Switch Mode

အပိုင်း(၄၂၈)

ဂျိနယ်ပယ်နှင့် သေခြင်းရှင်ခြင်း မန္တန်

ဝမ်လင်းထက်ပို၍ မည်သူကမျှ သူ့တာအို နှလုံးသားကို သိနိုင်မည် မဟုတ်ချေ။

ဝမ်လင်းက လျိုမေကို တွေ့ပြီးနောက် မှုန်မှိုင်းစွာ ခံစားနေရသည်။ ဟင်္သာပြဒါး နိုင်ငံက ဧရာမ ဘီလူးကြီး တစ်ကောင်လိုမျိုး ဖြစ်သည်။ ဂြိုဟ်ပေါ်ရှိ လူများက မည်သည့် နေရာတွင် ဖြစ်နေပါစေ ၎င်းနိုင်ငံ၏တည်ရှိမှုကို ခံစားနေရ၏။

သူ့ကျင့်ကြံမှု အဆင့်က ပိုမြင့်လာလေလေ သူက သည်လို ခံစားချက်ကို ပို၍ ရမိလာလေ ဖြစ်နေသည်။ သူက ဟင်္သာပြဒါး နိုင်ငံတွင် တိုတောင်းစွာသာ နေခဲ့သော်လည်း သည်အန္တရာယ် ခံစားချက်က သူ့စိတ်ထဲ၌ ရေးထွင်းထား သလို ဖြစ်မိနေသည်။

သူက ဟင်္သာပြဒါး နိုင်ငံသို့ ရောက်ကတည်းက ဆွံ့အနေသည့် အစေခံများသာ ရှိသော လိုဏ်ဂူထဲမှာကော၊ အနီရောင် လိပ်ပြာနှင့် တိုက်ခိုက် နေစဉ်မှာကော သူ့ပေါ်တွင် ကြီးမားသော ဖိအားတစ်ခု သက်ရောက်နေသည်ဟု ခံစားမိနေခဲ့၏။

၎င်းခံစားချက်က တိမ်မည်းများ ဖုံးလွှမ်းနေသာ ကောင်းကင်တစ်ခုနှင့် ဆင်တူ၏။ သူက သည်တိမ်မည်းများကို ထွင်းဖောက် ဖျက်ဆီးနိုင်သည့် စွမ်းအားမရှိလျှင် ခုခံနိုင်ရန်လည်း နည်းလမ်း မရှိသလိုမျိုး ခံစားမှုကို ရရှိနေခဲ့သည်။

ဟင်္သာပြဒါး နိုင်ငံက ဟင်္သာပြဒါး ဂြိုဟ်၏ အန္တိမအုပ်ချုပ်သူ ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းအမြင်၌ ဟင်္သာပြဒါး နိုင်ငံ အုပ်ချုပ်သူ ဖြစ်သော်လည်း ထိုနေရာ၌ သေဆုံခြင်း အငွေ့အသက် တချို့က ရှိနေသည်ဟု ထင်နေမိသည်။ သည်အရာက အစစ်အမှန် သေဆုံးခြင်းမဟုတ်ဘဲ ခံစားချက် သက်သက်သာ ဖြစ်သည်။

“ဟင်္သာပြဒါး နိုင်ငံက သူ့အဆုံးသတ်ကို ရောက်နေမိမှာ ငါစိုးရိမ်မိတယ် …” ဝမ်လင်းက ခေါင်းမော့၍ အကွာအဝေး တစ်ခုသို့ ကြည့်လိုက်သည်။ သည်အကြည့်က ဟင်္သာပြဒါးနိုင်ငံ ရှိနေသော နေရာပင် ဖြစ်သည်။

နှစ်ရက် ကြာပြီးနောက် အပြင်ကလန် တပည့်များ၏ ပြိုင်ပွဲက စတင်ခဲ့သည်။ တပည့် ထောင်ပေါင်းများစွာက နေရာများစွာ ခွဲ၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ နေရာတစ်ခု၌ တနေ့ ဆယ့်နှစ်ပွဲခန့် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ အပြင် တပည့်များကြား၌ လေလွင့် ကျင့်ကြံသူများကော ကျင့်ကြံခြင်း မိသားစုများမှ ကျင့်ကြံသူများပါ ရောပြွမ်း ရှိနေကြသည်။ သူတို့အားလုံး၏ တစ်ခုတည်းသော ပန်းတိုင်ကတော့ အတွင်းကလန်သို့ ရောက်ရှိနိုင်ရန် ဖြစ်သည်။

ပြိုင်ပွဲ၌ စည်းမျဉ်း တစ်ခုသာ ရှိ၏။ သည်စည်းမျဉ်း ကတော့ အနိုင် ဖြစ်သည်။ သူတို့က အပြင်တပည့်များ၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်၍ ဂရုမစိုက်ကြချေ။ မင်းမှာသာ စွမ်းရည်ရှိလျှင် မင်းက လူတိုင်းကို သတ်ပစ်နိုင်သည်။ သူတို့က သည်အချင်းအရာကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ပြောကြတာကတော့ ပိုပြီး သတ်နိုင်လေလေ အတွင်းကလန်ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ပိုမြင့်လေပင် ဖြစ်သည်။ လူတစ်ယောက်က သူနှင့်ယှဉ်ပြိုင်သည့် လူတိုင်းကို သတ်နိုင်လျှင် အတွင်းကလန်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးက ပို၍ များပြားလာလေ ဖြစ်သည်။

သည်လိုပြိုင်ပွဲ တစ်ခါကျင်းပပြီးတိုင်း အပြင်ကလန် တပည့်များ၏ တစ်ဝက်အောက်သာ အသက်ရှင် ကျန်နိုင်ခဲ့ကြ၏။ ရှုံးနိမ့်သူများက နောက်ထပ် ထပ်ပြိုင်ချင်လျှင် စိတ်ဝိညာဉ် ကျောက်တုံးများ ပေးဆောင်ရမည် ဖြစ်၏။

မည်သူကမျှ သည်နှစ်များစွာတွင် အပြင်ကလန် တပည့် ဘယ်လောက်များများ သေကျေ ခဲ့ကြသည်ကို မသိကြချေ။ ပြိုင်ပွဲတစ်ခု ပြီးသည်နှင့် ကလန်၏ အဓိက စိတ်ဝိညာဉ် အလံသည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို ရရှိလိမ့်မည် ဖြစ်သည်။

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က ထိုရက်စက်လွန်းသည့် နည်းလမ်းကြောင့် တဖြည်းဖြည်း ပို၍ပို၍ သန်မာ လာနေခဲ့သည်။

နေ့တိုင်း အပြင်တပည့် များစွာက သေကျေရသည်။ ပြိုင်ပွဲနေရာ တစ်ရာကျော်က သွေးများလွှမ်း နေတော့သည်။ ဝမ်လင်းသည် ပြီးခဲ့သော ရက်များအတွင်း သေချာလေ့လာ ဆန်းစစ်နေ၏။ တစ်ယောက်ယောက် သေသွားတိုင်း သူတို့၏ ဝိညာဉ်များက ပြိုင်ပွဲ ကွင်းနေရာ၏ စုပ်ယူခြင်းကို ခံရပြီး ပျောက်ကွယ် သွားလေ၏။

တမ်လင်း တိုက်ပွဲနေ့၌ သူက တိုက်ပွဲကွင်းသို့ ညင်သာစွာ ပျံဝဲတက် လာခဲ့သည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမြုတေ ဖွဲ့တည်ခြင်းအဆင့် အတွင်းတပည့် တစ်ယောက်က သည်တိုက်ပွဲ ကွင်းကို စီမံခန့်ခွဲနေသည်။ သူက ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်ရာ ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်သည် သူနှင့် နီးကပ်သော အဆင့်တွင် ရှိနေသည်ကို တွေ့လိုက်သဖြင့် တုန်လှုပ်မိ သွားသည်။ အပြင်တပည့် အများစုက သည်ကျင့်ကြံမှု အဆင့်သို့ မရောက်ရှိကြသေးချေ။ သူက ပြောလိုက်၏။ “နံပါတ် (၈၉၇၂) ခုမြောက် တိုက်ပွဲ …”

ဝန်းရံနေသော တပည့်များကြားမှ အသားလုံးကြီး အလား မှတ်ရသည့် ခပ်ဝဝတပည့် တစ်ယောက်က တိုက်ပွဲကွင်းထဲသို့ ဝင်လာခဲ့သည်။ သူက စကားတစ်ခွန်းမှမဆိုချေ။ သူက ကွင်းထဲသို့ ရောက်လာသည်နှင့် ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်၍ မီးလုံးများကို ဖန်တီးလိုက်သည်။ သည့်နောက် ၎င်းမီးလုံးများသည် ဝမ်လင်း ထံသို့ မီးမိုးရွာသကဲ့သို့ တိုးဝင်လာတော့၏။

“အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့် …” ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။ သည်ပြိုင်ပွဲတွင် သူက သူ့ကျင့်ကြံမှု အဆင့်ကို အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့်သို့ နှိမ်ချထား၏။ သူက လက်ဝှေ့ယမ်းရင် တိုက်ပွဲကွင်း စင်မြင့်ထက်ကနေ ခုန်ဆင်းလိုက်သည်။

သူက ခုန်ဆင်းလိုက်သည့် အခိုက်တွင် သည်ဖက်တီး၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး မီးများလည်း ပျောက်ကွယ်သွား၏။ သည်ဖက်တီးကလည်း အားနည်းလို့ သွား၏။

ဝမ်လင်းက သူ့ကိုမသတ်ချေ။ အခြေခံ တည်ဆောက်ခြင်း ဂျူနီယာ တစ်ယောက်ကို သတ်ခြင်းက သူ့အတွက် အလွန်ရှက်စရာ‌ ကောင်းလှ၏။

အချိန်ကုန် လာသည်နှင့် အပြင်ကလန်၏ တပည့်များကလည်း ပို၍ သေကျေ လာကြသည်။ ခုနစ်ရက် ကြာပြီးနောက် အစောကတည်းက ပစ်ချ ရွေးချယ်ထားသော အယောက်တစ်ယောက်က လွဲ၍ ငါးဆယ်ရာခိုင်နှုန်း အပြင်တပည့်များက သေဆုံးခဲ့ကြ၏။

ကျန်နေသည့် လူများကလည်း အရှုံးပေးသူကပေး၊ မဟုတ်ရင် နှစ်ဖက်လုံး ဒဏ်ရာ ပြင်းထန်စွာ ရသူက ရဖြစ်ကုန်ကြ၏။

သည်ခုနစ်ရက် အတွင်း အပြင်တပည့်များ ကြားရှိ လူလေးယောက်က လူအများ၏ အာရုံစိုက်ခြင်း ခံရသည်။

သည်လေးယောက် ထဲ၌ ဆံပင်များ ဖြူဖွေးနေသော အဘိုးအို တစ်ယောက် ပါရှိ၏။ သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်နေသည့်သူ ဖြစ်သည်။ သူနှင့် ဆုံခဲ့သည့်လူတိုင်းက နည်းစနစ် တစ်ခုတည်းဖြင့် သတ်ခြင်း ခံခဲ့ရ၏။ သူက ယှဉ်ပြိုင်ဘက်ကို လက်ညွှန်၍ တစ်ခွန်းသာ ဆိုသည်။ “သေ” သူ့ရန်သူများက သည် “သေ” ဆိုသည့်စကား ထွက်ပေါ်လာသည်နှင့် ပြိုလဲကျပြီး သေဆုံး ကုန်ကြ၏။

ဝမ်လင်းက သည်နည်းစနစ်ကို တွေ့လိုက်သည့်အခါ သူက ဂျိနယ်ပယ် အကြောင်းကို ချက်ချင်း တွေးမိပြီး တုန်လှုပ်သွား၏။ သို့ရာတွင် သူက သေချာ ကြည့်ရှုသည့်အခါ သည်နည်းစနစ်က ဂျိနယ်ပယ်နှင့် ကွဲပြားနေ၏။

“သေဆုံးခြင်း မန္တန် …” သူက အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သည်လူ အသုံးပြုနေသော နည်းစနစ်၏ မန္တန်ကို ခန့်မှန်းမိသွားသည်။

အတိတ်တုန်းက နတ်ဆိုးပင်လယ်၌ သူ့ဂျိနယ်ပယ်က သေဆုံးခြင်း မန္တန်နှင့် မှားယွင်းခြင်း ခံခဲ့ရဖူးပေသည်။ သည့်အတွက်ကြောင့် သူက သိနေခြင်း ဖြစ်လေ၏။

သေဆုံးခြင်း မန္တန်က ကျင့်ကြံရန် အလွန်ခက်၏။ သူ့နှစ်ငါးရာ သက်တမ်းအတွင်း ခုတစ်ကြိမ်က ၎င်းမန္တန်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

အခြား တစ်ယောက်တော့ အလွန်ပိန်ပါးသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေးသော်လည်း သားရိုင်း တစ်ကောင်အလား ထင်မှတ်ရသည်။ သူကလည်း သူနှင့်တိုက်ခိုက်သည့် သူ၏ စိတ်ဝိညာဉ် စွမ်းအင် စီးဆင်းမှုကို ထောက်လှမ်းနိုင်ပြီး ချက်ချင်း အလိုက်သင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

သူက သူ့ထက်သန်မာသည့် လူနှင့် တိုက်ခိုက်ရလျှင် ၎င်းနည်းစနစ်က များစွာ အသုံးမဝင်လှချေ။ သို့သော် ၎င်းနည်းစနစ်က ကျင့်ကြံခြင်း အဆင့်တူများ ထဲတွင် ဆိုလျှင်တော့ ကြီးမားစွာ အကျိုးရှိလေ၏။

ဝမ်လင်းက သည်စွမ်းရည်ကို အသိအမှတ်မပြုဘဲ မနေနိုင် ဖြစ်ရသည်။ သူက သည်လူငယ်ကို တပည့် အဖြစ်ပင် လက်ခံရန် စိတ်ဆန္ ဒဖြစ်မိနေ၏။ သို့သော် သူက သည်အကြံက စိတ်ထဲ၌ အမြန်ဖယ်ရှား ပစ်လိုက်၏။

တတိယ လူကတော့ ဝမ်လင်းသိပြီးသား ဖြစ်သည်။ သူက သားသတ်သမား အသွင် ကျင့်ကြံသူဖြစ်၏။ သူ့တွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်နိုင်ခဲ့သော အဆောင်ရတနာ တစ်ခု ရှိနေ၏။

နောက်ဆုံး တစ်ယောက်ကတော့ ဝမ်လင်း ကိုယ်တိုင်ပင် ဖြစ်သည်။ သူက လွယ်ကူစွာဖြင့် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ သူက သူနှင့်ဆုံသည့် တပည့်တိုင်းကို အင်္ကျီလက်အိုးကို လှုပ်ယမ်းရုံဖြင့် ကန်ထုတ်ပစ် နိုင်ခဲ့၏။ သည်အရာက လူတိုင်း၏ အာရုံစိုက်မှုကို ခံရစေသည်။

သို့ရာတွင် ဝမ်လင်းက သည်အရာက သည်လို ဖြစ်လာအောင် ရည်ရွယ်ချက်ရှိစွာ လုပ်နေခြင်း ဖြစ်သည်။ သူက သည်လို လုပ်ခြင်းဖြင့် အတွင်းကလန်သို့ ဝင်သည့်အချိန်၌ ထူးဆန်းနေသည့် အသွင် ဖြစ်ပေါ်နေမည် မဟုတ်တော့ချေ။

သူက လျိုမေသည် အစီအစဉ်တချို့ ရှိနေလိမ့်မည်ဟု ယူဆထား၏။ သူမက ပြိုင်ပွဲတွင် မပေါ်လာခဲ့ရင်တာင် အတွင်းကလန်သို့ တစ်နည်းနည်းဖြင့် ဝင်ရောက် နိုင်ပေလိမ့်မည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးနေ၏။ ခုနစ်ရက်ကျော် ကုန်ဆုံး သွားခဲ့လေပြီ။ စမ်းသပ် စစ်ဆေးထားသည့် အယောက် တစ်ရာနှင့် လေးယောက်သာ ကျန်ခဲ့တော့၏။

ကျန်နေခဲ့သော လေးယောက်က စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ မျက်လုံးကို ဖမ်းစားနိုင်ခဲ့သည်။

သည်နေ့က ဝမ်လင်း၏ တိုက်ပွဲနေ့ပင်။ သူက စင်မြင်ပေါ်၌ မတ်တတ် ရပ်နေပြီး သူ့ရန်သူ လမ်းလျှောက်၍ တက်လာသည်ကို ကြည့်နေသည်။

သည်တက်လာသည့် လူက သူနှင့်မစိမ်းပေ။ သူက သားသတ်သမား ကျင့်ကြံသူ ဖြစ်လို့နေ၏။

သည်တိုက်ပွဲကို ကြီးကြပ်ပေးသည့် လူက အတွင်းကလန်က စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ ဖြစ်လေ၏။ သူက ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ပြော၏။ “တိုက်ပွဲ … စမယ် …”

သူ ပြောလို့ မပြီးသေးခင်မှာပင် သားသတ်သမားအသွင် ကျင့်ကြံသူက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။ “ငါ အရှုံးပေးတယ် …”

စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူက မှင်တက်သွား၏။ သူက သားသတ်သမား ကျင့်ကြံသူကို ကြည့်၍ မေးလိုက်သည်။ “မင်း … အရှုံးပေးတာလား …”

သားသတ်သမား ကျင့်ကြံသူက ခေါင်းညိတ်၍ ပြောလိုက်သည်။ “ငါ အရှုံးပေးတယ် …” ထိုသို့ ပြောပြီးနောက် သူက စင်ပေါ်ကနေ အလျင်အမြန် ဆင်းသွားခဲ့၏။ သူ့စိတ်ထဲကတော့ ကျိတ်၍ တွေးနေမိ၏။ “ဒီကောင့်ရဲ့ အတားအဆီးက ငါ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေသေးတယ်။ သူက ငါ့ကို အတွေး တစ်ချက်နဲ့တောင် သတ်ပစ်လို့ ရတယ် …”

သူက စက်အောက်သို့ ရောက်သည်နှင့် ဝမ်လင်း ကျေနပ်အောင် ကြိုးစား၍ ပြုံးပြသည်။

ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းကာ စင်အောက်သို့ ဆင်းသွား၏။ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူက ဝမ်လင်းကို တွေး၍ ကြည့်နေမိသည်။ သည့်နောက် သူက နောက်ဒုတိယပွဲ အတွက် စီမံလိုက်၏။

နောက်တစ်ပွဲက သေဆုံးခြင်း မန္တန်ကို ထိန်းချုပ်သော အဘိုးအိုနှင့် အလိုက်သင့် တိုက်ခိုက်ခြင်း နည်းဗျူဟာ သုံးပြီး အလွန် လျင်မြန်သည့် လူငယ်တို့ နှစ်ယောက်ကြားက တိုက်ပွဲဖြစ်သည်။

လူငယ်က တကယ်တော့ သေဆုံးခြင်း မန္တန်ကို မခုခံနိုင်ချေ။ သူက သေဆုံးခါနီး၌ အတွင်းကလန် ကနေ စိတ်ဝိညာဉ် အလင်းတန်း တစ်ခုက စင်မြင့်ထက်သို့ ရောက်ရှိလာပြီး သူ့ကိုကယ်တင် သွားလေ၏။

သည့်အတွက်ကြောင့် အပြင်ကလန် ပြိုင်ပွဲ၌ ဝမ်လင်းနှင့် စီမာဆိုသည့် အဘိုးအိုတို့ နှစ်ယောက်သာ ကျန်တော့လေ၏။

သူတို့ နှစ်ယောက်ကြားရှိ တိုက်ပွဲက ဒုတိယနေ့မှ စတင်မည် ဖြစ်သည်။

စီမာက စင်ပေါ်တွင် ရပ်နေရင်း သူ့မျက်လုံးများက ရှုံ့မဲ့နေ၏။ သူက သည်လိုနေ့အတွက် သေဆုံးခြင်း မန္တန်ကို အချိန်အကြာကြီး လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ သူက အတွင်း ကလန်သို့ ဝင်နိုင်ခဲ့လျှင် စဦးစိတ်ဝိညာဉ် အဆင့်သို့ ‌ရောက်ရှိနိုင်သည့် အခွင့်အရေး တစ်ခု ရှိလာနိုင်မည် ဖြစ်၏။

သည့်အပြင် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ စိတ်ဝိညာဉ် အလံကလည်း သူ့သေဆုံးခြင်း မန္တန်အတွက် အလွန်သင့်တော်၏။ သူ့ဆရာ စကားအရ ဆိုလျှင် သူက သည်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံလျှင် သူ့စွမ်းအားက ပျောက်ဆုံးနေသည့် ဒဏ္ဍာရီလာ ဂျိနယ်ပယ်သို့ပင် ရောက်ရှိရန် နီးကပ် သွားနိုင်မည် ဖြစ်၏။

သူက သူ့ဆရာအကြောင်း တွေးမိသည်နှင့် သူ့မျက်လုံးထဲ၌ အယူသန်ခြင်း အရိပ်အမြွက်များ ပြည့်နှက်သွားသည်။ သူ့ဆရာက စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတိုင်းကို “သေ” ဆိုသည့် စကား တစ်ခွန်းတည်းဖြင့် သတ်ပစ်နိုင်စွမ်း ရှိ၏။ အချို့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများသာ လွတ်မြောက်ရန် စွမ်းဆောင်နိုင်ကြ၏။

သူ့စိတ်ထဲ၌ သူ့ဆရာက မွန်းစတားအိုကြီးများ ဖြစ်သည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူများကိုပင် စိန်ခေါ်ရန် စွမ်းရည်ရှိသည်ဟု ထင်မှတ်ထား၏။

သေဆုံးခြင်းမန္တန်။ တစ်စုံတစ်ယောက် သင့်ထက် ကျင့်ကြံမှုအဆင့် မမြင့်လျှင် သူတို့က သေဆုံးခြင်း မန္တန်ကို ခုခံနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။ သေဆုံးခြင်း မန္တန်က ရှေးဟောင်း ကျင့်ကြံခြင်း လောကကနေ လာတယ်လို့တောင် ကောလာဟလ ရှိတယ်။ ကောလာဟာလ ပြောကြတာကတော့ သေဆုံးခြင်း မန္တန်ကို ကျင့်ကြံပြီး အဲဒီအဆင့်ရဲ့ အထွတ်အထိပ်ထိ ရောက်အောင် ကျင့်နိုင်ရင် အဲဒီလူက ဂျိနယ်ပယ် အမျှင်တန်း တစ်ခုကိုတောင် ရနိုင်တယ်တဲ့။

စီမာ သူ့နောက်ဆုံး ရန်သူကို ကြည့်နေရင်းဖြင့် သူ့ဆရာ၏ စကားများက သူ့ခေါင်းထဲ၌ ပဲ့တင်ထပ် နေသည်။

သူက ချင်မူဆိုသည့် သူ့ကို ဒုက္ခပေးနိုင်မည်ဟု လုံးဝ မထင်ထားချေ။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတစ်ခု ဖြတ်ပြေးသွားပြီး သူက ပြောလိုက်သည်။ “သေ”

သူက သည်စကားကို ဆိုလိုက်သည်နှင့် သေဆုံးခြင်း မန္တန်က ဝမ်လင်းထံသို့ တိုးဝင် သွားတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset