Switch Mode

အပိုင်း (၄၇၆)

တမန်တော်

ချန်ယုဖန် မျက်လုံးက အေးစက်သွားပြီး သူက ပြောလိုက်သည်။ “မင်းက ဘာကို ဆိုလိုတာလဲ…”

ယွမ်ချွဲဇီက ခေါင်းရမ်းကာ ပြောလိုက်၏။ “မင်း ထွက်သွားသင့်တယ်။ မင်းကျင့်ကြံမှု အဆင့်နဲ့ ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် မင်းက ဒဏ်ရာအပြင်းအထန် ရထားသေးတယ်။ အစ်ကိုချူ…နှစ်တစ်ထောင်အတွင်း ဒီဂြိုဟ်ကို ပြန်မလာပါနဲ့…”

ချူယွမ်ဖန်မျက်လုံးများက ပို၍ အေးစက်သွားကာ သူက ပြောလိုက်၏။ “ငါက သဘောမတူဘူး ဆိုရင်ရော…”

ယွမ်ချွဲဇီက သက်ပြင်း ချလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင် သစ်သား အပိုင်းအစတစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။ သည်အနက်ရောင် သစ်သားက အနက်ရောင် မြူတိမ်တစ်ခု အဖြစ်သို့ ပေါက်ကွဲသွား၏။ ထို့နောက် သည်ပေါက်ကွဲမှုကနေ အားကောင်းသော ဖိအားအသွင်ဖြင့် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သည်ရွှေရောင်အလင်းထဲ၌ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ချူယွမ်ဖန်ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး သူ့ကို ညင်သာစွာ ပုတ်ခတ်၏။

ချူယွမ်ဖန်အသွင်က ချက်ချင်း ပြောင်းလဲ သွားသည်။ သူက နောက်သို့ အလျင်အမြန် ဆုတ်၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက သူ့ရှေ့တွင် စုဝေးလာခဲ့၏။

သို့ရာတွင် သည်လက်ဝါးရိုက်ချက်က ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ဖြတ်သန်းသွားပြီး မယုံကြည်ဖွယ် အမြန်နှုန်းဖြင့် ချူယွမ်ဖန် ရင်ဘတ်ပေါ်သို့ ဖိနှိပ်လာခဲ့၏။

ချူယွမ်ဖန်က သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ကာ မိုးကုပ်စက်ဝိုင်း အနားစွန်းထိ ရောက်ရှိသွားသည်။

“ယွမ်ချွဲဇီ… ငါ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားမယ်…” ချူယွမ်ဖန်အသံက အကွာအဝေး တစ်ခုကနေ လွင့်ပျံ့လာခဲ့သည်။ သည်အသံထဲ၌ စိတ်ဓာတ်ကျမှုများ ပါဝင်နေသည်။

“မင်းက ဘာလို့ ငါသူ့ကို သတ်မှာကို တားခဲ့တာလဲ…” ပုံရိပ်ယောင်က လှည့်၍ ယွမ်ချွဲဇီထံသို့ ကြည့်သည်။

ယွမ်ချွဲဇီက တည်ငြိမ်စွာဖြင့် ပုံရိပ်ယောင်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။ “သင် ခုလိုလုပ်လိုက်တာနဲ့…ကျူးချွဲဇီက ဒါကို ထောက်လှမ်းမိ သွားလိမ့်မယ်…။ သွားကြစို့…”

သူတို့ ထွက်သွားပြီးသည့် အခိုက်မှာပင် တိမ်များက အနီရောင်သို့ ပြောင်းသွားပြီး ကျူးချွဲဇီ၏ ပုံရိပ်က တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ယွမ်ချွဲဇီ…။ ထွက်လာစမ်း…။ ကျူးချွဲဇီမျက်နှာက ဒေါသများနှင့် ပြည့်နေပြီး သူက အော်ဟစ်လိုက်၏။ သူ့အသံက နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

“စီနီယာအစ်ကို… ငါတို့ နှစ်ယောက်ကြားက တိုက်ပွဲက ရှောင်လွှဲလို့ မရပါဘူး…။ ငါတို့က ကလန် တစ်ခုတည်းမှာ နှစ်ထောင်ချီပြီး အတူရှိခဲ့ကြတာကြောင့် ငါက မင်းကို ပြန်ကောင်းမွန်လာဖို့ အတွက် အချိန်သုံးလ ပေးလိုက်မယ်…။ သုံးလပြီးရင် ငါတို့ ဟင်္သာပြဒါးတောင်ခြေမှာ တိုက်ခိုက်ကြမယ်…”

ယွမ်ချွဲဇီအသံက လေထဲကနေ ထွက်ပေါ်လာခဲ့၏။

ကျူးချွဲဇီက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူ့အသွင်က နက်မှောင်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ မင်း ရယ်ရွယ်ချက်ကို သိတယ်…ယွမ်ချွဲဇီ…။ ငါက မင်းနဲ့ ကစားပေးရတာပေါ့…” ထို့နောက် သူက ပျောက်ကွယ် သွားတော့သည်။

ယွမ်ချွဲဇီနှင့်ပုံရိပ်တို့က ဟင်္သာပြဒါးကုန်းမြေ၏ ကောင်းကင်ထက် တစ်နေရာတွင် ပြန်ပေါ် လာခဲ့ကြသည်။ ပုံရိပ်က မေးလိုက်၏။ “ဘာလို့ သူ့ကို အချိန်သုံးလတောင် ပေးလိုက်တာလဲ…။ ကျူးချွဲဇီကို သတ်ဖို့ အချိန်မဆွဲသင့်ဘူး…”

ယွမ်ချွဲဇီက ပုံရိပ်ကို ကြည့်ကာ‌ ပြောလိုက်သည်။ စွန့်ပစ်ခံမသေမျိုးကလန်မှာ ငါအပါအဝင် သစ်ရွက်ကိုးရွက် နတ်ဆရာသုံးယောက်၊ ဆယ်ရွက် တစ်ရွက်နဲ့ ဆယ့်တစ်ရွက် ဖြစ်တဲ့ သင်တို့ ရှိကြတယ်။ ငါတို့ ငါးယောက်လုံး အတူတိုက်ရင် ကျူးချွဲဇီကို သတ်ဖို့က ခက်မှာ မဟုတ်ဘူး…”

“ထပ်ပြောရရင် …ဘိုးဘေးစိတ်ဝိညာဉ် သစ်ပင်က နှစ်ပင်ပဲ အောင်မြင်ခဲ့ပေမဲ့ သစ်ရွက်ဆွက်ရွက် နတ်ဆရာနှစ်ယောက် သိပ်မကြခင် ထွက်တိုး လာတော့မယ်။ ငါတို့ ခုနှစ်ယောက်နဲ့ဆိုရင် ကျူးချွဲဇီကို သတ်ဖို့က ပိုပြီး လွယ်သွားပြီ…”

“ဒါပေမဲ့ ကျုးချွဲဇီကို ခုချိန်မှာ သတ်လို့ မရနိုင်သေးဘူး…”

ပုံရိပ်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ “မင်းက ကျင့်ကြံသူတွေ ကြားမှာ နှစ်ပေါင်းများစွာ ကြာအောင် နေခဲ့တဲ့အတွက် မင်းမူလအစကို မေ့သွားပြီလား။ မင်းကို ဟင်္သာပြဒါး နိုင်ငံကို ပို့နိုင်ဖို့ ကလန်အဖွဲ့ဝင်တွေရဲ့ အသတ်ပေါင်း ဘယ်လောက်များများ ပေးစပ်ခဲ့ရလဲ ဆိုတာ မင်း မှတ်မိသေးရဲ့လား…”

ယွမ်ချွဲဇီမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နှာခေါင်း ရှုံ့လိုက်သည်။ “ဘိုးဘေးတစ်… ငါသင့်ကို ပြောခဲ့တာ တစ်ခါမကတော့ဘူး။ ကျုးချွဲဇီကို လျော့မတွက်ပါနဲ့။ ကျူးချွဲဇီမှာ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက် ရှိနေတယ်။ ဒီသလင်းကျောက်က ဒုတိယမျိုးဆက် ဟင်္သာပြဒါးရဲ့ ချိတ်ပိတ် ထားတာ ခံရပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာ ကတည်းက ဟင်္သာပြဒါး အဆက်ဆက်က ဒီချိတ်ပိတ် ထားတာကို ပယ်ဖျက်ဖို့ နည်းလမ်း ရှာဖွေ နေခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဟင်္သာပြဒါးက ဒီချိပ်ပိတ်မှုရဲ့ အားနည်းချက် တစ်ခုကို ရှာတွေ့ခဲ့တယ်။ ခုလက်ရှိ ဟင်္သာပြဒါး ကျူးချွဲဇီအပေါ် ငါနည်းလည် ထားတာ အရဆိုရင် သူက သူမသေခင်မှာ ဒီဂြိုဟ်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူတိုင်းကို သတ်ပစ်လိမ့်မယ်။ အဲ့လို ဖြစ်လာရင် ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတွေ စေလွှတ်လာလိမ့်မယ်။ ငါတို့ စွန့်ပစ်ခံ မသေမျိုးကလန်က ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးကို ယှဉ်နိုင်မယ် သင် ထင်နေတာလား…”

ပုံရိပ်က တိတ်ဆိတ်လို့သွား၏။

“အဖြစ်အပျက်တွေက ငါစီစဉ်ထားတဲ့အတိုင်းဆိုရင် ငါတို့က နောက်တက်လာမဲ့ ဟင်္သာပြဒါး ခေါင်းစီး တစ်ယောက်ကို ပြုစုပျိုးထောင်ပေးမယ်… ပြီးရင် ဒီလိုဟန်ဆောင်မှုကနေ ငါတို့စွန့်ပစ်ခံ မသေမျိုးကလန်ကို ဆက်ပြီး တည်ရှိစေလိမ့်မယ်။ ဒါက အကောင်းဆုံး နည်းလမ်းပဲ…။ ဒါပေမဲ့ ဘိုးဘေးက အရမ်း စိတ်လောအားကြီးခဲ့တယ်။ အဲ့တာကြောင့် သူက သူ့ကိုယ်သူစတေးပြီး သင်တို့ အားလုံးကို အပြင် ခေါ်ထုတ်ခဲ့တာက ငါ့အစီအစဉ်တွေအားလုံးကို ပျက်စီးစေခဲ့တာပဲ…” ယွမ်ချွဲဇီက အလွန်သုန်မှုန်နေ၏။

“ငါ့ ပုံရိပ်အစစ်အမှန်ကိုလည်း သင်တို့အားလုံးကြောင့် စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ အဖွဲ့ဝင် ဆိုတာပါ ပေါ်ပေါက် လာခဲ့ရတယ်…။ ငါ့ အမြင်အရ…ဒါက အချည်းနှီး ဖြစ်စေတာပဲ…”

ယွမ်ချွဲဇီက ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ “ဘိုးဘေးတစ်…မင်းက ငါတို့ကလန်ကို အချိန်အကြာကြီး တည်မြဲလိုစေချင်ရင်ငါတို့က ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ငါတို့လက်ထဲ ရောက်အောင် အရင်လုပ်ရမယ်။ ပြီးရင် ငါတို့ ရွေးချယ်ထားတဲ့ နောက်တက်လာမဲ့ ဟင်္သာပြဒါးကို ကမ်းပေးရလိမ့်မယ်…။ အဲ့လိုမျိုးဆိုရင် ငါတိုက ဒီဂြိုဟ်မှာ ရှိတဲ့ကျင့်ကြံသူတွေကို သွယ်ဝိုက်သောနည်းနဲ့ ထိန်းချုပ်နိုင်လိမ့်မယ်…”

“ငါက ဆက်ခံသူလေးယောက်ကို ရွေးချယ်ခဲ့တယ်။ ငါ့အစီအစဉ် ဖြစ်လာဖို့က ငါ့အတွက် ဆယ်စုနှစ် အချို့လောက်ပဲ လိုတော့တယ်။ ငါ နှစ်ပေါင်းများစွာ စီစဉ်ထားတဲ့ အရာက သင်တို့ကြောင့် ပျက်စီးခဲ့ရပြီ…”

“ကျုးချွဲဇီ ရွေးချယ်ခဲ့တဲ့ နှစ်ယောက်က ချန်းဖန်နဲ့ လျိုမေ တို့ဖြစ်ကြတယ်။ ဒီချန်းဖန်က ဟင်္သာပြဒါးနည်းစနစ်ကို သင်ကြားခဲ့တယ်။ ဒါ့ကြောင့် ငါက ချန်းဖန်ဟာ ခုလက်ရှိ ဟင်္သာပြဒါးက ခန္ဓာကိုယ် သိမ်းပိုက်ဖို့ အတွက် ပြင်ဆင်ထားတဲ့ သူလို့ ယုံကြည်နေမိတယ်။ ဟင်္သာပြဒါး မျိုးဆက်တိုင်းက သူတို့သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ အတွက် ခန္ဓာကိုယ် အသစ်ပိုင်ဆိုင်ဖို့ နည်းလမ်း တစ်ခုခုကို ရှာခဲ့ကြတာပဲ။ ငါက ခုလက်ရှိ ဒီဟင်္သာပြဒါးကျုးချွဲဇီက နည်းလမ်းတစ်ခု တွေ့နေပြီလို့ ယုံကြည်တယ်…”

“ငါက ဒါကို ဘာကြောင့် သိခဲ့လဲဆိုတော့ ငါ့ဒုတိယ ရွေးချယ်ခံတပည့် ဇီရှင်းကြောင့် သိခဲ့ရတာ။ ကျူးချွဲဇီကသာ သူ့ခန္ဓာကိုယ်သိမ်းယူခြင်း အောင်မြင်ခဲ့ရင် သူက ဒီမိန်းကလေးရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားလိမ့်မယ်။ ငါက အတွက် မှားသွားမယ်ဆိုရင်တောင် ကျုးချွဲဇီက ချန်းဖန်ကို အသုံးမချဘဲ နောက်ထပ် ဟင်္သာပြဒါး ဖြစ်စေရင်တောင် သူလည်းပဲ ဇီရှင်းရဲ့ ထိန်းချုပ်မှုအောက်

“တတိယ ငါ ရွေးချယ်ထားတဲ့ လူကတော့ ကျိုးဝုထိုင်ပဲ။ ဒီကလေးက အစိမ်းရောင်နဂါးရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ အစိမ်းရောင် နဂါးကလန်က ငါတို့က ဟိုးလွန်ခဲ့တဲ့ စစ်ပွဲတုန်းက ကူညီပေးခဲ့ ဖူးတယ်။ ဒါ့ကြောင့်လည်း ငါက သူ့ကို ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေခဲ့တာ။ ဒါ့ကြောင့်ပဲ ငါက မဟာမိတ်ကလန် လေးခုနိုင်ငံကို သွားခဲ့တာ ဖြစ်တယ်။ ဒီအပြင့် သူက ငါ လျိုမေနဲ့ပတ်သလို့ ကိုင်တွယ်ဖို့ ပြင်ဆင်ထားတဲ့ လူလည်း ဖြစ်တယ်…”

“ဒါပေမဲ့ ငါက မဟာမိတ်ကလန်လေးခုနိုင်ငံမှာ ရှိနေစဉ်အတွင်း ငါက ဝမ်လင်းဆိုတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူ့ ပါရမီက သာမန်ပဲ။ သူနဲ့ပတ်သက်လို့ ဘာမှ အထူး ကောင်းမွန်နေတာ မရှိဘူး။ တစ်ခုတော့ ရှိတယ်။ သူက သေခြင်းရှင်ခြင်း နယ်ပယ်ကို နားလည်နိုင်စွမ်း ရှိနေတာ…။ အာ့ကြောင့်ပဲ ငါက သူ့ကို လေးယောက်မြောက် ရွေးချယ်ခံ အဖြစ် သတ်မှတ် ထားခဲ့တာ…”

“ငါက အစတုန်းကတော့ ဒီဝမ်လင်းနဲ့ ပတ်သက်လို့ အရမ်းစိတ်ဝင်စားမှု မရှိဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့တိုးတက်လာမှုက ငါ့ကိုတောင် တုန်လှုပ်စေခဲ့တယ်။ ကောင်းကင်ဘုံ နယ်မြေမှာ သူက အနီရောင် လိပ်ပြာရဲ့ လက်မောင်းတစ်ဖက်ကို ယူဆောင် နိုင်ခဲ့တယ်။ သူပြန်ရောက် လာတဲ့ အချိန်မှာလည်း သူ့ကျင့်ကြံမှု အဆင့်က တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ကျုးချွဲဇီရဲ့ အာရုံစိုက်တာကိုတောင် ရရှိခဲ့တယ်…”

“ဒီဝမ်လင်းက လျှို့ဝှက်ချက်တွေ များလွန်းပြီး တစ်ခါတစ်ရံ ငါတောင်မှ သူ့ကို ဖြတ်မမြင်နိုင်ခဲ့ဘူး….။ အာ့ကြောင့်ပဲ အဆုံးသပ်မျာ ငါက ငါ့အစီအစဉ်အတွက် သူ့ကို အဓိက နေရာမှာ ထားလိုက်တယ်…”

“သူက ခုထိလည်း ငါ့ရဲ့ အဓိက ရွေးချယ်ခံ အဖြစ် ရှိနေတုန်းပဲ။ အဲ့တာအပြင် သူက ငါ့အစီအစဉ်မှာ အတိမ်းအစောင်းခံလို့ မရတော့တဲ့ နေရာမှာ ပါဝင်လာနေပြီ…”

ပုံရိပ်က အနည်းငယ် စဉ်းစားပြီးနောက် သူ့ခေါင်းကို မော့သည်။ သည့်နောက် သူက ယွမ်ချွဲဇီကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “ဒီရှင်းပြချက်က မလုံလောက်သေးဘူး…”

ယွမ်ချွဲဇီမျက်လုံးများက အလေးအနက် ဖြစ်လာပြီး သူက ပြောလိုက်သည်။ “ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ငါတို့ စွန့်ပစ်ခံမသေမျိုးကလန်တွေ အပေါ်မှာ သက်ရောက်နိုင်စွမ်း ရှိလား၊မရှိလား ငါမသိဘူး။ ဒါက သက်ရောက် နိုင်တယ်ဆိုရင် သင်နဲ့ငါ အပါအဝင် ငါတို့ ကလန်အဖွဲ့ဝင် အားလုံးက သေဆုံး သွားလိမ့်မယ်။ ဒီရှင်းပြချက်က လုံလောက်ရဲ့လား…”

ပုံရိပ်က ထပ်မံတွေးတောနေ၏။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်း ရွေးချယ်ထားတဲ့ ပထမ ရွေးချယ်ခံ တပည့်က ဘယ်သူလဲ…”

ယွမ်ချွဲဇီက ပြုံးလိုက်၏။ “တမန်တော်ကသာ သူ့တာဝန်တွေကို အကုန်ပြီးဆုံး သွားတဲ့အခါကျရင် တစ်ခုခု အမှားအယွင်းသာ ရှိမလာဘူးဆိုရင် ငါ့ပထမ ရွေးချယ်ခံ တပည့်က နောက်တက်လာမဲ့ ဟင်္သာပြဒါးခေါင်းစီး ဖြစ်လိမ့်မယ်…”

ပုံရိပ်က ထပ်မေးလိုက်ပြန်၏။ “ကျူးချွဲဇီကို ဘာကြောင့် အချိန်သုံးလ ပေးခဲ့တာလဲ…”

“ဘာလို့လဲဆိုတော့ ငါက သူကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို အသက်သွင်းတဲ့ထိ စောင့်နေချင်လို့ပဲ။ အခု ငါက ဘာမှ လှုပ်ရှားမှု မပြုသေးဘူး။ ငါ လုပ်ဆောင်တဲ့ အချိန်ကြရင်လည်း ကျူးချွဲဇီကို အခွင့်ရေးတစ်ခုတောင် ပေးမှာ မဟုတ်ဘူး…”

ချူနိုင်ငံ၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်အပြင်ဘက်၌ ဝမ်လင်းက ကောက်ရိုး ဦးထုပ်ကို ချွတ်လိုက်သော လူဝကြီးကို ကြည့်နေသည်။ ဝမ်လင်း စိတ်ထဲ၌ အနည်းငယ် တုန်ရင်သွားသော်လည်း သူ့မျက်နှာပေါ်တွင်တော့ မည်သည့် တုန်လှုပ်မှုကိုမှ မဖော်ပြချေ။ သူက ပြုံးကာ ပြောလိုက်သည်။ “မတွေ့တာကြာပြီ…အစ်ကို ကျိုး…”

လူဝကြီးက သူ့ကောက်ရိုးဦးထုပ်ကို ဘေးသို့ချကာ သိုလှောင်အိတ်ထဲကနေ စားပွဲတစ်ခုနှင့် ခွက်အချို့ကို ထုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “အစ်ကိုဝမ်…ငါ ဝိုင်နည်းနည်းလောက် သောက်ချင်တယ်….။ မင်းမှာ အတိတ်တုန်းက ဝိုင်မျိုး ရှိသေးလား…”

ဝမ်လင်းက ကောက်ရိုးဦးထုပ်ကို ကြည့်နေရင်း သူ့မျက်လုံးက အနည်းငယ် လက်ခနဲ ဖြစ်သွားသည်။ သူက သိုလှောင်အိတ်ထဲကနေ ဝိုင်တစ်ပုလင်းကို ထုတ်ယူလိုက်၏။ သူက ဝိုင်ပုလင်းကို ကြည့်နေရင်း သူ့စိတ်ထဲ၌ တနူး၏ ပုံရိပ် ဖြစ်ပေါ်လာသည်။ သည်နှစ်များတွင် တနူး သူ့အတွက် ချန်ထားခဲ့သော ဝိုင်ပုလင်းများက ဆယ်ပုလင်းအောက်သာ ကျန်တော့ပေသည်။

သူက ဝိုင်ပုလင်းကို စားပွဲပေါ်တွင် ချကာ ထိုင်၍ ခွက်ထဲသို့ ထည့်သည်။ ထို့နောက် တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်၏။

ကျိုးဝုထိုင်ကလည်း ဝိုင်ပုလင်းကို သူ့ခွက်ထဲသို့ အပြည့်ငှဲ၍ တစ်ငုံ သောက်လိုက်သည်။ သူက ပြောလိုက်၏။ “ဒီဝိုင်က အစတုန်းက လိုပါပဲလား။ လူတွေကလည်း အရင်တုန်းကလိုပဲ။ ဒါပေမဲ့ ငါတို့ နှလုံးသားတွေကတော့ ခုချိန်မှာ လုံးဝ ပြောင်းလဲနေခဲ့ပြီ။ ငါတို့ နှစ်ယောက်လုံးက ပြောင်းလဲခဲ့ကြပြီ…”

ဝမ်လင်းက စဉ်းစားနေ၏။ သူက ဝိုင်ခွက်ကို ကိုင်ထားရင်း မည်သည့် စကားမျှ မဆိုချေ။

“အစ်ကိုဝမ်… အကိုက ငါမသေတာနဲ့ ပတ်သက်ပြီး သိချင်စိတ် မရှိဘူးလား…။ ငါက မင်းငါ့ရှိကနေ မိုးခေါင်းလောင်း (ကောင်းကင်ဘုံနယ်မြေ ဝင်ခွင့်လက်မှတ်) ကို ယူသွားတာ မှတ်မိနေတုန်းပါပဲ…” ကျိုးဝုထိုင်က ဝမ်လင်းကို ပြုံး၍ ကြည့်သည်။ သို့သော် ထိုအပြုံးက အပြုံးမဟုတ်ပြန်ချေ။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “အနီရောင်လိပ်ပြာက ပေါပေါပဲပဲ ရသွားတာထက် ငါ ယူသွားခဲ့တာက ပိုကောင်းပါတယ်။ ဒါပေမဲ့ ငါ မလုပ်ဘူးဆိုတောင် အစ်ကိုကျိုးက အခြားအစီအစဉ်တွေ ရှိနေလိမ့်မယ်လို့ ယုံကြည်တယ်…”

ကျိုးဝုထိုင်က ရယ်မော လိုက်သည်။ သူက နောက်ထပ် တစ်ခွက်ထပ်ငှဲ့ကာ ပြောလိုက်သည်။ “ငါတို့ အတိတ်က အကြောင်းတွေ ထပ်မပြောကြရအောင်… လွန်ခဲ့တဲ့နှစ်တွေတုန်း ကတည်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ အစ်ကိုဝမ်ရဲ့ ကျော်ကြားမှုက မြင့်မားနေခဲ့ပါပြီ…။ ဒီအတွက် ငါက မင်းကို တစ်ခွက် ဂုဏ်ပြုချင်တယ်…”

ဝမ်လင်းက ပြုံး၍ သူကိုယ်တိုင် တစ်ခွက်ထပ်ငှဲ့သည်။ ထို့နောက် တစ်ကျိုက်တည်း မော့ချ လိုက်ပြန်သည်။

ကျိုးဝုထိုင်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “အစ်ကိုဝမ်…ငါက မင်း လီယွမ်ဖန်ကို သတ်ပြီး ရွှမ်ယွဲ့ကို ချိပ်ပိတ်ပေးခဲ့တဲ့ အတွက် နောက်တစ်ခွက် ကမ်းလှမ်း ချင်ပါသေးတယ်…” ထိုသို့ပြောပြီးနောက် သူက သူ့ခွက်ကို မော့သောက်လိုက်သည်။

ဝိုင်နှစ်ခွက် သောက်ပြီးနောက် သူတို့ နှစ်ယောက်ကြား၌ ရုတ်တရက် တိတ်ဆိတ်လို့ သွားတော့၏။

သိပ်မကြာခင်တွင် ကျိုးဝုထိုင်က အကွာအဝေး တစ်ခုသို့ ကြည့်ကာ ပြောလိုက်သည်။ “ဝမ်လင်း…စီနီယာက မင်း သူ့ကို လာရှာစေချင်နေတယ်။ ငါကတော့ မင်းကို ယွမ်ချွဲ ဦးထုပ်နဲ့ ပတ်သက်ပြီး ဘယ်လို အစစ်အမှန် အသုံးပြုရမလဲကို လာသင်ပေးတာပဲ…”

ကျိုးဝုထိုင်က ကောက်ရိုး ဦးထုပ်နှင့် အတူ ရောက်လာသည်ကို တွေ့လိုက်ကတည်းက သူက ကျိုးဝုထိုင်က ယွမ်ချွဲဇီနှင့် ပတ်သက်ပြီး တစ်ခုခု လုပ်ပေးရန် လာရောက်ကြောင်း သိခဲ့ပြီး ဖြစ်သည်။

ဝမ်လင်းက ကျိုးဝုထိုင်ကို ကောက်ရိုးဦးထုပ်နှင့် အတူ မြင်လိုက် ကတည်းက အတိတ်တုန်းက သူဘာကြောင့် မသေဆုံးခဲ့သည်ကို ချက်ချင်း သဘောပေါက်ခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက သူ့ကို လာမရှာဖူးလို့ ယွမ်ချွဲဇီကို ပြောလိုက်ပါ…”

ကျိုးဝုထိုင်အသွင်က စိတ်ရှုပ်ထွေးသွားပြီး သူက ပြောလိုက်သည်။ “အစ်ကိုဝမ် … မင်းနဲ့ငါက သူ့ကစားပွဲထဲက ပွန်းရုပ်သာသာပါပဲ။ စီနီယာက ဒီကောက်ရိုး ဦးထုပ်ကို နောက်ထပ် တစ်ယောက်ကိုလည်း ပေးခဲ့သေးတယ်။ သူ့ကို မင်းသိမှာပါ…သူ့နာမည်က ဇီရှင်…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက နှာခေါင်းရှုံ့လိုက်၏။

ကျိုးဝုထိုင်က ခေါင်းရမ်းလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်၍ ဝိုင်ပုလင်းကို ကောက်ယူ လိုက်သည်။ သူက အနည်းငယ် စိတ်ဖိစီး သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုဝမ်…ငါ့ကို ဒီကျန်တဲ့ ဝိုင်ပုလင်းတစ်ဝက် ပေးလိုက်ရင် အဆင်ပြေလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset