သူတို့ ရှီမာယူယူ အခန်းသို့ပြန်ရောက်သည်နှင့် အသံကျောက်တုံးအသုံးပြုခြင်း ရလဒ်ကိုကြည့်ရန် လုပ်ဆောင်လိုက်ကြသည်။
သူမ အသံကျောက်တုံးအား ထုတ်ကာ ဝိညာဉ်စွမ်းအင်းကို ထည့်လိုက်သည်၊ ထို့နောက် ကျောက်တုံးအား စားပွဲပေါ်တွင်ထားလိုက်သည်နှင့် အသံကျောက်တုံးမှ သွေးကြောများသည် စတင်လှုပ်ရှားလာသည်။ ထိုကျောက်တုံးသည် ဟီကျူကျိနှင့် နာလန်လန်တို့ရေကန်ဘေးတွင်ပြောခဲ့သော စကားများကို ပြန်ကျော့တော့သည်။ စကားပြောသံများပြီးဆုံးသည်နှင့် အသံကျောက်တုံးသည် ငြိမ်ကျသွားတော့သည်။
“တကယ် ထူးဆန်းတာပဲ” အပြီးထိနားထောင်ပြီးသည်နှင့် ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်လာသည်။ ထိုကျောက်တုံးသည် ထိုမျှအားကြီးသည်ကို ရှီမာယူယူ မထင်ထားပါ၊ သူမတွင် မေးစရာမေးခွန်းများ ဖြစ်ပေါ်နေဆဲပင်။ ထိုကျောက်တုံးသည် ဟွမ်ယူအန်းပြခန်းတွင်တောင်မရှိသည့် ရှားပါးလှသည်၊ ဘေဂုံထန်ဆီမှာ ဘယ်လိုရှိနေတာပါလိမ့်။
“ယူယူ မင်းငါတို့မေးခွန်းကို ဖြေချိန်ရောက်ပြီ”
ဖက်တီးကျူ၏ အသံသည် ရှီမာယူယူ၏ အတွေးများအား စုစည်းလိုက်သလိုဖြစ်သွားပြီး သူမ ရှုပ်ထွေးစွာ သူတို့အားကြည့်လိုက်သည် “ဘာမေးခွန်းလဲ”
“မင်း ကျင့်ကြံနိုင်တဲ့ကိစ္စလေ” ဖက်တီးကျူ သူမလက်မှ မသင်္ကာစရာကောင်းသော လက်စွပ်အား ညွှန်ပြလိုက်သည်။ ထိုအရာသည် မှော်ဝင်လက်စွပ်ဖြစ်ကြောင်းသူတို့မသိပါက တခြားသူများဆိုလျှင် စဉ်းစားမိမှာပင်မဟုတ်ပေ။ “မင်း မှော်ဝင်လက်စွပ်ကို သုံးလို့ရနေတာ ပြီးတော့ အသံကျောက်တုံးထဲကို ဝိညာဉ်စွမ်းအင်ထည့်နိုင်နေတာတွေက မင်းက ဝိညာဉ်သခင်ဖြစ်နေပြီဆိုတာပြနေတာပဲ”
“ဟုတ်တယ် ငါကအခု ဝိညာဉ်သခင်ပဲ” ရှီမာယူယူ ဝန်ခံလိုက်သည်။
“ဒါပေမယ့် မင်းကျင့်ကြံလို့မရဘူး မလား” ဝေကျိရွှီ သိချင်မှသိလိမ့်မည်။ သို့သော် ဖက်တီးကျူနှင့် သူမနှင့် နီးစပ်သောသူများသည် ရှီမာယူယူ၏ အတွင်းရေးကို သိနှင့်ပြီးသားဖြစ်သည်။
“ဟုတ်တယ် အရင်ကပါ ငါကျင့်ကြံလို့မရတာက” ရှီမာယူယူရှင်းပြလိုက်သည်။ “ဒါပေမယ့် ငါပျောက်သွားတဲ့အချိန်အတွင်းမှာ ကံကောင်းလို့ ငါ့ရဲ့ ပိတ်နေတဲ့အကြောတွေက ပွင့်သွားတာ၊ အဲဒါကြောင့် ငါအခုကျင့်ကြံလို့ရသွားတာ”
“တကယ်လား” ဖက်တီးကျူ၏ မျက်လုံးများပြူးကျယ်သွားတော့သည်။ သူပျောက်သွားတာက အကျိုးဖြစ်သွားလိမ့်မယ်လို့ဘယ်သူသိမှာလဲ၊ သူအသက်ရှင်ရုံသာမက ကျင့်ကြံမှု အရည်အချင်းလည်း ရရှိလာသည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ငါကြုံရတာကို အသေးစိတ်ပြောရမှာတော့ နည်းနည်းခက်တယ်၊ ဒါပေမယ့် အဆုံးသတ်ရလဒ်ကတော့ ဒါပဲ၊ အဲဒါနဲ့ပတ်သတ်လို့ အရင်က ငါ့မိသားစုက သိထားတယ်၊ အခုမင်းတို့သိသွားပြီ မင်းတို့နှစ်ယောက် လျှို့ဝှက်ထားပေးကြမယ်မလား”
“ဘာလို့လဲ” ဖက်တီးကျူနားမလည်နိုင်သေးပေ၊ “မင်း ကျင့်ကြံနိုင်ပြီဆိုတာကောင်းတာပဲ၊ တခြားသူတွေ ဘာလို့မသိစေချင်တာလဲ၊ မင်းကျင့်ကြံနိုင်တာ သူများတွေသိရင် မင်းကို အမှိုက်လို့သဘောထားပြီး မဆက်ဆံတော့ဘူးလေ”
“သူများတွေ ငါ့ကို ဘယ်လိုစဉ်းစားတယ်ဆိုတာ သူတို့ပြဿနာလေ၊ ငါဂရုမစိုက်ဘူး” ရှီမာယူယူပြောလိုက်သည် “ဒါပေမယ့် ငါကျင့်ကြံနိုင်တယ် ဆိုတာ တခြားသူတွေသိရင် မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာ ငါကြောက်တယ်”
နာလန်မျိုးနွယ်အကြောင်းရှီမာယူယူ ပြောသည်ကို ဖက်တီးကျူသိသည်။ ပြီးခဲ့သည့်တစ်ခေါက် သူအိမ်ပြန်စဉ်က ထိုအကြောင်းကို ကြားခဲ့ရသည်။ စစ်သူကြီးအိမ်တော်နှင့် နာလန်မျိုးနွယ်တို့၏ ရန်စသည် ကြီးမားလာသည်။ ရှီမာယူယူသည် အမှိုက်ဖြစ်သည်ကို သိခြင်းကြောင့် ထိုအချိန်က သူ့အားနာကျင်အောင်မလုပ်ခြင်းဖြစ်သည်။ သူ ကျင့်ကြံနိုင်သည်ကို သိသွားကြပါက သူတို့သေချာပေါက် သူ့အား တိုက်ခိုက်မည်ဖြစ်သည်။
“ကောင်းပြီ ဒီစကားကို ဘယ်သူမှမပြောပါဘူး” ဖက်တီးကျူ သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ဝေကျိရွှီသည်လည်း ထိုသဘောဖြင့် ခေါင်းညိတ်လိုက်သည်။
ရှီမာယူယူ ပြုံးကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”
“ဘာလို့ကျေးဇူးတင်တာလဲ” ဖက်တီးကျူမေးလိုက်သည်။ “ငါတို့က သူငယ်ချင်းတွေပဲ မင်းရဲ့ လျှို့ဝှက်ချက်ကို ဖုံးပေးရမှာပေါ့ အစတုန်းက မင်းအန္တရာယ်ဖြစ်မှာစိုးလို့ မင်းကိုဆွဲမသွင်းတော့ဘူးလုပ်နေတာ၊ မင်းက ကျင့်ကြံနိုင်ပေမယ့် မင်းအဆင့်က မြင့်ဦးမှာမဟုတ်ဘူး၊ မင်းသွားရင်လည်း အန္တရယ်များဦးမှာပဲ ဒါပေမယ့် ကျင့်ကြံခြင်းကိုပြောရမယ်ဆိုရင်လည်း ဒါက လေ့ကျင့်ဖို့ကို အခွင့်အရေးကောင်းပဲ၊ မင်းသွားမလား မသွားဘူးလား မင်းစဉ်းစားပေါ့”
သူမ အဆင့်သည် မမြင့်ဘူးဟု ဝေကျိရွှီ၏စကားကို ရှီမာယူယူ ပြုံးရုံမျှပြုံးလိုက်ကာ ဘာမှပြန်မပြောပေ။ သူ့စကားများသည် သူမအားနစ်နာလိုခြင်းမရှိပေ။ သာမာန်လူသာဆိုလျှင်လည်း အချိန်တိုအတွင်း သူမထိုကဲ့သို့ အဆင့်တက်သွားသည်ကိုတွေးမိမည်မဟုတ်ပေ။
ထို့အပြင် သူမ ကောင်းကျိုးအတွက် ပြောခြင်းဖြစ်သည်။
“ငါတို့အဖွဲ့ကိုချပေးတဲ့ မစ်ရှင်ရှိတော့ ငါသေချာပေါက် အဲဒါလုပ်ရဦးမယ်” ရှီမာယူယူပြောလိုက်သည်။ “ဒါပေမယ့် မင်းနားပါဦး၊ ငါတို့မင်းကို ဆွဲမသွင်းပါဘူး”
“မင်းတို့ ငါ့ကို ဆွဲသွင်းမှာ မကြောက်ပါဘူး၊ ဒီမစ်ရှင်က နည်းနည်းအန္တရာယ်များလို့၊ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်လာရင် မင်းကို ငါတို့မကာကွယ်နိုင်ဘူး၊ မင်းအသက်တောင် သေသွားနိုင်တယ်” ဖက်တီးကျူရှင်းပြလိုက်သည်။
“ငါနားလည်ပါတယ်” ရှီမာယူယူပြောလိုက်သည် “ငါက ငါ့အသက်ကို တန်ဖိုးထားပါတယ်၊ မင်းတို့နှစ်ယောက်လုံး စိတ်ချလက်ချနားဦး”
“မင်းဆုံးဖြတ်ပြီးသားဆိုလည်း ကောင်းပါပြီ” ဝေကျိရွှီ ဘာမှထပ်မပြောတော့ပေ၊ ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ဒါဆို အဲနှစ်ယောက်ရဲ့ သရုပ်မှန်ကို ဘယ်အချိန်ဖော်မှာလဲ”
စားပွဲပေါ်တွင် တင်ထားသောအသံကျောက်တုံးအား ရှီမာယူယူ ကြည့်လိုက်ကာ မဲ့ပြုံးပြုံးလိုက်သည် “ဒါနဲ့ပတ်သတ်ရင် ငါသူတို့ကိုကြည့်ရင် ငါ့ရဲ့ရန်လိုတဲ့မျက်လုံးကို စောစောစီးစီးရှောင်တာကောင်းမယ်”
“အဲဒီနာလန်မျိုးနွယ်က ကျောင်းဝင်းထဲမှာ သောင်းကျန်းနေတာ တော့အမှန်ပဲ၊ သူတို့မိသားစုကို ကျောင်းကထုတ်နိုင်တယ်ဆိုရင် အဲမိသားစုက သေချာပေါက် ဒေါသပုန်ထမှာပဲ” ဖက်တီးကျူ ရယ်လိုက်သည်။
ဒေါသပုန်ထမယ်ဟုတ်လား၊ ရှီမာယူယူ လှောင်ပြုံးပြုံးလိုက်သည်၊ အဲလိုဆိုရင် ကောင်းမှာပဲ။
ဒုတိယနေ့တွင် ရှီမာယူယူ ပုံမှန်အတိုင်းအတန်းတက်သည်၊ သူမ အတန်းသို့လာသည်ကို တွေ့သည်နှင့် လူများသည် သူမအား မျက်လုံးပြူးများဖြင့် ဝိုင်းကြည့်ကြတော့သည်။
“အဲအမှိုက်ကသေသွားတာမဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြန်လာတာလဲ”
“ဟုတ်တယ်၊ အသက်ရှင်ပြီး ဘယ်တော့မှပြန်မလာနိုင်တဲ့ လေးခုမြောက် ဖြတ်လမ်းတည်ဆောက်မှုထဲကို ဝင်သွားတာလို့ ပြောတယ်မဟုတ်ဘူးလား”
“အဲလိုပြောကြတာပဲ”
“ဒါဆို အဲအမှိုက်က ဘယ်လိုပြန်လာတာလဲ ပြီးတော့ သူ့ပုံကိုလည်းကြည့်ဦး ဘာမှမဖြစ်ခဲ့သလိုပဲ”
“အဲအမှိုက်ကို သတ်ဖို့ အဲဖြတ်လမ်းတည်ဆောက်မှုက စွမ်းအားမရှိ လို့များလား”
“အဲဒါသာအမှန်ဆိုရင် အဲအမှိုက်က ကံကောင်းလွန်းနေတာ မဟုတ်ဘူးလား၊ အမှိုက်ဖြစ်နေတာက သူ့အသက်ကို ကယ်ခဲ့တာပေါ့”
“အသံကျယ်ကျယ်မပြောနဲ့ သူကြားသွားရင် မင်းကိုရှင်းပစ်ဖို့ သူ့အိမ်တော်က လူတွေကိုခေါ်နေဦးမယ်”
“တောက် စစ်သူကြီး ကျောထောက်နောက်ခံနဲ့နေနေတာပဲ”
“တော်ပြီ သွားကြအောင် အဲအမှိုက်ကိုမြင်တာနဲ့ ငါစိတ်တောင်ပျက် သွားတယ်”
သူတို့ထဲမှတစ်ချို့သည် စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားကြ လေသည်။ ရှီမာယူယူ သူတို့ရှေ့တွင် ဖြတ်လျှောက်နေချိန်တွင် သူမ အားလုံးအားရှင်းရှင်းလင်းလင်းကြားရသည်။ တစ်ချို့သူများသည် သူတို့တွင် ကျောထောက်နောက်ခံ အင်အားကြီးသော မိသားစုမရှိခြင်းကြောင့် မနာလိုဖြစ်ကြခြင်းပင်။ အမှိုက်တစ်စအနေနှင့် သည်လိုဘဝနှင့် ပတ်ဝန်းကျင်အားရင်ဆိုင်ရသည်။ ဘဝသည် သူတို့အတွက်တော့ မျှတခြင်းမရှိပေ။
အထူးတန်းမှ ကျောင်းသားအသစ်များ အတန်းထဲသို့ဝင်လာချိန်တွင် အရင်လူများကဲ့သို့ မအံ့သြကြတော့ပေ။ ထို့အပြင် လူအများစုမှာ သူမအားမနေ့က တွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရှီမာယူယူ အတန်းထဲသို့ဝင်သွားချိန်တွင် ဟီကျူကျိနှင့် သူမ တစ်ယောက်နှင့်တစ်ယောက်မြင်လိုက်ရသည်။ သူမအားကြည့်သည်ကို မြင်သည်နှင့် ရှီမာယူယူ ဂုဏ်ယူစွာရယ်ပြလိုက်သည်၊ သူမသည် ချက်ချင်းပင် ကြောက်ရွံ့မှုကြောင့် ခေါင်းငုံ့သွားလေသည်။
သူမ နောက်ဆုံးခုံတွင် ဘေဂုံထန်နှင့်အတူဝင်ထိုင်လိုက်ကာ သူမခုံသည် ဖုန်တစ်မှုန်မှ မရှိပဲ သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။
“ငါ့ဘေးမှာ ညစ်ပတ်နေတာကို မကြိုက်လို့” ဘေဂုံထန် ရိုးရှင်းစွာ ရှင်းပြလိုက်ပြီး ဖတ်ရန် စာအုပ်အား ထုတ်ယူလိုက်သည်။
“ကျေးဇူး” သူမဘာပြောပြော သူမခုံအားသန့်ရှင်းပေးထားသည်၊ ထို့ကြောင့် သူမစိတ်ဓာတ်အား လေးစားမိသည်။
“မင်းတို့တွေ မနေ့ညက အပြင်ထွက်ကြတာ ဖြေရှင်းဖို့တစ်ခုခုရှိလို့လား” ဘေဂုံထန်သည် စာအုပ်ကို ကြည့်ဆဲပင် သို့သော် ဟီကျူကျိအား ရှီမာယူယူ ကြည့်သော အကြည့်အားပြန်တွေးလိုက်ရင် မကြာခင် ပွဲကောင်းကောင်း ကြည့်ရမည်ကို သဘောပေါက်လိုက်သည်။
ရှီမာယူယူ အားကြည့်ရင်းကြည့်ရင်းနှင့် ထိုကဲသို့ ဖော်ရွေတတ်သော ခံစားမှုကို သူမအား ဘာလို့ပေးတာလဲဆိုတာကိုတော့ သူမမသိပါ။ သူ့ပြဿနာကိုတောင် သူမဂရုစိုက်လိုက်သေးသည်။ ထိုခံစားချက်သည် အရင်က ခံစားဖူးသော ခံစားချက်မျိုးတော့မဟုတ်ပေ။
အရင်က သူမနှလုံးသားသည် ကြံ့ခိုင်သည်၊ ထိုနေရာအား သူမပြန်သွားလျှင် တချို့လူများကို သူမလက်စားချေမည်။
တစ်စုံတစ်ရာအား ထိုကဲ့သို့ ဂရုစိုက်ခြင်းသည် ထူးဆန်းသည်ကို သူမတွေးမိသည်။
“ဟုတ်တယ် အကုန်ဖြေရှင်းပြီးသွားပြီ၊ အတန်းပြီးသွားတာကို စောင့်နေတာ” ရှီမာယူယူ ပြုံးကာပြန်ဖြေလိုက်သည်။