Switch Mode

အပိုင်း (၅၃၃):

ဓားစိတ်ဆန္ဒ

ရတနာခန်းမသည် ခရမ်းအုပ်စုခွဲ၏အလယ်တွင် တောင်မှခွဲထွက်နေသော ကြီးမားသည့် ပလက်ဖောင်းပေါ်တွင် ရှိ၏။ သည်ခန်းမသည် အထပ်ကိုးထပ်ရှိသည်။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် စိတ်ဝိညာဥ်စွမ်းအင်အများအပြားသည် ထီးပုံစံထွက်ပေါ်နေသည်ကို မြင်တွေ့ရ၏။

သည်ခန်းမသည် ကျောက်စိမ်းအုတ်ချပ်များဖြင့် ပြုလုပ်ထား၏။ အဆောက်အဦး၏ အပြင်ဘက်တွင် ရှေးဟောင်းစိတ်ခံစားချက် ရရှိစေသည်။ အတိတ်ကာလသည် အကြိမ်မရေမတွက်နိုင်အောင် သည်ခန်းမကို သန့်ရှင်းစေသည်။သည့်အတွက်ကြောင့် အချို့ အစိမ်းရောင် ကျောက်သားများက မီးခိုးရောင်အဖြစ်သို့ပင် ပြောင်းလို့နေ၏။

အစိမ်းရောင်နွယ်ပင် အနည်းငယ်သည် ကျောက်စိမ်းအုတ်ချပ် အက်ကွဲကြောင်းများတွင် တွက်ကပ်နေပြီး အဆောက်အဦး၏ အစိတ်အပိုင်းများကို ဖုံးအုပ်လျက်ရှိ၏။ အစိမ်းရောင်နွယ်ပင်များတွင် လူသားများ၏ နှလုံးကို လှုပ်ခတ်စေသော ရနံ့ကိုပေးစွမ်းနေသည့် ခရမ်းရောင်ပန်းပွင့်များ ပွင့်နေ၏။

ခန်းမအောက်တွင် ကြီးမားသည့် အစီအရင်ရှိသည်။ သည်အစီအရင်သည် ကျောက်တောင်တစ်ခုလုံးအနှံ့ ကျယ်ပြန့်ပြီး အလယ်တွင် ရတနာခန်းမ ရှိသည်။

အကွာအဝေးတစ်ခုမှဆိုလျှင် သည်အစီအရင်သည် ယင်ယန်ပေါင်းစပ်မှုပုံစံ ပေါ်ပြီ အလယ်တွင် ပရမ်းပတာအာရုံတစ်ခု ဖန်းတီးနေသည်။ အားကောင်းသော အော်ရာသုံးခုသည်လည်း အစီအရင်အတွင်းရှိသည်။ ထိုအော်ရာများသည် အစီအရင်မှ ဖောက်ထွက်ရန် ကြိုးစားနေပုံပေါ်သည်။

သည်အော်ရာသုံးခုသည် အစီအရင်အတွင်းရွေ့လျားနေသည့် အဖြူရောင် အမှတ်အသားသုံးခုကို ဖြစ်ပေါ်စေသည်။ သို့သော်ထူးခြားစွာပင် သူတို့သည် တစ်ခုနှင့်တစ်ခု တိုက်မိခြင်းမရှိပေ။

ရတနာခန်းမအပြင်ဘက်တွင် လူတစ်ယောက်သည် ကြာပွင့်ပုံစံထိုင်နေ၏။ သည်လူသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ သူ့မျက်ခုံးများသည် ဓားများနှင့်တူသည်။ သူ့အရေပြားသည် ကျောက်စိမ်းကဲ့သို့ ဖြစ်၏။ အမျှင်တန်းသုံးခုအဖြစ် ခွဲထားသည့် သူ့မုတ်ဆိတ်သည် လေထဲတွင် လွင့်လို့နေ၏။

သည်လူ၏ ကျင့်ကြံခြင်းသည် လုံးဝ ဖုံးကွယ်ထား၏။ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက် မဟုတ်ပါက သည်လူ၏ အဆင့်ကို သိရန် ခက်ခဲပေသည်။ သူသည် တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေပြီး ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမျှ အရေးမထားသကဲ့သို့ ရှိနေ၏။ ယခုချိန်တွင် သူ၏အာရုံစိုက်မှုသည် သူ့ပေါင်ပေါ်ရှိ အရာဝတ္ထုပေါ်တွင် ရှိနေ၏။

သည်လူ၏ ပေါင်ပေါ်တွင် ၇ပေရှည်သည့် ဓားတစ်ချောင်းတင်ထားသည်။ ဓားသည် လုံးဝအစိမ်းရောင်ဖြစ်ပြီး တစ္ဆေအလင်းရောင်ကို ပေးစွမ်းနေ၏။ နေရောင်အောက်တွင် အနီးပတ်ဝန်းကျင်ဧရိယာကို သည်အစိမ်းရောင်အလင်းက ဖုံးလွှမ်းနေပြီး ၄င်းပတ်လည်ရှိအရာအားလုံးကို အစိမ်းရောင် ခြယ်ထားသည်။

ဝမ်လင်းက ရတနာခန်းမအပြင်ဘက် ပေဒါဇင်ပေါင်းများစွာအကွာတွင် ရပ်နေပြီး အပြင်ဘက်တွင် ထိုင်နေသည့် လူကို ငေးကြည့်နေ၏။

“ဒီလူရဲ့ ကျင့်ကြံမှုက စိတ်ဝိညာဥ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒါပေမယ့် သူကိုယ်ထဲမှာ ဖုံးကွယ်ထားတဲ့ ဓားစိတ်ဆန္ဒရှိနေတယ်…”

သက်လတ်ပိုင်း လူသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့အနီးတွင် ရပ်နေသည့် ဝမ်လင်းကို တွေ့လိုက်၏။ သူက အလန့်တကြားဖြစ်သွားပြီး မြန်မြန်ဆန်ဆန် မတ်တပ်ရပ်လိုက်သည်။ လက်ယက်လိုက်ပြီး တလေးတစားပြောလိုက်၏။ ” တပည့် ကျောက်ရှင်းဖန် ဘိုးဘေး ၇ ကို နှုတ်ဆက်ပါတယ်…”

အစိမ်းရောင်ဓားသည် အစိမ်းရောင်အလင်းတန်းအဖြစ်​ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။

ဝမ်လင်းမျက်လုံးများသည် ကျောက်ရှင်းဖန်နဖူးကို စိုက်ကြည့်နေသည်။ ထို့နောက် သူက တည်ငြိမ်စွာပင် မေးလိုက်၏။ “ငါ မင်းရဲ့ ဓားပျံကို ကြည့်လို့ရမလား…”

ကျောက်ရှန်းဖန်က အလန့်တကြားဖြစ်သွား၏။ သူက ခေါင်းညိတ်လိုက်ပြီး​ ပြောလိုက်၏။ ” တပည့်ရဲ့ ဓားပျံက သာမန်ဓားလေးတစ်ခုပါပဲ။ ဒီဓားကို ကလန်အပြင်ဘက် စျေးဆိုင်ကနေ ရလာတာပါ။ ဘိုးဘေး ၇က ကြည့်ချင်တယ်ဆိုရင်တော့ တကယ်ကို ကြီးကျယ်ခမ်းနားသွားတာပေါ့…” ထိုသို့ပြောပြီးနောက် သူက သူ့မျက်ခုံးများကြားကို လက်ထောက်လိုက်ပြီး တိုးညှင်းစွာ အော်လိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ၇ပေရှည်လျားသည့် ဓားကို သယ်ဆောင်ကာ ပျံသန်းလာသည်။ ထို့နောက် ဓားတေးသံလှိုင်းများလည်း ထွက်ပေါ်လာ၏။

ဝမ်လင်း၏ မျက်လုံးများက တည်ငြိမ်နေပြီး လက်ကို ဆန့်ထုတ်လိုက်၏။ အစိမ်းရောင်အလင်းတန်းကို ဖမ်းမိလိုက်သည့်နှင့် သူဆီကို ဆွဲယူလိုက်ပြီး သေချာစစ်ဆေးနေသည်။

ကျောက်ရှန်းဖန်က ဓားပျံကို သိမ်းလိုက်ချိန်တွင် ဝမ်လင်းခံစားနေရသည့် ဓားစိတ်ဆန္ဒသည် ပျောက်ကွယ်သွား၏။ အခု ကျောက်ရှန်းဖန်က ဓားကို နောက်တစ်ကြိမ် အပြင်ထုတ်လိုက်ချိန်တွင် ဝမ်လင်းက ဓားစိတ်ဆန္ဒကို ပေးစွမ်းနေသည့်အရာသည် ကျောက်ရှန်းဖန်မဟုတ်ပဲ သည်ဓားပျံဆိုတာကို သိလိုက်ရ၏။

ဝမ်လင်းက သူ့ဘယ်လက်နှင့် ဓားကို ထိလိုက်ချိန်တွင် သူ့နှလုံးသားသည် စတင်တုန်ခါလာ၏။ အကယ်၍ အခြားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုလျှင် သည်ဓားပေါ်ရှိ ဓားစိတ်ဆန္ဒကို ခံစားမိဖို့ ခက်ခဲနေလိမ့်မည်။ တစ်စုံတစ်ယောက်သည် သည်ဓားကို တွေ့လျှင် ပုံမှန်မဟုတ်သည်ကို သိရှိလိမ့်မည်။ သို့ရာတွင် ဝမ်လင်း သည်ဓားစိတ်ဆန္ဒကို ခံစားမိချိန်တွင် သူ့နှလုံးသား တုန်ခါနေ၏။ သူက သည်ဓားစိတ်ဆန္ဒကို ခံစားမိချိန်တွင် အလွန်ရင်းနှီးသည့် ခံစားချက်များ သူ့နှလုံးသားတွင် ပေါ်လာ၏။

” ကျောက်ရီ…” ဝမ်လင်းတွေးမိလိုက်၏။

ဓားပေါ်ရှိ ငွေရောင် ဓားစိတ်ဆန္ဒများသည် ကျောက်ရီ ဓားစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားချိန်တုန်းက ပေးစွမ်းသည့် ဓားစိတ်ဆန္ဒများပင် ဖြစ်လို့နေ၏။

အတိတ်တုန်းက ကျောက်ရီသည် ဓားသူတော်စင် လင်းထျန်ဟူနောက်သို့ လိုက်ပါသွား၏။ ထိုအချိန်ကတည်းက သူ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်၁၀၀ကျော် ကြာခဲ့ပြီ ဖြစ်၏။

သည်အရာက ပထမဆုံးအကြိမ်အဖြစ် ကျောက်ရီ၏ ဓားစိတ်ဆန္ဒကို သူ ခံစားမိခြင်းဖြစ်သည်။ သူကသာ စေတီ၏အော်၌ ကျောက်ရီ၏ နယ်ပယ်ကိုနှစ်ပေါင်းများစွာ နားလည်အောင် အသုံးပြုခဲ့ခြင်း မရှိခဲ့ပါက သူက သည်ဓားစိတ်ဆန္ဒကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်လိမ့်မည် မဟုတ်ချေ။

သည်ဓားတွင် ဓားစိတ်ဆန္ဒသဲလွန်စအနည်းငယ်သာ ရှိသည်။ သည်ဓားစိတ်ဆန္ဒကို ခံစားပြီးနောက် ဝမ်လင်းသည် အနည်းငယ်စဥ်းစားလိုက်ပြီး ဓားပျံကို ပွတ်လိုက်၏။ ဓားသည် ရုတ်တရက် အစိမ်းရောင်တောက်ပလာပြီး အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ အစိမ်းရောင်အလင်းတန်းသည် အစိမ်းရောင်ကြယ်အဖြစ်ပြောင်းလဲသွားပြီး ဝမ်လင်းရှေ့တွင် လွင့်​မျောနေသည်။

ကြယ်ကိုကြည့်ကာ ဝမ်လင်းက သက်ပြင်းချလိုက်၏။ သူက ကြယ်ကို ဆုပ်ကိုင်လိုက်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည့် ကျောက်ရှင်းဖန်ကို ကြည့်လိုက်၏။ ထို့နောက် ဝမ်လင်းက ပြောလိုက်၏။ “မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ ဓားစိတ်ဆန္ဒသဲလွန်စတစ်ခုက ဒီဓားပေါ်မှာ ရှိနေတယ်။ ဒါကြောင့်မို့ ငါဒီဟာကို ယူသွားမယ်။ ဒါပေမယ့် ငါမင်းကို အကြမ်းမဖက်ပါဘူး။ သည်ကျောက်စိမ်းကို ယူလိုက်။ ဒီကျောက်စိမ်းမှာ အတားအဆီး ၁၈ခု ရှိတယ်။ ဒီအတားအဆီးတွေကို ထိပ်တန်း ဒါမှမဟုတ် အဆင့်နိမ့် ဓားတစ်လက်ပေါ်မှာ ဖြစ်ဖြစ် နေရာချလိုက်ရင် ဒါက ဒီဓားတွေရဲ့ စွမ်းအားကို အဆမတန် တိုးမြှင့် ပေးနိုင်လိမ့်မယ်…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက သိုလှောင်စိတ်ကို ပုတ်လိုက်သည်။ ကျောက်စိမ်းပြားတစ်ခုသည် သူ့လက်အတွင်း ပေါ်လာပြီးနောက် ဝမ်လင်းက ကျောက်ရှင်းဖန်ဆီ ပစ်ပေးလိုက်၏။

ဝမ်လင်းသည် အစိမ်းရောင်ဓားပျံကို ပြန်သိမ်းလိုက်၏။ ကျောက်ရှင်းဖန်က လေးစားသည့်အကြည့်ဖြင့် ကြည့်နေသော်လည်း သူ့မျက်လုံးများသည် ဆုံးရှုံးမှုနာကျင်မှုကို ဖော်ပြနေ၏။ မျှော်လင့်ကင်းမဲ့စွာဖြင့် ကျောက်စိမ်းကို လက်ခံလိုက်ပြီး ကြည့်ရှုလိုက်သည်။ သို့သော် သူသည် ချက်ချင်းပင် တုန်လှုပ်သွားပြီး ထိတ်လန့်သည့်အမူအရာကို ​ဖော်ပြနေ၏။

သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး တလေးတစားပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ဘိုးဘေးခုနှစ် …”

ကျောက်ရှင်းဖန်က အချိန်အတော်အကြာအောင် ကျင့်ကြံခဲ့ပြီး အတော်အတန်သိမြင်နေပြီဖြစ်၏။ ထို့ကြောင့် သူက ချက်ချင်းပင် သည်အတားအဆီး ၁၈ခုသည် ထူးခြားနေသည်ကို ပြောနိုင်၏။ သည်အတားအဆီး၁၈ခုသည် အားလုံးတိုက်ခိုက်ရေးအတားအဆီးများပင်ဖြစ်၏။ ကျောက်ရှင်းဖန်သည် သူ့နှလုံးသား၏ စိတ်လှုပ်ရှားမှုများကို ထိန်းလိုက်သည်။ သူက သည်အတားအဆီးဆယ့်ရှစ်ခုကို ဓားပေါ်တွင် ချမှတ်၍ ခုချက်ခြင်းပင် တံခါးပိတ်ကျင့်ကြံဖို့ ထွက်သွားချင်နေမိသည်။ သည့်နောက်တွင် သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူများနှင့် ပတ်သတ်၍ လုံးဝ စိုးရိမ်လိုတော့မည် မဟုတ်ချေ။

သည်အတားအဆီး ၁၈ခုတွင် ယွမ်ချွဲဇီ၏ ကောက်ရိုးဦးထုပ်မှ ဝမ်လင်းလေ့လာနေသည့် အတားအဆီး အုပ်စု၂စုသာလျှင် ဖြစ်၏။ သည်အတားအဆီးများသည် အတားအဆီးအလံ နောက်တစ်ဆင့် ရောက်ရန်အတွက်တော့ လုံလောက်မှု မရှိသေးချေ။

ဝမ်လင်းက သွယ်ဝိုက်မနေပဲ တည့်တည့်ပြောလိုက်သည်။ ” ငါဒီနေရာကို ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ယူဖို့လာတာ…”

ကျောက်ရှင်းဖန်က အလျင်အမြန်ခေါင်းငြိမ့်ပြီး​ ပြောလိုက်သည်။ “ဘိုးဘေး ခုနှစ်၊ ကောင်းကင်ဘုံကျောက်စိမ်းပြား ၁၀၀ လတိုင်း ရတယ်။ တုန်ကင်ပေးပါ နေရာကူးပြောင်းခြင်းလမ်းကြောင်းကို ဖွင့်လှစ်ပေးပါမယ်…”

ဝမ်လင်းက တိတ်တဆိတ်ကြည့်လိုက်ပြီး သူလက်ကို ဝှေ့ယမ်းလိုက်ကာ တုန်ကင်ကို ပစ်ပေးလိုက်၏။

ကျောက်ရှင်းဖန်က ယူလိုက်ပြီးနောက် သူသည် တလေးတစားဖြင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်၏။ သူ့လက်ချောင်းများနှင့် အနည်းငယ်တွက်ချက်ပြီး နောက်ဆုံးတွင် ​တုန်ကင်ကို မြေပြင်ပေါ် ဖိလိုက်၏။

ဝမ်လင်းက ကျောက်ရှင်းဖန် ဖိနေသည်ကို သေချာကြည့်နေချိန်တွင် အော်ရာသုံးခုသည် တစ်နေရာတည်းတွင် ရှိနေ၏။

တုန်ကင်ကို အစီအရင်ပေါ် ဖိလိုက်ချိန်တွင် အော်ရာသုံးခုသည် တုန်ကင်ဆီသို့ ပြေးလာကြ၏။ ကျယ်လောင်သောမြည်သံပေါ်လာပြီး ကျောက်ရှင်းဖန်သည် တုန်ကင်ကို အချိန်အတန်ကြာအောင် မကိုင်နိုင်တော့ပေ။ ထို့ကြောင့် သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။

သို့သော် သည်တုန်ကင်သည် ကောင်းကင်တွင် စတင်လွင့်မျောနေပြီး အော်ရာသုံးခုသည် မြေပြင်မှ ပျံတက်လာပြီး တုန်ကင်ကိုဖြတ်ကျော်သွား၏။

အသက်အနည်းငယ်ရှုချိန် ကြာမြင့်ပြီးနောက် တုန်ကင်သည် အနားပတ်ဝန်းကျင်ဧရိယာပေါ်တွင် တောက်ပစေသည့် အားကောင်းသော ခရမ်းရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်၏။ ထို့နောက် အော်ရာသုံးခုသည် တုန်ကင်အပြင်ဘက် ထွက်လာပြီး တစ်ခုတည်းအဖြစ် ​ပေါင်းစပ်သွား၏။ ပေါင်းစပ်အော်ရာသည် ရတနာခန်းမဆီသို့ ပျံသန်းသွားပြီး ခုနစ်လွှာရှေ့တွင် ရပ်တန့်ကာ ကြီးမားသည့် အလင်းတံခါးအဖြစ်​ ပြောင်းသွား၏။

ကျောက်ရှင်းဖန်သည် လေးလေးစားစားဖြင့် လျင်မြန်စွာ ပြောလိုက်၏။ ” ဘိုးဘေးခုနှစ်၊ တုန်ကင်နှင့် ဝင်ရောက်နိုင်ပါပြီ…”

စကားတစ်ခွန်းမျှမဆိုပဲ ဝမ်လင်းက ရှေ့ကိုလျှောက်လိုက်၏။ တုန်ကင်ကို ဆုပ်ကိုင်ပြီး ခုနစ်လွှာဆီသို့ တိုက်ရိုက် ပျံသန်းသွား၏။

အလင်းတံခါးသည် နေရာကူးပြောင်းခြင်းလမ်းကြောင်းစွမ်းအား အထင်အရှား ရှိ၏။ ဝမ်လင်း အထဲကို ခြေလှမ်းချလိုက်ချိန်တွင် သူ့မျက်လုံးများ ဝေ့ဝါးသွား၏။ သူ နောက်တစ်ကြိမ် သေချာစွာ မြင်ရချိန်တွင် သူသည် ကောင်းကင်ဘုံနိုင်ငံနှင့်တူသော ကမ္ဘာတစ်ခုကို ရောက်နေ၏။

သည်နေရာသည် ပန်းပွင့်ရနံ့၊ တသွင်သွင်စီးဆင်းနေသည့် စမ်းရေတို့ဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်ကို သက်တန့်ရောင်တိမ်များဖြင့် ဖုံးလွှမ်းထားသည်။ တစ်ခါတစ်ရံ ပျံသန်းနေသည့် ကြိုးကြာငှက်များကိုတောင် တွေ့ရ၏။

သည်အချိန်တွင် သက်တန့်ရောင်တိမ်များသည် ကောင်းကင်တွင် အလျင်အမြန် စုစည်းပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လင်းသည် သည်ပုံရိပ်၏ မျက်နှာအတိအကျကို မမြင်ရပေ။ သို့သော် ကောင်းကင်ဘုံစိတ်ဝိညာဥ်စွမ်းအားသည် သည်ပုံရိပ်မှ ထွက်ပေါ်နေ၏။

“တုန်ကင်…!”

ခံ့ညားထည်ဝါသော အသံသည် သည်ကြီးမားသည့်ပုံရိပ်မှ ထွက်ပေါ်လာ၏။

ဝမ်လင်းမျက်လုံးများသည် တည်ငြိမ်နေ၍ တုန်ကင်ကို ပစ်ပေးလိုက်၏။ တုန်ကင်သည် ပုံရိပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွား၏။ တုန်ကင် အနီးသို့ရောက်ချိန်တွင် ရွှေရောင်အလင်းမှုန်များအဖြစ် ပေါက်ကွဲပြီး ပုံရိပ်ထဲသို့ ပေါင်းစပ်သွားသည်။

မကြာမီ ကြီးမားသည့်ပုံရိပ်သည် စကားထပ်ပြော၏။

“ခရမ်းရောင်အုပ်စုခွဲရဲ့ တပည့်ခုနှစ်က ကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို နှစ်ပေါင်း၁၀၃နှစ်ကြာအောင် ထုတ်မယူဘူး။ မင်း တစ်ခါတည်း သူတို့အားလုံးကို ထုတ်ယူချင်လား…”

ဝမ်လင်း ထိတ်လန့်သွား၏။ သူ့စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသည်ပင် ထိတ်လန့်တုန်လှုပ်မိ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်သည်။ “ငါ အားလုံးကို ထုတ်ယူချင်တယ်…”

“ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးပေါင်း ၁၂၃၆၀၀…” ပုံရိပ်ထံမှ အသံထွက်လာချိန်တွင် မရေတွက်နိုင်သော ကောင်းကင်ဘုံကျောက်စိမ်းပြားများသည် ပုံရိပ်၏ ခန္ဓာကိုယ်မှ ပျံသန်းလာပြီး ဝမ်လင်းရှေ့တွင် စုပုံနေ၏။

ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားအပုံကို စိုက်ကြည့်နေစဥ်မှာပင် သည်ကျောက်စိမ်းပြားများ အလျင်အမြန်ကြီးထွားလာသည်။ သူက အာခေါင်ပင် ခြောက်ကပ်လာ၏။ သူက ကောင်းကင်ဘုံကံကြမ္မာကလန်သည် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို သည်လိုမျိုး ဖြန့်ဝေပေးမည်ဟု မထင်မိပေ။

” တပည့်တစ်ယောက်က နှစ်၁၀၀၀ကြာအောင် ဒီနေရာမှာ နေထိုင်မယ်ဆိုရင် သူက ကောင်းကင်ဘုံကျောက်စိမ်းပြားပမာဏ ကို စိတ်ကူးထားနိုင်သည့်ထက်ပိုသော အတိုင်းအတာထိ စုဆောင်းနိုင်မှာ မဟုတ်လား…။ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ရှားပါးလွန်းတယ်မလား…။ဒါပေမဲ့ ဒီကောင်းကင်ကံကြမ္မာကလန်မှာဘာလို့ ဒီလောက်အများကြီးရှိနေတာလဲ…”

ဝမ်လင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ သည်အချိန်တွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများသည် တောင်သေးတစ်လုံးအသွင် ဖြစ်​ပေါ်လာ၏။ သူ့မျက်လုံးများ လက်ခနဲဖြစ်သွားပြီး သူက သိုလှောင်အိတ်ထဲကို မြန်မြန်ဆန်ဆန်ထည့်လိုက်သည်။

အားလုံးလုပ်ပြီးနောက် သူက သိုလှောင်အိတ်ကို ထိလိုက်၏။ သူသည် အိမ်မက်ကဲ့သို့ ခံစားနေရသည်။

သူက ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သည်ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်ထောင်ကျော်သည် သူမျက်လုံးများနီရဲလာစေဖို့ လုံလောက်နေသည် မဟုတ်လား…။ အစောပိုင်းက တစ်စုံတစ်ယောက်ကသည် သူ့ကို တားဆီးရန်ကြိုးစားလာပါက ထိုသူသည် မည်သူပင်ဖြစ်နေပါစေ ဝမ်လင်းသည် တွေဝေခြင်းမရှိပဲ တိုက်ခိုက်ပစ်မိမည် ဖြစ်၏။

သူသည် အသက်ပြင်းပြင်း ရှုလိုက်ပြန်သည်။ ထို့နောက် သူမျက်လုံးများသည် နောက်တစ်ကြိမ် ကြည်လင်လာ၏။ အခု သူသည် ကောင်းကင်ဘုံကျောက်စိမ်းပြားများကြောင့် တုန်လှုပ်နေရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်၏။

သည်အချိန်တွင် ကောင်းကင်ရှိ ကြီးမားသည့်ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်ကာ သက်တန့်ရောင်တိမ်များအဖြစ် ပြန်လည်ပြောင်းသွား၏။ တုန်ကင်အဖြစ် တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်းနေသည့် ရွှေရောင်အလင်းမှုန်များသာ ကောင်းကင်တွင် ရှိတော့၏။ တုန်ကင်အဖြစ် ပြောင်းလဲပြီးနောက် ဝမ်လင်းဆီသို့ လျှပ်စီးကဲ့သို့ ပျံသန်းလာ၏။

ဝမ်လင်းက ညာလက်ကို မြှောက်လိုက်၏။ သူ တုန်ကင်ကို ထိလိုက်ချိန်တွင် မမြင်ရသည့် စွမ်းအားတစ်ခုသည် သူကို နောက်သို့ ပေဒါဇင်ပေါင်းများစွာ တွန်းထုတ်လိုက်သည်။ ထို့နောက် သူသည် သည်နေရာမှ ပျောက်ကွယ်သွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset