Switch Mode

အပိုင်း(၆၁)-ကိုယ့်ဘာသာဖြေရှင်းခြင်း

“နာလန် မင်းတကယ်ပဲ….” အသံကျောက်တုံးမှ ထွက်လာသော စကားများကို မူရုန်အန်းကြားသည်နှင့် မယုံကြည်စွာ နာလန်လန်အားကြည့်လိုက်သည်။

“ငါ…” ထိုပစ္စည်းသည် ရှီမာယူယူလက်ထဲတွင် ရှိလိမ့်မည်ဖြစ်ကြောင်းကို နာလန်လန်မထင်ထားခဲ့ပေ။ သူ့တွင် သက်သေမရှိဟု ထင်ထားခဲ့သော်လည်း အခုတော့ သက်သေအခိုင်အလုံရှိနေသည်။ သူမ ငြင်းဆိုချက်ထုတ်မရတော့ပေ။

“ညွှန်ကြားရေးမှူး၊ ဒီပြောစကားတွေကို ကြားပါတယ်နော်၊ ဟီကျူကျိက လူယုံသက်သက်ပဲ တကယ့် ကြိုးကိုင်တဲ့သူက နာလန်လန်ပဲ၊ သူမက ငါ့ကိုသတ်ချင်နေတဲ့သူပဲ” ရှီမာယူယူပြောလိုက်သည်။

သင်ကြားမှုညွှန်ကြားရေးမှူး၏ မျက်နှာသည် မှောင်မိုက်သွားပြီး မုန်ထန်ထန်သွားသည်။ ထိုကဲ့သို့ ရှီမာယူယူသည် နာလန်လန်အားတိုက်ရိုက် အလဲထိုးလိမ့်မည်ဟု သူမထင်ခဲ့ပေ။

သူမသည် သာမာန်လူသာဆိုလျှင် ကျောင်းထုတ်ပစ်ရန် ဝန်မလေးပေ။ သို့သော် နာလန်လန်သည် နာလန်မျိုးနွယ်၏ ပါရမီရှင်ဖြစ်သည်။ သူမသာ ကျောင်းထုတ်ခံရလျှင် မိသားစုဝင်များသည် သူ့အားသေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ သူသည် ကျောင်း၏ အခု သင်ကြားမှုညွှန်ကြားရေးမှူးဖြစ်သော်လည်း မိသားစု၏ ချယ်လှယ်မှုကို ခံနေရဆဲပင်ဖြစ်သည်။

“ညွှန်ကြားရေးမှူး၊ သက်သေကို တွေ့ပါတယ်နော်၊ ကျွန်တော့် ကျောင်းသားတွေအပေါ် မျှတတဲ့ အပြစ်ပေးတာကို တောင်းဆိုပါတယ်” ဖန်ကျိရှင်းသည် သင်ကြားမှုညွှန်ကြားရေးမှူးအား ကြည့်ကာ တည့်တိုးပင် ပြောလိုက်သည်။

“ဒီ ရှီမာယူယူ၊ ဒါကအသံပဲလေ၊ ဒါက မိန်းကလေးနာလန်လန်ရဲ့ နာမည်ကိုပဲပြောသွားတာ နာလန်လန်ဟုတ်တယ်လို့ မဆိုလိုဘူးလေ၊ အဲဒါကြောင့် ဒီသက်သေက မခိုင်လုံဘူး” သင်ကြားမှုညွှန်းကြားရေးမှူးသည် ခဏတာမျှစဉ်းစားကာ သူကိုယ်တိုင်ပင် ယုံကြည်ရန်ခဲယဉ်းသော စကားများကိုပြောလိုက်သည်။

ထိုစကားများကို ဘေးမှကျောင်းသားများကြားသော် စုတ်တသပ်သပ်ဖြစ်နေကြသည်။

“ညွှန်ကြားရေးမှူး ဒါက ဘာကိုဆိုလိုတာလဲ” ဖန်ကျိရှင်းသည် အေးစက်စွာပြောလိုက်သည်။

သင်ကြားမှုညွှန်ကြားရေးမှူးသည် အလွန်ကျေနပ်သော ရှင်းပြချက်အဖြစ် ယူဆလိုက်ပြီးပြောလိုက်သည် “ငါဆိုလိုတာကဒါပဲလေ၊ နာလန်လန်ကို အပြစ်ကျူးလွန်တယ်လို့ စွပ်စွဲရအောင် သက်သေက မလုံလောက်ဘူး၊ ဆိုတော့ နာလန်လန်ကို အပြစ်ပေးလို့မရဘူး”

“ညွှန်ကြားရေးမှူး ဘာလို့ဒီလိုလုပ်တာလဲ” သင်ကြားမှု ညွှန်ကြားရေးမှူးအား ရှီမာယူလီအော်လိုက်သည်။

“ရှီမာယူလီ မင်းငါ့ကို ဘယ်လို အမူအရာနဲ့ပြောနေတာလဲ” သင်ကြားမှုညွှန်ကြားရေးမှူးသည် ရှီမာယူလီအား မကျေနပ်သလိုကြည့်လိုက်သည်။ “မင်းဒီလိုပုံနဲ့ပြောနေဦးမယ်ဆိုရင် ဆရာတစ်ယောက်ကို မလေးမစားဆက်ဆံမှုနဲ့ မင်းကိုတောင်အပြစ်ပေးလို့ရတယ်၊မင်း…”

သင်ကြားမှုညွှန်ကြားရေးမှူး၏ စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်သည် လျင်မြန်စွာလှုပ်ရှားလိုက်သည်ဟု ခံစားလိုက်ရသည်။ ထို့နောက် နာလန်လန်သည် ရုတ်တရက်အော်လိုက်တော့သည်။

“ရှီမာယူယူ မင်းဘာလုပ်တာလဲ” အားလုံးမကြည့်လိုက်ချိန်တွင် ရှီမာယူယူသည် နာလန်လန်၏ ရှေ့တွင် ရပ်ကာ သူမလည်ပင်းအား ဓားမြောင်ဖြင့် ထောက်ထားသည်ကို သင်ကြားမှုညွှန်ကြားရေးမှူးမြင်လိုက်ရသည်။ “ငါဘာလုပ်တာလဲ ဟုတ်လား မင်းမမြင်ဘူးလား” ရှီမာယူယူပြောလိုက်သည်။ “ဒီကိစ္စမှာဆိုရင် ဆရာက သူမဘက်လိုက်ဖို့ဆုံးဖြတ်ပြီးသားပဲ၊ သက်သေကဒီလောက်ထင်ရှားနေတာ ဒါပေမယ့် ဆရာကသူမကို အပြစ်မပေးဘူး၊ တခြားကျောင်းသားသာ ဒီလိုလုပ်ရင် အပြစ်ပေးမှာပဲ၊ ကျွန်တော်က ကိုယ့်ကိစ္စကိုယ်ဖြေရှင်းတာပဲရှိတယ် ဒီဓားက တော်တဆဖြတ်မိလားတော့ မသေချာဘူး၊ သူမ ခေါင်းက လည်ပင်းမှာရှိပါဦးမလား”

“မင်းလက်ကို ဖယ်လိုက်” ရှီမာယူယူ၏ ဓားလှုပ်နေသည်ကို သင်ကြားမှုညွှန်ကြားရေးမှူးမြင်သည်နှင့် စိုးရိမ်စွာအော်လိုက်သည်။

“ဘာလို့ကျွန်တော်က ရပ်ရမှာလဲ” သင်ကြားမှုညွှန်ကြားရေးမှူးအား ရှီမာယူယူ လှောင်ပြောင်သလိုကြည့်လိုက်သည် “ဟီကျူကျိနဲ့ နာလန်လန် ပြောတဲ့စကားတွေကို ကျောင်းသားတွေကြားတယ် ဒါပေမယ့် အဲဒါသူမ မဟုတ်ဘူးလို့ပြောနေတုန်းပဲ၊ ဒါဆိုရင် ငါသူမကို သတ်လိုက်ပေမယ့် ငါမဟုတ်ဘူးလို့ငြင်းလို့ရသေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးအိမ်တော်ရဲ့ ပါဝါကိုသုံးပြီး အကုန်လုံးကို တိတ်အောင်လုပ်လို့ရတယ်လေ”

“မင်း…” ရှီမာယူယူ၏ ဓားသွားသည် နာလန်လန်၏ လည်ပင်းပေါ်တွင် ရှနေပြီး သွေးကြောင်းအားတွေ့သောအခါ သူတို့အား လျင်မြန်စွာ ဆွဲခွာပစ်ချင်နေပြီ။ သို့သော် ဖန်ကျိရှင်း သူ့အားတားလိုက်သည်။

မခွဲခင် သူတို့နှစ်ယောက်သည် လှုပ်ရှားမှုများပြုလုပ်လိုက်ကြသည်။ သင်ကြားမှုညွှန်ကြားရေးမှူးသည် ဖန်ကျိရှင်းအား စိုက်ကြည့်ကာ အော်လိုက်သည် “ဆရာဖန် မင်းဘာလုပ်တာလဲ၊ ရှီမာယူယူက နာလန်ကိုသတ်ခွင့်ပြုတော့မလို့လား”

ဖန်ကျိရှင်းသည် နာလန်လန်၏ရှေ့တွင်ရပ်ကာ သင်ကြားမှုညွှန်ကြားရေးမှူးအား ကြည့်ပြီးပြောလိုက်သည် “ရှီမာယူယူမှာ ရည်ရွယ်ချက်ရှိမယ်လို့ခံစားရတယ်၊ ကျွန်တော့်ကျောင်းသားတွေကိုယ်စား မျှတတဲ့ဆုံးဖြတ်ချက်မပေးနိုင်မှတော့ သူကိုယ်တိုင်ဖြေရှင်းခွင့် ပြုတယ်၊ သူ့ကို ကျွန်တော် အပြစ်မပေးခင် သူ့ဘာသာသူ ဖြေရှင်းပါစေ”

ဖန်ကျိရှင်းပြောသည်များကို ရှီမာယူယူကြားသည်နှင့် ရယ်မိတော့မလိုဖြစ်သွားသည်။ သူမကို အပြစ်မပေးခင် ကိုယ့်ဘာသာ ဖြေရှင်းခွင့်ပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ အဲအချိန်မှ နာလန်လန်သေသွားနိုင်တယ်၊ ထိုကိစ္စများကိုဖြေရှင်းရန် သူမအားကျောင်းထုတ်ရုံပင်၊ သို့သော် ထိုအချိန်တွင် နာလန်မျိူးနွယ်သည် ပါရမီရှင်အား လက်လွတ်ဆုံးရှုံးရမည်။ သူမလုပ်ရမည်မှာ ကျောင်းမှထွက်သွားခြင်းပင်။

ထို့အပြင် သင်ကြားမှုညွှန်ကြားရေးမှူးသည် နာလန်လန်အား ထိခိုက်ခွင့်ပြုမည်မဟုတ်ပေ၊ ထိုသို့မဟုတ်လျှင် နာလန်လန်အား သူသည်ရင်ဆိုင်ရဲမည်မဟုတ်ပေ။

“ဖန်ကျိရှင်း ငါမင်းကို အပြစ်ပေးမယ်” သင်ကြားမှုညွှန်ကြားရေးမှူးသည် ပြောလိုက်သည် “ဒါပေမယ့် အခုမင်းဘေးဖယ်နေမယ်ဆိုရင် ငါဗွေမယူတော့ဘူး”

ဖန်ကျိရှင်း ဘယ်လောက်သန်မာကြောင်းကို သင်ကြားမှုညွှန်ကြားရေးမှူးမသိပါ၊ သူသိသည်မှာ ဆရာဖန်သည် ကျောင်းအုပ်ကြီးအတွက် အရေးပါသောသူဖြစ်သည်ဟုသာ။ အခုတော့ သူနှင့် တိုက်ခိုက်လိုခြင်းမရှိပါ။

ဖန်ကျိရှင်းသည် သူ့အထက်အရာရှိအား ဆန့်ကျင်၍ စည်းကမ်းကို ချိုးဖောက်သကဲ့သို့ မြင်မိသည်။ သူ့အား အခွင့်အရေးပေးခြင်းသည် မျှတစွာ ဆက်ဆံခြင်းဖြစ်သည်။ သို့သော် ဖန်ကျိရှင်းသည် သူ၏မျက်နှာသာပေးမှုကို လက်ခံရန် အစီအစဉ်မရှိပေ။

“ဆရာက မှန်မှန်ကန်ကန် မဆုံးဖြတ်မှတော့ ဆရာ့ရဲ့ စကားတွေကို ယုံဖို့ဆိုတာမဖြစ်နိုင်ဘူး” ဖန်ကျိရှင်းသည် လေးနက်စွာပြောလိုက်သည် “ပြီးတော့ ကျွန်တော့် ကျောင်းသားတွေကို ဆရာထပ်ပြီး ဒုက္ခပေးတာကိုခွင့်မပြုနိုင်ဘူး၊ ဆရာကျွန်တော့ကို အပြစ်ပေးချင်ရင်ပေးလိုက်ပါ”

“ရှီမာယူယူ မင်း နာလန်လန်ကို ထိခိုက်အောင်လုပ်ရင် နောက်ပိုင်းဘာဖြစ်မလဲဆိုတာ သိလား” သင်ကြားမှုညွှန်ကြားရေးမှူးသည် ဖန်ကျိရှင်းငြင်းဆိုနေသည်ကိုတွေ့သည်နှင့် ရှီမာယူယူဘက်လှည့်ကာ ပြောလိုက်သည်။ ရှီမာယူယူ၏ ဓားသွားသည် အချိန်ခဏအတွင်း နာလန်လန်၏ အသက်ကို ယူသွားနိုင်သည်။

“ကျွန်တော် ကျောင်းထွက်ရမှာမလား” ရှီမာယူယူ မလိုစိတ်ဖြင့် လှောင်ပြုံးပြုံးလိုက်သည် “ဒါပေမယ့်ကျောင်းထုတ်ခံရဦးတော့ ကျွန်တော်ဒါကိုလုပ်မယ်”

ထိုသို့ပြောပြီးနောက် သူမသည် ဓားကိုဝေ့ရမ်းလိုက်ကာ နာလန်လန်အား ခုတ်ရန်ဟန်ပြင်လိုက်သည်။

“ရပ်လိုက်”

အနားမှ လူများသည် ရှီမာယူယူ၏ လုပ်ရပ်ကြောင့် တုန်လှုပ်သွားပြီး ညွှန်ကြားရေးမှူးသည် အလန့်တကြားအော်ဟစ်လိုက်သည်။

ရှီမာယူယူ၏ ဓားသည် နာလန်လန်၏လည်ပင်းနှင့် ၁စင်တီမီတာသာ ကွာဝေးချိန်တွင် ကျောင်းအဆောင်မှ အားအလွန်ကောင်းသော ဝိညာဉ်ဖိအားသည် လွင့်ပျံလာသဖြင့် ကွင်းထဲမှလူအားလုံးသည် အေးခဲသွားလေသည်။ ဖန်ကျိရှင်တစ်ယောက်သာ ထိုဝိညာဉ်ဖိအားထွက်လာသော နေရာသို့ ကြည့်နိုင်သည်။

ထိုနေရာသည် ကျောင်းအုပ်ကြီးရုံးခန်းဖြစ်သည်။ ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက်ပွင့်လာ လူတစ်ယောက်သည် အပြင်သို့ခုန်ထွက်လာပြီး ကွင်းထဲသို့ ကျလာသည်။ ထိုသူသည် ရှီမာယူယူနှင့် နာလန်လန်အားကြည့်လိုက်ကာ လျှောက်သွားပြီးနောက် ရှီမာယူယူလက်ထဲမှ နာလန်လန်အား ဆွဲယူလိုက်သ်ည။

ထို့နောက် သူသည် ကြောက်ရွံ့ဖွယ် ဝိညာဉ်ဖိအားကို ထုတ်လွှတ်တော့သည်။

“အားလုံး လူစုခွဲကြတော့၊ မင်းတို့ပဲ ငါနဲ့ ကျောင်းအုပ်ကြီးရုံးခန်းကိုလိုက်ခဲ့ကြ” ရှီမာယူယူနှင့် အဖွဲ့အား ကျောင်းအုပ်ကြီးကြည့်လိုက်ကာ လက်နောက်ပစ်ပြီး ထွက်သွားလေသည်။

ကျောင်းအုပ်ကြီးစကားအား ငြင်းဆိုရဲ့သူမရှိ၍ စိတ်လှုပ်ရှားစရာပွဲအားကြည့်ရန်လာသော သူများသည် ထွက်သွားကြလေသည်။ ရှီမာယူယူနှင့် ဖန်ကျိရှင်း၊ ရှီမာယူလီ၊ သင်ကြားမှုညွှန်ကြားရေးမှူး၊ နာလန်လန်နှင့် ဟီကျူကျိတို့သည် ကျောင်းအုပ်ကြီးနှင့်အတူရုံးခန်းသို့ လိုက်ပါသွားကြလေသည်။

နာလန်လန်သည် သူမလည်ပင်းအားလက်ဖြင့်ကာထားပြီး ရှီမာယူယူအား မုန်းတီးစွာစိုက်ကြည့်လိုက်သည်။ ထိုအဖြစ်အပျက်သည် ရုတ်တရက်ဖြစ်လွန်း၍ ရှီမာယူယူ သူမဆီအား ချဉ်းကပ်လာလိုက်သည်ကို သတိမပြုလိုက်မိပေ။ အခုမှပင် ရှီမာယူယူ၏ ပြင်းပြသောလူသတ်ချင်စိတ်ဆန္ဒအား သူမခံစားမိတော့သည်။ ကျောင်းအုပ်ကြီးသာ ပေါ်မလာခဲ့လျှင် ရှီမာယူယူ သူမအား အမှန်တကယ်သတ်တော့မည်ကို သူမသိသည်။

ရှီမာယူယူ နာလန်လန်အား စိုက်ကြည့်လိုက်ပြီး လည်ပင်းတွင် လှီးသည့်အမူအရာလုပ်ပြလိုက်သည်။ သူမ လည်ပင်းမှဒဏ်ရာအားကြည့်ကာ သူမမှားသွားသည်ကို သိလိုက်ရသည်။

ထို့နောက် သူမသည် သူမရှေ့တွင်လျှောက်နေသော ဖန်ကျိရှင်းအားကြည့်လိုက်သည်။ ကျောင်းအုပ်ကြီး၏ ဝိညာဉ်ဖိအားအောက်တွင် သူလှုပ်ရှားမှုပြုလုပ်နိုင်သည်ကို သူမသိလိုက်သည်။ ဆိုလိုခြင်းမှာ သူသည် ကျောင်းအုပ်ကြီးထက်ပင် သန်မာသည်။

ကျောင်းအုပ်ကြီးသည် ဒုံချန်းနိုင်ငံတော်တွင် အသန်မာဆုံးလူဟု လူသိများပြီး ရှီမာလိုင်ထက်ပင် သန်မာသည်။ ဖန်ကျိရှင်းကြည့်ရသည်မှာ အသက်မကြီးသေးပေ၊ သူက တကယ်ပဲ ကျောင်းအုပ်ကြီးထက်သန်မာတာလား။

ဒီလိုလူက ကျောင်းတစ်ကျောင်းမှာ ဘာလို့ပုန်းနေရတာလဲ။


Comment

Leave a Reply

Options

not work with dark mode
Reset