Switch Mode

အပိုင်း(၆၃)-သူမ၏ အတိတ်

ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် သူမအားတားရန် စဉ်းစားနေဆဲပင် သူမသည် ပြတ်သားသော အကြည့်ဖြင့်ကြည့်ကာ သူတို့အား စကားလုံးများ မြိုသိပ်သွားစေရန်ဖိအားပေးနေခဲ့သည်။

“သူတို့ ကောင်းကောင်းကျင့်ကြံပါစေ အချိန်ကျမှ ငါတို့အတူသွားကြမယ်” ရှီမာယူယူ၏ ပုခုံးအား ဝေကျိရွှီပုတ်လိုက်ကာ ထွက်သွားလေသည်။

“ဟုတ်တယ် ကောင်းကောင်းနားလိုက်ဦး၊ ငါမင်းကို သေချာပေါက်ကာကွယ်မှာပါ” ထိုသို့ပြောပြီးနောက် ဖက်တီးကျူသည်လည်း ထွက်သွားလေသည်။

ရှီမာယူယူ တံခါးပိတ်လိုက်ကာ ဖက်တီးကျူသည် သူမအား ကာကွယ်မည်ဟု ကြေညာသွားသည်ကို တွေးမိသည်နှင့်ပြုံးမိသည်။ သူမသည် အဖွဲ့အစည်း၏ ဒုတိယမြောက် တာဝန်ယူသူအဖြစ် ဘောင်သွင်းခံရသဖြင့် ထိုကဲ့သို့ စိတ်ခံစားချက်များကို မခံစားပေ။ သူမသည် ကိုယ်ပိုင်အရည်အသွေးကို ယုံကြည်ဆဲပင်ဖြစ်သည်။ ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် သူမအား ရိုးသားစွာ သူငယ်ချင်းတစ်ယောက်အဖြစ်ဆက်ခံနေသည်ကို သူမအတတ်ပြောနိုင်သည်။ ထိုသို့ဖြစ်ရခြင်းသည် သူမသည် ဝိညာဉ်ပုလဲနှင့် စာချုပ်ချုပ်ထားသောကြောင့် သူမဆီမှ ထွက်သော ရောင်ဝါသည် အနီးရှိ ဆင်တူသော ဝိညာဉ်အား ဆွဲယူခြင်းကြောင့်ဖြစ်သည်ကိုလည်းသူမသိထားသည်။ ရှီမာယူယူ စစ်သူကြီးအိမ်တော်သို့ရောက်သည်နှင့် ရှီမာလိုင်၏ အဖြစ်အပျက်ကို ဆက်စပ်မိတော့သည်။ နာလန်မျိုးနွယ်သည် ရှီမာယူယူအား သတ်ရန်ကြံစည်သည်ကို ရှီမာလိုက်ကြားသည်နှင့် ပေါက်ကွဲတော့သည်။ သူအံကြိတ်ကာ ပြောလိုက်သည် “ဒီနာလန်မျိုးနွယ်က အမြဲငါ့မျိုးနွယ်ကို ဆန့်ကျင်နေတာ၊ ဒါပေမယ့် ရှီမာယူယူကို လျှို့ဝှက်ကြံစည်ရဲတယ်၊ သူတို့ကို သက်ညှာထားတာမို့ပဲနေမှာ”

“ဒီလိုဆိုရင် နာလန်လန်က ကျောင်းထုတ်ခံရတာဆိုတော့ သူတို့က သူတို့ပုံစံအတိုင်းဆက်လုပ်နေမှာ အသေအချာပဲ၊ ညီလေးငါး ဒါမှမဟုတ်ကျွန်တော်တို့ မိသားစု ငါးစာမိသွားမှာ စိုးတာ” ရှီမာယူလီပြောလိုက်သည်။

“ဘာစိုးရိမ်စရာလိုလို့လဲ၊ ငါတို့ ချိတ်မမိခင် သူတို့ကို အရင် ကြံရွယ်ထားရမယ်” ရှီမာယူမင်၏ အသံသည် အပြင်မှထွက်လာသည်။

ရှီမာယူမင်လမ်းလျှောက်လာသည်ကို ရှီမာယူလီစောင့်ကြည့်ကာ မေးလိုက်သည် “အစ်ကိုလတ် မင်းပြန်လာပြီလား”

“ဟုတ်တယ်၊ ငါပြန်လာခါစပဲရှိသေးတယ် ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါကြားတယ်” ရှီမာယူမင်ပြောလိုက်သည် “အဲဒီ နာလန်မျိုးနွယ်က အချိန်တိုင်း ညီလေးငါးကို ပြဿနာရှာနေတာ၊ အဘိုး ညီလေးငါးကို စောင့်ရှောက်မယ်လို့ ကျွန်တော်တို့ ကတိပေးထားတော့ သူ့ကိုထပ်ပြီး အန္တရာယ်ကျအောင် မပစ်ထားတော့ဘူး”

ရှီမာလိုင်ခေါင်းညိတ်လိုက်သည်။

“အဘိုး အစ်ကိုလတ်၊ ဘာတွေပြောနေကြတာလဲ” သူတို့နှစ်ယောက်ပြောနေသော စကားများကို ရှီမာယူလီကြားသည်နှင့် သူတို့အားတအံ့တသြကြည့်လိုက်သည်။

ရှီမာယူလီရှိနေဆဲပင်ဖြစ်သည်ကို ရှီမာလိုင်နှင့် ရှီမာယူမင်တို့ နောက်မှသတိရသွားကာ ရှီမာယူယူ၏ သရုပ်မှန်ကို သူမသိသေးကြောင်းကို တွေးမိလိုက်သည်။ ထိုအကြောင်းအားမေ့လောက်အောင် ဒေါသထွက်လိမ့်မည်ဟု သူတို့မထင်ထားပေ။

ရှီမာယူလီ၏ ပုခုံးအား ရှီမာယူမင်ပုတ်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည် “တကယ်တော့ ညီလေးငါးက ငါတို့ရဲ့ ညီအရင်းမဟုတ်ဘူး”

“ဘာပြောလိုက်တာလဲ” ထိုသတင်းအားကြားလိုက်သည်နှင့် ရှီမာယူလီသည် အံ့သြမှုကြောင့် တုန်ယင်သွားကာ ရှီမာယူမင်အား မယုံကြည်နိုင်စွာကြည့်လိုက်သည်။

“ငါပြောနေတာအမှန်ပဲ” ရှီမာယူမင်ပြောလိုက်သည် “အိမ်ကို ညီလေးငါးရောက်လာတုန်းက မင်းငယ်သေးတော့ ဒီအကြောင်းတွေကို မင်းမမှတ်မိတာပဲ”

“ညီလေးငါးက တကယ်ပဲကျွန်တော်တို့ ညီအရင်းမဟုတ်ဘူးလား…” ရှီမာယူလီ ခေါင်းမော့ကာ ထိုစကားကို နှစ်ကြိမ်မြောက်ပြန်မေးလိုက်သည် “ဒါဆို ညီလေးငါးရဲ့ မိဘတွေကဘယ်သူတွေလဲ”

“သူ့အမေက ဘယ်သူလဲတော့ ငါတို့လည်းသေချာမသိဘူး၊ ငါတို့ရှီမာမျိုးနွယ်က သူ့အဖေရဲ့ တောင်းဆိုတာကိုပဲ သိခဲ့ရတာ၊ အဲအချိန်တုန်းက သူတို့ပျောက်မသွားခင် ငါတို့ကိုအပ်သွားတာ ဒါ့ကြောင့်သူ့ရဲ့ သရုပ်မှန်ကို ငါတို့လည်းသေချာမသိဘူးဖြစ်နေတာ” ရှီမာလိုင်ပြောလိုက်သည်။

ရှီမာမျိုးနွယ် ဒီသေးငယ်သော နေရာသို့ရောက်စတွင် သူတို့သည် အန္တရာယ်တချို့နှင့် ရင်ဆိုင်ခဲ့ရ၍ ရှီမာယူယူ၏ အဖေသည် သူတို့အားကယ်တင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် သူတို့တွင် အခွင်းအရေးရှိလာပါက ပြန်ဆပ်ပါမည်ဟု ပြောခဲ့သည်။ ဆယ်စုနှစ်အကြာတွင် သူတို့ပြန်တွေ့ကြပြီး ရှီမာယူယူအား ပေးခဲ့ကာ ရှီမာယူယူသည် မိန်းကလေးဖြစ်ကြောင်း မည်သူကိုမှမပြောရန်တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် ရှီမာလိုင်တစ်ယောက်သာ ရှီမာမျိုးနွယ်တွင် ကျန်ရှိနေချိန်ဖြစ်သည်။

ရှီမာယူယူအား ကာကွယ်ရန် သူ့သားသည် ရှီမာယူယူအား ခေါ်လာသည်ဟု သတင်းလွှင့်ထားသည်၊ အမှန်တကယ်ပင် ထိုအချိန်က သူ၏သားသည် နှစ်အနည်းငယ်ပျောက်ဆုံးနေခြင်းဖြစ်သည်။

ရှီမာယူယူ၏မိဘများနှင့် ရှီမာယူလီ၏မိဘများသည် တူညီသော အခြေအနေတွင် ပျောက်ဆုံးသွားခြင်းသည် တိုက်ဆိုင်မှုပင်ဖြစ်တော့သည်။

ထိုအချိန်တွင် ရှီမာယူလီသည် ငယ်လွန်း၍ မမှတ်မိခြင်းဖြစ်သည်။ သို့သော် ရှီမာယူရွှီ၊ ရှီမာယူမင်နှင့် ရှီမာယူရန်တို့သည် ရှီမာယူယူအား သူတို့ညီအရင်းမဟုတ်မှန်းသိကြသည်။ သို့သော် သူတို့သည် အပြင်ပန်းဆက်ဆံခြင်းမျိုးမဟုတ်ပဲ ရှီမာမျိုးနွယ်၏ အငယ်ဆုံးမိသားစုဝင်ကဲ့သို့ ချစ်ခင်ကြသည်။

ရှီမာယူလီ အဘိုးအားကြည့်လိုက် အစ်ကိုအားကြည့်လိုက်ဖြစ်နေသည်။ သူတို့လိမ်နေသည့်ပုံမပေါ်၍ ထိုအကြောင်အား ကျေညက်စေရန်မေးတော့သည်။

“အဘိုး အဲအချိန်တုန်းက အဲလူက ကျွန်တော်တို့ရှီမာမျိုးနွယ်ကို ကယ်ခဲ့တာဆိုတော့ ညီလေးငါးကို ဘယ်သူမှ ဒုက္ခပေးတာကို ကြည့်မနေနိုင်ဘူး” ရှီမာယူမင် တရားဝင်ကြေညာလိုက်သည်။

“အမ်… အဲဒီနာလန်မျိုးနွယ်က ငါတို့မိသားစု ထိခိုက်အောင် တစ်ခုခုကိုအမြဲရှာနေတာ၊ ယူယူကျောင်းက ထွက်လာပြီဆိုတာနဲ့ ကာကွယ်ဖို့ ကျောင်းဝန်းကျင်ကို မင်းအရိပ်စောင့်ကို လျှို့ဝှက်စီစဉ်ရမယ်၊ နာလန် မျိုးနွယ်က သူ့ကို ဒုက္ခပေးခွင့်မပြုနိုင်ဘူး” ရှီမာလိုင်ပြောလိုက်သည် “ကျောင်းတွင်းမှာဆိုရင် ဖန်ကျိရှင်းက သူ့ကို ဆံပင်တစ်ပင်မှ ထိခွင့်ပေးမှာမဟုတ်ဘူးလို့ ငါထင်တယ်”

“ဟုတ်သားပဲ ဖန်ကျိရှင်းရဲ့ သရုပ်မှန်ကဘာလဲ” ရှီမာယူလီ သိချင်စိတ်ဖြင့်မေးလိုက်သည်။

ရှီမာလိုင်ခေါင်းခါလိုက်သည် “ငါလည်းမသိဘူး၊ အစထဲက ကျောင်းက အဲဒီရေကြက်အိုကြီးကို ငါမေးပြီးပြီ သူလည်း ဖန်ကျိရှင်းရဲ့ သရုပ်မှန်ကိုမသိဘူး၊ သူက တခြားနေရာကနေ ရှီမာယူယူကြောင့်ရောက်တာတယ်ဆိုတာပဲ သူသိတာ”

“ညီလေးငါးကြောင့်ဟုတ်လား”

“အမ်.. ယူယူမှာ အသက်ကျောက်စိမ်းတုံးရှိတယ်လို့ ဖန်ကျိရှင်းပြောတာ၊ အသက်ကျောက်စိမ်းတုံးက လူတိုင်းပိုင်ဆိုင်နိုင်တဲ့အရာမှမဟုတ်တာ၊ အဲဒါကိုပိုင်ဆိုင်တဲ့သူတွေက ပုံမှန်ဆို မျိုးနွယ်ကြီးတွေကပဲ ပြီးတော့ မိသားစုဘိုးဘွားပိုင် ခန်းမမှာပဲထားခဲ့ရတာ၊ ယူယူမှာ အသက်ကျောက်စိမ်းရှိပြီး အဲကျောက်တုံးက ဘိုးဘွားပိုင်ခန်းမမှာမထားခဲ့တဲ့ အချက်ကိုကြည့်ရင် သူမရဲ့ သရုပ်က မရိုးရှင်းဘူးဆိုတာပြနေတာပဲ၊ အဲလိုမှမဟုတ်ရင် လုံခြုံမှာလည်းမဟုတ်ဘူး”

ရှီမာယူယူ၏ အသက်ကျောက်စိမ်းအကြောင်းပြောရင်းနှင့်ပင် ရှီမာယူလီနှင့် သူ့ညီတို့သည် လအနည်းငယ်ကြာ ရှီမာယူယူပျောက်သွားစဉ်က အသက်ကျောက်စိမ်းအား အားကိုးကာ က္ကန္ဒြေရရနေနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီကလူတွေက အသက်ကျောက်စိမ်းအကြောင်းကို မသိဘူးနဲ့တူတယ်” ရှီမာယူလီပြောလိုက်သည်။

“ဟုတ်တယ် ဒီကလူတွေက အဲဒါကို ဘယ်လိုလုပ်ရလဲဆိုတာမသိဘူး” ရှီမာလိုင်ပြောလိုက်သည် “အဲဒါကို လုပ်ဖို့ အားရော ပစ္စည်းရောမရှိကြဘူး”

“အဲဒါဆိုတော့ ညီလေးငါးက ဒီကမ္ဘာအပြင်ဘက်တစ်နေရာက လာတာဖြစ်နိုင်တယ်ပေါ့” ရှီမာယူမင်မေးလိုက်သည်။

“ဒါ အဘိုးခန့်မှန်းတာပဲရှိသေးတယ်” ရှီမာယူလီပြောလိုက်သည်။ “ဒါပေမယ့် အဲအချိန်တုန်းက ဖန်ကျိရှင်းက ယူယူရဲ့ အသက်ကျောက်စိမ်းကို ကြည့်ဖို့လာတုန်းက တစ်ခုခုပြောလိုက်တယ်၊ သူပြောတာက ယူယူရဲ့ အသက်ကျောက်စိမ်းက လုပ်ထားတာတဲ့ အဲဒါဆိုတော့ သူလည်းအဲနေရာကဖြစ်မယ်၊ သူယူယူရဲ့ သရုပ်မှန်ကို သိလောက်တယ်”

“ဒါဆို သူက ညီလေးငါးရဲ့ သရုပ်မှန်ကိုပြောပါ့မလား” ရှီမာယူမင် မျက်ခုံးကြုတ်ကာ မေးလိုက်သည်။

“အခုတော့မဟုတ်သေးဘူးလေ” ရှီမာလိုင်ပြောလိုက်သည် “သူ့ကြည့်ရတာ ယူယူဘယ်လိုနေလဲဆိုတာ ကြည့်ဖို့လာတာထင်တယ်၊ သူ့ရဲ့ အခြေအနေမှန်ကို ပြောပြဖို့လာတာမဟုတ်ဘူး”

ရှီမာလိုင်ပြောသည်ကို ကြားသည်နှင့် ရှီမာယူမင်နှင့် ရှီမာယူလီတို့နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။ ရှီမာယူယူသည် သူတို့ညီအစ်ကိုအရင်းမဟုတ်သော်လည်း သူတစ်သက်စာ နှစ်ပေါင်းများစွာအတူနေခဲ့သဖြင့် ညီအရင်းသဖွယ်သာ ဆက်ဆံကြသည်။ သူတို့လက်ရှိဘဝကို တခြားသူနှောင့်ယှက်မည်ကို မလိုလားပေ။

“ကောင်းပြီ တော်တော့၊ ယူလီ ကျောင်းပြန်တော့၊ ယူမင်နဲ့ နာလန်မျိုးနွယ်အကြောင်းဆွေးနွေးစရာရှိသေးတယ်” ရှီမာလိုင်ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော့်ကို တစ်ခုခုလိုတာရှိရင် ပြောပါ၊ ကျွန်တော်လည်းရှီမာမျိုးနွယ်ပါပဲ” ရှီမာယူလီသည် လေးနက်စွာပြောလိုက်သည်။

“အခုလောလောဆယ် မင်းရဲ့ တာဝန်က ကောင်းကောင်းကျင့်ကြံပြီး ကျောင်းမှာ ညီလေးငါးကို စောင့်ကြည့်ရုံပဲ အဲဒါဆိုလုံလောက်ပြီ” ရှီမာယူလီ၏ ပခုံးအား ရှီမာယူမင် ပုတ်လိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ ကျွန်တော်အရင်သွားတော့မယ်” ရှီမာယူလီ ပခုံးတွန့်ကာ စာဖတ်ခန်းသို့ထွက်သွားလေသည်။

ရှီမာယူလီထွက်သွားသည်ကို ကြည့်ပြီးနောက် ရှီမာယူမင် ရှီမာလိုင်ဘက်လှည့်ကာ မေးလိုက်သည် “အဘိုး နာလန်မျိုးနွယ်နဲ့ပတ်သတ်ပြီး ဘာလုပ်မယ်လို့ စဉ်းစားထားလဲ..”


Comment

Leave a Reply

Options

not work with dark mode
Reset