သည်သားရဲဟိန်းသံက ကောင်းကင်ထက်ထိ ထွင်းဖောက်သွားလေ၏။ အခြားအုပ်စုခွဲခြောက်ခုလုံး၏ တပည့်များအားလုံးက တုန်လှုပ်လို့သွားကြသည်။ သူတို့က သည်လိုရတနာမျိုးက အရင်တုန်းက လုံးဝမြင်တွေ့ဖူးခြင်း မရှိကြချေ။ သည့်အတွက်ကြောင့် သည်အညံ့မခံသည့်ဟိန်းသံကို ကြားလိုက်ရပြီးနောက် ဝမ်လင်းအဆင့်အတန်းက သူတို့စိတ်ထဲ၌ တစ်ဆင့်မြင့်လို့သွားတော့သည်။
အချို့ဧည့်သည်ကျင့်ကြံသူများ၏ မျက်လုံးထဲ၌ပင် ထူးဆန်းသောအလင်းများ ဖြစ်ပေါ်လို့သွားကြသည်။ အချို့ မွန်းစတားအိုကြီးများပင် စဉ်းစားနေသည့်ဟန်ပန်များ ဖြစ်သွားကြ၏။
ဓားသူတော်စင်လင်းထျန်ဟူပင် သည်သားရဲစိတ်ဝိညာဉ်ကို တွေ့လိုက်သည့်အခါ တုန်လှုပ်သည့်အကြည့်တစ်ခု ဖြစ်ပေါ်လို့သွားခဲ့၏။
ဝမ်လင်းက လေထဲ၌ မြောလွင့်လျက်ရှိနေပြီး သူက အော်ဟစ်လိုက်သည်။ “သူ့ကို ဝါးမြိုလိုက်စမ်း…”
သည်စိတ်ဝိညာဉ်သားရဲက ဟိန်းသံပြု၍ ရှေ့သို့ ထိုးတက်သွားတော့သည်။ ၎င်း၏အမြန်နှုန်းက အလွန်ပင် မြန်ဆန်လွန်းလှကာ ချန်ထောင်ထံသို့ တဟုန်ထိုး ဝင်ရောက်သွားလေ၏။
ချန်ထောင်မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒတို့ ဖြစ်ပေါ်လာကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ချက်ခြင်းပင် ခရမ်းရောင်အလုံးတစ်ခုက သူ့လက်ထဲ၌ ရုတ်တရပ် ပေါ်လာခဲ့လေ၏။ သည်အခိုက်မှာပင် သားရဲစိတ်ဝိညာဉ်သည်လည်း ရောက်ရှိလာခဲ့တော့သည်။ ချန်ထောင်လက်ထဲရှိ သားရဲစိတ်ဝိညာဉ်ကလည်း ပြိုကျသွားလေ၏။
ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နားထဲသို့ တုန်ခါလှိုင်းများ ဝင်ရောင်လို့သွားလေ၏။ ချန်ထောင်ကတော့ သူ့နေရာကနေ ရွေ့လျားသွားခြင်း မရှိဘဲ မတ်တပ်ရပ်လို့နေ၏။ သို့သော် သူ့အင်္ကျီပေါ်တွင်တော့ အပေါက်အပြဲများစွာ ဖြစ်ပေါ်လို့သွားကာ သူ့ကို ဖရိုဖရဲ ဖြစ်သွားစေ၏။
သားရဲစိတ်ဝိညာဉ်ကတော့ နောက်ဘက် ပေတစ်ရာကျော်သို့ လွင့်သွားခဲ့သည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ကာ နောက်ထပ်ဟိန်းသံတစ်ခု ထုတ်ဖော်၍ ရူးသွပ်စွာ ထပ်မံ တိုးဝင်သွားပြန်သည်။ သည်တစ်ကြိမ်၌ သူ့ခန္ဓာကိုယ်ပေါ်၌ ချိန်းကြိုးများစွာ ပေါ်လာကာ သည်ချိန်းကြိုးများက တန်းမတ်လို့သွားလေ၏။ ချိန်းကြိုးစတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိ၍ နောက်တစ်စက စစ်ရထားပေါ်တွင် ရှိလို့နေသည်။
ချန်ထောင်မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဆန္ဒက ပို၍ သန်မာအားကောင်းလာခဲ့ကာ သူက ရယ်မောပစ်လိုက်၏။ “ကောင်းလိုက်တဲ့ သားရဲ…။ စိတ်ဝင်စားစရာပဲ…”
ထိုသို့ ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲကနေ ကြိုးနက်တစ်ခုကို ထုတ်ယူလိုက်လေ၏။ သည်ကြိုးက အသက်ရှိသည့်အလား ထင်မှတ်ရသည်။ ၎င်းကပေါ်လာသည်နှင့် ငါးညှီနံကို ရရှိစေကာ ဆိုးဝါးသောအော်ရာကို ထုတ်လွှတ်နေသည်။
“သားရဲ…ငါ့ မြေနဂါးအရွတ်က နတ်ဆိုးဂြိုဟ်ပေါ်မှာ သူ့ဟာသူ နှစ်ပေါင်းငါးရာ ရှင်သန်နိုင်ခဲ့တယ်…။ ဒါက သေဆုံးသွားပြီဖြစ်တဲ့ နတ်ဆိုးနဂါးကနေ ထုတ်ယူထားတာပဲ…။ မင်းက ဒီနဂါးအရွတ်ကနေ လွတ်မြောက်နိုင်စွမ်း ရှိမလား ငါသိချင်နေပြီ…” ထိုသို့ပြောပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ နဂါးအရွတ်ကို သားရဲစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် လွှဲရိုက်ချလိုက်သည်။ သူက ဝမ်လင်းကို လုံးဝ လစ်လျူရှုလို့ထား၏။
သားရဲစိတ်ဝိညာည်က ဟိန်းသံပြု၍ ရှေ့သို့ ထိုးတက်လာသည်။ ၎င်းက နဂါးအရွတ်ကို ရှောင်ကာ ချန်ထောင်ဘေးတွင် ပေါ်လာခဲ့ကာ သူ့ကို ဝါးမြိုရန် ကြိုးစားလာသည်။
ချန်ထောင်က ရယ်မောလိုက်၏။ သည့်နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားလိုက်သည်။ သူက နဂါးအရွတ်ကို မဖြစ်နိုင်သည့် အနေအထားကနေ လှုပ်ရှားစေကာ ၎င်းကို ဖမ်းယူ၍ ချက်ခြင်းပင် သားရဲစိတ်ဝိညာဉ်လည်ပင်းကို လွှမ်းပတ်စေလိုက်သည်။
တစ်ချိန်တည်းမှာပင် ချန်ထောင်က သူကိုယ်တိုင် သားရဲစိတ်ဝိညာဉ်ခေါင်းပေါ်သို့ ရွေ့လျားလိုက်၏။ သူက နဂါးအရွတ်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။ “သားရဲ… မင်းက ခုချိန်ဘယ်ကို ထွက်ပြေးမလဲ ငါ သိမြင်ချင်နေမိပြီ…”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက လက်မြှောက်ကာ ချိပ်တံဆိပ်အများအပြားကို ပြုလုပ်၍ စစ်ရထားထံသို့ လက်ညွှန်ကာ တိုးညင်းစွာ ပြောလိုက်၏။ “စစ်ရထား…ငါးခုမြောက် ချိပ်ပိတ်မှု ဖြေလျော့ခြင်း…”
ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းကလက်ထဲ၌ အနက်ရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့ခြင်းနှင့်အတူ သားရဲစိတ်ဝိညာဉ်သည်လည်း ရုတ်တရပ် တုန်ခါလို့သွား၏။ သိပ်မကြာခင်မှာပင် သားရဲစိတ်ဝိညာဉ်မျက်လုံးထဲ၌ တစ်ခါမျှ မမြင်ဖူးသည့် ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့တော့သည်။
၎င်းက ရုတ်တရပ် ခေါင်းမော့ကာ ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။ သည်ဟိန်းသံထဲ၌ ပျော်ရွှင်ဟန်အငွေ့အသက်တို့ပါ ပါဝင်လို့နေသည်။ ၎င်းက သည်အခိုက်တွင် နှစ်ထောင်ပေါင်းများစွာ ပိတ်လှောင်ထားခြင်းခံထားရကနေ လွတ်မြောက်လာခဲ့သည်မဟုတ်လား…။
အတိတ်တုန်းက ဝမ်လင်းက သည်စစ်ရထားကို ရှရှိခဲ့ကတည်းက ၎င်းကို အသုံးပြုသည့် အမွေအနှစ်ကိုပါ ရရှိခဲ့ပေသည်။ သို့ရာတွင် သူက အလွန်ပင် အားနားခဲ့ကာ သည်လိုအသုံးပြုလိုက်သည်နှင့် ရန်သူအရင် ဒဏ်ရာမရခင် သူအရင် ဝါးမြိုခံရမည် ဖြစ်သည်။
သည်အတွက်ကြောင့်လဲ ဝမ်လင်းက သည်စစ်ရတားပေါ်၌ ချိပ်တံဆိပ်များဖြင့် ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် သူက ချိပ်တံဆိပ်ငါးခုကို ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၎င်းသားရဲ၏ စွမ်းအားကို များစွာ တိုးမြင့်ပေးစေခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက ကောင်းကင်ဘုံသားနတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည့် အရာမျိုးဖြစ်သည်။ထို့ကြောင့် သည်အရာက မည်သို့ အားနည်းနိုင်ပါ့မည်နည်း။ ချိပ်တံဆိပ်ငါးခုကို ဖယ်ရှားပေးလိုက်သည့်အခါ ၎င်း၏စွမ်းအားက အလွန်အမင်းတိုးတက်လာခဲ့တော့၏။
သို့ရာတွင် ဝမ်လင်း၏ အခုလက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ခုလိုလုပ်ခြင်းက အလွန်အန္တရာယ်များပေသည်။သူသာ ၎င်းကို မထိန်းချုပ်နိုင်ပါက စစ်ရထား၏ တန်ပြန်ဒဏ်ကို ခံရမည် ဖြစ်သည်။
သို့သော် ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်ကို ရောက်ပြီ ဖြစ်သည့်အတွက် ယုံကြည်မှုအချို့ ရှိနေ၏။ မဟုတ်လျှင် သူက သည်ချိပ်တံဆိပ်ကို ဖြေလျော့ပေးဖို့ ခုလို လွယ်လွယ် ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။
ခုလိုမျိုး ချိပ်ပိတ်မှုကို ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားလိုက်သည့်အခါ စိတ်ဝိညာဉ်သားရဲ၏ အော်ရာကသာ ပြောင်းလဲသွားရုံမဟုတ်ဘဲ စစ်ရထားပေါ်ရှိ ဆူးချွန်များသည်လည်း စတင်ပြောင်းလဲလာခဲ့သည်။
သည်ဆူးချွန်များက စတင်လှုပ်ရှားလာပြီး တဖြည်းဖြည်း ရှည်လျားလာကာ အရင်ထက် ပိုကြမ်းကြုတ်လာလေ၏။ သည်ဆူးချွန်များထံကနေ အနက်ရောင်အလင်းလှိုင်းများ ထွက်ပေါ်လျက်ရှိသည်။
အနက်ရောင်အလင်းက ချိန်းကြိုးတစ်လျောက် ရွေ့လျားသွားကာ စိတ်ဝိညာဉ်သားရဲခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွား၏။
စိတ်ဝိညာဉ်သားရဲက ရူးသွပ်စွာ အော်ဟစ်၍ ၎င်း၏ခန္ဓာကိုယ်ကလည်း အဆများစွာ ပိုကြီးမားလာကာ ဆယ့်နှစ်ပေခန့်ကနေ ပေတစ်ရာထိ ရောက်ရှိလာ၏။
ပထမဆုံးအကြိမ်အဖြစ် သည်သားရဲပေါ်တွင် မတ်တပ်ရပ်နေသည့် ချန်ထောင်အသွင်က ရုတ်တရပ် ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်သားရဲထံက အနက်ရောင်လှိုင်းများက ချန်ထောင်ထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့၏။
ချန်ထောင်က နဂါးအရွတ်ကို လက်တစ်ဖက်၌ ကိုင်ဆောင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ ခရမ်းရောင်အလင်းလုံးများက သူ့ပတ်လည်၌ ပေါ်လာခဲ့တော့၏။
အနက်ရောင်အလင်းက တဟုန်ထိုး တိုးဝင်လာခြင်းနှင့်အတူ ခရမ်းရောင်အလင်းလုံးများက ပျက်စီးကုန်ကြသည်။ မိုးခြိမ်းသံအလားပေါက်ကွဲမှုများကြား၌ ချန်ထောင်က ခပ်တိုးတိုး ငြီးညူလိုက်ရသည်။
သည်အခိုက်မှာပင် စိတ်ဝိညာဉ်သားရဲ၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးက အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းလို့သွားတော့သည်။ သည့်နောက် စိတ်ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်က ပြိုကျလာက အနက်ရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွား၏။
အဆုံးသပ်၌ နဂါးအရွတ်က ၎င်းကို ချုပ်ကိုင်ထားခြင်းမရှိတော့ပေ။ချန်ထောင်အသွင်က ရုပ်စိုးလို့သွား၏။
သူ့ရှေ့တွင် အနက်ရောင်အလင်းတန်းများက စက်ဝိုင်းအသွင်လှည့်ပတ်လို့နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သည်အနက်ရောင်အလင်းများက ချန်ထောင်၏ ပေတစ်ရာအကွာတွင် စိတ်ဝိညာဉ်သားရဲအသွင်သို့ ပြန်လည်ဖြစ်တည်သွားတော့၏။
ချိတ်တံဆိပ်ကို ပထမဆုံးအကြိမ် ဖယ်ရှားပေးပြီးနောက် စိတ်ဝိညာဉ်သားရဲက တိုက်ခိုက်ရန်အတွက် ဝါးမြိုခြင်းကိုသာ မှီတည်စရာမလိုတော့ဘဲ ၎င်း၏မွေးရာပါ အချို့တိုက်ခိုက်စွမ်းရည်များကို အသုံးပြုလာနိုင်ခဲ့ပေသည်။
ချန်ထောင်အသွင်က ရုပ်စိုးလို့နေသော်လည်း သူ့မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဆန္ဒက ပိုမိအားကောင်းလာခဲ့သည်သာ။ ရုတ်တရပ် သူက ဝမ်လင်းဘက်သို့ လှည့်ကြည့်၍ သုန်မှုန်စွာ ပြောလိုက်သည်။ “ဂျူနီယာညီလေး…ခု မင်းက ငါ့ရဲ့ ညီအဖြစ် သတ်မှတ်ဖို့ အရည်အချင်းရှိနေပြီ…။ဒါပေမဲ့ ဒီအရည်အချင်းတွေက တန်ဖိုးတစ်ခုသာသာပါပဲ…”
ဝမ်လင်းက ချန်ထောင်ကို စူးစိုက်ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “သင်ကတော့ ငါ့ရဲ့စီနီယာအကိုဖြစ်ဖို့ အရည်အချင်း မရှိဘူး…”
ချန်ထောင်က ဝမ်လင်းကိုကြည့်၍ ရယ်မောကာ ပြောလိုက်သည်။ “သားရဲနဲ့တိုက်ခိုက်တာက အချိန်နည်းနည်းဖြုံးတာပါပဲ…။ဒါပေမဲ့ ငါက ဒီသားရဲကို ဖမ်းနိုင်ရင် ဒီသားရဲက ထပ်ပြီး လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး…”
ရန်သူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။သည့်အတွက်ကြောင့် ဝမ်လင်းက သူသည် ပြိုက်ဘက်တစ်ယောက် မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။ သို့သော် သူက အခုလိုမျိုးတော့ လွယ်လွယ်နှင့် လက်လျော့မည် မဟုတ်ချေ။ သူက ရှုံးနိမ့်မည်ဆိုရင်ပင် သည်လူ့ကို သူသည် လာနှောက်ယှက်၍ရသည့် လူစားမျိုးမဟုတ်ကြောင်း သိစေမည် ဖြစ်၏။
သည်အခိုက်မှာပင် ချန်ထောင်က တဟုန်ထိုး တိုးဝင်လာ၏။ ဝမ်လင်းအသွင်က တည်ငြိမ်နေကာ သူက လုံးဝလှုပ်ရှားခြင်း မပြုချေ။ ထိုအစား သူက ညာလက်ကို မြှောက်လိုက်သည်။ သည်တစ်ကြိမ်၌သူက သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်လေသည်။
စစ်ထူန်ကက သူ့ကို သတ်ဖြတ်ခြင်းမန္တာန်၏ နောက်ဆုံးတစ်ခုကို သင်ကြားမပေးခင် အချိန်အတန်ကြာ တုံ့ဆိုင်းခဲ့သေး၏။ စစ်ထူနန်က သူ့ကို သည်မန္တာန်အား စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့် မရောက်ခင် အသုံးမပြုရန် အလေးအနက် ပြောထားခဲ့လေ၏။ သူကသာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်နှင့် သည်နောက်ဆုံးမန္တာန်ကို အသုံးပြုပါက သူက တန့်ပြန်ဒဏ်ကို ခံရလိမ့်မည် ဖြစ်သည်။
စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆ့င်ကို ရောက်ပြီးသည့်အခါတွင်လည်း သည်မန္တာန်ကို သူက သုံးရုံသာ သုံးနိုင်သေးသည်။သို့သော် သူက ၎င်း၏ စွမ်းအားအပြည့်ကိုတော့ အသုံးပြုနိုင်မည် မဟုတ်ချေ။ မဟုတ်လျှင် သူက တန်ပြန်ဒဏ်ကို ခံရဦးမည်သာ။
စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်ဖြင့်ပင် သူက သည်မန္တာန်ကို ဂရုတစိုက်အသုံးပြုရမည်သာ ဖြစ်၏။
သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိသွားလျင်တော့ သူမန္တာန်ကို စိတ်ကြိုက်အသုံးပြုနိုင်မည် ဖြစ်သည်။
ဝမ်လင်း၏ ညာဘက်လက်ချောင်းက ချန်ထောင်ထံသို့ ညွှန်လိုက်၏။ သည်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ကျန်မနေခဲ့တော့ချေ။ သည့်နောက် သူ့အသက်အော်ရာသည်လည်း တဖြည်းဖြည်းပျောက်ကွယ်လာခဲ့သည်။ ခုချိန်၌ သူ့ခန္ဓာကိုယ်တွင် အသက်ဓာတ်လုံးဝ မရှိတော့ပေ။
သည်မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြားကို တုန်လှုပ်စေသည်။
ရှေ့ဖြစ်ဟောသူမျက်လုံးများက အလေးအနက်ဖြစ်လာကာ သူက သေသေချာချာ ကြည့်ရှုလိုက်သည်။
ဓားသူတော်စင်လင်းထျန်ဟူကလည်း ဝမ်လင်းကို စူးစိုက်ကြည့်၍ ထူးဆန်းသောအပြုံးတစ်ခုကို ထုတ်ဖော်လာသည်။
“ဒီကောင်လေးက မဆိုးဘူးပဲ…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထဲ၌ နောက်ကျောတွင် ဘူးသီးခြောက်လွယ်ထားသည့် အနီရောင်မျက်နှာနှင့် အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ သူက ဝမ်လင်းကို ကြည့်နေရင်း အရက်တစ်ငုံသောက်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီမန္တာန်က ဘာလို့ ငါနဲ့ လမ်းမှာတွေ့ခဲ့တဲ့ အရူးတစ်ယောက်အသုံးပြုခဲ့တဲ့ မန္တာန်နဲ့ ဘာလို့ ဆင်တူနေရတာလဲ…”
ချန်ထောင်က ဝမ်လင်းနှင့်ငါးပေသာ ကွာဝေးလာသည့်အခါ သူက ရုတ်တရပ် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။ သည်ခံစားချက်က သူ အချို့မွန်းစတားအိုကြီးများနှင့် ရင်ဆိုင်သည့်အခါကျမှသာ ရသည့်ခံစားချက်မျိုး ဖြစ်နေသည်။
သည်အခိုက်တွင် ဝမ်လင်း၏ အသက်အော်ရာက လုံးဝပျောက်ကွယ်လို့သွားတော့သည်။ သူ့မျက်လုံးများကလည်း တောက်ပအေးစက်လို့နေ၏။ သူ့အကြည့်က ချန်ထောင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
“ဒါက ဘယ်လို အကြည့်မျိုးလဲ…။ ရက်စက်ခြင်းတာအိုကို ကျင့်ကြံတဲ့လူတွေတောင် ဒီလိုအကြည့်မျိုး မရှိနိုင်ဘူး…”
ဝမ်လင်းက တိုးညှင်းစွာ ပြောလိုက်၏။ “တစ္ဆေလောက လက်ချောင်း”
တစ္ဆေလောက လက်ချောင်းက စစ်ထူနန်၏သတ်ဖြတ်ခြင်းမန္တာန်သုံးခုမှ နောက်ဆုံးတစ်ခု ဖြစ်သည်။
သည်မန္တာန်ကကျင့်ကြံခြင်းက အခြားနှစ်ခုနှင့် မတူချေ။ကျန်သည့်မန္တာန်နှစ်ခုက နားလည် သဘောပေါက်မှုဖြင့် သင်ယူလို့ ရ၏။ သည် တတိယမန္တာန်က တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို ကျင့်ကြံထားမှသာ သင်ယူနိုင်မည် ဖြစ်သည်။ သေခြင်းရှင်ခြင်းအတွေ့အကြုံတစ်ခုကို ဖြတ်သန်းပြီးမှသာ သည်မန္တာန်ကို နားလည်နိုင်မည် ဖြစ်၏။
အတိတ်တုန်းက စစ်ထူနန်သည် တစ္ဆေလောကပျံတက်ခြင်းနည်းစနစ်ကို ကျင့်ကြံစဉ်က သေခြင်းရှင်ခြင်းကြား ဉာဏ်အလင်းတစ်ခုကို ရရှိနိုင်ခဲ့သည်။ သည့်နောက် သူက ၎င်းဉာဏ်အလင်းကို ကောင်းကင်ဘုံမန္တာန်နှင့် ပေါင်းစပ်ကာ သည်သတ်ဖြတ်ခြင်းမန္တာန်ကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
စစ်ထူနန်က သည်မန္တာန်သည် အပြည့်အစုံမဟုတ်သည့်ကောင်းကင်ဘုံမန္တာန်၏ စွမ်းအားလောက် မသန်မာပေမဲ့ သိပ်တော့လည်း မကွာလှသည်နှင့် ပတ်သတ်၍ အမြဲ ဂုဏ်ယူလေ့ရှိသည်။
သည့်အတွက်ကြောင့်လည်း သည်မန္တာန်က အာဏာတက်ခြင်းအဆင့် ရောက်မှသာ လွတ်လွတ်လပ်လပ်အသုံးပြုနိုင်ခြင်း ဖြစ်၏။
သူ့လက်ချောင်းညွှန်လိုက်မှုနှင့်အတူ ကောင်းကင်က ရုတ်တရပ် နက်မှောင်သွားကာ မိုးကြိုးလျှပ်စီးတန်းများက ကောင်းကင်ထက်၌ ပြန့်နှံ့လို့သွားသည်။တစ်ချိန်တည်းမှာပင် ကောင်းကင်က ကြီးမားသည့်လက်ကြီးတစ်ဖက်ဖြင့် ဆွဲဖြဲခြင်းခံရသကဲ့သို့ တောင်နှင့်မြစ် စာလိပ်ကြီးက ကောင်းကင်ထက်၌ ပေါ်လာခဲ့တော့သည်။
သည် တစ္ဆေလောက လက်ချောင်းက ဝမ်လင်း၏ နယ်ပယ်ကို အသက်သွင်းထားခြင်း ဖြစ်သည်။ မီးခိုးရောင် အခိုးအငွေ့လှိုင်းများက သည်စာလိပ်ထဲကနေ ထွက်ပေါ်လာကာ အံ့မခန်းနှုန်းဖြင့် စုဝေးလာပြီး ဒုတိယမြောက်တစ္ဆေလောက လက်ချောင်းကို ဖြစ်ပေါ်စေသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအချို့က အော်ပြောလိုက်ကြ၏။ “သေခြင်းရှင်ခြင်းနယ်ပယ်…”
သည်အခိုက်တွင် ကျင့်ကြံသူတိုင်း၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။
တစ္ဆေလောကလက်ချောင်းနှစ်ခုက အဆုံးစွန်နှုန်းဖြင့် ချန်ထောင်ထံသို့ ရွေ့လျားသွားလေသည်။
ချန်ထောင်မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဆန္ဒက ပိုမိုသိပ်သည်းလာကာ သူ့ခန္ဓာကလည်း ဖျပ်ခနဲ လှုပ်ရှးသွား၍ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လက်ဝါးများပေါ်၌ လခြမ်းကွေးနှစ်ခုအသွင် ရွှေရောင်အလင်းများ ပေါ်လာသည်။
တစ္ဆေလောက လက်ချောင်းများ ရောက်ရှိလာသည့်အခါ သူက သည်နှစ်ခုကို တားဆီးလိုက်၏။
ချန်ထောင်ခန္ဓာကိုယ်ကနေ ကောင်းကင်ပင်အက်ကွဲသွားသလားထင်မှတ်ရသည့် အသံတစ်ခု ပဲ့တင့်ထပ်ကာ ထွက်ပေါ်လာခဲ့တော့သည်။ ကောင်းကင်က မုန်တိုင်းတစ်ခု၏ ဆုတ်ဖြဲခြင်းခံရသကဲ့သို့ သေခြင်းရှင်ခြင်းနယ်ပယ်သည်လည်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းခန္ဓာကိုယ်ကလည်း နောက်သို့ ပေရာပေါင်းများစွာ ဆုတ်သွားရပြီးမှ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကလည်း လုံးဝ ကဗြောင်းကဗြန် ဖြစ်နေကာ သူက ချန်ထောင်ကို သုန်မှုန်စွာကြည့်၍ ပြောလိုက်သည်။ “ငါ အရှုံးပေးတယ်…”
ချန်ထောင်အသွင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး သူ့လက်နှစ်ဖက်ကို ပြန်ရုတ်သိမ်းကာ ဝမ်လင်းကို မထူးခြားနားစွာ ကြည့်သည်။ သူ့မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဆန္ဒက လျော့ပါးသွားခြင်းမရှိသည့်အပြင် ပိုသန်မာလာခဲ့သည်။ သူက အလေးအနက်အသံဖြင့် ပြောလိုက်၏။ “မင်း..အာဏာတက်ခြင်းအဆင့်ကို ရောက်တာနဲ့ မင်းနဲ့ငါက နောက်တစ်ကြိမ် တိုက်ကြတာပေါ့…ညီလေးခုနစ်…”
ချန်ထောင်က အသက်ဝဝရှုသွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ဆူပွက်သွားသော ကောင်းကင်ဘုံစွမ်းအင်များကို ပြန်ဖိနှိပ်ထား၏။ ဝမ်လင်းတိုက်ခိုက်မှုက ချန်ထောင်မျှော်လင့်ထားသည်ထက် ပိုလို့နေသည်။ သူသာ အာဏာတက်ခြင်းအလယ်အဆင့်ကို ရောက်မနေခဲ့ပါက သူက သည်တိုက်ခိုက်မှုကို ခံနိုင်မည်ဖြစ်သော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။
ရှေ့ဖြစ်ဟောသူက ဝမ်လင်းကိုကြည့်သည်။ သူ့မျက်လုံးထဲရှိ အသိအမှတ်ပြုမှုကလည်း ပိုအားကောင်းလာခဲ့ကာ သူက ပြုံး၍ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လုံးက ခရမ်းရောင်အုပ်စုခွဲရဲ့ ငါ့တပည့်တွေပဲ ဖြစ်တယ်…ဒါကြောင့် မင်းတို့က တစ်ယောက်နဲ့တစ်ယောက် ရန်ငြှိုးထားစရာ မလိုဘူး…။ ချန်ထောင် မင်းက ဒီနေ့အနိုင်ရခဲ့တဲ့အတွက် ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်နေရာကို လက်ခံနိုင်လား…”
ထိုသို့ပြောပြီးနောက် ရှေ့ဖြစ်ဟောသူက သူ့မျက်ခုံးနှစ်ခုကြား လက်ညွှန်လိုက်ရာ သူ့နှဖူးထက်ကနေ ကြည်လင်သော ခရမ်းရောင်သလင်းကျောက်တစ်ခုပေါ်လာ၍ လက်ထဲသို့ ရောက်လာ၏။
ထို့နောက် သူက သည်သလင်းကျောက်ကို ပစ်လွှတ်လိုက်သည်။ ၎င်းက ချန်ထောင်ထံသို့ ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပျံသန်းသွားကာ ချန်ထောင်မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်လို့သွားလေ၏။
ရှေ့ဖြစ်ဟောသူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒါက ပထမဆုံးအကြိမ် အဖြစ် မင်း ဒီနေရာကို ရရှိတာမဟုတ်ဘူး…ဒီတော့ မင်းဘာသာ ဒီဟာကို ဖြည်းဖြည်းချင်းနားလည်အောင် လုပ်ပါ…”
ချန်ထောင်က အသက်ဝဝရှုသွင်းကာ ရှေ့ဖြစ်ဟောသူကို ဦးညွတ်၍ လေးစားစွာ ပြောလိုက်သည်။ “တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်…”
ရှေ့ဖြစ်ဟောသူက ခေါင်းညိတ်လိုက်သည်။ သည့်နောက် သူ့အကြည့်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံသို့ ကျရောက်သွား၏။ သူက လက်နှစ်ဖက်ယှက်ကာ နူးညံစွာ ပြောလိုက်၏။ “လူတိုင်းပဲ…ငါ့မွေးနေ့ပွဲက ခုချိန်မှာ ပြီးသွားပြီလို့ ယူဆလို့ရတယ်…။ ရောင်းရင်းကျင့်ကြံသူတွေက အရေးကြီးကိစ္စမရှိဘူးဆိုရင် ငါ့ ကောင်းကင်ကံကြမ္မာကလန်မှာ ရက်အနည်းငယ်နေပြီး ငါတို့ တာအိုအကြောင်း တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးလို့ရမယ်…”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ယဉ်ကျေးစွာ တုန့်ပြန်လိုက်ကြ၏။ သည့်နောက် သူတို့ထဲက အကုန်လုံးနီးပါးက ချက်ခြင်း ပြန်ထွက်ခွာသွားကြတော့သည်။ တစ်ရက်တာအချိန်အတွင်း အလင်းတန်းသောင်းချီက ကောင်းကင်ကံကြမ္မာကလန်ထက်ကနေ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။
ဓားသူတော်စင်လင်ထျန်ဟူက ခြေတစ်လှမ်းတိုး၍ ပြုံးကာ အလင်းတန်းအဖြစ်ပြောင်း၍ ပျံသန်းသွားတော့သည်။ သူက ပျံသန်းနေရင်းဖြင့် ပြောလိုက်သည်။ “အဘိုးကြီး ရှေ့ဖြစ်ဟောသူ…ငါတို့ကတိအရ နောက်သုံးလကြာရင် အရှေ့နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် အပြင်ဘက် ဂိတ်ပေါက်မှာ ငါတို့ ဆုံကြမယ်…မင်းက ငါ့တပည့်တွေကို ပြန်ခေါ်လာပေးရင်တော့ ပိုကောင်းလိမ့်မယ်…”
ရှေ့ဖြစ်ဟောသူမျက်လုံးများက အလေးအနက်ဖြစ်သွားပြီး သူက ခေါင်းညိတ်လိုက်၏။ သည့်နောက် ဝမ်လင်းဘက်သို့လှည့်၍ ပြောလိုက်သည်။ “ဝမ်လင်း…ဘိုးဘေးစိတ်ဝိညာဉ်ကို ပူဇော်ဖို့ ငါ့နောက်လိုက်ခဲ့…။ ပြီးရင် ဆရာက မင်းကိုတားမြစ်ခံနည်းစနစ်တစ်ခုသင်ပေးပြီး အသက်ကယ်ရတနာတစ်ခု ပေးမယ်…။ အဲ့တာ ပြီးရင် မင်းက ငါ့ရဲ့တကယ့်တပည့်တစ်ယောက်လို့ ယူဆလို့ရပြီ…”
ဝမ်လင်းက လေးစားစွာဖြင့်တုန့်ပြန်လိုက်သည်။ သူ့မျက်လုံးကလည်း တလက်လက်ဖြစ်လို့နေလေ၏။
တားမြစ်ခံနည်းစနစ်။ ရှေ့ဖြစ်ဟောသူ၏ တပည့်ဖြစ်လာပြီး ဘိုးဘေးစိတ်ဝိညာဉ်ကို ပူဇော်ပြီးနောက် တပည့်တစ်ယောက်က ရှေ့ဖြစ်ဟောသူ ကောင်းကင်ဘုံမန္တာန်ကနေ တုပထားသည့် တားမြစ်ခံမန္တာန်တစ်ခုကို သင်ယူနိုင်မည် ဖြစ်သည်။ သည်အရာက တပည့်ထောင်သောင်းချီ ဆန္ဒရှိသော အရာလည်း ဖြစ်နေပေ၏။
WHERE IS CH 545