ကျောက်ရှန်းရှက ရုတ်တရပ် အပေါ်သို့ မော့ကြည့်လိုက်ရာ နတ်ဆိုးပုံရိပ်ယောင်ကြီးတစ်ခုက သူ့ခေါင်းထက်၌ ပေါ်လာသည်ကို တွေ့လိုက်ရသည်. သည်နတ်ဆိုးက ပေတစ်ထောင်ကျော်ရှိကာ ဦးချိုနှစ်ခုလည်း ပါရှိ၏။ ၎င်းက ဝါးတဝါးပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းထံကနေ အားကောင်းသောနတ်ဆိုးအော်ရာကို ထုတ်လွှတ်လို့နေလေသည်။
သည်နတ်ဆိုးက အလွန်ပင်ကြီးမားလှ၏။ ၎င်း၏မှုန်ဝါးသောခန္ဓာကိုယ်ပေါ်တွင် အပြာရောင်လိုင်းတို့က တောက်ပလို့နေသည်။ ၎င်း၏ ဓားသွားသဏ္ဌာန်လက်သည်းများက သာမန်မဟုတ်မှုကို ပြသလို့နေသည်။
သည်အခိုက်တွင် ထိုနတ်ဆိုးက မျက်လုံးမှိတ်လျက် ရှိနေသည်။သို့သော် ၎င်း၏ဦးခေါင်းက ဟိုသည်ရိမ်းခါနေကာ အချိန်မရွေးနိုးထာလာတော့မည်အလား ထင်မှတ်ရ၏။
ကျောက်ရှန်းရှ၏ မျက်နှာက ဖြူရောလို့နေသည်။ သည်မန္တာန်ကို အသုံးပြုထားရသည့်အတွက် သူ့အတွက် ဝန်ပိမှုကလည်း သေးမည်မဟုတ်ချေ။
ကျောက်ရှန်းရှ၏ ဦးခေါင်းထက်၌ ထူးဆန်းသောသင်္ကေတတစ်ခုက ဖျပ်ခနဲတောက်ပသွား၏။ သည်သင်္ကေတတောက်ပသွားသည့်အကြိမ်တိုင်း နတ်ဆိုးက ပို၍ အထည်ဒြပ်ရှိလာကာ တစ်ချိန်တည်းမှာပင် ကျောက်ရှန်းရှသည် အားနည်းလာခဲ့၏။ အပိုင်း (၅၃၉) မရှိပါ၊၊
သည်အရာကြီး ပေါ်လာသည့်အခိုက်တွင် အမျိုးမျိုးသောကျင့်ကြံခြင်းကလန်များ၏ အဖွဲ့ဝင်များက တုန်လှုပ်သွားကြကာ အမြန် နေရာအနှံ့သို့ ပြန့်ကျဲသွားကြ၏။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူခြောက်ယောက်၏ မျက်လုံးထဲ၌ပင် ထူးဆန်းသောအလင်းတို့ ဖြစ်ပေါ်သွားလေ၏။
သည်နေရာတွင် ရှိနေသော အာဏာတက်ခြင်းနောက်ဆုံးအဆင့်ရှိသည့် တိမ်ရေကလန်၏ ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုတ်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ရှေးဟောင်းနတ်ဆိုး…”
သူ့အသံက မသေချာမှုများတော့ ရှိနေ၏။
ဂျန်ထျန်ဇွမ်၏ ဘေးတွင်ရှိသည့် အဘိုးအိုတစ်ယောက်လည်း အလေးအနက်ပြောလိုက်သည်။ “ရောင်းရင်းဂျန်…ဒါက အတိတ်တုန်းကပေါ်ထွန်းခဲ့တဲ့ ဒဏ္ဌာရီတွေထဲက ရှေးဟောင်းနတ်ဆိုး များ ဖြစ်နေနိုင်လား..”
ဂျန်ထျန်ဇွမ်က အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “ဒါက အတော်လေးတော့ တူတယ်…”
ဝမ်လင်းစေလွှတ်လိုက်သော မူလစိတ်ဝိညာဉ်များက သည်နတ်ဆိုးကိုတွေ့သော်လည်း ကျောက်ရှန်းရှ ထံသို့ ခုန်ဝင်သွားကြဆဲပင်။
ကျောက်ရှန်းရှမျက်လုံးထဲ၌ ထူးဆန်းသောအလင်းပေါ်လာကာ သူက လက်မြှောက်၍ လေဟာနယ်ထဲသို့ လက်ညွှန်လိုက်၏။ သူက လှုပ်ရှားလိုက်သည်နှင့် သူ့ခေါင်းထက်ရှိ ပုံရိပ်ယောင်ကြီးကပါ လိုက်ပါလှုပ်ရှားလာသည်။ နတ်ဆိုးကြီး၏ လက်က ဖြည်းညင်းစွာ မြောက်တက်လာပြီးနောက် သူသည်လည်း ကျောက်ရှန်းရှကဲ့သို့ လေဟာနယ်ထဲသို့ လက်ညွှန်လိုက်သည်။
ကျောက်ရှန်းရှ လက်ချောင်းထိပ်ကနေ ရှုပ်ထွေးသောအော်ရာတစ်ခု ရုတ်တရပ် စတင်ပျံ့နှံ့လခဲ့သည်။ အမှန်တော့ သည်အော်ရာက သူ့ခေါင်းထက်ရှိ ပုံရိပ်ယောင်နတ်ဆိုးထံကနေ ဆင်းသက်လာခြင်းပင်။
သည်အော်ရာက ကောင်းကင်ဘုံစိတ်ဝိညာည်စွမ်းအင်ထက် အားနည်းနေခြင်း မရှိချေ။၎င်းအော်ရာက ဝမ်လင်း၏ နတ်ဆိုးမီးတောက်ပေါက်ကွဲမှုစွမ်းအားနှင့်ပင် ညီမျှလို့နေ၏။
ဂျန်ထျန်ဇွမ်က အသက်ဝဝရှုသွင်းကာ ပြောလိုက်သည်။ “နတ်ဆိုး စွမ်းအား…”
ဝမ်လင်းမျက်လုံးက ကျောက်ရှန်းရှိ ညွှန်လိုက်သည့်နေရာတွင် အနီရောင်ဝဲကတော့တစ်ခု ဖြစ်လာသည်ကို တွေ့လိုက်သည်အခါ အလေးအနက် ဖြစ်လို့သွား၏။ မူလစိတ်ဝိညာဉ်များက ထိန်းချုပ်မှု ဆုံးရှုံးကာ ၎င်းအနီရောင်ဝဲကတော့ထဲသို့ စတင်စုပ်ယူခြင်း ခံရလေတော့သည်။
ကျောက်ရှန်းရှမျက်နှာက ဖြူရောလို့နေ၏။သို့သော် ပုံရိပ်ယောင်နတ်ဆိုးမျက်နှာကတော့ အပြာရောင်သို့ ပြောင်းလဲသွားကာ ၎င်း၏ မျက်လုံးများက တုန်ခါလာခဲ့ကာ အချိန်မရွေးနိုးထလာတော့မလို ဖြစ်နေသည်။
ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ အတွေးတစ်ချက်ဖြင့်ပင် သူ့လက်ထဲ၌ စိတ်ဝိညာဉ်အလံ ပေါ်လာ၏။ တစ်ချက်လှုပ်ခါလိုက်ရာ အလံက ကြီးမားလာခဲ့ပြီး အနီရောင်ဝဲကတော့ထဲက မူလစိတ်ဝိညာဉ်များကို ပြန်ဆွဲတော့သည်။
ဝမ်လင်းက မူလစိတ်ဝိညာဉ်များကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင်လုပ်လိုက်သည့်အခိုက်တွင် ကျောက်ရှန်းရှအပေါ်ရှိ နတ်ဆိုးက ကမ္ဘာမြေကွဲအက်သွားသည့်အသံဖြင့် ဟိန်းလိုက်သည်။၎င်း၏ မျက်လုံးများကလည်း ရုတ်တရပ် ပွင့်လာခဲ့ကာ ၎င်းမျက်လုံးကို ကြည့်မိသည့်မည်သူမဆို နှလုံးတုန်ယင်မှုကို ခံစားရမည် ဖြစ်သည်။ ၎င်း၏မျက်လုံးက အလွန်တရာအေးစက်နေကာ ရက်စက်မှုကို ကျင့်ကြံသည့်သူများထက်ပင် ပိုမိုအေးစက်နေခဲ့သည်။
ဝမ်လင်းက သည်လိုအကြည့်မျိုးက ကောင်းကင်ဘုံတမန်တော်ထံကနေ တွေ့ခဲ့ဖူးပြီး ဖြစ်လေ၏။
မျက်လုံးဖွင့်လာပြီးနောက် သည်နတ်ဆိုးပုံရိပ်ယောင်ကြီးက သူ့ညာလက်ကိုမြှောက်ကာ ဝမ်လင်းထံသို့ ဆန့်တန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောက်ရှန်းရှကလည်း သူ့ကိုယ်သူထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည့်အလား သူ့လက်ကို လိုက်ပါမြှောက်လိုက်၏။
ဝမ်လင်းက နောက်သို့ အမြန်ဆုတ်ကာ ချိပ်တံဆိပ်များကို စတင်ဖြစ်ပေါ်စေသည်။ သည့်နောက်သူက စစ်ရထားဘေးနားသို့ ရောက်လာပြီး ၎င်းကို လက်ဝါးဖြင့် ရိုက်လိုက်၏။
စစ်ရထာထံကနေ ကျယ်လောင်သောဟိန်းသံနှင့်အတူ ဦးညွတ်ခြင်းမပြုသည့် စိတ်ဝိညာဉ်သွားရဲက ထွက်ပေါ်လာတော့၏။ ၎င်း၏ကြမ်းကြုတ်သောမျက်လုံးများက နတ်ဆိုးပေါ်သို့ ချက်ခြင်းအာရုံစိုက်လိုက်ကာ နောက်တစ်ကြိမ်ထပ်မံ ဟိန်းဟောက်လိုက်၏။ စိတ်ဝိညာဉ်သားရဲက နတ်ဆိုးထံသို့ တန်းတန်းမတ်မတ် ချက်ခြင်းတိုးဝင်သွားကာ မည်သည့်အရာကိုမျှ ဂရုစိုက်သည့်ဟန် မရှိချေ။
နတ်ဆိုး၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ၎င်းက ဝမ်လင်းအပေါ်၌လက်လျော့၍ စိတ်ဝိညာဉ်သားရဲထံသို့ ကြည့်လိုက်သည်။ ၎င်း၏ ဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီးနောက်၎င်းက စိတ်ဝိညာဉ်သားရဲထံသို့ ရုတ်တရပ် လက်ဆန့်တန်းလိုက်လေ၏။
ဦးမညွတ်တက်သည့် စိတ်ဝိညာဉ်သားရဲ၏ ဟိန်းသံကသည်ဧရိယာတွင်ပြည့်နေကာ ၎င်းက စစ်ရထားကိုပင် ဆွဲယူကာ နတ်ဆိုးထံသို့တိုက်ရိုက် ဝင်ဆောင့်တိုက်ခိုက်၏။
သို့ရာတွင် သည်ထိပ်တိုက်တွေ့ဆုံမှုကြောင့် မိုးကြိုးသံတစ်ခုက ပဲ့တင်ထပ်သွားပြီးနောက် စိတ်ဝိညာဉ်သားရဲက နတ်ဆိုးလက်ကို ဖြတ်ကျော်ကာ နတ်ဆိုးခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။
ဧရာမနတ်ဆိုးက ထူးဆန်းသောအသွင် ထုတ်ဖော်လာပြီးနောက် သူ့လက်ကို ရင်ဘက်ပေါ်သို့ တင်လိုက်၏။ ၎င်းက သူ့ရင်ဘက်ကနေ စိတ်ဝိညာဉ်သားရဲကို ဆွဲယူလိုက်သည့်အလားပင်။သည့်နောက် ၎င်းက စိတ်ဝိညာဉ်သားရဲကို အေးစက်စွာကြည့်၍ ဝါးမြိုပစ်ရန်ဟန်ပြင်လိုက်သည်။
“နတ်ဆိုးအသွင်အအပြင်…ဒီအဘိုးအိုအတွက် ရပ်လိုက်တော့…” ကောင်းကင်ကံကြမ္မာပင်မကလန်က ဟိန်းသံတစ်ခုက ရုတ်တရပ် ထွက်ပေါ်လာသည်။
သည်အသံက ပေါ်လာပြီးနောက် နတ်ဆိုးအသွင်က ရုန်းကန်ရသည့်အသွင်ဖြစ်ကာ သက်ပြင်းချကာ သားရဲစိတ်ဝိညာဉ်ကို လွှတ်ပေးလိုက်လေ၏။ ၎င်း၏ခန္ဓာကိုယ်က ရုတ်တရပ် အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ်ရောက်သည့်အထိ ကျုံ့သွားကာ ကျောက်ရှန်းရှထံသို့ ပြန်သွားတော့သည်။
ကျောက်ရှန်းရှနှဖူးထက်ရှိ သင်္ကေတက ပြင်းထန်စွာ တဖျပ်ဖျပ်တောက်ပသွားကာ နောက်ဆုံးတွင်ပျောက်ကွယ်သွားတော့၏။ ကျောက်ရှန်းရှက သွေးတစ်လုပ်အန်ထုတ်လိုက်ရလေသည်။သည့်နောက်သူကဝမ်လင်းထံသို့ကြည့်ကာ ကြောက်မက်ဖွယ်ပြုံးလိုက်၏။
စိတ်ဝိညာဉ်သားရဲက လွတ်မြောက်သွားပြီးနောက် ၎င်းက ထပ်မံ၍ ဟိန်းသံမပြုတော့ပေ။၎င်းက ကျောက်ရှန်းရှကို တစ်ချက်ကြည့်ကာ စစ်ရထားထံသို့ ပြန်သွားကာ သားရဲချုပ်နှောင်ခြင်းလက်ကောက်ထဲသို့ ဝင်ရောက်သွားတော့၏။
သည်အချိန်တွင် အနီရောင်တိမ်ထုတစ်ခုက မိုးကုပ်စက်ဝိုင်းကနေ ပျံသန်းလို့လာနေ၏။ သည်တိမ်တိုက်က စုဝေးသွားကာ အနီရောင်ဝတ်စုံနှင့်အဘိုးအိုအသွင်သို့ ပြောင်းလဲသွားတော့သည်။ သည်လူ့မျက်နှာက နီရဲနေကာ အရက်နံ့များနှင့် ဖုံးလို့နေ၏။ သူ့နောက်တွင်လည်း ဘူးသီးခြောက်ကြီးတစ်ခုကို သယ်ဆောင်ထားသေးသည်။ သူက ပေါ်လာသည်နှင့် မျက်လုံးကစားလိုက်ပြီး ဆူဆဲလိုက်၏။ “မင်းတို့နှစ်ကောင်က ဘာအတွက် တိုက်ခိုက်နေကြတာလဲ…။ မင်းတို့သာ မတိုက်ခိုက်ရင် ရှေ့ဖြစ်ဟောသူဆိုတဲ့ အရိုးအိုကြီးက ဒီအဘိုးအိုကို ဒီနေရာလာခိုင်းမှာ မဟုတ်ဘူး…။ မင်းတို့နှစ်ကောင်ကို အပြစ်ပေးရမယ်…။ ငါက ခုမှ အရက်သောက်နေတာ တစ်ဝက်ပဲ ရှိသေးတယ်…”
ဝမ်လင်းအသွင်က တည်ငြိမ်စွာပင် သူက သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ပြန်သိမ်းလိုက်သည်။သည့်နောက်သူက စားပွဲများရှိရာသို့သွား၍ လေးယောက်မြောက်အမထံကနေ ထိုင်ခုံသုံးခုထဲက တစ်ခုကို ဆွဲယူလိုက်သည်။ သည်ထိုင်ခုံက သူ့ထိုင်ခုံပင် မဟုတ်လား။
သူက အင်္ကျီလက်ကို ခါရမ်းကာ ထိုင်ချလိုက်၏။
ကျောက်ရှန်းရှက အနီရောင်မျက်နှာနှင့်အဘိုးအိုကိုကြည့်၍ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “တပည့်က ဆရာဦးလေး ချီလိုင်ကို နှုတ်ဆက်ပါတယ်…”
အနီရောင်မျက်နှာနှင့်အဘိုးအိုက ကျောက်ရှန်းရှကို ကြည့်ကာ မေးလိုက်သည်။ “မင်းက ငါ့ကို သိလို့လား…”
ကျောက်ရှန်းရှက ခေါင်းညိတ်ကာ လေးစားစွာ ပြန်ဖြေလိုက်၏။ “လွန်ခဲ့တဲ့နှစ်နှစ်ထောင် တပည့် ကောင်းကင်ကံကြမ္မာကလန်ကို ဝင်လာတုန်းက ဆရာဦးလေးကို တစ်ခါ တွေ့ဖူးပါတယ်…”
အဘိုးအိုက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းက ငါ့ကို သိရင်တောင် အသုံးမဝင်ဘူး…။ မင်းခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နတ်ဆိုး စိတ်ဝိညာဉ်က ခုမှ ကြီးထွားလာတုန်းပဲ ရှိသေးတယ်…ဒါကိုမင်းက အတင်းအကြပ်အားနဲ့ အသုံးပြုခဲ့တယ်…။ မင်းဆရာရဲ့အပြစ်ပေးမှုက စောင့်နေတယ်…”
ထိုသို့ပြောပြီးနောက် သူက လက်ဆန့်တန်း၍ ကျောက်ရှန်းရှကို လှမ်းဆွဲယူလိုက်သည်။သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်သွား၏။ သူက စိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ “ကောင်လေး…မင်းဆရာက မင်းကို အများကြီး မျှော်လင့်ထားတယ်…။မင်းရဲ့ ဒီစီနီယာအကိုက မင်းတို့ ခရမ်းရောင်အုပ်စုခွဲ အစစ်အမှန်တပည့်နေရာအတွက် မင်းနဲ့ ပြိုင်နိုင်မှာ မဟုတ်တော့ဘူး…။ ဒီတော့ မင်း စိတ်သက်သာနိုင်ပြီ…”
ထိုသို့ပြောပြီးနောက် အဘိုးအိုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။ “ဒီနေရာက ကျင့်ကြံသူအနည်းငယ်က ငါ့ကို သိနေမယ်လို့ ယုံကြည်ပါတယ်…။ဒီနေ့ ခရမ်းရောင်အုပ်စုခွဲရဲ့ ဂျူနီယာနှစ်ယောက် တိုက်ပွဲကြောင့် သင်တို့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်…။ငါက သင်တို့ကို ဒီအတွက် အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…”
ဂျန်ထျန်ဇွမ်က ချီလိုင်ကို ကြည့်ကာ လျင်မြန်စွာဖြင့် လေးစားစွာ ပြောလိုက်၏။ “စီနီယာက အတွေးလွန်နေပါပြီ…။ ငါတို့ က ဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ရမှာလဲ…။တကယ်တော့ ဒီဂျူနီယာနှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ငါတို့ကို ကျေနပ်မှု ရှိစေခဲ့တယ်…။ဘာကြောင့်လဲဆိုတော့ ခရမ်းရောင်အုပ်စုခွဲက ပိုသန်မာလာတဲ့လူတွေ ရှိလာမာမလို့ပဲ…”
သူက ထိုသို့ပြောလိုက်ပြီးနောက် အခြားလူများကလည်း သူ့နောက်ကနေ လိုက်ပါပြောဆိုလိုက်ကြသည်။ သိပ်မကြာခင်တွင် ကျင့်ကြံသူများ၏အသံက သည်လိုအမြင်မျိုးရှိသည့် တစ်သံတည်း ထွက်ပေါ်လာကြသည်။
ချီလိုင်က ခေါင်းရမ်း၍ ရယ်မောကာ ပြောလိုက်သည်။ “ဒီ တပည့်နှစ်ကောင်ကို သိပ်ပြီး မြှောက်မနေပါနဲ့တော့…။ မနက်ဖြန်ကျရင် စီနီယာအကို ရှေ့ဖြစ်ဟောသူက တာအို သင်ကြားပေးလိမ့်မယ်…။ လူတိုင်းပဲ ငါက အရေးကြီးကိစ္စလေး ရှိလို့ ထွက်သွားတော့မယ်…”
ထိုသို့ပြောပြီးနောက် ချီလိုင်က ကျောက်ရှန်းရှကို လက်ကဆွဲခေါ်၍ လှုပ်ရှားလိုက်သည်။ သည့်နောက် အနီရောင်တိမ်ထုက မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက ထိုအဘိုးအိုပေါ်လာကတည်းက မည်သည့်စကားတစ်ခွန်းမှ မဆိုခဲ့ချေ။သူက သူ့ကိုယ်တိုင် ဝိုင်တစ်ခွက်ငှဲ့၍ တစ်ကျိုက်တည်းသောက်ချလိုက်သည်။ သူ့မျက်လုံးထဲ၌ တွေးတောစဉ်းစားနေမှုတို့နှင့် ပြည့်လို့နေသည်။
ကျောက်ရှန်းရှက ဘယ်လိုမန္တာန်မျိုးကို အသုံးပြုခဲ့တာလဲ…။ ဒါက နယ်ပယ်တိုက်ခိုက်မှုနဲ့လည်း မတူဘူး…။ဒါကရှေးဟောင်းနတ်ဘုရားရဲ့ နည်းစနစ်တစ်ခုနဲ့တော့ တူနေတယ်…။ အဘိုးအိုပြောပုံအရဆိုရင် ဒါက ကျောက်ရှန်းရှ ခန္ဓာကိုယ်ထဲကနေ ဖြစ်လာတဲ့ လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်သေးတဲ့ နတ်ဆိုးစိတ်ဝိညာဉ်ဆိုပဲ…။
သူက စဉ်းစားပြီးနောက် ကလန်မျိုးစုံမှ လူအနည်းငယ်က ဝမ်လင်းကို ဝိုင်ခွက်များမြှောက်၍ နှုတ်ဆက်လိုက်ကြ၏။
အစောပိုင်းတုန်းက ဝမ်လင်း၏ခရမ်းရောင်အုပ်စုခွဲမှ အကိုနှစ်ကို အလွယ်တကူသတ်ပစ်ခဲ့ကာ သူ့စီနီယာအကိုကြီး၏ ဝှက်ဖဲကိုပင် အတင်းအကြပ် အသုံးပြုစေခဲ့သည် မဟုတ်လား။သို့သော် လူတိုင်းပြောနိုင်သည်က ကျောက်ရှန်းရှကိုယ်တိုင်သည်လည်း သည်လိုထုတ်ဖော်မှုအတွက် တန်ပြန်ဒဏ်ရာရမည်မှန်း သိလေ၏။
ဝမ်လင်းကတော့ သူကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ တိုက်ခိုက်မှုအတွက် ရတနာများကိုသာ အသုံးပြုခဲ့သူ ဖြစ်သည်။ သူတို့က ဆက်၍ တိုက်ခိုက်လျှင် အနိုင်ရသူကမည်သူဖြစ်မည်ကို သေချာမသိသော်လည်း ချီလိုင်၏ အပြောအရဆိုလျှင်တော့ လူတိုင်းက သည်ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူအတွက် အရေးကြီးသူ ဖြစ်သည်ကို ပြောနိုင်ကြပေသည်။
မဟုတ်လျှင် အဘိုးအိုက ကျောက်ရှန်းရှကိုသာ ခေါ်ဆောင်သွားခြင်းပြီး ဝမ်လင်းကို ညင်သာသောစကားများသာ ပြော၍ ချန်ထားခဲ့ပါမည်နည်း။
သည်မွေးနေ့ပွဲသို့ လာသည့်လူများက တစ်ယောက်မှ အသည့်သူ မပါချေ။ သူတို့အမြင်၌ ဝမ်လင်းက အစစ်အမှန်တပည့်တစ်ယောက်ဖြစ်လာနိုင်ချေရှိကာ သည့်အတွက်ကြောင့် သူတို့က သူနှင့် မိတ်ဆွေဖြစ်ထားခြင်းက အနာဂတ်တွင် အကျိုးရှိစေလိမ့်မည် ဖြစ်မှန်း သိကြလေ၏။
သည်အကြောင်းပြချက်များကြောင့် လူများစွာက ဝမ်လင်းကို လာရောက်နှုတ်ဆက်ကြခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့အတွေးများကို ပြန်သိမ်းဆည်း၍ လူတိုင်းကို ပြုံးပြလိုက်၏။ သူက ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ခိုင်ခိုင်မာမာ ခြေချလိုခဲ့သည်မဟုတ်လား။ သည့်အတွက်ကြောင့် သူက ပြင်ပကလန်များနှင့် မိတ်ဆွေဖြစ်ခြင်းက သူ့အတွက် အဆင်ပြေစေ၏။
သည်နေ့က မွေးနေ့ပွဲ၏ ခုနှစ်ရက်မြောက်နေ့ဖြစ်၏။ ခရမ်းရောင်အုပ်စုခွဲ၏ မွေးနေ့အခမ်းအနားကလည်း ဝမ်လင်က ကျောက်ရှန်းရှ နေရာတွင် အစားဝင်ကာ လူတိုင်း၏ အာရုံစိုက်ခြင်းခံရပြီး သောက်စားရင်းဖြင့် အထွတ်အထိပ်သို့ ရောက်လာခဲ့တော့သည်။
ဘိုင်ဝေနှင့်လေးယောက်မြောက်အမကိုတော့ လူများစွာ လာရောက်နှုတ်ဆက်ကြခြင်း မရှိပေ။ နှိုင်းယှဉ်ပါက သူတို့က အတော်လေး အထီးကျန်ဆန်လှ၏။
တဖြည်းဖြည်းဖြင့် ညရောက်လာသည့်အခါ လူများကလည်း စတင်ပြန့်ကျဲသွားတော့၏။ ဝမ်လင်းက အရက်ခွက်ကို ကိုင်ကာ ဂျန်ထျန်ဇွမ်ကို ချီးယားလုပ်လိုက်၏။ ဂျန်ထျန်ဇွမ်ထွက်ခွာသွားသည့်အခါ ဝမ်လင်းအကြည်က လေးယောက်မြောက်အမထံသို့ ကျရောက်လို့သွားလေ၏။