Switch Mode

အပိုင်း(၄၅၇)

မိတ်ဆွေဟောင်း

“ဝမ်ကျောက်…” ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်သွား၏။ သူက လျှပ်စီးတန်း တစ်ခုအလား ရှေ့သို့ တိုးဝင်လာ၏။

ဝမ်ကျောက် အသွင်က အိုမင်းနေပြီ ဖြစ်သော်လည်း ဝမ်လင်းက တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိပေ၏။

ဝမ်ကျောက် နှလုံးသားထဲ၌ ပူဆွေးမှုများဖြင့် ပြည့်နေသည်။ သည်လမ်း တစ်လျှောက်တွင် သူတို့ဆယ်နှစ်ယောက် အုပ်စု၏ တစ်ဝက်ကျော်က သေဆုံးသွားခဲ့ရသည်။ သူက သည်လိုတိုက်ပွဲမျိုးကို နေ့တိုင်းနီးပါး ရင်ဆိုင် ဖြတ်သန်းနေရ၏။ သူက သေခြင်းတရားက ပိုပို နီးကပ်လာနေသည်ကို ခံစားမိနေသည်။

ပတ်ဝန်းကျင်ရှိ အခြားကျင့်ကြံခြင်း နိုင်ငံများက ရှုံးနိမ့်ကုန်ကြပြီ ဖြစ်သည်။ သူတို့က ဖျက်ဆီးခံရရင် ခံရ မဟုတ်ရင် စွန့်ပစ်ခံ မသေမျိုးကလန်၏ ကျေးကျွန်များ ဖြစ်လာကြသည်။

အဆင့်သုံးနိုင်ငံများက မသေမျိုးကလန် အတွက် အဓိက တိုက်ပွဲနေရာများ မဟုတ်ကြချေ။ သူတို့က သည်နေရာများကို သူတို့ကလန်၏ အားနည်းသော အဖွဲ့ဝင်များအတွက် လေ့ကျင့်ပေးရန် နေရာအဖြစ်သာ အသုံးပြုကြ၏။

ဟင်္သာပြဒါးနိုင်ငံကလည်း အဆင့်သုံးနိုင်ငံများနှင့် ပတ်သက်၍ သပ်ပြီး ဂရုမစိုက်တော့ပေ။ ပထမ၌ သူတို့က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များကို စေလွှတ် ပေးခဲ့သော်လည်း စစ်ပွဲက ပို၍ ကြမ်းတမ်း ပြင်းထန်လာသည်နှင့် အမျှ သူတို့ပို့လွှတ်လိုက်သော တမန်တော်များကိုပါ ပြန်၍ ဆင့်ခေါ်ခဲ့ကြ၏။ သူတို့က အဆင့်သုံး ကျင့်ကြံခြင်း နိုင်ငံများကို လုံးဝ လက်လွှတ်ထားခဲ့ကြ၏။

ဟင်္သာပြဒါးနိုင်ငံ၏ မျက်လုံးထဲ၌ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ရိုးရှင်းစွာပင် အလွန်အားနည်းနေသည် မဟုတ်လား။

ဝမ်လင်းက နောက်ထပ်ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားသည်ကို စောင့်ကြည့်နေရင်း ခါးသက်စွာ ပြုံးမိလိုက်သည်။ သူက စွန့်ပစ်ခံ မသေမျိုးကလန်အဖွဲ့ ကလန်၏ အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်နှင့် ညီမျှသည့် အဖွဲ့ဝင်လေးယောက်က သည်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမရှိဘဲ ဝန်းရံထားသည်ကို တွေ့နေရသည်။

သည်အခိုက်မှာပင် ကောင်းကင်ထက်ကနေ ကြယ်ပျံတစ်စင်း ကြွေကျလာသည့်အလား ထင်မှတ်ရ၏။ ၎င်းက ထိတ်လန့်ဖွယ် အော်ရာကို ပေးစွမ်းနေ၏။ မသေမျိုးကလန်က လေးယောက်က တုန်လှုပ်သွားကြပြီး ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်း သည်ကြယ်ပျံက ပျောက်ကွယ်သွားပြီး ဆံပင်အဖြူရောင်နှင့် လူတစ်ယောက်က အကွာအဝေး တစ်ခုကနေ တစ်လှမ်းချင်း သူတို့ရှိရာသို့ လျှောက်လှမ်း လာနေသည်ကို တွေ့လိုက်ရ၏။

စွန့်ပစ်ခံမသေမျိုး ကလန်၏ အဖွဲ့ဝင်လေးယောက် အသွင်က ပြောင်းလဲသွားကြ၏။ သူတို့လေးယောက်က သည်လူသည် တုန်လှုပ်ဖွယ်အော်ရာကို ထုတ်လွှတ်နေသည့် လူမှန်း သိရှိလိုက်ကြ၏။ သူတို့က သည်လိုအော်ရာများကို သူတို့ကလန်ရှိ သစ်ရွက်ခုနစ်ရွက် လူရိုင်းနတ်ဆရာများထံ ကသာ ရရှိကြောင်း ခံစားမိသည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း…” ကလန်အဖွဲ့ဝင် လေးယောက်ထဲက တစ်ယောက်က တုန်လှုပ်သွားပြီး ထိုသို့ ရေရွတ်လိုက်မိ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ သူက လှည့်၍ ပြေးတော့သည်။ အခြားသုံးယောက်ကလည်း သူ့နောက်သို့ မြန်ဆန်စွာ လိုက်ပါပြေးကြသည်။

ဝမ်လင်းမျက်လုံးများက အေးစက်သွား၏။သူက သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ထုတ်ဖော်လိုက်သည်။ ခြင်သားရဲက အမိန့်ပေးတာ မစောင့်တော့ပဲ သည်လေးယောက်နောက်သို့ လိုက်ပါသွား၏။ သည့်နောက် အကွာအဝေး တစ်ခုထံကနေ အောက်ဟစ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

သည်အဖြစ်အပျက်များက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်၏။ ဝမ်ကျောက်နှင့် သူ့လူများက လုံးဝ ကြောင်ငေးနေမိသည်။

ဝမ်လင်းက ဝမ်ကျောဘက်သို့ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “ဝမ်ကျောက်… မင်းငါ့ကို သိလား…”

“စီနီယာ…သင်..သင်က…” ဝမ်ကျောက်က မှင်တက်သွားမိပြီးမှ ဝမ်လင်းမည်သူဖြစ်ကြောင်း သိလိုက်သည်။

ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါတို့ မတွေ့တာ နှစ်တွေအများကြီး ကြာနေပြီ။ မင်းက အမြုတေဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်ကိုတောင် ရောက်နေပြီ။ ဒါက ဂုဏ်ပြုပေးရမှာပေါ့။ ငါက မင်းကို စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်အောင် ကူညီပေးပါ့မယ်…” ထိုသို့ပြောပြီးသည်နှင့် ဝမ်လင်းက ဝမ်ကျောက်၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။

ထိုအခါ သူ့စိတ်ထဲ၌ ချိပ်ပိတ်ခြင်း ခံထားရသည့် အကြောင်းအရာများက ပယ်ဖျက်လို့သွားပြီး အတိတ်ဘဝက မှတ်ဉာဏ်များသည် သူ့စိတ်ထဲ၌ ပျံ့နှံ့လာ၏။

ဝမ်လင်းက ဝမ်ကျောက်၏ အပေါင်းအပါများကို ရိုးရှင်းစွာ ကြည့်လိုက်သည်။ သူတို့အားလုံးက အမြုတေဖွဲ့တည်ခြင်း အဆင့် အစောပိုင်း၌သာ ရှိနေကြသည်။ နောက်ဆုံး တစ်ယောက်ကတော့ အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့်သို့ ရောက်နေ၏။ သည်လူက အတိတ်တုန်းက ဝမ်လင်းပေးခဲ့သော စိတ်ဝိညာဉ်မျိုးစေ့တစ်ခု ရှိလို့နေသည်။

ဝမ်လင်းက မေးလိုက်၏။ “မင်းတို့ ဘယ်သွားကြမလို့လဲ…”

ဝမ်လင်း စိတ်ဝိညာဉ် မျိုးစေ့ပေးခဲ့သော အဘိုးအိုက တုန်ချီချီဖြင့် ပြောလိုက်သည်။ “ဂျူနီယာတို့ ဆယ်ယောက်ကျော်က လင်းနိုင်ငံကို ကူညီဖို့ စေလွှတ်တာ ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့က စွန့်ပစ်ခံ မသေမျိုးကလန်ကို ရှုံးနိမ့်သွားခဲ့ကြတယ်။ ဒါကြောင့် ဂျူနီယာတို့က ကျောက်နိုင်ငံကို ပြန်တဲ့လမ်းမှာ အသတ်ခံနေရတာပါ…”

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ သူ့နယ်ပယ်စွမ်းအင် အနည်းငယ်ကို ၎င်းထဲသို့ ထည့်သွင်းလိုက်၏။ သည့်နောက် သူက အဘိုးအိုထံသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “ဒါကို ယူလိုက်။ ဒါက မင်းတို့အားလုံးကို ကျောက်နိုင်ငံ ရောက်တဲ့အထိ လုံခြုံစေလိမ့်မယ်…သွားတော့…”

အဘိုးအိုက ကျောက်စိမ်းပြားကို ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထား၏။ သူက ဝမ်လင်းကို အကြိမ်များစွာ ဦးညွှတ်လိုက်သည်။ သူ့အတွက်တော့ သည်ကျောက်စိမ်းပြားက သူ့အသက်ပင် ဖြစ်သည်။

ဝမ်လင်းက လက်ဝှေ့ယမ်းကာ ဝမ်ကျောက်ကို ဆွဲခေါ်၍ ပျောက်ကွယ် သွားတော့သည်။

အဘိုးအိုက အသက်ဝဝရှုသွင်း၍ ဝမ်လင်း ပျောက်ကွယ်သွားသည့် နေရာသို့ အကြိမ်များစွာ ဦးညွှတ်လိုက်သည်။

သက်လတ်ပိုင်း လူကြီးတစ်ယောက်က အဘိုးအိုကို ဂရုတစိုက် မေးလိုက်သည်။ “စီနီယာဦးလေး…ဒီစီနီယာက ဘယ်သူလဲ…”

အဘိုးအိုမျက်လုံးများက လေးစားမှုများနှင့် ပြည့်နေပြီး သူက ပြောလိုက်၏။ “သူက ငါတို့ကျောက်နိုင်ငံရဲ့ တစ်ဦးတည်းသော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူပဲ…”

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း…။ သူက ကျောက်နိုင်ငံက တစ်ယောက်လား…” သက်လတ်ပိုင်း လူကြီးက အသက်မနည်း ရှူလိုက်ရသည်။

“ဟားဟား..မင်း ဒီနာမည်ကို အရင်တုန်းကတည်းက ကြားဖူးသင့်တယ်…” အဘိုးအိုက ရှေ့သို့ ပျံသန်းသွားပြီး သူ့ကလန် အဖွဲ့ဝင်များကလည်း နောက်ကနေ လိုက်ပါသွား၏။

“ဝမ်လင်း…သူ့နာမည်က ဝမ်လင်း…”

ဝမ်လင်း ဆိုသည့် စကားထွက်လာသည့် အခါတွင် သူတို့အားလုံးက တုန်လှုပ်သွားကြပြီး မျက်လုံးထဲ၌လည်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။

ကျောက်နိုင်ငံတွင် ဝမ်လင်းဆိုသည့် နာမည်က ကောင်းကင်ထိ ထိုးတက်နေသည့် သတ်ဖြတ်လိုမှု စိတ်ဆန္ဒကို ကိုယ်စားပြုနေသည့် မဟုတ်လား။

တောင်ထိပ် တစ်ခုပေါ်တွင် ဝမ်ကျောက်က သတိရလာခဲ့၏။ သူ့မျက်လုံးများက ပထမ၌ စိတ်ရှုပ်ထွေးမှုများ ရှိလို့နေသေးသည်။ သည့်နောက်သူက သူ့ဘေးတွင် ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ဝမ်လင်း…” ဝမ်ကျောက်ထံကနေ ခါးသက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

“ဝမ်ကျောက်…” ဝမ်လင်းက လှည့်၍ ပြုံးပြလိုက်သည်။

ဝမ်ကျောက်က ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့ခေါင်းထဲ၌ အတိတ်က မှတ်ဉာဏ်များ ပြန်မြင်ယောင် လာနေမိသည်။ သူ့မိန်းမက သူ့လက်ပေါ်၌ပင် သေဆုံးခဲ့သည့် အကြောင်းကိုပါ ပြန်မှတ်မိသွားပြီး သူက သက်ပြင်း ချလိုက်မိသည်။

“ကျေးဇူးတင်ပါတယ်…”

ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “အတိတ်တုန်းက ရှေးဝမ်ကလန်မှာ မင်းနဲ့ငါနှစ်ယောက်ပဲ ကျန်တော့တယ်။ မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး…”

ဝမ်ကျောက်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။ “မင်း… မင်းကျင့်ကြံမှု အဆင့်က… မင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နေပြီလား…”

“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ခုထိမရောက်သေးပါဘူး…” ဝမ်လင်းက အကွာအဝေး တစ်ခုထံသို့ ငေးကြည့်နေလိုက်သည်။

“အချိန်တွေကုန်တာ မြန်လိုက်တာ….ငါက ငါတို့နှစ်ယောက် ဟုန်ယွီကလန်မှာ ရှိခဲ့တဲ့ အကြောင်းကို ခုထိမှတ်မိနေတုန်းပဲ…” ဝမ်ကျောက်က သက်ပြင်းချလိုက်သည်။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက မေးလိုက်သည်။ “ဝမ်ကျောက်…လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟင်္သာပြဒါးဂြိုဟ်မှာ ဘာဖြစ်ခဲ့တာလဲ…။ စွန့်ပစ်ခံမသေမျိုး ကလန်ကလည်း ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာခဲ့တာလဲ…”

ဝမ်ကျောက်က မှင်တက်ကာ ပြန်မေးလိုက်သည်။ “မင်းမသိဘူးလား…”

ဝမ်လင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ ရှိမနေခဲ့ဘူး…”

ဝမ်ကျောက် နှလုံးသားက တုန်လှုပ်သွားသည်။ ဝမ်လင်းက ပုံမှန်သာ ပြောလိုက်သော်လည်း သည်စကားက သူ့အတွက် ထူးဆန်းသွား၏။

ဟင်္သာပြဒါးဂြိုဟ်မှာ မရှိဘူး…သည်အရာက ဝမ်လင်း၏ ကျင့်ကြံခြင်းအဆင့်က လေထုကိုပင် ဖြတ်သန်း သွားနိုင်သည်ဟု ဆိုလိုနေသည်မဟုတ်လား။

ဝမ်ကျောက်က အသက်ဝဝရှူသွင်းပြီး ဝမ်လင်းကို သူသိထားသမျှအကုန် ပြောပြလိုက်၏။

ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ ဝရုန်းသုန်းကား ဖြစ်နေပြီ ဖြစ်၏။ စွန့်ပစ်ခံ မသေမျိုးကလန်က သည်ဂြိုဟ်ကို ကျူးကျောက်လာခဲ့ပြီး အဆင့်သုံးနိုင်ငံ အားလုံးနီးပါး ရှုံးနိမ့်ခဲ့ရပေသည်။

အဆင့်လေး နိုင်ငံများပင် လုံခြုံမှု မရှိတော့ချေ။ ဟင်္သာပြဒါးနိုင်ငံက အင်အားအပြည့်ဖြင့် ခုခံနေသော်လည်း သူတို့လည်း ဆုတ်ခွာနေရ၏။

အလောင်းကောင် ကလန်က စွန့်ပစ်ခံ မသေမျိုးကလန်ကို အားအပြည့် ကူညီပေးနေပြီး အဆင့်လေးနိုင်ငံ ငါးခုကလည်း ဟင်္သာပြဒါးနိုင်ငံသို့ သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။

စွန့်ပစ်ခံ မသေမျိုးကလန်က ဟင်္သာပြဒါးနိုင်ငံ တစ်ဝက်ခန့်ပင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝမ်ကျောက်က ဆက်ပြောလိုက်သည်။ “ပြောကြတာကတော့ စွန့်ပစ်ခံ မသေမျိုးကလန်က လူကိုးယောက်ကို ပို့လွှတ်ထားခဲ့ပြီး ငါးယောက်က ဘယ်သူဘယ်ဝါဆိုတာ သိလာပေမဲ့ လေးယောက်က ဘယ်သူမှန်း မသိရသေးဘူးတဲ့။ သူတို့က အဆင့်ငါ ဒါမှမဟုတ် အဆင့်မြင့် ကျင့်ကြံခြင်း နိုင်ငံတွေမှာပဲ ဖြစ်ရမယ်။ ပြီးတော့ အဲဒီနေရာမှာလည်း မြင့်မားတဲ့နေရာကို ရယူထားနိုင်လိမ့်မယ်တဲ့…”

ဝမ်လင်းက စဉ်းစားနေ၏။ သူက သည်လိုနှစ်တိုတိုလေး အတွင်းမှာ အခုလောက် ကြီးမားသည့် ပြောင်းလဲမှုကြီး တစ်ခုဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားမိချေ။

“စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်…” ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၌ မည်သည့်ပြောင်းလဲမှု ဖြစ်နေသည်ကို သိအောင် ထိုနေရာသို့ လျင်မြန်စွာ ပြန်သွားရပေမည်။

ဝမ်ကျောက်ပြောသည့်သတင်းများ၏ အများစုက ကောလာဟလ ပြောကြတာများ ဖြစ်ကာ အချက်အလက် တိတိကျကျ မဟုတ်ချေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်နှင့် ပတ်သက်သည့် အရာများကို မသိချေ။

ဝမ်ကျောက်က အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။ “ဝမ်လင်း မင်း ကျောက်နိုင်ငံကို ပြန်သွားပြီး ဒီအန္တရာယ်ကနေ ကယ်တင်ပေးမှာလား…”

“ဒါ့အပြင် ငါတို့ ဝမ်မိသားစုရဲ့ မျိုးဆက်တွေက ကျောက်နိုင်ငံမှာ နေထိုင်ကြတုန်းပဲ။ လွန်ခဲ့တဲ့နှစ်တွေက ငါက သူတို့ကို တိတ်တဆိတ် စောင့်ရှောက်ခဲ့တယ်။ ငါက သေမျိုးတွေဟာ ဒီစစ်ထဲမှာ မရောထွေးလာဖို့ မျှော်လင့်မိတာပဲ။ ဒါပေမဲ့ ငါထွက်သွားတဲ့ အချိန်မှာ စွန့်ပစ်ခံ မသေမျိုးကလန်က သေမျိုးတွေကို စိတ်ဝိညာဉ်ရင်းမြစ် အတွက် ရှာဖွေနေတယ်လို့ ကြားခဲ့တဘ်။ ငါက ဝမ်မိသားစုမှာ စိတ်ဝိညာဉ်ရင်းမြစ်ရှိတဲ့ ကလေးတစ်ယောက် ရှိနေနိုင်ပြီး စွန့်ပစ်ခံ မသေမျိုးကလန်က ဖမ်းသွားမှာကို စိတ်ပူနေမိတယ်။ စိတ်မကောင်းစရာက ငါက အိမ်မပြန်တာ နှစ်တွေကြာလှနေပြီ။ ဒီတော့ မိသားစုထဲမှာ ဒီလိုစိတ်ဝိညာဉ် ရင်းမြစ်ရှိတဲ့ လူတစ်ယောက် ရှိနေနိုင်လား ငါမသိခဲ့ဘူး…”

ဟင်္သာပြဒါးဂြိုဟ်၊ ကျောက်နိုင်ငံ၏ မိုးသည်းထန်သော ညတစ်ည။

မြင်းလှည်းတစ်စီးက ကျောက်နိုင်ငံမြို့တော် အပြင်ဘက်သို့ ကဆုန်ပေါက်၍ မှောင်းနှင်လာနေသည်။

ဗလတောင့်တောင့် လူကြီး မြင်းလှည်းထိပ်၌ ထိုင်၍ ကျာပွတ်သံ တရွှမ်းရွှမ်းပေးကာ မောင်းနှင်နေ၏။ “ယာ့…ယာ့….” သူက စိတ်ပူပင်နေဟန် ပုံစံဖြင့် နောက်သို့ လှည့်လှည့်ကြည့်နေသည်။

ကျာပွတ်ရိုက်ချက်ကြောင့် နာကျင်သဖြင့် မြင်းများက ဟီကာ ကဆုန်ပေါက်၍ ပိုမြန်အောင် ပြေးလေတော့သည်။

“အမေ…သမီးတို့ ဘယ်သွားနေကြတာလဲ…” နူးညံ့သော ကလေးသံလေးက မြင်းလှည်းထဲကနေ ထွက်ပေါ်လာ၏။

“အမေက သမီးကို ဘိုးဘေးရဲ့ အိမ်ကို ခေါ်သွားမလို့… အဲဒီနေရာမှာဆိုရင် ယုအာက လုံခြုံပြီ…” ညင်သာပြီး ဆွဲဆောင်မှုရှိသော အသံတစ်ခုက မြင်းလှည်းထဲကနေ ထိုသို့ ကလေးအမေးကို ပြန်ဖြေလိုက်သည်။ သည်အသံထဲ၌ စိတ်ပူပန်နေမှုတို့ ပါဝင်နေ၏။

ယုအာလို့ခေါ်သည့် ကလေးလေးက ပြောလိုက်သည်။ “အမေ…ငါက တတိယမင်းသားလေးနဲ့ မနေ့ညက စာလေ့လာနေတုန်းက သူက ငါ့ကို ကျောက်နိုင်ငံက ခုအန္တရာယ်ရှိနေပြီလို့ ပြောလိုက်တယ်…။ တစ်စုံတစ်ယောက်က အင်မော်တယ်တွေနဲ့ တိုက်ခိုက်နေတဲ့ပုံပဲတဲ့။ အမေ…ဒါဟုတ်လား…”

“ယုအာ…အနားယူတော့။ မေးခွန်းတွေ အများကြီး ထပ်မမေးတော့နဲ့…” မြင်းလှည်းထဲကနေ ယောက်ျားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

မြင်းလှည်းထဲ၌ လူသုံးယောက်ရှိနေ၏။ လင်မယားနှစ်ယောက်နှင့် သူတို့ကလေးပင် ဖြစ်ကြသည်။ အမျိုးသမီးက အလွန်လှပြီး သူမပါးစပ်ထောင့်နားတွင် ရှိသည့် အစက်ကလေးက သူမကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။

အမျိုးသားကတော့ မြေွအရေခွံနှင့် ပြုလုပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ဒေါသမထွက်ဘဲနှင့် ရန်လိုသောအော်ရာကို ပေးစွမ်းနေသည်။ သူက အချိန်အတန်ကြာ အဆင့်အတန်းမြင့်မြင့် နေခဲ့ရသည့်အတွက် သည်လိုအော်ရာမျိုးက ရရှိခဲ့သည့်ပုံပင်။

ကလေးကတော့ ခြောက်နှစ် ခုနစ်နှစ်ခန့်သာ ရှိသေးသည့် ကောင်မလေးဖြစ်သည်။ သူမပါးလေးများက အနည်းငယ် ပန်းရောင်သန်းနေပြီး အသားအရေက ဖြူဆွတ်လို့နေ၏။ သူမက အလွန်ချစ်စရာ ကောင်းလှသည်။

မြင်းလှည်းအတွင်း၌ ရုတ်တရက် တိတ်ဆိတ်လို့သွားသည်။ တစ်ခုတည်းသော အသံက မြင်းလှည်းသမား၏ ကျာပွတ်သံနှင့် မိုးသံများကိုသာ ကြားနေရသည်။

ယုအာက နာခံစွာဖြင့် ခေါင်းညိတ်ပြသည်။ သူမက ပင်ပန်းနေသလို ခံစားနေရ၏။ သည့်အတွက်ကြောင့် သူမက သူ့အမေ လက်မောင်းပေါ်တွင် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

“ငါ့သမီးလေး…ယုအာ…” အမျိုးသမီးမျက်လုံးက နီရဲလာပြီး ဆက်မပြောနိုင်တော့ချေ။

အမျိုးသားက သက်ပြင်းချကာ ပြောလိုက်သည်။ “မြို့တော်မှာ ရှိတဲ့ အင်မော်တယ်တွေ အားလုံးက သူတို့ကလန် အသီးသီးကို ပြန်ပြီး တိုက်ပွဲအတွက် ပြင်ဆင်နေကြပြီ။ ကျူးကျော်လာတဲ့ သူတွေက အလွန် စွမ်းအားကောင်းတယ် ပြောကြတယ်။ ငါသိသလောက်ဆိုရင် ကျောက်နိုင်ငံရဲ့ အင်မော်တယ်အများစုက ရှုံးနိမ့်နေပြီး တစ်နေရာမှာ စုဝေးနေကြတယ်တဲ့…”

အမျိုးသမီးက သူမမျက်လုံးထောင့်ရှိ မျက်ရည်စများကို သုပ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီလူတွေက ဘာလို့များ နေရာတိုင်းမှာ ကလေးတွေကို လိုက်ရှာနေကြတာလဲ…”

အမျိုးသားက အသက်ပြင်းစွာရှူ၍ ခါးသက်စွာ ပြုံးလိုက်မိသည်။ “ပြီးခဲ့တဲ့ညက ငါက ဘုရင်နဲ့ လျှို့ဝှက်ပြောဆိုခဲ့တယ်။ သူတို့က အင်မော်တယ် ဖြစ်လာနိုင်တဲ့ ကလေးတွေကို ရှာနေကြတာ။ ငါစိုးရိမ်တာက သူတို့က တစ်စုံတစ်ခုကို ကြီးကြီးမားမား စီစဉ်ထားမှာကိုပဲ…။ ငါတို့ရဲ့ မြင့်မြတ်တဲ့ အဘိုးသာ ဒီနေရာမှာ ရှိနေရင် သိပ်ကောင်းမှာပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset