Switch Mode

အပိုင်း(၅၇)-အစီအစဉ်စတင်ခြင်း

ရှီမာယူယူပျောက်ဆုံးပြီးနောက် အကုန်လုံးသည် သူမ ဟင်းချက်လက်ရာအားစားရန် အခွင့်အရေးမရှိတော့ပေ။ ထို့ကြောင့်ပင် သူမ စားပွဲအကြီးအပြည့်ဟင်းလျာများ ပြင်ဆင်ကာ ဝူရန်ဖေအတွက်ဖယ်ထားသည့်ဟင်းများမှ လွဲ၍ ထိုလူနည်းနည်းနှင့်ပင် ပန်းကန်တိုင်းသည် ပြောင်သွားတော့သည်။

စားသောက်ပြီးစီးသည်နှင့် ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် ပန်းကန်လုံးများဆေးရန် နောက်တွင် ကျန်ခဲ့လေသည်။ သူတို့ပန်းကန်ဆေးပြီးချိန်တွင် ဟိန်းသံလေး၏ သတင်းပေးမှုကြောင့် ဟီကျူကျီသူမ အခန်းမှထွက်သွားပြီဖြစ်ကြောင်း ရှီမာယူယူသိလိုက်ရသည်။

ထိုအချိန်တွင် ညဉ့်နက်သန်းခေါင်း ၁၂နာရီဝန်းကျင်ဖြစ်၍ နောက်ကျနေပြီဖြစ်သည်။ ထိုအချိန်တွင် သူမ ထွက်ခွာသွားခြင်းကို မည်သူမျှသိနိုင်မည်မဟုတ်ပေ။

“ငါသွားတော့မယ်” ဖက်တီးကျူအား ရှီမာယူယူပြောပြီးနောက် အုပ်စုဖွဲလိုက်ကြသည်။

“ဟီကျူကျီ သူမအိမ်ကနေထွက်သွားပြီလား” ဖက်တီးကျူမေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါတို့လည်းသွားကြရအောင်” ရှီမာယူယူ ပြင်ဆင်ပေးသော  ရှေ့ကာအင်္ကျိအား  ဝေကျိရွှီဆွဲချွတ်လိုက်သည်။

ထိုကဲ့သို့ ဝတ်ဆင်ခြင်းသည် သူတို့အတွက်ပထမဆုံးအကြိမ်ဖြစ်၍ ထိုယောက်ျားသားနှစ်ယောက်သည် ကျင့်သားမရသည့်ပုံစံဖြစ်နေသည်။ သို့သော် သူတို့အင်္ကျိများကို ညစ်ပတ်စေခြင်းအား မလိုလားပေ။ စဉ်းစားကြည့်ပြန်လျှင်လည်း အိမ်မှာပဲဖြစ်၍ ကိစ္စမရှိပေ။

ဟိန်းသံလေး သတင်းပေးခြင်းဖြစ်သည်ကို သူတို့နှစ်ယောက်အားအသိမပေးပဲ ရှီမာယူယူခေါ်လာလိုက်သည်။ သူတို့သုံးယောက်သည် ကျောင်းရှိ ရေကန်ငယ်ဘေးအား စမ်းတဝါးဝါးထွက်လာလိုက်ကြသည်။

“ယူယူ သူမ ဒီမှာရှိမှန်းမင်းဘယ်လိုသိလဲ” ရှီမာယူယူ ထိုနေရာသို့တိုက်ရိုက်လာသည်ကို မြင်သည်နှင့် ဖက်တီးကျူမေးလိုက်သည်။

ရှီမာယူယူ ပြန်မဖြေရသေးခင်ပင် ဟိန်းသံလေးသည် ပျံသန်းလာလိုက်သည်။

ဟိန်းသံလေးအား ကြည့်၍ နှစ်ယောက်လုံး ချက်ချင်းပင် နားလည်လိုက်ကြသည်။ ရှီမာယူယူ ဟိန်းသံလေးအား ဟီကျူကျီအားစောင့်ကြည့်ရန် စေခိုင်းထားခြင်းဖြစ်သည်။

“ယူယူ အခုဒီ အကျင့်ယုတ်တဲ့မိန်းမပေါ်လာပြီ၊ ဒါပေမယ့် ဘယ်သူမှလဲမရှိဘူး” ဟိန်းသံလေး အခြေအနေအား တင်ပြလိုက်သည်။

ဟိန်းသံလေးပြောသည်ကို ကြားသည်နှင့် ကျန်နှစ်ယောက်သည် အံ့သြမှုကြောင့် မျက်လုံးများပြူးကျယ်သွားကြလေသည်။

ဟိန်းသံလေးသည် ရှီမာယူယူမွေးထားသော အိမ်မွေးတိရစ္ဆာန်ဟုသာ နှစ်ယောက်လုံး အခိုင်အမာယုံကြည်ထားကြသည်။ သို့သော် စဉ်းစားကြည့်လျှင် သူစကားပြောနိုင်သည်ကို ကြည့်ခြင်းဖြင့် သူတော်စင် အဆင့်အနည်းဆုံးရှိသော ဝိညာဉ်သားရဲဖြစ်နိုင်သည်။

ရှီမာယူယူ ဟိန်းသံလေးအား ပွေ့ဖက်လိုက်ကာ ဖက်တီးကျူနှင့် ဝေကျိရွှီတို့အား ပြောလိုက်သည် “ပုန်းဖို့နေရာ အရင်ရှာကြအောင်၊ ဟီကျူကျိနောက်ကလူက ဘယ်အချိန်မဆိုပေါ်လာနိုင်တယ်”

“ကောင်းပြီ”

ပြခန်းနှင့် သိပ်မဝေးသောနေရာတွင် ကျောက်တုံးဥယျာဉ်ရှိသည်ကို သုံးယောက်သားမြင်လိုက်ရသည်။ ထို့ကြောင့် သူတို့သည် ကျောက်တုံးဥယျာဉ်ဆီသို့ ဖြေးဖြေးချင်း ချဉ်းကပ်သွားလိုက်ကြသည်။

ဟီကျူကျိသည် ပြခန်းအပြင်သို့တစ်ချိန်လုံးကြည့်ကာ စိုးရိမ်စွာဖြင့် ရှေ့တိုးနောက်ဆုတ်လုပ်နေသည်။ အချိန်တစ်ခဏအကြာတွင် ပုံရိပ်တစ်ခုသည် ဖြေးဖြေးချင်းပေါ်လာသည်။

“မိန်းကလေး နာလန်၊ မင်းရောက်လာပြီလား” သူမဆီသို့လာနေသော သူအားတွေ့သည်နှင့် ဟီကျူကျိလျင်မြန်စွာ ထွက်ကြိုလိုက်သည်။

ထိတ်လန့်တုန်လှုပ်နေသော ဟီကျူကျိအား နာလန်လန်စိုက်ကြည့်လိုက်ပြီးနောက် ပြခန်းသို့သွားကာ ထိုင်ပြီးမှ ပြောလိုက်သည် “ပြော၊ ဒီလောက်နောက်ကျမှ ဘာလို့ငါ့ကိုခေါ်တာလဲ”

ဟီကျူကျိနောက်ကွယ်မှ လူသည် သူမမူလခန္ဓာကိုယ်ပိုင်ရှင် သေလောက်အောင် အရိုက်ခံရချိန်တွင် မူရုန်အန်းနှင့် အတူစောင့်ကြည့်နေခဲ့သော နာလန်လန်ဖြစ်သည်ကို ရှီမာယူယူမထင်ခဲ့ပေ။

နာလန်လန်၏ သရုပ်မှန်ပေါ်လာသည်နှင့် ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည်လည်း အံ့သြသွားခဲ့ရသည်။ ရှီမာယူယူအား ဒုက္ခပေးချင်သူသည် နာလန်လန်နှင့်ပတ်သတ်ခြင်းရှိသည်ဟု လုံးဝမထင်ခဲ့မိပေ။

“မိန်းကလေးနာလန်၊ ငါ့မှာမင်းကိုခေါ်ရုံအပြင်ရွေးချယ်စရာမရှိလို့ပါ” ဟီကျူကျိ နာလန်လန်အားကြည့်ကာ ဒူးထောက်ပြီးနောက် ပြောလိုက်သည် “မိန်းကလေးနာလန် ငါ့ကိုကယ်ပါဦး”

ဟီကျူကျိ၏ စကားလုံးများသည် ကျောက်တုံးဥယျာဉ်တွင်ပုန်းနေသော သုံးယောက်၏ အာရုံကို ဖမ်းစားလိုက်ပြီး ရှီမာယူယူ အသံကျောက်တုံးအား ထုတ်ကာ ဝိညာဉ်စွမ်းအားများ လောင်းထည့်လိုက်တော့သည်။

အသံကျောက်တုံး၏ ခရမ်းရောင်သွေးကြောများသည် ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။

ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် အခုမှပင် ရှီမာယူယူ မှော်ဝင်လက်စွပ်သုံးလိုက်သည်ကို သိရှိလိုက်ရလေသည်။ အသံကျောက်တုံးအား အသက်ဝင်စေရန် သူမ ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေသည်ကို ကြည့်ရင်းနှင့် နာလန်လန်အားတွေ့ချိန်ကထက်ပင် အံ့သြမှုများပိုကာ နှစ်ယောက်လုံးသည် သူမအားစိုက် ကြည့်နေလိုက်ကြသည်။

“ဘာ…” ဖက်တီးကျူတစ်စုံတစ်ရာအားပြောရန်ပြင်လိုက်သော်လည်း သူ့ဘေးတွင်ရှိသော သူ၏ ပါးစပ်ပိတ်ခြင်းကိုခံလိုက်ရသည်။ ဝေကျိရွှီသည် ဖက်တီးကျူအား စကားမပြောရန် အရိပ်အယောင်ပြကာ ခေါင်းခါပြလိုက်သည်။ သူကိုယ်တိုင်ပင် မေးစရာမေးခွန်းများနှင့်ပြည့်နှက်နေသော်လည်း သူအခုစကားပြောလိုက်လျှင် ရှီမာယူယူ၏ အစီအစဉ်ပျက်သွားမည်။

ဖက်တီးကျူ နားလည်သည်ဆိုသည့် အမူအရာဖြင့် မျက်စိမှိတ်ပြလိုက်သည်။ ထိုအချိန်မှပင် ဝေကျိရွှီ သူ့လက်အား အောက်ချလိုက်သည်။

ဝေကျိရွှီအား ရှီမာယူယူ ကျေးဇူးတင်စွာကြည့်လိုက်ပြီး ကျောက်တုံးဥယျာဉ်မှနေ၍ ပြခန်းတွင် ရှိနေသော လူနှစ်ယောက်အား ဆက်ကြည့်နေလိုက်သည်။

“မင်းကို ကယ်ရမယ်ဟုတ်လား” မြေပေါ်တွင် ဒူးထောက်နေသော ဟီကျူကျိအား နာလန်လန် အထင်အမြင်သေးစွာကြည့်လိုက်သည်။ ထိုကဲ့သို့လူမျိုးသည် သူမမျက်စိထဲတွင် အမှန်တရားမရှိပါ၊ ရှီမာယူယူအား ဖယ်ရှားချင်သောကြောင့် ဟီကျူကျိအား သူမနောက်လိုက်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ “ပြောပါဦး၊ ဒီတစ်ခါ မင်းကိုရန်စတာဘယ်သူလဲ”

“ရှီမာယူယူပါ၊ သူပြန်လာပြီ” ဟီကျူကျိပြောလိုက်သည်။

“ရှီမာယူယူလား” ရှီမာယူယူ နာမည်အားကြားသည်နှင့် နာလန်လန်အံ့သြသွားပြီးပြောလိုက်သည် “သူပြန်လာပြီလို့မင်းပြောလိုက်တာလား”

“ဟုတ်တယ် ဒီနေ့ ကျောင်းဆောင်မှာ သူ့ကိုတွေ့ခဲ့တယ်၊ သူ ကောင်းကောင်းအသက်ရှင်နေတုန်းပဲ” ရှီမာယူယူ သူမအား ကြည့်သည့်အကြည့်ကို ပြန်တွေးလိုက်လျှင် ဟီကျူကျိ ကြက်သီးထသွားသည်။

“ဘယ်လိုဖြစ်ပြီးတော့လဲ သူဆိုတာ သေချာလား” ဟီကျူကျိအား ကြည့်ရာ လိမ်နေသည့်ပုံမပေါ်ပေ။ သူမ အလွန်အမင်း လန့်နေသည်။

“တကယ် သူပဲ” ဟီကျူကျိ အခိုင်အမာပြောလိုက်သည် “မိန်းကလေးနာလန် လေးခုမြောက် ဖြတ်လမ်းတည်ဆောက်မှုကိုဝင်ရင် သူသေချာပေါက်သေမယ်လို့ မင်းပြောခဲ့တာလေ၊ အဲဒါကြောင့် မင်းကိုယုံပြီး သူ့ကို တွန်းချခဲ့တာ၊ ဒါပေမယ့် အခုသူပြန်လာပြီ၊ သူ ငါ့ကိုရှာပြီး လက်စားချေတော့မယ်၊ သူ ငါ့ကိုကြည့်တဲ့အကြည့်က ငါ့ခေါင်းမွေးတောင်ထောင်သွားတယ်၊ သူငါ့အသက်ကို ယူဖို့လာမယ်လို့တောင် ပြောသွားသေးတယ်၊ မိန်းကလေးနာလန် မင်းငါ့ကို ကယ်မှဖြစ်မယ်၊ ကယ်နိုင်တာ မင်းတစ်ယောက်ပဲရှိတယ်

ထိုသို့ပြောပြီးနောက် သူမသည် နာလန်လန်၏ အဝတ်အစားများကို ဆွဲ၍ လုံခြုံမှုအား တောင်းခံနေခဲ့သည်။

နာလန်လန် ဟီကျူကျိ၏ လက်အားပုတ်ထုတ်လိုက်ကာ ပြောလိုက်သည် “မင်းဘာလို့အဲလောက် စိုးရိမ်နေရတာလဲ၊ အဲအမှိုက်ပြန်လာတယ်ဆိုရင်တောင် သူက ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ”

“သူ့ကို လေးခုမြောက်ဖြတ်လမ်း တည်ဆောက်မှုဆီကိုတွန်းလိုက်တာ ငါဆိုတာ မြင်သွားနိုင်တယ်၊ သူ လက်စားချေဖို့ ငါ့ကိုသေချာပေါက်လာရှာမှာပဲ” ဟီကျူကျိငိုတော့သည်။

“ကျောင်းက ကျောင်းသားတွေကို တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်ဖို့ကို တားမြစ်ထားတာ၊ တစ်ယောက်က နောက်တစ်ယောက်ကို ဒုက္ခပေးတာကို ကျောင်းကသိတာနဲ့ အဲလူက ကျောင်းထုတ်ခံရမှာပဲ” နာလန်လန် တည်ငြိမ်ဆဲပင် “ရှီမာယူယူမှာ သက်သေမရှိရင် ငါတို့ကို ဘာမှလုပ်လို့မရဘူးလေ၊ သူ ပြိုင်ပွဲပြိုင်ဖို့ စိန်ခေါ်တာကို မင်းလက်မခံမချင်း မင်းအန္တရာယ်မဖြစ်နိုင်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အဲအမှိုက်က ကျောင်းဝင်းကို လာပြီးမင်ကို ပြဿနာရှာရဲမှာလား၊ အဲအမှိုက်ကို နိုင်ဖို့တောင်ယုံကြည်ချက်မရှိဘူးလား”

“သူ ညစ်မှာကို ငါကြောက်တာပါ” ဟီကျူကျိစိုးရိမ်စွာပြောလိုက်သည်။

“သူကျောင်းမှာတော့ မင်းကိုဘာမှမလုပ်နိုင်ဘူးလို့ ငါပြောပြီးပြီမလား၊ အဲလိုလုပ်ရင်လည်း သူကျောင်းထုတ်ခံရမှာပဲ” နာလန်လန် ကန့်ကွက်လိုက်သည်။

“ဒါပေမယ့် ကျောင်းအပြင်မှာဆိုရင်ရော” ဟီကျူကျိမေးလိုက်သည်။

“အပြင်မှာဟုတ်လား ဒါဆိုလည်း မင်းကျောင်းဝင်းအပြင်မထွက်နဲ့ပေါ့ အဲဒါဆိုအဆင်ပြေနေတာပဲ” နာလန်လန် ပြောလိုက်သည် “ဒီအချိန်အတောအတွင်းမှာ မင်းကျောင်းမှာပဲနေ၊ သူဘယ်လိုဖြစ်လို့ အသက်ရှင်လျက်ပြန်လာလဲဆိုတာတော့ မေးခွန်းထုတ်စရာပဲ၊ ရှေ့လျောက်တော့ ဒီလိုကိစ္စနဲ့ ငါ့ကိုမရှာနဲ့၊ မင်းက တကယ့်ကို သူရဲဘောကြောင်တဲ့အမှိုက်ပဲ၊ ဒီလိုစရိုက်ရှိတဲ့နောက်လိုက်ကို ငါမကြိုက်ဘူး နားလည်ပြီလား”

ထိုသို့ပြောပြီးနောက် သူမသည် ဟီကျူကျိ၏ အဖြေကိုမစောင့်တော့ပဲ ပြခန်းမှလှည့်ထွက်သွားလိုက်သည်။

နာလန်လန် ထွက်သွားသည်ကို ဟီကျူကျိကြည့်ရင်း အထင်သေးစွာတံတွေးထွေးထုတ်လိုက်သည် “ဘာတွေများ ဘဝင်မြင့်နေတာလဲမသိဘူး မင်းက နောက်ခံကောင်းတာပဲရှိတယ် မင်းမှာ နာလန်မျိုးနွယ်ဆိုတာမရှိရင် ငါတို့လိုပဲဖြစ်မှာပဲ၊ ငါ့ကို မကာကွယ်ရင် ငါနဲ့အတူဆွဲချမှာပဲ ငါတို့အကုန် အတူသေကြတာပေါ့ ထွီ”

ဟီကျူကျိထွက်သွားသည်နှင့် ရှီမာယူယူ အသံကျောက်တုံးထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ခြင်းကို ရပ်တန့်လိုက်သည်။ သူမ သူတို့နှစ်ယောက်ဖက်လှည့်ကာ ပြောလိုက်သည် “ဒါနဲ့ဆိုရင် သူတို့ဘယ်လိုငြင်းမလဲ ကြည့်ကြတာပေါ့၊ မင်းတို့မှာ မေးစရာတွေရှိမှန်းငါသိတယ်၊ အိမ်ရောက်မှပြောကြတာပေါ့”

အထက်ပါကိစ္စများဖြစ်ပြီးနောက် သူတို့သုံးယောက်သည် မည်သူမှ မရိပ်မိခင် သူတို့အိမ်သို့ ပြန်လာကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset