Switch Mode

အပိုင်း(၆၂)-အပြစ်ပေးခြင်းအား ဖြေရှင်းခြင်း

ကျောင်းအုပ်ကြီးရုံးခန်းရောက်သည်နှင့် အားလုံးသည် အတန်းနှစ်အတန်းစီကာ ရပ်လိုက်ကြသည်။ နာလန်လန်သည် သင်ကြားမှုညွှန်ကြားရေးမှူးနောက်တွင်ရပ်ကာ ရှီမာယူလီနှင့် ရှီမာယူယူတို့သည် ဖန်ကျိရှင်းနောက်တွင် ရပ်လိုက်ကြသည်။ ဟီကျူကျိသည် ရှီမာယူယူ၏ဘေးတွင် မရပ်ခင်တွင် ကြည့်လိုက်သေးသည်။

ကျောင်းအုပ်ကြီးသည် ထိုင်ခုံတွင်ထိုက်ကာ သင်ကြားမှုညွှန်ကြားရေးမှူးအား ကြည့်ကာပြောလိုက်သည် “မင်းကျောင်းသားတွေကို ဘယ်လိုစီမံနေလို့ လူသတ်မှုဖြစ်တော့မလိုတောင် ဖြစ်သွားတာလဲ”

“ကျောင်းအုပ်ကြီး၊ ရှီမာယူယူက နာလန်လန်ကိုသတ်ချင်နေတာ အဲဒါကျွန်တော်သူ့ကိုတားမလို့ ဆရာဖန်က ကျွန်တော့်ကို တားနေတာ၊ ဆရာဖန်က ကျွန်တော့်ကို ဘာလို့တားချင်နေတာလဲဆိုတာ ဆရာကြီးမေးသင့်တယ်” သင်ကြားမှုညွှန်ကြားရေးမှူးသည် အပြစ်အားလုံးကို ရှီမာယူယူနှင့် ဖန်ကျိရှင်းအပေါ်သို့ပုံချလိုက်သည်။

ကျောင်းအုပ်ကြီးသည် အေးစက်နေသော ဖန်ကျိရှင်း၏ မျက်နှာကိုကြည့်လိုက်သည်၊ သူ့မျက်နှာတွင် ဒေါသအငွေ့အသက်များပေါ်နေသည်။ ကျောင်းအုပ်ကြီး ဒေါသထွက်လျှင် အလွန် ဆိုးကြောင်းသူမကြားသိထားသည်၊ ရှီမာယူယူအနေနှင့် ဘာမှ မတတ်နိုင်သော်လည်း ဖန်ကျိရှင်းအား အနည်းငယ်စိတ်ပူမိသည်။ ကျောင်းအုပ်ကြီးသည် သူ့အား ပြဿနာရှာမည်ကို သူမကြောက်ရွံ့မိသည်။

သို့သော် ကျောင်းအုပ်ကြီးသည် သင်ကြားမှုညွှန်ကြားရေးမှူးကို နောက်တစ်ကြိမ်အော်လိုက်သည်။ “ဒီကျောင်းမှာ မင်းရဲ့စကားပဲအတည်ပြုုတယ်လို့ မင်းထင်နေတာလား၊ ဒီကျောင်းနဲ့ပတ်သတ်လို့ တရားမျှတမှုတွေကို ငါကအရေးမလုပ်ဘူး၊ ငါကန်းနေတယ်လို့မင်းထင်နေတာလား၊ ကွင်းမှာဖြစ်တဲ့ အဖြစ်အပျက်တွေကို ငါရှင်းရှင်းလင်းလင်းမြင်ထားတယ်၊ မင်းက တခြားသူတွေကို အပြစ်တင်ချင်သေးတာလား၊ မင်းက ဘာမှမဟုတ်တဲ့ သင်ကြားမှုညွှန်ကြားရေးမှူးနဲ့တူတယ်၊ မင်းရဲ့ရာထူးကိုစွန့်လွှတ်ချင်နေတာလား၊ ငါ တခြားသူကို ချက်ချင်းနေရာလွှဲပေးလိုက်လို့ရတယ်”

“မဟုတ်ပါဘူး..ကျောင်းအုပ်ကြီး ကျွန်တော်…” သင်ကြားမှုညွှန်ကြားရေးမှူးသည် ရှင်းပြချင်သော်လည်း ကျောင်းအုပ်ကြီး၏ စိုက်ကြည့်မှုကို ခံလိုက်ရသည်။

“အသံကျောက်တုံးက ဘယ်မှာလဲ” ကျောင်းအုပ်ကြီးမေးလိုက်သည်။

ဖန်ကျိရှင်းသည် ခြေတစ်လှမ်းတိုးကာ အသံကျောက်တုံးအား စားပွဲပေါ်သို့တင်လိုက်သည်။

ကျောင်းအုပ်ကြီးသည် အသံကျောက်တုံးအား ကောက်ယူကာ ဝိညာဉ်စွမ်းအားကို ထည့်လိုက်သည်။ ပြောခဲ့သော စကားများသည် ထပ်ထွက်ပေါ်လာသည်။ နားထောင်စဉ်အတွင်းတွင် သူသည် သင်ကြားမှုညွှန်ကြားရေးမှူးအား ဓားသွားကဲ့သို့ စိုက်ကြည့်လိုက်သည်။ ထိုအကြောင်းအရာများသည် သိသာလွန်းသော်လည်း သူသည်ထိုကဲ့သို့ ဆုံးဖြတ်လိုက်ကိုချလိုက်သည့် အဓိပ္ပာယ်ရသော အကြည့်ဖြစ်သည်။ သင်ကြားမှုညွှန်ကြားရေးမှူးသည် အကြောက်လွန်၍ ချွေးအေးများထွက်လာသည်။

အသံဖမ်းထားသည်များကို နားထောင်ပြီးနောက် ကျောင်းအုပ်ကြီးသည် နာလန်လန်အားကြည့်ကာပြောလိုက်သည် “မင်းဘာပြောချင်သေးလဲ”

နာလန်လန် ညည်းညူလိုက်ကာ မျက်နှာကို ဘေးကိုလွှဲလိုက်သည်။

“ဒီကိစ္စလိုဆို ငါတို့သူမကို ကျောင်းထုတ်ပစ်ရမယ်” ကျောင်းအုပ်ကြီးပြောလိုက်သည်။ “ဟီကျူကျိ မင်းလည်းအတူတူပဲ၊ မင်းတို့နှစ်ယောက်လုံး အထုတ်ပြင်ပြီးကျောင်းက ထွက်သွားတော့၊ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်လုံး ဒီကျောင်းက ကျောင်းသားမဟုတ်တော့ဘူး၊ သွားပြီးအထုတ်ပြင်တော့”

နာလန်လန် ရှေ့မှဦးဆောင်ကာ ထွက်သွားလေသည်။ ရှီမာယူယူအား သူမဖြတ်လျှောက်သွားသည်နှင့် မုန်းတီးစွာကြည့်လိုက်သည်။

အရာအားလုံးဖြေရှင်းပြီး၍ ထွက်သွားခြင်းသာ အဆင်ပြေသည့်နည်းလမ်းဖြစ်သည်ကို ဟီကျူကျိသိလိုက်သည်။

“မင်းကတော့ သင်ကြားမှုညွှန်ကြားရေးမှူးဖြစ်ပေမယ့် ဘက်မလိုက်ပဲ ဆုံးဖြတ်ချက်ကိုမချတတ်သေးဘူး၊ မင်းရဲ့ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မင်းကို တစ်နှစ်ဆိုင်းငံ့မယ်၊ ဒီအချိန်အတွင်းမှာ မင်းရဲ့ နေရာကို တစ်ယောက်ယောက်ကတာဝန်ယူပေးလိမ့်မယ်၊ မင်းအိမ်ပြန်ပြီး ပြန်သုံးသပ်လိုက်ပါ” ကျောင်းအုပ်ကြီးသည် သင်ကြားမှုညွှန်ကြားရေးမှူးအားပြောလိုက်သည်။

သင်ကြားမှုညွှန်ကြားရေးမှူးသည် ရှင်းပြချင်သော်လည်း ကျောင်းအုပ်ကြီးစည်းကမ်းကြီးသည်ကို သိ၍ ပြောရန်စကားများ မျိုသိပ်ကာ ထွက်သွားတော့သည်။

ရှီမာယူယူ သူမနှာခေါင်းအား ကိုင်လိုက်သည်။ ဒီပြဿနာက ဒီလိုပဲဖြေရှင်းပြီးသားဖြစ်သွားပြီလား။

ဘယ်လိုပဲဖြစ်ြဖ်စ သူမမူလပန်းတိုင်ဖြစ်သော နာလန်လန်အားကျောင်းထုတ်ရေးသည် ပြီးမြောက်သွားခဲ့ပြီ။

“အဟမ်း”

အခုအချိန်တွင် ရှီမာယူယူ၊ ရှီမာယူလီ၊ ဖန်ကျိရှင်းနှင့် ကျောင်းအုပ်ကြီးတို့သာ အခန်းထဲတွင် ကျန်ခဲ့လေသည်။ ရှီမာယူယူ စိတ်လွင့်နေသည်ကို တွေ့၍ ကျောင်းအုပ်ကြီးသည် ရှီမာယူယူ သတိပြန်ဝင်လာစေရန် ချောင်းဟန့်လိုက်သည်။

ကျောင်းအုပ်ကြီးထိုကဲ့သို့ သူမအားကြည့်သည်ကို ရှီမာယူယူမြင်သည်နှင့် စံပြကျောင်းသားကဲ့သို့ လျင်မြန်စွာပင် မတ်မတ်ရပ်လိုက်သည်။

“ဒီလိုနာခံတတ်တဲ့ ပုံမျိုးလုပ်တဲ့ရည်ရွယ်ချက်ကဘာလဲ” ရှီမာယူယူထိုကဲ့သို့ ပြုမူသည်ကို ကျောင်းအုပ်ကြီးမြင်သည်နှင့် ပြောလိုက်သည် “ငါသာဝင်မပါရင် မင်းဒီနေ့ကျောင်းအထုတ်ခံရပြီးပြီ၊ မင်းတခြားကျောင်းသားကို ထိခိုက်အောင်လုပ်ရဲတယ်၊ မင်းသတ္တိရှိလှချည်လား”

ရှီမာယူယူ ပြုံးဖြီဖြီးလုပ်ကာ “ကျောင်းအုပ်ကြီးက ဒီလိုပုံစံနဲ့ ဖျန်ဖြေမယ်ဆိုတာ ကျွန်တော်သိလို့လေ”

“မင်းသိနေတာလား” ကျောင်းအုပ်ကြီးသည် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တယ်၊ အစကတည်းက ဆရာကြီးက ပြတင်းပေါက်ကနေ ကြည့်နေတာပဲ၊ ဒီကိစ္စကို အကျယ်အကျယ်ဖြစ်အောင် မထားဘူးလေ” ရှီမာယူယူပြောလိုက်သည်။

“ငါ အဲဒီက ကြည့်နေတာကိုမင်းသိနေတာလား” ကျောင်းအုပ်ကြီးနှင့် ဖန်ကျိရှင်းတို့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ ဖန်ကျိရှင်းသည် ခန့်မှန်း၍မရသော အားအင်ကြောင့် သိနိုင်သည်ကို ခန့်မှန်းမိသော်လည်း၊ ရှီမာယူယူသည် သူစောင့်ကြည့်နေသည်ကို ဘယ်လိုများသိတာပါလိမ့်။

“ဟုတ်တယ်၊ ဆရာဖန်နဲ့ ကျန်တဲ့တစ်ယောက်ရောက်လာချိန်ကတည်းက ဆရာကြီးက အဲမှာရပ်နေတာ” ရှီမာယူယူ အသေအချာပြောလိုက်သည်။

အစကတည်းကပင် တစ်စုံတစ်ယောက်က သူမအား စောင့်ကြည့်နေသည့် ခံစားမှုမျိုးရသည်။ ထိုနေရာမှ သူမအား စောင့်ကြည့်သောသူသည် ကျောင်းအုပ်ကြီးအပြင် ဘယ်သူရှိဦးမလဲ။

သူမသည် အရင်ဘဝက လုပ်ကြံသတ်ဖြတ်သူဖြစ်သဖြင့် ထိုကဲ့သို့ အကြည့်မျိုးကို အလွယ်တကူ ခံစားမိသည်။ ထို့အပြင် သူမသည် သူမကိုယ်သူမ ဖုံးကွယ်၍ တခြားသူများအား ဖော်ထုတ်သည့်နေရာတွင် အရည်အချင်းရှိသည်။ ကျောင်းအုပ်ကြီး အကြည့်အားချက်ချင်းဖုံးကွယ်လိုက်သည်ကို သူမခံစားမိသည်။

“ဒါကြောင့်မင်းက ဒီလိုစိတ်ကူးမျိုးကို လုပ်လိုက်တာလား ငါ့ကို ဝင်ပါအောင်လို့လေ” ကျောင်းအုပ်ကြီးပြောလိုက်သည်။

ရှီမာယူယူခေါင်းညိတ်လိုက်သ်ည။

“သင်ကြားမှုညွှန်ကြားရေးမှူးက နာလန်လန်ကိုကာကွယ်ဖို့ အသည်းမာနေတာ၊ သူ့ကို ကိုင်လှုပ်ဖို့ဆရာကြီးပဲရှိတာလေ၊ ဒါပေမယ့် ဆရာကြီးက ပေါ်မလာပဲ ပွဲကြည့်သလိုပဲ ကြည့်နေတာလေ၊ ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး” ရှီမာယူယူ ဝမ်းနည်းမှုအပြည့်ဖြင့်ပြောလိုက်သည်။ “ဒါပေမယ့် ပြောနေရင်းနဲ့ ပိုပြီးမြန်မြန်လှုပ်ရှားမိလို့ မတော်တဆ ကျွန်တော်သာ လက်ချော်ခဲ့ရင်…”

ကျောင်းအုပ်ကြီး၏ မျက်နှာ မှောင်မိုက်လာလေ ရှီမာယူယူ၏အသံသည် နူးညံ့လာလေဖြစ်သည်။ အဆုံးတွင် သူမအသံသည် လေသံမျှသာဖြစ်သွားပြီး သူမစကားများ ပျောက်ဆုံးသွားလေသည်။

“ဒီအခြေအနေလိုမျိုးဆို ဖြေရှင်းပေးမယ်လို့ မင်းအဘိုးကို ကတိပေးထားပြီးသား၊ ဒါကို ဖိအားပေးဖို့ လူသတ်တဲ့နည်းလမ်းကို သုံးမယ်လို့ ငါမထင်ထားဘူး၊ အခုတော့ မင်းအတွက် မျှတတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ၊ မင်းကျောင်းမှာ ဘာလုပ်လုပ်ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် နာလန်မျိုးနွယ်ကတော့ အလွတ်ပေးမှာမဟုတ်ဘူး၊ အခုချိန်ကစပြီး မင်းရဲ့မိသားစုနဲ့ သူတို့နဲ့ ပိုဆိုးသွားပြီ မင်းတစ်ခုခုလုပ်မယ်ဆို သတိထားပါ” ကျောင်းအုပ်ကြီးပြောလိုက်သည်။

သူမ လျှို့ဝှက်အစီအစဉ်သည် ပေါက်ကြားသွားလေပြီ။ ရှီမာယူယူ အနည်းငယ်ရှက်သွားကာ အနေခက်စွာရယ်လိုက်သည်။

ကျောင်းအုပ်ကြီးသည် လက်ဝှေ့ပြလိုက်ကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်သွားလိုက်ကြတော့ ငါဆရာဖန်နဲ့ ပြောစရာတွေရှိသေးတယ်”

“ဟုတ်ကဲ့ ကျောင်းအုပ်ကြီး”

ရှီမာယူယူ နှင့်ှရှီမာယူလီတို့သည် ထွက်လာပြီးနောက်တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ချက်ချင်းပင် ရယ်မောလိုက်ကြသည်။

သူ့နှဖူးတွင်ထွက်ထားသော ချွေးအေးများကို ရှီမာယူလီသုတ်လိုက်ကာ ပြောလိုက်သည် “ဒီလောက်လူတွေအများကြီးရှေ့မှာ ဒါမျိုးလုပ်ရဲလိမ့်မယ်လို့ ငါမထင်ထားဘူး၊ ကျောင်းအုပ်ကြီးက အဲဒါကို ဗွေမယူဘူးဆိုတာကို ပိုတောင်မထင်ထားသေး၊ ငါတော့ လန့်လို့သေတော့မှာပဲ

“ဟေး ဟေး၊ သင်ကြားမှုညွှန်ကြားရေးမှူးက မုန်းစရာကောင်းတယ်လို့ ဘယ်သူပြောတာလဲ” ရှီမာယူလီ၏ ပုခုံးပေါ်သို့လက်တင်ကာ ရှီမာယူယူပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဖူးဖူးမှုတ်ထားရတဲ့မင်းသမီးလေး ကျောင်းထုတ်ခံရပြီဆိုတော့ နာလန်မျိုးနွယ်က ဒီကိစ္စကို ကျော်သွားမှာမဟုတ်ဘူး၊ အဘိုးကို သူတို့ပြဿနာရှာမှာပဲ ကြောက်တာ”

“အင်း… ဖြစ်နိုင်ပါတယ်” ရှီမာယူလီခေါင်းညိတ်လိုက်သည် “ငါအခု အိမ်ပြန်ပြီး အဘိုးကို ဒီနေ့ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြီး ပိုဂရုစိုက်ဖို့ပြောလိုက်ပါမယ်”

“ကောင်းပါပြီ အစ်ကိုငယ်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“မင်းငါ့ကို ဘာလို့ကျေးဇူးတင်ရတာလဲ၊ မင်းရဲ့ အစ်ကိုငယ်လို့ ဘယ်သူပြောလဲ၊ ငါအရင်သွားပြီ” ရှီမာယူယူ၏ ပုခုံးအား ရှီမာယူလီပုတ်လိုက်ကာ ခြေလှမ်းကျဲများဖြင့် ထွက်သွားလေသည်။

သူထွက်သွားသည်ကို ရှီမာယူယူကြည့်ကာ အေးအေးဆေးဆေး ရယ်မောလိုက်သည်။ သူမသည် ဒီလောက်ပြဿနာရှာထားသော်လည်း သူမအားအော်ငေါက်ခြင်းမရှိပါ။ ဒီလိုမိသားစုမျိုးသည် အမှန်တကယ်ပင် ထူးခြားသည်။

သူမ အဆောင်မိန်းတံခါးပေါက်ကိုဖွင့်လိုက်သည်နှင့် ဖက်တီးကျူနှင့် ဝေကျိရွှီသည် ပြခန်းတွင်ထိုင်ကာ သူမအား လက်ပြနေသည်ကို တွေ့လိုက်ရသည်။

သူမ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်သည် “မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ”

“မင်းကို စောင့်နေတာလေ” ဖက်တီးကျူပြောလိုက်သည် “ကျောင်းအုပ်ကြီးက မင်းအခက်တွေ့အောင် လုပ်သေးလား”

“မလုပ်ဘူး” ရှီမာယူယူပြောလိုက်သည်။

“ကောင်းတာပေါ့” ဖက်တီးကျူ သက်ပြင်းချလိုက်သည်။ ရှီမာယူယူသည်လည်း ကျောင်းထုတ်ခံရမည်ကို သူစိုးရိမ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် စားစရာကောင်းကောင်းစားရတော့မည် မဟုတ်ပေ။

“နောက်ဘာလုပ်မယ် စီစဉ်ထားလဲ၊ ဟီကျူကျိနဲ့ သူမသူငယ်ချင်းကတော့ မြို့တော်ကနေထွက်သွားတော့မယ်” ဝေကျိရွှီမေးလိုက်သည်။

“ဟီကျူကျိနဲ့ လက်တွဲလို့တော့မဖြစ်သေးဘူး၊ နာလန်မျိုးနွယ်က သူမကို အလွတ်ပေးမှာမဟုတ်သေးဘူး” ရှီမာယူူယူပြောလိုက်သည် “အခု နာလန်လန် ကျောင်းထုတ်ခံရပြီဆိုတော့ နာလန်မျိုးနွယ်နဲ့ ငါတို့ရှီမာမျိုျးနွယ် ကြားက ပြဿနာဖြစ်သွားမယ်”

“မင်း နာလန်ရဲကမောင် နာလန်ရွှီကို သတိထားဖို့လိုမယ်၊” ဝေကျိရွှီသတိပေးလိုက်သည်။

“အင်း ငါသတိထားပါမယ်” ရှီမာယူယူပြောလိုက်သည် “အခုချိန်ကစပြီး ကျင့်ကြံဖို့အခွင့်အရေးကို အမိအရ အသုံးပြုရမယ် ပြီးတော့ မင်းတို့အားလုံးနဲ့ မစ်ရှင်ကို ပြီးအောင်လုပ်ရမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset