နာလန်မျိုးနွယ်၏ အမျိုးသမီးပါရမီရှင် နာလန်လန် ကျောင်းထုတ်ခံရခြင်းသတင်းသည် တောမီးပျံ့နှံ့သလိုပင် မြို့တောတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ ကျောက်တုံးတစ်တုံးသည် ရေလှိုင်းများစွာဖြစ်စေသကဲ့သို့ လမ်းတိုင်းသည် ထိုအကြောင်းအရာအားဆွေးနွေးနေကြသည်။
နာလန် မျိုးနွယ်…
ခန်းမတစ်ခုတွင် နာလန်မျိုးနွယ်၏ အကြီးအကဲသည် တစ်ဖက်တစ်ချက်စီတွင် မျိုးနွယ်၏ လူကြီးပိုင်းနှစ်ယောက်နှင့်ထိုင်နေသည်။ ကျန်သောသူများသည် သူတို့၏မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည်။
အိမ်၏အလယ်တွင် အပြာရောင်ဝတ်ဆင်ထားသော နာလန်လန်သည် ခေါင်းငုံ့ကာမြေကြီးပေါ်တွင် ထိုင်နေသည်။ သူမ၏ ရှည်လျားသော ဆံပင်များသည် ပါးပြင်များအား ဖုံးကွယ်ထားကာ နောက်ကျောတွင် သွယ်ဖြာကျနေသည်။
နာလန်ရွှီသည်လည်း တစ်ဖက်တွင်ဒူးထောက်လျက်သားရှိကာ သူတို့အား မလှုပ်သာသော အခြေအနေသို့ရောက်အောင် ဖြစ်နေသော တင်းမာမှုမြင့်တက်နေမှုကိုကြည့်လိုက်ကာ ပြောလိုက်သည်။ “အဖေ ဒီကိစ္စနဲ့ပတ်သတ်ပြီး အစ်မကိုအပြစ်မတင်ပါနဲ့၊ ဒါတွေအားလုံးက ရှီမာယူယူကြောင့်ဖြစ်တာပါ၊ သူ့ကြောင့်သာမဟုတ်ရင် အစ်မက ကျောင်းထုတ်ခံရမှာမဟုတ်ဘူး”
“မင်း အသံထွက်ရဲသေးတယ်” နာလန်သည် လက်ထဲတွင်ရှိသော လက်ဖက်ရည်ပန်းကန်အား စားပွဲပေါ်သို့ ဆောင့်ချလိုက်ကာ ဒူးထောက်နေသော နာလန်လန်နှင့် နာလန်ရွှီအား ကြည့်လိုက်သည်။ ပြီးတော့ အပြစ်တင်လိုက်သည် “ဒါမျိုးတွေကို ကျောင်းမှာလုပ်လို့မရတာတွေကို မင်းသိရဲ့သားနဲ့လုပ်တယ်၊ အခု မင်းကျောင်းထုတ်ခံရပြီ၊ မင်းက နာလန်မျိုးနွယ်တစ်ခုလုံးကို မျက်နှာမပြရဲအောင် လုပ်လိုက်တာပဲ”
နာလန်လန်သည် စကားတစ်ခွန်းမှမပြောပဲ ခေါင်းသာငုံ့နေခဲ့သည်။
“မျိုးနွယ်ခေါင်းဆောင်၊ လန်လေးက ဒီလိုတွေဖြစ်လာမယ်လို့ထင်ထားမှာမဟုတ်ပါဘူး၊ အဲအမှိုက်သေသွားမှာပဲလို့ သူမထင်ခဲ့မှာပဲ ဒါပေမယ့် သူအသက်ရှင်ပြီးပြန်လာမယ်လို့ ဘယ်သူကထင်မိမှာလဲ” ဘေးမှ လူကြီးတစ်ယောက်ကပြောလိုက်သည် “လန်လေးက အဲဒီ ရေကြက်အိုကြီး ရှီမာလိုင်ကို တိုက်ခိုက်ချင်ရုံပါ၊ အဲအမှိုက်ပျောက်သွားတုန်းက အဲဒီရှီမာမျိုးနွယ်ကို တိုက်ခိုက်ဖို့အခွင့်အရေးရခဲ့တာ မမြင်ဘူးလား”
“ဟုတ်ပါတယ် မျိုးနွယ်ခေါင်းဆောင်၊ လန်လေးက ဘုရားကပေးတဲ့လက်ဆောင်ပါပဲ၊ ကျောင်းမသွားရတော့တာနဲ့ပဲ နာလန်မျိုးနွယ်က မျိုးဆက်အငယ်တွေကို လေ့ကျင့်မပေးနိုင်တော့ဘူးလား” တခြားလူကြီးတစ်ယောက်သည်လည်း နာလန်လန်၏ကိုယ်စား ကာကွယ်ပြောပေးလိုက်သည်။
“ဒါပေမယ့် ကျောင်းထုတ်ခံရတဲ့ကိစ္စက ငါတို့မျိုးနွယ်ကို အရှက်ရစေတာပဲမလား၊ ငါတို့အပြစ်မပေးပဲ နေလို့မရဘူး၊ အခုချိန်ကစပြီး ၃လကို မိသားစုဘိုးဘွားပိုင် ခန်းမကို မင်းကိုလာဖို့တားမြစ်တယ်၊ မင်းရဲ့ အပြုအမူကိုပြန်သုံးသပ်ပါ” အသက်ကြီးပိုင်းလူများမှ သူ့သမီးအားအပြစ်လျော့ပေါ့ရန် ပြောသည်ကို နားထောင်ပြီးနောက် နာလန်လန်သည် ပို၍စိတ်ချသွားပြီး အပြစ်ဒဏ်သေးသေးကိုသာ ခံရတော့သည်။
နာလန်လန်သည် အနည်းငယ်ငုံ့ကာ အရိုအသေပေးပြီးနောက် ထွက်သွားလေသည်။ အစမှအဆုံးပင် သူမ စကားတစ်လုံးမှဝင်မပြောပေ။ တခြားသူများမှာ ဒီအခြေအနေကို ကြောက်ရွံ့၍ ထိုသို့ဖြစ်နေသည်ဟု ထင်သော်လည်း အမှန်တကယ်တွင် သူမမျက်လုံးများတွင် အမုန်းတရားနှင့် မလိုလားမှုများ ထွက်ပေါ်နေသည်။ ဘိုးဘွားပိုင်ခန်းမမှ ထွက်လာသည်နှင့် သူမသည် ထိုအသုံးမဝင်သည့်အမှိုက်၏ အသက်အား သေချာပေါက်နုတ်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။
နာလန်လန်ထွက်သွားပြီးနောက် လူငယ်မျိုးဆက်များအား နောက်ပိုင်းပြောစကားများကို ဝင်နားထောင်ရန်မလိုအပ်သကဲ့သို့ ထွက်သွားရန် လူကြီးသည် လက်ဝှေ့ရမ်းပြလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင် ဒီတစ်ခါတော့ ရှီမာမျိုးနွယ်က အပေါ်ယံဟန်ဆောင်နေတာတွေကို ခွာချလိုက်ပြီ” ဒုတိယမြောက် လူကြီးကပြောလိုက်သည်။
“ဒီတစ်ခါတော့ ရှီမာမျိုးနွယ်က ငါတို့ကို အရှက်ရစေတာပဲ၊ ငါတို့သေချာပေါက်သူတို့ကို လက်စားချေရမယ်” နာလန်သည် အံ့ကြိတ်ကာပြောလိုက်သည် “ငါတို့ အသက်ကြီးပိုင်းအဘိုးဆီသွားတုန်း ဒီလိုဖြစ်သွားတာပဲ၊ သူတို့မိသားစု ပြိုကွဲအောင်မြန်မြန်လုပ်သင့်ပြီလို့လဲ သူပြောလိုက်တယ်၊ ဒီကိစ္စဖြစ်လာမှတော့ ငါတို့အဆက်အသွယ်ကောင်းကောင်းနဲ့ လှုပ်ရှားမှဖြစ်တော့မယ်”
သက်ကြီးပိုင်းအဘိုး ပြောသည့် အဓိပ္ပာယ်ကို နားလည်သည့်ပုံစံဖြင့် ပထမမြောက်နှင့် ဒုတိယမြောက်လူကြီးတို့သည် ခေါင်းညိတ်လိုက်ကြသည်။
နာလန်မျိုးနွယ်သည် အမြဲပင် ရှီမာမျိုးနွယ်အား သုတ်သင်ချင်နေခဲ့သည်။ ဒီအချိန်သည် သူတို့သေချာပေါက် ရှီမာမျိုးနွယ်အား ကျဆုံးအောင်လုပ်ရမည်။
ထိုမျိုးနွယ်နှစ်ခု၏ ရန်စသည် တစ်စစနှင့်ကြီးထွားလာကာ မြင်သာထင်သာရှိလာခဲ့သည်။ နေရာမရွေးပင် မျိုးနွယ်နှစ်ခုသည် သူသေကိုယ်သေ တိုက်ခိုက်နေကျဖြစ်သည်။
သူတို့၏ တားဆီး၍မရသော တိုက်ပွဲများအကြောင်းကို ကျောင်းမှာတောင်ရှီမာယူယူ အနည်းငယ်သာသိသည်။ သို့သော် သူမအား အပြင်ထွက်ခြင်းကိုတားမြစ်ထားကာ ကျောင်းမှာပင်နေရန် အမိန့်ပေးထားသည်။ ထို့ကြောင့် သူမသည် ကျောင်းမှာသာနေ၍ ကျင့်ကြံကာ သန်မာလာခဲ့သည်။
တစ်လအကြာတွင် ရှီမာယူယူသည် ဆေးဖော်စပ်မှုအားလေ့ကျင့်ရန် ဝိညာဉ်ပုလဲအတွင်းသို့ဝင်ခဲ့စည်။
အဲမတိုင်ခင်ကပင် သူမသည် ဆေးသန့်စင်ခြင်းတွင် ကျွမ်းကျင်နေပြီးဖြစ်၍ ရက်အနည်းငယ် ထပ်မံလေ့ကျင့်ပြီးနောက်တွင် ဒုတိယအဆင့်ဖြစ်သော အရည်ကျိုခြင်းအား တက်နိုင်ခဲ့သည်။
အရည်ကျိုခြင်းအဆင့်တွင် ရှီမာယူယူသည် အလွယ်ဆုံးဆေးလုံးဖြစ်သော ဆေးခဲအားလေ့ကျင့်ရန် ရွေးချယ်လိုက်သည်။
ထို ဆေးခဲတွင် ပါဝင်ပစ္စည်းလေးမျိုးသာ လိုအပ်သည်။ ထို့အပြင် ထိုပစ္စည်းများသည် မပြင်းသောအမျိုးအစားများဖြစ်၍ ပေါက်ကွဲမှု ရာခိုင်နှုန်းများနည်း၍ အောင်မြင်မှုရာခိုင်နှုန်းသည် မြင့်သည်။ ပုံမှန်အားဖြင့် အဂ္ဂိရတ်ဆရာများစတင်အသုံးပြုသော ဆေးဖြစ်သည်။
ဝိညာဉ်ပါဝင်ပစ္စည်းများကို ဝိညာဉ်လေး ပြင်ဆင်မှုပြီးစီးသည်နှင့် ရှီမာယူယူသည် ပါဝင်ပစ္စည်းများမသန့်စင်ခင်တွင် ဆေးသန့်စင်ခြင်းအဆင့်များကို သေချာစေရန် ပြန်တွေးနေလိုက်သည်။
ဆေးဖော်စပ်ခြင်းတွင် အရေးကြီးဆုံးအဆင့်မှာ သန့်စင်ခြင်းဖြစ်၍ ထိုအဆင့်သည် သူမနှင့် ကျွမ်းဝင်ပြီးသားဖြစ်သည်နှင့်အညီ လျင်မြန်စွာပင် ပါဝင်ပစ္စည်းလေးခုလုံးအား သန့်စင်ပြီးစီးသွားသည်။ သန့်စင်ပြီးသော ပစ္စည်းများကို အမျိုးအစားလိုက် ဆေးဖိုတွင် ခွဲထည့်လိုက်သည်။ ထို့နောက်တွင် အမျိုးအစားနောက်တစ်မျိုးကို ထပ်ထည့်လိုက်သည်။
ပြီးခဲ့သည့် ပေါက်ကွဲမှုကိုပြန်တွေးမိသည်နှင့် သူမ ဆေးပါဝင်ပစ္စည်းများထည့်နေချိန်တွင် ရှီမာယူယူသည် ကြောက်ရွံ့မှုအနည်းငယ်ကျန်ရှိနေသည်။ ပြီးခဲ့သည့်တစ်ခေါက်အတိုင်းြဖ်စမည်ကို စိုးရိမ်သဖြင့် သူမသည် အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။
သို့သော် ဒီတစ်ကြိမ်ဆေးပါဝင်ပစ္စည်းများသည် ပေါက်ကွဲမှုကဲ့သို့ တစ်စုံတစ်ရာကို ဖြစ်စေသည့်ပုံစံမရှိပေ၊ သူမ စိတ်ချစွာ သက်ပြင်းရှည်ချလိုက်သည်။
စာအုပ်ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ကာ မီးတောက်၏ ပြင်းထန်မှုကို သူမ ထိန်းချုပ်ခဲ့သည်။ ထိုအချိန်တွင် ဆေးဖော်စပ်မှုတွင် ပြဿနာဖြစ်စေသည်မှာ ကိုယ်ပိုင်မီးတောက်မဟုတ်ခြင်းကို သူမ သဘောပေါက်ခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံး၊ အရေးအကြီးဆုံး ဆေးပါဝင်ပစ္စည်းကို ရှီမာယူယူထည့်လိုက်သော်လည်း အခြေအနေကောင်းသည်။ ဒီတစ်ကြိမ်တွင် ပေါက်ကွဲမှုမဖြစ်ခဲ့ပေ။
သို့သေ် သူမအောင်မြင်သည်ဟု ထင်နေချိန်တွင်ပင် မီးဖိုထဲမှ ကျယ်လောင်သောအသံသည် အလုံးလိုက်ထွက်လာသည်။ ဆေးဖိုအဖုံး အပေါက်မှဖြူဖတ်ဖြူရော်အနံ့ထွက်လာကာ အရည်ကျိုခြင်းအဆင့်တွင် သူမရှုံးနိမ့်သည်ကို သိလိုက်ရသည်။
ဆေးဖိုအဖုံးအားမဖွင့်ခင် ရှီမာယူယူမီးငြိမ်းလိုက်သည်။ သူမထင်ထားသည့်အတိုင်းပင် မည်းနက်နေသော အနှစ်အားတွေ့လိုက်ရပြီး စိတ်ပျက်စွာသက်ပြင်းချလိုက်သည်။
“ယူယူ စိတ်မပျက်နဲ့ ဒါကမင်းရဲ့ ပထမဆုံးအကြိမ်လိုပဲရှိသေးတယ်၊ ရှုံးနိမ့်တာကတော့ ပုံမှန်ပဲ၊ မင်းအတွေ့အကြုံလိုတာပဲရှိတာပါ၊” သူမဘေးတွင် ဟိန်းသံလေးပေါ်လာကာ သူမအားနှစ်သိမ့်လိုက်သည်။
“ငါစိတ်မပျက်ပါဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်ကာပြောလိုက်သည် “အဲဒီဆေးဖော်စပ်တာက တကယ်မလွယ်ဘူးလို့စဉ်းစားနေတာ”
“ဒါပေါ့” ဝိညာဉ်လေးသည်လည်း လေပေါ်တွင်ပေါ်လာကာပြောလိုက်သည် “ငါ့အရင်သခင်က ဆေးသန့်စင်တဲ့အဆင့်က မလွယ်ဘူးလို့ပြောဖူးတယ်၊ အဲဒါကြောင့်ပဲ ဝိညာဉ်သခင်တွေအများကြီးကို တားမြစ်စေတဲ့အရာပဲ၊ ဆေးသန့်စင်တဲ့အချိန်မှာ မီးအပူရှိန် ထိန်းချုပ်တဲ့ မိနစ်တိုင်းနဲ့ ထိန်းချုပ်မှုအဆင့်တိုင်းက အရေးပါတယ်၊ ပြီးတော့ အဲမှာလိုအပ်တဲ့ ဝိညာဉ်စွမ်းအင်က တစ်ထောင်မှာ တစ်ခုပဲတွေ့နိုင်တယ်လို့ပြောကြသည်”
“ငါ့ကို သင်ကြားမယ့်သူမရှိရင် မလုပ်နိုင်ဘူးထင်ပါတယ်” ရှီမာယူယူ သူမမေးစေ့အားကိုင်ကာ သူမ ဆရာရွေးချယ်သင့်ကြောင်း တွေးလိုက်သည်။ သို့သော် သူမခေါင်းထဲတွင် ဆေးလုံးသခင် စာရင်းအားတွေးလိုက်ရာ လိုက်ဖက်သည့်သူအား ရှာမတွေ့ပေ။
“သူတို့တွေက စိတ်ပျက်ဖို့ကောင်းတယ်၊ သူတို့ဆီက သင်လို့မဖြစ်ဘူး” ဆေးလုံးသခင်များအားတွေးလိုက်ရာ သူတို့အားလုံးသည် ဘဝင်မြင့်သည့်အတွက် အားလုံးအား ငြင်းပယ်လိုက်သည်။
တစ်စုံတစ်ယောက်သာ ထိုကဲ့သို့အထင်သေးခံရသည်ကို သိလျှင် ထိုဆေးလုံးသခင်များသည် ဒေါသထွက်မည်မှာအမှန်ပင်။
“ထားလိုက်တော့၊ ငါ့ဘာသာ အရင်လေ့ကျင့်တာကောင်းမယ်၊ ဆေးလုံးသခင်ကောင်းကောင်းတွေ့တဲ့အချိန်မှ သူ့ကို ဆရာလို သတ်မှတ်လိုက်တော့မယ်” ရှီမာယူယူ ပြောဆိုပြီးသည်နှင့် လေ့ကျင့်ရန် တခြားဆေးပါဝင်ပစ္စည်းများကို ထပ်ထည့်လိုက်သည်။
သုံးရက်အကြာတွင် ဆေးအရည်အား ကျိုချက်နိုင်လေသည်။
“နောက်ဆုံးအဆင့်ရောက်ပြီ၊ ချည်နှောင်ခြင်း…” ရှီမာယူယူ သက်ပြင်းရှည်ချလိုက်ကာ ဆေးဖိုပေါ်တွင်လက်တင်ကာ ဝိညာဉ်စွမ်းအင်အား ညင်သာစွာထည့်လိုက်သည်။
“ဘုံး” ဝိညာဉ်စွမ်းအင်သည် ဆေးအရည်နှင့် ထိတွေ့ချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စေသည်။ ဆေးဖိုသည် ပေါက်ကွဲသွားသဖြင့် ကွဲသွားသော အစိတ်အပိုင်းများသည် နေရာတိုင်းတွင်ပျံ့ကြဲသွားတော့သည်။ ရှီမာယူယူသည်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်ပျံသွားရလေသည်။
“သေစမ်း ပေါက်ကွဲပြန်ပြီ”
သူမ မမေ့မြောခင်တါင် အနီရောင်အရိပ်သည် သူမဘေးတွင်ပေါ်လာပြီး ရှုပ်ထွေးသော အကြည့်ဖြင့် သူမအားကြည့်နေသည့် မျက်ဝန်းတစ်စုံအား မြင်လိုက်ရသည်။