သွန်းထျန်က ပြောလိုက်၏။ သူ့အသံထဲ၌ မောက်မာမှုများ ပါရှိနေသည်။ ဒါက ငါတို့စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်ရဲ့ စိတ်ဝိညာဉ် ဆယ်သန်းအလံရဲ့ စွမ်းအားပဲ…။ မင်း ဘယ်လိုထင်လဲ…
ဝမ်လင်းက ပြန်ဖြေလိုက်သည်။ “ အလွန်စွမ်းအား ကောင်းတယ်…”
သွန်းထျန်က ရယ်မောကာ ပြောလိုက်သည်။ “ဒါက စိတ်ဝိညာ ဉ်အလံရဲ့ အစွမ်းကုန် ကောင်းမွန်ထဲ့ နည်းလမ်း မဟုတ်သေးဘူး…။ ဥပမာ ပြောရရင် ခြောက်ခုမြောက် မျိုးဆက်ရဲ့ ဘိုးဘေးက အစီအရင်တွေနဲ့ပတ်သက်ပြီး တော်တဲ့လူတစ်ယောက် ဖြစ်တယ်။ ဒါကြောင့် သူက ဒီအလံကို အသုံးပြုပြီး အစီအရင် အများကြီး ဖန်တီးနိုင်ခဲ့တယ်…”
သွန်းထျန်က ဖီးလုနိုင်ငံသို့ တစ်ဟုန်ထိုး ပြန်နေရင်း သူက ဝမ်လင်းကို စိတ်ဝိညာဉ် ဆယ်သန်းအလံနှင့် ပတ်သက်၍ ပြောပြနေခြင်း ဖြစ်သည်။ မျိုးဆက် ဆယ်ဆက်မြောက် ဘိုးဘေရဲ့ နယ်ပယ်ကျတော့ ဝါးမြိုခြင်း ဖြစ်တယ်။ “ဒါ့ကြောင့် သူက ဒီစိတ်ဝိညာဉ်အလံကို အသုံးပြုပြီး သူ့ထက်သန်မာတဲ့ ရန်သူတွေကိုတောင် ဝါးမြိုနိုင်ခဲ့တယ်…”
“ဒါပေမဲ့ စိတ်ဝိညာဉ်အလံကို ပေါင်းစပ်နိုင်တဲ့ အရည်အချင်းကတော့ အမြဲလိုအပ်တယ်။ စောနက မင်းမြင်လိုက်တဲ့ အာဏာတက်ခြင်း အဆင့် စိတ်ဝိညာဉ်က ပေါင်းစပ်ထားပြီး ဖြစ်ပေါ်လာတာပဲ။ ဒီအာဏာ တက်ခြင်းအဆင့် စိတ်ဝိညာဉ်က အမြဲမတည်ရှိ နိုင်ပေမဲ့ အမွှေးတိုင် တစ်တိုင်စာ ကြာချိန်လောက်တော့ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ကို ယှဉ်တိုက်နိုင်တယ်…”
ဒါပေမဲ့ ဒါတွေအားလုံးက စိတ်ဝိညာဉ်အလံရဲ့ အစစ်အမှန်ဝှက်ဖဲ မဟုတ်သေးဘူး။ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူတွေကို တကယ် ကြောက်လန့်စေတာက လေးခုမြောက် မူလစိတ်ဝိညာဉ်ပဲ။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့အချိန်ထိ လေးခုမြောက် စိတ်ဝိညာဉ်က တစ်ကြိမ်ပဲ ပေါ်လာခဲ့ဖူးသေးတယ်။ ဒီအဖြစ်အပျက်ကတော့ ငါတို့ကလန်ရဲ့ အရင်တုန်းက ရှိခဲ့တဲ့ အာဏာတက်ခြင်း အဆင့်အစောပိုင်း ကျင့်ကြံသူက ဟင်္သာပြဒါးနိုင်ငံရဲ့ ဒုတိယ မျိုးဆက် ဟင်္သာပြဒါးခေါင်းစီးနဲ့ ပူးပေါင်းပြီး အခြားဂြိုဟ်တွေကနေ ကျူးကျော်လာတဲ့ အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်ကို အတူ တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက ဖြစ်တယ်။
ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို လုယူခြင်းအပြင် သွန်းထျန်ဝမ်လင်းကို ခေါ်၍ အခုလို ထွက်လာခဲ့ရခြင်းက ဝမ်လင်းကို စိတ်ဝိညာဉ် ဆယ်သန်းအလံနှင့် ပတ်သက်၍ သင်ကြားပေးရန်လည်း တစ်ကြောင်း အပါအဝင် ဖြစ်ခဲ့သည်။ ထိုမှသာ ခုကစပြီး နောက်နှစ်နှစ်လောက် ကြာသည့် အချိန်တွင် ဝမ်လင်းက သည်အလံကို ကောင်းကောင်း ထိန်းချုပ်နိုင်မည် ဖြစ်၏။
သွန်းထျန်က ဝမ်လင်းကို မည်သည့်အရာမှ လျှိုထားခြင်း မရှိခဲ့ချေ။ သူက ဝမ်လင်းအပေါ်၌ အစစ်အမှန် တိုက်ရိုက် တပည့်ကဲ့သို့ ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။
သည်စိတ်ဝိညာဉ် အလံ၏ လျှို့ဝှက်ချက်က ပုံမှန်ဆိုလျှင် ဆရာက တပည့်ကိုသာ လက်ဆင့်ကမ်း ပေးသည့် အချင်းအရာတစ်ခု ဖြစ်လေ၏။ သွန်းထျန်နှင့် ဝမ်လင်းတို့က ဆရာတပည့် မဟုတ်ကြသော်လည်း သူတို့ဆက်ဆံရေးက ထိုကဲ့သို့ အလားတူ ဖြစ်နေခဲ့သည်။
ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်သွားပြီး သူကမေးလိုက်သည်။ “ဒုတိယဟင်္သာ ပြဒါးမျိုးဆက် ခေါင်းစီးနဲ့ အတူပူးပေါင်းခဲ့တာလား…”
သွန်းထျန်က ခေါင်းညိတ်ပြသည်။ “စွန့်ပစ်ခံ မသေမျိုးကလန်ကို အနိုင်ယူပြီးတဲ့ နောက်မှာ ဟင်္သာပြဒါးဂြိုဟ်ရဲ့ ပထမမျိုးဆက် ခေါင်းစီးက အခြားအာဏာ တက်ခြင်း နောက်ဆုံး အဆင့်တွေနဲ့ အတူတူ ပူးပေါင်းပြီး သူ့ကိုယ်သူ စတေးကာ စွန့်ပစ်ခံ မသေမျိုးကလန်ကို ချိပ်ပိတ် ခဲ့ကြတယ်။ အဲ့နောက်မှာ သူက တစ်စုံတစ်ယောက်ကို ဟင်္သာပြဒါး နိုင်ငံမရဲ့ ဒုတိယမျိုးဆက် ခေါင်းစီးအဖြစ် သတ်မှတ်ခဲ့တယ်…”
“ဒီလူက အလွန်ပဲ ပါရမီရှိပြီး ထူးချွန်တဲ့လူ ဖြစ်တဲ့အပြင် သူက နောက်ထပ် ဖြစ်လာမယ့် ဟင်္သာပြဒါးနိုင်ငံ ခေါင်းစီးမျိုးဆက်တွေနဲ့လည်း ခြားနားတယ်။ သူက သူအုပ်ချုပ်ခဲ့တဲ့ နှစ်တစ်ထောင် အချိန်တိုလေး အတွင်းမှာ ဘယ်အဆင့်ငါးနိုင်ငံကိုမှ ဖိနှိပ်ထားခြင်း မရှိခဲ့ဘူး။ သူက နောက်မျိုးဆက် ဟင်္သာပြဒါး နိုင်ငံခေါင်းစီးတွေ ထက်လည်း ပိုမြင့်တဲ့ ကျင့်ကြံခြင်း အဆင့်ရှိတယ်။ သူက အာဏာတက်ခြင်းအဆင့်နယ်ပယ်ထက် နောက်တစ်ဆင့် ဖြစ်တဲ့နယ်ပယ်ကိုတောင် ခြေတစ်ဝက် နင်းထားနိုင်ခဲ့လူလည်း ဖြစ်တယ်…”
“ဒီလူက ဟင်္သာပြဒါးဂြိုဟ်ရဲ့ သမိုင်းတစ်လျှောက်မှာ နံပါတ်တစ်ကျင့် ကြံသူဆိုတာ သံသယ ရှိစရာမလိုဘူး…”
သည်စကားကို ကြားသည့်အခါ ဝမ်လင်းနှလုံးသားက တုန်ခါသွားမိသည်။ သူက သည်လို စကားမျိုးကို စစ်ထူနန်က အမြဲပြောခဲ့ဖူးသည်ကို တွေးလိုက်မိသည်။ စစ်ထူနန်က သူ့ကိုသူ ဟင်္သာပြဒါးဂြိုဟ်၏ နံပါတ်တစ် ကျင့်ကြံသူဟု အမြဲ ပြောဆိုနေခဲ့သည် မဟုတ်လား…။
“သူ့နာမည်က ဘာလဲ…” ဝမ်လင်းက မေးလိုက်၏။
“သွန်းထျန်က ခေါင်းရမ်းလိုက်သည်။ ဒါက သူ့နာမည်ကို မှတ်မိဖို့က အချိန်တွေ အရမ်းကြာလွန်းခဲ့ပြီ။ ငါတို့မှတ်မိတာဆိုလို့ သူက ဟင်္သာပြဒါးနိုင်ငံရဲ့ ဒုတိယမျိုးဆက် ခေါင်းဆောင် ဆိုတာပဲ။ အခုလက်ရှိ ဟင်္သာပြဒါး နိုင်ငံခေါင်းစီးကတော့ သူ့နာမည်ကို သိနိုင်လောက်တယ်…”
ဝမ်လင်းက ဆက်မေးလိုက်ပြန်သည်။ “သူက ဘယ်လိုမျိုး အဆုံးသပ် သွားခဲ့တာလဲ…”
သွန်းထျန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သူ့အကြောင်းက ရေရေရာရာ မသိကြဘူး…” သွန်းထျန်က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “ကောလာဟလ ပြောကြတာ ကတော့ သူက ဒီကျူးကျော်သူ ကျင့်ကြံသူတွေနဲ့ တိုက်ပွဲက စွန့်ပစ်ခံ မသေမျိုး ကလန်ရဲ့ ဘိုးဘေးရဲ့ စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲထက် နည်းနည်းလေးမှ မလျော့ကျခဲ့ဖူးတဲ့။ အဆုံးသပ်မှာတော့ ငါတို့ စိတ်ဝိညာဉ်သန့်စင်ခြင်းလကန်ရဲ့ ဘိုးဘေးက ပြိုင်ဘက် တစ်ယောက် မဖြစ်ခဲ့ဘူး။ တကယ်တာ့ သူက အာဏာတက်ခြင်း အဆင့် အစောပိုင်းကျင့်ကြံသူ တစ်ယောက်ပဲ မဟုတ်လား။ သူက အလံရဲ့ လေးခုမြောက် မူလစိတ်ဝိညာဉ်ကို အသုံးပြုပြီး အသက်ရှင်နိုင်ခဲ့တဲ့ အပြင် ကျူးကျော်သူ ကျင့်ကြံသူ တစ်ယောက်ကိုတောင် သတ်နိုင်ခဲ့သေးတယ်။ ဒါပေမဲ့ လေးခုမြောက် စိတ်ဝိညာဉ်လည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီး အဲ့အချိန်တည်းက အိပ်ပျော်သွားခဲ့တာပဲ။ ငါ့အထင်တော့ ဒီလေးခုမြောက် စိတ်ဝိညာဉ်က ခုချိန်မှာ လုံးဝ ပြန်ကောင်းမွန်နေသင့်ပြီ…”
“ဒီတိုက်ပွဲမှာ သူတို့နှစ်ယောက်က အနိုင်ရခဲ့ပေမဲ့ ဒုတိယမျိုးဆက် ဟင်္သာပြဒါး ခေါင်းစီးက အခြားဂြိုဟ်တွေက ကျင့်ကြံသူတွေရဲ့ အမဲလိုက်ခြင်းကို ခံလိုက်ရပြီး သူလည်း ပျောက်ကွယ် သွားခဲ့တယ်…”
ဝမ်လင်းနှလုံးသားက တုန်ခါသွားသည်။ ဝမ်လင်းက စစ်ထူနန်သည် သူက ကျူးကျော်သူ ကျင့်ကြံသူအချို့နှင့် တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ဖူးသည်ကို ပြန်မှတ်မိလိုက်သည်။
ထိုအတိတ်တုန်းက တိုက်ပွဲ၌ စစ်ထူနန်၏ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့၏။ သို့သော် သူ့စဦး စိတ်ဝိညာဉ်ကတော့ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်ခဲ့ပြီး သူက အသက်ရှင် နိုင်ခဲ့သည်။ စစ်ထူနန်က သည်လိုမျိုး ကြောက်မက်ဖွယ် ကောင်းလွန်းသည့် ကျူးကျော်သူ ကျင့်ကြံသူ မွန်းစတားများကို မုန်းတီးနေခဲ့သည်။
သွန်းထျန် ပြောပြသည့် ဇာတ်လမ်းအတိုင်းဆိုလျှင် ဟင်္သာပြဒါးနိုင်ငံ ဒုတိယ မျိုးဆက် ခေါင်းစီး၏ ကံကြမ္မာက စစ်ထူနန်နှင့် အတော်လေး တူညီနေခဲ့သည် မဟုတ်လား။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူက ခုလက်ရှိ ဟင်္သာပြဒါးနှင့် ပတ်သက်၍ မကျေလည်မှု ရန်ငြှိုးတစ်ခု ရှိနေသည်။ အကယ်၍ စစ်ထူကသာ နိုးလာခဲ့လျှင် သူက ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးကို ကူညီပေးနိုင်လောက်လား။
သွန်းထျန်က ဝမ်လင်းကို ကြည့်ကာ မေးလိုက်သည်။ “မင်း ဘာတွေ တွေးနေတာလဲ…”
ဝမ်လင်းက အနည်းငယ်စဉ်းစားကာ ဖြေလိုက်၏။ “စွန့်ပစ်ခံ မသေမျိုးကလန်နဲ့ ဟင်္သပြဒါးနိုင်ငံက ခုလက်ရှိမှာ စစ်ဖြစ်နေတာလေ။ ဟင်္သာပြဒါးနိုင်ငံရဲ့ ဒုတိယမျိုးဆက် ခေါင်းစီးက ခုထိ အသက်ရှင်နေဦးမယ်ဆိုရင် သူက ခုလက်ရှိ ဟင်္သာပြဒါးခေါင်းစီးကို ကူညီပေးလောက်လား…”
သွန်းထျန်က ရယ်မောကာ ခေါင်းရမ်း၍ ပြောလိုက်သည်။ “ဟင်္သာပြဒါးနိုင်ငံ ဒုတိယ မျိုးဆက် ခေါင်းဆောင်က အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ သူအသက်ရှင် နေခဲ့မယ် ဆိုရင်တောင် သူက ခုလက်ရှိ မျိုးဆက် ခေါင်းဆောင်ကို ကူညီပေးမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ သူတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှ မရှိလို့ပဲ။ ပြောကြတာကတော့ ဒုတိယမျိုးဆက် ဟင်္သာပြဒါး နိုင်ငံခေါင်းစီးက အလွန်မောက်မာတယ်တဲ့။ သူက ပထမမျိုးဆက် ခေါင်းစီး အပေါ်မှာသာ အကြွေးမတင်ခဲ့ရင် သူက ဒီဂြိုဟ်ကနေ ထွက်သွားပြီး သူ့ကိုယ်သူ ပိုတော်လာအောင် လုပ်ဖို့အတွက် နေရာအနှံ့ သွားနေလောက်ပြီ…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက တလက်လက် ဖြစ်နေပြီး သူက ထပ်မေးလိုက်ပြန်၏။ “ဟင်္သာပြဒါးခေါင်းစီးက မျိုးဆက်ဘယ်နှစ်ခုရှိပြီလဲ…”
သွန်းထျန်က နှခေါင်းရှုံ့ကာ ဖြေလိုက်သည်။ “ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးက ဆယ့်လေးဆက်မြောက် မျိုးဆက်ပဲ။ ပြီးတော့ သူက ငါအမုန်ဆုံးလူလည်း ဖြစ်တယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရုတ်တရက် ထပ်မေးလိုက်၏။ “စီနီယာ… စွန့်ပစ်ခံမသေမျိုး ကလန်ဘိုးဘေး စိတ်ဝိညာဉ်လို့ သင်စောနက ပြောခဲ့တယ်နော်…အဲစိတ်ဝိညာဉ်က ဘာကို ပြောတာလဲ…”
သွန်းထျန်က ခေါင်းရမ်းကာ ပြောလိုက်၏။ “ငါက ဒါကို ဒီ့အပြင် ဘာမှ မသိဘူး။ ငါက ကလန်ရဲ့ မှတ်တမ်းထဲမှာ မြင်ဖူးရုံလောက်ပဲ။ အတိတ်တုန်းက စွန့်ပစ်ခံ မသေမျိုးကလန်နဲ့ စစ်ပွဲကြီးမှာ သူတို့ကလန်ရဲ့ ဘိုးဘေး စိတ်ဝိညာဉ် ပေါ်လာခဲ့ပြီး အာဏာတက်ခြင်း ကျင့်ကြံသူ အဆင့်များစွာကို သတ်နိုင်ခဲ့တယ်။ ကဲကဲ…ကောင်းပြီ။ ငါတို့ ဒီအကြောင်းကို ဆက်မပြောတော့ဘူး။ ဟင်္သာပြဒါးကုန်းမြေက ပိတ်တော့မှာ။ ဒါကြောင့် မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မြန်မြန်ရောက်ဖို့ လိုနေပြီ…” ထိုသို့ပြောပြီးသည်နှင့် သွန်းထျန်က အမြန်နှုန်းမြှင့်လိုက်သည်။
သည်တိုတောင်းလှသောလလေးအတွင်း၌ သွန်းထျန်က ဝမ်လင်းက ဂြိုဟ်တစ်ဝက်နီးပါး ခေါ်သွားပြီး ခဲ့ပြီ ဖြစ်သည်။ အခု သူတို့ရှေ့၌ ဟင်္သာပြဒါးကုန်းမြေကို လှမ်း၍ မြင်နေရပြီ ဖြစ်၏။
သွန်းထျန်က ပြောလိုက်သည်။ “ကလန်ရဲ့ ဘိုးဘေးက ကျူးကျော်သူ ကျင့်ကြံသူ လေးယောက်ထဲက နာမည်တစ်ခုကို မှတ်တမ်း တင်ထားနိုင်ခဲ့တယ်။ ဒီလူက ဒြပ်စင်ငါးခု ဂြိုဟ်ကလာတဲ့ နန်ဒူ ဆိုတဲ့လူပဲ…။ ငါတို့ ကလန်ကို ပြန်ရောက်ရင် မင်းကို ဒီမှတ်တမ်း တင်ထားတဲ့ ကျောက်စိမ်းပြားတွေ ပေးမယ်…”
“နန်ဒူ…” ဝမ်လင်း ခန္ဓာကိုယ်က တုန်ခါသွား၏။
“ဘာမှားလို့လဲ…” သွန်းထျန်က ဝမ်လင်းထံသို့ လှည့်၍ သူ့ကို ကြည့်သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်း လိုက်ပြီး ပြောလိုက်၏။ “ငါက ဒီနန်ဒူဆိုတဲ့ လူနဲ့ တွေ့ဖူးတယ်…”
သွန်းထျန်က မှင်တက် သွား၏။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး မေးလိုက်သည်။
ဝမ်လင်းက နန်ဒူနှင့်ပတ်သက်ပြီး သူကြုံခဲ့ရသည့် အကြောင်းကို ပြန်ပြောပြလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ နှစ်ထောင်ပေါင်းများစွာ အသက်ရှည်ခဲ့တဲ့ မွန်းစတားအိုကြီးက အာဏတက်ခြင်း အဆင့်ကို ချိုးဖျက်ပြီးနောက် အဆင့်ကို ထိတွေ့နိုင်ခဲ့တာ ဖြစ်မယ်။ မဟုတ်ရင် သူက ခုချိန်ထိ အသက်ရှင်နိုင်ဖို့ မဖြစ်နိုင်ဘူး…”
သူတို့နှစ်ယောက်က ကောင်းကင်ကို လျင်မြန်စွာ ဖြတ်သန်း၍ ပျံသန်း လာနေကြသည်။ သိပ်မကြာခင်တွင် ဟင်္သာပြဒါးကုန်းမြေ၏ မြောက်ဘက်ပိုင်းသို့ ရောက်လာခဲ့သည်။
သည်အခိုက်မှာပင် ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်သွား၏။ သွန်းထျန်က ပို၍ပင် စောစွာ သတိပြုမိခဲ့သည်။ အကြောင်းကတော့ ဝမ်လင်းကို ဆွဲ၍ နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ် လိုက်သောကြောင့် ဖြစ်သည်။
ဟင်္သာပြဒါးကုန်းမြေ၏ အစွန်းပိုင်း၌ အစိမ်းရောင် အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး သည်ကုန်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။
“ဟင်္သာပြဒါး အစီအရင်…” သွန်းထျန်အသွင်က ရုပ်စိုးလို့သွား၏။
ဟင်္သာပြဒါးအစီအရင်က သည်ဂြိုဟ်တွင် စွမ်းအားအကောင်းဆုံး အစီအရင်တစ်ခု ဖြစ်လေ၏။ ၎င်းက သေးသည်ဖြစ်စေ ကြီးမားသည် ဖြစ်စေ ၎င်းက စွမ်းအားပြည့် အသုံးပြုလိုက်သည့် အချိန်တွင် သည်ဂြိုဟ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ပြင်ပကျင့်ကြံ သူများနှင့် ဟင်းလင်ပြင်တွင် နေထိုင်သည့် သားရဲများ၏ ရန်မှ ကာကွယ်ပေးနိုင်စွမ်း ရှိလေ၏။
“ကြည့်ရတာက ဟင်္သာပြဒါးနိုင်ငံက စွန့်ပစ်ခံ မသေမျိုးကလန်ကို အနိုင်ယူရဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်ထားတဲ့ပုံပဲ။ ဒီဟင်္သာပြဒါး အစီအရင်ကို အသက်သွင်းဖို့ လိုအပ်တဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေက စိတ်ကူးနိုင်တာထက် ပိုတယ်။ ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီးကိုလည်း ၎င်းရဲ့ စွမ်းအားအသုံးပြုဖို့ လိုအပ်သေးတယ်။ ဒါက အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ယှဉ်နိုင်ဖို့ လုံလောက်တယ်…” သွန်းထျန်မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ရှေ့သို့ လက်ညွှန် လိုက်သည်။ အနက်ရောင် အမျှင်တန်း အခိုးငွေ့တစ်ခုက သူ့လက်ထဲကနေ ထွက်ပေါ်လာပြီး အစိမ်းရောင် အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွား၏။
သည်အနက်ရောင် အခိုးငွေ့ နီးကပ်လာသည်နှင့် အစိမ်းရောင် အလင်းမျက်နှာပြင်က တုန်ခါသွားပြီး အစိမ်းရောင် လက်သီးတစ်ခုအသွင် ဖြစ်ပေါ်၍ သည်အနက်ရောင် အခိုးငွေ့များအား ထိုးချလာခဲ့သည်။
ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့် အတူ အနက်ရောင် အခိုးငွေ့က ပျောက်ကွယ် သွားခဲ့ပြီး လက်သီးကလည်း အလင်းမျက်နှာပြင်သို့ ပြန်သွားခဲ့သည်။
သွန်းထျန်က နှခေါင်းရှုံ့၏။ “ဒီထဲမှာ ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးတွေ ပါနေတယ်။ ဒါကြောင့် ဒီအစီအရင်မှာ ဘီလူးနတ်ဆိုးကလန်ရဲ့သွေးမျိုးဆက်စွမ်းအား ရှိနေတယ်…”
“မင်းက နတ်ဆိုးကလန်ကို သွားခဲ့ပြီးတဲ့နောက် ငါ ကိုယ်တိုင်သွားပြီး ငါက အနာဂတ်မှာ ဘာလက်တုံ့ပြန် လာတာမှ မရှိအောင် သူတို့ကို သတ်ခဲ့ရင် ခုလိုမျိုး ပြသနာတွေ ကျန်ခဲ့မှာ မဟုတ်ဘူး။ စွန့်ပစ်ခံ မသေမျိုးကလန်က တိုက်ခိုက်လာတဲ့ အချိန်မှာ ခုလက်ရှိ ဟင်္သာပြဒါး နိုင်ငံခေါင်းစီးရဲ့ တပည့် ချန်းဖန်က ဘီလူးနတ်ဆိုး ကလန်ကို သွားခဲ့ပြီး မင်းချိပ်ပိတ်ထားခဲ့တဲ့ အဖွဲ့ဝင်တွေကို ဖြေပေးခဲ့ပြီး ဟင်္သာပြဒါးနိုင်ငံကို ခေါ်လာခဲ့တယ်…”
“ငါ သိချင်နေတာက ဟင်္သာပြဒါးနိုင်ငံက ဘာလို့ ဒီလောက် သဘောကောင်းနေလဲ ဆိုတာပဲ။ ဒါပေမဲ့ကြည့်ရတာ သူတို့က ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးကို ယူခဲ့တဲ့ပုံပဲ။ ဒီလောက်များပြားတဲ့ ဘီလူးနတ်ဆိုး ကလန်ရဲ့ သွေးနဲ့ဆိုရင် ဒီအစီအရင်ထဲမှာ သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအား အချို့ ကျိန်းသေ ပါဝင်နေမှာပဲ…”
ဝမ်လင်းက တိတ်ဆိတ်သွား၏။ သူက သည်ကလန် အဖွဲ့ဝင်များကို မသတ်ခဲ့ရခြင်းမှာ ချီဟူ ရှိနေသောကြောင့် ဖြစ်၏။
သွန်းထျန်မျက်လုံးများက အေးစက်သွားပြီး ဟင်္သာပြဒါး အစီအရင်ကို ကြည့်ကာ အော်ပြောလိုက်သည်။ “ဟင်္သာပြဒါးအစီအရင်က ကုန်းမြေ တစ်ခုလုံးကို ဝန်းရံထားတယ်။ ဒီတော့ တစ်စုံတစ်ယောက်က ဒီအစီအရင်ရဲ့ ကီလိုမီတာ ငါးထောင်တိုင်းမှာ ရှိနေရမယ်။ ဒီအဘိုးအိုအတွက် လာပြီးတော့ အစီအရင်ကို ဖွင့်ပေးပါ။ မဟုတ်ရင် ငါက စွန့်ပစ်ခံမသေမျိုးကလန် မရောက်လာခင် ဒါကို ဖွင့်ပစ်ရမယ်…”
“ဒီအဘိုးအိုရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ မင်းတို့ကို အသက်ရှူ သုံးခါရှူချိန် ပေးမယ်…”
အသက်နှစ်ခါရှူချိန် ကြာပြီးနောက် ပုံရိပ်တစ်ခုက အစိမ်းရောင် အလင်းမျက်နှာပြင်၌ ပေါ်ထွက် လာခဲ့သည်။ သည်လူက ဆံပင်ရှည်နှင့်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်ချောမောသည့်သူ ဖြစ်နေသည်။ သို့သော် သူ့ထံကနေ မကောင်းဆိုးဝါး အငွေ့အသက်တို့ ထုတ်လွှတ်နေ၏။ မည်သို့ပင်ဖြစ်စေ သူက ထူးဆန်းသော စွဲဆောင်မှု တစ်ခုကို ပေးစွမ်းလို့နေသည်။
သည်လူက ပြုံး၍ ပြောလိုက်သည်။ “စီနီယာ…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ သင်က ဂျူနီယာကို ဒီနေရာကို ထွက်လာဖို့ တောင်းဆိုတဲ့အတွက် ဂျူနီယာ ထွက်လာရတာပါ…”
သွန်းထျန်ကအေးစက်စွာ ပြောလိုက်သည်။ “အစီအရင်ကို ဖွင့်စမ်း…”
“ဒါက အမိန့်ပေးတာလား…” မကောင်းဆိုးဝါး လူငယ်က လက်မြှောက်ကာ အစိမ်းရောင် မျက်နှာပြင်ထံသို့ လက်ညွှန်လိုက်သည်။ ထိုအခါ အပေါက်တစ်ခု ဖြစ်သါားပြီး သွန်းထျန်က နှခေါင်းရှုံ၍ ဟင်္သာပြဒါး ကုန်းမြေထဲသို့ ဝင်လိုက်သည်။
ဝမ်လင်းက သွန်းထျန်နှင့်ကပ်၍ နောက်ကနေလိုက်ပါသွား၏။
သို့ရာတွင သည်အခိုက်၌ မကောင်းဆိုးဝါးလူငယ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လက်ဝှေ့ယမ်း လိုက်ရာ အလင်းမျက်နှာပြင်က ပြန်ပိတ် သွားတော့သည်။ ဝမ်လင်း မျက်လုံးများက အေးစက် လာခဲ့သည်။ သူက အပြင်ဘက်သို့ တစ်ကျန်နေခဲ့တော့သည်။
ဂျူနီယာ…မင်းက သေချင်နေတာပဲ…” သွန်းထျန်မျက်လုံးများက အေးစက်လာပြီး မကောင်းဆိုးဝါး ဆန်သည့် လူငယ်ကို ကြည့်သည်။
သည်လူက မည်သည့်ကြောက်ရွှံ့မှုကိုမျှ မပြချေ။ သူက ညင်သာစွာ ပြုံးကာ ပြောလိုက်သည်။ “စီနီယာ…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ငါက ဒီဂြိုဟ်တစ်ခုလုံးကို တုန်လှုပ် စေခဲ့တဲ့ ရောင်းရင်းကျင့်ကြံသူ စန်နူးနဲ့ တိုက်ခိုက်ချင်လို့ပါ။ စန်နူး…မင်း ငါနဲ့ တိုက်ရဲလား…”
မကောင်းဆိုးဝါး ဆန်သည့် လူငယ်က အလင်းမျက်နှာပြင် အပြင်ဘက်၌ ရှိနေသော ဝမ်လင်းကို ကြည့်လိုက်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ “မင်း ဘယ်သူလဲ…”
“ရောင်းရင်းကျင့်ကြံသူ စန်နူး…ဒါက ငါတို့ ပထမဆုံး အကြိမ်တွေ့ဖူးတာ ဖြစ်ပေမဲ့ ငါက မင်းနဲ့ပတ်သက်ပြီး အများကြီး သိထားပါတယ်။ ငါ့ ကိုယ်လုပ်တော် အနီရောင်လိပ်ပြာက မင်းအကြောင်း မတွေးခိုင်းလို့ကို မရတာ…” မကောင်းဆိုးဝါးဆန်သည့် လူငယ်က ပြုံးနေသည်။
“ချန်းဖန်…” ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားတော့၏။
ဘာသာပြန်သူမှတ်ချက်….။ “ ဒီအခန်းမှာ ပါတဲ့ နန်ဒူဆိုတဲ့လူက အရင်တုန်းက ဝမ်လင်း ထျန်မိသားစုကို လက်စားချေပြီးတဲ့ နောက်မှာ တွေ့ခဲ့တဲ့ နတ်ဆိုးလူငယ် တစ်ယောက် ဖြစ်တယ်။ ဒီတွေ့တဲ့ အခန်းက အခန်း(၂၉၂) မှာပါပါတယ်…”
***