Switch Mode

အပိုင်း (၄၈၇)

ကျူးချွဲဇီ၏ ရှုးသွပ်မှု (၁)

စစ်ထူနန်က စစ်ရထားကို ကြည့်နေရင်း ပြောလိုက်သည်။ “ကောင်းကင်ဘုံ ရတနာ … ဒါက အဆင့်နိမ့် ကောင်းကင်ဘုံရတနာ ဖြစ်ပေမဲ့ ဒီအဆင့်ထဲမှာ စွမ်းအားအကောင်းဆုံး ရတနာတွေပဲ။ ဒီရတနာက အလယ်အဆင့်နဲ့တောင် နီးစပ်တယ်။ ကောင်လေး … မင်းလက်ထဲမှာ ဘာလိုလုပ် ပစ္စည်းကောင်းတွေ ရှိနေရတာလဲ။ ဒီစိတ်ဝိညာဉ်ကသာ အနည်းငယ် ပိုသန်မာမယ်ဆိုရင် အလယ်အဆင့် ကောင်းကင်ဘုံ ရတနာထိ မြှင့်တက်သွားနိုင်တယ် …”

“အဆင့်နိမ့် …” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွာ၏။ သူက စစ်ရထားသုံးခု ရှိပြီး သည်တစ်ခုက အသေးဆုံး ဖြစ်၏။ အခြားနှစ်ခုက ပိုသန်မာလေသည်။ အထူးသဖြင့် စစ်ရထား၏ နောက်ဆုံး စိတ်ဝိညာဉ်ပင်။

“ငါက သားရဲ စိတ်ဝိညာဉ်တွေကို အသုံးပြုတဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ် ရတနာတွေကို ရှေးဟောင်း မှတ်တမ်းတွေထဲမှာ မြင်ခဲ့ဖူးတယ်။ ဒီအရာတွေက ကောင်းကင်ဘုံ နယ်မြေမှာပဲ ပြုလုပ်နိုင်တယ်။ ကောင်းကင်ဘုံနယ်မြေ ပြိုကျသွားတဲ့ နောက်ပိုင်းမှာ ဒီလိုရတနာတွေက ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီ။ ကံမကောင်းစွာနဲ့ ဒါက အဆင့်နိမ့် ကောင်းကင်ဘုံ ရတနာဖြစ်ပေမဲ့ အလယ်အဆင့် ကောင်းကင်ဘုံ ရတနာ တစ်ခုလိုမျိုး အထူးနည်းလမ်းတစ်ခုကို အသုံးပြုဖို့ လိုအပ်တယ်။ ဘယ်လောက်တောင် ဆိုးလိုက်လဲ …” စစ်ထူနန်က သက်ပြင်းချမိ၏။ သူက ဝမ်လင်းကို ခုချိန်၌ အမှန်လေးစား နေမိသည်။ သည်ကောင်စုတ်၏ ကျင့်ကြံမှုအဆင့်က သူ့လောက် မြင့်မားခြင်း မရှိသေးပေမဲ့ သူက ရတနာအချို့ကို ပိုင်ဆိုင်နေသည် အတိတ်တုန်းက သူက ဝမ်လင်းကဲ့သို့ ကျင့်ကြံမှု အဆင့်လောက်တုန်းက ကောင်းကင်ဘုံရတနာ တစ်ခုပင် မရှိခဲ့ချေ။

ဝမ်လင်းက စစ်ထူနန်ကို ကြည့်၍ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သူက အချက်အလက် တချို့ကို ယင်းကျောက်စိမ်းပြားထဲသို့ ထည့်သွင်းပြီးနောက် စစ်ထူနန်ထံသို့ ပစ်ပေးလိုက်သည်။

“ဒါကို ကြည့်လိုက်ဦး …”

စစ်ထူနန်က ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။ သူက ၎င်းကို စစ်ကြည့်ပြီးနောက် သူ့အသွင်က လုံးဝ ပြောင်းလဲသွားသည်။ သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “ဒါ … ဒါက … ဒီရတနာကို ထိန်းချုပ်တဲ့ နည်းလမ်းပဲ …”

“မှန်တယ် … ဒီနည်းစနစ်ကို အသုံးပြုပြီး ဒီစစ်ရထားကို ထိန်းချုပ် နိုင်တယ် …”ဝမ်လင်းက ခေါင်းညိတ်ကာ စစ်ထူနန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

စစ်ထူနန်က ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး လှောင်ပြုံးပြုံး၍ ပြောလိုကသည်။ “မင်းက ငါ့ကို ဒီစစ်ရထား ပေးဖို့ စီစဉ်ထားတာလား …”

ဝမ်လင်းအသွင်က တူညီနေပြီး သူက ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေ၍ စစ်ရထားထံသို့ လက်ညွှန်လိုက်သည်။ စစ်ရထားထံက အနက်ရောင် အလင်းတန်းတစ်ခုက ဝမ်လင်းထံသို့ ပျံသန်းလာလေ၏။

“ငါက သင့်ကို ဘာလို့ လက်ဆောင် မပေးရမှာလဲ …” ဝမ်လင်းက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ပြန်ဖမ်းယူကာ သိမ်းလိုက်သည်။ စစ်ထူနန်က လက်စားချေရန် ပြုလုပ်မည် ဖြစ်သည့်အတွက် သူက ရတနာတစ်ခုခု မရှိသည့်အခါ ဝမ်လင်းက သူ့အတွက် အနည်းငယ် စိုးရိမ်မိပေသည်။ ထို့ကြောင့် သူက စစ်ထူနန်ကို သည်စစ်ရထားအား ပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ စစ်ထူနန်၏ ခန္ဓာကိုယ်အသစ်နှင့် စစ်ရထားကြောင့် ဆိုလျှင် သူ့လက်စားချေမှုက ပိုလွယ်ကူ သွားပေလိမ့်မည်။

သားရဲချုပ်နှောင်ခြင်း လက်ကောက်က ၎င်းစိတ်ဝိညာဉ် သားရဲက ဟိန်းသံပြု၍ စစ်ရထားနားကနေ လျင်မြန်စွာ လွတ်လပ်သွား၏။

စစ်ထူနန်က ရယ်မောက ၎င်းစိတ်ဝိညာဉ် နောက်သို့ လိုက်လေ၏။

“မပြေးနဲ့ … ဒီအဘိုးအိုနဲ့ လာကစားစမ်း …”

စွန့်ပစ်ခံ မသေမျိုးကလန်၏ စစ်တပ်လေးခုက ဟင်္သာပြဒါး ကုန်းမြေ၏ ကောင်းကင်ထက် အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့တွင် ဖုံးလွှမ်းထားလေသည်။

အရှေ့ဘက် စစ်တပ်၌ ဘိုးဘေး ငါးမျက်လုံးများက အေးစက်လို့နေသည်။ သူက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ “ဘိုးဘေးသုံးကို မစောင့်တော့ဘူး။ ဟင်္သာပြဒါး နိုင်ငံရဲ့ ပျက်စီးတဲ့နေ့က ရောက်လာတော့မယ် …”

သူက ထိုစကားများကို ပြောလိုက်ပြီးသည့်နှင့် သူ့နောက်ရှိ မြူတိမ်နက်ကြီး နှင့်အတူ စတင် လှုပ်ရှားလာသည်။ သူ့ရည်ရွယ်ချက်က ဟင်္သာပြဒါး နိုင်ငံ၏ အလယ်ဗဟို ဖြစ်သည့် ဟင်္သာပြဒါးတောင်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားစွန့်ပစ်ခံ မသေမျိုးကလန်၏ စစ်တပ်များကလည်း လှုပ်ရှားလာကြပြီး ဟင်္သာပြဒါး နိုင်ငံကို အပြီးသတ် တိုက်ခိုက်ရန် စတင်လာကြ၏။

ဟင်္သာပြဒါး ကုန်းမြေပေါ်ရှိ ဧရာမ ပြန်လည်မွေးဖွားခြင်း သစ်ပင်နှစ်ပင်က စတင်တောက်ပလာသည်။ သည့်နောက် တောက်ပသော ဘိုးဘေးစိတ်ဝိညာဉ် နှစ်ခုက ၎င်းအပင် နှစ်ခုထဲကနေ လှမ်းထွက်လာ၏။

သည်ဘိုးဘေး စိတ်ဝိညာဉ်နှစ်ခု၏ နဖူးထက်၌ သစ်ရွက်ဆယ်ရွက်ရှိသော အပင်တစ်ပင်စီ ရှိနေကြသည်။ သူတို့က ထွက်ပေါ်လာသည်နှင့် ဟင်္သာပြဒါးနိုင်ငံ ရှိရာသို့ တစ်ဟုန်ထိုး ထိုးတက်သွားကြ၏။

ဟင်္သာပြဒါး နိုင်ငံ၏ အကာအကွယ် မျဉ်းလိုင်း လေးခုက ချက်ချင်းပင် နောက်သို့ အားဖြင့် တွန်းထုတ်ခြင်း ခံလိုက်ရ၏။

သည်အရာက ကြီးမားသည့် စစ်ပွဲကြီးတစ်ခု ဖြစ်သဖြင့် ဟင်္သာပြဒါး ကုန်းမြေ တစ်ခုလုံးသည် တုန်ခါနေပြီး မရေမတွက်နိုင်သော မန္တာန်အသံများက ကုန်းမြေအနှံ့ ပဲ့တင်ထပ်လို့ နေသည်။

ကျူးချွဲဇီက ခုလက်ရှိတွင် ဟင်္သာပြဒါး တောင်ထိပ်၌ မတ်တတ်ရပ်လျက် ရှိနေသည်။ သူက လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ မားမားရပ်နေ၏။

ချူယွမ်ဖန်က ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ မြေကမ္ဘာ စိတ်ဝိညာဉ်ကလန်က အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူကလည်း တံခါးပိတ်ကျင့်ကြံ၍ ပုန်းအောင်းနေ၏။ ခုချိန်၌ ဟင်္သာပြဒါး နိုင်ငံတင် တစ်ဦးတည်းသော အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူက ကျုးချွဲဇီ တစ်ယောက်သာ ရှိတော့သည်။

သူ့အသွင်က ဝမ်းနည်း အထီးကျန်နေသည်ဟု ထင်ရ၏။ သို့သော် သည့်ထက် ပိုဆိုးသည်က သူ့ထံကနေ ရူးသွပ်ဟန် ထွက်ပေါ်နေခြင်းပင်။

“ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူတွေ ….ငါက ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီး ဖြစ်တယ်။ မင်းတို့အားလုံးက ဆက်ပြီး ကာကွယ်ဖို့ မလိုတော့ဘူး။ စွန့်ပစ်ခံ မသေမျိုးကလန်ကို ဝင်လာခွင့် ပြုလိုက်ပါ။ ချန်းဖန်နဲ့လျိုမေ …မင်းတို့နှစ်ယောက် ဒီနေရာကို လာခဲ့ကြ …” ကျူးချွဲဇီ၏ နတ်ဘုရားအာရုံဖြင့် သတင်းပို့လွှတ်မှုက ကုန်းမြေတစ်ခုလုံးသို့ အနှံ့ပျံ့နှံ့ သွားလေသည်။

ကာကွယ်နေကြသော ကျင့်ကြံသူများ အားလုံးက သက်ပြင်းချ၍ သည်စကားကို ကြားသည့်အခါ သူတို့အားလုံးက အသက်ရှင်နိုင်ရန် အတွက် ထွက်ပြေး ကုန်ကြလေသည်။

ကျင့်ကြံသူများက တားဆီးထားခြင်း မရှိသည်နှင့် စွန့်ပစ်ခံ မသေမျိုးကလန်၏ စစ်တပ်လေးခုက ဟင်္သာပြဒါးနိုင်ငံ ဗဟိုသို့ ပြင်းထန်သော မုန်တိုင်းများအလား တိုးဝင်လာကြသည်။

ကျူးချွဲဇီက သူ့လက်ကို နောက်သို့ ပစ်ထား၍ အပြာရောင် ကောင်းကင်ကြီးကို ကြည့်၍ ပြောလိုက်သည်။ “အရာအားလုံးက ဆုံးဖြတ်သွားလိမ့်မယ် …”

သိပ်မကြာခင်တွင် အကွာအဝေး တစ်ခုမှ ပုံရိပ်နှစ်ခုသည် ပျံသန်းလာခဲ့ပြီး ကျုးချွဲဇီဘေး၌ ရပ်လိုက်ကြ၏။ သူတို့က ချန်းဖန်နှင့်လျိုမေ တို့ဖြစ်ကြသည်။

ချန်းဖန်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်လုံးများက မကောင်းဆိုးဝါး အော်ရာကို ပေးစွမ်းနေ၏။ သူက ကျူးချွဲဇီကို သုန်မှုန်စွာ ကြည့်နေ၏။

လျိုမေကတော့ လှပနေတုန်းပင်။ သူမက တိတ်ဆိတ်စွာ ရှိလို့နေ၏။

အထီးကျန် ငွေ့သန်းနေသည့် ကျူးချွဲဇီက အလေးအနက် ပြောလိုက်၏။ “ဟင်္သာပြဒါး နိုင်ငံက စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ တိုက်ခိုက်မှုကို မရှောင်ရှားနိုင်တော့ဘူး။ ချန်းဖန် … လျိုမေ … မင်းတို့နှစ်ယောက်လုံးက ဒီနေ့မှာ သေခြင်းရှင်ခြင်းကို ကျော်ဖြတ်ရလိမ့်မယ်။ မင်းတို့နှစ်ယောက်လုံး သေတာ၊ ရှင်တာက မင်းတို့ ကံတရားပေါ်ပဲ မူတည်နေတယ် …”

သည်အခိုက်တွင် အနက်ရောင် တိမ်ထုများက ဆူနာမီ လှိုင်းကဲ့သို့ နီးကပ်လာနေ၏။ အရှေ့အရပ်မှ အနက်ရောင် တိမ်ထုတွင် မီးခိုးရောင်ဝတ်စုံနှင့် ပညာရှိပုံစံ သက်လတ်ပိုင်း လူကြီးတစ်ယောက်သာ ရှိလို့နေ၏။ ခြေတစ်လှမ်းဖြင့်ပင် သူက ကျူးချွဲဇီနှင့် ပေတစ်ထောင် အကွာသို့ ရောက်လာခဲ့၏။

“ကျူးချွဲဇီ … ငါက စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ဘိုးဘေးငါးပဲ …”

အနောက်ဘက် တိမ်ထုကနေလည်း လူတစ်ယောက် လှမ်းလျှောက်၍ ထွက်လာသည်။ သည်လူက ငယ်ရွယ်သည့်ဟန် ရှိပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက ရွှေရောင် တက်တူးများနှင့် ဖုံးလွှမ်းနေ၏။

ဝမ်လင်းသာ သည်မှာ ရှိလျှင် သည်လူငယ်ကို အကြည့် တစ်ချက်ဖြင့်ပင် မည်သူမည်ဝါမှန်း ချက်ချင်း သိပေလိမ့်မည်။

သည်လူက ဖြည်းညင်းစွာ ပြောလိုက်၏။ “စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ဂျူနီယာကလန် ခေါင်းဆောင်က ကျူးချွဲဇီကို နှုတ်ဆက်ပါတယ် …”

တောင်ဘက်အနက်ရောင် တိမ်ထုကနေ လူသုံးယောက် လှမ်းလျှောက်လာ၏။ သူတို့သုံးယောက်က ခြေတစ်လှမ်းဖြင့် ကျူးချွဲဇီနှင့် ပေတစ်ထောင် အကွာသို့ ရောက်လာကြပြန်သည်။

သည်သုံးယောက်ထဲက နှစ်ယောက်က ပုံရိပ်ယောင် အနေအထားတွင်သာ ရှိနေ၏။ သူတို့က ကျုးချွဲဇီကို စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုချေ။ အခြား တစ်ယောက်ကတော့ အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမက အလွန်လှပပြီး မျက်လုံးထဲ၌ စွဲညို့မှုများ ထုတ်ဖော်လို့နေသည်။ သူမက ကျူးချွဲဇီကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်မလေးက စွန့်ပစ်ခံ မသေမျိုးကလန်က ဘိုးဘေးသုံးပါ။ ဒီနှစ်ယောက်ကတော့ ဘိုးဘေး စိတ်ဝိညာဉ်တွေ ဖြစ်တယ် …”

မြောက်အရပ် တိမ်နက်ထုထဲကနေ ယွမ်ချွဲဇီက လှမ်းလျှောက်၍ ထွက်လာသည်။ သူက ကျူးချွဲဇီကို ခပ်တိုးတိုး လှမ်းပြောလိုက်၏။ “စီနီယာအစ်ကို …”

ကျူးချွဲဇီက ရုတ်တရက် လှည့်၍ ယွမ်ချွဲဇီကို ကြည့်ကာ မေးလိုက်သည်။ “ငါက မင်းကို ယွမ်ချွဲဇီလို့ ခေါ်သင့်လား။ ဒါမှ မဟုတ် ဘိုးဘေးနှစ်လို့ ခေါ်သင့်လား …”

ယွမ်ချွဲဇီက ခေါင်းခါ၍ ပြောလိုက်သည်။ “ဒီအကြောင်းကို ထားလိုက်ပါ …စီနီယာအစ်ကိုက ငါ့ကို ကြိုက်သလို ခေါ်နိုင်ပါတယ် …”

“မင်းတို့အားလုံး ရောက်လာပြီပဲ။ စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ သစ်ရွက်ဆယ့်တစ်ရွက် နတ်ဆရာ မင်းလည်း ထွက်လာသင့်ပြီ …” ကျူးချွဲဇီ မျက်လုံးများက တလက်လက် ဖြစ်နေပြီး ကောင်းကင်ကို မော့ကြည့်နေသည်။

ကောင်းကင်ထက်၌ ရောင်စုံ အလင်းတန်းငါးခုက ကောင်းကင်ထက်၌ စုဝေးလာကြပြီး ကြည်လင်သော ပုံရိပ်တစ်ခုက ပုံစံတစ်ခု ဖြစ်တည်လာသည်။ ပုံရိပ်က ကောင်းကင်ထက်ကနေ တဖြည်းဖြည်း ဆင်းသက်လာပြီး ပြောလိုက်၏။ “ကျူးချွဲဇီ …”

သည်ဘိုးဘေးတစ်က အလွန်သာမန် ဆန်၏။ သူက လက်ဝါးရိုက်ချက် တစ်ခုဖြင့်ပင် ချူယွမ်ဖန်ကို ကြောက်လန့်ပြီး ထွက်သွား စေခဲ့သည့်သူပင်။ သည်စွမ်းအားက အာဏာတက်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်၏ စွမ်းအားနှင့် အလားတူပေသည်။

ယွမ်ချွဲဇီက အလေးအနက် ပြောလိုက်၏။ “စီနီယာအစ်ကို …ငါတို့ပန်းတိုင်က ဟင်္သာပြဒါးဂြိုဟ်ကို ဖျက်ဆီးဖို့မဟုတ်ဘဲ ငါတို့က အတူနေထိုင်ဖို့ နည်းလမ်းတစ်ခု ရှာဖွေရုံပဲ။ သင်က ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို လက်လွှဲပေးရင် ငါတို့က ဒီစစ်ကို ရပ်တန့်ပေးမယ်။ ငါတို့က ဟင်္သာပြဒါးဂြိုဟ်ရဲ့ တစ်ဝက်ကိုယူပြီး တစ်ဖက်နဲ့တစ်ဖက် ဘယ်တော့မှ မနှောင့်ယှက်ကြဘူး …”

ကျူးချွဲဇီက ရယ်မော၍ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “မင်းတို့အားလုံးက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ငါ ဖျက်ဆီးမှာကိုသာ ကြောက်လို့မဟုတ်ရင် မင်းတို့ ဒီလို အချိန်မဆွဲဘဲ ချက်ချင်း တိုက်ခိုက်ပြီး နေလောက်ပြီ …”

“မောက်မာလိုက်တာ …” ဘိုးဘေးငါး မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သူ့နဖူးကို ထိလိုက်ရာ တက်တူးတစ်ခု ထွက်ပေါ်လာသည်။ သူက သည်တက်တူးကို လက်ညွှန်လိုက်ပြီး ၎င်းအပေါ်သို့ သွေးတချို့ ထွေးထုတ်လိုက်ကာ အော်ပြောလိုက်၏။ “ချိပ်ပိတ်ခြင်း …”

သည်တက်တူးက ချက်ချင်းပင် သွေးနီရောင် တောက်ပသွားပြီး ကျူးချွဲဇီထံသို့ တိုက်ခိုက်လာ၏။

ဘိုးဘေးငါးက ကျူးချွဲဇီက အလွန်စွမ်းအား ကောင်းမှန်း သိလေ၏။

ကျူးချွဲဇီ မျက်လုံးက အေးစက်သွားပြီး နှာခေါင်းရှုံ့သည်။ သူက တုံ့ပြန်ခြင်း မပြုသည့်အလား ထင်မှတ်ရသော်လည်း ရွှေရောင်အလင်းတန်း တစ်ခုက သူ့ပတ်လည်၌ ပေါ်လာခဲ့သည်။ ထိုအခါ တက်တူးကနေ အက်ကွဲသံများ ထွက်ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် ဘိုးဘေးငါး အသွင်က ပြောင်းလဲသွားပြီး သူက နောက်သို့ ချက်ချင်းဆုတ်သွား၏။ သည်အခိုက်တွင် သူ့နဖူးထက်၌ သွေးစက်တစ်စက် ဖြစ်ပေါ်သွားပြီး ထိုအစက်ထဲကနေ သွေးများ ကျလာခဲ့၏။

ဘိုးဘေးတစ်က မျက်မှောင်ကြုတ်သွားပြီး ဘိုးဘေးငါး ရှေ့သို့ ရောက်လာခဲ့သည်။ သူက လက်ဆန့်တန်းလိုက်ကာ ရွှေရောင်အပ် တစ်ချောင်းကို ထုတ်ယူလိုက်၏။ သို့ရာတွင် သည်အပ်က ပေါ်လာသည်နှင့် ချက်ချင်းပြန်လည် ပျောက်ကွယ်သွားသည်။

ကျူးချွဲဇီ အသွင်က နက်မှောင်နေပြီး သူက လှုပ်ရှားလိုက်သည်။ သူ့အမြန်နှုန်းက အံ့မခန်းပင်။ ထို့ကြောင့် သူက ယွမ်ချွဲဇီနှင့် ဘိုးဘေးတစ်တို့၏ ဘေးနားသို့ ရောက်ရှိသွားလေ၏။ မည်သူကမျှ သူ မည်သို့ လှုပ်ရှားလိုက်သည်ကို မတွေ့မြင် လိုက်ကြချေ။

“ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း … တိုက်ခိုက် …” ကျူးချွဲဇီ၏ ရှေးဟောင်းအသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။

သူပြန်ပေါ်လာသည့် အချိန်တွင် သူက ကောင်းကင်ထက်သို့ လက်ညွှန်ပြီးသား ဖြစ်နေ၏။ ကောင်းကင်က နက်မှောင်သွားပြီး မီးတောက်ကြီးများက သူ့ခန္ဓာကိုယ် ပတ်လည်ပေါ် ဝန်းရံ ပေါ်ပေါက်လာသည်။ မီးတောက်များက သူ့ပတ်လည်ရှိ ပေတစ်ထောင်ကို ဖုံးလွှမ်းထားလေသည်။ မြေပြင်က စတင်တုန်ခါလာ၏။

ယွမ်ချွဲဇီနှင့် ဘိုးဘေးတစ်တို့က လွဲ၍ လူတိုင်းက မီးတောက်သက်ရောင်မှုမှ လွတ်မြောက်ရန် နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဖီးနစ်မီးတောက် တစ်ခုက ကျူးချွဲဇီ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။ ၎င်းမီးတောက်က တောင်ပံနှစ်ဖက်ကို ခတ်ကာ မြေပြင်သို့ ဆင်းသက်လာ၏။

ဘိုးဘေးတစ်က ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူ့ခန္ဓာကိုယ်က အနက်ရောင် တောက်ပမှုကို ထုတ်လွှတ်နေပြီး သူ့က လက်မြှောက်ကာ ညွှန်သည်။ သစ်ရွက်ဆယ့်တစ်ရွက် အပင်က ရုတ်တရက် သူ့နဖူးထက်၌ ပေါ်လာခဲ့၏။ သစ်ရွက်များထဲက တစ်ရွက်က သူညွှန်လိုက်သော နေရာသို့ ပျံဝဲ လွင့်မြောသွား၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset