင်းသစ်သီးက ဘယ်လို သစ်သီးမျိုး ဖြစ်တယ် ဆိုတာတော့ မသိဘူး…”