မိုရှား၏ စကားများကြောင့် ရှီမာယူယူသည် အလွန်အမင်းအံ့သြသွားရသည်။ သူက နတ်ဆိုးမျိုးနွယ်က လူမဟုတ်ဘူး၊ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ။
“ဒါဆို ဘယ်လိုဖြစ်လို့ နတ်ဆိုးမျိုးနွယ်ထဲရောက်သွားတာလဲ” မိုရှားအားကြည့်ရင်း သူမသည် သိချင်စိတ်ကို ထိန်းမရတော့ပေ။
မိုရှားသည် ခဏတာမျှ ပူဆွေးသွားပြီး ချက်ချင်းပင် ပင်ကိုယ်ခံစိတ်အနေအထားကို ပြန်ထိန်းလိုက်ကာ ပြန်ဖြေလိုက်သည် “ငါ့အဖေက လူသားပဲ ငါ့အမေက နတ်ဆိုးမျိုးနွယ်က ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးသွေးတော့စီးနေတာပဲ”
“အဲဒါကြောင့် မင်းက အလင်းရောင်နတ်ဆိုးခန္ဓာကိုယ်ဖြစ်နေတာပေါ့” နားလည်သည့်သဘောဖြင့် ရှီမာယူယူခေါင်းညိတ်လိုက်သည်။
သူ့အဖေသည် လူသားဖြစ်ပါက သူ့ခန္ဓာကိုယ်သည် အနက်ရောင် ရောင်ဝါရှိနိုင်မည်မဟုတ်ပေ။ ထိုအကြောင်းစဉ်းစားရင်း သူမနှလုံးခုန်မြန်လာသည်။ ထိုအဓိပ္ပာယ်သည် သူမမိဘထဲမှ တစ်ယောက်က လူသားမဟုတ်ဘူးလို့ ပြောချင်တာလား။
“မင်းရဲ့ အခုလက်ရှိအခြေအနေက ငါ့အရင်ဘဝနဲ့ ဆင်တူတယ်။ အခုအဲဒီ ချိပ်တံဆိပ်ပွင့်သွားပြီဆိုပေမယ့် အဲလောက်ကြောက်စရာမလိုပါဘူး၊ ကောင်းတောင်ကောင်းသွားသေးတယ်” မိုရှားသည် သူ့အကြောင်းအား ထပ်ရှင်းမပြတော့ပဲ ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “အခု ရောင်ဝါနှစ်ခုလုံးက မင်းထိန်းချုပ်နိုင်တဲ့အဆင့်မှာပဲ ရှိသေးတယ်၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မပေါက်ကွဲနိုင်ပါဘူး၊ ဒါပေမယ့် နတ်ဆိုး ကိုယ်ခန္ဓာ အလင်းရောင်က ကျင့်ကြံမှုမှာ သူများတွေထက် မြန်အောင် မင်းကို ကူညီလိမ့်မယ်၊ မင်းရဲ့ မွေးရာပါ စွမ်းရည်က တခြားသာမာန်လူတွေထက် အဆများစွာ မြင့်တော့ မင်းပိုပြီး အားကောင်းလာဖို့ပဲရှိတယ်”
“တကယ်လား” ရှီမာယူယူ၏မျက်လုံးများ အရောင်တောက်လာကာ မိုရှားအားကြည့်လိုက်သည်။ အကယ်၍ သူသာ ဝိညာဉ်ပုံစံဖြစ်မနေခဲ့ပါက သူ့ဆီပြေးသွားပြီး ဖက်ကာ နမ်းလိုက်မည်မှာအသေအချာပင်။
“မင်း အစောကြီးမပျော်သေးနဲ့ဦး” သူမ အပြုအမူအား မိုရှားတွေ့သည်နှင့် သူမအပျော်အား ဖျက်ဆီးပစ်ရုံမျှ မတတ်နိုင်ပေ “မင်းအားကောင်းလာလေ ရောင်ဝါနှစ်ခုကြားက တိုက်ပွဲကကြီးလာလေပဲ၊ အဲအချိန်ရောက်လာလို့ မင်းမထိန်းချုပ်နိုင်ဘူးဆိုရင် မင်းအန္တရာယ်များလာနိုင်တယ်”
သူပြောလိုက်သော်လည်း ရှီမာယူယူ မစိုးရိမ်ပါ။
“အဲလိုဖြစ်လာရင် မင်းမှာ ဖြေရှင်းဖို့နည်းလမ်းရှိတယ်မလား၊ မင်း အဲအချိန်ကျရင် အသက်ရှင်ရင် ငါလည်း အသက်ရှင်မှာပဲ”
ထိုရိုးရှင်းသော ယုံကြည်ချက်အပြည့်နှင့် စကားကြားရချင်း မိုရှား၏ စိတ်များသည် လှုပ်ခါသွားခဲ့ရသည်။ ထိုအချိန်က သူကိုယ်တိုင်ပင် အလေးနက်မထားတတ်သော ငယ်ရွယ်စဉ်ကလေးတစ်ယောက်က ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။ သူ နတ်ဆိုး ကိုယ်ခန္ဓာအလင်းရောင်ပိုင်ဆိုင်သည်ကို သိရှိသည်နှင့် သူ သေချာပေါက်အသက်ရှင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုအချိန်ရောက်လာသည်နှင့် သူအမှန်တကယ် အသက်ရှင်ခဲ့သည် အနည်းငယ်နာကျင်ရုံသာနာကျင်ခဲ့သည်။
“သြော် ဟုတ်သားပဲ မင်းပြောတဲ့နည်းလမ်းက ဘာလဲ” ရှီမာယူယူ ကြည့်ကာပြောလိုက်သည်။
“ဒီအကြောင်းကို ပြောတဲ့အဓိက အချက်မဟုတ်သေးဘူး” မိုရှား အေးစက်စွာပြောလိုက်သည်။
“အား ထပ်ဟန်ဆောင်ပြန်ပြီ” ရှီမာယူူယူ နှုတ်ခမ်းတွန့်လိုက်သည် သို့သော် သူမ မေးခွန်းဆက်မေးလျှင်လည်း သူ့တွင် ပြောရန်အစီအစဉ်မရှိပါက တစ်ခွန်းမှပြောမည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်တွင် သူသည် သူမအား ထိခိုက်အောင်လုပ်လိမ့်မည်မဟုတ်ဟု သူမယုံကြည်သည်။
ရှီမာယူယူ ပြောသောစကားများကို မိုရှားမကြားချင်ယောင်ဆောင်ကာ မေးလိုက်သည် “ကောင်းပြီ မင်းရဲ့ ခန္ဓာကိုယ်မှာဖြစ်နေတဲ့အခြေအနေကို ရှင်းပြမယ် အဲမတိုင်ခင်တစ်ခု ပြောဦးမယ်”
“ပြောဖို့ရှိသေးတာလား”
“ဆေးဖော်စပ်မှုမှာ ပေါက်ကွဲတာကိုပြောတာ” မိုရှား ပျင်းရိစွာပြောလိုက်သည်။
“အဲဒါလား” ရှီမာယူယူ မျက်ခုံးပင့်လိုက်သည် “ဘာလို့လဲတော့ ငါလည်းမသိဘူး၊ ဆေးဖော်နေတုန်းတော့ စာအုပ်ထဲက အဆင့်တွေအတိုင်းလိုက်လုပ်တာကို ပေါက်ကွဲသွားတာ”
“မင်းဆေးဖော်နေတာကို ငါကြည့်နေတာ၊ မင်းရဲ့ စွမ်းရည်က ပုံမှန်ပါပဲ ဒါပေမယ့် မီးကိုထိန်းချုပ်တဲ့နေရာက ပြဿနာဖြစ်နေတာပဲ” မိုရှားရှင်းပြလိုက်သည် “ဆေးတိုင်းမှာ အဆင့်တိုင်းမှာ မတူညီတဲ့ မီးအပူချိန်တွေရှိတယ်၊ နည်းနည်းကွာရင်တောင် မင်းရဲ့ ဆေးဖော်မှုက ရှုံးနိမ့်သွားမှာပဲ”
“ဆေးဘယ်လိုဖော်ရလဲဆိုတာ မင်းသိလား” ရှီမာယူယူသည် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ သူ့စကားပြောပုံအားကြည့်ရသည်မှာ ရင့်ကျက်ပုံမပေါ်ပေ။
“ငါသိတယ်” မိုရှားဝန်ခံလိုက်သည်။
“အဆင့်ဘယ်လောက်လဲ”
“နောက်ကျရင် မင်းသိမှာပါ” မိုရှားပြန်ဖြေလိုက်သည်။ “ပြောရမယ်ဆိုရင် မင်းကိုသင်ပေးဖို့ထိတော့ မြင့်တယ်”
“ကျွတ်” ရှီမာယူယူ မျက်လုံးများ ဝေ့ကာ သူ့အားကြည့်လိုက်သည်။ ဒီလူကတော့ မပြတ်မသားလုပ်ရတာ အရမ်းကြိုက်တယ်နဲ့တူတယ်၊ “မင်းမပြောဘူးဆိုရင်၊ မင်းတကယ်သိလား မသိဘူးလားငါဘယ်လိုသိမှာလဲ”
မိုရှား မျက်မှောင် ကြုတ်ကာ မပျော်ရွှင်စွာပြောလိုက်သည် “မင်းမသင်ချင်ဘူးဆိုရင်လည်း မေ့လိုက်တော့”
“ဟေး ဟေး၊ ငါမသင်ချင်ဘူးလို့ မပြောဘူးလေ” မိုရှားနှင့် သဘောတူညီမှုရပြီးဖြစ်ကြောင်းကို ရှီမာယူယူ မြင်လိုက်ရသည်။ “မင်းမပြောချင်ဘူးဆိုရင်လည်းရတယ်လေ၊ မင်းရဲ့ ကျန်တဲ့တစ်ဝက်ကို ဖြစ်နိုင်သလောက်မြန်မြန် ရှာပေးမယ်၊ ငါ့ရဲ့အကျိုးကြောင့် မင်းအတွက်စိုးရိမ်စရာဖြစ်မှာ မလိုလားဘူး”
သူ့မျက်လုံးများသည် စဉ်းစားချင့်ချိန်နေပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ သူမအား ဆေးဖော်နည်းသင်ပေးခြင်းသည် ကိုယ်ပိုင် အခွင့်အရေးအတွက်မဟုတ်ပေ။
“ကောင်းပြီ၊ ဆေးဖော်စပ်တာရဲ့အခြေခံကို ငါသင်ပေးမယ်…”
မိုရှား၏ ရှင်းပြချက်ကိုနားထောင်ပြီးနေက် ဆေးဖော်စပ်မှုအကြောင်းများကို ရှီမာယူယူ ပို၍နားလည်လာသည်။
“ဝိညာဉ်သခင်တွေများလည်း အဂ္ဂိရတ်ဆရာမရှိတာ မဆန်းတော့ပါဘူး” ရှီမာယူယူ သူမမေးစေ့အား ကိုင်လိုက်သည်။
“အဲဒါတွေက မဖြစ်မနေလိုအပ်တဲ့အချက်တွေပဲ” မိုရှားပြောလိုက်သည်။
“ဘာတွေလိုအပ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အရမ်းသန်မာတဲ့ စိတ်ဓာတ်ခွန်အား” မိုရှားစကားပြောပြီးသည်နှင့် သူ ရှီမာယူယူအား ထပ်ကြည့်လိုက်သည်။ သူနှင့်သက်တူရွယ်တူထဲတွင် ကြုံဖူးသမျှထဲတွင် သူမသည် စိတ်ဓာတ်အားအပြင်းဆုံးဖြစ်သည်။ သူမတွင်သာ ထိုကဲ့သို့ စိတ်ဓာတ်ခိုင်မာမှုမရှိလျှင် သူသင်ပေးဖို့ စဉ်းစားမည်မဟုတ်ပေ။
“အရမ်းသန်မာတဲ့ စိတ်ဓာတ်ခွန်အားဟုတ်လား”
“ဆေးဖော်တဲ့နေရာမှာ ထိန်းချုပ်ဖို့ မင်းရဲ့ သန်မာတဲ့စိတ်ဓာတ်ကို အသုံးပြုဖို့လိုမယ်၊ အထူးသဖြင့် အဆင့်မြင့်တဲ့ ဆေးလုံးတွေက ပိုရှုပ်ထွေးတယ်၊ အဲဒါတွေက မင်းရဲ့ စိတ်ဓာတ်အားကို ကုန်ခမ်းစေတယ်၊ မင်းစိတ်ဓာတ်သန်မာလာလေ ဆေးဖော်စပ်မှုလမ်းကြောင်းကို လျှောက်ဖို့လွယ်လေပဲ” မိုရှား ရှင်းပြလိုက်သည်။
“အဲလိုလား” ရှီမာယူယူသည် လက်ပိုက်နေပြီး ခုံအားမှီကာ မိုရှားအားကြည့်ရင်းပြောလိုက်သည် “မင်းက နတ်ဆိုးမျိုးနွယ်ကမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး လူသားတွေရဲ့ ဆေးဖော်နည်းကိုသိနေရတာလဲ”
“လူသားတွေနဲ့ နတ်ဆိုးတွေရဲ့ ဆေးဖော်နည်းကအတူတူပဲ၊ အရည်ကျိုတဲ့အဆင့်မှာ နည်းနည်းကွဲသွားရုံပဲ” မိုရှားပြောလိုက်သည် “ဆေးဖော်စပ်မှုနောက်ဆုံးအဆင့်မှာ လူသားတွေက အလင်းစွမ်းရည်ထည့်ရပေမယ့် နတ်ဆိုးမျိုးနွယ်ကတော့ အမှောင်စွမ်းရည်ကို ထည့်ရတယ်၊ တချို့ဆေးအမျိုးအစားမှာဆိုရင် နတ်ဆိုးမျိုးနွယ်က အလင်းစွမ်းအင်ထည့်ထားတဲ့ဆေးကို စားမိပြီဆိုရင် အဲဆေးက အဆိပ်ဖြစ်သွားတာ၊ အပြန်အလှန်ပဲ လူသားတွေကလည်း အမှောင်ဝိညာဉ်စွမ်းအင်ပါတဲ့ ဆေးကိုစားလို့မရဘူး”
“နားလည်ပြီ” ရှီမာယူယူခေါင်းညိတ်လိုက်သည်။
“ဝိညာဉ်ကျောက်တုံးကို မင်းနဖူးပေါ်ထားလိုက်” မိုရှားပြောလိုက်သည်။
သူဘာလုပ်ချင်သည်ကို ရှီမာယူယူမသိသော်လည်း သူခိုင်းသည့်အတိုင်းလုပ်လိုက်သည်။ ဝိညာဉ်ကျောက်တုံးအား ယူကာ သူမနဖူးပေါ်သို့တင်လိုက်သည်။ ဝိညာဉ်ကျောက်တုံးနှင့် သူမနဖူးတို့ထိလိုက်ချိန်တွင် တောက်ပသော အလင်းရောင်သည် ဝိညာဉ်ကျောက်တုံးမှ ထိုးထွက်လာသည်။ ထို့နောက် သူမမျက်ခုံးကြားနေရာတွင် အချက်အလက်များ ပေါ်လာသည်။
“အဲဒါက စိတ်ဓာတ်ခွန်အားကို အားကောင်းအောင်လုပ်တဲ့နည်းလမ်းပဲ၊ သူပြောတဲ့အတိုင်းလိုက်လုပ်ပြီး မင်းရဲ့ စိတ်ဓာတ်စွမ်းအင်ကို မြင့်လို့ရတယ်” မိုရှားပြောလိုက်သည်။
ရှီမာယူယူ ခံစားရန် မျက်စိပိတ်ကာ အရင်က အင်ပါယာသားရဲအနုပညာမှလွဲ၍ သူမ အသိစိတ်ထဲတွင် နောက်ထပ် စာအုပ်အပြည့်ရောင်ဝါများ့ရှိသည်ကို သိလိုက်ရသည်။
“ဝိညာဉ်ဆေးဖော်စပ်နည်း လျှို့ဝှက်ချက်” ထိုစာအုပ်မှ စာများကို ရှီမာယူယူကြည့်ကာ အလွန်အမင်းစိတ်လှုပ်ရှားသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ သူမမျက်လုံးများဖွင့်လိုက်ကာ မိုရှားအားကြည့်ရင်းမေးလိုက်သည် “ငါ့ရဲ့ စိတ်ဓာတ်ခွန်အားကို လေ့ကျင့်ဖို့အတွက်မလား၊ ဘယ်လိုဖြစ်ပြီး ဝိညာဉ်ဆေးဖော်နည်း လျှို့ဝှက်ချက်ဖြစ်နေတာလဲ”
“မင်းရဲ့ လိပ်ပြာက ကြီးလာလေ မင်းရဲ့ စိတ်ဓာတ်ခွန်အားသန်မာလာလေပဲ” မိုရှား ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ “လုံလောက်ပြီ အခု ငါတို့ဆေးဖော်စပ်တဲ့ အခန်းကိုသွားကြမယ်၊ မင်းအရင်ကလုပ်ခဲ့တဲ့ ဆေးလုပ်တာကို လေ့ကျင့်ဖို့လိုတယ်၊ ငါဘေးကနေကြည့်ပြီး မင်းကို ပြောပြပေးမယ်”
“ကောင်းပြီ” မိုရှားပြောစကားများကို ကြားသည်နှင့် ရှီမာယူယူ မေးခွန်းများအား မျိုသိပ်လိုက်ပြီး ဝိညာဉ်ဆေးဖော်နည်းအား သိချင်စောဖြင့် ဆေးဖော်သည့်အခန်းအား ခေါ်သွားလိုက်သည်။
နောက်မှ မေးခွန်းများကို သူမဖြေးဖြေးချင်းမေးရမည်။ အခုတော့ ဆေးဖော်နည်းကို သင်ယူရဦးမည်။