“စာ..စာချုပ်ဟုတ်လား”
မိုရှား ထိုအကြောင်သည် အမှန်ဖြစ်ကြောင်းအသိအမှတ်ပြုသည့်သဘောနှင့် ခေါင်းညိတ်လိုက်သည်။
“အဲတုန်းက စာချုပ်ချုပ်ခဲ့တဲ့ ခံစားချက်ကို ငါဘာလို့မခံစားလိုက်ရတာလဲ”
“ဘာလို့လဲဆိုတော့ ငါတားလိုက်လို့” မိုရှားပြောလိုက်သည်။
ရှီမာယူယူ မိုရှားအား စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ရင်း မသိမသာကြောက်စရာကောင်းသည်ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ကြားမှ စာချုပ်အားတားမြစ်ထားသဖြင့် သူမ တစ်စုံတရာမျှခံစားရခြင်းမရှိပေ။ သူမ ဒီကမ္ဘာတွင် ရှိနေသည်မှာ အချိန်မကြာသေးသော်လည်း လေ့ကျင့်မှုမရှိလျှင် ထိုအရာသည်မဖြစ်နိုင်ကြောင်းကို သူမသိသည်။
သို့သော် သူပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် သူသည် ပြီးပြည့်စုံခြင်းမရှိသော ဝိညာဉ်အဆင့်တွင် ပြုလုပ်နိုင်ခဲ့သည်။ သူ့ရဲ့ အရင်ဘဝတုန်းက ဘယ်လောက်တောင်ကြောက်စရာကောင်းခဲ့တာပါလိမ့်။
“သူဒီလောက်သန်မာတာ ဒီ့ထက်များတဲ့ဟာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာသူသိမှာပဲ” ရှီမာယူယူ တွေးကြည့်လိုက်သည် “သူသာ ငါနဲ့စာချုပ်ချုပ်ထားတယ်ဆိုရင် ငါလည်းအကျိုးရှိမှာ မဟုတ်ဘူးလား၊ သူ့ဆီက ပညာတွေကို ရမယ်လို့ဘယ်သူသိနိုင်မလဲ”
ရှီမာယူယူ၏မျက်လုံးများ လည်နေသည်ကိုမိုရှားသတိထားမိသည်နှင့် သူမ ထပ်ပြီးမူမမှန်သည့် စိတ်ကူးများ တွေးနေပြီကို သတိထားမိလိုက်သည်။ သို့သော် ထိုအတွေးများကိုမနှောင့်ယှက်တော့ပဲ ခဏတာမျှ မျက်လုံးပိတ်ပြီးမှ ဖွင့်ကာ သူမအားကြည့်ရင်းပြောလိုက်သည် “တော်ပြီ”
ထိုအချိန်အတွင်းတွင် သူမသည် မိုရှားနှင့် ဆက်သွယ်မှုတစ်ခုခုရှိနေသည်ကို ခံစားလိုက်ရသည်။
“ငါတို့ ဘယ်တုန်းက စာချုပ်ချုပ်လိုက်တာလဲ” သူမ မယုံကြည်သလိုခံစားရ၍ မေးလိုက်သည်။
တစ်ဖက်လူသည် နတ်ဆိုး၊ ထို့အပြင် ဝိညာဉ်အဆင့်ဖြစ်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုဖြစ်ပြီး စာချုပ်ချုပ်လိုက်တာလဲ။
“မင်း ထင်ယောင်ထင်မှားဖြစ်စေတဲ့ တည်ဆောက်မှုကို ဖျက်ဆီးတုန်းက မင်း ဝိညာဉ်ကျောက်တုံးနဲ့ ဘယ်လိုဖြစ်ပြီး စာချုပ်ချုပ်လိုက်လဲငါမသိဘူး၊ ငါကအဲမှာနေနေတာဆိုတော့ မင်းနဲ့တော့ စာချုပ်ချုပ်ပြီးသားဖြစ်သွားတာပဲ” ထိုအကြောင်းများတွေးရင်းနှင့်ပင် မိုရှား၏မျက်နှာသည် မှောင်မိုက်လာသည် “ဒီလိုဆိုရင် ငါစစ်ဆေးလို့ရလား၊ ဒီချိပ်တံဆိပ်ကဘာလဲဆိုတာ ငါကြည့်မယ်”
သူမခန္ဓာကိုယ်မှ ချိပ်တံဆိပ်အကြောင်းပြောရင်း ရှီမာယူယူသည် လေးနက်လာသည်။ သူမခန္ဓာကိုယ်တွင် ထူးဆန်းသောအရာရှိနေမလဲဆိုတာ ဘယ်သူသိမလဲ။ ထိုချိပ်တံဆိပ်သည် ဘာလဲ၊ ဘယ်သူကပေးတာလဲ၊ ဘာလို့သူမဆီမှာရှိနေတာလဲ ဆိုတာ သူမမသိပါ။
“ဒါဆို လာခဲ့”
သူမ ခေါင်းညိတ်ကာ မိုရှားဆီသို့သွားလိုက်သည်။ သူဘယ်လိုအစီအစဉ်နှင့် သူမခန္ဓာကိုယ်ထဲသို့ဝင်မလဲဆိုတာ သူမမသိပါ သူမမေးရန်လုပ်တုန်းမှာပင် မိုရှားသည် အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းသွားကာ သူမ မျက်ခုံးကြားရှိနေရာသို့ ပစ်သွင်းလိုက်သည်။
သူဝင်သွားသည်နှင့် ရှီမာယူယူသည် အေးစက်ခြင်းကိုခံစားလိုက်ရပြီး ခိုက်ခိုက်တုန်ချမ်းလာသည်။
“ဒီလူရဲ့ ခန္ဓာကိုယ်အပူချိန်က ဘာလို့ဒီလောက်တောင်အေးနေရတာလဲ” ရှီမာယူယူ ဘာကိုမှ လုပ်နိုင်စွမ်းမရှိခဲ့ပါ “သူပြန်ထွက်မလာဘူးဆိုရင် ငါတော့ ရေခဲတုံးဖြစ်တော့မှာပဲ”
အချိန်တစ်ခဏအကြာတွင် ရှီမာယူယူခန္ဓာကိုယ် ခံနိုင်ရည်စွမ်းမကုန်ခမ်းမှီ မိုရှားသည် မျက်ခုံးကြားမှ ထွက်လာသည်။ သူထွက်သွားသည်နှင့် အအေးဓာတ်သည် သူနှင့်အတူထွက်သွားသည်။
“ဘယ်လိုလဲ အဲဒီချိပ်တံဆိပ်ကဘာလဲ” သူမအား ရှုပ်ထွေးသောအမူအရာနှင့် မိုရှားကြည့်နေသည်ကို သတိထားမိကာ မေးလိုက်သည်။ သူဘယ်လို ငြင်းမလဲဆိုတာ ကြည့်ရင်း သူမမေးလိုက်သည် “ငါ့ ခန္ဓာကိုယ်ထဲမှာရှိတာ ဗုံးလို့တော့ မပြောနဲ့နော်”
“ဗုံးတော့ မဟုတ်ဘူး ဒါပေမယ့် အဲလိုမျိုးပဲ” မိုရှားသည် ရှီမာယူယူ နောက်လိုက်သည်မှာ အချိန်တစ်ခုကြာပြီဖြစ်၍ သူမပြောသော ဗုံးဆိုသည့် စကားလုံးကို သိနေပြီဖြစ်သည်။
“တကယ်ပဲ ဗုံးလား” ရှီမာယူယူသည် စိတ်မကောင်းစွာ မျက်နှာပျက်သွားသည် “ငါ ဒီလိုပဲလျှောက်ပြောလိုက်တာ မှန်နေမယ်လို့မထင်မိဘူး”
“အဲဒါ ဗုံးမဟုတ်ဘူးလို့ ပြောနေတယ်လေ” မိုရှားပြောလိုက်သည်။
“ကောင်းပြီ အဲဒါဘာဖြစ်ဖြစ် အဲဒါဘာလဲဆိုတာသိမှဖြစ်မယ်” ရှီမာယူယူ နှုတ်ခမ်းဆူကာ ပြောလိုက်သည် “ပြောပါဦး ငါ့ခန္ဓာကိုယ်ထဲက ချိပ်တံဆိပ်က ဘာလဲ”
“နတ်ဆိုး ကိုယ်ခန္ဓာ အလင်းရောင်” မိုရှားသည် ထိုစကားပြောချိန်တွင် အနည်းငယ်တုန်လှုပ်နေ၍ အသံသည် တုန်နေသည်။
ထိုစကားသုံးလုံးကြောင့်ရှီမာယူယူသည် လည်းအံ့သြသွားခဲ့ရသည် ထို့ကြောင့်ပင် သူမသည် သူ၏ တုန်လှုပ်မှုကို သတိမထားခဲ့မိပေ။
“နတ်ဆိုး ကိုယ်ခန္ဓာအလင်းရောင်ဆိုတာဘာလဲ၊ အဲဒါက ဘာလို့ချိပ်တံဆိပ်ဖြစ်နေရတာလဲ”
“အဲဒါသာ ချိပ်တံဆိပ်မဟုတ်ရုင် မင်းရဲ့ခန္ဓာကိုယ်က ၂နှစ်သား ၃နှစ်သား အရွယ်ကတည်းက ပေါက်ကွဲပြီးနေပြီ”
“အဲလောက်တောင် ကြောက်စရာကောင်းတာလား” ရှီမာယူယူသည် ထိုအရာ၏တည်ရှိမှုအား ထုတ်ဖော်ရန် စကားလုံးအား ရှာရန် ကြိုးစားသော်လည်း အထမမြောက်ခဲ့ပေ “ဒါဆို အဲဒါက အတိအကျ ပြောမယ်ဆိုဘာလဲ”
“ဒီလောကမှာဆိုရင် အလင်းနဲ့ အမှောင်ဆိုပြီးခွဲခြားထားတယ်၊ အဲဒါကို မင်းသိတယ်မလား” မိုရှား ရှီမာယူယူအားကြည့်လိုက်သည်။
“သိတယ်ဆိုပြီး မင်းကိုကြည့်စရာမလိုဘူးမလား” မိုရှားအချိန်အတော်ကြာ စကားပြောတော့မည်ကို ရှီမာယူယူခံစားမိ၍ မှော်ဝင်လက်စွပ်ထဲမှ ထိုင်ခုံထုတ်ပြီး ထိုင်ကာ ဖြေးဖြေးချင်းနားထောင်တော့သည်။
ရှီမာယူယူ၏ အပြုအမူအား မိုရှားတွေ့သော် သူ့မျက်နှာသည် ပုတ်သို့သွားလေသည်။ ဒီကောင်ကတော့ အရမ်းစိုးရိမ်တယ်ဆိုပြီး တစ်စက္ကန့်မကြာသေးဘူး အခုတော့ ထိုင်ဖို့ ထိုင်ခုံတောင်ထုတ်ပြီး နားထောင်နေလေရဲ့။
“ဒီအလင်းလောက ကလူတွေမှာ အနှစ်တစ်ထောင်ကြာမှတွေ့ရတဲ့ ခန္ဓာကိုယ်တွေရှိတယ်၊ ဒီလိုမျိုး ခန္ဓာကိုယ်ရှိတဲ့သူတွေက ရောင်ဝါလက္ခဏာတွေရှိကြတယ်၊ အဲဒီရောင်ဝါတွေက သာမာန်ဝိညာဉ်သခင်တွေလေ့ကျင့်တဲ့ နှုန်းထက် အဆများစွာမြန်တယ်၊ ပြီးတော့ သူတို့ရဲ့ အဆင့်တန့်တဲ့အချိန်က ခဏပဲ၊ ပြောရမယ်ဆိုရင် သူတို့က ပြန်ကောင်းလာဖို့ဆိုရင် သန်မာတဲ့စွမ်းရည်ရှိကြတယ်၊ အဲလိုခန္ဓာကိုယ်မျိုးကို အလင်းရောင် ကိုယ်ခန္ဓာ လို့ခေါ်တယ်”
“အားကောင်းလိုက်တာ” အံ့သြမှုကြောင့် ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြစ်နေသည် “တစ်ခုခုသာ အဲဒီခန္ဓာကိုယ်ထဲကို ဝင်သွားရင် ဒီကမ္ဘာမှာ အားအကောင်းဆုံးဖြစ်သွားတာပဲ”
“တစ်ဖက်မှာတော့ အမှောင်ကမ္ဘာမှာဆိုရင် အနက်ရောင် ရောင်ဝါတွေကို နတ်ဆိုး ကိုယ်ခန္ဓာလို့ ခေါ်တယ်၊ သာမန်လူဆိုရင် နှစ်ခုထဲက တစ်ခုကိုပဲ သုံးလို့ရတယ်၊ အဲဒါကလည်း ကံကောင်းလွန်းတဲ့အခြေအနေမှာပဲ ဖြစ်တာ” မိုရှားပြောလိုက်သည် “ဒါပေမယ့် မင်းငါတော့ သူတို့နဲ့မတူးဘူး”
“ငါ့မှာက နတ်ဆိုင်း ကိုယ်ခန္ဓာအလင်းရောင်ရှိတယ်လို့ မင်းပြောခဲ့တာလေ၊ အဲနှစ်မျိုးလုံး ငါ့မှာရှိတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်” ရှီမာယူယူပြောလိုက်သည်။
မိုရှား သူမအား အတည်ပြုသလိုကြည့်လိုက်ပြီး တည့်တည့်ပင်ပြောလိုက်သည် “ဟုတ်တယ် မင်းမှ အဲဒီ ရောင်ဝါနှစ်မျိုးလုံးရှိနေတယ်၊ တစ်ခုက အလင်းကို ကိုယ်စားပြုပြီး နောက်တစ်ခုက အမှောင်ကို ကိုယ်စားပြုတယ်၊ နှစ်ခုလုံးက ဆန့်ကျင်ဘက်ပဲ ဒါပေမယ့် ခန္ဓာကိုယ်တစ်ခုထဲမှာရှိနေကြတယ်၊ ဘယ်လိုဖြစ်မယ် မင်းထင်လဲ၊ ပြီးတော့ မင်းကလေးအရွယ်တုန်းက နည်းနည်းလန့်ရင်တောင် သေသွားနိုင်တယ်
“အဲဒါကြောင့် ချိပ်ခံထားတာကိုး” ရှီမာယူယူပြောလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုအား စဉ်းစားမိပြီး မိုရှားအား တည့်တည့်ကြည့်ကာ မေးလိုက်သည် “အဲချိပ်တံဆိပ်သာ ပျက်ဆီးသွားရင် ငါသေချာပေါက် အချိန်မရွေး သေမှာလား” မိုရှားပြန်ဖြေလိုက်သည် “ဒါပေမယ့် သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ”
ရှီမာယူယူ မိုရှားအား ကြည့်ကာ မေးလိုက်သည် “အဲဒါကို ဖြေရှင်းဖို့ မင်းမှာနည်းလမ်းတော့ ရှိတယ်မလား”
မိုရှားမျက်ခုံးများပင့်လိုက်သည် “ဘာလို့အဲလောက်တောင် သေချာနေရတာလဲ”
“ငါတို့က စာချုပ်ချုပ်ထားတယ်လေ၊ ငါသေသွားရင် မင်းလဲနေဖို့မဖြစ်နိုင်တော့ဘူး၊ ဒါပေမယ့် မင်းကြည့်ရတာ စိတ်ပူပုံမပေါ်ဘူး” ရှီမာယူယူ ခိုင်ခိုင်မာမာကြေညာလိုက်သည် “ဘာပဲဖြစ်ဖြစ် ငါ့မှာရှိတာက နတ်ဆိုး ကိုယ်ခန္ဓာအလင်းရောင်ဆိုတာကို မင်းဖော်ထုတ်နိုင်တာဆိုတော့ အရင်က ဒီလိုအတွေ့အကြုံမျိုးရှိမှာ သေချာတယ်၊ ပြီးတော့ မင်းက အဲလိုမျိုးဒါမှမဟုတ် မင်းအဲလိုမျိုးထဲကို ဝင်ဖူးလို့ပဲ”
ရှီမာယူယူအား မိုရှားကြည့်သောအကြည့်သည် အချိန်တိုအတွင်းပြောင်းလဲသွားသည်။ အဲကောင်လေး ဒီလို စဉ်းစားဉာဏ်ရှိလိမ့်မည်ဟု ထင်မထားပေ။
“မင်းရဲ့ သခင်ကြီးက သူ့ရဲ့ဆွဲဆောင်မှုရှိတာကို သိတယ်၊ မင်းငါ့ကို အဲလိုကြည့်ဖို့မလိုပါဘူး”
ရှီမာယူယူသည် မရှိသော ဆံမြိတ်ကို လက်ဖြင့်ဖိရင်း ဂုဏ်ယူသည့်ပုံသဖြင့် မိုရှားသည် ကြောင်သွားတော့သည်။
“မင်းက ဘာလဲဆိုတာကို မပြောရသေးဘူးနော်” ရှီမာယူယူပြောလိုက်သည်။
“ငါလည်းမင်းလိုပဲ အရင်ကတော့” မိုရှားသည် ဖြေးညင်းစွာပြောလိုက်သည်။
ရှီမာယူယူ ခန့်မှန်းရုံသာခန့်မှန်းလိုက်သော်လည်း မိုရှားဆီမှ ကြားရခြင်းကြောင့် အနည်းငယ် အံ့သြသွားခဲ့ရသည်။
“ဒါဆို မင်းက နတ်ဆိုးမျိုးနွယ်ကနေ ဘယ်လိုဖြစ်လို့ တခြားတစ်ယောက်အဖြစ်ပြောင်းသွားတာလဲ”
မိုရှား ရှီမာယူယူအားကြည့်ပြီးနောက် အဝေးကိုကြည့်ကာပြောလိုက်သည် “ငါငယ်ငယ်တုန်းက ငါလည်း လူသားပဲ နတ်ဆိုးမျိုးနွယ်မှာ ကြီးလာတာမဟုတ်ဘူး”
ရှီမာယူယူ မိုရှားအားကြည့်ကာ သူမခန္ဓာကိုယ်မှ နာကျင်မှုမြင့်တက်လာသည်ကို ခံစားလိုက်ရသည်။