Switch Mode

အပိုင်း (၅၄၄)

ဟိန်းသံက စိတ်ဝိညာဉ် အလံထဲကနေ ဖြတ်၍ ဝမ်လင်းမူလ စိတ်ဝိညာဉ်ထဲ၌ ပဲ့တင်ထင်သွားခဲ့သည်။ သည်အသံက သူ့ခန္ဓာကိုယ်အပြင်သို့ ထွက်ပေါ်သွားခြင်း မရှိသော်လည်း ရှေ့ဖြစ်ဟောသူ ထံသို့ခုန်ဝင်သွားသည့် ချီလင်သားရဲက ရုတ်တရပ် တုန်ယင်သွားကာ ရပ်တန့်သွားသည်။ ၎င်း၏ ဦးခေါင်းကြီးက ရုတ်တရပ်လှည့်လာကာ မျက်လုံးများကလည်း တောက်ပလာ၍ လူအုပ်ထဲသို့ ရှာဖွေကြည့်တော့သည်။

သို့ရာတွင် စိတ်ဝိညာဉ်အလံထဲက ချီလင်သားရဲ အော်ဟစ်လိုက်သည့် အခိုက်မှာပင် ဝမ်လင်းက စိတ်ဝိညာဉ်အလံကို အသက်သွင်းကာ ချီလင်သားရဲ တည်ရှိမှုကို ဖုန်းကွယ်လိုက်လေ၏။ ထို့ကြောင့် လင်းထျန်ဟူ၏ ချီလင်သားရဲက မည်သည့်အရာကိုမျှ ရှာမတွေ့တော့ချေ။

ဓားသူတော်စင် လင်းထျန်ဟူက မျက်မှောင်ကြုတ်လို့သွား၏။

ရှေ့ဖြစ်ဟောသူထံသို့ တိုးဝင်လာသည့် မြွေလိမ်ဓားနှင့် ချီလင်သားရဲ တို့ရပ်တန့်သွားသည့် အချိန်မှာပင် အလယ်အလတ် ကောင်းကင်ဘုံမန္တာန်၊ ကောင်းကင်ဘုံ လမ်းညွှန်မှုကနေ ၎င်း၏ အင်အားအပြည့်ကို ထုတ်လွှတ်လာခဲ့တော့၏။

ကောင်းကင်ထက်ရှိ တွင်းပေါက်ထဲကနေ ရောင်စုခုနစ်ခုအလင်းက ပေါ်ထွက်လို့လာ၏။ တစ်ပြိုင်နက်တည်းမှာပင် သဘာဝ၏တေးသံများက တိမ်များကို ဖြတ်ကာ ပဲ့တင့်ထပ်လို့သွားသည်။

ပုံရိပ်ယောင်များစွာကလည်း ရုတ်တရပ် ပေါ်လာခဲ့ကာ ကောင်းကင်ထက်၌ လှုပ်ရှားလှည့်ပတ်လာခဲ့၏။ အလယ်တွင် ရှိနေသည့် ပုံရိပ်ယောင်တစ်ခုက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်များပြားလှသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းနေ၏။ ၎င်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းခန္ဓာကိုယ်ထံကနေ ကောင်းကင်ဘုံဖိအားကို ထုတ်လွှတ်လို့နေသည်။

၎င်းက လေထဲ၌ မြောလွင့်နေကာ အောက်သို့ ငုံ့ကြည့်သည်။၎င်းအကြည့်က တာ့လော့ဓားကလန်၏ တပည့်တစ်သောင်းကျော်ပေါ်သို့ ကျရောက်လို့သွား၏။ သူက ပါးစပ်ဟလိုက်ခြင်း မရှိဘဲနှင့် အားကောင်းသော အသံတစ်ခုက ကောင်းကင်ထက်၌ ပဲ့တင့်ထပ်လို့လာခဲ့၏။

“ငါက ကောင်းကင်ဘုံနယ်မြေရဲ့ ထာဝရတမန်တော်ရဲ့ ပုံရိပ်ယောင်တစ်ခု ဖြစ်တယ်…။ ငါက ဒီနေရာမှာ အဆင့်နိမ့်နယ်ပယ်နေရာက ကျင့်ကြံသူတွေကို လမ်းညွှန်ပေးဖို့ ရောက်လာတာ…” သည့်နောက် တမန်တော်က သူ့လက်ကိုမြှောက်ကာ လှုပ်ခါလိုက်သည်။ ထိုအချိန်မှာပင် လေထဲ၌ တုန်ယင်စွာ မြောလွင့်နေသည့် တာ့လော့ဓားကလန်မှ တပည့်များရှိသော ဟင်းလင်းပြင်က ရွှေရောင်အလင်း တစ်ခုဖြင့် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

သည်မြင်ကွင်းက မွေးနေ့ပွဲကို တက်ရောက်လာသည့် ကျင့်ကြံသူတိုင်းကို တုန်လှုပ်သွားစေ၏။ အားကောင်းသော ကျင့်ကြံသူများပင် တုန်လှုပ်သည့်အသွင် ဖြစ်ပေါ်သွားကြသည်။

“ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီးပြီးလေ…။ဒါ့ကြောင့် ကောင်းကင်ဘုံ လမ်းညွှန်မှုမန္တာန်က ကောင်းကင်ဘုံဗိုလ်ချုပ် (တမန်တော်) တစ်ယောက်ရဲ့ လမ်းညွှန်မှုတစ်ခု ဘာလို့ ရှိနေရသေးတာလဲ…။ ဒီတာ့လော့ဓားကလန်ရဲ့ လူတစ်သောင်းကျော်က ခေါ်ဆောင်သွားခြင်း ခံရမယ်ဆိုရင်တောင် သူတို့က ဘယ်နေရာကို ရောက်သွားကြမှာလဲ…။ သူတို့က အပျက်အစီး ကောင်းကင်ဘုံနယ်မြေကို ခေါ်ဆောင်သွားခြင်း ခံရမှာလား…။ ဒါမှမဟုတ် ကျင့်ကြံသူတွေ တစ်ခါမှ မရောက်ဖူးတဲ့ နေရာကိုများလား…”

မရေမတွက်နိုင်သော မေးခွန်းများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ထဲ၌ ဖြစ်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာပင် ရှေ့ဖြစ်ဟောသူကလည်း သူတို့စိတ်ထဲ၌ ပိုမိုထူးဆန်းသည့် လူတစ်ယောက်အဖြစ် ထင်မြင်မိသွားကြသည်။

“အပျက်အစီး ဂြိုဟ်တစ်ခုပေါ်ကနေ ရှေ့ဖြစ်ဟောသူက ဒီ အလယ်အဆင့် ကောင်းကင်ဘုံမန္တန်ကို ဘယ်လိုများ ရှာတွေ့နိုင်ခဲ့တာလဲ…”

အမျိုးမျိုးသော ကျင့်ကြံသူများက ခန့်မှန်းနေကြစဉ်တွင် ဓားသူတော်စင် လင်းထျန်ဟူမျက်နှာက သုန်မှုန်လာကာ သူက အော်ဟစ်ပြောဆိုလိုက်သည်။ “လူအိုကြီး ရှေ့ဖြစ်ဟောသူ…ငါက ငါ့တပည့်တွေကို ခေါ်ပြီး မင်းမွေးနေ့ကို လာဂုဏ်ပြုတာ…။ဒါတောင် မင်းက ဒီလို အပြုအမူလုပ်သေးတယ်…။ ဒါက ဘာသဘောလဲ…”

သူက ညဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မြွေလိမ်ဓားက သူ့ထံသို့ ပြန်ရောက်လာခဲ့၏။ သူက မန္တာန်ကို ရပ်တန့်ရန်ကြိုးစားခြင်းကို လက်လျော့လိုက်ပြီး ရှေ့ဖြစ်ဟောသူ အမှန်ပင် ဘာလုပ်ချင်နေသည်ကို သိချင်မိသွား၏။

ရှေ့ဖြစ်ဟောသူအသွင်က ပုံမှန်အတိုင်းပင်။ “မင်းတပည့်တွေကို ကောင်းကင်ဘုံနယ်မြေကို သွားပြီး အတူအကြုံ ယူခိုင်းလိုက်တာကို ခွင့်မပြုတာလား…”

သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်မှာပင် တာ့လော့ဓားကလန်မှ တပည့်များက ကောင်းကင်ထက်ရှိ အပေါက်ကြီးထဲသို့ ထိန်းချုပ်စွမ်းအားမဲ့ကာ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

ဓားသူတော်စင်က သုန်မှုန်သော အသွင်ဖြင့် ရပ်နေကာ ရှေ့ဖြစ်ဟောသူအား အေးစက်စွာ စိုက်ကြည့်လို့နေ၏။

တာ့လော့ဓားကလန်မှ တပည့်များ တွင်းပေါက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ကောင်းကင်ထက်ရှိ ထူးဆန်းသောမြင်ကွင်းက တဖြည်းဖြည်း ပျောက်ကွယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။

ရှေ့ဖြစ်ဟောသူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၍ ညင်သာစွာပြုံးလိုက်သည်။ “ဒီအလယ်အဆင့် ကောင်းကင်ဘုံမန္တာန်က ဘာတိုက်ခိုက်မှု စွမ်းအားမှ မရှိပေမဲ့ ဒါက လူတွေကို ကောင်းကင်ဘုံနယ်မြေ ပြိုကျသွားခဲ့ပြီးတာတောင် ပို့လွှတ်နိုင်နေသေးတယ်…။ သူတို့က ဘယ်နေရာ ရောက်သွားမလဲတော့ ငါလည်း သေချာမသိဘူး…”

“မင်း…” ဓားသူတော်စင် လင်းထျန်ဟူက ရှေ့ဖြစ်ဟောသူထံသို့ကြည့်ကာ သူ့မျက်နှာက ပိုသုန်မှုန်လာခဲ့သည်။

ရှေ့ဖြစ်ဟောသူက လင်းထျန်ဟူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “ဓားသူတော်စင်…မင်း စိတ်ပူစရာမလိုဘူး…။ သုံးရက်ကြာရင် မင်းတပည့်တွေ အကုန်လုံး ဒီနေရာမှာ ပြန်ပေါ်လာလိမ့်မယ်…။ အဲ့အချိန်ကြရင် မင်းက ဒီအဘိုးအိုကို မေးခွန်းလေးတွေမေးဖို့ ခွင့်ပြုပေးရမယ်…။ ငါကလည်း သူတို့ ဘယ်နေရာကို ရောက်သွားပြီး ဘာတွေမြင်ခဲ့လည်း ဆိုတာ တိတိကျကျ သိမြင်ချင်မိတယ်…”

ဓားသူတော်စင်က အနည်းငယ် စဉ်းစားသွား၏။ သည့်နောက်သူက အေးစက်စွာနှာခေါင်းရှုံ့ကာ ဘာစကားမှ ထပ်မပြောတော့ချေ။

သူက ရှေ့ဖြစ်ဟောသူက သည်လိုအခြေအနေတွင် သူ့တပည်တွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်မည် မဟုတ်သည်ကို‌ ကောင်းကောင်းသိပေ၏။ မဟုတ်ရင် ရှေ့ဖြစ်ဟောသူက လူလေးစားခံရမှု ဆုံးရှုံးသွားမည် မဟုတ်လား။ ရှေ့ဖြစ်ဟောသူက သုံးရက်ကြာရင် ပြန်ပေါ်လာမည်လို့ ပြောလိုက်သည့်နောက် သူ့တပည့်တွေကလည်း သုံးရက်ကြာတွင် ပြန်ပေါ်လာမည်သာ ဖြစ်ပေလိမ့်မည်။

ရှေ့ဖြစ်ဟောသူက သည်အရာများအားလုံးကို ဓားသူတော်စင်လင်းထျန်ဟူ နေမထိနေမထိုင်သာ ဖြစ်အောင်သာ ပြုလုပ်ခဲ့ခြင်းပင်။

သည်အချိန်မှာပင် ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေသည့် အရည်အချင်းရှိလှသည့် လူများက တစ်စုံတစ်ခုကို တွေးတောနေကြကာ သူတို့က ကောင်းကင်ဘုံမန္တာန်ကို တိတ်တဆိတ် တုပကြည့်လို့နေ၏။

ဝမ်လင်းသည်လည်း ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၍ တွေးတောလို့နေ၏။ သည်အလယ်အဆင့်ကောင်းကင်ဘုံ မန္တာန်က သူ့အတွက် အလွန်ပင် ထူးဆန်းလို့နေသည်။ သူက သည်လို သရုပ်ပြမှု တစ်ခုတည်းနှင့် သည်မန္တာန်ကို သင်ယူရန်တော့ မဖြစ်နိုင်ချေ။ သို့သော်လည်း ၎င်းက သူ့ကို ကောင်းကင်ဘုံ မန္တာန်များနှင့်ပတ်သတ်သည့် နားလည်မှုကို ပိုရရှိစေခဲ့၏။၏ေခ ပို်သည့် နားလည်မကောင်းကင်ဘုံ မန်ထက်သို့ ကြည့်ည့် အ်သာ ပြုလုပ်ခ

ကောင်းကင်ဘုံလမ်းညွှန်မှုမန္တာန်က ဖန်တီးလိုက်သည့် မြင်ကွင်းက ရှေ့ဖြစ်ဟောသူ ဖန်တီးခြင်း မဟုတ်သည်မှာ ထင်ရှားပေသည်။ အမှန်တော့ သည်မန္တာန်က ထာဝရတည်ရှိမှုတစ်ခုသာ ဖြစ်၏။ လူတစ်ယောက်က ၎င်းလမ်းကြောင်းကို ဖွင့်လှစ်နိုင်ရန် သည်မန္တာန်ကို အသုံးပြုနိုင်သည့် အရည်အချင်း ရှိရန်သာ လိုအပ်လေသည်။

ရှေ့ဖြစ်ဟောသူက သည်မန္တာန်ကို သရုပ်ပြပြီးနောက် သူက တာအိုပိုချခြင်း ပြီးဆုံးသွားကြေင်း မကြေငြာသေးချေ။ ထိုအစား သူ့မျက်လုံးကထူးဆန်းသော အလင်းတစ်ခု ဖြစ်ပေါ်သွားကာ ဖြည်းညင်းစွာ ပြောလာ၏။ “ဒီနေ့…ငါ့မွေးနေ့အခမ်းအနား အပြင် ငါ့ရောင်းရောင်း ကျင့်ကြံသူတွေကို မျက်မြင်သက်သေအဖြစ် ရှိစေချင်တယ်…။ ငါ့မှာ တပည့်အုပ်စုခွဲ ခုနှစ်ခု ရှိတယ်…။ အဝါရောင် အုပ်စုခွဲနဲ့ ခရမ်းရောင်အုပ်စုခွဲတို့က ခုထိ အစစ်အမှန်တပည့်နေရာ ကင်းလစ်နေတယ်…။ ဒီနေ့… ငါက ဒီအုပ်စုခွဲနှစ်ခုရဲ့ အစစ်အမှန်တပည့်နေရာကို ရွေးချယ်မလို့ပဲ…”

သူက ထိုသို့ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင် ကျင့်ကြံသူတို့၏အကြည့်များက အဝါနှင့်ခရမ်းအုပ်စုခွဲ ရှာရာသို့ ကျရောက်လာကြ၏။ သို့ရာတွင် အများစုကတော့ အဝါရောင်အုပ်စုခွဲကိုသာ ကြည့်နေကြ၏။

တကယ်တော့ ခရမ်းရောင်အုပ်စုခွဲက အားအနည်းဆုံး ဖြစ်ကြောင်း လူတိုင်းသိကြပေသည်။

အဝါရောင်အုပ်စုခွဲ၌ လူခြောက်ယောက် ရှိနေ၏။ အဝါရောင်အုပ်စုခွဲ၏ တတိယအကိုက အစစ်အမှန် တပည့်နေရာကို ရရှိခဲ့သူ ဖြစ်သည်။သို့သော် သူက လွန်ခဲ့သော နှစ်သုံးဆယ်က ကလန်ပြင်ပ ခရီးတစ်ခုတွင် ပျောက်ကွယ်သွားခဲ့ပြီး သူ့သတင်းကို ထပ်မံမကြားရတော့ချေ။

သည်အချိန်မှာပင် အဝါရောင်အုပ်စုခွဲ၏ တပည့်ခြောက်ယောက်လုံးက တည်ငြိမ်စွာပင် ရှိလို့နေသည်။ အုပ်စုအစွန်၌ ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ရှေ့သို့ လှမ်းထွက်လာပြီး ရှေ့ဖြစ်ဟောသူအား လေးစားစွာ ပြောလိုက်၏။ “တပည့်က လက်လျော့ပါတယ်…”

သူမက ထိုသို့ပြောလိုက်ပြီးနောက် အဝါရောင်အုပ်စခွဲမှ အခြားတပည့်များကလည်း လှမ်းထွက်လာခ့ကာ လှမ်းထွက်လာပြီး လက်လျော့ကြောင်း ပြောလိုက်လေ၏။ ထိုအခါ ခြောက်ယောက်ထဲတွင် အစစ်အမှန် တပည့်နေရာအတွက် နှစ်ယောက်သာ ကျန်တော့လေသည်။

ကျန်နေသော နှစ်ယောက်၌ တစ်ယောက် ရှေ့ဖြစ်ဟောသူထံကနေ ဓား ရရှိခဲ့သူ ခွန်ပိုင်ဇီ ဖြစ်သည်။

နောက်တစ်ယောက်ကတော့ သူ့ဘေးတွင် မတ်တတ်ရပ်နေသည့် အဘိုးအို ဖြစ်၏။ သည်လူ့မျက်နှာက အရေးအကြောင်းများဖြင့် ပြည့်နေကာ သူက လုံးဝပုံမှန် မဟုတ်သည့်ပုံပင်။ သူက အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မျောက်တစ်ကောင်နှင့် ဆင်တူလှ၏။

သူကတော့ ယွမ်တောင်ဇီဖြစ်ကာ အဝါရောင်အုပ်စုခွဲ၏ အသက်အကြီးဆုံးတပည့်လည်း ဖြစ်ပေသည်။ သူက သူ့ထံကနေ တတိယအကို အစစ်အမှန်တပည့်နေရာကို မယူဆောင်သွားခင် နှစ်ရှစ်ရာကျော်ထိ ထိုနေရာတွင် ရှိနေခဲ့သူ ဖြစ်ခဲ့၏။ သို့ရာတွင် သည်လူ့ထံ၌ ပြိုင်ဆိုလိုသော စိတ်ဓာတ်မရှိဘဲ သူက ဘဝကို လွတ်လပ်ပေါ့ပါးစွသာ နေထိုင်တက်သူ ဖြစ်၏။

သည်အခိုက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှေ့ဖြစ်ဟောသူကို ကြည့်၍ လေးစားစွာ ပြောလိုက်သည်။ “တပည့်ကလည်း လက်လျော့ပါတယ်…။ အဝါရောင်အုပ်စုခွဲရဲ့ အစစ်အမှန် တပည့်နေရာအတွက် အသင့်တော်ဆုံးကတော့ ဆရာ့ဆီကနေ ကောင်းကင်ဘုံရတနာကို လက်ခံခဲ့တဲ့ ဒုတိယညီလေးပဲ ဖြစ်ပါတယ်…”

ရှေ့ဖြစ်ဟောသူက ယွမ်တောက်ဇီထံသို့ အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သည်အကြည့်က ယွမ်တောက်ဇီကို ခေါင်းငုံ့သွားစေကာ တိတ်ဆိတ်သွားစေ၏။

သည့်နောက် ရှေ့ဖြစ်ဟောသူက အော်ပြောလိုက်သည်။ “ခွန်ပိုင်ဇီ…”

“တပည့်ရှိပါတယ်…” ခွန်ပိုင်ဇီခန္ဓာကိုယ်က တုန်ယင်နေကာ သူက ရှေ့သို့ အလျင်အမြန် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလာပြီး ခပ်မတ်မတ် ရပ်လိုက်သည်။

“မင်းက အဝါရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်ပဲ…။ မင်းက ဒီခေါင်းစဉ်ကို နှစ်ပေါင်းတစ်ထောင်ကြာ ထိန်းသိမ်းထားနိုင်ရင် ငါက မင်းကို အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဉ် သင်ပေးမယ်…။ ကောင်းကင်ကံကြမ္မာကလန်ရဲ့ တပည့်ခုနှစ်ယောက်က သာမန်မဟုတ်ကြဘူး…။သူတို့က ငါ့ကောင်းကင်ကံကြမ္မာကလန်ရဲ့ သင်္ကေတလည်း ဟုတ်သလို ကလန်ရဲ့အစစ်အမှန်တပည့်လည်း ဖြစ်ကြတယ်…။ မင်းက ဒီခေါင်းစီးနေရာအတွက် ကိုင်ဆုပ်ထားနိုင်လား…” ရှေ့ဖြစ်ဟောသူကအသံက ခမ်းနားမှုတို့နှင့် ပြည့်နေ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြပေ။သို့သော် ဓားသူတော်စင်လင်းထျန်ဟူ၏ မျက်နှာပေါ်တွင်တော့ အထင်သေးဟန် အကြည့်ဖြစ်ပေါ်သွားကာ သူက ပြောလိုက်၏။ “ကောင်းကင်ကံကြမ္မာကလန်ရဲ့တပည့်ခုနစ်ယောက်…ဟက်…”

ခွန်ပိုင်ဇီက လေထဲတွင် ဒူးထောက်ကာ ရှေ့ဖြစ်ဟောသူကို ဦးညွတ်လိုက်၏။ “တပည့်က ဆရာ့စကားတွေကို မှတ်သားထားပါ့မယ်…”

ရှေ့ဖြစ်ဟောသူက ခေါင်းညိတ်လိုက်၏။ သည့်နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ အဝါရောင် အလင်းတစ်ခု ပေါ်လာပြီးနောက် သည်အလင်းက ရှေ့ဖြစ်ဟောသူ၏ မျက်လုံးများကို အလွန်တောက်ပသွားစေသည်။ သိပ်မကြာခင်တွင် အဝါရောင် သလင်းကျောက်တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့တော့၏။

“မင်းက ဒီပစ္စည်းနဲ့ ရင်းနှီးပြီးသားလို့ ငါယုံကြည်ပါတယ်…။ဒါက ကောင်းကင်ကံကြမ္မာ တပည့်ခုနှစ်ယောက်ရဲ့ သင်္ကေတ ဖြစ်တယ်…။ဒါကို လေ့လာဖို့ နှစ်အတန်ကြာ တံခါးပိတ်ကျင့်ကြံပါ…။ မင်း ပြန်ထွက်လာတဲ့ အခါကျရင် ငါက မင်းကို နောက်ထပ် အသက်ကယ် ရတနာတစ်ခု ပေးမယ်…”

ခွန်ပိုင်ဇီက အသက်ဝဝရှူသွင်းလိုက်ကာ သူ့စိတ်လှုပ်ရှားမှုကို မနည်းဖိနှိပ်နေရ၏။ သူက သည် အစစ်အမှန် တပည့်နေရာကို ရမည်မှန်း သိထားသော်လည်း သူက ခုချိန်တွင် အိပ်မက်တစ်ခုကဲ့သို့ ခံစားမိနေ၏။

အမှန်တော့ အဝါရောင်အုပ်စုခွဲ၏ အခြားတပည့်များသည်လည်း အားနည်းခြင်း မရှိကြောင်း သူ့စိတ်နှလုံးထဲကနေ သိနေ၏။ သူတို့တစ်ယောက်ချင်းဇီက ကျင့်ကြံမှုအဆင့်များကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ကြပေသည်။ သူတို့က အမှန်တကယ် တိုက်ခိုက်ကြည့်ချင်း မရှိလျှင် တစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်ရန် မဖြစ်နိုင်ချေ။

သူတို့က တိုက်ခိုက်ကြလှင် သူက အနိုင်ရမည်ဟု ယုံကြည်ချက် မရှိပေ။ အထူးသဖြင့် သူ့စီနီယာအကို ယွမ်တောက်ဇီနှင့် တိုက်ခိုက်လျှင် ဖြစ်၏။

ခွန်ပိုင်ဇီက သူ့ဆရာနောက် လိုက်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော် ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် သူက ကလန်သို့ ရောက်လာသည့် အချိန်အတည်းက စီနီယအကိုက သည်ကလန်တွင် ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။ သူက စီနီယာအကိုက ဆရာ့နောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ရှိခဲ့သည်ကိုပင် မသိပေ။

သည့်အပြင် သူ့စီနီယာအကိုက အနည်းငယ်မောက်မာကာ လူတိုင်းနှင့်စကား မပြောတက်ချေ။ သူက အစစ်အမှန်တပည့် နေရာအတွက်လည်း လုံးဝစိတ်ဝင်စားခြင်း မရှိသလို သူက ၎င်းနေရာအတွက် ကြိုးစားတိုက်ခိုက်ကြည့်ချင်းပင် မပြုချေ။

ဝမ်လင်းက ဘေးကနေ သည်အဖြစ်သနစ်ကို ကြည့်လို့နေ၏။ သူ့အကြည့်က အခြားလူများထက် ယွမ်တောက်ဇီထံသို့သာ ရောက်လို့နေသည်။

သို့သော် ဝမ်လင်းတွေ့လိုက်ရသော အထူးဆန်းဆုံး တစ်ခုက ရှေ့ဖြစ်ဟောသူက အဝါရောင် သလင်းကို ထုတ်ယူလိုက်ချိန်၌ ယွမ်တောက်ဇီက မျက်မှောင်ယောင်ယောင်လေး ကျုံ့သွားခဲ့ခြင်းဖြစ်သည်။ သည်အခိုက်တွင် သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက ဆုံးရှုံးသွားခဲ့ပြီး ကြောက်ရွှံ့မှုတို့ အစားဝင်သွားခဲ့၏။ သို့ရာတွင် သည်အရာက ခဏမျှသာ။ သူက မည်သို့မျှ မဖြစ်ခဲ့သည့်အလားပင်။

ဝမ်လင်းကသာ တစ်ချိန်လုံးသူ့ထံ၌ အာရုံစိုက်နေခြင်းမရှိလျှင် သည်သေးငယ်သော ပြောင်းလဲမှုကို သတိပြုမိမည် မဟုတ်ပေ။

အချိန်အတန်ကြာ ကြည့်လို့နေပြီးနောက် ယွမ်တောက်ဇီက သူ့ထံသို့ လှည့်ကြည့်လာကာ ပြုံးပြလာ၏။

သည်အပြုံးက‌ နည်းနည်းတော့ ထူးဆန်းနေသည်။ သူက အရာအားလုံးကို ဖြတ်မြင်နေရသည့် အလားပင်။

နောက်တစ်လှည့်ကတော့ ခရမ်းရောင် အုပ်စုခွဲရဲ့ အစစ်အမှန် တပည့်နေရာအတွက်ပဲ…။ ဝမ်လင်း၊ ကျောက်ရှင်းမုံ့…၊ ဘိုင်ဝေ… မင်းတို့သုံးယောက် အဆင့်သင့်ပဲလား…” ရှေ့ဖြစ်ဟောသူက ဝမ်လင်းထံသို့ လှမ်းကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

Comment

  1. Thantzin007 says:

    အပိုင်းထပ်နေတယ်

  2. Kaung says:

    ဘာလိုအပိုင်းနှစ်ခုထပ်နေတာလည်း

Leave a Reply

Options

not work with dark mode
Reset