ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး စစ်ထူနန် ဆက်ပြောမည့် စကားကို စောင့်နေ၏။
“ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်…။ ဒါက တကယ့် ခွေးချေးပဲ။ ဒါက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းရဲ့ ဖန်တီးခဲ့တဲ့ တစ်ခုပဲ။ သူတို့က အဆင့်ခြောက်အဆင့် ရောက်သွားတဲ့ နိုင်ငံတိုင်းကို ကျင့်ကြံခြင်း ဂြိုဟ်သလင်း ကျောက်တစ်ခု စီပေးထားတယ်…”
“ကျင့်ကြံခြင်း သလင်းကျောက်က ကျင့်ကြုံခြင်း ဂြိုဟ်တစ်ခုပေါ်မှာ ထားထားပြီး ဒါကို အသက်သွင်း လိုက်တာနဲ့ ဂြိုဟ်တစ်ခုလုံးက ထူးဆန်းတဲ့ အားတစ်ခုရဲ့ ဝန်းရံခြင်းကို ခံလိုက်ရကော။ ဒီသလင်းကျောက်ကို အသက်သွင်းတဲ့နေ့က စပြီး အဲ့ ဂြိုဟ်ပေါ်မှာ မွေးတဲ့ ဘယ်သက်ရှိမဆို သူတို့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုက ပျောက်ကွယ်သွားလိမ့်မယ်…”
“ဒီစိတ်ဝိညာဉ် အပိုင်းအစတွေကို ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က စုပ်ယူသွားတယ်။ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးက ဒီသလင်းကျောက်တုံးကို နိုင်ငံတွေကို ပေးထားပြီး အစစ်အမှန် လွှမ်းမိုးထားစေတာပဲ…”
“ဟီးဟီး…အဆင့်ခြောက်နိုင်ငံ တစ်ခုက ဘုရင်တစ်ပါးနဲ့ တူတာက ဘာလို့လဲဆိုတော့ ဒီကျင့်ကြံခြင်းဂြိုဟ်သလင်းကျောက်ရဲ့ တည်ရှိမှု ကြောင့်ပဲ…”
“ဒီ သလင်းကျောက်နဲ့ဆိုရင် ဟင်္သာပြဒါးနိုင်ငံရဲ့ မျိုးဆက်တိုင်းက ဒီဂြိုဟ်ပေါ်မှာ ရှိတဲ့ ကျင့်ကြံသူ ဒါမှမဟုတ် အခြားဖြစ်တည်မှု သက်ရှိ တစ်ခုက အာဏာတက်ခြင်း အဆင့်ကို ခြေတစ်လှမ်း မလှမ်းနိုင်ရင် ကျန်တဲ့ ဘယ်သက်ရှိကို မဆို သတ်ပစ်နိုင်တယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့ သလင်းကျောက်က စုပ်ယူထားတဲ့ စိတ်ဝိညာဉ် အပိုင်းအစကို အတင်း ပြန်ထုတ်ယူမှသာ လွတ်ကင်းနိုင်မယ်…။ မဟုတ်ရင် အခြားနည်း မရှိဘူး…”
ဒါပေမဲ့…ငါ့အထင်တော့ ဒီကျင့်ကြံခြင်း သလင်းကျောက်ရဲ့ အကြောင်းက အခြားဂြိုဟ် တော်တော်များများမှာ လျို့ဝှက်ချက်တော့ မဟုတ်လောက်ဘူး။ လူတွေက ဒီသလင်းကျောက်နဲ့ ပတ်သက်လို့ ကိုင်တယ်ပုံတွေ ရှိလောက်တယ်…။ မဟုတ်ရင် ဂြိုဟ်ပေါ်က နဂိုရှိတဲ့ လူတွေကြောင့် အဆင့်ခြောက်နိုင်ငံများများက ပြိုလဲသွားမှာ မဟုတ်တော့ဘူး…”
“ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဒီကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က အဆင့်ခြောက်နိုင်ငံတွေကို သူတို့ရဲ့ ဂြိုဟ်တွေအပေါ်မှာ အစစ်အမှန် ထိန်းချုပ်နိုင်စွမ်းတော့ ပေးစွမ်းနိုင်တာပဲ…”
“ငါက ဟင်္သာပြဒါးဂြိုဟ်ရဲ့ ဟင်္သာပြဒါးခေါင်းစီး ဖြစ်လာတုန်းက ငါက တိတ်တဆိတ် ဒီသလင်းကျောက်ကို တိတ်တဆိတ် ကဖျက်ကယက်လုပ်ပြီး ဒီဟာကို ချိပ်ပိတ်ခဲ့တယ်။ သလင်းကျောက်က ဂြိုဟ်ပေါ်မှာ ရှိတဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေကို စုပ်ယူနေတုန်း ဆိုပေမဲ့ ဒီသလင်းကျောက်တုံးကို ငါချိပ်ပိတ်ထားတာ မပျက်စီးသေးသ၍ အသုံးပြုလို့ မရနိုင်တော့ဘူး…။ ဒါ့ကြောင့်ပဲ ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးက ခုလို အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်နေရတာ…”
“ဟားဟား…ငါ့နောက်မျိုးဆက် ဟင်္သာပြဒါး ခေါင်းစီး အကုန်လုံးက ငါ့ကို ဒီကိစ္စကြောင့် မုန်းနေ ကြလိမ့်မယ်။ ဒါပေမဲ့ ငါက ဒီ သောက်သလင်းကျောက်ကို မကြိုက်ဘူးလေ…”
ဝမ်လင်း၏ စိတ်ဓာတ်အင်အားဖြင့်ပင် သူက သည်အကြောင်းကို ကြားလိုက်သည့်အခါ သူ့အသွင်က အလွန်ရုပ်ဆိုးသွားပြီး မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်သွား၏။
ဝမ်လင်းက အလေးအနက် လေသံဖြင့် မေးလိုက်သည်။ “ဒီတော့ ကျူးချွဲဇီက ဒီကျင့်ကြံခြင်း သလင်းကျောက်ကို ထိန်းချုပ်နိုင်သွားမယ် ဆိုရင် သူက ငါ့ကို သတ်ပစ်ဖို့ အတွေးတစ်ချက်ပဲ လိုတာပေါ့…”
စစ်ထူနန်က ပြောလိုက်သည်။ ဒီကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်နဲ့ ချိတ်ဆက်ထားတဲ့ ကျင့်ကြံခြင်း ဂြိုဟ်နှလုံးသားလို့ ခေါ်တဲ့ ပစ္စည်းတစ်ခုလည်း ရှိသေးတယ်။ ခုလက်ရှိ ဟင်္သာပြဒါး ဖြစ်တဲ့ ကျူးချွဲဇီက ဒီဟာကို ပိုင်ဆိုင်ထားတယ်။ သူက သူ့သက်တမ်း အချို့ကို အဆုံးရှုံးခံပြီး ဒီဟာကို အသက်သွင်းရင် ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က လူအားလုံးကို သတ်နိုင်အောင် သူ့ကို ခွင့်ပြုပေးလိမ့်မယ်…။ ဒီတော့ မင်းစိတ်ဝိညာဉ်က ဒီသလင်းကျောက်ထဲမှာ ရှိနေခဲ့ရင် ဒီဂြိုဟ်က ထွက်သွားတဲ့အခါ အေးဆေးတဲ့ အနာဂတ်တစ်ခု ရှိချင်ရင်တော့ ဒီသလင်းကျောက်ထဲမှာ စုပ်ယူခံထားရတဲ့ မင်းစိတ်ဝိညာဉ် အပိုင်းအစကို ပြန်ထုတ်ယူဖို့ လိုလိမ့်မယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဒီတော့ ငါသိထားတဲ့ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ဂျိနယ်ပယ်ကို အဆင့်မြှင့်တင် ပေးနိုင်တယ် ဆိုတာ မှားနေတာလား…”
“ဒီကိစ္စက ပြောဖို့တော့ ခက်တယ်။ ဘာလို့လည်းဆိုတော့ ငါက ဂျိနယ်ပယ်ကို လေ့လာခဲ့တာ မရှိလို့ပဲ။ ကောင်းပြီ…ဒီအကြောင်းကို ငါကျင့်ကြံမှု အဆင့် ပြန်ကောင်းလာမှ ပြောကြတာပေါ့။ ဝမ်လင်း မင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး စိတ်ပူစရာ မလိုဘူး။ အခု ငါ ဒီမှာ ရှိနေပြီပဲ…”
ဝမ်လင်းက မတ်တပ်ရပ်နေဆဲပင်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးများက အေးစက်လာခဲ့၏။
“ငါ့အသက်ကို တခြားလူ တစ်ယောက်ရဲ့ လက်ထဲမှာ ဘယ်လိုလုပ်ထားနိုင်ပါ့မလဲ…”
“စွန့်ပစ်ခံမသေမျိုးကလန်က ဟင်္သာပြဒါးနိုင်ငံကို တိုက်ခိုက်လာတဲ့ အခါမှာ ကျင့်ကြံခြင်း နိုင်ငံများစွာက သစ္စာဖောက်ကြာတာ အံ့ဩစရာ မရှိတော့ဘူးပဲ။ ကျူးချွဲဇီက အဆင့်ငါးနိုင်ငံကနေ အဆင့်ခြောက်နိုင်ငံ ဖြစ်လာနိုင်တဲ့ နိုင်ငံတွေကို ဦးချိုးပစ်ချင်တာက အံ့အောစရာ မရှိတော့ဘူးပဲ။ ဒီတော့ ဒါက နောက်ကွယ်က အကြောင်းရင်း အားလုံးပေါ့…”
“ကျူးချွဲဇီကသာ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ထိန်းချုပ်နိုင်နေမယ် ဆိုရင် အခြေအနေတွေက ခုလို ဖြစ်လာမှာ မဟုတ်ဘူး။ စွန့်ပစ်ခံ မသေမျိုး ကလန်ကလည်း အန္တရာယ်ထဲ ရောက်သွားလိမ့်မယ်…”
“ကျူးချွဲဇီကသာ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ထိန်းချုပ်နိုင်မယ် ဆိုရင် သူက စီနီယာ သွန်းထျန်စီကနေ စိတ်ဝိညာဉ် ဆယ်သန်းအလံကို ခုချိန်ထို စောင့်နေစရာ မလိုဘဲ လွယ်လွယ်လေးနဲ့ ရသွားမှာပဲ…”
“ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်…။ နန်ဒူက အကြောင်းမရှိဘဲနဲ့တော့ ငါ့ကို လိမ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အတိတ်တုန်းက သူ့လေသံကလည်း သိပ်သေချာမှု မရှိသလိုပဲ…”
ထို့နောက် ဝမ်လင်း၏ ပုံရိပ်သည် မြောက်ဘက် မီးတောက်ငယ် နယ်မြေကနေ ပျောက်ကွယ် သွားတော့၏။
“ခုချိန်မှာ ငါအရေးကြီးဆုံး လုပ်ရမဲ့ အရာက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရအောင်လုပ်ပြီး ငါ့စိတ်ဝိညာဉ် အပိုင်းအစကို ပြန်ထုတ်ယူဖို့ပဲ။ အဲ့နောက်မှာ ငါက ဒီဂြိုဟ်ကနေ ထွက်ပြီး ထျန်ယွမ်ဂြိုဟ်ရဲ့ ရှေ့ဖြစ်ဟောသူ (ထျန်ယွမ်ဇီ) ကို သွားရှာရမယ်။ ခုလက်ရှိ ဟင်္သာပြဒါးဂြိုဟ်က အရမ်းရှုပ်ထွေးတာနဲ့ဆိုရင် ကျင့်ကြံဖို့ မသင့်တော်တော့ဘူး…”
“ဒါပေမဲ့ ငါက ထွက်မသွားခင်မှာ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမယ်။ စိတ်ဝိညာဉ် ဆယ်သန်း အလံကလည်း ခုချိန်မှာ အားနည်းနေတယ်။ ဒါ့ကြောင့် ငါက ပြင်ပတိုက်ပွဲ နယ်မြေကို သွားပြီး လေလွင့်ဝိညာဉ်တွေကို ဖမ်းရမယ်၊ ပြီးရင် ဒီလေလွင့်ဝိညာဉ်တွေကို အသုံးပြုပြီး စိတ်ဝိညာဉ်အလံကို ပြန်ကောင်းမွန်စေလား စမ်းသပ် ကြည့်ရမယ်။ ဒီလိုသာ လုပ်လို့ရမယ် ဆိုရင်တော့ ငါက ဝိညာဉ်ဝါးမျိုသူ အချို့ကို ဖမ်းပြီး အလံရဲ့ မူလစိတ်ဝိညာဉ် အဖြစ် အသုံးပြုလို့ ရပြီ။ ငါက ဒီလိုလုပ်နိုင်ခဲ့ရင် စိတ်ဝိညာဉ် ဆယ်သန်းအလံရဲ့ စွမ်းအားကလည်း ပြန်ကောင်းမွန် လာမှာပဲ…”
“အဲ့ဒါအပြင်…ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးရဲ့ သွေးပုလင်းလည်း ရှိသေးတယ်။ ဒီပုလင်းက ခုထိ ဂြိုဟ်သေး ပေါ်မှာပဲ ရှိနေသေးတဲ့ ငါ့ မူလခန္ဓာကိုယ်အတွက် အလွန်ပဲ အရေးကြီးတယ်။ ဒီသွေးက မူလခန္ဓာကိုယ်ကို ရှေးဟောင်း နတ်ဘုရားတွေရဲ့ နည်းစနစ်ကို အသုံးပြုနိုင်အောင် လုပ်ပေးလိမ့်မယ်။ ကျောက်နိုင်ငံရဲ့ အလောင်းကောင်ကလန် မြေအောက်မှာ ငါ့ကို အကူအညီ တောင်းခဲ့တဲ့လူက ဘီလူးနတ်ဆိုးကလန်ရဲ့ တည်ထောင်သူ ဘိုးဘေးပဲ ဖြစ်ရမယ်။ ငါက အဲ့နေရာကို သွားပြီး ငါ့အတွက် သွေးတွေ ပိုရနိုင်လား သွားကြည့်ရဦးမယ်…”
“ကံမကောင်းစွာနဲ့ မူလခန္ဓာကိုယ် ကြယ်လေးလုံး အဆင့်ကို ရောက်ဖို့ လိုအပ်တဲ့ စိတ်ဝိညာဉ် စွမ်းအင် ပမာဏက နှိုင်းဆလို့ မရအောင် ဖြစ်နေတာပဲ။ ငါက အလွန်ရဖို့ခက်တဲ့ အရွယ်ရောက်ပြီး ရှေးဟောင်း နတ်ဘုရား တစ်ယောက်ရဲ့ အော်ရာလည်း လိုအပ်နေသေးတယ်…”
“ငါ့ မူလခန္ဓာကိုယ်ကသာ အဆင့်ချိုးဖျက်နိုင်ရင် ငါဆက်ခံထားတဲ့ အမွေအနှစ် မှတ်ဉာဏ်တွေ အရတော့ ဒီခန္ဓာကိုယ်က အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့တောင် ယှဉ်နိုင်လိမ့်မယ်လို ဆိုထားတယ်…”
ရှေးဟောင်း နတ်ဘုရား နယ်မြေမှာ ရှိနေသေးတဲ့ တာ့ဆန်ကလည်း တကယ့် ပြသနာတစ်ခုပဲ။ သူသာ ရှေးဟောင်း နတ်ဘုရား နယ်မြေကနေ ထွက်လာနိုင်ရင် အရင်ဆုံးလုပ်မှာက ငါ့ကို လာရှာတာပဲ။ ငါ့ခုလက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ငါ့မူလခန္ဓာကိုယ်နဲ့ ပေါင်းစပ် လိုက်ရင်တောင် ထူစန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ စစ်ထူနန်က ကူညီပေးမယ် ဆိုရင်တောင် ရလဒ်ကတော့ တူတူပဲ ဖြစ်နေလိမ့်မယ်…”
“တကယ်တော့ တာ့ဆန်ကလည်း ထူစီရဲ့ ခွန်အားကို အမွေဆက်ခံထားတဲ့သူ ဖြစ်တယ်။ ထူစီက သူ့အထွတ်အထိပ် ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား ဖြစ်ခဲ့ချိန်တုန်းက ဆိုရင် ဂြိုဟ်တစ်ခုကို သူ့လက်ဝါး တစ်ချက်ဖြင့် ဖျက်စီးနိုင်စွမ်း ရှိခဲ့တဲ့လူ ဖြစ်တယ်…” ဝမ်လင်းက မျက်မှောင် ကြုတ်မိနေ၏။ တာ့ဆန်က အမြဲတမ်း သူ့နှလုံးသားထဲတွင် စူး တစ်ချောင်းလို ဖြစ်နေခဲ့သည်။ သူက ဟင်္သာပြဒါး ဂြိုဟ်ကနေ အမြန်ဆုံး ထွက်သွားချင်သည့် အကြောင်းရင်း များထဲက တစ်ခုက တာ့ဆန်က တစ်ကြောင်းအပါအဝင် ဖြစ်တယ်…”
“ငါ ချူနိုင်ငံကို ပြန်ပြီး ကျိုးယုကို အိမ်ပြန်ပို့ရမယ်…” ဝမ်လင်းက ချူနိုင်ငံရှိရာသို့ လှမ်းကြည့်လိုက်သည်။
လမ်းတစ်လျှောက်တွင် ကောင်းကင်တစ်ခုလုံးက အနက်ရောင် တိမ်များနှင့်သာ ဖုံးလွှမ်း နေ၏။ သည်အနက်ရောင် တိမ်များထဲ၌ စွန်ပစ်ခံ မသေမျိုး ကလန်များနှင့် ပြည့်လို့နေခဲ့သည်။ သူတို့က အနက်ရောင် တိမ်များကို အသုံးပြု၍ ဟင်္သာပြဒါး ကုန်းမြေရှိရာသို့ လျင်မြန်စွာ ပျံသန်းနေကြ၏။
ဝမ်လင်းက သည်စွန့်ပစ်ခံ ကလန်မျိုး အဖွဲ့ဝင်များကို ပိုပြီးတွေ့လေလေ ပိုသုန်မှုန်မိလေ ဖြစ်နေသည်။ သူက ကျူးချွဲဇီကို မုန်းတီးသော်လည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။ လမ်းတစ်လျှောက်တွင် သူက မရေမတွက်နိုင်သော စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်များကို သတ်ဖြတ် ပစ်ခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် သူတို့က များပြား လွန်းနေသည်။ထို့ကြောင့် ဝမ်လင်းက သတ်ဖြတ်ခြင်း မပြုတော့ဘဲ သူ့ကိုသူ ဖုံးကွယ်၍ ချူနိုင်ငံ ရှိရာသို့ ပျံသန်းနေသည်။
အဆင့်သုံး နိုင်ငံအားလုံး နီးပါကးက စွန့်ပစ်ခံ မသေမျိုးကလန်၏ ထိန်းချုပ်မှုအော်တွင် ပျက်စီးရင် ပျက်စီး မဟုတ်ရင် အညံ့ခံလိုက်ကြ၏။
စွန့်ပစ်ခံမသေမျိုးကလန်အဖွဲ့ဝင်များအားလုံးက ဟင်္သာပြဒါးနိုင်ငံနှင့် ဒုတိယကြိမ်မြောက် တိုက်ပွဲ စတင်ရန် ဟင်္သာပြဒါးကုန်းမြေသို့ သွားနေကြ၏။
ဟင်္သာပြဒါးကုန်းမြေသို့ သွားနေကြစဉ်အတွင်း စွန့်ပစ်ခံ မသေမျိုးကလန်က လမ်းတစ်လျှောက် လူများကို သတ်ဖြတ်သွားကြသည်။
ဂြိုဟ်တစ်ခုလုံးက သွေးလွှမ်းနေတော့သည်။
ဟင်္သာပြဒါးနိုင်ငံရှိ ကျင့်ကြံသူများကလည်း ပိုပို၍ ပျောက်ကွယ် လာကြသည်။ အနက်ရောင် တိမ်များက ကောင်းကင်ထက်၌ တစ်ချိန်လုံး ရှိနေတော့မည့် အလား ထင်မှတ်ရ၏။
စွန့်ပစ်ခံ မသေမျိုးကလန်က အခုလို တိုက်ခိုက်နိုင်ရန် နှစ်ထောင်ပေါင်းများစွာ ပြင်ဆင်ထားခဲ့ပြီး အင်းပြည့်အားပြည့် ပေါက်ကွဲ တိုက်ခိုက်လာခြင်း ဖြစ်နေတော့သည်။
ဟင်္သာပြဒါးနိုင်ငံက ချက်ချင်းပင် သူတို့၏ တန်ပြန် တိုက်ခိုက်မှုကို စတင်ခဲ့တော့သည်။ ချန်းဖန်က သည်တိုက်ပွဲတွင် အဓိကညွှန်းဆိုရမည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ ထို့ကြောင့် ကျင့်ကြံသူများက သူ့အမိန့်ကို နာခံကြရသည်။
ကျင့်ကြံသူများစွာက စွန့်ပစ်ခံ မသေမျိုးကလန်နှင့် တိုက်ခိုက်ရန် နေရာအသီးသီးသို့ စေလွှတ်ခြင်း ခံရသည်။
အဆင့်ငါးနိုင်ငံတိုင်းက တိုက်ပွဲကွင်းပြင် ဖြစ်လာခဲ့သည်။ ဂြိုဟ်တစ်ခုလုံး တုန်ခါနေပြီး သည်စစ်ကြောင့် ပြိုပျက်လုနီးပါး ဖြစ်နေတော့၏။
သို့သော် ဟင်္သာပြဒါးနိုင်ငံက ခုခံနိုင်ရန် အတွက် လုံလောက် အောင်သန်မာခြင်း မရှိဘဲ နောက်သို့ ပြန်ပြန် ဆုတ်ခဲ့ရသည်။သည်တိုက်ပွဲအတွင်း နေ့စဉ်နေ့တိုင်း ကျင့်ကြံသူများစွာ သေဆုံး နေကြရ၏။
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများ ကြား၌ တုန်လှုပ်ဖွယ် သတင်းတစ်ခု ပျံ့နှံ့လာခဲ့၏။
မှင်ရေ အဆင့်ငါးနိုင်ငံရှိ ကလန်များ အားလုံးက တခြားတစ်ဖက်သို့ ကူးပြောင်းခဲ့သည်။ နောက်ထပ် အဆင့်ငါးနိုင်ငံ စန္ဒကလန်သည်လည်း တစ်ခြားဖက်သို့ ကူးပြောင်းခဲ့သည်ပင်။ အဆင့်ငါးနိုင်ငံ ချင်ကလည်း ကူးပြောင်း ခဲ့ပြန်သည်။
အဆင့်ငါးနိုင်ငံများ၏ သစ္စာဖောက်မှုက ပြန်ဆုတ်နေသော ဟင်္သာပြဒါးနိုင်ငံကို လက်သီးပုန်းဖြင့် ထိုးသည့်အလားပင်။
တဖြည်းဖြည်းဖြင့် ဟင်္သာပြဒါးနိုင်ငံက သူတို့၏ခုခံမှုကို ဟင်္သာပြဒါး ကုန်းမြေ ရှိရာသို့ ပြန်ဆုတ် လာခဲ့ရသည်။
သည့်အပြင် နောက်ထပ် အတုန်လှုပ်ဆုံး သတင်းတစ်ခုက ပျံ့နှံ့လာပြန်သည်။ သည်သတင်းကတော့ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သည်မျိုးဆက် ဟင်္သာပြဒါး၏ညီ၊ ဟင်္သာပြဒါး ခေါင်းစီးအတွက် ကျူးချွဲဇီနှင့် ယှဉ်ပြိုင်ခဲ့သူ ယွမ်ချွဲဇီကလည်း ပေါ်လာခဲ့သည်။
ရုတ်တရပ် သူက ကျူးချွဲဇီက နောက်ဆုတ်နေသည့် တိုက်ပွဲတစ်ခုတွင် ပေါ်လာခဲ့ပြီး သူက ကျူးချွဲဇီကို အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်း ဆိုသည့် အကြောင်းပင်။ ထို့ကြောင့်လည်း ကျူးချွဲဇီက ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ပေ၏။
ယွမ်ချွဲဇီ၏ တကယ့်ပုံရိပ်က စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးနှစ် ဖြစ်နေခြင်းပင်။
ဝမ်လင်းက ချူနိုင်ငံကို ပြန်လာတုန်းက သည်သတင်းကို ကြားမိလိုက်သည်။ သူ့စိတ်ထဲ၌ တုန်လှုပ် သွားမှုက ဖော်ပြ၍ပင် မရတော့ချေ။
သူက သည်ယွမ်ချွဲဇီက သူ့ကို လာရှာလိမ့်မည်ဟု ထင်နေမိ၏။
သို့ရာတွင် လူတစ်ယောက်က ယွမ်ချွဲဇီမတွေ့ခင် သူနှင့် အရင်လာတွေ့ခဲ့သည်။ တစ်နေ့တွင် ဝမ်လင်းက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို ဖွင့်လှစ်ရန် ဟန်ပြင်နေ၏။ သူ့ပန်းတိုင်က ချူနိုင်ငံပင်။
သူက အစီအရင်ထဲသို့ လျှောက်လှမ်းဝင်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ ကောက်ရိုး ဦးထုပ်ဆောင်း ထားသည့် လူဝကြီးတစ်ယောက်က တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
“အကိုဝမ်….ငါတို့ မတွေ့တာ နှစ်တွေအရမ်းကြာနေပြီ။ မင်း ငါ့ကို မှတ်မိသေးရဲ့လား…” သည်လူဝကြီးက ဝမ်လင်းရှေ့ဆယ်ပေအကွာတွင် ရပ်၍ သူ့ကောက်ရိုး ဦးထုပ်ကို ချွတ်ယူလိုက်သည်။
ဟင်္သာပြဒါးကုန်းမြေ၏ အရှေ့ဘက်ခြမ်း၌ ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၏ အာဏာတက်ခြင်း အဆင့်ဘိုးဘေး အသွင်က အလွန်ရုပ်စိုးလို့နေသည်။ သူက အစောပိုင်းတုန်းက စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးစိတ်ဝိညာဉ်လှိုင်းကို ထိမှန်ခ့ရပြီး ရရှိခဲ့သော ဒဏ်ရာများကို ဖိနှိပ်၍ အတင်းပြန်ထွက် လာခဲ့ရခြင်း ဖြစ်သည်။ထို့နောက် စွန့်ပစ်ခံ မသေမျိုးကလန်၏ တိုက်ပွဲက စတင်လေတော့သည်။ ထို့ကြောင့်လည်း သူက အနားယူရန် အချိန်မရှိဘဲ တိုက်ပွဲကွင်းပြင်သို့ ပြန်သွား ရပြန်သည်။
လွန်ခဲ့သော သုံးရက်က တိုက်ပွဲတွင် ဘိုးဘေးငါးက နောက်တစ်ဖန် ပေါ်လာခဲ့၏။ သူတို့နှစ်ယောက်၏ တိုက်ပွဲအတွင်း သူ့ဒဏ်ရာများက ပိုဆိုးလာခဲ့သည်။ ထို့ကြောင့် သူက အတင်းထွက်ပြေး ခဲ့ရပြန်၏။ သူက ကောင်းကင်ဘုံ ကျောက်စိမ်း ကလန်သို့ ဦးတည် ပျံသန်းလာခဲ့သည်။ အကြောင်းကတော့ သူက သူ့ဒဏ်ရာများကို ကုသရန်ဖြစ်ပြီး ကျူးချွဲဇီကို ကူညီနိုင်တော့မည် မဟုတ်သောကြောင့်ပင်။
“ဒီစစ်ပွဲက ဒီထက်ပိုဆိုးလာရင် ငါက ဒီဂြိုဟ်က ထွက်သွား ရလိမ့်မယ်….။ ငါ့ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဘယ်ဂြိုဟ်မှာပဲ ဖြစ်ဖြစ် စွမ်းအားထောက်တိုင် ဖြစ်နေမှာပဲ…”
ကောင်းကင်ဘုံကျောက်စိမ်းကလန်က သူ့မြင်ကွင်းထဲတွင် ပေါ်လာသည့်အခါ ချူယွမ်ဖန်က ရုတ်တရပ် ရပ်တန့်၍ အကွာအဝေးတစ်ခုသို့ ကြည့်လိုက်သည်။
မိုးကုပ်စက်ဝိုင်းကနေ လူတစ်ယောက် လှမ်းလျှောက်၍ လာနေ၏။ သည်လူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အိုမင်းကာ ရှေးဆန်သော အော်ရာကို ပေးစွမ်းနေသည်။ သူ့ထံကနေ အားကောင်းသော ဖိအားကိုလည်း ခံစားရသည်။ သူက ချူယွမ်ဖန်နှင့် ပေနှစ်ဆယ် အကွာတွင် ရပ်တန့်၍ သူ့ကို စူးစိုက်ကြည့်နေသည်။
“အကိုချူ…ငါတို့မတွေ့တာ နှစ်တွေကြာနေပြီ….အကုန်လုံး အဆင်ပြေရဲ့လား…”
ချူယွမ်ဖန်မျက်လုံးက အလေးအနက် ဖြစ်သွားပြီး သူ့ရှေ့ကလူကို ကြည့်ကာ ပြောလိုက်သည်။ “ယွမ်ချွဲဇီ…”
အနီရောင်ဝတ်စုံနှင့်အဘိုးအိုက ခေါင်းမော့ကာ သက်ပြင်းချ၍ ပြောလိုက်သည်။ “ကြည့်ရတာ အကိုချူက ငါ့ကို မမေ့သေးဘူးနဲ့ တူတယ်။ ထားလိုက်ပါ… အစ်ကိုချူ… ဒီတစ်ကြိမ်ငါလာတာက မင်းကို ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားဖို့ အကြံဉာဏ် တချို့ ပေးမလို့ပဲ…”
ခုလက်ရှိ ယွမ်ချွဲဇီက အစတုန်းကလို ညစ်ပတ်ပေစုတ်နေသည့် အသွင် မရှိတော့ချေ။
ဘာသာပြန်သူ မှတ်ချက်…။ မူရင်းစာရေးသူက ထျန်ယွမ်ဂြိုဟ်ရဲ့ ထျန်ယွမ်ဇီကို ရှေ့ဖြစ်ဟောသူလို့ နာမည် ပြန်ပြောင်း ခဲ့ပါတယ်။ ဒီထျန်ယွမ်ဇီဆိုတဲ့ လူက ဝမ်လင်းကို သူ့ဂြိုဟ် ရောက်လာရင် နှစ်တစ်ရာကြာ တပည့်အဖြစ် လက်ခံမယ်လို့ ပြောခဲ့တဲ့လူ ဖြစ်တယ်…။
***