Switch Mode

အပိုင်း (၄၅၂)

တုန်လှုပ်ဖွယ်ပြောင်းလဲမှု

ဝမ်လင်းက ဖြည်းညင်းစွာ လျှောက်လမ်းလို့လာ၏။ သူက အဖြူကောင်လေး ပြန်လာကတည်းက သည်သစ်သီးကို ယူလာသည်ကို ချက်ချင်း သတိပြုမိခဲ့သည်။

“ကောင်းလိုက်တဲ့ နတ်ဆိုးကျား … သခင့်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးတယ်…” ဝမ်လင်းက အဖြူကောင်လေးကို ကြည့်သည်။

အဖြူကောင်လေး မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ပေါ်ထွက်နေ၏။ သို့သော် သူက ကျိုးယုရှေ့တွင် မတ်တတ်ရပ် ဟိန်းဟောက်နေဆဲပင်။

ကျိုးယုက အဖြူကောင်လေး အမွေးများကို ပွတ်သပ်ပြီးနောက် မေးလိုက်သည်။ “ဦးလေး စဦးစိတ်ဝိညာဉ် ပြိုကွဲခြင်း အသီးက ဘာကို ပြောတာလဲ…”

ဝမ်လင်းက ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ကျိုး”ယုက ဒီသစ်သီးကို စားလိုက်ရင် ကျိုးယုခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝမ်အာက သေမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမက အလွန် အားနည်းသွားလိမ့်မယ်…”

ကျိုးယုက မှင်တက်သွား၏။ သူက ခေါင်းငုံ့၍ အဖြူကောင်လေးကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “အဖြူကောင်လေး… ဒီသစ်သီးကို ရှာဖို့အတွက် နင်ထွက်သွားခဲ့တာပေါ့…” သူမက သက်ပြင်းချကာ သစ်သီးကို ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။ သစ်သီးက တဖြည်းဖြည်း လိမ့်ဆင်းသွားပြီးနောက် တောင်အငူစွန်းကနေ ပြုတ်ကျလို့သွားသည်။

ကျိုးယုလေးက ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ “ဦးလေး အဖြူကောင်လေးကို နာကျင်အောင် မလုပ်ပါနဲ့…”

ဝမ်လင်းက ကျိုးယုလေးကို ကြည့်သည်။ သည့်နောက် သူက ခေါင်းညိတ်၍ လှည့်ထွက်သွားတော့၏။

ကျိုးယုလေးက သူ့အောက်နှုတ်ခမ်းကို ကိုက်၍ ဝမ်လင်းကျောဘက်ကို ကြည့်နေသည်။ သည်ပုံရိပ်က သူမအတွက် အလွန် သူစိမ်းဆန်လှသည်။

ကျိုးယုလေးက ပြောလိုက်၏။ “ဦးလေး… စိတ်သက်သက်သာသာ နေပါ…။ ကျိုးယုက ဦးလေးနဲ့ အစ်မကြီးဝမ်အာတို့ ပြန်ပေါင်းထုတ်ဖို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်…”

ဝမ်လင်းခန္ဓာကိုယ်က တုံ့ခနဲ ဖြစ်သွား၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားသည်။

နောက်ထပ်နှစ်နှစ်က လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။

သည်နေ့တွင် မသေမျိုးသင်္ချိုင်းသို့ ဝင်ပေါက်ဖြစ်သည့် တွင်းပေါက်ကြီး တစ်ခုကနေ ထူထဲသော အမည်းရောင် မြူခိုးဒြပ်ထုတစ်ခုက ပေါက်ကွဲထွက်လာ၏။ သည်မြူခိုင်းက ကောင်းကင်ထက်တိုင် ထွင်းဖောက်လို့သွား၏။

သည်မြူခိုးက သစ်ရွက်ကြီးများနှင့် ထူးဆန်းသော အပင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သည်အပင်ပေါ်၌ များစွာသော တက်တူးအမှတ်အသားများ ရှိနေပြီး ၎င်းက ထူးဆန်းသော အော်ရာကို ပေးစွမ်းနေသည်။

သည်အခိုက်တွင် ရွှေရောင် အလင်းတန်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သည်ရွှေရောင် အလင်းတန်းထဲက တောက်ပနေသော ဓားပျံငါးလက်၏ ပုံရိပ်ယောင်များ ရှိလို့နေ၏။

သည်ရွှေရောင် အလင်းတန်း ပေါ်ထွက်လာသည့် အခိုက်တွင် ၎င်းက ပိုက်ကွန်သဖွယ်ပြောင်း၍ အပင်ကို ဖုံးအုပ်ထားသည်။ တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ယင်းရွှေရောင် အလင်းတန်းပိုက်ကွန်က အပင်ကို အတင်းအကျပ် ဖိနှိပ်ထားလေသည်။

“ငါ့ကလန်က နှစ်ပေါင်းထောင်ချီပြီး ပုန်းနေခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ ဘယ်သူကမှ ဖူဝန်ဂြိုဟ်က ငါ့ကလန်ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး…” ရှေးဟောင်း အသံတစ်ခုက မသေမျိုး သင်္ချိုင်းထဲကနေ ထိုကဲ့သို့ ထွက်ပေါ်လာ၏။ သည့်နောက် တွင်းပေါက်ကြီးထဲကနေ ရှေးဆန်သည့် အဘိုးအိုတစ်ယောက် လမ်းလျှောက်၍ ထွက်လာလေ၏။

အဘိုးအို ခန္ဓာကိုယ်ပေါ်၌ တက်တူးများစွာ ရှိမနေခဲ့ချေ။ သို့သော် အနီးကပ် ကြည့်လျှင်တော့ သူ့နဖူးပေါ်၌ အပင်တစ်ခုခုက တဖျတ်ဖျတ် လင်းလက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ သေချာကြည့်လျှင် သည်အပင်ပေါ်၌ သစ်ရွက်ဆယ့်တစ်ရွက် ရှိလို့နေ၏။

“မဟုတ်ဘူး…”

ထပ်ပြီးသေချာကြည့်လျှင် သစ်ရွက် ဆယ့်တစ်ရွက်အောက်၌ နောက်ထပ် သစ်ရွက်တစ်ခု ရှိလို့နေသည်။ ၎င်းသစ်ရွက်က လုံးဝပွင့်လန်းခြင်း မရှိသေးသော်လည်း သုံးပုံတစ်ပုံခန့်တော့ ပုံပေါ်နေခဲ့ပြီ ဖြစ်သည်။

အဘိုးအို တွင်းပေါက်ထဲကနေ လှမ်းလျှောက်ထွက်လာသည့် အခိုက်တွင် ကောင်းကင်ထက်ရှိ ဓားများက ပြိုင်တူ မည်ဟည်းလာခဲ့၏။ ဓားနှစ်လက်က ရွှေရောင်ပိုက်ကွန်ထဲကနေ ထွက်၍ အဘိုးအိုထံသို့ တိုးဝင်လာကြသည်။

အဘိုးအို၏ အသွင်က တည်ငြိမ်နေပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဟင်္သာပြဒါးနိုင်ငံရဲ့ ပထမဆုံး ဟင်္သာပြဒါးက အာဏာတက်ခြင်း အလယ်အဆင့်ကျင့်ကြံသူ ကိုးယောက်နှင့်အတူ သူ့ကိုယ်သူ စတေးပြီး ငါ့စွန့်ပစ်ခံ မသေမျိုးကလန်ကို ထောင်စုနှစ်များစွာ ကြာအောင် သည်ဓားငါးလက်ကို အသုံးပြုပြီး ချိပ်ပိတ်ထားခဲ့တယ်။ ဒီနေ့ ငါကလည်း ငါ့ကိုယ်ငါ စတေးပြီး ငါ့ စွန့်ပစ်ခံမသေမျိုးကလန် အတွက် လွတ်လပ်မှုပြန်ရအောင် လုပ်ရမယ်။ စုပ်ယူလိုက်စမ်း…” သူက ညာလက်ဖြင့် ရှေ့သို့ ညွှန်လိုက်ရာ သူ့ရှေ့တွင် ဧရာမတက်တူး အမှတ်အသားကြီးတစ်ခု ပေါ်လာခဲ့သည်။ သည်တက်တူး အမှတ်အသားက ရှေးဦးအော်ရာကို ထုတ်လွှတ်နေပြီး ချက်ချင်းပျံ့နှံ့လာ၏။

တိုးဝင်လာသော ဓားနှစ်လက်သည် စတင်တုန်ခါပြီး တက်တူးစွမ်အားကို ချိုးဖျက်၍ နောက်သို့ အမြန်ပြန်ဆုတ်သွားသည်။

“ပြန်လာခဲ့စမ်း…” အဘိုးအိုမျက်လုံးများက တည်ငြိမ်လို့နေ၏။ သူ့မျက်လုံးများက အရာအားလုံးကို ဖြတ်၍ မြင်နိုင်စွမ်း ရှိသည့်အလား ထင်မှတ်ရသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်ကနေ ကောင်းကင်ဘုံ အက်ကွဲသွားသလား မှတ်ရသည့် အသံကြီးတစ်ခု မည်ဟိန်းထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော တက်တူးများကလည်း လေထဲ၌ ပေါ်လာခဲ့သည်။ သည်တက်တူးများက တစ်ခုနှင့်တစ်ခု ယှက်လိမ်ပေါင်းစပ်၍ တက်တူးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားနှစ်လက်က ရုန်းကန်နေရာကနေ လျှပ်စီးတန်းအလား အဘိုးအိုထံသို့ ပျံသန်းတိုးဝင်သွား၏။

ဘန်း…ဘန်း….။

ဓားနှစ်လက်က အဘိုးအိုရင်ဘတ်သို့ သွားရောက် ထိုးစိုက်ချိန်၌ ဂြိုဟ်တစ်ခုလုံးကို ဖြတ်၍ပင် ကြားနိုင်လောက်သည့် ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ဓားနှစ်လက်က တစ်ဖန်ပြန်၍ လွတ်မြောက်ရန် ရုန်းကန်သော်လည်း ပြန်မဆုတ်နိုင် ဖြစ်ရသည်။

“အတိတ်တုန်းက ဒီအဘိုးအိုက ငါ့ကလန်သားတွေ သေတာကို ထိုင်ကြည့်နေရတဲ့ ငကြောက်တစ်ကောင် ဖြစ်ခဲ့တယ်။ ငါက အသက်ရှင်နေ ပေမဲ့လည်း ငါ့နှလုံးသားက သေဆုံးသွားခဲ့တာ ကြာလှပြီ…” အဘိုးအိုက ကောင်းကင်ထက်ရှိ ရွှေရောင်ပိုက်ကွန်ထံသို့ လက်ညွှန်သည်။

နောက်ထပ် ဓားနှစ်လက်က အဘိုးအိုထံသို့ ပျံသန်း တိုးဝင်လာပြန်သည်။ သူတို့က တိုးဝင်မလာအောင် ရုန်းကန်နေသော်လည်း အဘိုးအို၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး သူ့ရင်ဘတ်ပေါ်သို့ ထိုးစိုက်လာပြန်သည်။

“နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါက ပုံမှန်ဆို သေသင့်နေခဲ့ပြီ။ ဒါပေမဲ့ ငါ့ကလန်က ငါ့ကို သူတို့ရဲ့ တည်ထောင်သူ ဘိုးဘေးအဖြစ် သတ်မှတ်ထားကြတုန်းပဲ။ သူတို့က ငါအသက်ရှင်နိုင်အောင် ကလန်ရဲ့ တက်တူး အမှတ်အသားတွေကို အစာအဖြစ် ကျွေးခဲ့ကြတယ်။ ငါက ငါ့ကလန်သားတွေရဲ့ အသက်ကို စားသုံးပြီး အသက်ရှင်နိုင်ခဲ့တယ်။ ငါက ကလန်ရဲ့ ငမိုက်သားပဲ…”

အဘိုးအိုက ရွှေရောင်ပိုက်ကွန်ထဲရှိ နောက်ဆုံး ဓားတစ်ချောင်းကို ကြည့်သည်။ သူက နက်ရှိုင်းစွာ အသက်ရှူ၍ လက်ဆန့်ထုတ်သည်။ သည့်နောက် နောက်ဆုံးရွှေရောင်ဓားက စတင် ရုန်းကန်လာပြန်၏။

သည်ဓားက အဘိုးအို၏ ထိန်းချုပ်မှုကို ခုခံနိုင်စွမ်း မရှိသည့်ပုံရပြီး ရွှေရောင် ပိုက်ကွန်ထဲကနေ ထိုးထွက်၍ အဘိုးအိုထံသို့ ထိုးစိုက်ရန် တိုးဝင်လာရပြန်သည်။

“စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ဒီအဘိုးအို ငမိုက်သားက သေဖို့ ထိုက်တန်တယ်။ ဒီနေ့ ဒီအဘိုးအိုက သစ်ရွက်ဆယ့်တစ်ရွက် အဆင့်ကို ဖြတ်ကျော်ပြီး ဆယ့်နှစ်ရွက်မြောက်ကို စတင်ပွင့်လန်းနိုင်ခဲ့တဲ့ အတွက် ငါ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အဆင့်လို့ ခေါ်တဲ့ ကျင့်ကြံသူတွေထက် ပိုမြင့်တဲ့ အဆင့်ကို ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအဘိုးအိုရဲ့ စွမ်းရည်က အကန့်အသတ် ရှိနေတယ်။ ဒါကြောင့် နောက်ဆုံးအဆင့်ကို အပြီးသတ် လုံးဝမစုပ်ယူနိုင်ခဲ့ဘူး။ ငါက ဘိုးဘေးတွေအတွက် အရှက်ရစရာ လူတစ်ယောက်ပဲ။

ပိုက်ကွန်ထဲကနေ နောက်ဆုံးကျန်နေသည့် ဓားက တစ်ဟုန်ထိုး အဘိုးအို၏ မျက်လုံးနှစ်ခုကြားသို့ ထိုးစိုက်ဝင်သွားသည်။

အဘိုးအိုမျက်လုံးများက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

“ဒီအဘိုးအိုက ငမိုက်သား တစ်ကောင်ပဲ။ ဒါပေမဲ့ ငါ့သေခြင်းက ငါ့ကလန်ကို မြေအောက်မှာပဲ ပုန်းနေစရာမလိုဘဲ အပေါ်ဘက်ကို ပြန်ရောက်ဖို့ ပြုလုပ်ပေးနိုင်လိမ့်မယ်။ ငါ့စိတ်ဝိညာဉ်ကို စတေးပြီး ငါ့ကလန်က ပြန်ထွန်းတောက် ထွက်ပေါ် လာနိုင်လိမ့်မယ်…” သည်အခိုက်တွင် အဘိုးအိုမျက်လုံးထဲရှိ အလင်းရောင်က ပျောက်ကွယ်သွားပြီး သူ့လက်များဖြင့် ကောင်းကင်ကို ဆွဲဖြဲပစ်ရန် ဆန့်ထုတ်လိုက်၏။

ထိုအခါ ရွှေရောင်ပိုက်ကွန်က နှစ်ခြမ်းကွဲသွားကာ အသံတစ်ခုသည် ဂြိုဟ်တစ်ခုလုံးပင် ကြားရလောက်သည့်အထိ တုန်ခါစွာ ထွက်ပေါ်သွားသည်။

ရွှေရောင်ပိုက်ကွန်က ဖိနှိပ်ထားသည် ဧရာမ သစ်ပင်ကြီးသည်လည်း ချက်ချင်းပင် တစ်ဟုန်ထိုး ထိုးတက်၍ ကောင်းကင်ဘုံ တိုင်အောင် ထိုးတက်နေသည့် တိုင်လုံးကြီး တစ်ခုကဲ့သို့ ဖြစ်တည်လို့သွား၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် ဧရိယာရှိ မရေမတွက်နိုင်သော တက်တူးများက ပျက်စီးပျောက်ကွယ် ကုန်ကြသည်။

အဘိုးအို၏ ခန္ဓာကိုယ်သည်လည်း သည်ဧရာမ အပင်ကြီးနှင့် ပေါင်းစပ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်လို့သွား၏။

သည်အခိုက်တွင် မသေမျိုးကလန် အဖွဲ့ဝင်များသည် တွင်းပေါက်ကြီးထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ သည့်နောက် သူတို့ တစ်ယောက်ချင်းစီက အပင်ကြီးထံသို့ အလွန်လေးစားစွာ ဦးညွှတ်ဂါဝရ ပြုလိုက်ကြ၏။

မသေမျိုးကလန် အဖွဲ့ဝင်များကြားတွင် မျက်နှာဇာပဝါ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက်ပါ ရှိလို့နေသည်။ သူမမျက်လုံးများက ထိုဇာပဝါအောက်၌ တည်ငြိမ်လို့နေသည်။

“ငါက နင်တို့မလိမ်ဖို့ မျှော်လင့်ပါတယ်။ ငါက ဒီချန်းဖန်ကို တကယ့်ကို သေစေချင်တယ်…”

ကီလိုမီတာငါးဆယ် အကွာတွင်တော့ ကောက်ရိုးဦးထုပ် ဆောင်းထာသည့် ဗလတောင့်တောင့် လူဝကြီးတစ်ယောက်က သည်သစ်ပင်ကြီးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါက မင်းတို့မလိမ်ဖို့ မျှော်လင့်ပါတယ်။ ငါက မဟာမိတ်ကလန်လေးခု နိုင်ငံကို ပြန်လိုချင်တယ်…”

“သတ်…” ကောင်းကင်ဘုံကိုပင် ထွင်းဖောက် သွားနိုင်လောက်သည့် အော်ဟစ်သံတစ်ခုက မသေမျိုး သင်္ချိုင်းကနေ ပျံ့နှံ့လာခဲ့၏။ သည်သတ်ဆိုသည့် ဟိန်းသံက လူတစ်ယောက်ထဲကနေ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ စွန့်ပစ်ခံ မသေမျိုးသင်္ချိုင်း၏ လူတစ်ယောက်စီကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ သည်အသံက ကောင်းကင်ကိုဖြတ်၍ သည်ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ရိုက်ခတ် ပဲ့တင် ထပ်သွားစေသည်။

သည်အခိုက်တွင် ဟင်္သာပြဒါး တောင်ထိပ်ရှိ ကျူးချွဲဇီ ကျင့်ကြံနေသော လိုဏ်ဂူထဲကနေ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ သည်အသံကြောင့် လိုဏ်ဂူက ပျက်စီးသွားခဲ့ပြီး ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားလေ၏။

ကျူးချွဲဇီက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေဟာနယ်ထဲ၌ ထွက်ပေါ်လာ၏။ သူက မသေမျိုးသင်္ချိုင်းရှိရာ နေရာကို အလွန်ရုပ်ဆိုးစွာ ကြည့်လိုက်သည်။

“ဒီသောက် စွန့်ပစ်ခံ မသေမျိုးကလန် အကြွင်းအကျန်တွေ…။ မင်းတို့တွေက သေဖို့ လုပ်နေကြတာပဲ…” ကျူးချွဲဇီက လက်ဆန့်တန်းလိုက်ရာ တိမ်များက သူ့လက်ထဲ၌ စုဝေးလာသည်ဟု ထင်မှတ်လိုက်ရသည်။ သိပ်မကြာခင်တွင် တိမ်များထံကနေ အဖြူရောင် တိုကင်တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။

သူက သည်တိုကင်ကို တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု အစရှိသဖြင့် ခွဲပစ်လိုက်သည်။

“ငါက ဟင်္သာပြဒါးနိုင်ငံရဲ့ ဆယ့်လေးဆက်မြောက် မျိုးဆက် ကျင့်ကြံသူအားလုံးကို ဆင့်ခေါ်တယ်။ စွန့်ပစ်ခံ မသေမျိုးကလန်နဲ့ ဒုတိယကြိမ်မြောက် စစ်ပွဲ စတင်ပြီ…”

တိမ်တိုကင်များက ပျောက်ကွယ်လို့ သွားသည်။ ထို့နောက် ဟင်္သာပြဒါးနိုင်ငံရှိ ကောင်းကင်ဘုံ ကျောက်စိမ်းနိုင်ငံတွင် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေသော အဘိုးအိုတစ်ယောက်က လှမ်းလျှောက်၍ ထွက်ပေါ်လာ၏။

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပိန်ပါးသည်။ သို့သော် သူက မသေမျိုး သင်္ချိုင်းရှိရာသို့ လှမ်းကြည့်နေရင်း သူ့မျက်လုံးများက တလက်လက် ဖြစ်လို့နေ၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “အဖြစ်အပျက် အကြောင်းအရာတွေ ပြောင်းလဲကုန်နေပြီ…”

သည်အဘိုးအိုက ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၏ ဘိုးဘေးဖြစ်သူ အာဏာတက်ခြင်း အစောပိုင်းအဆင့် ဖြစ်သည့် ချူးယွမ်ဖန် ပင် ဖြစ်ချေသည်။

ဟင်္သာပြဒါးနိုင်ငံ၏ အရှေ့ဘက်၌ ကမ္ဘာမြေ စိတ်ဝိညာဉ်ကလန် တည်ရှိသည်။ သည်ကလန်၏ မြေအောက်၌ နက်ရှိုင်းသော လိုဏ်ဂူတစ်ခု တည်ရှိနေကာ သက်လတ်ပိုင်း လူကြီးတစ်ယောက် ထိုင်လို့နေ၏။

သည်အခိုက်တွင် သည်လူကြီးက ရုတ်တရက် မျက်လုံးပွင့်လာခဲ့၏။ သူ့မျက်လုံးများက ရှေးဟောင်း ခံစားချက်ကို ပေးစွမ်းနေသည်။ သူက သက်ပြင်းချလိုက်၏။ “နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီ။ ငါက ဒီအဖြစ်မှာ ပါဝင် ပတ်သက်ရမယ်လို့ မယုံနိုင်ဘူး… အာ…”

ဟင်္သာပြဒါးနိုင်ငံ၏ နောက်ဆုံးကလန် တစ်ခုကတော့ အင်မော်တယ်လမ်းကြောင်း ကလန်ပင် ဖြစ်သည်။ သို့ရာတွင် သည်ကလန်ထဲ၌ မည်သည့် ရုတ်ရုတ်သဲသဲဖြစ်မှုမှ ရှိမနေခဲ့ချေ။ သည်အင်မော်တယ် လမ်းကြောင်း ကလန်၏ အာဏာတက်ခြင်းအဆင့် ဘိုးဘေးက အလွန်တရာ ထူးဆန်းသူ ဖြစ်သည်။ အလွန်နည်းပါးသော လူအချို့သာ သူဘယ်နေရာမှာ ရှိနေသည်၊ သို့မဟုတ် သူက မည်သို့ ပုံပန်းသဏ္ဌာန် ရှိသည်ကို သိရှိကြသည်။

ဖီးလုနိုင်ငံ… စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်…။

သွန်းထျန်က မျက်လုံးဖွင့်လာပြီး သူက နှာခေါင်းရှုံ့လိုက်သည်။ သည့်နောက် မျက်လုံး ပြန်မှတ်လိုက်၏။

သည်ဟင်္သာပြဒါး နိုင်ငံ၏ ဘေးကပ်ဆိုးက ဝမ်လင်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ သူက လီမူဝမ် ပြန်လည်မွေးဖွားမှု အတွက် ကောင်းကင်ဘုံ တမန်တော် အပြစ်ဖို့ ရောက်လာခြင်းကို ရင်ဆိုင်နိုင်ရန်သာ အာရုံစိုက်ထားလေ၏။

လီမူဝမ်နိုးထရန် နှစ်နှစ်သာ လိုပေတော့သည်။

သည်နှစ်နှစ်အတွင်း ကျိုးယုလေးက သူမအချိန်အများစုတွင် တိတ်ဆိတ်နေခြင်း ဖြင့်သာ ကုန်ဆုံးစေခဲ့သည်။ သူမနှင့် ဝမ်လင်းကြားတွင် အခုအခါ၌ ကြီးမားသော အတားအဆီးကြီး ရှိလို့နေ၏။

ဝမ်လင်းက သူမခန္ဓာကိုယ်ထဲ၌ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က တဖြည်းဖြည်း ပြန်ကောင်း လာနေသည်ကို ခံစားမိနေသည်။ ထို့အတူ ကျိုးယုလေး၏ သက်တမ်းကလည်း တဖြည်းဖြည်း ပျောက်ရှလို့နေသည်။

သူမအသက်ဓာတ်က လုံးဝ ပျောက်ကွယ်သွားသည်နှင့် လီမူဝမ်က ကျိုးယုစိတ်ဝိညာဉ်ကို လုံးဝ ဝါးမျိုပစ်လိမ့်မည် ဖြစ်၏။

သို့ရာတွင် လီမူဝမ်၏ စဦးစိတ်ဝိညာဉ် ပြန်လည် ကြီးထွားလာမှုနှုန်းက လွန်ခဲ့သော နှစ်ကတည်းက တဖြည်းဖြည်း နှေးကွေးလာခဲ့၏။ သူမစဦးစိတ်ဝိညာဉ်က ကြီးထားလာရန် ဆန္ဒမရှိခြင်းက သူမသည် ကျိုးယုလေး၏ စိတ်ဝိညာဉ်ကို ဝါးမျို မပစ်လိုချင်းကြောင့် ဖြစ်၏။

ဝမ်လင်းက သည်အရာက လီမူဝမ်သည် သူမ၏ အသိစိတ်အချို့ ပြန်ရလာသောကြောင့် ဖြစ်သည်ကို သိလေ၏။ သူမက သူမ နိုးထမွေးဖွားလာနိုင်ရန် အတွက် ကလေးတစ်ယောက်၏ အသက်ကို စတေးလိုခြင်း စိတ်ဆန္ဒ မရှိချေ။

သည်အရာက သူမ၏ ရွေးချယ်မှုသာ ဖြစ်သည်။ ဝမ်လင်း၏ ဆုံးဖြတ်ချက် မဟုတ်ချေ။ ဝမ်လင်း သူ့စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုပြီး သူမကို ရပ်တန့် ထားခြင်းကြောင့် သူမ၏ စဦးစိတ်ဝိညာဉ်က ဆက်လက်၍ ကျိုးယုလေး ခန္ဓာကိုယ်ထဲ၌ ကြီထွားလာပြန်၏။

“ဝမ်အာ… ငါက နင်ဟာ ဒီကလေးရဲ့ စိတ်ဝိညာဉ်ကို ဝါးမျိုမပစ်ချင်ဘူးဆိုတာ သိပါတယ်။ ငါ့ကိုယုံပါ။ ငါက ဒါကို အချိုးညီအောင်လုပ်ပြီး သူမကို မထိခိုက်အောင် လုပ်မှာပါ။ နင်နိုးလာတာနဲ့ ငါက သူမကို သူ့မိဘတွေဆီ ပြန်ပို့ပေးမှာပါ။ ငါလိုချင်တာက နင့်စဦးစိတ်ဝိညာဉ်ပါ… ဒီကလေးရဲ့ ခန္ဓာကိုယ် မဟုတ်ဘူးလေ…”

သည်အရာက ဝမ်လင်း လီမူဝမ်ကို ပေးထားသော ကတိပင် ဖြစ်ချေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset